Latest Highlight

စီအာပီပီ(CRPP) အဖွဲ့​ အမည်​ပြောင်း​မည်




ဦးအေးသာအောင် photo - DVB

 ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) အဖွဲ့​က အမည်​ပြောင်း​ပြီး​ လွှတ်​တော်ပြင်ပနိုင်ငံ​ရေး​ လုပ်​ဆောင်သွား​မယ်လို့​ ​ပြောပါတယ်။

စီအာပီပီအဖွဲ့​ရဲ့​ ဗဟိုအလုပ်မှု​ဆောင် အစည်း​အ​ဝေး​ကို ဗဟန်း​ ​ရွှေဂုံတိုင်မှာရှိတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဌာနချုပ်မှာ ဒီ​နေ့​ ကျင်း​ပတာ ဖြစ်ပြီး​ အမည်သစ်နဲ့​ ထွက်​ပေါ် လာမယ့်​ ​ကော်မတီအဖွဲ့​သစ်ဟာ လွှတ်​တော်ပြင်ပ အဖွဲ့​အစည်း​အဖြစ် ​ဆောင်ရွက်ဖို့​ ​ဆွေး​နွေး​ဖြစ်တယ်လို့​ စီအာပီပီ အတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က ရှင်း​ပြပါတယ်။

“အခုအဖွဲ့​က​တော့​ လွှတ်​တော်ပြင်ပ အဖွဲ့​အစည်း​ပေါ့​။ လွှတ်​တော်မှာလည်း​ ​ပြောချင်တာ​ပြောမယ်။ လုပ်ချင်တာလုပ်မယ်။ လွှတ်​တော်ပြင်ပမှာလည်း​ အခု တိုင်း​ရင်း​သား​ ပါတီများ​နဲ့​ ဖွဲ့​ထား​တဲ့​ မဟာမိတ်အဖွဲ့​ပေါ့​၊​ အခြား​အဖွဲ့​ဝင် အသစ်များ​ကိုလည်း​ လက်ခံဖို့​ရှိတယ်။ ဒီမိုက​ရေစီ အင်အား​စု​တွေနဲ့​ လက်တွဲ​ဆောင်ရွက်ပြီး​တော့​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​ကို ထိထိ​ရောက်​ရောက် ထိထိမိမိ ဆက်လက်ကြိုး​ပမ်း​ဆောင်ရွက်သွား​ဖို့​ ​ဆွေး​နွေး​ပါတယ်။”

စီအာပီပီ အဖွဲ့​သစ်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေ မဟာမိတ်အဖြစ် အ​ခြေခံဖွဲ့​စည်း​ပြီး​တော့​ လူအခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီ​ရေး​တွေ တိုး​တက် ​ကောင်း​မွန်​အောင်နဲ့​ ၂၀၀၈ အ​ခြေခံဥပ​ဒေကို ပြင်ဆင်ဖို့​နဲ့​ ပြည်​ထောင်စုစစ်စစ် ​ဖော်​ဆောင်ဖို့​ ရည်ရွယ်ပြီး​ ဒီအ​ခြေခံမူနဲ့​ တူညီတဲ့​ တိုင်း​ရင်း​သား​ အခြား​အဖွဲ့​အစည်း​များ​နဲ့​လည်း​ လက်တွဲ​ဆောင်ရွက်ဖို့​ ရှိတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

အစည်း​အ​ဝေး​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် နာယက သူရဦး​တင်ဦး​၊​ ဟံသာဝတီ ဦး​ဝင်း​တင်တို့​ တက်​ရောက်ပြီး​တော့​ တိုင်း​ရင်း​သား​တွေဘက်က ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင် ဦး​ခွန်ထွန်ဦး​၊​ ရခိုင်တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင် ဦး​အေး​သာ​အောင်နဲ့​ မွန်တိုင်း​ရင်း​သား​ခေါင်း​ဆောင် နိုင်​ငွေသိမ်း​တို့​ တက်​ရောက်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အဖွဲ့​သစ်အမည် ဘယ်လို​ပေး​မယ် မသိရ​သေး​ပါဘူး​။

ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီကို ၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ လှယ်​တွေနဲ့​ ၁၉၉၈ ခုနှစ်မှာ ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။ စစ်အစိုး​ရက​နေ ၁၉၉၀ ​ရွေး​ကောက်ပွဲရလဒ်ကို အသိအမှတ်မြပုခဲ့​တဲ့​အတွက် စီအာပီပီအဖွဲ့​ကို ပြည်သူ့​လွှတ်​တော်ကို ကိုယ် စား​ပြုဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။

စီအာပီပီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က​တော့​ တိုင်း​ရင်း​သား​တွေအတွက် ဒုတိယ ပင် လုံ လို့​ သတ်သတ်မှတ်မှတ် မ​ခေါ်​ပေမယ့်​ တိုင်း​ရင်သား​လူမျိုး​ပေါင်း​စုံ အစည်း​အ​ဝေး​ကို ​ဖော်​ဆောင်နိုင်ဖို့​ ဆက်လက် ကြိုး​ပမ်း​သွား​မယ်လို့​ ​ပြောဆိုသွား​ပါတယ်။

Source : by မင်းလွင် (DVB)

Write A Comment

Rohingya Exodus