Latest Highlight



- ဗမာ့သမိုင်းမှာ နိုင်ငံ့ကောင်းကျိုးအတွက် သစ္စာရှိရှိ ပထမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခဲ့တာ မွတ်စလင်မ်တွေပါ။ (မွတ်စလင်မ်ဆိုတာ အစ္စလာမ်ဘာသာကိုယ်းကွယ်သူတိုင်းကို ခေါ်ပါတယ်။)

- လက်နက်ရှိစဉ်တုန်းကတော့ အချော့သတ်နဲ့ ပေါင်းပြီး လက်နက်မဲ့သွားတဲ့အခါ နည်းမျိုးစုံနဲ့ ၀ိုင်းဖိကာ လူမျိုးတစ်ခုလုံး ပျောက်ကွယ်သွားအောင် စနစ်တကျ လုပ်နေတာကို သံဝေဂ ယူစရာပါ။

- ဗမာပြည်မှာ ကိုယ်းကွယ်ရာမတူရင် ရန်သူလို့သတ်မှတ်ပြီး ကိုယ်းကွယ်ရာတူတဲ့ တိုင်းရင်းသားတွေကိုတော့ မဟာဝါဒတစ်ခုအောက်ကို ဘာသာရေးမှိုင်းတွေတိုက်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းသွပ်သွင်းနေခဲ့တာ ဟိုးတုန်းကတည်းကပါ။

- လ၀ကတွေဟာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေ ထုတ်ပေးရေးမှာ ကိုယ်းကွယ်သည့်ဘာသာ ဗုဒ္ဓဖြစ်နေပါက လွယ်လွယ်ကူကူ အချိန်မဆိုင်းဘဲ ထုတ်ပေးလေ့ရှိပြီး၊ မတူကွဲပြားတဲ့ ဘာသာတရားတွေဆိုရင်တော့ အချိန်ဆွဲထားလေ့ ရှိပါတယ်။
- ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ဗုဒ္ဓဘာသာဝင်တွေကိုသာ ပါဝင်စေချင်ပြီး မွတ်စလင်မ်များကို စိတ်ဓာတ်ပိုင်း၊ ခန္ဓာပိုင်းတွေ အဘက်ဘက်မှာ ကျဆင်းသွားအောင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။

- မြန်မာမွတ်စလင်မ်တွေသာ သီးခြားရှိနေတဲ့ နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးတွေအတွက် လစ်လျူရှုခံခဲ့ရတာတွေဟာ အလွန့်အလွန်ကို များလှပါတယ်။ ဥပမာတစ်ခုပြောရရင် ယင်းတော်ရွာဆိုတာ ကုန်းဘောင်မင်းဆက်တွေရဲ့ နန်းတွင်း သစ္စာတော်စောင့် အမှုတော်ထမ်း မြန်မာမွတ်စလင်မ်များရဲ့ အဆက်အနွယ်တွေသာ သီးသန့်နေထိုင်ခဲ့တဲ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်က ပျော်ဘွယ်မြို့ တစ်စိတ်စာရှိတဲ့ ဧရာမရွာကြီး တစ်ခုဖြစ်ပါတယ်။ အနီးအပါးက ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရှိတဲ့ ရွာတွေမှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့အချိန်မှာ ယင်းတော်ရွာသား အများစုကတော့ ဖယောင်းတိုင်မီး၊ တတ်နိုင်သူတွေကတော့ တစ်ရာမီး (၀လူမျိုးများ ညနေ ၆-၁၀အတွင်း ပေးထားတဲ့ မီးတစ်ပွင့် တစ်နေ့ ၁၀၀ ပေးရတဲ့မီး) တွေနဲ့ နေထိုင်ခဲ့ရတာ အခု ဒီမိုကရေစီသမ္မတဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးဟောင်း)ခေတ်အထိပါ။

- တချိန်က မြန်မာ့လက်ရွေးစင်တွေဖြစ်ခဲ့တဲ့ မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင်တို့နဲ့အတူ တောင်ငူမြို့က ဗုဒ္ဓဘာသာကိုယ်းကွယ်သူ ခေါင်းတိုက်ကောင်းတဲ့ ကိုဝင်းအောင်က နိုင်ငံ့လက်ရွေးစင်ဖြစ်နေချိန်မှာ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်တွေတိုင်းမှာ သူ့ထက်သာအောင် နေရာယူနိုင်ခဲ့ပေမဲ့ မွတ်စလင်မ်ဖြစ်နေလို့ တိုင်းလက်ရွေးဆိုတာထက် မပိုတဲ့အဆင့်သာရောက်ခဲ့ပြီးအခန့်မသင့်လို့ ထောင်ထဲကိုတောင် (၅-ည)အမှုနဲ့ နှစ်ပေါင်း(၂၀)ကျော်လောက် စီရင်ချက်ချကာ အပို့ခံလိုက်ရပါတယ်။

- မြန်မာမွတ်စလင်မ်တွေဟာ စစ်တပ်မှာဆိုရင် ဗိုလ်လောင်းအရွေးခံခွင့်မရှိဘူး၊ အစိုးရဌာနဆိုင်ရာတွေမှာ ညွှန်မှူးထက်ပိုတဲ့အဆင့်ကို မရကြဘူး။ အများအားဖြင့် အောက်တန်းစား ရာထူးတွေမှာပဲ မျှောထားခံရတယ်။ မြန်မာမွတ်စလင်မ်စစ်စစ်တွေ ဖြစ်ပါရဲ့နဲ့ မှတ်ပုံတင်တွေ မရှိကြဘူး။ အခုထိ မြန်မာပြည်မှာရှိနေတဲ့ အစ္စလာမ်ဘာသာကိုယ်းကွယ်သူ မြန်မာမွတ်စလင်မ်များ၏ (၁၀%)လောက်သာ မှတ်ပုံတင်ရှိကြပါတယ်။ ထုတ်ပေးရတဲ့သူတွေဆိုရင်လဲ မြန်မာနိုင်ငံသားလို့ အသိအမှတ်မပြုချင်တာကြောင့် နိုင်ငံရပ်ခြား တစ်ခုခုရဲ့ သွေးနှောသူလို့ သမုတ်လေ့ရှိပါတယ်။

မြန်မာပြည်ကို ဦးဆုံးဝင်ရောက်ခဲ့တဲ့ကတည်းက ပါရှိလာတဲ့ မြန်မာမွတ်စလင်တို့သာ သီးသန့်တည်ရှိတဲ့ အထက်အညာမြေက ကုန်းဘောင်မင်း နန်းစိုက်တဲ့ မြေထူးနယ်သား မြန်မာမွတ်စလင်မ်တွေတောင် နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်မှာ ထည့်သွင်းဖော်ပြခံနေရတာက သက်သေတစ်ခုပါ။

မဖြစ်မနေ သေရေးရှင်ရေးအတွက် ပြည်ပမှာ ဆေးသွားကုရမဲ့သူတွေဆိုရင် နိုင်ငံကူးလက်မှတ် တစ်စောင်ရဖို့ ငွေကို အဆမတန် ပုံပေးပြီး မှတ်ပုံတင် လုပ်ရပါတယ်။ သိန်းပေါင်းများစွာကို ပုံအောပေးပြီး ဗုဒ္ဓဘာသာဝင်တွေ ကြိုက်သလောက် ယူလို့ရတဲ့အချိန်မှာ မွတ်စလင်မ်တွေအတွက် ရွှေထက်တန်ဖိုးထားရတဲ့ အဖိုးတန်ပစ္စည်းတစ်ခုလို ဖြစ်လာရပါတယ်။

- ကျောင်းတွေတက်လဲ မှတ်ပုံတင်မရှိလို့ ဘွဲ့မရသူတွေက များလာတယ်။ အိမ်ထောင်စုဇယားတွေ လက်ဝယ်ထုတ်မပေးထားဘူး။ လက်ဝယ်ရှိထားသူတွေလဲ အကြောင်းမတိုက်ဆိုင်လို့ ပျောက်သွားရင် ငွေကို သိန်းချီပေးပြီးမှ ပြန်ထုတ်ယူလို့ရတယ်။ မတတ်နိုင်သူတွေ မထုတ်ကြတော့ လက်ရှိကနေ လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ အိမ်ထောင်စုဇယားတွေ ရှိပါရဲ့နဲ့ တစ်မြို့မှ တစ်မြို့ကို ရွှေ့ပြောင်းဖို့ အလွန့်အလွန်ကို ခက်ခဲနေရတယ်။

- ဒါကြောင့်ပဲ ရခိုင်ပြည်မှာလို ဗုဒ္ဓဘာသာဝင် အာဏာပိုင်၊ ပါတီနဲ့ အရပ်သားတွေဟာ မွတ်စလင်မ်တွေအပေါ် အခုလို စနစ်တကျနဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေ ပေါ်ပေါက်လာတဲ့အခါ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေမရှိတာကို အကြောင်းပြပြီး နိုင်ငံခြားသားလို့ မွတ်စလင်တွေကို သမုတ်လို့ရတာပေါ့။

အဲ့ဒီနောက်ဆက်တွဲကတော့ ရခိုင်မွတ်စလင်မ်တွေအတွက် နေစရာ မြေဆိုတာ မရှိလို့ ဦးတည်ရာမဲ့နေချိန်မှာ ရခိုင်ဒေသက ဗုဒ္ဓဘာသာဝင်တွေအတွက် အလှူအတန်းတွေကတော့ နေ့စဉ်လိုလို တီဗွီဖန်သားပြင်ပေါ်မှာ နေရာယူထားနိုင်ပါပြီ။

- သူတို့မှာ စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်းနေတဲ့အခိုက် မွတ်စလင်မ်တွေဟာတော့ လူဖြစ်ကြောင်းကိုတောင် သက်သေပြဖို့ အထောက်အထားတွေ မရှိကြတော့တဲ့အခါ ဟိုးမြို့စွန်က မှောင်မဲတဲ့ တောစပ်တွေထဲမှာ ဖျဉ်မိုးကာနဲ့ ရေ၊ မိုး၊ လေဒဏ်တွေကြားမှာ ကလေးငယ်တွေဟာ ကြောက်ရွံ့စိုးထိတ်ရင်း အော်ဟစ် ငတ်ပြတ်နေကြပါပြီ။
- ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ နိုင်ငံတကာကပေးဝေတဲ့ ချောကလက်တွေ၊ ဘီစကစ်တွေကို အစိုးရကတဆင့် ၀၀လင်လင်စားသောက်ပြီး အင်္ကျီအသစ်တွေဝတ်ပြီး ကလေးငယ်တွေ ဘုန်းကြီးကျောင်းတွေထဲမှာ ပြေးလွှားဆော့ကစားနေတဲ့အချိန် မွတ်စလင်မ်တွေကတော့ တစ်ရက်အတွက် မိသားစုတစ်ခုကို ဆန်နို့ဆီဗူးတစ်လုံးတောင် မရရှိတဲ့ဘ၀တွေပါ။ သူတို့ကို လှူဖို့ ဘယ်သူမှ မတတ်နိုင်ဘူး။ ဘယ်သူမှ မကူညီနိုင်ကြဘူး။
- မီဒီယာတွေက ဗုဒ္ဓဘာသာကိုယ်းကွယ်တဲ့ ရခိုင်သတင်းထောက်တွေကို ဖြစ်တဲ့နေရာတွေကို ပို့ပြီး သတင်းယူခိုင်းတယ်။ ၀တ္တရားမစောင့်သိတဲ့ သတင်းထောက်ဟာလဲ ဖြစ်ပျက်နေတဲ့အခြေအနေဆိုတာထက် ခံစားချက်ကိုဦးတည်ပြီး အမှန်ကိုအမှားလုပ်ပြကြတယ်။ ကိုယ်ချင်းစာတရားရှိသူ ဗုဒ္ဓဘာသာဝင်တွေဟာလဲ မီဒီယာတွေရဲ့ သတင်းမှားတွေကို လက်ခံလိုက်ကြတယ်။ နောက်ဆက်တွဲကတော့ အဖြစ်မှန်တွေ ကွယ်ပျောက်ကုန်ပြီး အထောက်အထားတွေ မရှိကြတော့လို့ ကလေး၊ မိန်းမများပါမကျန် အကြမ်းဖက် သောင်းကျန်းသူ နိုင်ငံခြားသားများလို့ ခေါင်းစဉ်တပ်ခြင်း ခံလိုက်ရတယ်။
- လွန်ခဲ့တဲ့ (၂၀၀၁)လောက်က တောင်ငူမှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အိုးအိမ်တွေနဲ့အတူ သက်သေခံလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ အိမ်ဝိုင်းခြံမြေ ဂရမ်၊ အရေးကြီး စာချုပ်စာတမ်းတွေကိုတောင် မယူနိုင်ဘဲ ဆောက်တည်ရာမဲ့ ထွက်ပြေးခဲ့ကြရတယ်။ နေ့ခင်းမှာ ပေါ်တင် ဗလီတွေ၊ ကျောင်းတွေ၊ ဆိုင်တွေ၊ အိမ်တွေကို မီးရှို့၊ အကြမ်းဖက်၊ လုယက်၊ ဖျက်ဆီး၊ သတ်ဖြတ်ကြတယ်။ ညမှာ အကြမ်းဖက် အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေကို အေးအေးဆေးဆေး နားနေနိုင်အောင် မာရှယ်လော ထုတ်ပေးထားတယ်။ မနက်မိုးလင်းတဲ့အခါ ထိုသူတွေ ရောက်လာပြီးအကြမ်းဖက်ခဲ့ကြတာ လနဲ့ချီအောင်ပါ။

မီးသတ်ကားတွေက မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သူတွေ မီးရှို့နေစဉ် စောင့်ကြပ်ကြည့်ရှုပေးထားတယ်။ တစ်အိမ်လုံး သုံးမရအောင် ပျက်စီးသွားတော့ ဘေးက ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေကို မီးစွဲမလောင်ရအောင် မီးသတ်ကားက စနစ်တကျကို မီးငြှိမ်း ရေဖျန်းပေးပါတယ်။




- သုံးမရတော့ပေမဲ့ မပြိုပျက်သေးဘဲ ကျန်နေသေးတဲ့ မွတ်စလင်မ့်အဆောက်အဦးတွေကိုတော့ စစ်တပ်က ဘယ်သူမှမထွက်နိုင်တဲ့ ညအချိန်မှာ ခက်ခဲ့တဲ့ ဗလီလို အဆောက်အဦးတွေကို ဖျက်ဆီးခြင်း၊ နေ့အချိန်မှာ လွယ်ကူတဲ့အဆောက်အဦးတွေကို အရပ်ဘက်အဖွဲ့တွေ၊ မီးသတ်တွေ၊ ရဲတွေက ဖြိုချပေးပါတယ်။

မှတ်မိပါသေးတယ်။ အခုမရှိတော့တဲ့ တပင်ရွှေထီးခေတ်ကတည်းက တည်ထားတဲ့ တောင်ငူခေတ် သမိုင်းဝင်ဗလီတစ်လုံဖြစ်တဲ့ အုပ်ရိုးထု (၂)ပေခွဲလောက်အထူ၊ အမြင့်ပေ(၂၀)၊ အကျယ် ပေ(၇၀)ပတ်လည်လောက်ရှိတဲ့ တောင်ငူခေတ် ရှေးလက်ယာမြောက် “ဟံသာဗလီ”ကြီးကို နေ့ခင်းပိုင်း အရပ်သားတွေက ၀ိုင်းဝန်းပြီး မှန်တွေ၊ အတွင်းပရိဘောဂတွေကို ဖျက်ဆီးခဲ့ပြီး ထင်တွေပုံပြီး မီးရှို့ခဲ့ပါတယ်။ သုံးရက်ကြာတော့ ညခင်းပိုင်း မာရှယ်လောထုတ်ထားချိန်မှာ စစ်သားတွေ တပ်ရင်းလိုက် ၀င်ရောက်ပြီး ဗလီတစ်ခုလုံးကို ပြိုကျအောင် ဖြိုဖျက်ကြပါတယ်။ ဘေးပတ်ဝန်းကျင်တွေကတော့ အသံကြားတယ်၊ မြင်ရတယ်ဆိုပေမဲ့ ဘာမှ လှုပ်မရကြပါဘူး။ ဒီလိုပါပဲ အိမ်တွေ ပျက်စီး မီးလောင်သွားတဲ့မွတ်စလင်မ်တွေဟာ မိမိတို့ရဲ့ အရေးကြီး စာရွက်စာတမ်းတွေကို ဘာမှ အရမယူနိုင်ခဲ့တာကြောင့် အခုထိကို နေထိုင်ရေးတွေမှာ အခက်အခဲတွေ့နေကြဆဲပေါ့။
- တကယ်တော့ ပြည်တွင်းမှာ ကိုယ်းကွယ်ရာဘာသာ ယေဘုယျအားဖြင့် လေးမျိုးရှိတယ်လို့ အသိအမှတ်ပြုထားပေမဲ့ ဗုဒ္ဓဘာသာပြီးရင် ဒုတိယမြောက် ကိုယ်းကွယ်မှုအများဆုံးလို့ ဆိုနိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်အပေါ် သစ္စာရှိရှိနဲ့ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ခဲ့တာကို မြန်မာပြည် တည်ထောင်စဉ်ကတည်းက အခုချိန်ထိ ကြည့်ပါက သာဓကတွေ အများကြီး တွေ့နိုင်တယ်ဆိုတာ ငြင်းလို့ မရပါ။ အာဇာနည် ကိုးဦးမှာ မွတ်စလင်မ် နှစ်ဦးကနေ သုံးဦးအထိပါဝင်ခဲ့တယ်ဆိုတာတွေ၊ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေရဲ့ နဘေးမှာ သေဒဏ်ပေးခံခဲ့ရတဲ့ မွတ်စလင်မ်တွေ ဘုရင့်ခေတ်မှာ တိုင်းပြည်ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သူတွေကတော့ ဖုံးကွယ်လို့မရတဲ့ သမိုင်းတွေပါ။ (ဒါတွေကို အရင်က ကျနော် တင်ပြခဲ့ဖူးပါတယ်။)

အခုတော့ ဒီသမိုင်းတွေကိုလဲ စနစ်တကျ ဖျောက်ဖျက်ဖို့ ရှေးရှေးကတည်းကရှိခဲ့တဲ့ မြန်မာမွတ်စလင်မ်သင်္ချိုင်းတွေကို အတင်းအဓမ္မ ဖျက်ဆီးနေတာတွေ၊ ရှေးဟောင်းဗလီတွေကို သင်္ဃန်းဝတ်ဟန်ဆောင်ပြီး ဖျက်ဆီးတာတွေ၊ ဘာသာရေးကျောင်းတွေကို ၀င်စီးတာတွေ၊ ရှေးမွတ်စလင်မ်အိမ်တွေကို ၀င်လုတာတွေ၊ မြန်မာမွတ်စလင်မ်တွေကို အကြမ်းဖက်နေတာတွေ၊ မွတ်စလင်မ်ဆန့်ကျင်ရေးတွေကို မီဒီယာမျိုးစုံအသုံးပြုပြီးလုပ်ဆောင်နေတာတွေ၊ ဖျက်ခံလိုက်ရတဲ့ အစ္စလာမ် ဘာသာရေးအဆောက်အဦးမြေနေရာတွေအပေါ်မှာ ဘုရားတည် ကျောင်းဆောက်ထားတာတွေ စုံအောင်ကို ဖြစ်ပျက်လာခဲ့တာ အခုဆို ရခိုင်ပြည်က အကြမ်းဖက် လုယက် သတ်ဖြတ်မှုတွေဟာ ကမ္ဘာကကို လက်တွေ့သိမြင်ခဲ့ရလို့ မြန်မာ့သမိုင်းရဲ့ ပုံရိပ်တွေဟာ ပြည်တွင်းအကြမ်းဖက်မှုတွေကြောင့် သွေးသံတရဲရဲနဲ့ စိုထိုင်းထိုင်းဖြစ်ကာ လွယ်လွယ်နဲ့ ခြောက်သွေ့နိုင်တော့မယ် မထင်ပါဘူး။

- အာဇာနည်ကိုးဦးထဲက အသက်အကြီးဆုံးလဲဖြစ်၊ အဲ့ဒီခေတ်က ပါလီမန်အတွင်းဝန်တွေရဲ့ အလေးထားရတဲ့ ပညာရှိ နိုင်ငံတော် အကြံပေး ခေါင်းဆောင်ကြီးလို့တောင် ပြောလို့ရတဲ့ ဦးရာဇတ်ကို ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ငယ်တွေ ဖွဲ့စည်းစဉ်အချိန်မှာ မြန်မာမွတ်စလင်မ်တွေကိုလဲ ဖွဲ့စည်းဖို့ တိုက်တွန်းတဲ့အချိန်မှာ “မွတ်စလင်မ်ဆိုတာ လူမျိုးတစ်ခု မဟုတ်ပါဘူး၊ ကိုယ်းကွယ်ရာ ဘာသာတရားပဲ မတူတာကလွဲလို့ အားလုံးဟာ တသားတည်းပါ၊ လူမျိုးစု တပ်ဖွဲ့တွေမှာ မွတ်စလင်မ်တွေရှိခဲ့ရင် သူတို့မိခင်တပ်က ပေးအပ်တဲ့တာဝန်အတိုင်းပဲ ထမ်းဆောင်ပါလိမ့်မယ်၊ တိုင်းပြည်မှာ အဖွဲ့တွေ အုပ်စုတွေ သိပ်များရင် မကောင်းပါဘူး”လို့ ဦးရာဇတ်က ရှင်းရှင်းလင်းလင်းကို ပြန်ပြောခဲ့တာဟာ မြန်မာမွတ်စလင်မ်တွေအားလုံးကို ကိုယ်စားပြုခဲ့ပါတယ်။
- အခုတော့ လက်နက်မရှိတဲ့ မွတ်စလင်မ်တွေကို နိုင်ငံအနှံ့မှာ ဖိနှိပ်မှုတွေဟာ အလွန့်အလွန်ကို အတင့်ရဲလာကြပါပြီ။ ဘယ်လောက်ထိ မတွေးဝံ့စရာတွေကို တွေ့လိုက်မိလဲဆိုရင် “ဒါ မင်းတို့နိုင်ငံမဟုတ်ဘူး ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြ”တဲ့၊ “မွတ်စလင်မ်တစ်ယောက်ကို သတ်နိုင်ရင် ငွေငါးသိန်းပေးမယ်၊ မွတ်စလင်မ်မတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် ငွေသုံးသိန်းပေးမယ်”တဲ့။

- ပိုဆိုးလာတာက မြန်မာမွတ်စလင်မ်မိန်းကလေးတွေရဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံတွေကို အသုံးချပြီး အမေနှစ်မ မစာနာတဲ့ စကားလုံးတွေနဲ့ ခိုင်းနှိုင်းလာတာတွေ၊ မွတ်စလင်မ်မိန်းကလေးတွေကို မုဒိန်းကျင့်ထားတဲ့ ဓာတ်ပုံတွေကို ပြထားတာတွေဟာ ဟိုတုန်းက စစ်ခွေးလို့ခေါ်တဲ့ ရုရှားရောက် ပြည်သူ့ဘဏ္ဍာအချောင်စားပြီး တိုင်းပြည်ဖျက်နေတဲ့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေတည်ထောင်တဲ့ Myanmar express ဆိုဒ်လောက်ကသာ လုပ်ခဲ့ကြပေမဲ့ အခုတော့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူ မြန်မာလို့ခေါ်တဲ့ မိန်းမ၊ ယောက်ျားအများစုကပါ တပျော်တပါးကြီး ပါဝင်လာတာကို တွေ့နေရပါပြီ။ (သိချင်ရင် group တော်တော်များများမှာ ၀င်ကြည့်ပါ။)

- ဘာသာရေးကို ရှေ့တန်းတင်လာရာက မဟာအမျိုးသားရေး ၀ါဒတွေ လွှမ်းခြုံလာပြီး အတွေးတွေကို လွှမ်းခြုံသွားလို့ အရာရာတိုင်းမှာ အရှိကို အရှိအတိုင်း မမြင်နိုင်ကြတော့ဘဲ အမှောင်ခေတ် တိုင်းပြည် ပျက်သုန်းရေးကို နောက်ပြန်ဆွဲ ဦးတည်လို့ လာနေပါပြီ။ တောင်ကုတ်မြို့က ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေမှာဆိုရင် ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရဲ့ အောင်ပွဲခံပုံရိပ်ဟာ မြန်မာ့သမိုင်းကို အောက်တန်းကျစေခဲ့ပါတယ်။

- အခုဆို သမိုင်းထဲမှာ ဘယ်တုန်းကမှ ကောင်းကွက်မရှိခဲ့ဘဲ အခုချိန်ထိကို သိက္ခာအဖတ်ဆယ်မရတဲ့ စစ်တပ်က စစ်ခွေးတွေကို ဗုဒ္ဓဘာသာကိုယ်းကွယ်သူ အများစုက အဖေလို ကိုယ်းကွယ်နေကြပါပြီ။ အမေလို တန်ဖိုးထားခဲ့တဲ့ ကမ္ဘာရှားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင်ဆဲရေးတိုင်းထွာလာကြပါပြီ။

- သမိုင်းတွေကို လူမျိုးတစ်စုက ဖျောက်ဖျက်ခဲ့မယ်ဆိုရင်တောင် ကမ္ဘာကြီးကတော့ မမေ့လောက်ပါဘူး။ မဟာဝါဒတွေကို ရှေ့တန်းတင်ခဲ့ကြသူတွေ ကမ္ဘာတည်သရွေ့ သမိုင်းဆိုးနေကြတယ်ဆိုတာကိုတော့ ဟစ်တလာကိုသာ ကြည့်ပြီး သံဝေဂ ယူလိုက်ကြပါ။

- နောက်ဆုံး ပြောချင်တာကတော့ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပြောနေ မြန်မာမွတ်စလင်မ်ဟာ မြန်မာမွတ်စလင်မ်ပါပဲ။ သမိုင်းဖျောက်မယ်ဆိုရင် မမျှော်လင့်တဲ့ သမိုင်းတွေလဲ ပျောက်တတ်သလို ဖျက်မရတဲ့ အမှားတွေနဲ့လဲ ကြုံတွေ့တတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တိုင်းဟာ ဘယ်တော့မှ မကျူးကျော်ပါဘူး။ သည်းခံပါတယ်။ သာသနာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့သမျှသော စစ်ပွဲတိုင်းဟာ ခံစစ်တွေဆိုတာကို သိစေလိုပါတယ်။

မှတ်ချက်။ စိတ်ကူးအပိုင်းအစများအား အချိန်ဆင်းရဲသားတစ်ယောက်အနေနဲ့ ရေးသားထားရခြင်းကြောင့် အမှားအယွင်း၊ မဆီလျော်မှုတွေ ပါမယ်ဆိုရင် ကြိုက်သလိုသာ ပြင်ဖတ်ကြတော့ဗျာ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများပီပီ အားရပါးရ comments များနဲ့ ဆဲကြဆိုကြပြီး ဇာတိပြတာကိုလဲ မငြိုငြင်ကြဖို့ မြန်မာလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ကြားဝင်တောင်းပန်ပေးပါတယ်။ :)

လေးစားစွာဖြင့်- ခေဋီဈက်အို

Original Source here



မေယုနယ်ခြားခရိုင်မှရိုဟင်ဂျာများရဲ့မှတ်တမ်း
MMSY
ဂျွန် ၂၅၊ ၂၀၁၂













Photo-AFP

ရခိုင်ပြည်နယ်အရေးအခင်းတွင် လူသေလူပျောက်ရာခိုင်နှုန်း အဆမတန် ပိုများနိုင်ကြောင်း ရခိုင်ပြည်နယ်သတင်းရပ်ကွက်များမှပေးပို့ သော အချက်အ လက်များအရသိရှိရသည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသက်ဆုံးရှုံးသူအရေအတွက် ၅၀ ကျော်ဟုဆိုသော်လည်း မွတ်စလင်မ်ဖက်မှ သေဆုံးမှု ပိုများလျက်ရှိသည်။

ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် လွတ်တော်အမတ် ဦးရွေမောင်ထံသို့  မွတ်စလင်မ်ကိုယ်စားလှယ်ပေးပို့ သောစာတွင် ဇွန်လ ၉ ရက်နေ့ မှ ၁၈ ရက်နေ့ အ တွင်း စုစည်းရရှိသောစာရင်းအရ မွတ်စလင်မ်သေဆုံးသူ ၁၅၉ ဦး၊ ပျောက်ဆုံးနေသူ ၁၂၄၀ဦး၊ ဓားနှင့် ကျည်ဆံကြောင့်ဒဏ်ရာရရှိသူ ၈၀၀ ဦးနှင့် ဒုက္ခသည် ၉၄၆၁၃ ဦးရှိသည်။ ထိုစာရင်းမှာ စစ်တွေတ၀ိုက်တွင်သာဖြစ်ပြီး ပြည်နယ်တခုလုံးတွင် ပိုမိုများပြားနိုင်သည်။

သတင်းအမှောင်ချထားမှုများကြောင့် မွတ်စလင်မ် သေဆုံးမှုသတင်းအမှန် ရရှိရန်မလွယ်ကူပေ။ မွတ်စလင်မ်များနေထိုင်သည့် နေရာအများအပြားသို့  သတင်းထောက်တိုင်းကို ပေးမသွားကြောင်း၊ လူမှုရေးအဖွဲ့ အစည်းများအား လုံးဝပေးမသွားကြောင်း ရခိုင်ဒေသသို့ ရောက်ရှိနေသည့် အလွတ်တန်း သတင်းထောက်တဦး ထံမှသိရသည်။

နစကနှင့် လုံထိန်းများသည် အိမ်တွင်းဝင်ရောက်ပစ်ခတ်ပြီး အလောင်းများဖျောက်လျက်ရှိကြောင်း၊ အိမ်နှင့် ပလီများအတွင်း လူများအား လှောင်ပိတ် သွင်းကာ မီးရှို့ မှုများလုပ်လျက်ရှိကြောင်း၊ အိမ်များမီးရှို့ သဖြင့် စာရွက်စာတမ်းများ မီးထဲပါသွားရာ သက်သေအထောက်အထားမပြနိုင်တော့သည့် မိသားစုများအား တဖက်မှ ခိုးဝင်လာသူများအဖြစ် ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ဘန်ကောက်မြို့ တွင် အလုပ်လုပ်ကိုင်နေပြီး စစ်တွေတွင် မိသားစုရှိသော ကိုမောင်ဝင်း က “စစ်တွေမှာ နေ့ တိုင်း လူသေတာတွေရှိတယ်။ ကျနော်တို့ ရို ဟင်ဂျာတွေကို အိမ်ထဲဝင်ပစ်တယ်။ အပြင်ကနေလည်း အိမ်တည့်တည့် သေနတ်တွေနဲ့ ပစ်တယ်။ အိမ်အပြင်ဝ ထွက်တာနဲ့ ကို အပြင်ကနေ သေနတ်နဲ့  ပစ်ထည့်တယ်။ လူတွေကိုလည်း ခေါ်ခေါ်သွားတယ် ပြောတယ်။ ဘယ်ခေါ်သွားတယ်ဆိုတာတော့ မပြောဘူး။ အပြင်မှာပြောနေတာက ရိုဟင်ဂျာတွေက အိမ်တွေ မီးရှို့ တယ်ပြောတယ်။ ခင်ဗျားတို့  စဉ်းစားကြည့်ပါ။ ရိုဟင်ဂျာတွေ ဒီလောက်ဆင်းရဲတာ ကိုယ့်အိမ်ကိုယ်မီးရှို့ ပါ့မလား။ နေထိုင်စရာအိမ်မ ရှိအောင်လုပ်ပါ့မလား။ တကယ်တော့ ရခိုင်တွေနဲ့  အစိုးရပေါင်းပြီး ရိုဟင်ဂျာအိမ်တွေကို မီးရှို့ တာ” ဟုပြောသည်။

ဘန်ကောက်မြို့ မှ မ၀င်းသန်းကလည်း စစ်တွေမြို့ ပေါ်ရှိ သူမ၏ နေအိမ်ကို ရခိုင်များက မီးရှို့ သွားကြောင်းနှင့် သူ့ မိသားစုမှာ အဖိုးအဖွားရွာတွင် သွားနေနေရသည်ဟုဆိုသည်။

ရိုဟင်ဂျာအိမ်များကို နစကနှင့် လုံထိန်းတို့ က မီးရှို့ ပြီး ကိုယ့်အိမ်ကိုယ်မီးရှို့ ကြောင်း အဓမ္မလက်မှတ်ထိုးခိုင်းလျက်ရှိသည်ဟု မ၀င်းသန်းကပြောသည်။

ဂျာမဏီတွင်နေထိုင်လျက်ရှိသည့် ရိုဟင်ဂျာလူငယ်တစ်ဦးကလည်း သူ့ အမျိုး ၃ ယောက် အသတ်ခံရပြီး တစ်ဦးပျောက်ဆုံးနေသေးကြောင်း ဆိုသည်။

အမျိုးသမီးများအား မုဒိန်းပြုကျင့်မှုများလည်း ဖြစ်ပွားလျက်ရှိသည်။ ဇွန်လ ၁၅ ရက်နေ့ တွင် မောင်တောမြို့  နူရူလာဖရာကျေးရွာတွင် နစကနှင့် ရဲများ က အသက် ၁၄ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသမီး ၅ ဦးကို အုပ်စုဖြင့် မုဒိန်းပြုကျင့်ခဲ့သည့် သတင်းအချက်အလက်များရရှိသည်။

နှစ်ဖက်စလုံးအပြန်အလှန်တိုက်ခိုက်နေသည့်ကာလတုန်းကလည်း နစကနှင့် ရဲများက မွတ်စလင်မ်ရွာများကို ရွာလုံးကျွတ်မီးရှို့ သွားကြောင်း၊ လူအစု လိုက်အပြုံလိုက်သတ်ပြီး စစ်ကားများဖြင့် အလောင်းများအား သယ်သွားပြီး အလောင်းများဖျောက်ဖျက်လိုက်ကြောင်း၊ ညမထွက်ရအမိန့် ထုတ်ထား သဖြင့် အပြင်မထွက်ရဲသော မွတ်စလင်များအား ယူနီဖောင်းဝတ်များက အိမ်တွင်းဝင် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မခေါ်ဆောင်သွားခြင်းများ ရှိကြောင်း စုံစမ်းသိရှိရသည်။

မွတ်စလင်မ်များထိခိုက်နစ်နာသည့်ကိစ္စနှင့်ပတ်သက်ပြီး ဓာတ်ပုံများမတွေ့ ရသေးကြောင်းမေးမြန်းရာ မွတ်စလင်မ်များနေထိုင်သည့်အရပ်တွင် သတင်းထောက်များ မသွားနိုင်ရာ ပြည်သူများမှာလည်း ဓာတ်ပုံထွက်ရိုက်ရန် မဆိုနှင့် အိမ်ပြင်ထွက်ရုံနှင့်ပင် အပြင်မှ သေနတ်ဖြင့် ပစ်ထည့်လျက်ရှိ သည်ကြောင်းဆိုသည်။

စစ်တွေမြို့ အချို့ နေရာများတွင်ပင် မွတ်စလင်မ်များကို မောင်းထုတ်လျက်ရှိပြီး သတင်းအမှောင်ချထားလျက်ရှိရာ လူသေလူပျောက်နှုန်းသည် ပြည်သူ များ သိထားသည်ထက် အဆပေါင်းများစွာပိုနိုင်ကြောင်း ရခိုင်ပြည်သတင်းရပ်ကွက်များထံမှ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ကော်မရှင် (UNHCR) ကလည်း ရခိုင်ပြည် အဓိကရုဏ်းကြောင့်ကပ်ဘေးအကြီးအကျယ်ရင်ဆိုင်ရနိုင်ကြောင်း ဇွန်လ ၂၂ ရက်နေ့ က သတိပေးလိုက်ပါသည်။

Source: MMSY

(အောင်မင်း, B.A,LL.B)

မကြာသေးခင်က ရခိုင်ပြည် အရေးအခင်း မီးလောင်နေချိန်တွင် မြန်မာ့သမိုင်းမသိသော မြန်မာ့နိုင်ငံရေးသမားတစ်ချို.က ရိုဟင်ဂျာများကိုတိုင်းရင်းသားအဖြစ်လက်မခံနိုင်ဟုပြောဆိုကာ အရေးအခင်းကို မီးမွှေးပေးခဲ့ကြောင်း အင်တာနက်တွင် ဖတ်ရှုလိုက်ရပြီး အင်မတန် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ မြန်မာ့သမိုင်းမသိလျှင် မြန်မာ့သမိုင်းကိုသေသေချာချာလေ့လာပြီးမှ နိုင်ငံရေးလောကသို့ဝင်သင့်သည်ဟု ၄င်း နိုင်ငံရေးသမားများကို မှာကြားလိုပါသည်။ထို့ကြောင့်မြန်မာ့သမိုင်းမသိသော မြန်မာ့နိုင်ငံရေးသမားများက ရိုဟင်ဂျာများ သည် တိုင်းရင်းသား ဟုတ်၊မဟုတ် လေ့လာနိုင်ကြရန်အတွက် ရည်ရွယ်ပြီး ရိုဟင်ဂျာများ၏ သမိုင်းအထောက်အထား အနည်းငယ်တင်ပြလိုက်ပါသည်။

……. သမ္မတ ဦးသိန်းစိန်သို့လျှောက်ထားခဲ့သော လျှောက်လွှာမှ ကောက်နှုတ်ချက်ဖြစ်သည်………..






















ရိုဟင်ဂျာလူမျိုးများကို ၄င်းတို့၏ နယ်မြေမှ အမြစ်ပြတ် ထာဝရနှင်ထုတ် နိုင်ရေးအတွက် ရခိုင် လူမျိုး များသည် မြန်မာနိုင်ငံ ဗဟိုအစိုးရနှင့် ပူးပေါင်း၍ အောက်ဖေါ်ပြပါစစ်ဆင်ရေးများကို ဆင်နွဲစေခဲ့သည်၊ရိုဟင်ဂျာများအပေါ်ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက ဆင်နွဲခဲ့သော မဟာဗျူဟာမြောက်စစ်ဆင်ရေးများ၊
MuakMuslMan
၁၉၇၊ – စစ်တွေ အမျိုးသားကျောင်းအုပ် ဆရာကြီးဦးဇိုင်နဒ္ဒိန် (ဓါတ်ပုံ ၃ ပုံ)ပူးတွဲလျှက်

Principle Of National School, Akyab

မစ္စတာ ဇော်နော်ဒိန် (အလယ်)



မစ္စတာ ဇော်နော်ဒိန် ၊ မစ္စတာ နေရူး နှင့် သမီး မစ္စစ် အင်ဒီရဂန္ဒီ


မစ္စတာ ဇော်နော်ဒိန် ၊ မစ္စတာ နေရူး နှင့် သမီး မစ္စစ် အင်ဒီရဂန္ဒီ



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



Principle Of National School, Akyab

စစ်တွေ အမျိုးသားကျောင်းအုပ်

ဆရာကြီးဦးဇိုင်နဒ္ဒိန်
(ရိုဟင်ဂျာအမျိုးသားခေါင်းဆောင်)

ရခိုင်ရိုဟင်ဂျာ ညီနောင်တို့က နယ်ချဲ့ဆန်ကျင်ရေးတော်လှန်ရေးတွင်
လက်တွဲမပျက်ခဲ့ပေ။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာတွင် အသက်သွေးချွေးစတေးခံခဲ့ကြသည်။ကျွန်ပညာရေးကို

ဆန့်ကျင်ရာ မှပေါ်ပေါက်ခဲ့သော အမျိုးသား ကျောင်း များတည်ထောင်
ရာလည်းရခိုင်အမျိုးသား တို့နှင့် လက်တွဲပြီးပါဝင်ခဲ့သည်။စစ်တွေတွင် ၁၉၂၀
နောက်ပိုင်း အမျိုးသား ကျောင်းဖွင့် ရာကျောင်း အုပ်ဆရာ ကြီးဦးထွန်းအောင်
ပြီးလျှင် ၊ကျောက်တော်မြို့နယ် မှ ဆရာကြီးဦးဇိုင်နဒ္ဒင် (thakin
Zainuddin)ကျောင်းအုပ် အဖြစ်ဆောင် ရွက်ခဲ့သည်။ကျောင်းသား လူငယ်များကို
အမျိုး သားစိတ်သွင်းပေးခဲ့သော ကျောင်းဖြစ်သည်။ဆရာကြီး ဦးထွန်းအောင်
ဟာရခိုင် ဗုဒ္ဓဘာသာဖြစ် တယ်။

၁၉၆၈ ခုနှစ်ထုတ် ‘’ရခိုင်ညွတ်ဖူး ‘’စာအုပ်တွင် စာအုပ်ပါအတိုင်း
ပြောရလျှင် ‘’ရခိုင်တိုင်း ဖွါး မွတ်ဆလင်ဘာသာဝင် ဘမစ္စတာ ဇော်နော်ဒိန် ‘’
သည် ရိုဟင်ဂျာတစ်ဦးဖြစ် တယ်။ (တိုင်းရင်းသားလူမျိုးစုဘဝသစ်ပါတီ
၊ကင်းလွတ်ခွင့် အမှတ်အမှတ် (န/သ-၀၈၅) အရ ၁၉၈၉ ခု ဇန္နဝါရီလ ၊ပထမအကြိမ်ထုတ်
စာအုပ် ( စာမျက်နှာ – ၅၀ ) တွင်ဖေါ်ပြထားသည်။

Credit :danyawadi


မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာ ဒေသတွင်းပြဿနာတရပ်ဖြစ်လာပြီး ကမ္ဘာ့ကုလသမဂ္ဂကပါ ၀င်ရောက်ဖြေရှင်းရမဲ့ ပြဿနာဖြစ်လာနေပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာနဲ့ ပက်သက်ပြီး ထင်ရှားတဲ့ ဖြစ်ရပ်တချို့ကို ဦးဇော်မိုးကျော်က လု့အခွင့်အရေး ရှုထောင့်ကနေ အပိုင်းလိုက်ထုတ်နှုတ်တင်ပြသွားဖို့ ရှိပါတယ်။

ရိုဟင်ဂျာနဲ့ လု့အခွင့်အရေးပြဿနာ အပိုင်း(၁)
မှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း အမှုအကြောင်းကို ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။



ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေးပြဿနာ အပိုင်း(၂)

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း အမှုနဲ့ ပက်သက်ပြီး တရားရုံးရဲ့တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်တဲ့အပေါ် ဝေဖန်ထောက်ပြချက်တွေ တင်ပြထားပါတယ်။

  



ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေးပြဿနာ အပိုင်း(၃) 
မှာတော့ ရိုဟင်ဂျာတွေ နိုင်ငံတချို့ မှာ ပျံ့ နှံ့ ရောက်ရှိနေပုံအကြောင်းတင်ပြထားပါတယ်။



ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေးပြဿနာ အပိုင်း(၄) မှာ

မြန်မာနိုင်ငံက နိုင်ငံသားဆိုင်ရာဥပဒေနဲ့ နိုင်ငံသားမဟုတ်သူတွေအပေါ် တင်းကျပ်ပိတ်ပင်မှု တွေအကြောင်းတင်ပြထားပါတယ်။



ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေးပြဿနာအပိုင်း(၅) 

အခုနောက်ဆုံးပိုင်းအနေနဲ့ မြန်မာနိုင်ငံအတွင်းရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ရိုဟင်ဂျာအရေးအာရုံဆိုက်ခံရမှု နည်းပါးတဲ့အကြောင်းတွေကို တင်ပြလိုက်ပါတယ်။


  
ရိုဟင်ဂျာဟာ ရခိုင်လူမျိုးနဲ့ မဆိုင်ပါဘူး၊ ယခင် ARAKAN, ယခုရခိုင်ပြည်မှာကိုယ်ပိုင်စာပေ၊
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ရိုးရာဓလေ့ထုံးစံ သီးသန့်ရှိနေတဲ့လူမျိုးတစ်မျိုးဖြစ်ကြောင်း၊
First Weekly, Vol 1, No.11 မှာတပတ်အရင်က မေသဒ္ဓါရေးသားဖေါ်ပြထားတဲ့ “ရိုဟင်ဂျာ
ဟာ ရခိုင်လူမျိုးနဲ့ မဆိုင်ပါဘူးဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ထုတ်ပြန်ကြေညာ”
ဟူသောသတင်းဆောင်းပါးအား တုန့်ပြန်ဖြေကြားချက်။

နေ့စွဲ့။ ။၃၀ ရက်၊ဇန္နဝါရီလ၊၂၀၁၂ ခုနှစ်။

ရခိုင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဌ ဒေါ်စောခင်တင့် ၊ဒုဥက္ကဌ ဦးသန်းမောင်၊ အတွင်းရေးမှူး
ဦးလှမြင့် အပါအဝင် ရခိုင်တိုင်းရင်းသား ၁၆၀၀၀ ကျော်အမည်နှင့်လက်မှတ်ပါသူများအားပထမဆုံး
မေးခွန်းတစ်ခုလောက်မေးချင်တာက-

ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးနှစ်မျိုးစလုံးကိုရောပြီ်း ARAKAN လို့ဘယ်သူတွေကခေါ်တာလဲ?ဆိုတာပါဘဲ။
ကမ္ဘာ့သမိုင်းသုတေသီများရဲ့အဆိုအရတော့ ARAKAN ဆိုတာဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ခေတ် (အာဏာရှင်ခေတ်) ကပြောင်းပေးလိုက်တဲ့ ယခုရခိုင်ပြည်ကိုခေါ်တာလို့ အားလုံးကသိကြပါတယ်။
အာဏာရှင်မတိုင်ခင်ကတော့ ယခုရခိုင်ပြည်ကို ARAKAN ပေါ့။အဲဒီ ARAKAN ဒေသမှာနေတဲ့လူတွေအား
လုံးကို ARAKANESE ပေါ့။ဒါရှင်းပါတယ်။ ARAKAN မှာနေတဲ့လူဟာ ARAKANESE ဖြစ်ရမှာပေါ့။
BURMAမှာနေတဲ့လူတွေကို BURMESE လို့ခေါ်သလိုပေါ့။

ဒါပေမဲ့ရိုဟင်ဂျာတွေကရိုဟင်ဂျာဆိုတဲ့နာမည်အပြင် ARAKANNYA လို့သုံးကြတာတော့ရှိပါတယ်။အဓိပ္ပါယ်ကတော့ ARAKAN မှာနေတဲ့လူလို့ပြောကြတာပါဘဲ။

အားလုံးသိထားတာကလဲအာရ်ကန်မှာရခိုင်လူမျိုးတစ်မျိုးတည်းနေနေကြတာမဟုတ်ဘူးဆိုတာပါဘဲ။ဒါကြောင့်ရခိုင်လူမျိုးတစ်မျိုးတည်းကိုဘဲARAKAN,ARAKANESEလို့ခေါ်တယ်ဆိုရင်………………”မရှိကိုအရှိလုပ်၊အရှိကိုမရှိလုပ်၊” တတ်တဲ့ အင်မတန်မှသေးနုပ်သိမ်ဖျင်းတဲ့အယူသည်းမှုရှိနေတဲ့ လူမျိုးကြီးဝါဒကို လက်ကိုင်စွဲထားတဲ့ တစ်ပါတီအာဏာရှင်စနစ်၊စစ်အာဏာရှင်စနစ်ကိုအားပေးထောက်ခံထားနေဆဲဖြစ်တဲ့ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေဘဲ ဖြစ်မယ်လို့ထင်ပါတယ်။

Read More here
Download here











First Weekly, Vol 1, No.11 မှာတပတ်အရင်က မေသဒ္ဓါရေးသားဖေါ်ပြထားတဲ့ “ရိုဟင်ဂျာ
ဟာ ရခိုင်လူမျိုးနဲ့ မဆိုင်ပါဘူးဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ထုတ်ပြန်ကြေညာ”
ဟူသောသတင်းဆောင်းပါး



ကိုလိုနီခေတ်နှောင်းပိုင်းဆိုသည်မှာ၁၉၄၈ခုနှစ်နှောင်းပိုင်းကိုဆိုလိုခြင်းဖြစ်၍ပါလီမန်ခေတ်အတွင်းဆိုသည်မှာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

မောင်းတော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား ၊  စစ်တွေရမ်းဗြဲနှင့်ကျောက်ဖြူ မြို့များတွင်နေထိုင်သူများမှာ ရိုဟင်ဂျာလူမျိုးများဖြစ်ကြသည်။ သို့သော်သံတွဲမြို့တွင်နေထိုင်သူများမှာ ကမန် လူမျိုးများဖြစ်ကြသည်။

Wikimyanmar ၌အစပိုင်းတွင် ရိုဟင်ဂျာလူမျိုးများကို ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ်အတွင်း တရားမ၀င်အခြေချသူများဟုရေးသားထားသည်။ တဖန် “အဆိုပါ ဘင်္ဂလီလူမျိုးတို့ကို ရခိုင်ဘုရင်အဆက် ဆက်၊ အစိုးရအဆက်ဆက်နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့ချေ” ဟုရေးသားထားပြန်သည်။ ဤသည်မှာ Wikimyanmar သည် ရိုဟင်ဂျာလူမျိုးတို့် ရခိုင်ပြည်၌ ၁၇၈၄ ခုနှစ်မတိုင်မီကတည်းက နေထိုင်လာခဲ့သော လူမျိုးများဖြစ်သည်ဟု သက်သေခံပေးသည့်အထောက်အထားတစ်ခုဖြစ်သည့်အတွက် စာရေးသူမှ ကျေးဇူးတင် မိပါသည်။ 

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးရှိခဲ့ရာတွင် ရိုဟင်ဂျာလူမျိုးပါဝင်ခဲ့သည်ကို ရေးသားထားသည့် အတွက်လည်း မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများတွင်ရိုဟင်ဂျာလူများပါဝင်သည်ကိုထပ်မံ၍သက်သေခံပေး ခြင်းဖြစ်သည်။

ဦးနုလက်ထက်၌ မဲပေးခဲ့သူများအားလုံးမှာ အမျိုးသားမှတ်ပုံတင် ကပ်ပြား ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများဖြစ်ကြသည်စာရေးသူ၏အဖိုးအဖွားများကိုင်ဆောင်ခဲ့သောထိုအမျိုးသားမှတ်ပုံတင်များကို စာရေးသူ ကိုယ်တိုင်မြင်ဖူးခဲ့သည်။ ထိုအမျိုးသားမှတ်ပုံတင်များကို၁၉၇၈ခုနှစ်တွင်အာဏာရှင်ဦးနေ၀င်းမှ နဂါးမင်းစီမံ ချက်ဖြင့် ဦးစိန်လွင်အားဦးစီးစေပြီး တအိမ်တက်တအိမ်ဆင်း၍ မတရားသိမ်းစေခဲ့သည်။ ထိုသို့အသိမ်းခံရသော သူများမှာ ယခုထိအသက်ရှင်နေထိုင်လျက်ရှိသည်ထိုအချိန်၌အစိုးရအမှုထမ်းအချို့၏ အမျိုးသားမှတ်ပုံတင် များကိုသာ မသိမ်းဆည်းဘဲ ချန်ခဲ့သည်။ 

ရိုဟင်ဂျာလူမျိုးတို့ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်များအား မတရားသိမ်းပိုက်၍ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၁ ခုနှစ်များတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ဒုက္ခသည်ဘ၀သို့ရောက်နေရခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင်လည်း ထိုဒုက္ခသည်များကို နိုင်ငံတွင်းသို့ ပြန်လည် ခေါ်ခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင်လည်း အချို့ကိုပြန်လည်ခေါ်ခဲ့ရသည်။ ထိုကဲ့သို့ပြန်လည်ခေါ်ခဲ့ရခြင်းသည် ထိုရိုဟင်ဂျာလူမျိုးတို့သည် မြန်မာနိုင်ငံသားများဖြစ်သောကြောင့်ဖြစ်သည်။ အချို့မှာ ယခုအချိန်ထိ မဲဆောက် နှင့်အခြားနေရာများတွင်သောရှိသော ဒုက္ခသည်များနည်းတူ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် နေထိုင်နေရ ပါသည်။ ထိုသို့နေထိုင်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများပေးသော ဒုက္ခများကိုနေ့စဉ်ရက်ဆက်ခံစားနေကြ ရသည်။ 

ရခိုင်ဘုရင်အဆက်ဆက်တွင်ရှိနေခဲ့သောသူများအဖြစ် Wikimyanmar မှသက်သေခံပြီးဖြစ်သည့်အတွက် ဗြိတိသျှကိုလိုနီခေတ်တွင် တံခါးမရှိဝင်လာသည့်ကိစ္စကို စာရေးသူမှရှင်းလင်းရန်မလိုအပ်တော့ပါ။

ရိုဟင်ဂျာလူမျိုးတို့သည် မြန်မာပြည်မမှခွဲထွက်ရန် မည်သည့်အခါမှ မတောင်းဆိုခဲ့ပါ။ မေယုခရိုင်ကို ပြည်မနှင့် တွဲ၍အုပ်ချုပ်ရန်တောင်းဆိုခဲ့ခြင်းသည် အလွန်အရေးကြီးသော သက်သေအထောက်အထားဖြစ်သည်။ 

ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးသည် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများအချို့တွင် အခြေချ၍ မိမိတို့၏ ဆုံးရှုံးသွားသော နိုင်ငံသားရပိုင်ခွင့်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်၎င်း၊ အခြားသောတိုင်းရင်းသားအဖွဲ့ အစည်းများနှင့်၎င်း ပူးပေါင်း၍ ငြိမ်းချမ်းစွာတောင်းဆိုနေခြင်းဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ လက်နက်ကိုင် ဆောင်၍ နယ်စပ်ဒေသတွင် ဒေသတွင်းစိုးရိမ်ရအောင် တိုက်ခိုက်နေခြင်းမရှိပါ။ 

ရိုဟင်ဂျာဒုက္ခသည်များသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရစဉ် အိမ်ထောင်ဘက် မြောက်မြားစွာရှိ သည်ဟူသောစွပ်စွဲချက်ကို စာဖတ်သူတို့မှ ချင့်ချိန်၍ စဉ်းစားလျှင်အဖြေထွက်မည်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် တွင်ဒုက္ခသည်များ မည်ကဲ့သို့နေထိုင်နေရသည်ကို Youtube ရှိ ဗီဒီယိုများမှတဆင့် စာဖတ်သူများလေ့လာနိုင် ပါသည်။ ယခုအခါ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၌ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ရခိုင်ပြည်သားဗုဒ္ဓ ဘာသာဝင်များကပင် စာရေး၍ Statement ထုတ်နေရသည့်ကာလဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးတို့၏ လက်ထပ်ခွင့်ကို ကန့်သတ်ထားသော်လည်း၊ ထိုကဲ့သို့ စွပ်စွဲပြောဆိုနေခြင်းမှာ ရိုဟင်ဂျာလူမျိုးတို့၏ ဂုဏ်သိက္ခာညိုးနွမ်းအောင် ပြုလုပ်နေခြင်းမှလွဲ၍ အခြားသောရည်ရွယ်ချက်မရှိသည်မှာ သိသာထင်ရှားပါသည်။ မွေးဖွားလာသော ကလေးငယ်များကို အိမ်ထောင်စုစာရင်းထဲ ထည့်မပေးဘဲ ၄င်းတို့၏ဘ၀ကိုပင် နိုင်ငံမဲ့ဘ၀သို့ စနစ်တကျပို့နေသည့်အချိန်တွင် မျိုးဆက်ပွားမှု မြင့်မားမည်လော။ ရှေးခေတ်များတွင် မြန်မာနိုင်ငံအနှံ့အပြား၌ မျိုးဆက်ပွားမှုမြင့်မားခဲ့ပါသည်။ စာဖတ်သူမှ မိမိ ၏အဖိုးအဖွားများ၌ မောင်နှမဘယ်နှစ်ဦး ရှိခဲ့သည်ကို ပြန်လည်ဆန်းစစ်လျှင် အဖြေကိုသိရှိမည်ဖြစ်သည်။ စီးပွားရေး ကျပ်တည်းနေသော မြန်မာနိုင်ငံတွင် ယခုအခါ မည်သူမဆိုမျိုးဆက်ပွားမှုကို ထိန်းချုပ်လျက်ရှိသည်။ 

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအားလုံးမှာ တရွာမှတရွာသို့သွားလျှင် ခရီးသွားခွင့်ပါမစ်တင်ပြီးမှ ခရီးသွားခွင့ှ် ရှိသည်။ ထိုသို့အခြေအနေကြောင့် ဆေးဝါးအချိန်မှီမကုသရဘဲ အသက်ဆုံးရှုံးခဲ့သူများမနည်း တော့ပါ။ ရိုဟင်ဂျာတို့မှာ ယခင်ခေတ်ကဲ့သို့ အစိုးရ၀န်ထမ်းလုပ်ခွင့်လည်းမရကြတော့ပါ။ ဤကဲ့သို့အခြေအနေ တွင် ရန်ကုန်မြို့သို့သွား၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်မှာ အိပ်မက်ပင်မမက်နိုင်ကြပါ။ ထို့ကြောင့် ယခုအခါ စားဝတ်နေရေးကို ဖြေရှင်းရန် အသက်စွန့်၍ စက်လှေများဖြင့် ပင်လယ်ပြင်ကိုဖြတ်၍ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများသို့ရောက်ရန်ကြိုးစားနေကြရသည်။ အများစုမှာ ပင်လယ်ပြင်တွင် အစာရေစာငတ်ပြတ်၍ တဖုံ၊ မုန်တိုင်းဒဏ်ကြောင့်တမျိုးဖြင့် လမ်းခရီးတွင်ပင်အသက်ဆုံးရှုံးနေရပါသည်။ ထိုနိုင်ငံများတွင် ရိုဟင်ဂျာများ သာမက အခြားသောမြန်မာနိုင်ငံသားများ သိန်းဂဏန်းနှင့်ရှိပါသည်။ ထိုသို့စွန့်စားသွားနေသော မြန်မာနိုင်ငံသား မြောက်မြားစွာရှိပါသည်။ 

ဤသည်ကို ရှက်ဖွယ်ကိစ္စသဖွယ်ရေးသားရန်မလိုအပ်ပါ။ မြန်မာနိုင်ငံ၏   နိုင်ငံရေးနှင့်စီးပွားရေးအကျပ်အတည်းတို့ကြောင့်သာဖြစ်သည်။ 

Wikimyanmar တွင်ရိုဟင်ဂျာလူမျိုးအကြောင်းရေးသားသူသည် Racist တစ်ယောက်သာဖြစ်ပြီး နိုင်ငံတကာ တွင်အခြေချ၍ အတိုက်အခံအဖြစ်ရပ်တည်နေသော အဖွဲ့အစည်းများ၊ မြန်မာတိုင်းရင်းသားတို့၏ သဘောထား ကိုသိလျက်နှင့် တဖက်သတ်ရေးသားထားခြင်းဖြစ်ပြီး၊ အခြားသောတိုင်းရင်းသားများ၊ ကမန်လူမျိုးများ၊ မြန်မာမွတ်စလင်မ်များနှင့် အငြင်းပွားအောင်ရန်တိုက်ပေးထားသော ရေးသားချက်များကို စာရေးသူမှတုန့်ပြန် ရန်ဆန္ဒအလျင်းမရှိဘဲ၊ မည်သည့်မြန်မာနိုင်ငံသားနှင့်မဆိုပူးပေါင်း၍ နိုင်ငံတော်၏ အရေးများအားလုံးကို အခြား သောနိုင်ငံသားများနည်းတူ ရိုဟင်ဂျာလူမျိုးတို့လည်း ၀ိုင်းဝန်းဆောင်ရွက်ရန်ဆန္ဒသာရှိပါကြောင်း သိစေအပ်ပါ သည်။ 

စာရေးသူသည် ရိုဟင်ဂျာအဖွဲ့အစည်းများ၊ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းများနှင့်တွဲဖက်၍ လှုပ်ရှားနေသော Activist တစ်ဦးဖြစ်သည်။ ဆက်သွယ်လိုပါက - rohingya@gmail.com

________________________________________________________________

Wikimyanmar တွင်ရေးသားချက်



ဦးနေဝင်း(မဆလ) အစိုးရက တိုင်းရင်းသားလူမျိုးစု (၁၄၄)မျိုးရှိရာမှ (၈)မျိုးဖြုတ်ချခဲ့ရာ ရိုဟင်ဂျာ(ဘင်္ဂလီ)လူ မျိုးလည်း အပါအ၀င်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အဆိုပါလူမျိုးစုတို့ သည် ကိုလိုနီခေတ်နှင့် ပါလီမန်ခေတ်ဦးတွင် ရခိုင်ဒေသသို့ အလုံးအရင်း ခိုးဝင်အခြေချနေထိုင်ခဲ့သည့် စစ်တကောင်းနှင့်အရှေ့ ဘင်္ဂေါဒေသ(ဘင်္ဂလားဒေ့ရှ်)မှ ဘင်္ဂလီနိုင်ငံခြားသားများဖြစ်သောကြောင့်ဖြစ်သည်။အဆိုပါလူမျိုးစုတို့ သမိုင်းအထောက်အထားမျိုးစုံဖန်တီးက တိုင်းရင်းသားအဖြစ်တောင်းဆိုခြင်း၊သီးခြားပြည်နယ်တောင်းဆိုခြင်းတို့ ကို လုပ်ဆောင်နေသော်လည်း ယခုဒီမိုက ရေစီ ထွန်းကား နေသော ပါတီစုံစနစ်အောက်တွင် တိုင်းရင်းသား ဆိုသောဝေါဟာရ ၏အဓိပ္ပါယ် နှင့် ဥပဒေ နှင့်သမိုင်းအထောက်အထား၊လူ့အခွင့်အရေး အရ တိုင်းရင်း သားဖြစ် မဖြစ် ပြည်လွှတ်တော် တွင် အဆုံး အဖြတ်ပေး ရလိမ့်မည်ဖြစ်သည်။့

အဆိုပါလူမျိုးစုသည် ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ်အတွင်း ရာသီဥတုဆိုးရွားသော စစ်တကောင်းမြစ်ဝကျွန်းပေါ်ဒေသမှ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊မြောက်ဦး၊ရသေ့တောင်၊မင်းပြား၊စစ်တွေ၊သံတွဲနှင့် ရမ်းဗြဲ၊ကျောက်ဖြူဒေသများသို့  တစစစိမ့်ဝင်ပြောင်းရွေ့ လာသော များပြားသည့် တရားမ၀င်ခိုးဝင်အခြေချသူများဖြစ်ကြသည်။ဖဆပလ၏ ပါလီမန်ရွေးကောက်ပွဲကာလအတွင်း ရခိုင်ဒေသမဲဆန္ဒနယ်တွင် အသာစီးမရခဲ့သည့် နိုင်ငံတော် ၀န်ကြီးချုပ်ဦးနု၏ မဲနိုင်ရန်ကြိုးပမ်းမှုတစိတ်တဒေသအဖြစ် အဆိုပါ နိုင်ငံခြားသားများအား မဲပေးခွင့်ပြုခဲ့သည်မှ အစပြု၍ အဆိုပါလူမျိုးစုတို့ ၏ မြန်မာနိုင်ငံအပေါ်ခြေကုပ်ယူမည့် မျှော်လင့်ချက်တို့ ကို ပိုမိုရင့်သန်စေခဲ့သည်။ရခိုင်ဘုရင်များလက်ထက်ကတည်းက အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတို့ ကို ဌာနေတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း အဆိုပါ ဘင်္ဂလီလူမျိုးတို့ ကို ရခိုင်ဘုရင်အဆက်ဆက်၊အစိုးရအဆက်ဆက် နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့ချေ။ဗြိတိသျှကိုလိုနီအဖြစ် အိန္ဒိယနှင့်မြန်မာပြည်ကို တပေါင်းတည်းအုပ်ချုပ်ခဲ့စဉ်ကာလက တံခါးမရှိ၊ဓားမရှိဝင်ထွက်သွားလာခွင့်ရခဲ့သည်ကို အခွင့်အရေးယူ၍ မြေလွတ်မြေရိုင်းနှင့် သဘာဝအရင်းအမြစ်ပေါကြွယ်လှသည့် ရခိုင်ဒေသသို့ ပြောင်းရွေ့ အခြေချခဲ့ကြသည့် အဆိုပါလူမျိုးတို့ သည် မျိုးဆက်တစ်ဆက်နှစ်ဆက်ဖြတ်သန်းပြီးနောက် အဆိုပါဒေသကို သူတို့ ၏ ကိုယ်ပိုင်ဒေသအဖြစ် အစ္စလာမစ်ဥပဒေကျင့်သုံး၍ အုပ်ချုပ်ခွင့်ရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာသောအခါ ဒေသခံ ရခိုင်လူမျိုးတို့ နှင့် များစွာသောပဋိပက္ခတို့ ကို ဖြစ်ပွားစေခဲ့သည်။ယခုတိုင်ခွဲထွက်ရေးအတွက် လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြသည့် အစုအဖွဲ့ တို့ ရှိနေသကဲ့သို့  အနောက်နိုင်ငံများတွင် ပြောင်းရွေ့ အခြေချကာ အာရပ်အုပ်စု၏ထောက်ပံ့မှုဖြင့် ဒေသတွင်းမတည်ငြိမ်မှုများစွာကိုဖန်တီးကာ နိုင်ငံရေးနည်းဖြင့် ခွဲထွက်ရေးကိုဖန်တီးအားထုတ်နေကြသည့် ပုဂ္ဂိုလ်အများအပြားလည်း ရှိနေကြသည်။အဆိုပါပုဂ္ဂိုလ်တို့ ကြောင့် နိုင်ငံတော်အစိုးရက နဂါးမင်းစစ်ဆင်ရေးကိုဆင်နွှဲကာ တရားမ၀င်နိုင်ငံခြားသားများကို မောင်းထုတ်ခဲ့ရသည်။သို့ သော် ထိုလူမျိုးစု၏မူလဇစ်မြစ်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံသားအဖြစ်အသိအမှတ်မပြုသောအခါ နိုင်ငံမဲ့လူမျိုးများအဖြစ် ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် ယခုတိုင်အခြေချနေထိုင်နေကြရသည်။.ခုချိန်ထိ မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံသားအဖြစ်အသိအမှတ်ပြုမခံရသည့် ဘင်္ဂလီဦးရေ တစ်သန်းခွဲခန့် ဆက်လက်ကျန်ရှိနေသေးသည်။အဆိုပါလူမျိုးစုတို့ ၏ အိမ်ထောင်ဘက်မြောက်မြားစွာယူခြင်း၊မျိုးဆက်ပွားမှု မြင့်မားခြင်းတို့ ကြောင့် ဒေသတွင်း လူဦးရေမှာ တစ်နှစ်ထက်တစ်နှစ်အဆမတန်မြင့်တက်လျှက်ရှိနေသည်။လူဦးရေထူထပ်လာခြင်းကြောင့် အသက်မွေးဝမ်းကျောင်းရန် ခက်ခဲလာသည့်အတွက် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဘင်္ဂလီတို့ သည် ကပ္ပလီပင်လယ်ပြင်ကိုဖြတ်သန်း၍ မလေးရှားနိုင်ငံနှင့် သြစတြေးလျှ၊နယူးဇီလန်စသည့် နိုင်ငံများသို့  သက်စွန့် ဆံဖျား ဒုက္ခသည်အဖြစ်လျှောက်ထားရန် ခိုးဝင်လျှက်ရှိနေကြသည်။တဘက်တွင်လည်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းများ၏ လာဒ်ပေးလာဒ်ယူမှုဖြင့် မြန်မာနိုင်ငံသားဖြစ်လာသူ အမြောက်အမြားရှိနေဆဲဖြစ်သည်။အစ္စလာမ်ဘာသာကို ကိုးကွယ်ခြင်းကြောင့် မဟုတ်ပဲ အဆိုပါလူမျိုးစုတို့ ၏စရိုက်သဘာဝနှင့် ခေတ်အဆက်ဆက်တင်ရှိခဲ့သော လူမျိုးရေးရန်ငြိုးများကြောင့် ရိုဟင်ဂျာပြသနာသည် ရခိုင်ဒေသ၏တည်ငြိမ်အေးချမ်းရေးကို အဆိုးဆုံးခြိမ်းခြောက်နေသော အမျိုးသားရေးပြသနာဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများကဆိုကြသည်။ယနေ့ ချိန်ထိ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များဖြစ်သော ကမန်လူမျိုးစုများနှင့် မြန်မာပြည်မရှိ မြန်မာမူဆလင်လူမျိုးများကိုယ်တိုင် အဆိုပါလူမျိုးစုကို မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုခြင်းမရှိသေးချေ။

ရည်ညွှန်းကိုးကား

၁။-(၁၈-၇-၁၉၆၁)ခုနေ့ထုတ်တပ်မတော်ခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၆)၊စာ(၃၂-၅၈) ၂။-(၈-၈-၁၉၆၁)ခုနေ့ထုတ်တပ်မတော်ခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၉)၊

၃။-တိုင်းရင်းသားလူမျိုးးစုပါတီသတင်းလွှာ(ကင်းလွှတ်ခွင့်အမှတ်-န/သ – ၀၈၅) ၊၃၁-၁၂-၁၉၈၉ ၄။-ရခိုင်ရာဇ၀င် ။ အောင်သာဦး ၅။-စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု ၆။-အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅ ၇။-မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅ ၈။မင်းရာဇာကြီး(mornrazagree.blogspot.com) ၉။anti-rohingha.blogspot.com



Read More in PDF here
Download here





မြန်မာ့စွယ်စုံကျမ်းနဲ့ ရိုဟင်ဂျာ (Rohingya in Myanmar Encyclopedia)

မြန်မာ့ သမိုင်းမှာ မက်ခရာ မင်းသားကြီးဆိုတဲ့ အမည်နဲ့ မင်းသားနှစ်ပါးရှိပါတယ်။ မြန်မာ့ အဘိဓါန်ကို ချားလ်လိန်း နဲ့ အတူ ပြုစုခဲ့တဲ့ မင်းသားကြီးက ပထမ မက်ခရာ မင်းသားကြီး ဖြစ်ပါတယ်။ ဘိုးတော်ဘုရား (ဗဒုံမင်း) နဲ့ မြောက်နန်းမိဖုရား သီရိမဟာ ရတနာဒေ၀ီတို့က နေ ၁၁၅၃ ခုနှစ် နတ်တော်လဆန်း ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ ငယ်နာမည် မောင်ဖြိုးလို့ ခေါ်ပြီး အလောင်းမင်းတရားကြီးနဲ့ ရုပ်ချင်း ဆင်တယ်လို့ ဆိုကြပါတယ်။ စာပေကို အလွန်တရာ လိုက်စားခဲ့ပြီး ကျမ်းပေါင်း ၂၀၀ ကျော်ကို မြန်မာဘာသာကို ပြန်ဆိုခဲ့ပါတယ်။

 Download PDF :(9A)  Click here





Click on Image to View Larger









လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights – (လူ့အခွင့်အရေး) ကိုတန်ဖိုးထားရာ ရောက်ပါမည်၊ Human Rights သည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် အဓိကအခြေခံကြသော မရှိမဖြစ်အချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် Human Rights ကို လေ့ကျင့်မှု၊ တန်ဖိုးထားမှု အားနည်းသော စစ်အစိုးရလက်အောက်ရှိ ကျနော်တို့ မြန်မာလူမျိုးများသည်လည်း အနဲနှင့်အများ Human Rights ၏ တန်ဖိုးကို အပြည့်အဝနားမလည်ကြပါ။ ယ္ခုအချိန်သည် မြန်မာလူမျိုးများ အားလုံးအတွက် မျက်စိဖွင့် နားပွင့်၍ လူမျိုးဘာသာမရွေး အတူလက်တွဲရတော့မည့် အချိန်ဖြစ်ပါသည် သို့မဟုတ်ပါက စစ်အစိုးရ၏ သွေးခွဲ၊ မှိုင်းတိုက်၊ သွတ်သွင်းခြင်း၌ ဆက်လက်၍ ဝဋ်ခံနေရဦးပေမည်။

နောက် အဓိကအချက်တစ်ရပ်သည် ဘာသာရေးသွေးခွဲမှုဖြစ်ပေသည်။ နအဖ၏ နိုင်ငံတော်မတည်ငြိမ်အောင်ဖန်တည်းရေးမူတွင် ထိုအချက်သည် အရေးအပါဆုံးနှင့်အထိရောက်ဆုံး လက်နှက်ဖြစ်ပေသည်။ ယ္ခု ထိုလက်နှက်ကို နအဖ မှ အပူတပြင်းအသုံးပြုနေပါသည်။ အထူးသတိပြုကြပါ။ ဘာသာရေးအဓိကရုဏ်းကို ဖော်ဆောင်နေပါသည်။ အထူးသဖြင့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်ဆလင်ဘာသာဝင်များ အတွက်ဖြစ် အထူးသတိရှိကြပြီး အမြင်ကျယ်ကျယ်ဖြင့် နားလည်မှုရယူ၍ ဘာသာရေးအစွန်းမရောက် ကြစေလိုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်များအတွက်လည်း အထူးတိုက်တွန်းလိုသည်မှာ မြတ်ဗုဒ္ဓဘုရားသည် မေတ္တာတရားနှင့်သာ လူသားများကိုကယ်တင်ခဲ့ပါသည် တခြားဘာသာကို မုန်းတီးပါဟု မဟောကြားခဲ့ပါ။ ယ္ခုအချိန်သည် နအဖစစ်အစိုးရကိုသာ အဓိကထားတိုက်ခိုက်ကြပါ၊ တိုင်းရင်းသားအချင်းချင်း ဘာသာအချင်းချင်း လူမျိုးအချင်းချင်း တိုက်ခိုက်ရမည့်အချိန်မဟုတ်ပါ။ ကျတော်တို့စည်းလုံးမှ အောင်ပွဲရပါမည်။ စည်းလုံးကြပါ။ ညီညွတ်ကြပါ။

အမြင်မရှင်းသည်များရှိပါက ရှင်းလင်းမှုရှိစေရန်ရည်ရွယ်၍ အောက်ပါသတင်းအချက်အလက်များကို သတင်း ရက်စွဲ အတိအကြဖြင့်ဖော်ပြထားသော ခွပ်ဒေါင်းသွေး မှ ရယူ၍ ထက်မံမျှဝေလိုက်ရပါသည်။





မြန်မာစစ် အစိုးရ သည် ယခုကာလအတွင်းဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာ ဒုက္ခသည်များ အရေးနှင့်ပါတ်သက်၍ ရိုဟင်ဂျာလူမျိုးတို့သည်မြန်မာတိုင်းရင်းသားလူမျိုးစုမဟုတ်ပါ ၊ ရိုဟင်ဂျာ များ သည် မြန်မာပြည် နှင့်မသက်ဆိုင် ကြောင်း ကို နိုင်ငံပိုင်မီဒီယာများမှ ခါးခါးသီးသီး ငြင်းဆန် ခဲ့သော်လည်း မြန်မာနိုင်ငံ သမိုင်းအဆက်ဆက်တွင် ရိုဟင်ဂျာ များအားမြန်မာအစိုးရတို့  က တိုင်းရင်သား လူမျိုးစုတခု အဖြစ် အသိ အမှတ်ပြုခဲ့သည်များ ရှိခဲ့ပါသည်…။


>


မြန်မာပြည်အတွင်းတွင် ဘိုးတော်ဘုရား လက်ထက်ကပင် အခြချနေထိုင်လာခဲ့သော ရိုဟင်ဂျာ လူမျိုး တို့ သည် ရခိုင်ပြည်လူဦးရေ၏ ထက်ဝက်နီးပါးရှိသည်။ ထို့အပြင် ( ၁၉၄၇-၁၉၇၄ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရလည်းကောင်း ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်တည်မှု့ ဥပဒေ နှင့်  ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေများအရ ရိုဟင်ဂျာလူမျိုးများသည် ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံအတွင်းပင်မနိုင်ငံအဖြစ် အခြေချနေထိုင်ခဲ့သော လူမျိုးစု များဖြစ်ခဲ့သည်ကို အတည်ပြု ပြောဆိုနိုင်ပါသည်…။ နိုင်ငံသား ၊ တိုင်းရင်းသားလူမျိုးစု ဖြစ်ခြင်းသည် ကိုးကွယ်မှု့  ၊ ယုံကြည်မှု့  ၊ ဘာသာစကား ၊ အရုပ်သဏ္ဍန် ၊ အမျိုးအနွယ်တို့နှင့် မသက်ဆိုင်ပဲ ရှေးအစဉ်အဆက် အခြေချနေထိုင်ခဲ့သော နိုင်ငံတခုအတွင်းရှိဒေသ နှင့်  သာသက်ဆိုင် သည်ဟု သမိုင်းစာအုပ်အချို့တွင်ဖော်ပြထားပါသည် ။


ကိုလိုနီနယ်ချဲ့ ခေတ်တွင် ရိုဟင်ဂျာ များအား အစိုးရပြန်တမ်းများတွင် မွတ်စလင် ၊ မဟာမေဒင် အစရှိသည်ဖြင့်ဖော်ပြခဲ့သည် ။ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးခရီးစဉ်အဖြစ် ၁၉၄၆ ခုနှစ် မတ်လ တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ရာ ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် တွေ့ ဆုံ ခဲ့ပြီး တိုင်းရင်းသားလူမျိုးများအခွင့်အရေးများအပြည့်အ၀ပေးမည်ဟုကတိက၀တ်ပြုခဲ့သည်များရှိခဲ့သည်။


မြန်မာ့တော်လှန်ရေးသမိုင်းများတွင်လည်း တော်လှန်ရေးကာတလျှောက် လက်တွဲပါဝင်ခဲ့သူ ရိုဟင်ဂျာ လူမျိုးတော်လှန်ရေးသမားတဦးဖြစ်သည့် ရွှေဓါး ကာဇီ (ခ) မင်းပြား သည် ချင်းပျံ နှင့် အတူ လက်တွဲ ကာတော်လှန်ခဲ့သည် ။ စစ်တွေမြို့တွင်လည်း ရိုဟင်ဂျာ အမျိုးသားဆရာကြီး ဦးဇိုင်နဒိန် က ဦးဆောင်ပြီး အမျိုးသားကျောင်းတကျောင်းဖွင့်လှစ်ကာ နယ်ချဲ့တော်လှန်ရေးအတွက် အမျိုးသားရေးစိတ် နိုးဆွပေးခဲ့သော အမျိုးသားကျောင်း တကျောင်း တည်ထောင်ခဲ့သည် ။


သို့သော်လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းတွင် ရိုဟင်ဂျာ များအား နိုင်ငံရေး ၊ လူမှု့ရေး ၊ စီးပွားရေး တို့ တွင် နိုင်ငံတော်မှ လစ်လျှုရှု့ ခံထားံရမှု့ကြောင့် ( မူဂျာရစ် ) သူပုန်များအမည်ခံကာ ( ဗ-က-ပ ) ( ကရင် ) တို့ နှင့် မရှေးမနှောင်းမှာပင်သူပုန်ထကြွခဲ့ပါသည်။နောက်ပိုင်းတွင် နိုင်ငံခေါင်းဆောင်များက ရိုဟင်ဂျာ များအား အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့် အရေးများပေး မည်ဆိုသော ကတိက၀တ်ကြောင့် ( ၁၉၆၁ ) တွင်တယောက်မကျန်လက်နက်ချကာ ပြည်ထောင်စုအပေါ် သစ္စာရှိခဲ့ကြသည် ။


ထိုအပြင် ဒိုင်အာခီခေတ်မှမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အထိ ခေတ်အဆက်ဆက်တွင် ပါလီမန် နှင့်ပြည်သူ့လွှတ်တော်များတွင်ကိုယ်စားပြုခွင့်  ရခဲ့သည် ။ ပ-ထ-စ ခေတ် တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှာ တင်မြှောက်လိုက်သော ကိုယ်စားလှယ်တဦးသည် ၀န်ကြီးရာထုး အထိရခဲ့ဘူးသည် ။ ရိုဟင်ဂျာ အမျိုးသားများထဲမှ လည်း ပါလီမန်အတွင်းဝန်များအထိရှိခဲ့ ဘူးသည်ဟု မှတ်တမ်းများ အရ သိရှိခဲ့ရပါသည်။


ထိုအပြင် ပြည်ထောင်စုနေ့  အခန်း အနားများတွင် ရိုဟင်ဂျာရိုးရာပွဲများ ခင်းကျင်ပြသခွင့် ရခဲ့ပြီး


( ၁၉၆၀ )ပြည့်နှစ်ပြည်ထောင်စုနေ့ အခန်းအနားကို အောင်ဆန်းအားကစားပြိုင်ဝင်း အတွင်းပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှု့ ပြပွဲပြိုင်ပွဲတခုဖြစ်သော ကျင်ပွဲ ကို ကျင်းပပြုလုပ်ခွင့် ရခဲ့ပါသည် ။ ၎င်း ကျင်ပွဲတွင်ပါဝင်ခဲ့သော ကျင်သန်များမှာ-


( ၁) ကျင်သန် ဦးဟာကိမ်အလီ
မှတ်ပုံတင်အမှတ် - AK – ၀၄၂၉၅၇
ဇင်ပိုင်ညှာရွာ ၊ မောင်းတောမြို့  ။


( ၂ ) ကျင်သန် ဦးမာမတ် ဟူဆင်
လောင်းဒုံ ၊ အလယ်သံကျော် ကျေးရွာ ၊မောင်းတောမြို့ တို့ဖြစ်ကြပါသည် ။





ထို့နောက် မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ရိုဟင်ဂျာ ဘာသာ စကားကို နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ( ၅ ) နှစ်တိုင်တိုင် အသံလွှင့်ခွင့်ပြုခဲ့သည် ။


မြန်မာအသံမှ ရိုဟင်ဂျာ ဘာသာစကားထုတ်လွှင့်မှု့  ကို ( ၁၉၆၁ ) ခုနှစ် မေလ ( ၁၅ ) ရက်နေ့  ညနေ ( ၅း ၃၀ ) မှစတင်ကာ လှိုင်းတိုမီတာ ၆၂ .၆၇ နှင့် ၂၆ . ၁၇ တို့ မှ ရိုဟင်ဂျာဘာသာဖြင့် တိုင်းရင်းသားအသံလွှင့်အစီစဉ်များတွင် တပါတ်လျှင် သုံးကြိမ် ထုတ်လွှင့် ခဲ့ပါသည် ။





>


၁၉၅၉-၆၀ နှင့် ၁၉၆၀-၆၁ ပညာသင်နှစ်များတွင် ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူများအသင်းကို တက္ကသိုလ်အာဏာပိုင်များက ဖွဲ့ စည်းခွင့် ပြုခဲ့ပြန် သည် ကိုပုံပါအတိုင်းတွေ မြင်နိုင်ပါသည် ။


>


ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနမှ (၁၉၇၈) -ခုနှစ်ထုတ်မြန်မာနိုင်ငံ ပထ၀ီဝင် အထက်တန်းကျောင်းသုံးပြဌာန်းစာအုပ် ၊ စာမျက်နှာ ( ၈၆ ) ရှိ တိုင်းရင်းသားလူမျိုးများပြန့် နှံနေထိုင်ပုံပြ မြေပုံတွင် လည်း ရိုဟင်ဂျာ လူမျိုးတို့ ၏နေထိုင်ရာဒေသ ကိုလည်းထည့်သွင်းဖော်ပြခဲ့သည် ကိုမြင်တွေ့ နိုင်ပါသည် ။











အထက်ပါ သမိုင်းအချက်အလက်များ လေ့လာကြည့်ရှု့ခြင်းအားဖြင့်  လက်ရှိ စစ်အစိုးရ သည် ၎င်းတို့ အားထိပါးလာမည့်ပြသနာများအတွက်ဆိုပါမူ လူတဦးတယောက်ကို မဆိုထားနှင့်  လူမျိုးစု တစုလုံး ကို ပါ ဥပဒေမဲ့ မျက်ကွယ် ပြုမူတတ်သည် ကို မျက်ဝါးထင်ထင် တွေ့ မြင်နိုင်ပါပြီ ။ ပြည်သူတို့၏ အသက်အိုးအိမ်စည် ကို ကာကွယ်နိုင်စွမ်း လုံးဝမရှိသည့် အစိုးရဖြစ်ပါသည် ။ ထို့ ကြောင့်  မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုများ နှင့် ပြည်သူများသည် လက်ရှိပြုလုပ်နေသော စစ်အစိုးရ ၏ အာဏာတည်မြဲရေး အတွက် စည်းရုံးသွေးဆောင်နေမှု့ များကို လက်မခံပဲ လွတ်လပ်ပြီးတရားမျှတသော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာစေရေးအတွက် စည်းစည်း လုံးလုံး သိုက်သိုက် ၀န်းဝန်း ဖြင့် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့  ဟူ၍တိုက်တွန်း နိုးဆော်လိုက်ရပါသည် ။

link:http://bdcburma.wordpress.com/2009/02/06/မြန်မာသမိုင်းတွင်-ရိုဟင/

 ________________________________________________________________________

ရိုဟင်ဂျာအပါအ၀င်တိုင်းရင်းသားလူမျိုး ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့

တစ်ချိန်ကရိုဟင်ဂျာအပါအ၀င်တိုင်းရင်းသားလူမျိုး

( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့

အမှာစကား

လူတိုင်းတိုင်းသည်နိုင်ငံချစ်စိတ်ထားရှိရမည်။မိမိလူမျိုးကိုချစ်မြတ်နိုးသည်ဆိုပြီး လူမျိုးကို ခုတုံး လုပ်ပြီး တိုင်းပြည်မငြိမ် မသက်ပြု လုပ် သူသည် နိုင်ငံတော်သစ္စဖေါက်ဖြစ် သည်။ တိုင်း ပြည် တည်ငြိမ် အောင်၊ အန္တရယ် မ ရောက် စေရန်အကာအကွယ်ပေး ရန်နိုင်ငံသား တိုင်း တွင် တာဝန်ရှိသည်။ သမိုင်း အမှန်ကိုဖုံးကွယ်ပြီး လူမျိုးရေး ပုတ်ခတ် ပြော ဆို ကာဝါဒဖြန့်ချီခြင်း၊ ၀ပ်ဆိုဒ်အသီသီး မဟုတ် မမှန် လုပ်ကြံပြောဆို ရေးသားခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း စိတ် ၀မ်း ကွဲအောင်ဖန်တီးပြီး လူမျိုးရေး အဓိကရုဏ်းဖြစ် အောင် ဖန်တီး သူများ သည် နိုင်ငံတော် သစ္စဖေါက်များဖြစ် သည်။ တိုင်းချစ်စိတ်၊ နိုင်ငံချစ်စိတ်မရှိသူဖြစ်သည်။ဝပ် ဆိုဒ် အသီးသီး တွင် ရိုဟင်ဂျာ လူမျိုးနှင့်ပါတ်သက်၍ သမိုင်း အမှန်က ဖုံးကွယ်ပြီးမဟုတ်မမှန် လီဆယ် ရေး သားကာ တိုင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲအောင် လုပ်ပြီး လူမျိုးရေးပဋိပက္ခ ကုလားရခိုင် အဓိကရုဏ်းဖြစ်အောင် ပြသနာ ဖန်တီး နေခြင်းဖြစ်သည်။

ထို့ကြောင့်နိုင်ငံတော်ကချမှတ်သော မူဝါဒမှာ —

တို့တာဝန်အရေးသုံးပါး

ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး

တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး

အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး

ပြည်သူ့သဘောထား (၄)ခုအနက် ၂ ခု ဖြစ်သော

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်
တိုးတက်ရေးကိုနှောက်ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြ။

ပြည်တွင်းပြည်ပအဖျက်သမားများအားဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။

ထို့ကြောင်း ရိုဟင်ဂျာကိစ္စကိုအကြောင်းပြပြီး နိုင်ငံတော် ၏စည်းလုံးညီညွတ်မှုကို ပျက် ပြားသွားစေရန် လုပ်ကြံဖန် တီးနေသဖြင့် သမိုင်း ပညာရှင် များက ရိုဟင်ဂျာလူမျိုးနှင့်ပါတ် သက် ၍ မည်ကဲ့ သို့ရေး သား ဖေါ်ပြထား သည် ကို တိုင်းရင်း သား အားလုံးက သိရှိစေရန် နိုင်ငံတော် အပေါ် စေတနာမေတ္တာရှေ့ ထားပြီး အခုလို ရိုဟင်ဂျာအကြောင်းကို သမိုင်းအထောက် အ ထားနှင့် တကွ ရေးသား တင်ပြခြင်းဖြစ် ပါ သည်။ဝပ်ဆိုဒ်အသီးသီး`၌မဟုတ် မမှန်ရေး သားပြီးသွေး ထိုးလှုံ့ဆော် သူမှာဘင်္ဂလားဒေရှ်ဘက်မှာခိုးဝင် နေထိုင်သော အနောက်သား ဗုဒ္ဓဘာသာ ရခိုင် လူမျိုးများဖြစ် သည်။ ရခိုင်ပြည်အတွင်း ဘင်္ဂလားဒေရှ်ဘက် မှာခိုးဝင်နေ ထိုင်သော အနောက် သား ဗုဒ္ဓဘာသာ ရခိုင် လူမျိုး မှာ အနည်းဆုံးခန်းမှန်းခြေ ၃၅ % ခန့်ရှိ မည်ဖြစ်သည်။
ရခိုင်ပြည်တွင် ဘင်္ဂလားဒေရှ်မှနိုင်ငံခြားသား ရခိုင်လူမျိုးများ ၀င်ရောက်နေ ထိုင် အ ထောက် အထား တစ်ခု တင်ပြရလျှင် ယခင်ပြည်နယ် ပြည်သူ့ကောင်စီကောင်ဥက္ကဌ ဖြစ် ခဲ့သူ ဗိုလ်မှူးကျော် မောင် သည် မြန်မာနိုင်ငံ ဖွါးမြန်မာ နိုင်ငံသား မဟုတ်ကြောင်း တိုင်ကြား ခံရပြီး နောက် ပြည်နယ်ပြည် သူ့ကောင်စီဥက္ကဌရာထူးမှ ဖြုတ်ချခဲ့သည်ကို ထောက်ရှူ လျှင် ရခိုင် ပြည်တွင်အနောက်သားရခိုင် လူမျိုး မည်မျှဝင်ရောက်နေထိုင်ကြောင်းခန်းမှန်းနိုင် သည်။ ထိုအနောက်သားရခိုင်းသားများ ကို လ၀က ရုံးတွင် စာ ရင်းသွင်းပေး၊သန်းကောင်စာရင်းများပြု လုပ်ပေးပြီး ဒေသခံ ဖြစ် အောင် လုပ်ပေး သော်လည်း ၎င်းတို့၏ မူရင်းအမည်စာရင်းမှာ(လ၀က) ရုံးချုပ် တွင်လုံ့ဝမရှိနိုင်ကြောင်း ၊ နိုင်ငံ တော် အစိုးရက ထိုကဲ့ ခိုးဝင် လာသော ရခိုင်သား များ ကိုဖေါ်ထုတ်အရေးယူမှသာလျှင် တိုင်း ရင်းသား အချင်း ချင်း ကြားတွင် သွေးထိုး မှု၊ လုပ်ကြံလီ ဆယ်မှု၊ စိတ်ဝမ်းကွဲပြု လုပ်မှုများ လျော့ပါးသွား မည်ဖြစ် သည်။
ထို့ကြောင်းတိုင်းရင်းသားအားလုံးက ရိုဟင်ဂျာသမိုင်းအမှန်ကိုသိရှိနားလည်ပြီး အနာဂါတ် စည်းလုံး ညီညွတ် မှု မပြိုကွဲ ဘဲ အေးချမ်းစွာနေထိုင်နိုင်ရန်နှင့် အနောက် သားရခိုင် လူမျိုး များက ပွဲလန့်အောင် လုပ်ပြီးဖျာ ခင်း နိုင် ရန်ကြိုးစာ;ခြင်းကိုတားဆီးနိုင် အတွက် တာဝန် သိပြည် သူ တစ် ယောက် အနေဖြင့် အပြု သဘောဖြင့် ရိုဟင်ဂျာ သမိုင်း အထောက် များကို ရှာဖွေစုစည်း တင်ပြပါ

ကြောင်းလေးစားစွအသိပေးပါသည်။



ရခိုင်ပြည်၏နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ဤအကြောင်းအရာအသေးစိတ်အောက်လင့်ကိုနှိပ်၍ဖတ်ပါ။

ဤနေရာတွင် ကလိပ်လိုက်ပါ

ရခိုင်ပြည်နယ်သည်မြောက်လတ္တီတွဒ် ၁၇ံ ၁၅’ နှင့် ၂၁ံ ၁၇’၊ အရှေ့လောင်ဂျီတွဒ် ၉၂ံ၅၅’ ကြားတွင် တည်ရှိ သည်။ ဧရိယာ စတုရန်မိုင်းပေါင်း ၁၄၂၀၀ ကျော်ရှိသည်။မြန်မာ ဘင်္ဂလား ရေကြောင်း၊ ကုန်း ကြောင်း မိုင် (၁၇၀) ရှည်လျး သည်။ တောင်မြောက်အရှည် (၃၆၀)မိုင် ရှည်ပြီး၊အရှေ့ အနောက် မိုင် (၁၇၀) မိုင်ကျယ်သည်။ တောင် ကန်း တောင် တန်း မှာ ၈၀% ခန့်ရှိ၍ ကုန်းမြင့လွင်ပြင်မှာ ၂၀% ခန့်ရှိ သည်။.

Map of Arakan State

ရခိုင်ပြည်နယ်ရှိမြို့များ

ပြည်နယ်မြို့တော် စစ်တွေ

အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်

လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)

ခရိုင် ၅ ခရိုင်

မြို့နယ် ၁၇ မြို့နယ်

မြို့ ၁၇

ရပ်ကွက် ၁၂၀

ကျေးရွာအုပ်စု ၁၀၄၁

ကျေးရွာ ၃၈၇၁

ဆက်စပ်နေသောနယ်နိမိတ်

အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်

အရှေ့မြောက်ဘက် တွင် ချင်းပြည်နယ်

အရှေ့ဘက်တွင် မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း

တောင်ဘက်တွင် မလေးရှားနိုင်ငံ တို့ဖြစ်တယ်။

(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)

(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ

ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ

(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)

စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။

မြို့နယ် ၁၇ မြို့နယ်အမည်များ

၁။ – ကျောက်တော်မြို့

၂။ – ကျောက်ဖြူမြို့

၃။ – ဂွမြို့

၎။ – စစ်တွေမြို့

၅။ – တောင်ကုတ်မြို့

၆။ – ပုဏ္ဏားကျွန်းမြို့

၇။ – ပေါက်တောမြို့

၈။ – ဘူးသီးတောင်မြို့

၉။-မာန်အောင်မြို့

၁၀။ – မောင်တောမြို့

၁၁။ – မင်းပြားမြို့

၁၂။-မြေပုံမြို့

၁၃။ – မြောက်ဦးမြို့

၁၄။ – ရသေ့တောင်မြို့

၁၅။-ရမ်းဗြဲမြို့

၁၆။ – သံတွဲမြို့

၁၇။ – အမ်းမြို့

ရခိုင်ပြည်နယ်တွင် ယခင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခှုစ၊ဇန္နဝါရီ လ ၊ ပထမအကြိမ် ထုတ်ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ် ၏ မှတ်တမ်း အရ အောက်ပါလူမျိုးများသည် တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့သည်။

၁။ – ရခိုင်လူမျိုး
၂။ – ကမန် လူမျိုး
၃။ – ခမြီး လူမ်ိဳး
၄။ – ဒိုင်းနက်လူမျိုး
၅။ – မရမာကြီး လူမျိုး
၇။ – မြို လူမျိုး

၈။ – သက် လူမျိုး

၉။- ရိုဟင်ဂျာလူမျိုး

(၁၉ရ၈ ခု ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံကျောင်း သုံး စာအုပ်ကော်မတီ အထက် တန်း နှင့် အ လယ်တန်းမြန်မာနိုင်ငံ ပထဝီဝင်ပထဝီစာအုပ်စာမျက်နှာ - ၈၆ ကိုရှု )

တစ်ချိန်ကရိုဟင်ဂျာအပါအ၀င်တိုင်းရင်းသားလူမျိုး  ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးရှိခဲ့

ပြည်ထဲရေးနှင့်သာသနာရေးဝ်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီး ဌာန မှ ၁၉၇၂ခုနှစ်တွင်ပုံနှိပ် ထုတ်ဝေသော (ပုံစံရေးသွင်းရန်ညွှန်ကြားချက် ) စာအုပ်စာ မျက် နှာ ( ၄၃ ) ပူးတွဲ (က) လူမျိုးများစာရင်းခေါင်းစဉ် အောက်ရှိ တိုင်းရင်းသားလူမျိုး များ ( ၁၄၄ ) မျိုး နှင့် နိုင်ငံခြား သား လူမျိုး ( ၂၆ ) မျိုး ဟုဖေါ်ပြထားသည်။

နိုင်ငံခြားသားလူမျိုး ( ၂၆ ) မျိုးထဲတွင် ဒိုင်းနက် လူမျိုးကိုလည်း နိုင်ငံခြားသား လူမျိုး အ ဖြစ်သတ်မှတ်ထားသည်။

သို့သော် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုဌာနချုပ်က ၁၉၇၆ ခှုစ၊ဇန္နဝါရီ လ ၊ ပထမ အကြိမ်ထုတ် ဝေသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ ( ရခိုင် ) စာအုပ်တွင်ဒိုင်းနက် ကိုတိုင်းရင်း သား မျိုး နွယ် စု အဖြစ် ထည့်သွင်း အသိအမှတ်ပြုထားသည်ကိုတွေ့ရသည်။

မှတ်ချက်။ ။ထိုအချိန်က ၎င်း ( ၁၄၄ ) မျိုးတွင် ရိုဟင်ဂျာလူမျိုးလည်း အပါအဝင်ဖြစ် သည်။



ကိုးကား။ ။ တိုင်းရင်းသားလူမျိုးစုဘဝသစ်ထူထောင်ရေးပါတီသတင်းလွှာ(ကင်းလွှတ်ခွင့် သက် သေခံ လက်မှတ် –အမိန့်အမှတ် ၂/၈၉ အရ ၁၉၈၉ ကင်းလွှတ် အမှတ် န/သ-၀၈၅ ဖြင့်)အထက် ပါလူမျိုးများတွင် ဒိုင်းနက်လူမျိုး၊သက်လူမျိုး၊ မရမာကြီး လူမျိုး၊ ရိုဟင်ဂျာ လူမျိုး တို့ ၏ဘာသာ စကားများ တူညီနီးစပ်ကြသည်။ဒိုင်းနက်၊ သက်၊မရမာကြီး တို့သည် ဗုဒ္ဓ ဘာ သာ ကို ကိုးကွယ်ကြပြီး ရိုဟင်ဂျာ လူမျိုး များသည်အစ္စလာမ်ဘာသာကို ကိုးကွယ်ကြ သည်။

ဒိုင်းနက်လူမျိုးများသည်မွတ်ဆလင်အနွယ်များဖြစ်ခြင်းဒိုင်းနက်လူမျိုးသည် ရခိုင်တိုင်းရင်းသားတွင်၇ှိအများအားဖြင့်ရခိုင်ပြည်မြောက် တွင်နေ ထိုင် ကြောင်း တွေ့ရသည်။ မွတ်ဆလင် အနွယ်များဖြစ်သည်။ စစ်တွေဂေဒဇေတိယား အပိုင်း (က) စာမျက် နှာ(၉၁) အရ ထိုဒိုင်းနက် တို့သည် တိဗက်မြန်မာ အနွယ် ဖြစ်ပြီး စစ်တကောင်း သွေးနွယ်သည် စစ်တ ကောင်း စကားပြောသည်။အဝတ်ဖြူဝတ်တတ်ပြီးတစ်ခြား လူမျိုးများနှင့်ရောနှော ခြင်းမပြုကြပေ။ရခိုင် ဘုရင်၏ ဖမ်းဆီးခံရသောကျွန်မွတ်ဆလင် များနှင့်အဆက် အနွယ်ဖြစ်ကြ သည်။ ယခုအခါဒိုင်းနက်တို့သည်ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည်။ဘင်္ဂလားဒေရှ်စစ်တကောင်း တောင်တန်းဒေသတွင် ဒိုင်းနက် (ချက်မား) တို့က သီးခြားပြည်နယ် ရရှိထားသည်။

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာ စကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြ သည်။
ရခိုင်ဘာသာ စကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ အ သံထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေအရေး အသားသ ည် ဆင် တူသည်။

ဦးနေဝင်း(မဆလ) အစိုးရက တိုင်းရင်းသားလူမျိုးစု (၁၄၄)မျိုးရှိရာမှ (၈)မျိုးဖြုတ်ချခဲ့ရာ ရိုဟင်ဂျာလူ မျိုး ကို လည်း အစ္စလာမ်ဘာသာဖြစ်၍ဖြုတ်ချခဲ့ဖြစ်သည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာလူမျိုးဖြုတ်ချခြင်းသည် စစ်အာဏာ ရှင်တစ်ပါတီ အစိုးရ နှင့် စစ်အစိုးရသည် ဘာသာရေးကို မုန်းတီး၊ လူမျိုးနွယ်စု တုံးအောင်ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ယခုဒီမိုက ရေစီ ထွန်းကား နေသော ပါတီစုံစနစ်အောက်တွင် တိုင်းရင်းသား ဆိုသော ဝေါဟရ ၏အဓိပ္ပါယ် နှင့် ဥပဒေ နှင့် သမိုင်းအထောက်အထား၊လူ့အခွင့်အရေး အရ တိုင်းရင်း သားဖြစ် မဖြစ် ပြည်လွှတ်တော် တွင် အဆုံး အဖြတ်ပေး ရလိမ်မည်ဖြစ်သည်။

ရိုဟင်ဂျာRohingyaတိုင်းရင်းသားဖြစ်ကြောင်းအထောက်အထားများစွာရှိသည်။ဤနေရာတွင်အနည်းငယ်တင်ပြခြင်းဖြစ်သည်။
အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထ၀ီဝင်စာအုပ်၏စာမျက်နှာ(၈၆)တွင်တိုင်းရင်းသားလူမျိုးများပျံ့နှံ့နေထိုင်ပုံပြမြေပုံတွင်
ရခိုင်ြံပည်နယ်တွင်စစ်တွေလွင်ပြင်တွင်ရိုဟင်ဂျာလူမျိုးကိုထည့်သွင်းဖေါ်ပြထားသည်။BBCကလည်းထိုနည်း၎င်းဖေါ်ပြခြင်းမှာလီဆယ် လိမ်ညာ၍ဖေါ်ပြခြင်းလုံ့ဝမဟုတ်ပါ။

မူရင်းပုံကိုကော်နက်ရှင်းကောင်းလျှင်လေ့လာဖတ်ရှုနိုင်ပါသည်။



BBC ကလိမ်ညာတင်ပြခြင်းမဟုတ်ပါ။အမှန်ကိုအမှန်အတိုင်းတင်ပြခြင်းဖြစ်ပါသည်။အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထ၀ီဝင်

စာအုပ်၏စာမျက်နှာ(၈၆)တွင်တိုင်းရင်းသားလူမျိုးများပျံ့နှံ့နေထိုင်ပုံပြမြေပုံတွင်ရခိုင်ြံပည်နယ်တွင်စစ်တွေလွင်ပြင်တွင် ရိုဟင်ဂျာ လူမျိုးကိုထည့်သွင်းဖေါ်ပြထားသည်။၎င်းပထ၀ီဝင်စာအုပ်ကို၁၉၇၈ ခုနှစ် က မြန်မာဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ကျောင်းသုံးစာအုပ်ကော်မတီကထုတ်ဝေ၍ ကျောင်တွင်သင်ကြားခြင်းဖြစ်သည်။(၁၉၇၈ -ခု –၇တန်း၊၈တန်း၊၉တန်း ၊၁၀ တန်း ပထ၀ီဝင်

စာအုပ်စာမျက်နှာ -၈၆ မှမူရင်းပုံကိုစကင်ဖတ်၍အောက်တွင်တင်ပြထားပါသည်။



ရိုဟင်ဂျာ Rohingya လူမျိုး

သမိုင်းကြောင်းအရ တည်ငြိမ်စွာဖြစ်ပေါ်တည်ရှိနေသည့် တိုင်းရင်းသားလူမျိုးစု ဖြစ် သည်။ ရခိုင် ဘုရင်နရမိတ်လှ လက်ထက်ဝန်ကြီးရာထူး၊ စစ်တပ်၊ ရေတပ်၊ ဗိုလ်မှူးရာထူး များ ၌ လည်း ကောင်း ခန့်အပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တို့၏ အစုအဝေး လူမျိုးစု ပင်ဖြစ် သည်။ မွတ်စ လင်မ် စာဆိုတော် စိုင် ယက်ဒ်ရှားအာလ်ဝါလ်(Sayued Shah Al wal) ၏ အဆိုအရ စန္ဒသူဓမ္မ ဘုရင်၏ နန်းရင်းဝန် ] `မာဂန်´မှာ ရိုဟင်ဂျာလူမျိုး ဖြစ်သကဲ့သို့ဆိုင်ယက်မုဆာ (Sayed Mussa)၊ မူဂျာဟစ် (Mujaehi နှင့် ဆုလေမန် (Sulaiman)တို့မှာ ရခိုင်နန်းရင်း ၀န်ကြီးများ ဖြစ်ကြပြီး အရှရက်ဖ်ခန် (Asharaf Khan) မှာ စန္ဒသုဓမ္မ ဘုရင်၏ စစ်သူကြီး ဖြစ်ကြောင်း။

၁။ MKရာမန်-ရ ၂။ မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀-ခု၊ မောင်သံလွင်၏ ရိုဝန်ညာလူ မျိုးများ။မဇ္စိုမဒေသ အန္ဒိယတိုက်၏ အရှေ့ ဘက်ဒေသနေထိုင်သူများကို အနောက်ဘက်ဒေသအခေါ် အဝေါ်ဖြင့် ရခိုင်ညာ၊ ရွမ်းကိုင်ညာ၊ ရွမ်းသား ဟုခေါ်ဆို သကဲ့သို့ ရခိုင် တောင်ပိုင်း သားတို့က လည်း ရွမ်းကိုင်ညာ၊ ရွမ်းကိုင် ညာ ခေါ်ဆိုကြရာမှရိုဟင်ညာ၊ရိုဟင်ဂျာ ဖြစ်လာ သည်။ “ဘင်္ဂါလီ ဒေသ၏ အရှေ့ ကမ်း ရှိ လူ့ အစု အဝေး´´ဟု အဓိပ္ပါယ်ရသည်။အချို့က ရွာဟောင်း နေ ထိုင် ကြ သည့် ကျား ကဲ့သို့ စွမ်း ရည် သတ္တိ ရှိသည့် လူမျိုး၊ ရွာဟောင်း မှကျား၊ ရွာဟိန်းကျားမှာ ရိုဟင်ဂျာဟု ကောက် ချက်ပြုခဲ့သည်။

ရိုဟင်ဂျာလူမျိုးအား ၁၉၅၄-ခု၊ စက်တင်ဘာလ(၂၅)ရက်၊ည(၈)နာရီ ၀န်ကြီးချုပ်

ဦးနု၏ အသံလွှင့်မိန့်ခွန်းဖြင့် အသိအမှတ်ပြုသကဲ့သို့ ၁၉၆၁-ခု၊ မေလ(၁၅) ရက်မှ

စတင်ကာ တပတ်(၃)ကြိမ် ရိုဟင်ဂျာ ဘာသာဖြင့် မြန်မာ့အသံမှ အသံလွှင့်ပေးခဲ့သည်။



ရည်ညွှန်းကိုးကား

၁။-(၁၈-၇-၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၆)၊စာ(၃၂-၅၈)

၂။-(၈-၈-၁၉၆၁)ခုနေ့ထုတ်တပ်မတောခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၉)၊

၃။-(၁-၆-၁၉၆၃)ေ၃့ထုတ်မြန်မာ့အသံသောတရှင်မဂ္ဂဇင်း အတွဲ(၄)အမှတ်(၁၉)

၎။-စာပေဗိမာန်ထုတ်မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)၁၉၆၄ ခုနှစ် စာမျက်နှာ(၈၉)

၅။-၁၉၇၈ – ခုနှစ်ထုတ်အထက်တန်းနှင့်အလယ်တန်းမြန်မာနိုင်ငံပထဝီင်စာမျက်နှာ(၈၆)

၆။-ရန်ကုန်မြို့ရေစစ္စတြီရုံး`၌(၁၆-၁၂-၁၉၆၀)နေ့တရားဝင်မှတ်ပုံတင်၍ထုတ်ဝေသော

ရိုဟင်ဂျာခေတ်သတင်းစဉ်

၇။-တိုင်းရင်းသားလူမျိုးးစုပါတီသတင်းလွှာ(ကင်းလွှတ်ခွင့်အမှတ်-န/သ – ၀၈၅) ၊၃၁-၁၂-၁၉၈၉

၈။-ရခိုင်ရာဇ၀င် ။ အောင်သာဦး

၉။-စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု

၁၀။-အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅

၁၁။-မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

၁၂။-မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

၁၃။-* ရခိုင်ဂီတ ဒေါ့ကွန် [1]

၁၄။-ဦးကျော်ငြိမ်း၊ မာတလိ၊ နှစ်၃၀ မြန်မာ့အသံ၊ စာမျက်နှာ-၇၁ခိုင်နှင့် မြန်မာပြည်ရှိမွတ်စလင်မ်လူမျိုးများ ရာဇ၀င်။

၁၅။-ကစ္စပနဒီမှဓညဝတီသစ္စာ(၂၀၀၈ ခုနှစ် စာပေဗိမာန်စာမူ ဆုရ )



Rohingya Exodus