အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် လွှတ်တော် ကို သပိတ်မှောက်ပြီ
ဧပြီ လ ၁ ရက် နေ့ ကြား ဖြတ် ရွေးကောက် ပွဲ တွင် အနိုင်ရရှိခဲ့ သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်
လွှတ်တော် ကိုယ်စားလှယ် များ က ယခုလ ၂၃ ရက်နေ့ တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး
ကို မတက် ရန် သပိတ် မှောက် လိုက် ပြီ ဟု FNG မှ သတင်း ရရှိသည်။
လွှတ်တော် အစည်း အဝေး အစ တွင် ရွတ် ဆိုရမည့် အခြေခံ ဥပဒေ ကို ကာကွယ်စောင့်ရှောက်ပါမယ်
ဆိုတဲ့အစား လေးစားလိုက်နာ ပါမယ်ဆိုတဲ့ အသုံးအနှုန်း ပြင် ရန် ကိစ္စ အား ယမန် နေ့ က အခြေခံ
ဥပဒေ ခုံရုံးမှ ပယ်ချ လိုက် ပြီး နောက် သပိတ် မှောက်ခြင်း ဖြစ်သည်။
ထိုအချက် အား ပြင်ပေး ပါရန် NLD က သမ္မတ ဦးသိန်းစိန် ထံ သို့  စာပေးပို့ ထား သည် ဟု သိရသည်။
ကြားဖြတ် ရွေးကောက် ပွဲ တွင် ၄၃ နေ ရာ အနိုင်ရရှိသည့် NLD လွှတ်တော် ကိုယ်စားလှယ်များ ကို
လွှတ်တော် တက်ရောက် ဖို့  လွှတ်တော် ရုံး အဖွဲ့  က တရား ၀င် အကြောင်း ကြထား သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန် တိုင်း ကော့မှုး မြို့ နယ်
လွှတ်တော် ကိုယ် စားလှယ် တစ်ဦး ဖြစ်သည်။

