Latest Highlight

အိုး​ဝေမဂ္ဂဇင်း​ကို ဆက်မထုတ်ရန် စာ​ပေစိစစ်​ရေး​က သတိ​ပေး





 ကျောင်း​သား​သမဂ္ဂ ပြန်လည်​ပေါ်​ပေါက်​ရေး​နဲ့​ ​ကျောင်း​သား​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ထုတ်​ဝေ​နေတဲ့​ အိုး​ဝေမဂ္ဂဇင်း​ကို ဥပ​ဒေနဲ့​မညီတဲ့​အ​ကြောင်း​ စာ​ပေစိစစ်​ရေး​က ​ခေါ်ယူသတိ​ပေး​ခဲ့​တယ်လို့​ မဂ္ဂဇင်း​တာဝန်ခံ​တွေက ​ပြောပါတယ်။

အိုး​ဝေမဂ္ဂဇင်း​ အတွဲ ၁ အမှတ် ၉ ကို မကြာခင်က ထုတ်​ဝေလိုက်ပြီး​နောက် စာ​ပေစိစစ်​ရေး​ ဒု – ညွှန်ချုပ် ဦး​တင့်​ဆွေက မဂ္ဂဇင်း​တာဝန်ခံ​တွေဖြစ်တဲ့​ ဗကသများ​အဖွဲ့​ချုပ် ဗဟိုစည်း​ရုံး​ရေး​ကော်မတီ ဥက္ကဌ ကို​ကျော်ကိုကိုနဲ့​ အိုး​ဝေမဂ္ဂဇင်း​ တာဝန်ခံ အယ်ဒီတာ ကိုရှိန်း​ရာဇာထွန်း​တို့​ကို ဒီ​နေ့​မနက်မှာ ​ခေါ်ယူ​တွေ့​ဆုံ သတိ​ပေး​ခဲ့​တာပါ။

“၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပ​ဒေက ခုချိန်မှာ မဖျက်သိမ်း​ရ​သေး​ဘူး​၊​ ​နောက်တခါ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ ​လျော်ညီတဲ့​ ဥပ​ဒေအသစ်ကလည်း​ မီဒီယာဥပ​ဒေ၊​ ပုံနှိပ်ဥပ​ဒေကလည်း​ ပြဌာန်း​ဖို့​အတွက် ပြင်ဆင်တုန်း​ပဲ ရှိ​သေး​တယ်။ ဒီလိုအကူး​အ​ပြောင်း​ကာလမှာ ဥပ​ဒေ​ဟောင်း​က အကျုံး​ဝင်​သေး​တဲ့​ အတွက်​ကြောင့်​ အခုလို ခွင့်​ပြုချက်မယူဘဲ အိုး​ဝေမဂ္ဂဇင်း​ကို ထုတ်လိုက်တဲ့​အခါမှာ ဥပ​ဒေနဲ့​ ငြိစွန်း​နေပါတယ်။ ဒါကိုသိ​စေချင်လို့​ ​ပြောပြတာပါ။ ​ခေါ်ယူခြိမ်း​ခြောက်ခြင်း​တော့​ မဟုတ်ပါဘူး​။ ​ဆွေး​နွေး​တာပါတဲ့​၊​ ဒု – ညွှန်ချုပ် ဦး​တင့်​ဆွေ​ပေါ့​။”

နောက်ဆုံး​ထုတ်ထား​တဲ့​ အိုး​ဝေမဂ္ဂဇင်း​အတွဲ (၁) အမှတ် ၉ ကို အွန်လိုင်း​က​နေ အဓိက ဖြန့်​ဝေတာဖြစ်ပြီး​ မကြာခင်က ပြန်လည်ဖွဲ့​စည်း​ထား​တဲ့​ ပြည်နယ်နှင့်​တိုင်း​ ဗကသအဖွဲ့​ခွဲ​တွေနဲ့​ အဖွဲ့​ဝင်​တွေကြား​မှာ ပြန်လည်ကူး​ယူ လက်ဆင့်​ကမ်း​ ဖြန့်​ဝေတာလို့​ ကို​ကျော်ကိုကိုက ရှင်း​ပြပါတယ်။

လော​လောဆယ် အတွဲ ၁ အမှတ် ၁၀ အတွက် စာမူ​တွေ စု​ဆောင်း​နေဆဲ အချိန်မှာ စာ​ပေစိစစ်​ရေး​က ​ခေါ်ယူသတိ​ပေး​လိုက်တာ ဖြစ်ပါတယ်။

“အခုလို ​ခေါ်​ပြောတဲ့​ကိစ္စက အနုနည်း​နဲ့​ ​ပျော့​ပျောင်း​ညင်သာတဲ့​နည်း​နဲ့​ သတိ​ပေး​တာလို့​ ကျ​နော်မြင်တယ်။ အသိ​ပေး​တယ်လို့​တော့​ သူတို့​ သုံး​စွဲ​ပြောဆိုတယ်။ ​နောင်အခါမှာ ဒီလိုစာအုပ်မျိုး​ ထုတ်မယ်ဆိုရင် စိစစ်​ရေး​ကို တရား​ဝင် ​လျှောက်လွှာ တင်ပြီး​တော့​ စိစစ်​ရေး​ကတ်ရ​အောင် ကြိုး​စား​ခိုင်း​ပါတယ်။ ကျ​နော်တို့​ ပြန်​မေး​ထား​တယ်။ ​လျှောက်လွှာတင်​ပေမယ့်​ ပြန်ချမ​ပေး​တဲ့​ ဖြစ်ရပ်​တွေရှိတယ်။ ဒီ​တော့​ ဒါက သိပ်​သေချာတာ​တော့​ မဟုတ်ဘူး​။ ကျ​နော်တို့​က မြန်မာပြည်မှာ ဆင်ဆာအဖွဲ့​ကို လုံး​ဝဖျက်သိမ်း​ပစ်လိုက်ဖို့​ ​မျှော်လင့်​တယ်။ တဘက်က ပြန်ကြား​ရေး​ဝန်ကြီး​ကလည်း​ ဒါကိုပဲ​ပြော​နေကြတယ်။ အဲဒီ​တော့​ ဒီလိုအ​ခြေအ​နေမျိုး​ကို ​ရောက်သွား​ပြီဆိုရင် အခုလို နိုင်ငံ​ရေး​တွေ၊​ ဘာသာ​ရေး​တွေကို လိုက်ကန့်​သတ်ပြီး​တော့​ စိစစ်​နေတဲ့​ အ​နေအထား​မျိုး​ မရှိ​တော့​ဘူး​ဆိုရင် လွတ်လပ်စွာ ထုတ်​ဝေခွင့်​အတိုင်း​ ဆက်သွား​မှာဖြစ်တယ်။ အဲဒါမျိုး​ စဉ်း​စား​ထား​တယ်။ လတ်တ​လောအ​နေအထား​မှာ ပြန်ပြီး​တော့​ စဉ်း​စား​ရဦး​မယ်။ အား​လုံး​ကို ပြန်ချပြတဲ့​အခါမှာ ဘယ်လို ဆက်ပြီး​ ဆုံး​ဖြတ်မယ်ဆိုတာ​တော့​ အခု​တော့​ မ​ပြောနိုင်​သေး​ဘူး​။ ဒါ​ပေမယ့်​ ​သေချာတာက ကျ​နော်တို့​က ဆင်ဆာကိုပြပြီး​တော့​ ထုတ်​ဝေမှာ​တော့​ မဟုတ်ဘူး​။”

မြန်မာပြည် လွတ်လပ်​ရေး​ကြိုး​ပမ်း​တဲ့​ ကာလတုန်း​က ​ကျောင်း​သား​ထုအကြား​မှာ ဩဇာကြီး​ခဲ့​တဲ့​ အိုး​ဝေမဂ္ဂဇင်း​ရဲ့​ သမိုင်း​အ​မွေကို ဆက်ခံဖို့​ ထုတ်​ဝေတာလို့​ ​နောက်ဆုံး​ထုတ် အယ်ဒီတာအာ​ဘော်မှာ ​ဖော်ပြထား​ပါတယ်။

အိုး​ဝေ အတွဲ ၁၊​ အမှတ် ၉ မှာ ဗကသ ဥက္ကဌ​ဟောင်း​ ကိုမင်း​ကိုနိုင်ရဲ့​ ကဗျာတပုဒ်၊​ ဗကသရဲ့​သမိုင်း​၊​ လက်ရှိ ဗကသကို ပြန်လည်ဖွဲ့​စည်း​ထား​တဲ့​ အ​ခြေအ​နေ၊​ ဗကသရဲ့​ မူဝါဒ​တွေကို အဓိက ​ဖော်ပြထား​ပါတယ်။

Source : by နေသွင် (DVB)

Write A Comment

Rohingya Exodus