Latest Highlight

ကချင်စစ်ဘေး ဒုက္ခသည် ဂျာမနီ ထောက်ပံ့မည်

  မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများရှိ စစ်ဘေးဒဏ်ခံ နိုင်ငံသားများ အတွက် အရေးပေါ် ကူညီထောက်ပံငွေ ယူရို တစ်သိန်းခွဲကို ဂျာမနီ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ရှိ ဂျာမနီသံရုံး က မတ်လ ၉ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ မှစတင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နယ်စပ်တလျှောက် နေရပ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၆ သောင်းကျော်ခန့် ရှိပြီး ၎င်းတို့အနက် တစ်သောင်းကျော်မှာ တရုတ်နိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြောင်း ယင်းနေရာသို့ အကူအညီပေးရေး လုပ်ငန်းများ သွားရောက် လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

Source : The Voice Daily


Write A Comment

Rohingya Exodus