Latest Highlight

ငွေလွှဲရန် ဦးတေဇဘဏ်ကို စင်ကာပူနိုင်ငံက ငြင်းဆို




 စကာင်္ပူ နိုင်ငံသို့ ရောက်နေသော မြန်မာ နိုင်ငံသား အလုပ်သမား များကို အခြေခံပြီး တရားဝင် ငွေလွှဲနိုင်ရန် မြန်မာနိုင်ငံမှ ဘဏ်များက လျှောက်ထား ရာတွင် သမ၀ါ ယမဘဏ် ( CB) ကို စင်ကာပူ နိုင်ငံက ခွင့်ပြုသည်ဟု စင်ကာပူ နိုင်ငံရောက် မြန်မာ များက ပြောပါသည်။ သမ၀ါယမ ဘဏ်နှင့်အပြိုင် စစ်အစိုးရ လက်ထက်တွင် လုပ်ငန်းရှင်ကြီး တဦးဖြစ်လာသော ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုး ရေး (AGD) ဘဏ်ကလည်း ခွင့်ပြုချက်ရရန် လျှောက်ထားခဲ့ပါသည်။ စင်ကာပူနိုင်ငံအနေဖြင့် တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုများကို စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အဖွဲ့သည် ယမန်နေ့ဧပြီ၂၃ရက်နေ့တွင် သမဝါယမCB ဘဏ်ကို စင်္ကာပူနိုင်ငံရှိ Allbest Exchange Co.Ltdနှင့် ငွေလွဲ ဝန်ဆောင်မှု ပူးတွဲ လုပ်ဆောင်ခွင့် ပေးလိုက်ခြင်းဖြစ်ပါသည်။

သတ်မှတ်နှုန်း ထားအရ မြန်မာနိုင်ငံသား တဦးလျင် စင်္ကာပူ ဒေါ်လာ ၅၀၀၀ အထိ အများဆုံး မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီး ဝန် ဆောင်ခ အဖြစ် မည်သည့်ငွေ ပမာဏ မဆို ၁၂ ဒေါ်လာ ကျသင့်မည်ဟု သိရသည်။ သို့သော် အဆိုပါ နှုန်းထားသည်၊ တလလျှင် (သို့မဟုတ်) တနှစ်လျှင် စင်ကာပူဒေါ်လာ (၅၀၀၀) သာ လွှဲခွင့် ရှိမလား ဆိုသည်ကိုမူ မသိရှိရသေးပေ။

Source : ရွှေဟင်္သာသတင်းဌာန 

Write A Comment

Rohingya Exodus