Latest Highlight

ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံတွင် အခြေချနိုင်ဖို့ ကူညီကြရန် နိုင်ငံတကာကို တိုက်တွန်း (ဘာသာပြန်)

Gulf Times News
By Mizan Rahman
Dhaka
source: Here

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များကို သူတို့၏နိုင်ငံအတွင်း၌သာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်သွားနိုင်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ သို့အတွက် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်များ၏ ကိုယ်ပိုင်အခွင့်အရေးတစ်ခု လက်လွှတ် ဆုံးရှုံးသွားစေနိုင်သည့် နည်းလမ်းများကို အသုံးမပြုကြရန် နိုင်ငံတကာအဖွဲ့အစည်းများအား တိုက်တွန်းပြောကြားလိုက်သည်။ 

 Photo-http://www.un.org

“ရိုဟင်ဂျာတွေက မြန်မာနိုင်ငံသားတွေပါ။ ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ သူတို့ရဲ့တရားဝင် ရပိုင်ခွင့်ကို ထိခိုက်စေမယ့် ကိစ္စတွေ၊ အပြောအဆိုတွေ မပြုလုပ်သင့်ပါဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရေးဝန်ကြီး ရှာဖိက်အဟ်မဒ်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် သတင်းသမားများအား ပြောခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့(ရိုဟင်ဂျာ) တွေကို သူတို့နိုင်ငံမှာပဲ အေးအေးချမ်းချမ်း နေထိုင်စေလိုပါတယ်။” ဟု သူက ဖြည့်စွက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် တရားရေးဝန်ကြီးက မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်လျက်ရှိသည့် အရှုပ်အထွေးများအား ကိုင်တွယ်ဖြေရှင်းနေမှုများကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုသွားခဲ့သည်။

ဒါကာမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဥပဒေကော်မရှင်ကို နိုင်ငံတကာက ရိုဟင်ဂျာဒုက္ခသည်များလက်ခံရေးအတွက် ဖိအားများပေးလာခဲ့သည်။ သို့အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်၌ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်နေသော လူမျိုးရေး အဓိကရုဏ်း အဆုံးသတ်ရေးကို နိုင်ငံတကာမှ အာရုံစိုက်ကြရန် တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ပါလီမန်တွင် နိုင်ငံခြားရေးဝန်ကြီး ဒီပုမိုနီက “ကျွန်မအနေနဲ့ မြန်မာနိုင်ငံတွင်း ဆူပူသောင်းကျန်းမှု ချုပ်ငြိမ်းဖို့ ဆောင်ရွက်ရန် နိုင်ငံတကာက မြန်မာအစိုးရကို ၀ိုင်းဝန်းပြောဆိုကြဖို့ (သူတို့ကလည်း ဒီပြဿနာကို ကြည်ကြည်ဖြူဖြူနဲ့ ဖြေရှင်းပေးဖို့ လိုလားတယ်ဆိုရင်) တောင်းဆိုသွားပါမယ်။ ” ဟု ပြောဆိုခဲ့သည်။

အမေရိကန်နှင့် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) တို့သာမက အခြားကမ္ဘာ့အဖွဲ့အစည်းများပူးပေါင်း၍ မြန်မာပြည်မှ လူနည်းစု ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံသွားရန်၊ သို့အားဖြင့် ရခိုင်ပြည်နယ်တွင်းမှ ကြောက်မက်ဖွယ် ဆူပူသောင်းကျန်းမှုများကို ဆန့်ကျင်သွားရန် ဒါကာအခြေစိုက် ဘင်္ဂလားဒေ့ရှ်တရားရေးဌာနကို လွန်ခဲ့သည့်နှစ်ရက်က တောင်းဆိုခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ရိုဟင်ဂျာဒုက္ခသည်များ အသစ်တဖန် စီးဝင်လာခြင်းကို ငြင်းဆန်လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်က ၄င်းတို့အနေဖြင့် ရိုဟင်ဂျာပေါင်း ၄ သိန်းခန့်ကို နှစ်ပေါင်းများစွာ ဒုက္ခသည်များအဖြစ် လက်ခံထားပြီးဖြစ်၍ ၀န်ထုပ်ဝန်ပိုး ကြီးမားလာမည်ကို စိုးရိမ်ကြောင်းဖြင့် ပြောဆိုသည်။

ထိုဘင်္ဂလားဒေ့ရှ်ဘက်မှ ရိုဟင်ဂျာ ၄သိန်းမှာ မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်နေစဉ်၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကူးပြောင်းခဲ့ကြသူများဖြစ်၍ ဘင်္ဂလားဒေ့ရှ်တို့အနေဖြင့် လုံခြုံရေးအခက်အခဲကြောင့် ဒုက္ခသည်အသစ်များကို နေရာထိုင်ခင်း မပေးနိုင်တော့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

“နိုင်ငံတကာအုပ်စုတွေက ပိုမိုနားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံကို ၄င်းတို့ပြည်တွင်းရေးပြဿနာနဲ့ပတ်သတ်ပြီး ထိန်းချုပ်သွားဖို့ တောင်းဆိုသင့်ပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီးက ပါလီမန်တွင် ပြောကြားခဲ့သည်။

မိုနီက ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အဆင်ပြေချောမွေ့စေဖို့ လူသားချင်းစာနာမှုကို အခြေခံ၍ အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးနေ ခဲ့ကြောင်း၊ နိုင်ငံနယ်နိမိတ် စောင့်များကလည်း စားစရာများ၊ ဆေးဝါးများနှင့် စက်လှေအတွက် လောင်စာဆီများကို ထောက်ပံ့ပေးနေကြောင်း၊ သို့အားဖြင့် ၄င်းတို့သည် မိမိတို့နေအိမ်ကို ပြန်လည်သွားရောက်နိုင်ဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

credit : MMSY



Write A Comment

Rohingya Exodus