July 30, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

ယခင် နဲ့ ယခု ကွာခြားသွားသော သိခြင်း ၂ ခု။

မြန်မာနိုင်ငံကို စေတီဘုရားများပေါများတဲ့နိုင်ငံ လို့တင်စားခေါ်ဝေါ်လေ့ရှိကြသလို၊ တချို့ကလည်း (ရွှေတိဂုံ စေတီတော်ရဲ့ တောက်ပထည်ဝါမှုကိုအကြောင်းပြု၍ဟုထင်ပါသည်)ရွှေနိုင်ငံဟုတင်စားကြတတ်ပါတယ်။ နိုင်ငံ ခြားရောက် မြန်မာများကလည်း မြန်မာအချင်းချင်းကို ရွှေတွေလို့တင်စားပြောဆိုတတ်ကြပါတယ်။ ကိုယ့် နိုင်ငံကို မြင့်မြတ်သူတွေ၊ ယဉ်ကျေးသူတွေနေတဲ့နိုင်ငံ၊ တန်ဖိုးရှိသူတွေနေတဲ့ တန်ဖိုးရှိတဲ့နိုင်ငံလို့ ကမ္ဘာကို သိ စေချင်တာ မြန်မာနိုင်ငံသားတိုင်းရဲ့ဆန္ဒပါ။ မြန်မာကိုကမ္ဘာ အထင်မကြီးခြင်နေပါ။ အထင်သေးအမြင်သေးခံရ မှာကိုတော့ မြန်မာနိုင်ငံသားဘယ်သူကမှ မလိုလားကြပါဘူး။ ၂၇ နှစ်ကြာ တံခါးပိတ်ကာလကြီး ပြိုပျက်ခဲ့ပြီးတဲ့ နောက် ကမ္ဘာ့ပြည်သူအတော်များများ မြန်မာဆိုတာကိုပြန်လည် သိလာကြပါတယ်။ ကြာလေ ပို၍သိလာလေပါ။ သို့သော်…အရင်ကသိခြင်း နဲ့ အခုသိခြင်းက တော့ကွာခြားသွား ပါတယ်။

တချိန်တုန်းကတော့ (လွတ်လပ်ရေးမတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီးစက)အထူးသဖြင့် အိမ်နားနီးချင်း နိုင်ငံတွေက မြန်မာကိုအထင်ကြီးလေးစားတယ်။ လီကွမ်ယု လိုပုဂိုလ်မျိုး ငယ်တုန်းက မြန်မာကို အားကျခဲ့ဖူးတယ်လို့ဆို တယ်။ ထိုင်းလူမျိုးတော်တော်များများကလည်း မြန်မာနိုင်ငံကို အထင်ကြီး အားကျခဲ့တယ် ဆိုတာကြားဖူးခဲ့ ပါတယ်။ တိုင်းပြည်ကလည်းချမ်းသာ၊ ပညာရေးကလည်း အဆင့်မြှင့်၊ လူတွေကလည်း လောကနီတိတရားကို အလေးထားလိုက်နာတာကြတာကြောင့် ကိုယ်ကျင့်သိက္ခာတွေ ကောင်းကြတယ်၊ ရိုးသားကြတယ်၊ ဖေါ်ရွေတတ် ကြတယ်၊ သီးခံခွင့်လွှတ်တတ်ကြတယ်၊ စိတ်ထားရေးရာ မှာမြင့်မြတ်တယ်။ ထိုထိုသော အချက်များကြောင့် သိ သိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူတွေအားကျ အထင်ကြီးကြတာအဆန်းတော့မဟုတ်ပါဘူး။
အခုအချိန်မှာတော့ ကံမကောင်းအကြောင်းမလှလို့ တိုင်းပြည်ကအာဏာရှင်လက်အောက်ကျရောက်ပြီး ပြည်သူ တွေဆင်းရဲတွင်းနက်ခဲ့ရတယ်။ တိုင်းပြည်ပတ်ပတ်လည်မှာ ဒုက္ခသည်စခန်းတွေနဲ့ တန်းစီနေခဲ့ ရတယ်။ တိုင်း ပြည်ဆင်းရဲတာကတပိုင်း ထားပါတော့၊ အူမမတောင့်လို့ သီလမစောင့်နိုင်တာ ဆိုတာ ကြီးကလည်းအကျင့် တ ရပ်လိုဖြစ်လာပြီး ကြာတော့စိတ်ဓါတ်ရေးရာ ကျန်းမာရေးကလည်းယိုယွင်း၊ အတွေးအခေါ်ရေးရာ ဖွံ့ဖြိုးမှုအား ကလည်းကျဆင်း၊ ကောင်းသောအတုကိုယူနိုင် တဲ့အမြင်အားကလည်း နည်းသထက်နည်းဖြစ်ခဲ့ရပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုရင်တော့ ကြားကောင်းပါသေးရဲ့။ အခုဟာက အကောင် ကြီးကြီး တလှေလုံးနီးပါးပုတ်ကုန် ပြီလို့ဆိုရမလိုပါ။ ဆိုတော့ သိသိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူအတော် များများက မြန်မာဆို နှခေါင်းရှုံ့ အထင်သေးလာတယ်၊ ဒါဟာလည်း အဆန်းတော့မဟုတ်ပါဘူး။

အိမ်တွင်းမှာ စည်းကမ်းမဲ့တာက နည်းနည်းခံသာသေးတယ်၊ အပြင်မှာ ဖိုးသင်းမျောက်လုပ်ပြတာက သူ တကာ အထင်သေးစရာဖြစ်သလို ရှက်စရာလည်းကောင်းလှပါတယ်။ မနှစ်တုံးက ရုရှားမှာ တက္ကသိုလ်ဘွဲ့လွန် သင် တန်း(အဆင့်မြှင့်ပညာရေးသင်တန်း) တက်နေကြတဲ့မြန်မာကျောင်းသားတွေ အဆောင်စည်းကမ်းမလိုက်နာလို့ ပိုးမွှားနဲ့ ရောဂါဘယ အန္တရာယ်ပါစိုးရိမ်လာရတဲ့အတွက် အဆောင်ကထွက်ပေးကြရမယ်၊ မထွက်ပေးရင် တရား စွဲမယ်ဆိုတဲ့ အကြောင်း မြန်မာသံရုံးကိုသက်ဆိုင်ရာတက္ကသိုလ်က အကြောင်းကြားခဲ့ရတယ်လို့ဆိုတယ်။


ဒီနှစ် စင်္ကာပူနိုင်ငံ Pennisula Palza,မှာ Indoor မှာ လုပ်တဲ့ သင်္ကြန်မှာလည်းကြည့်ဦး။ စီစဉ်သူက ရေမ ပက်စေရပါဘူးဆိုတဲ့ အာမခံချက်နဲ့ ပွဲစီစဉ်ပေးတယ်လို့ဆိုတယ်။ သို့သော်လည်း မရဘူး ပက်တာပါဘဲတဲ့။ အီလက်ထရောနစ်စက်များ ပျက်စီးသွားနိုင်ကြောင်း၊ ရေမပက်ရန်အာမခံထားရကြောင်း မေတ္တာရပ်ခံနေတဲ့ကြား က အမူးလွန်နေသူများက ရေပက်ကြတယ်လို့ဆိုတယ်၊ ရဲက သုံးလေးယောက်လောက်ကို ဖမ်းပြလိုက်တော့မှ ရေပက်တာငြိမ်သွားတယ်လို့ဆိုတယ်။ ဒါတောင်မှ အမူးလွန်သူများ ဆက်ကနေကြတာကြောင့် ပွဲထိန်းရခက် လို့ ပွဲသိမ်းစောလိုက်ရပါတယ်တဲ့။ ပွဲသိမ်းပြီးတာတောင်မှ တီးဝိုင်းမပါကသူများ ဆက်ကနေကြပါသတဲ့။ ပွဲပြီး တော့ ပွဲကျင်းပရာနေရာ တဝိုက်မှာ ကွမ်းထွေးတွေ၊ အံဖတ်တွေ၊ အမှိုက်သရိုက်တွေ ပြည့်ကျန်ရစ်ခဲ့ပါ၏..တဲ့။ နောက်နှစ်ဒီနေရာမှာ ပွဲလုပ်ခွင့်ရဖို့ မသေချာတော့ဘူးလို့လည်းဆိုပါတယ်။ နိုင်ငံခြားမှာလုပ်တဲ့ သင်္ကြန်ပွဲကို အများအားဖြင့် Myanmar Traditional Thagyan Festival လို့ နဖူးစည်းတတ်လေ့ရှိကြပါတယ်။ ဖိတ်ထား တဲ့ဧည့်သည်တော်များ၊ ဖြတ်သွားဖြတ်လာ မြန်မာမဟုတ်သူ ပွဲကြည့်ပရိသတ်များ၊ ပလာဇာစောင့်လုံ ခြုံရေးများ၊ ပလာဇာတွင်ဈေးရောင်းကြသည့်မြန်မာမဟုတ်သူများက “အော်….. မြန်မာရိုးရာဆိုတာ.. အလွန်အကျွံမူးရတဲ့၊ သူတပါးပစ္စည်းပျက်စီးမှာကို အလေးမထားတဲ့၊ စည်းကမ်းမဲ့တဲ့ ရိုးရာပွဲပါလား” လို့ မှတ်ယူသွား ကြရင်ဖြင့် ရှက် စရာ ကောင်းပါလား၊ တိုင်းပြည်ရောလူမျိုးဂုဏ်ကိုပါထိခိုက်စေတာပါကလား လို့များမတွေးမိရော့ကြလေသလား မသိပါ။
ဒီနှစ်ဇူလိုင်လက ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲ၊ အိုမန်နဲ့ ကန်တဲ့ပွဲကိုလည်းကြည့်ဦး။ ပထမဆင့် အိုမန်မှာကန်တုန်းက ၂ ဂိုးနဲ့ရှုံး ခဲ့တာကို ကိုယ့်နိုင်ငံမှာ ကစားရမဲ့ပွဲစဉ်ကျရင် ၁၃ယောက်မြောက် ကစားသမားနဲ့ အနိုင်ယူမယ်လို့ဆိုတယ်။ အနိုင်ယူလိုစိတ်ရှိတာကကောင်းပါတယ်။ ဒါပေမဲ့ အနိုင်ယူဖို့ စိတ်စောကာ ပရိသတ် များအောင် ရိုးရိုးတန်းပွဲကြည့်စင်တွေကိုအခမဲ့ဝင်ခွင့်ပေးခဲ့လေတော့ ပြဿနာတက်သွားရပါတော့တယ်။ ပရိ သတ်တွေကမူးနေသူတွေများတယ်လို့ဆိုတယ်။ 

ကိုယ်ရှုံးတာနဲ့ဘဲစည်းကမ်းမဲ့စွာ ကွင်းထဲကို အရာပေါင်းစုံနဲ့ ပစ် ထည့်ကြပါတယ်။ ယုတ်စွအဆုံး ကိုယ်တုံးလုံးချွတ်ပြီး အော်ဆဲတဲ့သူတွေကလည်း ရှိပါသေးတယ်တဲ့။ အိုမန်လို အသင်းကိုနိုင်မှာမဟုတ်ဘူး ဆိုတာကြိုတွက် ထားတဲ့သူတွေ ကလည်းတွက်ထား ပြီးသားဖြစ်တယ်။ မနိုင်တော့ လည်းဘာမှတော့မဖြစ်ပါဘူး၊ ကစားတယ်ဆိုကတည်းက အနိုင်အရှုံးဆိုတာရှိမှာဘဲ။ ကိုယ့်အသင်းကိုအနိုင်ရ စေခြင်တာက သဘာဝကျပါတယ်။ အားကစား ပြိုင်ပွဲဝင်တယ်ဆိုကတည်းက နိုင်ပြချင်လို့ဝင်တာဘဲ၊ ဒါပေမဲ့ မနိုင်ရင်နိုင်ရာနဲ့ချကွာ ဆိုတာကတော့ စိတ်ဓါတ်ညံ့ဖျင်း လွန်းရာကျပါတယ်။ အခုတော့ကြည့် မြန်မာဘောလုံး အသင်းဟာ ၂၀၁၈ ခုနှစ်မှာကျင်းပမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်တောင် ပိတ်ပင်ခံလိုက်ရတယ်လို့ဆိုတယ်။ အခု လိုဖြစ်တော့ကာ နှစ် ၅၀ ကျော်အတွင်း ကမ္ဘာဖလား ခြေစစ်ပွဲလေးကို ပထမဆုံးအကြိမ် ဝင်ခွင့်ရပါမှအဝင်ဆိုးနဲ့ သမိုင်းတွင်ခဲ့ပါတော့မယ်။ တတိုင်းပြည်လုံး၊ တမျိုးသားလုံးအတွက် သိက္ခာကျစေတဲ့အဖြစ်ပါဘဲ။ မြန်မာတွေ စိတ်ဓါတ် ဒီလောက်တောင်ဘဲ အောက်တန်းကျ ကြောင်းကမ္ဘာကို သိစေလိုက်သလိုဖြစ်တယ်။

တဖက်မှာလည်းကြည့်ဦး။ မကောင်းသတင်းဘက်မှာ မြန်မာနိုင်ငံက ထိပ်ပိုင်းကနေရာယူ ထားပါသေးတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာလည်းလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကတည်းက ရှိနေတုန်း ပါဘဲ၊ လူ့အခွင့်အ ရေး အချိုးဖေါက်ဆုံးနိုင်ငံစာရင်းမှာလည်းပါတာဘဲ၊ ဘာသာရေးခွဲခြားဖိနှိပ်မှု အများဆုံးစာရင်း မှာလည်းပါတာ ဘဲ၊ သတင်းလွတ်လပ်မှု မရှိဆုံးစာရင်းမှာလည်းပါတာဘဲ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးစာရင်း မှာ လည်းထိပ်ကဘဲ၊ ကလေးစစ်သားအသုံးပြုမှုစာရင်းမှာလည်းပါတာဘဲ၊ ချစားမှု အများဆုံးနိုင်ငံများ စာရင်းမှာ လည်းပါတာဘဲ။ 

အရင်က မြန်မာကို သိကြပုံနဲ့ အခုသိကြပုံက ဒီလိုကွာခြားသွားတာပါ။ ဒီလိုပြောလို့ မကောင်းဘဲ မြင်နေ တယ် လို့မထင်ဘဲ၊ ပြင်စေခြင်လို့ စေတနာနဲ့ပြောတာလို့ လှည့်မြင်စေလိုပါတယ်။
ပျက်ရင်အစဉ်ပြင်ရင်ခဏပါ။ မကျန်းမမာဖြစ်နေတဲ့စိတ်ဓါတ်ကိုပြင်ပစ်လိုက်သင့်ပါပြီ။ အထူးသဖြင့်တော့ စိတ်ပိုင်းချို့ယွင်းရခြင်းဟာ အတ္တစိတ်တွေကြောင့်ဖြစ်တယ်။ အာဏာကိုလက်မလွတ်ချင်တာ၊ ရာသက်ပန် ခေါင်းဆောင်ဖြစ်ချင်တာ အတ္တစိတ်ကြောင့်ပါ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အမြတ်ထုတ်ခြင်း ဟာလဲအတ္တစိတ်ကြောင့်ပါ။ ဒီမိုကရေဒီတော့လိုချင်တယ် ဒီမိုကရေစီကိုမကျင့်သုံးချင်တာလဲ အတ္တကြောင့်ပါဘဲ၊ ကိုယ်ကတော့ လူ့အခွင့်အရေးအပြည့်အဝဆိုတာလိုချင်တယ်၊ သူများကိုတော့ အခြေခံလူ့အခွင့်အရေးတောင် မပေးခြင်တာလည်း အတ္တစိတ်ကြောင့်ဘဲ၊ အဖွဲ့အစည်းတွေအမျိုးမျိုးကွဲပြီး မညီမညွတ်ဖြစ်နေတာလည်း အတ္တ ကြောင့်ပါဘဲ၊ ဝဋ်လိုက်တတ်တယ်ဆိုတာသိလျှက် ဝဋ်လိုက်နေတာကို ဝဋ်လိုက်နေမှန်းမသိတာဟာလည်း အတ္တ စိတ်လွန်ကဲနေတာကြောင့်ပါဘဲ။ အတ္တစိတ်ဟာ အလင်းရောင်ကိုမမြင်နိုင်ပါဘူး။ 

ပညာတွေဘယ်လောက် ဘဲ တတ်နေပါစေ၊ စာတွေ ဘယ်လောက်ဘဲဖတ်နိုင်နေပါစေ၊ အတ္တစိတ်ဖုံးလွမ်းနေရင် အမှန်ကိုမမြင်နိုင်ပါဘူး၊ စည်းကမ်းကိုလည်းမသိပါဘူး၊ ဥပဒေလည်းမလိုက်နာဘူး၊ တရားမျှတမှုကိုမမြင်နိုင်ဘူး။ အတ္တစိတ်ဟာ ဘုရား ကို လည်းလိမ်တယ်၊ တရားကိုလည်းလိမ်ပါတယ်၊ သူတပါးကိုလည်းလိမ်တယ်၊ ကိုယ့်ကိုကိုယ်လည်းလိမ်ပါ တယ်။ အတ္တစိတ်ဟာ ဒီလိုသိမ်ဖျင်းတဲ့စိတ်ပါ။
သိမ်ဖျင်းတဲ့စိတ်ကြောင့် တိုင်းပြည်က ဆင်းရဲသွားရတာလား၊ ဆင်းရဲမွဲတေတာကြောင့် စိတ်ဓါတ်သိမ်ဖျင်းလာ တာလား။ ဆိုရရင်တော့ အာဏာရှင် ဦးနေဝင်းနဲ့ ဦးနေဝင်းကို ဝန်းရံမြှောက်ပေးနေသူတွေရဲ့ သိမ်ဖျင်းတဲ့ စိတ်ကြောင့် တိုင်းပြည် ဆင်းရဲသွားရတာဖြစ်တယ်လို့ဆိုလို့ရနိုင်ပါတယ်။ အုပ်ချုပ်တဲ့သူများ စိတ်ဓါတ်သိမ် ဖျင်းတော့ကာ၊ အုပ်ချုပ်ခံ၊ အဖိနှိပ်ခံ၊ ဆင်းရဲဒဏ်ခံပြည်သူများကလည်း စိတ်ဓါတ်ပျက်ပြားလာရတယ်ဆိုရမှာပါ။ ဒီ စိတ်ဓါတ်ပျက်ပြားလာမှုကြီးက ကိုယ့်နိုင်ငံရဲ့ဂုဏ် သိက္ခာကြီးကို ဆွဲချသွားနေတာဖြစ်တယ်။

ကမ္ဘာမှာ မြန်မာကွဟေ့… ဆိုပြီး တချိန်တုန်းကလို ဂုဏ်သိက္ခာကြီးပြီး နိုင်ငံတကာက အထင်ကြီး လေးစားရတဲ့ အဆင့်မျိုးပြန်ရအောင်လုပ်ဖို့ ယနေ့ ခေါင်းဆောင်များ( နိုင်ငံရေးပါတီအသီးသီး၏ခေါင်းဆောင် များ၊ နယ်စပ်ရှိ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်နက်မကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ မြှောက် များလှစွာသော ကျောင်းသားခေါင်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းအမျိုးမျိုး၊ အဖွဲ့အသီးသီး၏ခေါင်းဆောင် များ၊ အမျိုးသမီးအဖွဲ့များ၏ ခေါင်းဆောင်များ)မှာ တာဝန်အရှိဆုံးပါ။ ဒါဟာ တိုင်းပြည်ဂုဏ်၊ ပြည်သူတရပ်လုံး ရဲ့ဂုဏ် ကိုပြန်လည် မြှင့်တင်ဖို့ ဒီလိုပျက်ပြားနေတဲ့ စိတ်ဓါတ်ကို ပြင် သွားကြ ရန် ခေါင်းဆောင်များက ဦးဆောင်မှုပေး၊ လမ်းညွန် စံပြ လုပ်ဆောင်သွားကြရန် အချိန်တန် ပြီဖြစ်ပါကြောင်း စေတနာရင်းဖြင့်နိုးဆော် တင်ပြအပ်ပါတယ်။
ဝင်းမောင် (ဟဲဟိုးသား)
၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်

Write A Comment

Pages 22123456 »
Rohingya Exodus