Latest Highlight

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဘ၀ဇာတ်ကြောင်းအားရိုက်ကူးထားသည့် The Lady ရုပ်ရှင်


2011 အောက်တိုဘာ လတွင် ရုံတင်ပြသမည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ သမိုင်းဘ၀ဇာတ်ကြောင်းများကို The Lady  ရုပ်ရှင် အဖြစ် ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသပြီး ရှုစားကြရ တော့မှာပါဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူကတော့ မလေးရှားနိုင်ငံဖွား နာ မည်ကျော်မင်းသမီး မင်းသမီး မီရှယ်လ်ယိုး (Michelle Yeoh) ပါ။ မလေးရှားမှ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး အဖြစ် ထင်ရှားပါတယ်။ ဒါရိုက်တာ ပြင်သစ်လူမျိုး Luc Besson  က စီစဉ်ရိုက်ကူးပြီး  Drama၊ Romance၊ ဘဝသရုပ်ဖော်မြောက်များစွာ သုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Europa Corp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ The Lady ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင် သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ဇာတ်ဝင်ခန်းတွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။


ယခုနှစ် ဇန္နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းအတွင်း ဇာတ်ဝင်ခန်းတချို့ကို ရိုက်ကူးခဲ့ပါတယ်။ မင်းသမီး မီရှယ်လ်ယိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ရောက်ရှိစဉ် ဒေါ်စုရဲ့စကားပြောပုံ မြန်မာဆန်ဆန်ဝတ်စားပုံများကို တနေကုန်ကာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။  ဟောလိဝုဒ် နာမည်ကျော်မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၂) ရက်နေ့က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်တဲ့အချိန်မှာတော့ ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်များမှ  ပြည်ဝင်ခွင့်ကိုတားမြစ်ခဲ့တဲ့အတွက် မြန်မာအစိုးရရဲ့ လူသား ခြင်းစာနာစိတ်ကင်း မဲ့သော သဘောထားမှန်ကို နိုင်ငံတကာမှ မျက်ဝါးထင်ထင်သိမြင်ခဲ့ရပါတယ်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေး ရှားနိုင်ငံဖွား ဟောလိဝုဒ်နာမည် ကျော်မင်းသမီး Michelle Yeoh ဟာ လူမှုရေးလုပ်ငန်းများနဲ့ ပရဟိတလုပ်ငန်းများကိုပါ လုပ်ဆောင် နေသူတဦးအဖြစ် ထင်ရှား လျက်ရှိပါတယ်။
Source :မိုးမခ

Write A Comment

Rohingya Exodus