Latest Highlight

မြောက်ကိုရီးယားလက်နက်ဖိုး မြန်မာစစ်အစိုးရ ဆန်နဲ့ ပေးချေခဲ့ကြောင်း Wikileaks ဖော်ပြ


နောက်ဆုံးထွက်ပေါ်လာတဲ့ Wikileaks အင်တာနက်စာမျက်နှာက အမေရိကန်အစိုးရ သံရုံး သတင်း ပေးပို့ချက်များထဲမှာ ၂ဝဝ၆ ခုနှစ်က မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရတို့ဟာ လက်နက်အရောင်းအဝယ် ရှိခဲ့ပြီး ဒီအရောင်းအဝယ်အတွက် မြန်မာဘက်က ဆန်နဲ့ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
(Photo: RFA)
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်တွင် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ထိုင်နေသူ၊ ဝဲ) နှင့် မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်ဂျုပ်ဆစ် (ထိုင်နေသူ၊ ယာ) တို့ ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုရီးယားထုတ် Arirang ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ သံရုံးအစီရင်ခံစာမှာ နောက်ပိုင်း သံရုံးကြေးနန်းစာတွေအရ မြန်မာဘက်က ဆန်တန်ချိန် ၂ သောင်းကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လအကြား မြောက်ကိုရီးယားကို လက်နက်ဖိုးအတွက် ပေးချေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းမှာပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ၂ဝဝ၆ ခုနှစ်က အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယား အကြား သဘောထား ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂ဝဝ၆ ခုနှစ် ဇူလိုင်လက မြောက်ကိုရီးယားက တေပိုဒေါင်း-၂ ဒုံးပျံ စမ်းသပ်အပြီး အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ ယိုမူးယွန် အစိုးရနဲ့ အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ် အစိုးရတို့အကြား မြောက်ကိုရီးယားကို ချဉ်းကပ်မှုအပေါ် သဘောထား ကွဲခဲ့တယ်လို့ ဆိုပါတယ်။

credit : RFA Burmese

Write A Comment

Rohingya Exodus