August 19, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမေရိကမှ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး၏ အိတ်ဖွင့်ပေးစာ




ဒေါက်တာ ဟာဘိ စီဒီကီ
၁၇ ဇွန် ၂၀၁၂ (တနင်္ဂနွေနေ့)

မူရင်းဆောင်းပါး –Asiantribune.com


ချစ်ခင်လေးစားရပါသော ဒေါ်စုကြည်ခင်ဗျား

ဆယ်စုနှစ်တစ်ခုမက လူ့အခွင့်အရေးအရာ လှုံ့ဆော်ကြိုးပမ်းသူတစ်ဦးအနေဖြင့် ကျွန်တော်ဟာ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်နှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။

အစိုးရသစ်ဟာ တိုင်းပြည်ကောင်းစားဖို့နဲ့ မှန်ကန်တဲ့ သီလအတွက် ခိုင်မာစွာ ရပ်တည်ခဲ့ကြတဲ့ ဒေါ်စုကြည်နှင့်အတူ အခြားများစွာသော အပြစ်မဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများကို အနာဂတ် ရေရှည်အကျိုးအမြင်ဖြင့် လွတ်လပ်မှုပေး၊ လွတ်မြောက် ခွင့်ပေးခဲ့တာဖြင့် အလွန်ကိုကောင်းမွန်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုကြည်နှင့် NLD ပါတီ ဝင်ရောက်ပြိုင်ဆိုင်ခွင့်ရခဲ့ပြီး အမတ် ၄၂-နေရာ အောင်နိုင်ခဲ့တာ အလွန်ဝမ်းသာစရာပါ။ ပြည်သူတွေအတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှုပါ။

မြန်မာပြည်တွင်းမှာ ထိုကဲ့သို့သော ပြောင်းလဲတိုးတက် မှုများနဲ့အညီ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဟာလည်း မြင့်တက်လာပါတယ်။ အောက်လွှတ်တော်မှာ ဒေါ်စုကြည်ရဲ့ အသံ၊ ဩဇာတက္ကိမနဲ့ ဆယ်စုနှစ်များစွာ သူတို့ ခံစားတွေ့ကြုံနေရတဲ့ အတိဒုက္ခတွေက လွတ်မြောက်ဖို့ မြန်မာနိုင်ငံတော်သစ်မှာ မည်သူမဆို အရောင်အသွေး၊ ဘာသာလူမျိုး၊ ကိုးကွယ်ယုံကြည်မှု ကွဲပြားနေပါစေ ဒေါ်စုကြည်ဟာ တရားမျှတမှု၊ ကျောသားရင်သားမခွဲခြားမှု၊ တရားဥပဒေ စိုးမိုးမှု တွေကို ဆောင်ကြဉ်းပေးလာနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ...

နှစ်ပေါင်းများစွာ စစ်အာဏာရှင် အစိုးရဟာ လူနည်းစုအပေါ် ပြင်းထန်စွာ ခွဲခြားဖိနှိပ် အုပ်ချုပ်ခဲ့ပါတယ်။ ဒေါ်စုကြည်သိမယ် ထင်တဲ့အတိုင်း လူမျိုး၊ ဘာသာရေး ခွဲခြား နှိမ့်ချဆက်ဆံမှု၊ မုန်းတီး အစွန်းရောက်မှု အများပြား အပြင်းထန်ဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါဟာ လုံးဝ မရှိသင့်တော့တဲ့ အပြင် လုံးဝ ပြောင်းလဲဖို့လိုပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ အစ္စလာမ်ဘာသာဝင် လူနည်းစု အပေါ် မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ ပြသနာ တစ်ကြော့ပြန်ပါ။ ရခိုင် အမျိုးသမီးငယ်တစ်ဦးကို မတရားကျင့်၊ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင် ၃-ယောက်ကို အကြောင်းပြပြီး မြန်မာပြည် အခြားဒေသမှ တရားစခန်းဝင် ပြန်လာတဲ့ မွတ်စလင် ၁၀-ဦးကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၃၀၀-ခန့်သော အကြမ်းဖက်လူအုပ်ကြီးက ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာ ကြားရတဲ့အခါ လွန်စွာတုန်လှုပ်ခြောက်ခြားမိခဲ့ရပါတယ်။

ရာဇဝတ်သားတစ်ချို့ရဲ့ အပြစ်ကျူးလွန်မှုကို ဤကဲ့သို့လူနည်းစု အပေါ် မယောင်ရာ ဆီလူး ဥပဒေဘောင်မဲ့ လက်စားချေတုံ့ပြန်ခြင်းသာ သမရိုးကျဖြစ်နေခဲ့ပါက ဒီလောကဝယ် လူသားဆိုတာ အဘယ်မှာ ကျန်ရှိပါတော့မလဲ။ သို့ပါသော်လည်း ရခိုင်အကြီးအကဲခေါင်းဆောင်တို့ဟာ ဤပုံဤနည်း မှန်ကန်စွာ စဉ်းစားကြပုံမပေါ်ပဲ အစ္စလာမ်ဘာသာဝင် လူနည်:စုအပေါ် အပြစ်ပုံအမုန်းပွါး အဓိကရုန်းဖြစ်စေခဲ့ကြပါတယ်။

ဒေါ်စုကြည်ဟာ ပါလီမန်အတွင်း အတိုက်အခံခေါင်းဆောင်တစ်ဦးအနေနဲ့ အပြောင်းအလဲများစွာအတွက် ကတိကဝတ်ပြုထားတဲ့ ဦးသိန်းစိန် အစိုးရသစ်နဲ့လက်တွဲပြီး အတိတ်ရဲ့အမိုက်မှောင်တွေထဲက ရုန်းထွက်ခွဲခွါကာ အရှိန်အဟုန်ဖြင့် တိုင်းပြည်သစ်တည်ဆောက်မယ်လို့ ထင်ထားခဲ့မိတာ သိပ်များစောသွား လေသလား။ မှားများ သွားခဲ့ပြီလား။

ရခိုင်အကြီးအကဲခေါင်းဆောင်များ၊ လုံထိန်း၊ နစက အစရှိသူတို့ဟာ ရိုဟင်ဂျာလူနည်းစုကို အမြစ်ပြတ်ရှင်းလင်းပြစ်ဖို့ အကွက်ကျကျ စီမံခဲ့ကျပါတယ်။ ဇွန်လ ၃-ရက်ကဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ် လူသတ်ပွဲကြီးကို တားဆီးနိုင်ပါလျက် မသိကျိုးကျွံပြုခဲ့ကျတဲ့အပြင် ဇွန်လ ၈-ရက် သောကြာနေ့ ဝတ်ပြုပြီးပြန်လာကြတဲ့ လက်နက်မဲ့ ရိုဟင်ဂျာများအား တိုက်ခိုက် ပစ်ခတ်ခဲ့ကြတာဟာဖြင့် အလွန်ကောက်ကျစ်တဲ့ စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဆိုတာ အသေအချာပါပဲ။

ဘုန်းကြီးကျောင်းများအတွင်းမှ ရခိုင်အစွန်းရောက် အကြမ်းဖက်သမားများ လျှို့ဝှက်သိမ်းဆီးထားတဲ့ ဒုတ်၊ဓား၊လှံ၊လက်နက်များ ဖမ်းမိခဲ့တယ်ဆိုတာလည်း အထောက်အထားများအရ သိရှိရပါတယ်။ ဤစာရေးသားနေစဉ် ကာလအတွင်းမှာဘဲ မွတ်စလင်အိုးအိမ်ပေါင်းများစွာ မီးရှို့ခံနေရပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် လူရာပေါင်းများစွာရဲ့ အသက်ပေါင်းများစွာ သေကျေပျက်စီးနေပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုများကို ကြားသိရတာ အလွန်ပဲတုန်လှုပ်ခြောက်ခြားရပါတယ်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင်တွေအားလုံးကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးမယ်လို့ ဗိုလ်ချုပ်အောင်းဆန်း ကိုယ်တိုင်ပြောခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ကလည်း ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအားလုံးဟာ မြန်မာတိုင်းရင်းသားတွေပဲဖြစ်တယ်။ သူတို့တိုင်ရင်းသား မဟုတ်ရင် ငါတို့ရှမ်းလဲ တိုင်းရင်းသားမဟုတ်ဘူးလို့တောင် ပြောခဲ့ပါတယ်။

အာဏာရှင်ဦးနေဝင်းအစိုးရ မတက်ခင်က တိုင်းရင်းသားလူမျိုးစု ၁၄၄-ခု သတ်မှတ်ခဲ့၊ ရှိခဲ့တာပါ။ ၁၉၇၄-ခုနှစ် ဦးနေဝင်းရဲ့ ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တက်လာပြီးမှ ၁၃၅-ခုဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။ ပရှူးမွတ်စလင်၊ ရခိုင်မွတ်စလင်(နောင် ရိုဟင်ဂျာ) အပါအဝင် တိုင်းရင်းသား ၉-မျိုး ပယ်ဖျက်ပစ်ခဲ့ပါတယ်။ ပသီ၊ မြေဒူး၊ ပန်းသေး၊ မြန်မာ-အိန္ဒိယ အစသဖြင့်ပါ။

၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေဟာ နိုင်ငံတကာဥပဒေ စည်းမျဉ်းစည်းကမ်းများရဲ့ အခြေခံများကိုပင် ချိုးဖောက်ထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပဋိဥာဉ်နဲ့လည်း ဆန့်ကျင်နေပါတယ်။

ဒီဥပဒေကြောင့် မြောက်များစွာသောသူတို့ဟာ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးခဲ့ရပြီး အခြားအမြောက်အများဟာလည်း အခြေခံ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးခဲ့ပါတယ်။ ဤသို့ နှိမ့်ချ ခွဲခြားမှုများ၊ ဥပဒေဘောင်မဲ့ ကျူးလွန်မှုများဟာ ကုလသမဂ္ဂရဲ့ ထုံးနဲ့ လုံးဝမညီညွတ်ပါ။ မြန်မာအစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပဠိညာဉ်ရဲ့ သဘောတူညီချက်ပေါင်း ၃၀ ကို ချိုးဖောက်နေပါတယ်။ အဖွဲ့ဝင်တိုင်း လိုက်နာရမဲ့ စည်းမျဉ်းဥပဒေသများပါ။

ဒေါ်စုကြည် ခင်ဗျား၊ ခေါင်းဆောင်မှု့ဆိုတာ လူအများမကြိုက်သည့်တိုင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်များ ချရလေ့ရှိပါတယ်။ တိုင်းပြည်အနာဂတ်ကောင်း ဖော်ဆောင်ရေးမှာ မိမိပါတီအတွင်းသာမက တစ်တိုင်းပြည်လုံးအတွင်းမှာပါ ဤအစွန်းရောက်မှု၊ အကြမ်းဖက်မှု၊ ခွဲခြားနှိပ့်ချမှုများကို ရှုံ့ချရပါမယ်၊ တားဆီးရပါမယ်။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ယခင်အစမှ တည်ရှိခဲ့သော လူမျိုးရေး၊ ဘာသာရေး ခွဲခြားနှိပ့်ချမှုလောက် ဝမ်းနည်းဖွယ်ရာမှာ အခြားမရှိတော့ပါ။ လူများစုဗမာ၏ မဟာဗမာလူမျိုးကြီး ဝါဒသာလျှင်မက ကရင်က ဗမာကိုမုန်း၊ ဗမာက ရှမ်းကိုမချစ်၊ ရှမ်းက ဝကိုမလိုလား၊ မွန်က ဗမာကိုအလိုမရှိ၊ ရခိုင်က ရိုဟင်ဂျာကို ပြင်းပြင်းထန်ထန်မုန်းတီး၊ ဗမာက တရုတ်ဆို ကြည့်မရ၊ ခရစ်ယာန်က ဗုဒ္ဓဘာသာကိုမကြိုက်၊ ပြီးတော့ အားလုံးပေါင်းပြီး မွတ်စလင်ကို ဝိုင်းမုန်း စသည်ဖြင့် ဒီသံသရာက ဘယ်လိုမှမလွတ်မြောက်တော့ပါ။ မြန်မာပြည်သစ်မှာ ဒီလူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု၊ မုန်းတီးမှုရောပွမ်းနေတဲ့ ညစ်ညမ်းနိုင်ငံရေး လုံးဝအဆုံး နိဂုံးချုပ်သင့်ပါပြီ။

ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်အစိုးရဟာ ‘မျိုးပျောက်မှာ စိုးကြောက်စရာ’၊ ‘မြေမြို၍ လူမျိုးမပျောက်၊ လူမျိုးမြိုမှ လူမျိုးပျောက်မည်’ အစရှိသည်များအပါအဝင် ‘မျက်ကန်းမျိုးချစ်’ အယူအဆများ ပြင်းထန်စွာဝါဒဖြန့်ခဲ့ပါတယ်။ ‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’၊ ‘တပ်မတော်သည်သာအမိ၊ တပ်မတော်သည်သာအဖ’ စသည်ဖြင့်လည်း ပြည်ထောင်စုကြီးအဓွန့်ရှည်ရန် စစ်တပ်ရှိမှဖြစ်မည့်ဟန် ဖန်တီး၍ တိုင်းရင်းသားများ၊ လူနည်းစုများကို ညှင်းပန်းဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။

အစိုးရသစ်လက်ထက်ဝယ် အချို့သောအရာများ လွပ်လပ်ပွင့်လင်းလာသော်လည်း လူနည်းစုအပေါ် ခွဲခြားမှုများ၊ အကြမ်းဖက်မှုများ အများအပြားရှိနေဆဲပါ။ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင် စသော ပြည်နယ်များ၌ အပြောင်းအလဲရဲ့ သက်ရောက်မှုဟာ မရှိသလောက်ပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့ ဗမာ့တပ်မတော်တို့ဟာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ ဒီတစ်နှစ်အတွင်း ဗမာ့တပ်မတော်က တိုင်းရင်းသားလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း ၇၅၀ ခန့်ရှိတယ်လို့လဲ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား မြောက်များစွာ လွှတ်ပေးဖို့ရာ ကျန်ရှိနေပါသေးတယ်။

ဒီမိုကရေစီလမ်းစဉ် ဖော်ဆောင်နေခြင်းနှင့်အညီ အသိရှိထားဖို့ရာ ဖယ်ဒရယ်မူမဟုတ်တဲ့ ဗဟိုထိန်းချုပ်မှုအခြေပြု ဒီမိုကရေစီစနစ်ဟာ ဒီပြသနာတွေကို ကာကွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။ လူမျိုးဘာသာရေးခွဲခြားမှု ရှိနေခြင်းကို ပထမဆုံးအနေနဲ့ ဝန်ခံပြီး ဘယ်လောက်အတိုင်းအတာထိ နက်ရှိုင်းတည်ရှိနေတယ်ဆိုတာကိုလည်း အသိအမှတ်ပြုရပါမယ်။ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ‘ရိုဟင်ဂျာမျိုးဖြုတ်ရှင်းလင်းရေး’ အဓိကရုန်းဟာ ရခိုင်လူမျိုးများရဲ့ သေးသိမ်ကျဉ်းမြောင်းတဲ့ လူမျိုးရေးအတ္တစွဲကို လှစ်ဟပြနေပါတယ်။

ခေါင်းဆောင်ကြီးခင်ဗျား၊ ‘အကြမ်းဖက်မှုများ၊ နိုင့်ထက်စီးနင်းမှုများ၊ အစွန်းရောက်မှုများ’ကို ဒေါ်စုကြည်အနေနဲ့ အကြွင်းမဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချသင့်ပါတယ်။ အကယ်၍သာ ဒေါ်စုကြည်နှင့်တကွ အခြားသော နိုင်ငံရေးခေါင်းဆောင် များအနေဖြင့် ဤသို့ရပ်တည်ခြင်းမရှိပါက နောင် ၂၀၁၅-ခု မည်သည့်အစိုးရသစ် တက်ရောက်လာသည်ဖြစ်စေ မြန်မာပြည်ဟာ ဒီနွံထဲက ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါ။

၁၉၈၂-နိုင်ငံသားဥပဒေဟာ (လုံးဝ) တရားမဝင်ပါ။ အားလုံးရဲ့ ရပ်တည်မှု ခဲလေသမျှ သဲရေကျအဖြစ်မျိုးပါ။ ကျေးဇူးပြုပြီး ဒီအမုန်းမီးပွါး၊ လူမျိုးဘာသာခွဲခြားမှု တံတိုင်းကြီးကို ဖြိုချပေးပါ။ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင် မွတ်စလင်လူနည်းစုတို့ရဲ့ သာတူညီမျှ နိုင်ငံသား အခွင့်အရေးတောင်းဆိုမှုဟာ တရားမျှတမှုအပြည့်ရှိ၊ လျော်ကန်သင့်မြတ်ပါတယ်။ ဒါမှသာလျှင် ဖယ်ဒရယ်မူနှင့်အညီ တိုင်းရင်းသား၊ လူမျိုးပေါင်းစုံ၊ ဘာသာမရွေး လက်တွဲညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ငြိမ်းချမ်းသာယာတဲ့ မြန်မာပြည်သစ်ကြီး အမြန်ဆုံး ပေါ်ထွန်းလာနိုင်မှာပါ။

ရိုသေလေးစားစွာဖြင့်၊အမေရိကနိုင်ငံမှ ဆုမွန်ကောင်းတောင်းလျက်

ဒေါက်တာ ဟာဘိ စီဒီကီ

.......................................................................

မြန်မာမှုပြုတင်ပြသူ – လင်းယုန်နက် (ခြင်္သေ့မြို့တော်)

Write A Comment

Rohingya Exodus