July 27, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် လှုပ်ရှားခဲ့သူ GWလူငယ်များ ဖမ်းဆီးခံထားရဆဲ

By ဇာဏီ ၊

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာ ကမ်ပိန်းပြုလုပ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရသူ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)မှ ကိုဝေဖြိုး နှင့် ကိုဇာနည်ထွန်း တို့ကို ပြည်မြို့နယ် တရားရုံးမှ စီရင်ချက် ချဖို့ ဒီကနေ့ ရုံးချိန်းခေါ်ထားပြီး စီရင်ချက် မချဖြစ်ပဲ လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ပါတယ်။

"ဗီနိုင်းစ ဆိုတာ မြန်မာပြည်မှာ ကြော်ငြာတွေ ပိုစတာတွေ အများကြီး ထုတ်ကြတယ်။ ကလေးတွေက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဗီနိုင်းစတွေကို ပြည်မှာရော ၊ အင်းမ ဘက်မှာရော ကပ်တယ်။ ဘာဖြစ်လို့ ကပ်လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ချင်လို့ ကပ်တယ်။ အဲတာကို ကပ်ပေမယ့် ပုံနှိပ်ထုတ်ဝေမှုနဲ့ မငြိဘူး။ ဘာလို့လဲဆိုတော့ ပုံနှိပ်ဆိုတာ စာရွက်ပေါ်မှာပဲ ပုံနှိပ်လို့ရတာ အခုဟာက ဗီနိုင်းစ ဖြစ်တဲ့အတွက် ဗီနိုင်းစက်ပေါ်မှာပဲ လုပ်လို့ရတယ်။ အဲစက်က ဘယ်ကရလဲဆိုတော့ ဒီကလေးတွေမှာ မရှိဘူးလေ။ GW က ဇေယျာသော် ပေးလို့ ကျနော်တို့ ကပ်တယ်ဆိုတာ ဝန်ခံတယ်။ အဲတာကို ပုံနှိပ်ဥပဒေအရ မငြိဘူးဆိုတာကို ဒီနေ့ ငြင်းထားတယ်လေ ။အဲတော့ သဘက်ခါကို အမိန့်ချမယ်။ ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေဆိုတာ စာရွက်၊စာတမ်း စသည်ဖြင့် အဲတာတွေပေါ်မှာပဲ ချလို့ရတာ။အဲတာကြောင့် ပုံနှိပ် ထုတ်ဝေခွင့်ကို ငြင်းထားတယ်။ အဲတာကို ဒီနေ့ အမိန့်ချမယ်ဆိုပြီး လုပ်တယ်။ ရုံးချိန်းသို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ ကလေးတွေအပါအဝင် လူ ၃၀၊၄၀ လောက် လာရောက်နားထောင်ကြပါတယ်။ အဲလို လူတွေများတော့ သူတို့ အမိန့်မချဖြစ်ပဲ တရားရုံးက ရုံးချိန် မရှိဘူးဆိုပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ကို ပြောင်းလိုက်တယ်။ " လို့ တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

" သူ ထောင်ကျသွားပစေ။ ကိစ္စ မရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ သူ ကပ်တယ်။ အဲဒီ ကပ်တာမှာ သူ မလွတ်ဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်နေတယ်။ အဲတာကို သူ ဝမ်းသာတယ်"လို့ ကိုဇာနည်ထွန်းက ရုံးချိန်းထွက်လာစဉ် သူရဲ့ရှေ့နေ ဦးမြင့်အေးကို ပြောခဲ့ပါတယ်။

" အခု နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတကြီးက လွှတ်နေတယ်။ လာမည့် ၁၃ ရက်နေ့မှာလဲ လွှတ်မယ်လို့ ကြားနေရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်စေချင်တဲ့ ဆန္ဒနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဗီနိုင်းပိုစတာတွေ လိုက်ကပ်တဲ့ ကျနော့ အမှုသည်နှစ်ယောက်က မလွတ်သေးတာတော့ ကျနော်တော်တော် စိတ်မကောင်းဘူး။ ဒီအမှုမှာ တရားဥပဒေက စိုးမိုးလိမ့်မယ်လို့ ကျနော်ယူဆတယ်။ တရားသူကြီးချုပ် ဦးမြင့်ဆွေကလည်း တရားဥပဒေအတိုင်း ဆောင်ရွက်လိမ့်မယ်။ တရားသေ လွှတ်ရတော့မယ်လို့ ကျနော် ယူဆပါတယ်။"လို့ တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

ကိုဝေဖြိုးနှင့် ကိုဇာနည်ထွန်းတို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ပြည်မြို့နှင့် အင်းမမြို့တို့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရေး ဗွီနိုင်းပိုစတာများကို ကပ်ခဲ့သူများဖြစ်ပြီး အင်းမ ရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၁၇ နှင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ပုံနှိပ် ဥပဒေ ပုဒ်မ ၁၇ သည် အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ အပြစ်ဒဏ် ချမှတ်လို့ရပါတယ်။

တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးမှ အပြီးသတ် လျှောက်လဲချက်







Source : Burma VJ

Write A Comment

Rohingya Exodus