Latest Highlight

ရိုဟင်ဂျာ အရေးဆွေးနွေးပွဲသို့ တခေါက်



ခေတ်မောင်း လန်ဒန်သတင်းထောက်

ဇူလိုင်လ (၁၆) ရက်နေ့က လန်ဒန် ဘောဂဗေဒ နဲ့ နိုင်ငံရေး သိပ္ပံကျောင်း LSE Arts and the Centre for the Study of Human Rights က ဦးစီးလုပ်တဲ့ “မြန်မာပြည်ရဲ့ ရိုဟင်ဂျာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ခေတ်မောင်း သတင်းထောက် သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို လူ (၂၀၀) လောက် တက်ပါတယ်။ ကျောင်းသားတွေ၊ မူဆလင်တွေ၊ ဗြိတသျှအစိုးရထဲက မြန်မာပြည်နဲ့ ဆိုင်တဲ့ ကိစ္စတွေ ကိုင်တဲ့ ဝန်ထမ်း အနည်းငယ်၊ ရိုဟင်ဂျာအဖွဲ့က လူအနည်းငယ် နဲ့ ဗမာ ၃၊ ၄ ယောက်လောက် တွေ့ပါတယ်။ အင်တာနက် စာမျက်နှာ တွေမှာ ရိုဟင်ဂျာ အကြောင်းကို အခြေအတင် ဆွေးနွေးနေကြတာမို့ ဗမာ အများစု တက်မယ်ထင်တာ နည်းနည်းလေးပဲ တွေ့လို့ အံ့အားသင့်ရပါတယ်။

ဦးဆောင်ဆွေးနွေးတဲ့ (၂) ယောက်က အမေရိကန်လူမျိုး ဓာတ်ပုံ သတင်းထောက် Greg Constatine ဆိုတဲ့ အမျိုးသားနဲ့ Arakan Project က ဒါရိုက်တာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ အကြောင်း စစ်တမ်းတွေ ကောက်၊ စာတမ်းတွေရေးတဲ့ Chris Lewa ဆိုတဲ့ အမျိုးသမီးပါ။ ဥပဒေနဲ့ တရားစီရင်ရေး ဆိုင်ရာတွေကို ဆွေးနွေးမယ့် အမျိုးသမီးက ပွဲကို ရောက်မလာခဲ့ဘူး။

ဂရက် (Greg Constatine) ဟာ ၂၀၀၆ ခုနှစ်ကတည်းက သွားစရမရှိတဲ့ လူများ (Nowhere People) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေရိုက် စာတွေရေးလုပ်နေတယ်။ ဘင်္ဂလားဒေ့ရှ် တေင်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို (၈) ခေါက်သွားပြီး အဲ့ဒီမှာရှိတဲ့ ဒုက္ခသည်တွေ အကြောင်း မှတ်တမ်းတင်ပြီး ပြေးစရာပြည်မရှိတဲ့ မြန်မာပြည် က ရိုဟင်ဂျာများ (Exile to nowhere: Burma's Rohingya) ဆိုတဲ့ စာအုပ်ကိုလည်း ဒီလမှာပဲ ထုတ်ထားတယ်။

သူက ရိုဟင်ဂျာ ဖြစ်ရပ်ကို ကာလကြာရှည်စွာ တိုင်းပြည်မဲ့တဲ့ ဖြစ်ရပ် (Protracted Statelessness) ဆိုပြီး ရှင်းပြတယ်။ သူတွေ့ခဲ့တဲ့ ဒုက္ခသည်ထဲက ဖာတီမာ နဲ့ ဂျာဖာ ဆိုတဲ့ လူနှစ်ယောက် အကြောင်းကို ပြောပြတယ်။

ဖာတီမာ ဟာ အသက် (၂၉) နှစ် ရှိပြီ ဖြစ်တဲ့ ရိုဟင်ဂျာ အမျိုးသမီး။ သူဟာ တခြား ရိုဟင်ဂျာ အမျိုးသား တယောက် နဲ့ ချစ်ကြိုက်လို့ လက်ထပ်ခွင့် တောင်းတာ ကျေးရွာ အာဏာပိုင်တွေက ခွင့်မပြုလို့ နှစ်ဦးသား အစ္စလာမ် ထုံးစံ နဲ့ အညီ တိတ်တိတ် လက်ထပ်ပြီး ပေါင်းသင်း နေထိုင်ကြတယ်။ ဖာတီမာ ကိုယ်ဝန်ရှိတော့ ရွာက အာဏာ ပိုင်တွေ သိသွားပြီး ကိုယ်ဝန်ဖျက်ချ ခိုင်းတယ်။ ရှိသမျှ ပစ္စည်း ဥစ္စာတွေ အားလုံးပေးပြီး တောင်းပန်တာလည်း မရလို့ နောက်ဆုံး ဘင်္ဂလားဒေ့ရှ်ထဲကို ထွက်ပြေးလာကြရတယ်။

ဂျာဖာ ကတော့ နဂါးမင်း စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ထဲကို ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသား။ သူက မြန်မာပြည်ထဲကို ပြန်နေချင်တဲ့လူ။ သူတို့မှာ သွားစရာ၊ နေစရာ၊ သူတို့ကို လက်ခံမယ့်နေရာ တနေရာမှ မရှိဘူးတဲ့။ သူတို့လိုချင်နေတာက အင်္ဂလိပ်လို “ability to feel they belong” ဗမလို ဆိုရင်တော့ “သူတို့နဲ့ဆိုင်ပါ့လားဆိုတဲ့ အသိပေးနိုင်မယ့် နေရာတခု” ပါတဲ့။ နိုင်ငံသား ဖြစ်ခွင့် ရုပ်သိမ်းခံရတာဟာ ကိုယ့်ကိုကိုယ်နဲ့ သူများက ကိုယ့်ကို တန်ဖိုးထားမှု ဖျက်ဆီးခံရတာ (to be stripped of citizenship is to be stripped of worthiness) ဆိုတာကို ရှင်းပြပါတယ်။

ခရစ်လယ်ဝါ (Chris Lewa) ကတော့ ဘူးသီးတောင် မောင်းတော မှာ သုတေသန လုပ်နေတဲ့ သူ့အဖွဲ့ဝင်တွေ ရှိတော့ ရိုဟင်ဂျာ အကြောင်းကို တော်တော်လေး ထဲထဲဝင်ဝင် သိပါတယ်။ သူက ဇွန်လမှာ ဖြစ်တဲ့ ပဋိပက္ခ ရဲ့ အကြောင်းရင်းခံက သုံးမျိုးရှိတယ်လို့ ဆိုပါတယ်။

ပထမ အကြောင်းက ရိုဟင်ဂျာတွေ အပေါ်ထားတဲ့ အစိုးရရဲ့ ပေါ်လစီတွေ၊ ဒုတိယက နိုင်ငံသားဖြစ်မှု ငြင်းပယ်ခြင်း နဲ့ တတိယက ရန်လိုမှု နဲ့ အမုန်းတရားတွေကို အားပေးအားမြှောက်ပြုခြင်းတဲ့။

သူက တတိယအချက်ကို မြန်မာနိုင်ငံ ပွင့်လင်းလာတာနဲ့ ဆက်စပ်ပြပါတယ်။ ပြောချင်တာ ရေးချင်တာ ပြောလို့ ရေးလို့ ရပြီ။ Freedom of Expression ရှိလာပြီ ဆိုပြီး ရိုဟင်ဂျာတွေ အပေါ်ထားတဲ့ အမုန်းတရားတွေကို လူကြားထဲ ပွင့်အန်ပြတဲ့ အကြောင်း ပြောပါတယ်။ ၂၀၁၂ ဖေဖေါ်ဝါရီ လောက်ကတည်းက အင်တာနက် ပေါ်မှာ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆောင်းပါးတွေ ပျံ့နေတယ်လို့ သူက ထောက်ပြပါတယ်။

ခရစ်လယ်ဝါက ရိုဟင်ဂျာတွေ ရခိုင်တွေကို ဘူးသီးတောင် မောင်းတောမှာ အကြမ်းဖက်တာ ဇွန်လ (၈) ရက် နေ့ တရယ်ထဲလို့ ဆိုပါတယ်။ စစ်တွေမှာ ဖြစ်တာကိုတော့ သူတို့ အဖွဲ့ စစ်တွေမှာ မရှိလို့ အတိအကျ မသိဘူးလို့ ဆိုတယ်။ ဘူးသီးတောင် မောင်းတော မှာ ဇွန်လ (၁၅) ရက်နေ့က စပြီး အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ အကြမ်းဖက်မှုတွေ ရိုဟင်ဂျာတွေ ခံရကြောင်း သူကပြောပါတယ်။ ရဲ့ မုဒိမ်းကျင့်တဲ့ အမှု (၄၅) မှု စာရင်းကောက်ယူ ရရှိထားတယ်လို့ ပြောတယ်။ ရိုဟင်ဂျာ (၅၇၇) ယောက်ကို ဖမ်းပြီး ဘူးသီးတောင် ထောင်ကို လွှဲလိုက်တယ်။ ဒီလူတွေကို မောင်းတော ရဲစခန်းမှာ စစ်နေတုန်း ယောင်္ကျား အင်္ဂါ တွေကို မီး နဲ့ ရှို့၊ စအို ထဲကို ဒုတ်တွေ ထည့်တာတွေ လုပ်တယ်လို့ အဖွဲ့သားတွေက သက်သေယူထားတယ်လို့ ဆိုတယ်။ သူထပ်တလဲလဲ သုံးသွားတဲ့ စကားကတော့ “State-Sponsored Violence” ဆိုတာ ပါပဲ။

သူတို့ (၂) ယောက် တယောက်ကို (၁၅) မိနစ် လောက်စီ ပြောကြပြီးတော့ ပရိသတ် (၁၀) ယောက်လောက်ရဲ့ မေးခွန်းတွေကို ဖြေပါတယ်။ မူဆလင်တယောက်က ထပြီး ဒီကိစ္စတွေ ကြီးကျယ်လာရင် သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘာမှ မလုပ်ရင် သူတို့ (၂) ယောက်ကို ရဝမ်ဒါတုန်းကလို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေလို ခုံရုံးတင်သင့်တယ်။ ဒီကိစ္စဟာ ပြောင်းလဲရေး အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ ထမေးတယ်။ သူ့ကြည့်ရတာ တော်တော် စိတ်ဆိုးနေပုံရတယ်။

ခရစ်လယ်ဝါက ပြောင်းလဲရေးလို့ ပြောတဲ့နေရာမှာ စီးပွားရေး အတွက်ပဲ မဟုတ်ဘဲ လူ့အခွင့်အရေး အတွက် ပြောင်းလဲဖို့လည်း လုတာကို ရိုဟင်ဂျာ ကိစ္စက မီးမောင်းထိုးပြတယ်လို့ ပြန်ဖြေတယ်။

အင်္ဂလိပ် အမျိုးသားတယောက်က ရိုဟင်ဂျာတွေ နောက်မှာ အကြမ်းဖက်သမားတွေ ရှိတယ်ဆိုတာ ဟုတ်သလားလို့ မေးတယ်။ ခရစ်လယ်ဝါက သူရိုဟင်ဂျာတွေနဲ့ အလုပ်လုပ်လာတာ (၁၂) နှစ်ရှိပြီ။ အကြမ်းဖက် အဖွဲ့ဆိုလို့ တဖွဲ့မှ မတွေ့ဖူးဘူး။ ဒါပေမယ့် ရိုဟင်ဂျာကို အကြောင်းပြုပြီး အခုဖြစ်နေတဲ့ ကိစ္စတွေကို အသုံးချပြီး အပြင်က အကြမ်းဖက်ချင်တဲ့ အဖွဲ့တွေ ရှိတယ်။ အခြေအနေက စိုးရိမ်ရတယ်လို့ ဖြေတယ်။

တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် သူ့ရပ်တည်ချက် မပျောက်အောင် ဒီကိစ္စကို ဘယ်လို ကိုင်တွယ် သင့်သလဲ ဆိုတာ မေးတယ်။ (ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရ ရာထူးရထားတဲ့ လူ မဟုတ်ပေမယ့် မြန်မာပြည် တပြည်လုံးမှရှိတဲ့ အရေးတွေနဲ့ ပတ်သက်ရင် သူ့သဘောထားကို တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်လော့လာကြလို့ သူရိုဟင်ဂျာ ကိစ္စမှာ သိသိသာသာ အသံတိတ်နေတာ နဲ့ ပတ်သက်ပြီး လူတော်တော်များများက ဘာကြောင့်လဲ။ ဘာလုပ်နိုင်မလဲ။ ဘာလုပ်သင့်သလဲ ဆိုတာကို သိချင်ကြတယ်။)

ခရစ်လယ်ဝါ ပြန်ဖြေတာကတော့ အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ဟာ ပါလီမန်ထဲ ရောက်နေပြီ။ သူ့ရဲ့ အသံတိတ်မှု ( သူက Political Silence လို့ သုံးတယ်။ နိုင်ငံရေးအရ မှားနိုင်တဲ့ အတွက်၊ လူကြိုက်နည်းနိုင်တဲ့ အတွက် တွက်ချက်ပြီး တိတ်နေတဲ့ အသံတိတ်မှုလို့ နားလည်နိုင်ပါတယ်။) က အရမ်းကို စိတ်ပျက်စရာ ကောင်းတယ်။ ခေါင်းဆောင်တွေ တာဝန်ခံရမယ့် အချိန်ကို ရောက်လာပြီ။ အနည်းဆုံးတော့ ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့လူတွေပါဆိုတာကို အောင်ဆန်းစုကြည် ပြောသင့်တယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲရဲ့ အချိန်ဟာ တိုလွန်းတဲ့အတွက် ဆွေးနွေးချင်တဲ့ လူအားလုံး ဆွေးနွေးခွင့်မရပါဘူး။ ခြုံပြီး ပြောရရင် ဒီပွဲဟာ ရိုဟင်ဂျာတွေကို နှစ်ပေါင်းများစွာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေခံရတယ်ဆိုတာကို ထောက်ပြတဲ့ ပွဲပါ။ ခရစ်လယ်ဝါဟာ ရိုဟင်ဂျာနဲ့ ပတ်သက်ရင် leading expert ထိပ်တန်းကျွန်းကျင်သူလို့ တော်တော်များများက ယူဆထားတဲ့ အတွက် သူ့ကို မီဒီယာတွေမှာ ခဏ ခဏ တွေ့ရပါတယ်။ သူတို့ရေးတဲ့ အစီရင်ခံစာတွေကို နိုင်ငံတကာအစိုးရ နဲ့ အဖွဲ့တွေက ဖတ်ပုံ ရပါတယ်။ အင်္ဂလိပ်အစိုးရထဲ မြန်မာ့အရေး ဆောင်ရွက်နေသူတွေကို ဒီဟောပြောပွဲမှာ တွေ့လိုက်ရလို့ သူပြောတွေဟာ အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိနိုင်တာကို မှန်းလို့ရပါတယ်။

ရိုဟင်ဂျာအရေးမှာ ပြည်တွင်းက ခေါင်းဆောင်တွေ နဲ့ ပြည်တွင်းရော ပြည်ပက ဗမာတွေ ဘယ်လိုတွေးလဲ။ နိုင်ငံတကာမှာ ရိုဟင်ဂျာ အရေးကို ဘယ်လိုမြင်လဲ။ မြန်မာအစိုးရကို တစထက်တစ ပိုပိုပြီး အကူအညီပေးလာကြတဲ့ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာအစိုးရကို ရိုဟင်ဂျာအရေးမှာ ဘယ်လို ဖြေရှင်း စေချင်သလဲ။ မြန်မာအစိုးရကရော သူတို့ ဖြစ်စေချင်သလို ဖြေရှင်းနိုင်မလား။ မဖြေရှင်းဘဲထားရင် ဘယ်လို ဖြစ်မလဲ။ ဒါတွေကဟာ ဒီဆွေးနွေးပွဲက ရတဲ့ အတွေးစတွေပါ။

လစဉ်ထုတ် အွန်လိုင်း ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၃) မှ
ခေတ်မောင်း အင်တာနက် စာမျက်နှာ : http://www.khitmaung.com/
(“ခေတ်မောင်း” ကို ပြည်တွင်း၊ ပြည်ပ ရှိ လူငယ်များ ပူးပေါင်း ရေးသား၊ ထုတ်ဝေ၊ အွန်လိုင်း ဖြန့်ချီသည်။)


  1. ကုလသမဂ က ၀င်စစ်မယ် ဆိုလို့ အရာရာပြောင်းလဲနေတာ ခင်ရီရဲ့စကားတွေပါ ပြောင်းလဲနေပြိ

    ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်းမှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ - (ခင်ရီ)

    အခုတော့လည်း ကုလသမဂ က ၀င်စစ်မယ် ဆိုတော့ ဘင်္ဂလီက ရခိုင်တွေနဲ့ ညီအကို ဖြစ်သွားပြန်ပြိ

    ဘင်္ဂလီက တိုင်းရင်းသားမဟုတ်ဘူး ဆိုပြီး ပထမဆုံးပြောခဲ့တဲ့ ခင်ရီက ဒီကနေ့ သတင်းစာ၇ှင်းလင်းတော့ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်းမှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာ ဆိုပြီး ဖြစ်သွားပြန်ပြိ


    ရခိုင်တွေက အလိုက်တာ ဗမာတွေ လှည်ကွက်ထဲဝင်ပြိး ဘင်္ဂလီမုန်းတာနဲ့ သုံးရောင်ခြယ်အလံကို ဘုရားစင်မှာချိတ် သိန်းစိန်ကို တနေ့ ဦး ၅ကြီမ်ချ အခု မင်းတိုအမေ့လင် ခင်ရီ ပြောတာကို ပြန်ဖတ်ကြည့်ပါအုန်း

    ရခိုင်တွေ မျိုးချစ်နေလိုက်တာ လူသားချင်းစာနာကြပါ ဘင်္ဂလီက ရခိုင်တွေအိမ်ကို မီးရှို့တာမဟုတ်ဘူး ဘင်္ဂလီက ရခိုင်တွေအိမ်ကို မီးရှို့တဲ့ပုံစံမျိုး ရခိုင်တွေက အထင်မှားအမြင်မှားဖြစ်အောင် ဗမာအစိုးရ ကောင်တွေက ဖန်တီးတာ

    မောင်တောရဲများ လိမ်ညာ ဝါဒဖြန့်
    http://maharmikhin.blogspot.de/2012/06/blog-post_4616.html

    ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာ လူမျိုးလို ၀တ်ဆင်ခိုင်းပြီး မီးရှို့ခိုင်းနေဟု ဆို
    http://www.narinjara.com/burmese/?p=872

    အခု ရခိုင်ကို လူ့အခွင့်အေ၇းကိုယ်စားလှယ် အလာခံလို့လားကွ

    ရခိုင်ကို စုံစမ်းဖို့ ခွင့်မပြုဘူးဆိုတာ ဗမာအစိုးရ ကောင်တွေက ရခိုင်ကို မဟုတ်တာလုပ်ထားလို့ပေါ့ကွ ရခိုင်တွေ အားအားရှိ ကုလား ဆန့်ကျင်တာကလွဲရင် ဘာမှလုပ်မတတ်လို့ ငအတွေဖြစ်နေတာ

    ဗမာကောင်တွေက ချေးကျွေးတာကို ငါတိုခေတ်ကျမှ စားကြတော့မှာလားကွ အသုံးမကျတဲ့ ၇ခိုင်တွေ မင်းတို့အမေလင့်ကို သမတကြီး သမတကြီး နဲ့ ကြည်ညိုမဆုံး ဖြစ်နေတာလားကွ

  2. Tuesday, 12 June 2012
    မောင်တောရဲများ လိမ်ညာ ဝါဒဖြန့်

    မောင်တောမျြို့နယ် ရဲစခန်းမှ ရဲများသည် ဟိန္ဒူဘာသာဝင် လူငယ်အချို့ကို စည်းရုံးပြီး ၎င်းတို့အား ဓါး၊ တုတ်၊ လှံ နှင့် မီးရှူးတိုင်များကို တပ်ဆင်ပေးပြီး၊ ရိုဟင်ဂျာ လူမျိုးများ၏ အိမ်များကို မီးရှို့ခိုင်းသည်။ ၎င်းအဖြစ်အပျက်များကို ဓါတ်ပုံရိုက်ယူလေ့ရှိကြောင်း သိရသည်။

    ဟိန္ဒူလူငယ်များကို အသုံးပြုခြင်းမှာ ၎င်းတို့သည် ရိုဟင်ဂျာလူမျိုး နှင့် ပုံစံတူ၊ ရုပ်တူသဖြင့်၊ ၎င်းတို့ကို ရိုဟင်ဂျာ အကြမ်းဖက်သမားများ အဖြစ် အသုံးပြုပြီး ရိုဟင်ဂျာအိမ်များကို မီးရှို့ခိုင်းသည်။ ၎င်းတို့ကို ဓါတ်ပုံရိုက်ယူပြီး၊ ရိုဟင်ဂျာ အကြမ်းဖက်သမားများက ရခိုင်အိမ်များကို မီးရှို့ခြင်းဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ သတင်းဌာနများသို့ပေးပို့နေသည်။

    ၎င်းအပြင်၊ ထိုဟိန္ဒိုလူငယ်များကို ရိုဟင်ဂျာဆိုင်များမှ ဆန်၊ ဆီ၊ ဆေးဝါး နှင့် စားသောက်ကုန်များ ကို လုယူခိုင်းပြီး ၎င်းအနေအထားကို ဓါတ်ပုံ ရိုက်နေကြောင်း၊ ၎င်းတို့ကိုလည်း မိဒိယာတွင် ရိုဟင်ဂျာလူငယ်များ ရခိုင်ဆိုင်များမှ ပစ္စည်းများ လုယူနေကြောင်း မဟုတ်မတရား ဝါဒဖြန့်နေကြောင်း သိရသည်။

    မောင်တော ရဲများသည် များသောအားဖြင့် ဒေသခံ ရခိုင်များဖြစ်ပြီး၊ မောင်တောမြို့နယ် နှင့် ပတ်သက်၍ အတွေ့အကြုံ ရှိနေသူများဖြစ်သည်။ မောင်တောမြို့ မှ ရဲများသည် လူမျိုးရေးဆန်ပြီး၊ ရိုဟင်ဂျာ ဆန့်ကျင်သူ ရခိုင်တချို့နှင့် ပူးပေါင်းပြီး ရိုဟင်ဂျာအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများလုယူခြင်း နှင့် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။

    အားအားရှိ ကုလား ဆန့်ကျင်တာကလွဲရင် ဘာမှလုပ်မတတ်တဲ့ မျက်ကန်းရခိုင်တွေ၊ ဗမာတွေ - ဘင်္ဂလီတွေကိုတဖက်စောင်းနင်းစွပ်စွဲနေတဲ့ မျက်ကန်းရခိုင်တွေ၊ ဗမာတွေ - ဒီမှာဖတ်ကြည့်ကြအုန်း
    http://maharmikhin.blogspot.de/2012/06/blog-post_4616.html

  3. June 22, 2012 at 12:05 pm

    ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာ လူမျိုးလို ၀တ်ဆင်ခိုင်းပြီး မီးရှို့ခိုင်းနေဟု ဆို

    ဆစ်ဒနီတက္ကသိုလ်က ရိုဟင်ဂျာလူမျိုးဆိုသူ ဒေါက်တာလှမြင့်မှ ရခိုင်ပြည်နယ်တွင်းက ဟိန္နူ ဘာသာဝင်တွေကို အာဏာပိုင်တွေဟာ ရိုဟင်ဂျာလူမျိုးလို ဝတ်ဆင်ခိုင်းပြီး မိမိအိမ်ကို ပြန်ပြီး မီးရှို့ထွက်ပြေးတာမျိုး လုပ်ခိုင်းနေတယ်လို့ ရေဒီယိုသြစတြေးလျကို ပြောကြားလိုက်ပါတယ်။

    ရေဒီယို သြစတြေးလျ မြန်မာပိုင်းက ရေသားတဲ့ သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ http://www.radioaustralia.net.au/burmese/2012-06-22/965130

    ဒေါက်တာလှမြင့်က ခုလို ပြောဆိုတာကို ဒီတပတ်အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ပြောဆိုပါတယ်။

    စစ်တွေမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းနဲ့ မနေ့နေလည်ပိုင်းတုန်းက ရခိုင်အိမ်တွေအများစုရှိတဲ့နေရာမှာ အကြမ်းဖက်လို သူတွေက သူတို့အိမ် သူတို့ မီးရှို့ပြီး ထွက်ပြေးတာ မျိုးတွေ ရှိနေတယ် လို့ ပြည်နယ်အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

    ရခိုင်မှာ ပျောက်ဆုံးသူတွေရဲ့ အလောင်းတွေ တွေ့ပြီ ခေါင်းစဉ်နဲ့ ရေဒီယို သြစတြေးလျ မြန်မာပိုင်း က ရေးသားထားတဲ့ အဲဒီ သတင်းမှာ ခုလို ဒေါက်တာလှမြင့် ပြောကြားချက်ကို ဖေါ်ပြထားပေမယ့် ဟိန္ဒူလူမျိုးတွေရဲ့ တုန့်ပြန်မူကိုတော့ ဖေါ်ပြထားတာ မတွေ့ရပါဘူး။

    အားအားရှိ ကုလား ဆန့်ကျင်တာကလွဲရင် ဘာမှလုပ်မတတ်တဲ့ မျက်ကန်းရခိုင်တွေ၊ ဗမာတွေ - ဘင်္ဂလီတွေကိုတဖက်စောင်းနင်းစွပ်စွဲနေတဲ့ မျက်ကန်းရခိုင်တွေ၊ ဗမာတွေ - ဒီမှာဖတ်ကြည့်ကြအုန်း
    http://www.narinjara.com/burmese/?p=872

  4. ပြီးတော့ ရခိုင်မှာမီးရှို့မှုတွေဖြစ်နေတုံးကထွက်လာတဲ့ ဓါတ်ပုံတွေထဲမှာ -ရခိုင်အိမ်- လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ဓါတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ ထွက်ထွက်လာတာဘဲ

    အဲဒီဆိုင်းဘုတ်ရဲ့သဘောက ဘင်္ဂလီ အိမ်တွေကို မီးရှို့နေတဲ့ ရခိုင်အစွန်းရောက်တွေက ကိုယ့်ရခိုင်အိမ်အချင်းချင်း မှားပြီး မီးမရှို့မိအောင် ရခိုင်တွေက ကိုယ့်အိမ်မှာ ဆိုင်းဘုတ်ချိတ်ထားတာ

    အဲဒါကရှင်းနေတာဘဲ ဒါကို ဘင်္ဂလီတွေက တစ်ဖက်သတ် မီးရှို့နေတယ်- ရခိုင်အိမ်တွေဘဲ တစ်ဖက်သတ် မီးရှို့ခံနေရပါတယ် ဆိုပြီး ရခိုင်သတင်းဌာန- ဗမာသတင်းဌာနတွေက တစ်ဖက်စောင်းနင်းရေးနေတာ

    တကယ်လို့ အဲဒီသတင်းဌာနတွေရေးသလိုသာ ဘင်္ဂလီတွေက တစ်ဖက်သတ် မီးရှို့နေတယ်- ရခိုင်အိမ်တွေဘဲ တစ်ဖက်သတ်မီးရှို့ခံနေရပါတယ်ဆိုတာသာ သတင်းမှန်ဆိုရင် -ရခိုင်အိမ်- လို့ ဘယ်ရခိုင်က အိမ်ရှေ့မှာ ဆိုင်းဘုတ်ကြီးပြူးနေအောင်ချိတ်ပြထားမှာလဲ

    အားအားရှိ ကုလား ဆန့်ကျင်တာကလွဲရင် ဘာမှလုပ်မတတ်တဲ့ မျက်ကန်းရခိုင်တွေ၊ ဗမာတွေ - ဘင်္ဂလီတွေကိုတဖက်စောင်းနင်းစွပ်စွဲနေတဲ့ မျက်ကန်းရခိုင်တွေ၊ ဗမာတွေ -
    ခေါင်းသုံးကြအုံး

Write A Comment

Rohingya Exodus