Latest Highlight



အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာ မွတ်စလင် ဘာသာဝင်များကြား အကြမ်းဖက်မှုတွေကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ မှာ သြဂုတ်လအတွင်း ကျင်းပမဲ့ OIC ခေါ် အစ္စလာမ် ဘာသာဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေး သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ တခြားဘာအကြောင်းကိုပဲ ဖြစ်စေ အခြေခံပြီး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း မိမိတို့ရဲ့ ရပ်တည်ချက်ဟာ တစ်သဘောတည်းရှိကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကို အထူး သံကိုယ်စားလှယ် စေလွှတ်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခနဲ့ ပတ်သက်လို့  စုံစမ်းလေ့လာခဲ့ကြောင်း၊ မိမိတို့ ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တစ်နိုင်ငံချင်း အနေနဲ့လည်းကောင်း၊ နိုင်ငံအများနဲ့ သော်လည်းကောင်း ဆွေးနွေးခဲ့ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘူး ဆိုတာ မဟုတ်ပါကြောင်း စသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုတယ်လို့ ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် The Jakarta Post သတင်းစာမှာ ဖော်ပြထားပါတယ်။

source :RFA


မြန်မာနိုင်ငံထဲ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အချို့ရှိပေ မယ့် ဘာသာရေးဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နှစ်စဉ် ထုတ်ပြန်နေကျ ဒီ အစီရင်ခံစာ မှာ နိုင်ငံအရပ်ရပ်က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ဖော်ပြရာမှာ မြန်မာနိုင်ငံထဲ အထူးသဖြင့် လူနည်းစု ဘာသာ ၀င်တွေဟာ ပစ်မှတ်ထား ဖိနှိပ်မှုခံရနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ် ထားခြင်းမရှိပေမယ့် ဘာသာ ယုံကြည် ကိုးကွယ်မှု ဓလေ့စရိုက်တွေအပေါ်မှာ အခြေခံပြီး လူမှု အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေ ရှိနေတယ်လို့ အခု အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာ လူများစုနဲ့ ခရစ်ယာန်၊ မွတ်ဆလင် လူနည်းစုတွေအကြား လူမှုနယ်ပယ်အတွင်း တင်းမာမှုတွေရှိနေတယ် လို့ ထောက်ပြပါတယ်။ အချိန် အတန်ကြာကတည်းက ရှိခဲ့တဲ့ ဘာသာရေး တင်းမာမှုတွေကြောင့် ရုတ်တရက် အကြောင်းတရားတွေကနေ အကြမ်းဖက်မှုတွေအထိ ဖြစ်ခဲ့ရတယ်လို့ အမေရိ ကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Suzan Johnson Cook က မနေ့က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောသွားပါတယ်။

“ မြန်မာနိုင်ငံထဲ အချိန်အတော်ကြာကြာကတည်းက တအုံနွေးနွေးနဲ့ရှိခဲ့တဲ့ တင်းမာမှုတွေကနေ ပစ်ပယ်ခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ရုတ်ချည်းဆိုသလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။”

အစီရင်ခံစာထဲမှာတော့ လူနည်းစု ဘာသာဝင်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသလို လူနည်းစု လူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေ အပေါ်မှာလည်း စည်းမျဉ်း တင်းကြပ်မှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ရှိလာပေမဲ့ ဘာသာရေးအရ ထုတ်ဝေမှုတွေကိုတော့ သာသနာရေးဝန်ကြီးဌာနက ချုပ်ကိုင်ထား ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ Bible ကျမ်းစာ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ Qur’an ကျမ်းစာ ထုတ်ဝေမှုတွေမှာ ကန့်သတ်မှုတွေ ခံနေရတယ် လို့ ထောက်ပြပါတယ်။ ဒီလို ဘာသာရေး ဖိနှိပ်မှုတွေကြောင့်ပဲ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ Country of Particular Concern (CPC) အထူး စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာ ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ထည့်သွင်းထားတယ်လို့ ဖော်ပြပါတယ်။ အခု အစိုးရသစ် တက်လာပြီး နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေ ရှိနေပေမဲ့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ ကတော့ ထူးမခြားနားရှိနေဆဲပဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဆလိုင်းဘွေလျှမ်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“တလျှောက်လုံးပေါ့နော်။ အဲဒီ မဆလ ခေတ်ကတည်းက ကျမ်းစာအုပ်တွေကို ချင်းဘာသာနဲ့ သော်လည်းကောင်း ထုတ်ဝေခွင့် မရှိခဲ့ပါဘူး။ ဒါတင်မကဘူး၊ ခရစ်ယာန်ဘာသာရဲ့ အရေးကြီး အဓိက အခန်းကဏ္ဍမှာပါတဲ့ လက်ဝါးကပ်တိုင်ပေါ့နော်- အဲဒီ လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီး တာ တော်တော်လေး တွေ့ရတယ်။ အစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်တောင် ပိုင်း၊ မင်းတပ်မှာလည်း ဖျက်တယ်။ ကန်ပက်လက်မြို့နယ်မှာလည်း ဖျက်တယ်၊ ပြီးတော့ ချင်းပြည် နယ်မြို့တော် ဟားခါးမှာလည်း ဖျက်ဆီးတာတွေ တွေ့ရတယ်။

ဆိုတော့ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ တိုးတက်မှု မရှိဘူးပေါ့နော်။ စိုးရိမ်စရာတောင် ပိုကောင်းသလားလို့ ကျနော်တို့ တွေ့နေရတဲ့အချက်တွေ ရှိတယ်။”
အခုလိုမျိုး လူနည်းစု ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အခုလို ဖိနှိပ်ခံရတဲ့ ပြဿနာက အစိုးရထဲမှာ ဒါမှ မဟုတ် နိုင်ငံတော်မှာရှိတဲ့ စံနစ်ကြောင့်လို့ပဲ ယူဆသလား၊ လူမှုအဖွဲ့အစည်းထဲ မှာကိုက ဖြစ်နေတာလား၊ ဘယ်လိုမြင်ရသလဲခင်ဗျ။

“အရေးကြီးတယ်လို့ ကျနော်ထင်တာက ကမ္ဘာမှာကြည့်လို့ရှိရင် ဘာသာရေးအခြေခံ မဟုတ်တဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ သာသနာရေး ဝန်ကြီး ဌာနတွေမှာ ကျနော်တို့ မတွေ့ရှိဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာက ထူးထူးခြားခြား သာသနာရေးဝန်ကြီးဌာနက အဓိက အခန်း ကဏ္ဍမှာ ပါဝင်နေတယ်။ ဆိုတော့ ကျနော်တို့ လူနည်းစုဘာသာ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ တခြားဘာသာ အမြင်နဲ့ပဲဖြစ်ဖြစ် ပြောရလို့ရှိရင် အဲဒီ သာသာနာရေးဝန်ကြီးဌာနဟာ လူနည်းစုတွေကို ဖိနှိပ်ဖို့နဲ့ အများစု ဘာသာကို ပံ့ပိုး အားပေးပြီးတော့ မြှောက်ပင့်တဲ့ဌာနလို့ပဲ ကျနော်တို့ တွေ့မြင်နေရပါတယ်။”

မြန်မာနိုင်ငံထဲ အခြားလူနည်းစု ဘာသာဝင်တွေတင် မဟုတ်ပါဘူး။ လူများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာထဲမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ အယူအဆတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ အခု နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအရ စိုးရိမ်ချက်တွေနဲ့ ဗုဒ္ဓဘာသာအပေါ်မှာလည်း ဖိနှိပ်မှုတွေရှိနေတဲ့အကြောင်း သံဃာ့တပ်ပေါင်းစု ပြည်ပ တာဝန်ခံ အရှင်ပညာဇောတကလည်း မိန့်ပါတယ်။
“သံဃာတော်တွေကို သင်္ကန်းတွေ အတင်းဆွဲချွတ်ပြီးတော့ ထောင်ထဲ အထည့်ခံရတာမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ တရားဟောခွင့် ပိတ်ပင်တာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ သာဓု ကျောင်းဆရာတော်ကို တရားဟောခွင့် ပိတ်တာတွေ ရှိတယ်။ နောက် ဒယ်အိုးဆရာတော်ကို တရားဟောခွင့် ပိတ်တာမျိုးတွေ ရှိပါတယ်။”

အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့အထဲမှာလည်း ရဟန်း၊ သံဃာတော် အတော်များများ ပါလာတယ်လို့ သိရပါတယ် ဘုရား။ အဲဒီတော့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာရော- အခုနကလို အလားတူ အခြေအနေက ပြောင်းလဲလာပါသလား။

“သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိပါဘူး။ ဥပမာ တချို့ကျောင်းတွေ ဆိုရင် ထောင်က လွတ်လာတဲ့ သံဃာတွေကို လက်မခံရဲ အောင်၊ လက်မခံနိုင်အောင်ပေါ့။ တိုက်ရိုက်ကြီး မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီး ဖိအားတွေ ပေးတာမျိုးတွေ လုပ်လာတယ်။ နောက်တခါ ထောင်ထဲ မှာလည်း သံဃာတော်တွေ အများကြီး ကျန်ပါသေးတယ်။ အခုဆိုရင် ထောင်ထဲမှာ သံဃာတော်တွေ အပါး ၆၀-၇၀ လောက် ရှိနေသေးတယ်။ တချို့သံဃာတွေကို ဘာသာရေး ပုဒ်မတွေနဲ့၊ သာသနာညှိုးနွမ်း ဆိုပြီး ဖမ်းပြီး ဥပဒေတွေ ထုတ်ပြီး ထည့်ထားတဲ့ သံဃာတော်တွေ အများကြီးပါ။”

အစီရင်ခံစာထဲမှာတော့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အပြုသဘောဆောင် တိုးတက် လာတဲ့အချက်တွေကိုလည်း ထည့်သွင်း ဖော်ပြပါတယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ဆန္ဒပြနိုင်တဲ့ ဥပဒေကို နှစ်ပေါင်းများစွာအတွင်း လွှတ်တော်ကနေ အတည်ပြု ပြဌာန်း လိုက်တာကို ချီးကျူး ထားပါတယ်။ အရင်တုန်းက ခရစ်ယာန်ဘုရားကျောင်းအချို့ ဆောက်လုပ်ရေး ပိတ်ပင်ခံရမှုအချို့ကို သာသနာရေး ၀န်ကြီးဌာနက ဖြေလျော့ပေးလာတာတွေရှိသလို နိုင်ငံအ၀ှမ်းမှာ မတူညီတဲ့ ဘာသာ အယူအဆတွေအကြား ဆက်စပ်ဆွေးနွေးမှုတွေ လုပ်ပေးတာတွေရှိတယ်လို့ ဖော်ပြပါတယ်။

Source : VOA Burmese

________________________________________________________
Bureau of Democracy, Human Rights and Labor


Suzan Johnson Cook
Ambassador-at-Large for International Religious Freedom 
Washington, DCInternational Religious Freedom Report for 2011
Burma

Muslims across the country, as well as ethnic Chinese and Indians, often were required to obtain permission from township authorities to leave their home towns. Authorities often denied Rohingya and other Muslims living in Rakhine State permission to travel for any purpose; however, permission was sometimes obtained through bribery. Muslims in other regions were granted more freedom to travel, but still faced restrictions. For example, Rohingyas living in Rangoon needed permission from immigration authorities to travel into and out of Rakhine State.

Muslims in Rakhine State, particularly those of the Rohingya minority group, continued to experience the severest forms of legal, economic, educational, and social discrimination. There were reports that Buddhist physicians would not provide Muslims the endorsement required by the Ministry of Health that permits Muslims to travel outside Rakhine State to seek advanced medical treatment.

The government denied citizenship status to Rohingyas, claiming that their ancestors did not reside in the country at the start of British colonial rule, as the 1982 citizenship law required. The Rohingyas asserted that their presence in the area predates the British arrival by several centuries. In November 2008 the UN Committee on the Elimination of Discrimination Against Women urged the government to review its citizenship law. In February 2010 the UN Special Rapporteur on the situation of human rights in Myanmar visited the country and noted discrimination against Muslims. Many of the approximately 28,500 Rohingya Muslims registered in two refugee camps in Bangladesh and the estimated 200,000 Rohingya Muslims living outside those camps, also in Bangladesh, refused to return to the country because they feared human rights abuses, including religious persecution.

Essentially treated as illegal foreigners, Rohingyas were not issued Foreigner Registration Cards (FRCs). Since they also were not generally eligible for NRCs, Rohingyas have been commonly referred to as “stateless.” In the run-up to national elections in November 2010, the government issued Temporary Registration Cards (TRCs) to residents in northern Rakhine State; the majority of them are Rohingyas. The issuance of TRCs was primarily done, it appears, to allow Rohingyas participation in the elections. The United Nations High Commissioner for Refugees (UNHCR) worked with approximately 750,000 residents of Rakhine State who did not hold citizenship in the country. At the end of the reporting period, the UNHCR (quoting government estimates) indicated that 85 percent of eligible residents (637,500 stateless persons) over the age of 10 possessed TRCs. The UNHCR noted that according to information from individuals in northern Rakhine State, many individuals issued TRCs were actually only given a TRC number and no document. The UNHCR also assisted Rohingyas with education, health, infrastructure, water and sanitation, and agriculture.

Without citizenship status Rohingyas did not have access to secondary education in state-run schools. Those Muslim students from Rakhine State who completed high school were not permitted to travel outside the state to attend college or university. Authorities continued to bar Muslim university students who did not possess NRCs from graduating. These students were permitted to attend classes and sit for examinations, but they could not receive diplomas unless they claimed a “foreign” ethnic minority affiliation. Rohingyas also were unable to obtain employment in any civil service positions. Rohingya couples needed also to obtain government permission to marry and faced restrictions on the number of children they could have. Muslim newcomers were not allowed to buy property or reside in Thandwe, Rakhine State, and authorities prevented Muslims from living in the state’s Gwa or Taungup areas.

The government allowed members of all religious groups to establish and maintain links with coreligionists in other countries and to travel abroad for religious purposes. These links were subject to restrictive passport and visa issuance practices, foreign exchange controls, and government monitoring, which extended to all international activities by all citizens regardless of religion. The government sometimes expedited its burdensome passport issuance procedures during the year for Muslims making the Hajj or for Buddhists going on pilgrimage to Bodhgaya, India. Although approximately 500 Muslims from Burma participated in the Hajj during the year, there were allegations of corruption in the Ministry of Religious Affairs’ expedited process. An estimated 2,000 Buddhists from the country made pilgrimages to Bodhgaya.

Download full Report here





ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစ္စလာမ်ဘာသာဝင်ရိုဟင်ဂျာလူမျိုးများကိုဈေးဝယ်ခွင့်၊ ကျောင်းတက်ခွင့်အစစအရာရာပိတ်ပင်ထားသော်လည်းယခုအခါကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်ကွန်တားနားရောက် လာမည်ဖြစ်၍ အရာရာပြောင်းလဲနေပါသည်။ 

စစ်တွေမြို့သဲချောင်းနှင့်သက္ကေပြင်တို့တွင်ရောက်ရှိနေသော ဒုက္ခသည်များထံ ရခိုင်ဝန်ကြီးဦးလှမောင်တင်လာရောက်၍ ယခင်ကကျောင်းသား/သူများအတွက်လိုအပ်သည့်ဆရာ/ဆရာမများကိုမိမိတို့ဘက်မှမပေးနိုင်ခဲ့ကြောင်း၊ သို့သော် ယနေ့ ဇူလိုင်လ (၃၀) ရက်နေ့မှစ၍ ဆရာ/ဆရာမအချို့ရောက်ရှိလာပြီဖြစ်၍ ရိုဟင်ဂျာကျောင်းသား/သူများကို ကျောင်းသို့ပို့ရန် မိဘများအားပြောကြားခဲ့သည်။ အကယ်၍ကျောင်းသို့မပို့လျှင် ယခုလက်ရှိရနေသည့်ရိက္ခာများ မရရန်ပိတ်ပင်မည်ဖြစ် ကြောင်းခြိမ်းခြောက်ပြောဆိုသွားကြောင်းသတင်းရရှိသည်။ 

ထို့အပြင်စစ်တွေမြို့သဲချောင်းနှင့်သက္ကေပြင်တို့တွင် ပြည်နယ်အစိုးရအဖွဲ့အစည်းမှတာဝန်ရှိသူများလာရောက်၍ အသံချဲ့ စက်ဖြင့် မွတ်စလင်မ်များမြို့ပေါ်ဈေးသို့လွတ်လပ်စွာသွားရောက်ဝယ်ယူနိုင်ကြောင်း ဆော်သြလျက်ရှိသည်။ ဒုက္ခသည် စခန်းရှိမွတ်စလင်ဒုက္ခသည်များမှာ ဖြစ်ပေါ်နေသောအခြေအနေကိုအံ့အားသင့်နေသော်လည်း ကုလသမဂ္ဂကိုယ်စားလှယ် လာရောက်နေခြင်းကြောင့်ဖြစ်သည်ကိုသဘောပေါက်နေကြသည်။ 

မောင်းတောမြို့နှင့်ဘူးသီးတောင်မြို့တွင်လည်းအခြေအနေတည်ငြိမ်အေးချမ်းလျက်ရှိကြောင်းသတင်းရရှိပါသည်။ 

RB News Desk




ခေတ်မောင်း လန်ဒန်သတင်းထောက်

ဇူလိုင်လ (၁၆) ရက်နေ့က လန်ဒန် ဘောဂဗေဒ နဲ့ နိုင်ငံရေး သိပ္ပံကျောင်း LSE Arts and the Centre for the Study of Human Rights က ဦးစီးလုပ်တဲ့ “မြန်မာပြည်ရဲ့ ရိုဟင်ဂျာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ခေတ်မောင်း သတင်းထောက် သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို လူ (၂၀၀) လောက် တက်ပါတယ်။ ကျောင်းသားတွေ၊ မူဆလင်တွေ၊ ဗြိတသျှအစိုးရထဲက မြန်မာပြည်နဲ့ ဆိုင်တဲ့ ကိစ္စတွေ ကိုင်တဲ့ ဝန်ထမ်း အနည်းငယ်၊ ရိုဟင်ဂျာအဖွဲ့က လူအနည်းငယ် နဲ့ ဗမာ ၃၊ ၄ ယောက်လောက် တွေ့ပါတယ်။ အင်တာနက် စာမျက်နှာ တွေမှာ ရိုဟင်ဂျာ အကြောင်းကို အခြေအတင် ဆွေးနွေးနေကြတာမို့ ဗမာ အများစု တက်မယ်ထင်တာ နည်းနည်းလေးပဲ တွေ့လို့ အံ့အားသင့်ရပါတယ်။

ဦးဆောင်ဆွေးနွေးတဲ့ (၂) ယောက်က အမေရိကန်လူမျိုး ဓာတ်ပုံ သတင်းထောက် Greg Constatine ဆိုတဲ့ အမျိုးသားနဲ့ Arakan Project က ဒါရိုက်တာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ အကြောင်း စစ်တမ်းတွေ ကောက်၊ စာတမ်းတွေရေးတဲ့ Chris Lewa ဆိုတဲ့ အမျိုးသမီးပါ။ ဥပဒေနဲ့ တရားစီရင်ရေး ဆိုင်ရာတွေကို ဆွေးနွေးမယ့် အမျိုးသမီးက ပွဲကို ရောက်မလာခဲ့ဘူး။

ဂရက် (Greg Constatine) ဟာ ၂၀၀၆ ခုနှစ်ကတည်းက သွားစရမရှိတဲ့ လူများ (Nowhere People) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေရိုက် စာတွေရေးလုပ်နေတယ်။ ဘင်္ဂလားဒေ့ရှ် တေင်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို (၈) ခေါက်သွားပြီး အဲ့ဒီမှာရှိတဲ့ ဒုက္ခသည်တွေ အကြောင်း မှတ်တမ်းတင်ပြီး ပြေးစရာပြည်မရှိတဲ့ မြန်မာပြည် က ရိုဟင်ဂျာများ (Exile to nowhere: Burma's Rohingya) ဆိုတဲ့ စာအုပ်ကိုလည်း ဒီလမှာပဲ ထုတ်ထားတယ်။

သူက ရိုဟင်ဂျာ ဖြစ်ရပ်ကို ကာလကြာရှည်စွာ တိုင်းပြည်မဲ့တဲ့ ဖြစ်ရပ် (Protracted Statelessness) ဆိုပြီး ရှင်းပြတယ်။ သူတွေ့ခဲ့တဲ့ ဒုက္ခသည်ထဲက ဖာတီမာ နဲ့ ဂျာဖာ ဆိုတဲ့ လူနှစ်ယောက် အကြောင်းကို ပြောပြတယ်။

ဖာတီမာ ဟာ အသက် (၂၉) နှစ် ရှိပြီ ဖြစ်တဲ့ ရိုဟင်ဂျာ အမျိုးသမီး။ သူဟာ တခြား ရိုဟင်ဂျာ အမျိုးသား တယောက် နဲ့ ချစ်ကြိုက်လို့ လက်ထပ်ခွင့် တောင်းတာ ကျေးရွာ အာဏာပိုင်တွေက ခွင့်မပြုလို့ နှစ်ဦးသား အစ္စလာမ် ထုံးစံ နဲ့ အညီ တိတ်တိတ် လက်ထပ်ပြီး ပေါင်းသင်း နေထိုင်ကြတယ်။ ဖာတီမာ ကိုယ်ဝန်ရှိတော့ ရွာက အာဏာ ပိုင်တွေ သိသွားပြီး ကိုယ်ဝန်ဖျက်ချ ခိုင်းတယ်။ ရှိသမျှ ပစ္စည်း ဥစ္စာတွေ အားလုံးပေးပြီး တောင်းပန်တာလည်း မရလို့ နောက်ဆုံး ဘင်္ဂလားဒေ့ရှ်ထဲကို ထွက်ပြေးလာကြရတယ်။

ဂျာဖာ ကတော့ နဂါးမင်း စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ထဲကို ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသား။ သူက မြန်မာပြည်ထဲကို ပြန်နေချင်တဲ့လူ။ သူတို့မှာ သွားစရာ၊ နေစရာ၊ သူတို့ကို လက်ခံမယ့်နေရာ တနေရာမှ မရှိဘူးတဲ့။ သူတို့လိုချင်နေတာက အင်္ဂလိပ်လို “ability to feel they belong” ဗမလို ဆိုရင်တော့ “သူတို့နဲ့ဆိုင်ပါ့လားဆိုတဲ့ အသိပေးနိုင်မယ့် နေရာတခု” ပါတဲ့။ နိုင်ငံသား ဖြစ်ခွင့် ရုပ်သိမ်းခံရတာဟာ ကိုယ့်ကိုကိုယ်နဲ့ သူများက ကိုယ့်ကို တန်ဖိုးထားမှု ဖျက်ဆီးခံရတာ (to be stripped of citizenship is to be stripped of worthiness) ဆိုတာကို ရှင်းပြပါတယ်။

ခရစ်လယ်ဝါ (Chris Lewa) ကတော့ ဘူးသီးတောင် မောင်းတော မှာ သုတေသန လုပ်နေတဲ့ သူ့အဖွဲ့ဝင်တွေ ရှိတော့ ရိုဟင်ဂျာ အကြောင်းကို တော်တော်လေး ထဲထဲဝင်ဝင် သိပါတယ်။ သူက ဇွန်လမှာ ဖြစ်တဲ့ ပဋိပက္ခ ရဲ့ အကြောင်းရင်းခံက သုံးမျိုးရှိတယ်လို့ ဆိုပါတယ်။

ပထမ အကြောင်းက ရိုဟင်ဂျာတွေ အပေါ်ထားတဲ့ အစိုးရရဲ့ ပေါ်လစီတွေ၊ ဒုတိယက နိုင်ငံသားဖြစ်မှု ငြင်းပယ်ခြင်း နဲ့ တတိယက ရန်လိုမှု နဲ့ အမုန်းတရားတွေကို အားပေးအားမြှောက်ပြုခြင်းတဲ့။

သူက တတိယအချက်ကို မြန်မာနိုင်ငံ ပွင့်လင်းလာတာနဲ့ ဆက်စပ်ပြပါတယ်။ ပြောချင်တာ ရေးချင်တာ ပြောလို့ ရေးလို့ ရပြီ။ Freedom of Expression ရှိလာပြီ ဆိုပြီး ရိုဟင်ဂျာတွေ အပေါ်ထားတဲ့ အမုန်းတရားတွေကို လူကြားထဲ ပွင့်အန်ပြတဲ့ အကြောင်း ပြောပါတယ်။ ၂၀၁၂ ဖေဖေါ်ဝါရီ လောက်ကတည်းက အင်တာနက် ပေါ်မှာ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆောင်းပါးတွေ ပျံ့နေတယ်လို့ သူက ထောက်ပြပါတယ်။

ခရစ်လယ်ဝါက ရိုဟင်ဂျာတွေ ရခိုင်တွေကို ဘူးသီးတောင် မောင်းတောမှာ အကြမ်းဖက်တာ ဇွန်လ (၈) ရက် နေ့ တရယ်ထဲလို့ ဆိုပါတယ်။ စစ်တွေမှာ ဖြစ်တာကိုတော့ သူတို့ အဖွဲ့ စစ်တွေမှာ မရှိလို့ အတိအကျ မသိဘူးလို့ ဆိုတယ်။ ဘူးသီးတောင် မောင်းတော မှာ ဇွန်လ (၁၅) ရက်နေ့က စပြီး အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ အကြမ်းဖက်မှုတွေ ရိုဟင်ဂျာတွေ ခံရကြောင်း သူကပြောပါတယ်။ ရဲ့ မုဒိမ်းကျင့်တဲ့ အမှု (၄၅) မှု စာရင်းကောက်ယူ ရရှိထားတယ်လို့ ပြောတယ်။ ရိုဟင်ဂျာ (၅၇၇) ယောက်ကို ဖမ်းပြီး ဘူးသီးတောင် ထောင်ကို လွှဲလိုက်တယ်။ ဒီလူတွေကို မောင်းတော ရဲစခန်းမှာ စစ်နေတုန်း ယောင်္ကျား အင်္ဂါ တွေကို မီး နဲ့ ရှို့၊ စအို ထဲကို ဒုတ်တွေ ထည့်တာတွေ လုပ်တယ်လို့ အဖွဲ့သားတွေက သက်သေယူထားတယ်လို့ ဆိုတယ်။ သူထပ်တလဲလဲ သုံးသွားတဲ့ စကားကတော့ “State-Sponsored Violence” ဆိုတာ ပါပဲ။

သူတို့ (၂) ယောက် တယောက်ကို (၁၅) မိနစ် လောက်စီ ပြောကြပြီးတော့ ပရိသတ် (၁၀) ယောက်လောက်ရဲ့ မေးခွန်းတွေကို ဖြေပါတယ်။ မူဆလင်တယောက်က ထပြီး ဒီကိစ္စတွေ ကြီးကျယ်လာရင် သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘာမှ မလုပ်ရင် သူတို့ (၂) ယောက်ကို ရဝမ်ဒါတုန်းကလို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေလို ခုံရုံးတင်သင့်တယ်။ ဒီကိစ္စဟာ ပြောင်းလဲရေး အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ ထမေးတယ်။ သူ့ကြည့်ရတာ တော်တော် စိတ်ဆိုးနေပုံရတယ်။

ခရစ်လယ်ဝါက ပြောင်းလဲရေးလို့ ပြောတဲ့နေရာမှာ စီးပွားရေး အတွက်ပဲ မဟုတ်ဘဲ လူ့အခွင့်အရေး အတွက် ပြောင်းလဲဖို့လည်း လုတာကို ရိုဟင်ဂျာ ကိစ္စက မီးမောင်းထိုးပြတယ်လို့ ပြန်ဖြေတယ်။

အင်္ဂလိပ် အမျိုးသားတယောက်က ရိုဟင်ဂျာတွေ နောက်မှာ အကြမ်းဖက်သမားတွေ ရှိတယ်ဆိုတာ ဟုတ်သလားလို့ မေးတယ်။ ခရစ်လယ်ဝါက သူရိုဟင်ဂျာတွေနဲ့ အလုပ်လုပ်လာတာ (၁၂) နှစ်ရှိပြီ။ အကြမ်းဖက် အဖွဲ့ဆိုလို့ တဖွဲ့မှ မတွေ့ဖူးဘူး။ ဒါပေမယ့် ရိုဟင်ဂျာကို အကြောင်းပြုပြီး အခုဖြစ်နေတဲ့ ကိစ္စတွေကို အသုံးချပြီး အပြင်က အကြမ်းဖက်ချင်တဲ့ အဖွဲ့တွေ ရှိတယ်။ အခြေအနေက စိုးရိမ်ရတယ်လို့ ဖြေတယ်။

တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် သူ့ရပ်တည်ချက် မပျောက်အောင် ဒီကိစ္စကို ဘယ်လို ကိုင်တွယ် သင့်သလဲ ဆိုတာ မေးတယ်။ (ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရ ရာထူးရထားတဲ့ လူ မဟုတ်ပေမယ့် မြန်မာပြည် တပြည်လုံးမှရှိတဲ့ အရေးတွေနဲ့ ပတ်သက်ရင် သူ့သဘောထားကို တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်လော့လာကြလို့ သူရိုဟင်ဂျာ ကိစ္စမှာ သိသိသာသာ အသံတိတ်နေတာ နဲ့ ပတ်သက်ပြီး လူတော်တော်များများက ဘာကြောင့်လဲ။ ဘာလုပ်နိုင်မလဲ။ ဘာလုပ်သင့်သလဲ ဆိုတာကို သိချင်ကြတယ်။)

ခရစ်လယ်ဝါ ပြန်ဖြေတာကတော့ အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ဟာ ပါလီမန်ထဲ ရောက်နေပြီ။ သူ့ရဲ့ အသံတိတ်မှု ( သူက Political Silence လို့ သုံးတယ်။ နိုင်ငံရေးအရ မှားနိုင်တဲ့ အတွက်၊ လူကြိုက်နည်းနိုင်တဲ့ အတွက် တွက်ချက်ပြီး တိတ်နေတဲ့ အသံတိတ်မှုလို့ နားလည်နိုင်ပါတယ်။) က အရမ်းကို စိတ်ပျက်စရာ ကောင်းတယ်။ ခေါင်းဆောင်တွေ တာဝန်ခံရမယ့် အချိန်ကို ရောက်လာပြီ။ အနည်းဆုံးတော့ ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့လူတွေပါဆိုတာကို အောင်ဆန်းစုကြည် ပြောသင့်တယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲရဲ့ အချိန်ဟာ တိုလွန်းတဲ့အတွက် ဆွေးနွေးချင်တဲ့ လူအားလုံး ဆွေးနွေးခွင့်မရပါဘူး။ ခြုံပြီး ပြောရရင် ဒီပွဲဟာ ရိုဟင်ဂျာတွေကို နှစ်ပေါင်းများစွာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေခံရတယ်ဆိုတာကို ထောက်ပြတဲ့ ပွဲပါ။ ခရစ်လယ်ဝါဟာ ရိုဟင်ဂျာနဲ့ ပတ်သက်ရင် leading expert ထိပ်တန်းကျွန်းကျင်သူလို့ တော်တော်များများက ယူဆထားတဲ့ အတွက် သူ့ကို မီဒီယာတွေမှာ ခဏ ခဏ တွေ့ရပါတယ်။ သူတို့ရေးတဲ့ အစီရင်ခံစာတွေကို နိုင်ငံတကာအစိုးရ နဲ့ အဖွဲ့တွေက ဖတ်ပုံ ရပါတယ်။ အင်္ဂလိပ်အစိုးရထဲ မြန်မာ့အရေး ဆောင်ရွက်နေသူတွေကို ဒီဟောပြောပွဲမှာ တွေ့လိုက်ရလို့ သူပြောတွေဟာ အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိနိုင်တာကို မှန်းလို့ရပါတယ်။

ရိုဟင်ဂျာအရေးမှာ ပြည်တွင်းက ခေါင်းဆောင်တွေ နဲ့ ပြည်တွင်းရော ပြည်ပက ဗမာတွေ ဘယ်လိုတွေးလဲ။ နိုင်ငံတကာမှာ ရိုဟင်ဂျာ အရေးကို ဘယ်လိုမြင်လဲ။ မြန်မာအစိုးရကို တစထက်တစ ပိုပိုပြီး အကူအညီပေးလာကြတဲ့ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာအစိုးရကို ရိုဟင်ဂျာအရေးမှာ ဘယ်လို ဖြေရှင်း စေချင်သလဲ။ မြန်မာအစိုးရကရော သူတို့ ဖြစ်စေချင်သလို ဖြေရှင်းနိုင်မလား။ မဖြေရှင်းဘဲထားရင် ဘယ်လို ဖြစ်မလဲ။ ဒါတွေကဟာ ဒီဆွေးနွေးပွဲက ရတဲ့ အတွေးစတွေပါ။

လစဉ်ထုတ် အွန်လိုင်း ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၃) မှ
ခေတ်မောင်း အင်တာနက် စာမျက်နှာ : http://www.khitmaung.com/
(“ခေတ်မောင်း” ကို ပြည်တွင်း၊ ပြည်ပ ရှိ လူငယ်များ ပူးပေါင်း ရေးသား၊ ထုတ်ဝေ၊ အွန်လိုင်း ဖြန့်ချီသည်။)


MP U Shwe Maung Explained on Amendment 1982 Citizenship Law on 25 July 2012.

MP U Shwe Maung explained on amendment of 1982 Citizenship Law to be consistent with the Constitution of Myanmar (Year 2008) and Human Rights standard at Pyithu Hluttaw (Lower House) Assembly on 25 July 2012.






မင်းပြားမြို့နယ်တွင်ရခိုင်အမျိုးသားရေးဝါဒီများနှင့်သံဃာအတုများပူးပေါင်း၍ ဒေသခံရိုဟင်ဂျာမွတ်စ လင်များ ကို  စားနပ်ရိက္ခာဝယ် ယူခွင့်ပိတ်ဆို့ထား သောကြောင့် အငတ်ဘေးနှင့်ရင်ဆိုင်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ရိုဟင်ဂျာမွတ်စလင်များ၏မိတ်ဆွေအပေါင်းအသင်းရခိုင်အမျိုးသားများမှဆန်ကိုခိုးရောင်းသည်ကိုတွေ့သွားသောကြောင့် ထိုရခိုင်အမျိုးသားများကိုရန်ရှာသည့်အပြင် ၎င်းတို့၏နေအိမ်များကိုပါ မီးရှို့ဖျက်ဆီး ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်းသိရ သည်။

ပေါက်တောမြို့တွင်ရိုဟင်ဂျာရွာ (၃) ရွာရှိပြီး ရခိုင်ရွာ (၂၃) ရွာမှပတ်ပတ်လည်ဝိုင်းရံလျက်ရှိသည်။ ထိုရိုဟင်ဂျာ ရွာများ မှာ ဒုံရွာ၊ ငှက်ချောင်းရွာနှင့် ရှစ်ရွာ (ကြက်ကြီးပါရာ) တို့ဖြစ်သည်။ ဒုံရွာတွင် ၂၈၀၄ ဦး၊ ငှက်ချောင်းရွာတွင် ၂၁၅၀ ဦးနှင့် ရှစ်ရွာတွင် ၁၉၃၄ ဦးရှိကြောင်းသိရသည်။ ဒုံရွာမှကလေးငယ် (၃) ဦးအစာရေစာငတ်ပြတ်မှု၊ အာဟာရမလုံလောက်မှုတို့ ကြောင့်သေဆုံးခဲ့ပြီး၊ ထိုရွာ (၃) ရွာမှ လူကြီး ၄၀၀ ကျော်ခန့်အာဟာရချို့တဲ့သည့်ရောဂါခံစားနေရပြီး၊ ဆေးဝါးပစ္စည်းလုံးဝ မရရှိကြောင်း၊ ဆေးဝါးဝယ်ယူရန် ရွာမှထွက်၍မရကြောင်း၊ အကယ်၍၀ယ်ရန်ထွက်ပါက အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရ ကြောင်းသတင်း ရရှိပါသည်။

အဆိုပါမြို့နယ်များတွင်အဓိကလှုပ်ရှားနေသောသူများမှာ ရခိုင်ဝံသာနုရက္ခိတအသင်း၊ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီနှင့် သံဃာအတုများဖြစ်ကြောင်းသတင်းရရှိသည်။


RB News Desk

ရခိုင်ပြည်နယ် မောင်းတောမြို့တွင်အဓိကရုဏ်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေသခံရိုဟင်ဂျာလူမျိုးများကိုဈေးများတွင် ဆန်မရောင်းချခြင်း၊ ပစ္စည်းများမရောင်းချခြင်းများရှိနေသည်။ သို့သော်လည်းမြန်မာနိုင်ငံသို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာသော်မတ်စ်ကွန်တာနာရောက်ရှိ
လာတော့မည်ဖြစ်သဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်းပြုပြင်မွမ်းမံမှုများပြုလုပ်လျက် ရှိကြောင်းသတင်းရရှိပါသည်။

မစ္စတာသော်မတ်စ်ကွန်တာနာသည် မောင်းတောမြို့နယ်ရှိရွာများသို့သွားရောက်၍ ရိုဟင်ဂျာလူမျိုးများအားအနီးကပ်လေ့ လာရန်စီစဉ်ထားသည်။ ထိုအစီအစဉ်များကြောင့်နယ်မြေခံနစက၊ လုံထိန်းနှင့်လုံခြုံရေးတပ်ဖွဲ့များမှပြုလုပ်လျက်ရှိသောညှင်းပန်းနှိပ်စက်မှုများကိုတခဏတာရပ်တန့်ရန်အတွက်မောင်းတောမြို့တစ်ခုလုံးစစ်တပ်များဖြန့်ကျဲ၍ချထားပါသည်။

 ဈေးအနီးအ၀ိုက်တွင်လည်းစစ်သားများထူထူထပ်ထပ်ရှိကြောင်းဒေသခံများ၏ပြောကြားချက်များကြောင့်သိရှိရသည်။ 

ယခုအခါဈေးမှဆန်နှင့်အခြားသောပစ္စည်းများကိုရိုဟင်ဂျာလူမျိုးများဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူနိုင်ပြီး၊ ဆင်းရဲနွမ်းပါးသူများဆန်အိတ်သယ်ပေးခြင်းဖြင့်စီးပွားရှာနေသူများမှာလည်းပြဿနာတစုံတရာမရှိဘဲသယ်ပေး၍ ၀င်ငွေရှာနိုင်ကြောင်းသိရသည်။ သို့သော်လည်းနယ်မြေခံရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် မောင်းတောမြို့နာရီစင်ရှေ့တွင်စောင့်ဆိုင်း၍ဈေးဝယ်လာသူများကိုမှတ်တမ်းတင်ခြင်းဆန်တစ်အိတ်လျှင်အကောက်တစ်ထောင်ကျပ်ကောက်ခံခြင်းများပြုလုပ်လျက်ရှိသည်ထို့အပြင်တခါတရံတွင်လျှပ်စစ်စက်ရှိရာနေရာသို့ခေါ်ဆောင်သွားပြီး ပါလာသမျှအကုန်သိမ်းယူကြောင်းသိရသည်။

ယခုကဲ့သို့ရိုဟင်ဂျာလူမျိုးများဈေးဝယ်ရန်သွားလာလှုပ်ရှားနိုင်ခြင်းမှာမစ္စတာကွန်တာနာ၏ခရီးစဉ်ကြောင့်သာဖြစ်ပြီး၊ မစ္စတာကွန်တာနာပြန်သွားပါက စစ်တပ်လုံခြုံရေးရုတ်သိမ်းလိုက်မည်ဖြစ်ပြီး နယ်မြေခံနစက၊ လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် နဂိုမူလအတိုင်းရိုဟင်ဂျာလူမျိုးများကိုညှင်းပန်းနှိပ်စက်နေမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့ပါသည်။

RB News Desk




မူရင်း သတင်း Link

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ရာ သတင်းထောက်များ အနေဖြင့် ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုကြရန် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးလှသိန်းက ပြောကြားခဲ့သည်။ 

ယခင်အပတ်ထုတ် ဂျာနယ်တစ်စောင်တွင် ဂျီတီစီကျောင်းသားများ တိုက်ခိုက်ခံရ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းမှာ ဖြစ်ရပ်မှန်နှင့် လုံးဝကွဲလွဲပြီး မသိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်း အထင်မှားစရာဖြစ်သလို တစ်ဖက်နှင့်တစ်ဖက် ရန်လိုမုန်းတီးမှုများ ပြန်လည်ဖြစ်ပွားစေနိုင်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားနိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း၊ ဖြစ်ရပ်မှန်မှာ ဂျီတီစီကျောင်းတွင် တာဝန်ကျနေသည့် လုံခြုံရေးဝန်ထမ်းများနှင့် အရပ်သားများအကြား အထင်လွဲမှား ဖြစ်ပွားမှုသာ ဖြစ်ကြောင်း၊ ကျောင်းသားများနှင့် အရပ်သားများ မည်သူမျှ သက်ဆိုင်မှုမရှိကြောင်း၊ ထို့ကြောင့် ဂျီတီစီကျောင်းမှာလည်း ပုံမှန်ဖွင့်လှစ်သင်ကြားကာ ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေကြကြောင်း ပြောကြားခဲ့သည်။

ထို့အတူ စစ်တွေတက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ရန် အခက်အခဲရှိပါက ၄င်းတို့အား အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲသင်ကြားပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အရေးအခင်းများ ဖြစ်ပွားခဲ့ရာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ်များရှိ အခြေခံပညာသင် ကျောင်းများအားလည်း ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း အဖွဲ့ခေါင်းဆောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ သတင်းမှားများ ထုတ်ပြန်ခြင်းအတွက် ဒေသတည်ငြိမ်ရေးကို ထိခိုက်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုခံရနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးရှင်းလင်း ပြောကြားခဲ့ပြီး ယခုအချိန်အထိ အရေးယူခြင်း မရှိသေးသော်လည်း သတင်းမှား ဖော်ပြခြင်းအတွက် အမှားပြင်ဆင်ချက်နှင့် မှားယွင်းကြောင်း တောင်းပန်စာများကိုသာ ထည့်ရန် သတိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံ သတင်းထောက်တစ်ဦးက “ဂျာနယ်အချို့မှာ ဒေသခံ သတင်းထောက်တွေ ထားရှိပါတယ်။ တချို့လည်း အလွတ်တန်း သတင်း ရေးနေသူတွေ ရှိပါတယ်။

ဒေသသတင်းများကို ရေးသားမယ်ဆိုရင် ဒေသခံ သတင်းထောက်တွေဆီက ပြန်လည်စုံစမ်းသင့်ပါတယ်။ အရပ်သတင်း၊ အရပ်စကားကြားရုံနှင့် ရန်ကုန်တိုက်ကနေပြီး တိုက်ပိုင်သတင်းထောက်တွေက အမှားရေးတော့ ဒေသခံသတင်းထောက်တွေအပေါ် အထင်သေးမှုတွေ ဖြစ်ပေါ်ပြီး ဌာနတွေနှင့် ဆက်ဆံရာမှာ အဖုအထစ်များ ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

source here


မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒ ဟာ မြန်မာပြည်တွင်း လက်ရှိ မြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ အခြေအနေ တိုးတက်မှုအပေါ် မူတည်ပြီး တဆင့်ပြီး တဆင့် တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ဒဲရက်မစ် ချဲလ်(Derek Mitchell) က ထပ်လောင်း ပြောကြား                              လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ ဗွီအိုအေမြန်မာပိုင်း အစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သီးသန့်တွေ့ဆုံခဲ့တာမှာ သံအမတ်ကြီး ဒဲရက်မစ်ချဲလ်က မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသမှာ ငြိမ်းချမ်းရေး မရနိုင်သေးတဲ့ အခြေအနေအပြင် အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေအကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကိုလည်း စိုးရိမ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့အရေးဟာ သိမ်မွေ့လေးနက်တဲ့ ပြဿနာ တစ်ခု ဖြစ်ပြီး ဒေသတွင်းပြဿနာတစ်ခု အဖြစ်ပါ ဆိုက်ရောက်သွားစေနိုင်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့အပြီး၊ အခုလောလောဆယ် ၀ါရှင်တန်ဒီစီမြို့တော်ကို ခေတ္တ ပြန်လည်ရောက်ရှိနေတဲ့ သံအမတ်ကြီး ဒဲရက်မစ်ချဲလ်နဲ့ ဦးသန်းလွင်ထွန်း တို့ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို


Sources Here :

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေအတွက် အထူး စိုးရိမ်မှုတွေ ရှိတယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဆိုထားပြီး အဲဒီအတွက် လွပ်လပ် မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ တိုက်တွန်းထားပါတယ်။

လွတ်လပ် မျှတတဲ့ စုံစမ်း စစ်ဆေးမှုတွေဆိုတာ ဘာလဲဆိုပြီး ကုလသမဂ္ဂ လူအခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောခွင့်ရသူ မစ္စတာ ရူးပက် ကိုဗေးကို မေးကြည့်တော့ ရခိုင်ပြည် အရေးအခင်းမှာ ရာဇဝတ်မှုတွေကို အစိုးရကပဲ ကျူးလွန်ခဲ့သလား ဒါမှမဟုတ် တခြားပြည်သူတွေပဲ ကျူးလွန်ခဲ့တာ ဆိုတာ စုံစမ်းသွားမယ့် အကြောင်းနဲ့ ဒီလို ကိစ္စတွေဟာ လွတ်လပ်မျှတဖို့ လိုတာကြောင့် ဘက်လိုက်မှု မရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့ဖက်က တောင်းဆိုတဲ့အကြောင်း၊ အခုလို ဆိုးရွားတဲ့ အရေးအခင်းတွေ ဖြစ်ပြီးရင်တော့ အစိုးရ အဖွဲ့အစည်းမပါတဲ့ လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ နိုင်ငံအတော်များများမှာ လုပ်လေ့လုပ်ထ ရှိပါတယ် လို့ သူက ပြန်ဖြေပါတယ်။

တခါ ရခိုင်အရေးမှာ မြန်မာလုံခြုံရေးတွေက လူမျိုးရေး စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်း ထုတ်ပြန်ချက် အတော်များများက ဘယ်လောက်အထိ ခိုင်လုံ ပါသလဲလို့ မေးကြည့်တော့ အဲဒါကြောင့် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဖို့ တိုက်တွန်းတာဖြစ်တဲ့ အကြောင်း၊ ရတဲ့ သတင်းတိုင်းက ယုံကြည်လို့ မရပေမယ့် စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရ ရခိုင်ပြည်က အခြေအနေတွေဟာ တကယ်ကို စိုးရိမ်စရာ ရှိတဲ့ အကြောင်း နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားတဲ့ အခါကျရင်တော့ ဘယ်သူတွေက ဘာတွေကို ကျူးလွန်ခဲ့ သလဲဆိုတာကို သဲသဲကွဲကွဲ သိရမယ်လို့ သူက ပြန်ရှင်းပြခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကန်တားနားက မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်ကို လည်း ၁ရက်တာ သွားရောက်မယ်ဆိုတော့ သူ့ရဲ့ ခရီးစဉ်မှာ ဘာတွေကို လက်တွေ့ကျ ကျဆောင် ရွက်နိုင် မယ်ထင် လဲလို့ စုံစမ်းကြည့်တော့ မစ္စတာ ကန်တာနားဟာ မြန်မာ့အရေးမှာ အတွေ့အကြုံ ရင့်ကျက်သူဖြစ်တဲ့အတွက် ရတဲ့ အချိန်တို အတွင်းမှာ ဒေသခံတွေ၊ အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ NGOs တွေ အပြင် ဒီအရေးအခင်းကြောင့် ဒုက္ခရောက်ခဲ့ကြရတဲ့ သူတွေနဲ့ လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်လို့ ဒီခရီးစဉ်အပြီးမှာ ထူးခြားမှုတွေ ရှိမယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ လူအခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောခွင့်ရသူ မစ္စတာ ရူးပက် ကိုဗေးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။


ှSources Here :
မြန်မာနိုင်ငံရိုဟင်ဂျာများအသင်း(ဂျပန်) ၊ကုလသမဂ္ဂရုံးရှေ့တွင်ဆန္ဒပြနေကြစဉ်။
မြန်မာနိုင်ငံရိုဟင်ဂျာများအသင်း(ဂျပန်) ၊ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မတရားသဖြင့်လူမျိုးတုန်းအောင်လုပ်ဆောင်နေသည့်ကိစ္စအား၊ကုလသမဂ္ဂမှအမြန်ဆုံးကြားဝင်ဖြေရှင်းပေးရန်တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်။အဆိုပါဆန္ဒပြပွဲသို့မြန်မာနိုင်ငံချင်းတိုင်းရင်းသားကိုယ်စားလှယ်တဦးနှင့်ဂျပန်မှဦးရွှေဘ(ဂျပန်နိုင်ငံသား)တဦးလည်းတက်ရောက်အားပေးကြောင်းသတင်းရရှိသည်။




ပါလီမန်အမတ်ဦးရွှေမောင်ပြည်သူ့လွတ်တော်တွင်ရခိုင်ပြည်နယ်၌ဖြစ်ပွါးခဲ့သောအရေးအခင်းနဲ့
ပတ်သက်၍ဆွေးနွေးတင်ပြခြင်း။




(14th day of regular session of Parliament on 25 July 2012 in Naypyitaw ) 

1. The MP discussed according the following points.. 
a. Root causes of eruption of violence 
b. Factors contributing the escalation of violence for weeks 
c. Prevention of repetition of similar violence and peaceful coexistence 
d. Current situation of Arakan and to continue President’s 144 ( State of Emergency) in effected area 

2. The MP told that it was very unfortunate to see some MPs discussed racial and religious hatred (on Muslims) instead of containing the conflict and peace building process in the parliament earlier. He gave thanks to Mr Speaker for recalling etiquette of the parliament reminding those unruly MPs. 

3. The MP told that he has the responsibility to give real scenario to the 60 million population of Burma on ongoing propaganda against Muslim in Arakan State. Historical context: Arakan has a long history with independent kingdom. The relationship between Arakan and Chittagong had been very close until Burmese occupation (in 1785). Once, both regions were under the same rule for 200 years. Population movement form one to other (and vice versa) was a common phenomenon. In one occasion Arakan King Min Saw Mu fled Begal in fear of Burmese aggression. Arakan King was later reinstated to Arakan in Mrauk –Oo ( Myo Haung) with the help of strong Muslim army ( 30,000) led by General Sandi Khan. Despite all those solid historical facts, The Muslims were given the impression such a way that as if they came to Burma illegally yesterday or during British occupation ( as widely appears in state and local media). 

4. Population movement across the border is not limited during British occupation period only but it has been there for more than a thousand year. It is not unusual those living in North Arakan were similar physical appearance to those in Chittagong district. There are Rakhine Buddhist, Muslims, Khami, Daiknak , Mro and Thek and Chakma ethnics within Arakan ( Burma) territory. The same different ethnicities can also be found in the Chiittagong territory. During Burmese aggression, several Rakhine Buddhist took refuge to Awakyun under Chittagong. Quite recently, researchers found ancient Arakan Shipwreck in Bangladesh. The current Ambassador of Bangladesh to Burma is Chakma, descendent of Arakan. Rakhine (Buddhist) can also be found in India. The Rohingya issue is very simple but due to propaganda, it is complicated and creating instability in Arakan. The same scenario can be found in several other frontiers of Burma such as Kachin , Shan, Karen and other territories. While Muslims in Arakan are under several allegation of illegal immigration and denial of citizenship, Rakhine Buddist and other ethnics in Bangladesh side are enjoying full citizenship rights. It is very ridiculous to see Muslims are discriminated and denied rights in Arakan. Current Problem can only be solved based on true history of Arakan before British occupation and wiliness to give due share to the fellow citizens. Otherwise this problem would be repeating indefinitely. 

5. There have been several propaganda such as “illegal invasion”, “no Rohingya in Burma ”,” illegal immigrants are creating problems” etc.. It is better to focus on “those people in this region are citizens or not” instead of debating “whether there are Rohingya in Burma or not”. There were several operation to scrutinise citizenship in Northern Arakan after independence, namely Sabe, KyiKan, NagaMin, etc.. . The (Muslim) population is nothing left to be scrutinized. The authorities started replacing new “Nationality Scrutiny Cards” with older (National Identification Card” in 1990 but it was halted due to unknown reason. Now those Muslims are labelled non-citizens just because of not having identification cards. “Qualified to be citizen” and “issuing ID cards” are two separate activities. It is important to know that someone cannot be qualified as a citizen just after only having the citizenship card. Those who are qualified to be citizens are the citizens and deserved to have ID cards”. 

(Part 2: initial incident and factors contributing the escalation of violence for weeks: to be continue)


အရှေ့တောင်အာရှနိုင်ငံများအသင်းဖြစ်သောအာဆီယံမှ မြန်မာအစိုးရအနေဖြင့်ရခိုင်ပြည်နယ်တွင်လူနည်းစုဖြစ်သောရိုဟင်ဂျာလူမျိုးကိုဦးတည်၍ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးနှင့်ပတ်သက်၍သေချာရှင်းလင်းပြောကြားရန် တောင်းဆိုလိုက်ကြောင်း ယနေ့ထုတ် Jakarta Globe သတင်းစာတွင်ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးတွင် ရိုဟင်ဂျာလူမျိုးများကိုမိမိတို့၏မြေမှမောင်းထုတ်ပြီးအခြားသောအိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးသွားရသည်အထိဖြစ်စေခဲ့သည်အရှေ့တောင်အာရှနိုင်ငံများသို့ဒုက္ခသည်အဖြစ်ခိုလှုံရန်ထွက်ပြေးခဲ့ရာတွင်အင်ဒိုနီးရှားနိုင်ငံအပါအ၀င်ဖြစ်သည်။
မြန်မာအစိုးရကရှင်းလင်းချက်အပြည့်အစုံကိုပေးရလိမ့်မယ်။ ဒီကိစ္စကအာဆီယံအသိုင်းအ၀ိုင်းထဲမှာအလွန်အရေးကြီးတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ် - ဟုအာဆီယံအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဆူရင်ပစ်စူဝန်က ယမန်နေ့ကပြော ဆိုခဲ့သည်။

အဲဒီရှင်းလင်းချက်ကိုလည်းလာမယ့်စက်တင်ဘာလမှာနယူးယောက်မြို့မှာကျင်းပမယ့်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောရမှာဖြစ်တယ် - ဟုမစ္စတာဆူရင်ကဆက်လက်ပြောကြားခဲ့သည်။

မစ္စတာဆူရင်မှမြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံ၍ပြောဆိုခဲ့သော်လည်း ထိုအကြောင်းအရာနှင့်တစုံ တရာတိတိကျကျပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းကပြောသည်။

ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောမြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များကိုနိုင်ငံသားအဖြစ်အသိအမှတ်မပြုပဲ၊ ဗြိတိသျှကိုလိုနီခေတ်အတွင်းလာရောက်အခြေချခဲ့ကြောင်းငြင်းခုံပြောဆိုနေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှလည်း မိမိတို့နှင့်မသက်ဆိုင်ကြောင်းဤပြဿနာသည်မြန်မာနိုင်ငံ၏ပြဿနာဖြစ်ကြောင်းပြောဆိုလျက်ရှိသည်။ 

မြန်မာ့အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှဗုဒ္ဓဟူးနေ့တွင်လွှတ်တော်၌ပထမဆုံးအကြိမ်အဖြစ် လူနည်းစု တိုင်းရင်းသားများကိုကာကွယ်ရေးသည့်ဥပဒေနှင့်ပတ်သက်၍၀င်ရောက်ဆွေးနွေးခဲ့သည်။

RB News Desk




ရခိုင်ပြည်နယ်၊ မောင်းတောနှင့်ဘူးသီးတောင်မြို့နယ်များမှရိုဟင်ဂျာလူငယ်များ၊ပညာတတ်များကိုအစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများမှလွန်ခဲ့သောရက်ပိုင်းများတွင် အတည်ပြုပြောကြားခဲ့သည်။

မောင်းတောနှင့်ဘူးသီးတောင်မြို့နယ်များမှရိုဟင်ဂျာအမျိုးသား ၅၀၀ ကျော်ဖမ်းဆီးပြီး ဘူးသီးတောင်မြို့အကျဉ်းထောင် တွင်ထားရှိခဲ့သည်။ ဖမ်းဆီးခံရသူများမှာအကြောင်းပြချက်တစုံတရာမရှိပဲ ဖမ်းဆီးခံရခြင်းဖြစ်သည်။ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရပြီး၊ အစာရေစာငတ်ပြတ်မှု၊ အ၀တ်အစားမလုံလောက်မှုတို့အပြင် အာဏာပိုင်များ၏ ညှင်းပန်းနှိပ်စက်ခြင်းများကိုခံနေရကြောင်းသတင်းရရှိပါသည်။ 

ထိုသို့ညှင်းပန်းနှိပ်စက်ခြင်းကြောင့်ရိုဟင်ဂျာအမျိုးသား၄၃ဦးသေဆုံးခဲ့ပြီးအလောင်းများကိုမိသားစုထံသို့ပြန်လည်အပ်နှံ ခြင်းမပြုပဲ၊ ဘူးသီးတောင်မြို့အကျဉ်းထောင်အနီးတွင်မြေကျင်းတစ်ခုတူး၍ ထိုအလောင်းများအားလုံးကို ဇူလိုင်လ (၂၃) ရက်နေ့ကတပြိုင်တည်းသဂြိုလ်ခဲ့ကြောင်း ဘူးသီးတောင်မြို့အကျဉ်းထောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှ RB သို့သတင်း ပေးပို့ပါသည်။

RB News Desk 
OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ်

 အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံးသတ်ရန်အတွက်ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီထွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂအနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီ အာရေးဗျနိုင်ငံ Jaddah မြို့မှလာသည့် Anadolu Agency သတင်းတရပ် တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှုအတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင်ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။


Burma Campaign (UK) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ် (ဓါတ်ပုံ :: Facebook) 

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိခဲ့ကြောင်း Burma Campaign (UK) ၏ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

လက်ရှိ အကြပ်အတည်းသည် မြန်မာအစိုးရ ခေါင်းဆောင်ပြုလုပ်နေသည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်သည့်အဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း ဤကြေညာချက်တွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ရိုဟင်ဂျာ အရပ်သားများကို အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်းနှင့် အရမ်းကာရော သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း
လွန်ခဲ့သော ရက်သတ္တပတ်များ အတွင်း သတင်းများ ရရှိထားသည်ဟု BC (UK) က ပြောသည်။

ဒုက္ခသည် စခန်းများတွင်လည်း လုံလောက်သော စားနပ်ရိက္ခာနှင့်ဆေးဝါးကုသပေးမှုများ မရှိကြောင်းလည်း သတင်းများ ရရှိထားသည်ဟု သူတို့က ဆိုသည်။

“အရေအတွက် မသိရသည့် ထောင်ပေါင်းများစွာသော လူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ဝင်ရောက်ခဲ့ကြပြီး သူတို့သည် အကာအကွယ်ပေးမှု သော်လည်းကောင်း၊ အကူအညီ အထောက်အပံ့
သော်လည်းကောင်း မရရှိခဲ့ကြဘဲ ထောင်ပေါင်းများစွာသည် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာသေနတ်နှင့်ချိန်၍ ပြန်လည် နှင်ထုတ်ခြင်းကို ခံခဲ့ရသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

ဒေသန္တရ အာဏာပိုင်များသည် ရိုဟင်ဂျာ အများအပြားကို သူတို့၏ ကျေးရွာများ၊ ဈေးဆိုင်များ၊ အိမ်များသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုခဲ့ဘဲ ယင်းသည် ဒေသအတွင်း ရိုဟင်ဂျာလူမျိုးသန့်စင်ရေးရည်ရွယ်ပြုလုပ်သည့် မူဝါဒတရပ် လည်း ဖြစ်ကြောင်း BC (UK) က ပြောဆိုထားသည်။

သမ္မတ ဦးသိန်းစိန် က လူမျိုးသန့်စင်ရေး ပြုလုပ်ရာရောက်သည့် မူဝါဒတရပ်ကို တင်ပြခဲ့ပြီး ယင်းမူဝါဒအရ ရိုဟင်ဂျာ များကို မြန်မာနိုင်ငံမှ ရှင်းလင်းဖယ်ရှားပြီး တတိယနိုင်ငံသို့ ပို့ဆောင်ပေးရေး စီစဉ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့ သည်။

“ယင်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန်စိုးရိမ်ဖွယ်ရာ ကောင်းသည့် အခြေအနေတရပ် ဖြစ်ပြီး အခြေအနေမှာ အလွန်လျှင်မြန်စွာပင် ယိုယွင်းလာနေသည်” ဟု BC (UK) ၏ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောသည်။

“ဤသို့သော အတိုင်းအတာဖြင့် ဖြစ်ပွါးနေသော အကြပ်အတည်းတွင် မျှော်လင့်ထားအပ်သည့် နိုင်ငံတကာ၏ တုံ့ပြန်မှု မျိုးကို မရရှိခဲ့ပါ။ အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရေး၊ ဖမ်းဆီးခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ရပ်တန့်နိုင်ရေး၊ လူများကို သူတို့နေအိမ်များသို့ လုံခြုံစွာ ပြန်ခွင့်ပြုနိုင်ရေးတို့အတွက် လိုအပ်သော အရေးယူ
ဆောင်ရွက်မှုများကို ပြုလုပ်ရန်လို အပ်ပါသည်” ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပြည်တွင်းတွင် သိရှိကာ အရေးတယူ ရှိလာရေး အတွက် ဗြိတိန်နိုင်ငံအနေဖြင့် သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားချက်အားပြန်လည် ရုတ်သိမ်းသင့်ကြောင်း ရောဘတ် က ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတယူရှိလာရေး လှုပ်ရှားဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဦးဆောင် ပါဝင်သင့်ကြောင်း လည်း သူကပြောသည်။ သို့သော် အစိုးရသည် အပြုသဘော ဆောင်သည့် သတင်းများအပေါ်တွင်သာ ပိုမိုအာရုံစိုက်နေပုံရပြီး ဝန်ကြီးများ အနေဖြင့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဝေဖန်ပြောကြားမှုများမှာလည်း ရှားရှားပါးပါးသာ ရှိသည်ဟု သူက ဆိုသည်။

“ဤသို့ ပြုလုပ်ခြင်းဖြင့် ရိုဟင်ဂျာများကို ဝိုင်းဝန်းဖမ်းဆီးပြီး တိုင်းပြည်တွင်းမှ နှင်ထုတ်ရေး ဆောင်ရွက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ပိုအားရှိသွားအောင် လုပ်ပေးလိုက်သလို ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း မရှိပါက အခြေအနေသည် ဆက်လက်ဆိုးရွားနေမည်သာ ဖြစ်သည်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

အမေရိကန် သမ္မတ အိုဘားမား နှင့် လွှတ်တော်အမတ်များက မြန်မာပြည်ရှိ ရိုဟင်ဂျာ လူနည်းစုများနှင့် ပတ်သက်ပြီး စိုးရိမ် ပူပန် ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ဒုက္ခသည်များအဖြစ် အသိအမှတ် ပြု လက်ခံရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိုက်တွန်းကြောင်း၊ ၎င်းတို့ကို အကာအကွယ် ပေးရန် လိုအပ်ကြောင်း၊ ဘ၀လုံခြုံရေးကို ခြိမ်း ခြောက်ခံနေရသော ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံဘက်သို့ ယင်းရိုဟင်ဂျာများကို ပြန်လည်နှင်လွှတ် နေခြင်းသည် စိတ်ပျက်ဖွယ် ရာပင် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ Tom Lantos လူ့အခွင့်အရေး ကော်မရှင် ကြားနာပွဲ၌ အမေရိကန် လွှတ်တော် အမတ် များက¬ ပြောကြားကြကြောင်း သိရသည်။

Source here 
ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney 


မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၂ ခုနှစ် 


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တိုင် လေ့လာ ကူညီရန်အတွက် ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်းလည်း ဖြစ်သည့် Ansar Burney အပါအဝင် Ansar Burney Trust မှ လေးဦး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာသည်။

လူမျိုးရေး အကြမ်းဖက်မှုများ၊ မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုကြောင့် ရခိုင် ဒေသမှာ ညက်ညက်ကြေပြုန်းခဲ့ ရကြောင်း အစီရင်ခံချက်များကြောင့် ဆက်လက် ဖြစ်ပေါ်နေပြီး ထိုအထဲတွင် မူဆလင်များအား ပစ်မှတ်ထားကာ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မ ပြုကျင့်မှု၊ လက်ရောက်စော်ကားမှု အစီရင်ခံချက်များမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များအတွင်း ရှုတ်ထွေးမှုများ ဖန်တီးနေသည်ဟု ဆိုသည်။

အသက် ၅၆ နှစ်အရွယ်ရှိ Ansar Burney မှာ ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေး ဝန်ကြီး ဖြစ်ခဲ့ဖူးပြီး အမေရိကန် နိုင်ငံခြားရေးန်ကြီးဌာန အစီရင်ခံစာတွင် ‘လူကုန်ကူးမှု ဆန့်ကျင်ရေး သူရဲကောင်း’အဖြစ် ဂုဏ်ပြုခံရဖူး သည်။

ယခု လာရောက်မည့် ခရီးစဉ်မှာ အချက်အလက်များ ရှာဖွေရန်နှင့် ငိုကြွေးနေ၊ သေလုဆဲဆဲ ဖြစ်နေကြသော သူများအား ကူညီရန်အတွက် ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များ၊ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များအား Ansar Burney Trust က စွပ်စွဲလိုက်သည်။

“အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်တွေ ဖြန့်လွှတ်ထားတာဟာ ဆူပူထကြွမှုတွေကို ချေမှုန်းဖို့နဲ့မော့စ်နဲ့ဘုန်းတော်ကြီးကျောင်းတွေ နှစ်ခုလုံးကို ကာကွယ်ပေးဖို့ ပါတယ်။ ဒါပေမယ့် မူဆလင်များနဲ့ ပလီတွေကို တိုက်ခိုက်မှုတွေဟာ အစိုးရနဲ့ စစ်တပ် ထီးရိပ်အောက်ကနေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ” ဟု Ansar Burney က ဆိုသည်။

ပါကစ္စတန် မူဆလင်အဖွဲ့ချုပ် PML-Q၊ Jamaat-e-Islami (JI)ပါတီတို့ကလည်း မြန်မာနိုင်ငံတွင်း မူဆလင် သတ်ဖြတ် ခံရမှုများကို ကန့်ကွက်ရှုတ်ချကြကာ ကုလသမဂ္ဂနှင့် အစ္စလာမ်ကွန်ဖရင့်(OIC)တို့သို့ အရေးယူဆောင်ရွက်မှုများပြုရန်တောင်းဆိုထားကြသည်။ JI ပါတီ ခေါင်းဆောင် Munawar ကလည်း မြန်မာပြည် မူဆလင်အရေး ဆွေးနွေးရန်အတွက် ပါကစ္စတန်အစိုးရအား အထွေထွေညီလာခံ ခေါ်ဆိုပေးရန် တောင်းဆိုထားသည်။

ပါကစ္စတန် ကျောင်းသူများ သမဂ္ဂတခုဖြစ်သည့် Islami Jamiat-e-Talbat (IJT) ၏ ခေါင်းဆောင် Nazima Ayesha က သတင်းထောက်များအား သောကြာနေ့က ပြောဆိုရာတွင် ၅၂ နိုင်ငံသော မူဆလင်ကမ္ဘာ၏ ရဲတိုက်ကြီး တခုသဖွယ် ဖြစ်သည့် ပါကစ္စတန်အနေဖြင့် မြန်မာပြည်အတွင်း ဤကဲ့သို့ မူဆလင်များအား ရက်ရက်စက်စက် သတ်ဖြတ်နေမှု ကိစ္စမျိုးများကို သုတ်သင်ပစ်ရန် ကမ္ဘာ့အသိုင်းအဝိုင်းနှင့်အတူတကွ လက်တွဲကာ မိမိအခန်းကဏ္ဍ ကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ဇူလိုင်လ ၂ဝ ရက်နေ့က Pakistan Sunni Tehrik (PST) ပါတီ ဦးဆောင်သည့် ချီတက်ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် Mohammad Khazaee ကလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ စာရေးသားကာ မြန်မာပြည်အတွင်း မူဆလင် သတ်ဖြတ်မှုများ ရပ်တန့်သွားရန်အတွက် အလျှင်အမြန် အရေးယူ ဆောင်ရွက်မှုများပြုရန် စနေနေ့က တောင်းဆိုထားသည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်မျာကလည်း မြန်မာပြည်အတွင်း မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကိုပြင်းထန်စွာ ရှုတ်ချထားပြီး ထိုသတ်ဖြတ်မှုများ ရပ်တန့်စေရန်အတွက် ကမ္ဘာကြီးမှ ချက်ချင်း လုပ်ဆောင်မှုများ ပြုကြရန်တောင်းဆိုထားသည်။

“မြန်မာ(အစိုးရ) သိထားဖို့လိုတာက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာ တိုင်းပြည်တခုတည်းမှာ တင် ဖြစ်တဲ့ ရာဇဝတ်မှု တခုမျှသာ မဟုတ်ဘဲ ခွင့်လွှတ်လို့ မရနိုင်တဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေး အထူးသဖြင့် မူဆလင်ကမ္ဘာကို ဆန့်ကျင်ရေး ဖြစ်နေတယ်ဆိုတာပဲ” ဟု တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၏ သောကြာနေ့ အစီရင်ချက်တခုတွင် “အရေးပေါ်အခြေအနေကြေညာပြီးနောက် သီတင်းပါတ် ခြောက်ပါတ် ကြာသည်အထိ လူမျိုးရေးအကြမ်းဖက်မှုများ မြန်မာပြည် အနောက် ဖက်ခြမ်းတွင် ဆက်ဖြစ်ပွားလျက် ရှိသည်။ လူနည်းစု မူဆလင် ရိုဟင်ဂျာများအား ဦးတည်ပြီး ရိုက်နှက်မှု၊ အဓမ္မပြုကျင့် မှုနှင့် သတ်ဖြတ်မှုများဖြစ်သည်” ဟု ပါရှိလာပြီးနောက် ထိုသို့ မူဆလင်ကမ္ဘာ၏ မြန်မာအစိုးရအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။

ထို့ပြင် တူရကီ NGO တခုဖြစ်သည့် လူသားချင်းစာနာမှုအကူအညီ ဖောင်ဒေးရှင် (YHH)၏ ဇူလိုင် ၂ဝ ရက်နေ့ထုတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း ဇွန်လတွင်း စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ရိုဟင်ဂျာ မူဆလင် ၁,ဝဝဝ ကျော် သေဆုံးခဲ့ရပြီး ၉ဝ,ဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ကျန်ခဲ့ရကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

သို့သော် မြန်မာအစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၅ဝ ဦး ရှိခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ထပ်မံဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ၁၂ ဦး ထပ်မံသေဆုံး ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း မေလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက် မတရားမှုများကို အစိုးရမှ စုံစမ်းရေးကော်မရှင် ဖွဲ့၍ စစ်ဆေးခဲ့ရာ ဖော်ထုတ် ရရှိချက်များကို ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

မေလ ၂၈ ရက်နေ့မှ ရမ်းဗြဲမြို့နယ်မှ မသီတာထွေး အား အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့မှု၊ ဇွန်လ ၃ ရက်နေ့ကတောင်ကုန်မြို့နယ်တွင် မူဆလင် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုနှင့် ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ်(၁)ရဲစခန်း တိုက်ခိုက်ခံရမှုတို့ကို ဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ၁၆ ဦးပါ စုံစမ်းရေးအဖွဲ့ကကြေညာထားသည်။
Speaker Ali Larijani 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။

အမေရိကန် အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အဓိကပစ်မှတ် ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ အစိုးရကတော့ အဲဒီ ပြောဆိုချက်တွေအပေါ် အခြေအမြစ် မရှိတဲ့ တစ်ဘက်သတ် လိုရာဆွဲ စွပ်စွဲချက်တွေအဖြစ် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကလည်း ဒီပြောဆိုချက်တွေဟာ လက်တွေ့ ဖြစ်နေတာတွေနဲ့ လုံးဝ ဥဿုံ ပြောင်းပြန် ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ အေးချမ်း ငြိမ်သက်နေပြီ ဖြစ်ကြောင်း အေပီသတင်းကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ AI နဲ့ The Arakan Project စတဲ့ အဖွဲ့တွေက အခြေအနေ အေးချမ်းသွားပြီ ဆိုပေမဲ့ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင် အများအပြားကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ထင်သလို ဖမ်းဆီး ချုပ်နှောင်ခဲ့တာတွေ၊ တချို့နေရာတွေမှာ ရိုက်နှက် သတ်ဖြတ်တာတွေ ရှိခဲ့ကြောင်း ပြောဆိုပါတယ်။

Source :RFA 


ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ အလယ် သံကျော်ကျေးရွာတွင် ဇူလိုင်လ (၂၁) ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီဝတ်ကျောင်းတော် (၆) ကျောင်းကို နယ်မြေခံ တပ်ဖြစ်သော နယ်စပ် ကွပ်ကဲရေးတပ် (နစက)မှ လာရောက်၍ ချိတ်ပိတ်ခဲ့သည်။ အလားတူ ပင်မောင်းတောမြို့ တွင်လည်း ဗလီဝတ်ကျောင်းတော် (၃) ကျောင်းကိုနစကမှချိတ်ပိတ်ခဲ့ပြီး ဗလီများ၏ရှေ့ဆောင်ဆရာ(၁၆)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါသည်။

အလယ်သံကျော်ကျေးရွာတွင် ချိတ်ပိတ်ခံရသည့်ဗလီများမှာ -

(၁) ကွန်ဒရာဂျာမေဗလီ
(၂) ချန်ဒါဖာရာဂျာမေဗလီ
(၃) ဒွန်ခါလီဂျာမေဗလီ
(၄) လွန်ဗဂူနာဂျာမေဗလီ
(၅) စန်ဘာနာဂျာမေဗလီ
(၆) ဂိုဒူစာရာဂျာမေဗလီ 

မောင်းတောမြို့တွင်ချိတ်ပိတ်ခံရသည့်ဗလီများမှာ - 

(၁) အလီဖာရာဂျာမေဗလီ
(၂) ခိုက်ရီဖာရာဂျာမေဗလီ
(၃) မောင်နီရွာဂျာမေဗလီ

ဖမ်းဆီးခံရသောဗလီရှေ့ဆောင်ဆရာများကိုမည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကိုမသိရသောကြောင့် မိသားစုဝင် များအလွန်ပူပင်သောကရောက်နေရကြောင်းသိရသည်။

နစကတပ်ဖွဲ့ဝင်များမှရိုဟင်ဂျာများကိုနေအိမ်များမှထွက်ခွာသွားရန်ရခိုင်ပြည်နယ်မှထွက်ခွာသွားရန်နိုးဆော်လျက်ရှိသည်။ အကယ်၍ထွက်ခွာသွားခြင်းမရှိက မည်သူမျှလာရောက်၍ကယ်တင်နိုင်မည်မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်မှအမြန်ဆုံးထွက်ခွာသွားပါကအသက်ရှင်နေထိုင်နိုင်မည်ဖြစ်ကြောင်းရိုဟင်ဂျာများအားပြောဆိုလျက်ရှိကြောင်းသတင်းရရှိပါသည်။

RB News Desk
Rohingya Exodus