Latest Highlight

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

နိုင်ငံရေးအကျဉ်းသား အချို့ လွတ်လာတာကို ကြိုဆိုပေမယ့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။


US Department of State

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။ မြန်မာနိုင်ငံက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းအပြည့်အစုံကို ကျမတို့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အများအပြား ထောင်တွေထဲမှာ ကျန်နေသေးတယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။ 

သူတို့အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို ပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စဟာ မြန်မာပြည်သူတွေ လိုလားချက်ကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရဘက်က ဆောင်ရွက်ပေးရမယ့် အရေးကြီးတဲ့ အဆင့်တခု ဖြစ်တယ်လို့ အမေရိကန် အစိုးရအနေနဲ့ မြင်တဲ့အကြောင်း သူက ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့ ဆွေးနွေး ပြောဆိုသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Victoria Nuland က ပြောဆိုခဲ့ပါတယ်။

Credit : RFA Burmese


MS. NULAND: I think you know where we are with Bangladesh, that the Bangladesh Government, as you have yourself said, is looking to pursue these issues in the courts, and we have been supportive of that initiative.
QUESTION: And finally if I may, quick on Burma. Burma’s government now, they have taken some steps to release some journalists and also some prisoners. But what the Burmese Government – I mean, the opposition leaders are asking: There are thousands of prisoners of war or prisoners – political prisoners in Burma, and they should be released without any conditions, especially those Buddhist monks.
MS. NULAND: Well, first let me just say, because I think we haven’t spoken about it in a couple of days, that we do welcome the recent release of some political prisoners in Burma. We see it as an important step that responds to the aspirations of the Burmese people. We have not yet seen a complete list. We do believe that there are still a large number of political prisoners in prison, and we call for all of them to be released. But this is an important step, and we are continuing to talk to the Burmese Government and others about these issues.

Write A Comment

Rohingya Exodus