October 08, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

မီးဘေးသင့် ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး



ထွန်းနေအောင်(မြစ်မခ)

ဒီဇင်ဘာ(၃၀)ရက် နေ့လည်ပိုင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မေတ္တာညွှန့်ဂိုဒေါင်မီးလောင်မှု့ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒုက္ခသည်များအား တစ်နာရီဝန်းကျင် ခန့် အားပေးစကားပြောခဲ့ကြောင်း သိရှိရသည်။

မေတ္တာညွှန့် ဂိုဒေါင်မီးလောင်ပေါက်ကွဲမှု့ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ဒုက္ခသည်ပေါင်း (၈၀၀) ကျော်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဒီဇင်ဘာ(၃၀)ရက်နေ့ နေ့လည် (၁၁း၃၀) နာရီမှ (၁၂း၃၀)၀န်းကျင်အထိ အားပေးစကား ပြောကြားခဲ့ပြီး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အား လိုအပ်သည်များကို အကူညီပေးရန်အတွက် ထားခဲ့ကြောင်း သိရှိရသည်။

“ဒုက္ခသည်တွေအတွက် ဘယ်လိုပစ္စည်းမျိုးတွေ အဓိကလိုအပ်ပါလဲ၊သူတို့တွေကို အခြား ဘယ်နေရာ မှာ ထားပါသေးလဲ၊ လိုအပ်သည်များကို တပည့်တော်လှူချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်မှ ကယ်ဆယ်ရေးစခန်းရှိ ကျောင်းထိုင်ဆရာတော်နှင့်တွေ့ဆုံရာတွင် မေးမြန်းခဲ့ကြောင်း ဆရာတော်ထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါကယ်ဆယ်ရေးစခန်းသို့ NLD ဒု-ဥက္ကဠ ဦးတင်ဦးနှင့်အတူ အခြား NLD အဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

“သူတို့တွေအတွက် အဓိက လိုအပ်တာက ကျန်းမာရေးအတွက် ဆေးဝါတွေ ဖြစ်တယ်၊ ရာသီဥတုက အေးတော့ စောင်တွေလည်း လိုပါတယ်၊ သူတို့တွေကို နောက်အဆောင်တစ်ခုမှာ နေရာချထား ပေးပြီးပြီ၊ တချို့ ကတော့ အမှတ်(၇) ကျောင်းမှာ ရှိပါသေးတယ်” ဟု ပုသိမ်ညွှန့် ရာကျော် ကျောင်းတိုက် ဆရာတော်မှ ဆက်လက် မိန့်ကြားခဲ့သည်။

ဒုက္ခသည်များအား ၂၉ရက်နေ့က ပုသိမ်ညွှန့် ရာကျော်ကျောင်းတိုက်တွင် ဒုက္ခသည်စခန်း ဖွင့်လှစ်ကာ ကူညီမှု့များပေးခဲ့သလို ကျောင်းမဆန့်သဖြင့် အချို့တစ်ဝက်အား အမှတ်(၇)အထကကျောင်းသို့ ပြောင်းရွှေ့နေရာချထားပေးရကြောင်းကိုလည်း သိရှိရသည်။

“ခုလိုတွေ မြင်ရတာ အန်တီ စိတ်မကောင်းပါဘူး၊ မင်းတို့တွေ အားတင်းထားကြပါ၊လိုအပ်တာမှန်သမျှ ကူညီပေးမှာပါ”ဟု ဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ကြောင်း အသက်(၃၀)၀န်းကျင်ရှိ ဒုက္ခသည်တစ်ဦးကပြောသည်။
`ကျွန်တော်တို့လေးစားရတဲ့ အန်တီကိုတွေ့လိုက်ရတာ ကျွန်တော်တို့အတွက် အားဆေးးပါပဲ၊ အခုလို လာရောက်အားပေးတဲ့အတွက် အန်တီကို ကျေးဇူးအထူးတင်ပါတယ်”ဟု ဒုက္ခသည်တဦးမှ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ကယ်ဆယ်ရေးစခန်းသို့ လာရောက်တွေ့ဆုံမှုတွင် သတင်းမီဒီယာများနှင့် ပြည်သူလူထု (၁၀၀)ကျော်က ကြိုဆိုခဲ့ကြောင်းသိရှိရသည်။

















Credit -Shwe Myitmakha Media Group , Voice


Write A Comment

Rohingya Exodus