Latest Highlight

အစ္စလာမ်ဝတ်ပြုဆောင်ငယ် ဖြိုချခံရမှုနှင့်ပတ်သက်၍ ညီညွတ်စွာ နေထိုင်ကြရန် အရှင်ဝီရသူမိန့်ကြား

[By Shwe Myitmakha Media Group ]
မင်းမင်းလတ်(မြစ်မခ မန္တလေး)



ကချင်ပြည်နယ်၊ စိုင်းတောင် အစ္စလာမ်ဝတ်ပြုဆောင်ငယ် ဖြိုချခံရမှုနှင့်ပတ်သက်၍ ဘာသာအချင်းချင်း ညီညွတ်စွာ နေထိုင်ကြရန် မန္တလေး မစိုးရိမ်ကျောင်းတိုက်က အရှင်ဝီရသူက မိန်းကြားခဲ့သည်။


အဆိုပါဖြစ်ရပ်များနှင့်ပတ်သတ်၍ မြန်မာနိုင်ငံအစ္စလာမ့်သာသနာ့ရေးရာကောင်စီက သက်သေခံမှတ်တမ်းမှတ်ရာများကိုစတင်စုဆောင်းနေပြီဖြစ်ကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြကာ အရေးဆိုတိုင်တန်းသွားမည် ဖြစ်ကြောင်း သိရသည်။



``လူနည်းစု အပေါ်မှာအင်အားနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် အနိုင်မကျင့်ဖို့ လိုတယ်။ လူနည်းစုကလည်း လူများစုကို မစော်ကားဖို့လိုတယ် ၊ ဒါက ပထမပိုင်းပေါ့ ၊ အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ အထိကရုဏ်းမီးကတော့ ငြိမ်းတယ်လို့ရှိမှာမဟုတ်ဘူး ´´ ဟု ရှင်ဝီရသူမှ မိန့်ကြားသည်။

မစိုးရိမ်ကျောင်းတိုက်ကအရှင်ဝီရသူမှာ ကျောက်ဆည်လက်ပံဘာသာရေးအရေးအခင်းကြောင့် အကျဉ်းကျခံခဲ့ရသူတစ်ဦးဖြစ်သည်။

ကချင်ပြည်နယ်စိုင်းတောင်တွင်ဧပြီ၁၂ရက်နေ့ကအစ္စလာမ်ဘာသာဝင်များ၏၀တ်ပြုဆောင်ငယ်အား ဒေသခံရဟန်းသံဃာများနှင့် အရပ်သားများက ဖြိုဖျက်ခဲ့ကြောင်း သိရှိရသည်။

၁၉၉၁ခုနှစ်ကတည်းက ဆောက်လုပ်ထားခဲ့သော ၀တ်ပြုဆောင်ငယ်သည်မှာ အချိန်ကာလကြာမြင့်မှုကြောင့် ပျက်စီးယိုယွင်းမှုများကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် သက်ဆိုင်ရာသို့တင်ပြပြီးပြုပြင်နေချိန်တွင် ယခုလို လာရောက် ဖြိုဖျက်ခံခဲ့ရခြင်းဖြစ်သည်။



``တိုင်တွေကချစားနေတယ်၊မကောင်းတော့ဘူး ပြင်မယ်ဆိုပြီးတော့ ပြင်တာ ၊ အဲဒီလို ပြင်တာကိုလက်မှတ်ထိုးပြီးတော့ တိုင်တယ် ၊ မြို့နယ်အုပ်ချုပ်ရေး ကနေပြီးတော့ ပြင်ဆင်မှု ခဏရပ်ထားပေးပါ ဆိုလို့ ရပ်ထားပေးတဲ့အချိန် ခုလိုဖြစ်တာ´´ဟု စိုင်းတောင်ရှိအစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။



ဆိုင်းတောင် ဆိတ်မူရပ်ရှိ ၀တ်ပြုဆောင်ငယ်ဖြိုဖျက်မှုခံနေရချိန်တွင် စစ်တပ်မှ လာရောက်လုံခြုံရေး ပေးထားခဲ့ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ရှိသူများမှာလည်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။



`` အားလုံးရှိနေတယ် ၊ စစ်တပ်လဲရှိတယ် လ၀က လည်းရှိတယ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့လည်း ရှိနေတယ် ၊ အကုန်လုံးရှိနေတယ် ၊ သူတို့ရှေ့မှာတင် ဖျက်နေတာပါ ´´ ဟု စိုင်းတောင်ဒေသခံက ပြောသည်။



အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုဆောင်အား ယခုနှစ်အတွင်းတွင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်တွင် ကျောက်ပန်းတောင်းမြို့မှစတင်ခဲ့ပြီး၊ ရွေးကောက်ပွဲအပြီးတွင် ယခုကဲ့သို့ ကချင်ပြည်နယ် စိုင်းတောင်နှင့် မကွေးတိုင်း၊ ကမ္မမြို့နယ်များတွင်ပါ တောက်လျှောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



မန္တလေးမြို့တွင်လည်း သင်္ကြန်ဈေးပိတ်ရက်မတိုင်မီအတွင်း ဈေးချိုပတ်ဝန်းကျင်နှင့် တက္ကသိုလ် ကျောင်းများတွင် အစ္စလာမ်ဘာသာဝင်များ၏ဈေးဆိုင်များတွင် အရောင်းအ၀ယ်များမပြုလုပ်ရန်

မင်းကွန်း ဆရာတော်ဘုရားမှ မှာကြားခဲ့သည်ဆိုသည့် စာရွက်များကို ဖြန့်ဝေမှုများရှိခဲ့သည်။



`` ဒီစာရွက်ကတော့ သူတဖက်သားအပေါ်ရန်လိုတာကိုမတွေ့ရပါဘူး၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း ရိုင်းပင်းကူညီဖို့ ၊ ကိုယ့်လူမျိုးကိုယ့်ဘာသာဆိုင်ကိုပဲအားပေးဖို့ တိုက်တွန်းထားတဲ့စာဖြစ်တဲ့အတွက်ကြောင့် မလို လားအပ်တဲ့အထိကရုဏ်းမျိုး ၊ တခြားတခြားမှာဖြစ်နေတာမျိုး ၊ နောက်ဒီဘက်ကရန်စတာမျိုး မဟုတ်ဘူးလို့

ဦးဇင်း...အဲ့လို ယူဆပါတယ် ´´ ဟု ရှင်ဝီရသူက ဆက်လက်ပြောကြားသည်။



ယခုလိုဖြစ်ရပ်များသည် မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းများတွင် ဖြစ်လေ့ဖြစ်ထရှိခဲ့ပြီး နိုင်ငံရေးမှ ဘာသာရေးသို့လှည့်ပေးသောကစားကွက်တစ်ခုဖြစ်နိုင်ကြောင်းလည်း မြန်မာ့နိုင်ငံရေးလေ့လာသူများက
သုံးသပ်သည်။



မြန်မာပြည်တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကြား ပြသာာနာအဓိကရုဏ်းများ
မကြာခဏ ဖြစ်ပွားလေ့ရှိပြီး နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သော ကျောက်ဆည်လက်ပံအရေးအခင်းသည် အကြီးမားဆုံး ဖြစ်ပြီး မိသားစုလိုက် မီးတင်ရှို့ခံရမှုများလည်း ရှိခဲ့ကြောင်းသိရသည်။








Source : (မြစ်မခ)

  1. ဘယ်လိုဘဲဖြစ်ဖြစ် န၀တ၊နအဖ အမွေးအစားအမွှေးခံတွေရဲ့ ဖင်မနိုင် ပဲဟင်းစားထားတဲ့ပုံပါပေ။ဒါကိုပြည်သူ တွေအနေနဲအထူးသတိရှိကြပါ။ဗုဒွ့ဘာသာမှာတခြားဘာသာဝင်တွေကိုတိုက်ခိုက်ဖို့ဆိုတာမရှိပါဘူး၊အခုလိုဘာသာရေးအဓိရုဏ်းတွေဖြစ်နေတာဟာအုပ်ချုပ်သူအစိုးရတွင်လုံးဝတာဝန်ရှိတယ်။လွတ်လပ်သော စုံစမ်းရေးကော်မီရှင်တစ်ခုဖွဲပြီအမြန်ဆုံးစုံစမ်းစစ်ဆေးဖိုလိုပြီ နောက်နောင်ဒီလိုမျိုးမဖြစ်အောင် အပြစ်ရှိသူ တွေကို ဖော်ထုတ်အရေးယူသင့်တယ်။

  2. ဒါအမှန်ဘဲပေါ့

  3. VERY DIFFICULT FOR ISLAM LIVING IN MYANMAR

Write A Comment

Rohingya Exodus