ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် စစ်တပ်အင်အား တောင့်တင်းအောင် တည်ဆောက်သွားရမှာဖြစ်ကြောင်း အလေးထား ပြောကြားသွားခဲ့သည်။
“ နိုင်ငံတော် ကာကွယ်ရေးကို ပေါ့ပေါ့တန်တန်နဲ့ သဘောထားကြရင် ခေတ်သစ် ကျွန်ပြုခံရခြင်းမျိုးနဲ့ တွေ့ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ပထဝီဝင် အနေအထားရော၊ စီးပွားရေးအရပါ အချက်အချာကျတဲ့ မိမိတို့ နိုင်ငံသည် နယ်ချဲ့လက်သစ်တွေ ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတဲ့ အန္တရာယ်ရှိနေတာကို အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တရပ် ရှိဖို့လိုပါတယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။