Latest Highlight

ရခိုင်-ရိုဟင်ဂျာ အဓိကရုန်း ဘယ်သူတွေ ဖန်တီးသလဲ။



၂၀၁၂ ခု၊ မေလ (၂၈)ရက် နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာမှ မသီတာထွေး အား လူ တချို့က မစ္စည်းလု မုဒိန်းကျင့် သတ်ဖြတ်ခဲ့ သည်ဟုဆိုသည်။ ထို ကိစ္စတွင် မွတ်စလင်မ် လူငယ် သုံးဦး ကို ဖမ်းဆီးထားရာ တစ်ယောက် မှာ ကျောက်ဖြူ ထောင် ထဲ၌ သတ်သေ သည်ဟုဆို သည်။ ကျန်နှစ်ဦး ကို သေဒဏ်အပြစ်ပေး ထားကြောင်း သိ ရသည်။ အမှုမှာ ခြင်္သေ့က သားကောင်ကို သတ်စားပြီး သိုးကလေး ပါးစပ်တွင် သုတ်ထားပေးသည်ဟု တချို့ကဆိုကြသည်။

ဇွန်လ (၃)ရက်နေ့နံနက်က ၀ံသာနုရက္ခိတအဖွဲနှင့် ရခိုင်မျိုးချစ်အဖွဲ့ဝင်တချို့က တောင်ကုတ်မြို့တွင် မွတ်စ လင်မ် ဆန့်ကျင်ရေးစာရွက်စာတမ်းများ ပြန့်ဝေခဲ့သည်။ ထိုနေ့ ညနေတွင် သံတွဲမှလာသော မွတ်စလင်မ် ဘာသာရေးသမား (၁၀)ဦးကို တောင်ကုတ်မှ အကြမ်းဖက်သမားတချို့က ရိုက်ခုတ် သတ်ဖြတ် ခဲ့ကြသည်။
 ဇွန်လ (၈)ရက်နေ့တွင် မောင်တောမြို့၌ ရခိုင် ဗုဒ္ဓဘာသာဝင်တချို့နှင့် မွတ်စလင်မ်တချို့ အဓိက ရုဏ်းဖြစ်ပွားခဲ့သည်။

ထိုနေ့ညနေတွင် ပြည်ပအခြေစိုက် သတင်းဌာနများဖြစ်သော (ဘီဘီစီ၊ ဗွီအိုအေနှင့် အာရ်အာဖ်အေ)တို့မှ စစ်တွေမြို့ရှိ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDP အဖွဲ့ဝင် တချို့နှင့် မောင်တောကိစ္စကိုမေးမြန်း စုံစမ်းခဲ့သည်။

တစ်ချိန်တည်းမှာပင်စစ်တွေမြို့အခြေအနေကိုလည်း မေးမြန်းခဲ့ကြသည်။ ထိုအခါ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် အား စစ်တွေမြို့အခြေအနေ မေးမြန်းခဲ့ရာ အဆိုပါပြောရေး ဆိုခွင့်ရှိသူက စစ်တွေမြို့တွင် အခြေအနေအလွန် တင်းမာနေကြောင်း၊ ယနေ့ညနေတွင် မွတ်စလင်မ် တစ်သောင်းကျော်က လမ်းပေါ်ထွက်လာကြောင်းစသည်ဖြင့် လုံးဝမှန်ကန်မှုမရှိသော လုပ်ကြံသတင်း တစ်ခုကို မီဒီယာများသို့ ရည်ရွယ်ချက်အပြည့်ဖြင့် ပေးအပ်ခဲ့သည်။ ထို့အပြင် မွတ်စလင်မ်များသည် ဘင်္ဂလာဒေရှ့်မှ ဝင်ရောက်လာကြောင်း အခုလိုပြောကြားခဲ့သည်။ (သဲချောင်းဘက်မှ ဘင်္ဂလာဒေရှ့် အဝင်အထွက်လုပ်နိုင်တဲ့ အပေါက်တစ်ပေါက်ရှိပါတယ်၊ အဲဒီလမ်းကြောင်းမှ ဘင်္ဂလီတွေ စက်လှေများနဲ့ ဝင်လာရင် သုံးနာရီပဲလိုပါတယ်) ဟု ရည်ရွယ်ချက်ရှိရှိနှင့်လှုံ့ဆော်လုပ်ကြံ ပြောဆိုခဲ့သည်။

သတင်းမှန်မှာ ဇွန်လ (၈)ရက်နေ့တွင် RNDPမှ ဦးဆောင်ပြီး စစ်တွေမြို့အနီး မြို့နယ်များမှ (အထူးသဖြင့် ရသေ့တောင်မြို့နယ်မှ) လူအမြောက်အများကို စစ်တွေသို့ခေါ် ယူလာခဲ့ သည်။ ထိုသို့ ခေါ်ယူလာသော အကြမ်းဖက်သမားများကို အုပ်စုသုံးခုခွဲပြီး ဖြန့်ကျဲ နေရာချထားခဲ့သည်။ လူ ၂၀၀ ကျော် ပါဝင်သော အုပ်စုတစ်ခုကို နာဇီရပ်ကွက် အနီးရှိ ဦးအောင်နိုင်ဝင်း ပိုင်ဆိုင်သော ဆန်စက်ကွင်းတွင်လည်းကောင်း၊ ဒုတိယအုပ်စုကို စစ်တွေသင်္ဘောဆိပ် အနီးတွင်လည်းကောင်း၊ တခြားအုပ်စုတစ်ခုကို ဘောလုံးကွင်း ရပ်ကွက်အနီးတွင်လည်းကောင်း အသီးသီးချထားသည်ဟု သိရသည်။

ဘောလုံးကွင်းရပ်ကွက်မှာ (၁၉၅၃-၅၄) ခုနှစ်ခန့်က ဦးနုအစိုးရမှ အရှေ့ပါကီစတန် (ယခုဘင်္ဂလာဒေရှ့်) အ၀ကျွန်းမှ ရခိုင်ပြည်သို့ခေါ်သွင်းလာသော ရခိုင်လူမျိုးများအနက် တချို့နေထိုင်သည့် ကျေးရွာဖြစ်သည်။


အ၀ကျွန်းမှလာသော ရခိုင်များက ဒေသခံရခိုင်များနှင့်အစိုးရ၏ ထောက်ခံစာနာမှုကိုရရှိ ရန်အတွက် ဘင်္ဂ လာဒေရှ့် နိုင်ငံ တွင် လူနည်းစုရခိုင်များကို ဖိနှိပ်ချုပ်ချယ်ကြောင်း ပြောဆိုခဲ့ကြသည်။ အမှန်မှာ အရှေ့ ပါကီစတန်တွင် လူမျိုးရေးအရ ဖိနှိပ်မှုမရှိဘဲ လူနည်းစုရေးရာ ဝန်ကြီးဌာနကိုပင်ဖွင့်ထားလျက် လူနည်းစု များကို ကာကွယ်ခဲ့ကြသည်။ ယခုအချိန်မှာလည်း လူနည်းစုများကို မတော်မတရား ချုပ်ချယ် ဖိနှိပ်ခြင်း မရှိချေ။

ဒါက်တာအေးမောင် ဦးဆောင်ခေါ်လာသော အကြမ်းဖက်အုပ်စုများသည် စစ်တွေမြို့၏ အခြေ အနေ ကိုနားမလည်ကြပေ။ မွတ်စလင်မ်အိမ်ဆိုလျှင်ပင် အိမ်ထဲဝင်ပြီး သတ်ဖြတ်ကာ အိမ်များကို မီးရှိုးခဲ့ကြသည်။

ဇွန်လ (၉)ရက်နေ့တွင် အကြမ်းဖက်ဂိုဏ်းတစ်ခုက စစ်တွေမြို့ရဲစခန်းမှ ကိုက် (၃၀၀)ခန့် ဝေးကွာသော အိမ်ခြေ (၄၀)ခန့်ရှိသည့် ဈေးဟောင်းမောလိပ်ရှိ မွတ်စလင်မ်အိမ်များ အတွင်းဝင်ရောက်ပြီး လူများကို သတ်ဖြတ်လျက် အိမ်များကို မီးရှိုးခဲ့ကြသည်။ မွတ်စလင်မ်အိမ်အနီးအနားရှိ ရခိုင်အိမ်များလည်း မီးလောင်ရာတွင် ပါသွားကြသည်။

ဈေးဟောင်းမောလိပ်တွင် မြန်မာ့တပ်မတော်ဆေးတပ်ဌာနမှ ဒေါက်တာ ဒုဗုလ်မှူးကြီး ကျော်ခင် (ကွယ်လွန်)၏ အမျိုးအဆွေများ၊ ရန်ကုန် အာရ်အိုင်တီမှ ကတိက ဒေါက်တာ စောဖြူတို့၏ မျိုးဆွေများနှင့်အခြားကမာန်များ၊ ရခိုင်-မွတ်စလင်မ်များ နေထိုင်ရာနေရာ ဖြစ်ပြီး လူတော်တော်များများ မီးလောင်သေဆုံးခဲ့ကြသည်။ အလားတူ စစ်တွေမြို့ ပိုက်ဆိပ်ရပ်ကွက် သတ်ဖြတ်မီးရှိုးမှုများပြုလုပ်သော အခါတွင်လည်း စာရေးဆရာမ ဒေါ်စောမုံညှင်း (ရှမ်းလူမျိုး)၊ ခင်ပွန်း ဦးကာ (အကောက်ခွန်ဌာန အရာရှိဟောင်း) တို့၏ မျိုးဆွေများအားလုံး သတ်ဖြတ်မီးရှိုး ခြင်းခံခဲ့ရသည်။

စစ်တွေမြို့၌ ရခိုင်လူဦးရေများသည်ကတစ်ကြောင်း အုပ်ချုပ်ရေးလှုံခြုံရေးဌာနများတွင် ရခိုင်အရာရှိများက ကိုင်တွယ်ထားသည်ကတစ်ကြောင်း တို့ကြောင့် မွတ်စလင်မ်များသည် တုတ်၊ ဓါးများကို ကိုင်ဆောင်ပြီး လမ်းပေါ်တက် ရခိုင်အိမ်များကို တိုက်ခိုက်မီးရှိုး သည်ဆိုခြင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံသတင်း များသာဖြစ်သည်။


မွတ်စလင်မ်တချို့မှာ မိမိတို့ကျေးရွာမှ အိုးအိမ်များကို တိုက်ခိုက်ရန်လာသော အကြမ်းဖက် သမားများကို တစ်ခါတရံခုခံခြင်းဖြစ်သည်။

 ဇွန်လ (၁၀)ရက် နံနက်တွင် ရခိုင်အကြမ်းဖက်သမားများသည် မြို့မရဲစခန်းနှင့် ကိုက် (၅၀၀) ခန့် ဝေး ကွာသော ဦးဥတ္တမ ပန်းခြံတွင်စုဝေးခဲ့ကြသည်။ ထိုအချိန်မှာ ဆန်ရှာဝယ်ရန် လာသော အသက် (၁၂)နှစ်အရွယ် မွတ်စလင်မ်လူငယ် တစ်ဦးကို ရခိုင်အကြမ်းဖက်များက ဓါးဖြင့် ခုတ်သတ်လိုက်သည်ဟု အာရ်အာဖ်အေမှ ကြေငြာခဲ့သည်။ လမ်းပေါ်တွင် မွတ်စလင်မ်များကို မတွေ့ရကြောင်း ရခိုင်များ ကို သာ တွေ့ရကြောင်း ၄င်းကပြောဆိုခဲ့သည်။

ထိုနေ့တွင် ရခိုင်အကြမ်းဖက်သမားများက စစ်တွေမြို့ရှိ မွတ်စလင်မ်ရွာအတော်များများကို တိုက်ခိုက်မီး ရှိုးခဲ့သည်။ မီးရှိုးရန်လာသော သူများကို ထွက်ကြည့်သော မွတ်စလင်မ်များကို သေနတ်နဲ့ ပစ်သဖြင့် လူများအပြင်သို့ မထွက်နိုင်ဘဲ အိမ်အတွင်းတွင်ပင် မီးလောင်သေဆုံး ခဲ့ကြသည်။

စစ်တွေမြို့ရှိ မွတ်စလင်မ်များအပေါ် ရက်စက်စွာတိုက်ခိုက်မှုမှာ အလွန်ပြင်းထန် သဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ ဇွန်လ (၁၀)ရက်နေ့တွင် ကာဖျူးအမိန့်ထုတ်ခဲ့ရသည်။ ကာဖျူးအမိန့် မှာ ညနေ (၆) နာရီမှ နံနက် (၆)နာရီထိ ဖြစ်သဖြင့် အကြမ်းဖက်သမား ရခိုင်များသည် ညအချိန် တွင် သောက်စား အနားယူပြီး နံနက် (၈) နာရီခန့်ဆိုလျှင် မွတ်စလင်မ်တိုက်ခိုက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။
တွေ့ရှိသမျှ မွတ်စလင်မ်များကို သတ်ဖြတ်ပြီး အိမ်တွေ့တိုင်းမီးရှိုးခဲ့ကြသည်။ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မီးရှိုးမှုကြောင့် စစ်တွေမြို့ထဲတွင် မွတ်စလင်မ်အိမ် မရှိသလောက် ဖြစ်သွား ခဲ့သည်။ မွတ်စလင် မ်အများအပြားမှာ မိမိတို့အိမ်ထဲတွင် သေခြေခဲ့ကြသည်။

ဒေါက်တာအေးမောင်သည် (၁၉၅၃-၅၄) ခုနှစ်တွင် ဖဆပလမှ အရှေ့ပါကီစတန်မှ ခေါ်သွင်းလာသော ရခိုင် အ၀ကျွန်းသား မိဘများမှ မွေးဖွားလာသူတစ်ဦးဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေးစိတ်အလွန်ပြင်းထန်သူ အစွန်းရောက်တစ်ဦးဖြစ်သည်။

ယခုဖြစ်ပွားသော မွတ်စလင်မ်ဆန့်ကျင်မှုတွင် ဒေါက်တာအေးမောင်ဦးဆောင်သော RNDP ပါတီအဖွဲ့ဝင် များက သတင်းဌာနာများနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ရခိုင်အကြမ်းဖက် သမားများ၏ ရက်စက်မှုကို မွတ်စလင်မ်များက ကျူးလွန်ခဲ့သကဲ့သို့ ပုံဖော်ဖန်တီး ခဲ့ကြသည်။ စစ်တွေမြို့မှာ ယခုအခါ တပ်မတော်က အကာအကွယ်ပေးနေသည်ဟု ဆိုသည်။ ထို့ကြောင့် အကြမ်းဖက်သမားရခိုင် များ သည် ပေါက်တော ၊ ကျောက်တော် စသောမြို့ နယ် များသို့ သွားရောက် တိုက်ခိုက်နေသည်ဟု သိရသည်။

လေးစားစွာဖြင့်-
မောင်သစ္စာ
၂၀၁၂ခု၊ ဇွန်လ (၁၉) ရက်။


Write A Comment

Rohingya Exodus