Latest Highlight

ပဒို မန်းငြိမ်းမောင်ကို အစိုးရ ပြန်လွှတ်


KNU ခေါင်းဆောင်တဦး ဖြစ်သော ပဒို မန်းငြိမ်းမောင်ကို အစိုးရက ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် တသက်တကျွန်းနှင့် ထောင် ၃ နှစ် ချမှတ်ထားရာမှ ယနေ့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း KNU က ပြောသည်။ မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တရုတ်ပြည် ကူမင်းလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက် စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီး အရေးယူ ခံခဲ့ရပြီးနောက် မတရားအသင်း ကြေညာထား သည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရား အသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့ခြင်းဖြစ်သည်

Write A Comment

Rohingya Exodus