Latest Highlight

တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန်ကိစ္စ(ရုပ်/သံ)




တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန်ကိစ္စကို လှိုင်သာယာမြို့နယ် အလုပ်သမားရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ လက်ခံတင်သွင်းခွင့်ပြုတော့မှာဖြစ်ပါတယ်။
ဒီတင်သွင်းခွင့်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မြို့နယ်ဝါဏိဇ္ဇပဋိပက္ခမှုကော်မတီမှ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေဟာ ရတဲ့ လစာနဲ့ အသုံးစရိတ် ညီမျှမှု မ၇ှိတာကြောင့် နေ့ကြေး ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် ဆန္ဒပြနေခဲ့တာ အခုဆိုရင် ၁၂ ရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တိုင်ရီဆန္ဒပြအလုပ်သမားတွေကို လူမှုရေးအဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ သောက်ရေသန့်တွေ လာရောက် လှူဒါန်းခဲ့ပါတယ်။



မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ဆန္ဒပြနေမှုကို ခေတ္တရပ်နားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ တရားဥပေဒေ အရ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဆန္ဒပြ အဆောင်နေ အလုပ်သမားတွေကို တိုင်ရီဖိနပ်စက်ရုံက အ၇င်က ည ၆ နာရီကနေ ၁၀ နာရီအထိ ၅နာရီ ရေလွတ်ပေးရာကနေ အခုအခါ ည၇နာရီကနေ ၉နာ၇ီအထိ ၂နာရီသာ ရေပေဝေတော့တယ်လို့ သိရှိရပါတယ်။

source: Burma VJ Media

Write A Comment

Rohingya Exodus