November 27, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Aman Ullah  RB History August 25, 2016 The ethnic Rohingya is one of the many nationalities of the union of Burma. And they are one of the two major communities of Arakan; the other is Rakhine and Buddhist. The Muslims (Rohingyas) and Buddhists (Rakhines) peacefully co-existed in the A...

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

မက္ကာ ဘုရားဖူး ၁၀၀၀ ခန့် လေကြောင်းလိုင်းကြောင့် ခရီးစဉ်ပျက်

ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံရှိ အစ္စလမ် ဘာသာဝင် ၁၀၀၀ နီးပါး လေကြောင်းလိုင်း အခက်အခဲကြောင့်ရန်ကုန်လေဆိပ်တွင် တရက်တာ နေထိုင်ခဲ့ရပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သတင်းရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ ဘုရားဖူးများ




အဆိုပါ ဘုရားဖူး ၉၉၈ ဦးသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့ နံနက်မှစတင်ကာ ကြာသပတေးနေ့ နံနက်တိုင် လေယာဉ်ကွင်း အတွင်း စားသောက်၊ နေထိုင်မှု အခက်အခဲများဖြင့် ညအိပ်စောင့်ခဲ့ကြောင်း၊ သို့သော် လေယာဉ်မလာရောက်သည့်အတွက် ခရီးစဉ် ကို ဖျက်သိမ်းခဲ့ရကြောင်း ဘုရားဖူးများက ဧရာဝတီသို့ ပြောသည်။

Gulf လေကြောင်းလိုင်းနှင့် Mansik လေကြောင်းလိုင်းတို့ကို ခရီးသွားကုမ္ပဏီများက စုပေါင်း ငှားရမ်းထားသော်လည်း ငှားရမ်းခနှုန်း ညှိနှိုင်းမရသောကြောင့် လေယာဉ်မလာခြင်း ဖြစ်ကြောင်း သိရသည်။

ဘုရားဖူးအဖွဲ့ဝင် ပြည်မြို့မှ ဦးတင်ဝင်းက“လေဆိပ်မှာ တနေ့နဲ့တည အစားအသောက်၊ သောက်ရေအထိ အားလုံးအခက်အခဲ ဖြစ် ခဲ့ရတယ်၊ ဘယ် အစ္စလမ်ဘာသာရေး အဖွဲ့ကမှ လာပြီးမကူညီဘူး၊ ခရီးသွား ကုမ္ပဏီတွေကလည်း ရှောင်နေတယ်၊ ရန်ကုန်က လူတွေ ကူညီလို့သာ စားရသောက်ရတာ”ဟု ပြောသည်။

မြန်မာနိုင်ငံမှ တနှစ်လျှင် အစ္စလမ်ဘာသာဝင် ဦးရေ ၅၀၀၀ ခန့် နှစ်စဉ်သွားရောက် ဘုရားဖူးခွင့် ပြုထားရာ မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ် အဖွဲ့မှ ဦးစီးကာ City World ၊ ချို ဘရားသား၊ ရှား ဘရားသား၊ သားသား၊ နာနီပါး၊ မဟာရွှေ၊ ဟာဂျီဝလီ စသည့် ခရီးသွားကုမ္ပဏီ ၂၂ ခုက လူတဦးလျှင် ကျပ် သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အတွင်း အခကြေးငွေယူကာ ပို့ဆောင် ပေးနေခြင်းဖြစ် သည်။

ဘုရားဖူးအဖွဲ့ဝင်တဦးဖြစ်သည့် အသက် ၇၂နှစ် အရွယ် ဦးသန်းရွှေကလည်း“အသက်ကြီးတော့ ဘာသာရေးကျင့်စဉ် တခုကို ပြင်းပြင်းပြပြ လိုချင်တာပါ၊ ဟာ့ဂ်ျ ကိုယ်စားလှယ် ခရီးသွားကုမ္ပဏီတွေက ခပ်လွယ်လွယ်လုပ်လိုက်တော့ ယုံကြည်ချက်ကို ထိခိုက် တယ် လို့ ခံစားရတယ်”ဟု ဆိုသည်။

လာမည့်နှစ်တွင်လည်း ဆော်ဒီအာရေဗျ နိုင်ငံ ဟာ့ဂ်ျ ခရီးစဉ် သွားလိုသော်လည်း မြန်မာနိုင်ငံရှိ မည်သည့် ဟာ့ဂ်ျ ခရီးသွားကိုယ်စားလှယ်များကို ယုံကြည်၍ လုပ်ကိုင်ရမည်ကို မသိတော့ကြောင်း ဦးသန်းရွှေက ပြောသည်။

အစ္စလမ် ဘာသာတွင် ဟာဂျီ ဆိုသည်မှာ ဘုရားသခင်၏ အိမ်တော်သို့ သွားရောက်လည်ပတ်သည့် ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရပြီး ဥပုသ်လ၏ သတ်မှတ်ထားသည့် ၅ ရက်အတွင်း မက္ကာသို့ သွားရောက်ကာ ဟာ့ဂ်ျ ၀တ်ပြုကျင့်စဉ်ကို အောင်မြင်စွာ ပြုလုပ်မှသာ ဟာဂျီ တဦးအဖြစ် ရယူနိုင်သည့်အတွက် ဟာ့ဂ်ျ ခရီးစဉ်သွားရောက်လိုကြကြောင်း သိရသည်။

အဆိုပါ ဘုရားဖူးခရီးစဉ် ဖျက်သိမ်းခဲ့ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ရှား ဘရားသား ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတဦးက ဘုရားဖူးခရီးစဉ်ကို ဆော်ဒီအာရေဗျ နိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသော ပုဂ္ဂိုလ်တချို့တွင် တာဝန်ရှိကြောင်း၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် ခရီးသွား ၁၀၀ ကျော်ထံမှ လက်ခံထားသည့် ငွေကြေးများကို အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း၊ ယခုအဖြစ်အပျက်နှင့် ပတ်သက် ၍ စိတ်မကောင်းဖြစ်ရကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရ အသိအမှတ်ပြုထားသည့် အစ္စလမ် သာသနာရေးကောင်စီသို့ ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်၍ မရရှိပေ။



______________________________________________________________________

ဆော်ဒီခရီးစဉ် အရှုပ်တော်ပုံ






ပေးစာ -
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်သွားခဲ့တဲ့ ဟာဂ်ျခရီးစဉ် အခက်အခဲတွေနဲ့ ပတ်သက်ပြီး စူးစမ်းလေ့လာရင်းနဲ့ တကယ့် အမှန်တွေကို သိရပြီးတဲ့နောက် အများပြည်သူများကို သိရှိစေရန် အလို့ငှာ ပေးပို့လိုက်ပါတယ်။ တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်နိုင်ကြပါစေ။


၂၀၁၁ ခုနှစ် အစ္စလာမ် ဘာသာဝင်များ ဟဂ်ျဘုရားဖူး လေယာဉ်ခရီးစဉ် ပျက်ကွက်သည့် ကိစ္စတင်ပြခြင်း

ဆော်ဒီအာရေဗျ နိုင်ငံရှိ Mansik အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကုမ္မဏီနှင့် ရန်ကုန်မြို့ City World ခရီးသွား ကုမ္မဏီမှ ဦးခင်ရွှေ ဦးစီး၍ ကုမ္မဏီ ၂၁ ခုနှင့် ပူးပေါင်း၍ ဟာဂျီဦးရေ (၄၃၁၅) ဦးအတွက် စင်းလုံးငှားလေယာဉ် (၈) စီးငှားရန် စာချုပ်ချုပ်ဆိုခဲ့ပါသည်။

ကုမ္မဏီ (၂၁) ခုက လေယာဉ်လတ်မှတ်ခကို Mansik ကုမ္မဏီသို့ကိုယ်စီကိုယ်စီ ပေးသွင်းခဲ့ပါသည်။ အသွားအပြန် ရက်စွဲကို ကုမ္မဏီအသီးသီးသို့ သတ်မှတ်ပေးခဲ့ပါသည်။ ဟာဂ်ျခရီးစဉ် သွားရောက်ခဲ့သော အချို့ ကုမ္မဏီများမှာ ယနေ့တိုင် လက်ကျန်ငွေပေးသွင်းရန် ကျန်ရှိသော်လည်း၊ ရန်ကုန်- မက္ကာဟ် ခရီးသွားကုမ္မဏီမှ ဟာဂျီ ၀လီကလည်း Mansik Company သို့ ယနေ့တိုင် US$ 40000 ပေးသွင်းရန် ပျက်ကွက်နေကြောင်းကို Mansik Company တာဝန်ခံထံမှ ကြားသိရပါသည်။

၁။ Mansik လေကြောင်းလိုင်း ကုမ္မဏီမှ တာဝန်ခံများသည် မြန်မာပြည်မှ ဟာဂျီများ ခရီးစဉ်ချောမွေ့စေရန်နှင့် အဆင်ပြေစေရန် လေယာဉ် အတက်၊ အဆင်းကိစ္စ လေကြောင်းလိုင်း ကိစ္စရပ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ အချိန်မီလာရောက်နိုင်ရန်အတွက် ဆော်ဒီနိုင်ငံရှိ ရီယာဒ်မြို့ရှိ မြန်မာသံရုံးတွင် Visa လျှောက်ထားခဲ့ရာ Visa မရ၍ ခရီးစဉ် နှောင့်နှေး ကျန့်ကြာခဲ့ပါသည်။

Gulf Company မှ ကိုကိုလတ်ဆိုသူသည် PIA လေကြောင်းလိုင်း ကိုယ်စားလှယ် ဖြစ်ကြောင်း Mansik Company တာဝန်ခံကို Visa မပေးရန် မြန်မာသံရုံးသို့ ကိုကိုလတ်က တားမြစ်၍ သတင်းပေးပို့ခဲ့ပါသည်။

၂။ Mansik Company က မြန်မာနိုင်ငံသို့ အချိန်မီ မရောက်နိုင်ကြောင်း လေယာဉ်ခရီးစဉ် အလျင်မီ ဆောင်ရွက်ရန် အခက်အခဲ ဖြစ်ခဲ့ပါသည်။

၃။ လေယာဉ်ခရီးစဉ် နှောင့်နှေးကျန့်ကြာနေသည့် အချိန်တွင် ကိုကိုလတ်(Gulf Company) က အခွင့်ကောင်း အပြည့်အ၀ယူ၍ လူအင်အား စုဝေးပြီး တာမွေမြို့နယ် မအူကုန်းလမ်းကျယ်တွင်ရှိ City World Company ရုံးခန်းရှေ့တွင် လူစုလူဝေးဖြင့် ပြသနာဖြစ်အောင် ဖန်တီးခဲ့ပါသည်။ ၄င်းနောက် ကိုကိုလတ်(Gulf Travel Tour Company) က လက်ကမ်းကြော်ငြာ လိုက်လံဝေငှပြီး ၄င်းကြော်ငြာတွင် အေးဂျင့်များအား လတ်မှတ်မရောင်းပါ၊ ဟာဂျီများသာ ရောင်းပေးမည်။ တစ်ဦးလျှင် US$ 1550 ဖြင့် လေယာဉ်လက်မှတ် စီစဉ်ပေးမည်ဟု စည်းရုံး အယုံသွင်းကာ လတ်မှတ်ရောင်းချပေးခဲ့ပါသည်။

၎။ ဦးခင်ရွှေ(City World Company) စီစဉ်ထားသော လေယာဉ် (၈) စီးမှ လေယာဉ် (၂) စီးစာ ခရီးသည်ကို Gulf Company ကိုကိုလတ်က စီစဉ်ပေးမည်ဟု ပြောဆိုကာ ပြည်သူ့မေတ္တာ ကုမ္မဏီမှ ဟာဂျီနာနီးပါးနှင့် Multi Point Company မှ ဟာဂျီလာလ်ဘိုဒီ တို့က Mansik Company မှ လေယာဉ်လတ်မှတ်ဖိုးငွေကို ပြန်လည်ထုတ်ပေးပါဟု ဦးခင်ရွှေအား ပြောဆို၍ တောင်းဆိုခဲ့သည်။ ဦးခင်ရွှေက Mansik Company သို့ အချိန်မီ အကြောင်းကြားခဲ့၍ ငွေလည်းရရှိခဲ့ပါသည်။

၅။ Mansik Company ဧ။် လေယာဉ် ၈ စီးမှ ၂ စီး မစီးဖြစ်ပါသဖြင့် ဦးခင်ရွှေက ကျန်ရှိသော ဟာဂျီများအတွက် လေယာဉ် ၆ စီးအချိန်မီ စီစဉ်ခဲ့၍ (ရက်) အတိအကျကိုလည်း စီစဉ်ပေးခဲ့ပါသည်။

၆။ ကိုကိုလတ် စီစဉ်ထားသော လေယာဉ် ၂ စီးမှာ ယခင်အမှန်တကယ် စီစဉ်ထားခြင်း မရှိဘဲ PIA လေကြောင်းလိုင်းသို့လည်း ငွေပေးသွင်းထားခြင်း မရှိခဲ့ပါ။

၎င်းကြောင့် လေယာဉ် ၂ စီး (ခရီးစဉ်) လုံးဝ ပျောက်ဆုံးသွားရပါသည်။ အမှန်တကယ် ငွေသွင်းထားသော Mansik Company နှင့် ဆက်သွယ်ထားသော၊ အေးဂျင့်နှင့် ဟာဂျီများ ဟဂ်ျပြုလုပ်ရန် သွားရောက်ခဲ့နိုင်ခြင်း မရှိပဲ ငိုကြွေး နစ်နာ ကျန်ရှိခဲ့ရပါသည်။

၇။ ၂၀၁၁ ခုနှစ် လေယာဉ်မစီးဖြစ်သော ကုမ္မဏီများ၏ ပြန်အမ်းငွေကို တချို့ကုမ္မဏီမှ ဟဂ်ျဗီဇာဖြင့် သွားရောက်၍ အချိန်မီ ထုတ်ယူရရှိခဲ့သော်လည်း တချို့ကုမ္မဏီများ ဟဂ်ျဗီဇာဖြင့် အချိန်မီသွားရောက်နိုင်ခဲ့ခြင်း မရှိ၍ ပြန်အမ်းငွေ ထုတ်ယူရန် အခက်အခဲ ဖြစ်နေပါသည်။

ပြန်အမ်းငွေ ထုတ်ယူရန် ကျန်ရှိသော ကုမ္မဏီများ ဆော်ဒီနိုင်ငံရှိ မိတ်ဆွေများနှင့် ကိုယ်စားလှယ်လွှဲကာ ကြိုးစားခဲ့သော်လည်း လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဟုသိရှိရပါသည်။

ငွေပြန်လည်ထုတ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆော်ဒီသံရုံးသို့ ကုမ္မဏီမှ အထောက်အထား အပြည့်အစုံဖြင့် ဗီဇာရရှိရန် ကြိုးစားသော်လည်း ဗီဇာယနေ့ထိ ရရှိခဲ့ခြင်း မရှိကြောင်း တချို့ကုမ္မဏီများမှ တဆင့် ကြားသိရပါသည်။

ကုမ္မဏီများ၏ ပြောဆိုမှုမှာ မက္ကာဟ်ဟိုတယ်+မဒီနာဟိုတယ်+ဟာဂျီအာမခံကြေး+ ဆားဗစ်မိုအလ္လင်မ်ကြေး+ ကားအာမခံကြေး+သယ်ယူပို့ဆောင် ၀န်ဆောင်စရိတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ်များ ဟာဂျီများသွားရောက်ခဲ့ခြင်း မရရှိပါက ငွေများ ပြန်လည် မရရှိနိုင်ပါ။ ကုမ္မဏီများ များစွာ နစ်နာဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါတွင် အဖွဲ့အစည်းအသစ် တည်ထောင်သည်ကို သိရှိရပါသည်။

ဤဟာဂ်ျစောင့်ကြည့်ရေးအဖွဲ့သည် နိုင်ငံတော်မှ အသိအမှတ်ပြု ဖွဲ့စည်းပေးထားပါသလား သိချင်ပါသည်။ တချို့ဂျာနယ်တွင် စောင့်ကြည့်ရေးအဖွဲ့ ပြောကြားခဲ့သည်မှာ ဟာဂျီများကို ဟာဂ်ျကုမ္မဏီမှ ရန်ကုန်လေဆိပ်ထဲတွင် visa မရှိ၊ လေယာဉ်လတ်မှတ်မရှိပဲ နာရီ ၃၀ လေဆိပ်တွင် စောင့်ဆိုင်းပြီး လေယာဉ်မရောက်လာသဖြင့် အိမ်လှည့်ပြန်ခဲ့ရသည်ဟု မီဒီယာများကို ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။ လေယာဉ်လတ်မှတ် နှင့် ဗီဇာပါမှသာ လ.၀.က အထွက်တုံး ထုပေးပါသည်။ လေဆိပ်အတွင်းထဲ ၀င်ခွင့်ရှိပါသည်။

ကိုကိုလတ် ထံမှတဆင့် ကြားရသည်မှာ သူ့ကိုယ်ပိုင်ငွေဖြင့် လေယာဉ်ငှားရမ်းခဲ့သည်ဟု ပြောပါသည်။ သူမည်မျှ ချမ်းသာပါသနည်း။ သူတပါး၏ ငှားရမ်းထားသော လေယာဉ်ကိုတောင် မသမာသော နည်းလမ်းဖြင့် လုယူခဲ့သောသူ ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်က အေးဂျင့်နှင့် ဟာဂျီများ ကိုကိုလတ်ကြောင့် ဗီဇာမရရှိပဲ လေယာဉ်လတ်မှတ် ပြန်အမ်းငွေ ယနေ့ထိ မရရှိသေးကြောင်း ကျွန်တော်၏ မိတ်ဆွေ အေးဂျင်စီတစ်ခုမှ ကြားသိရပါသည်။

Source : Irrawaddy News & Blog


Write A Comment

Rohingya Exodus