Latest Highlight

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကရိုဟင်ဂျာများကိုနှိပ်စက်ညှင်း ပန်းခြင်းအပေါ်သတင်းထုတ်ပြန်

လွန်ခဲ့တဲ့ခြောက်ပတ်အကြာက ရခိုင်ဒေသတွင်းအရေး ပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အကြမ်းဖက်မှုများ တိုးပွားလာခြင်းများအပြင် လူ့အခွင့်အရေးအခြေ အနေတိုးတက်လာမှုများ နောက်ပြန်ဆုတ်သွားသည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာ ခွင့်ကပြောကြား လိုက်ပါသည်။ 
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှမြန်မာနိုင်ငံဆိုင်ရာသုတေသီဖြစ်သူ Benjamin Zawacki မှ - ဒေသ တွင်း အရေးပေါ်အခြေအနေ ကြေညာခြင်းကလူ့အခွင့်အရေးတွေချိုးဖောက်ဖို့လိုင်စင်မဟုတ်ဘူး - ဟုပြောကြားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ခွဲခြားဆက်ဆံခြင်းမျိုး မလုပ်ပဲလူတိုင်းရဲ့ အခွင့် အရေး အတွက်ရပ်တည်ပေးရမှာပါ။ ကိုယ်ကိုယ်တိုင်လည်းလူ့အခွင့်အရေးကိုခိုင်ခိုင်မာမာလိုက်နာရမှာပါ - ဟု ဆက် လက် ပြောကြားသည်။ 

ရခိုင်-ဗုဒ္ဓဘာသာ၊ ရခိုင်-မွတ်စလင်နှင့်ရိုဟင်ဂျာ-မွတ်စလင်များအကြားအကြမ်းဖက်မှုများစတင်ဖြစ်ပွားချိန် ဇွန်လ (၁၀) ရက်နေ့တွင် နိုင်ငံတော်မှ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်တပ်နှင့် နယ်မြေခံ နစကများမှ ဦးစီး၍ ရိုဟင်ဂျာအများစု နေထိုင် ရာဒေသများတွင် ရိုဟင်ဂျာများရှင်းလင်းပွဲသဖွယ် အကြီးအကျယ် ပြုလုပ်ခဲ့သည်။ ရာပေါင်းများစွာသော လူကြီး၊ လူငယ်များကို ဖမ်းဆီး၍ ဆက်သွယ်၍မရသော နေရာများတွင် ထားရှိပြီး၊ အချို့သောသူများကို အလွန်တရာနှိပ်စက်ညှင်းပန်းကြောင်းသိရှိ ရသည်။ ဖမ်းဆီးခြင်းများမှာလည်း မတရားသဖြင့်ခွဲခြား၍ ဖမ်းဆီးခြင်းသာဖြစ်ပြီး၊ ဘာသာရေးကို အခြေခံပြီးလွတ်လပ်ခွင့်မပေးပဲ၊ အခွင့်အရေး ချိုးဖောက်၍သာ ဖမ်းဆီးနေခြင်းဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းချ ထားတာတဲ့ အခြေအနေကို ပြောင်းပြန်လုပ်ပြီးပြီ။ တစ်နှစ်ကျော်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြားကို လွှတ်ပေးပြီးတော့မှအခု တစ်ခါနိုင်ငံရေး အကျဉ်း သားတွေပို ပြီးတိုးလာနေပြီ။ - ဟု Mr. Zawacki ကပြောသည်။ 

ဖမ်းဆီးခံထားရသူများကိုနိုင်ငံတကာမှအသိအမှတ်ပြုသည့်ပြစ်မှုမျိုးကျူးလွန်မှသာလျှင်ပြစ်ဒဏ်ချမှတ်သင့်ကြောင်း၊ ပြစ်မှုကိုစစ်ဆေးသော တရားရေးရာတွင်လည်းသင့်တင့်ပြီး လွတ်လပ်သော စစ်ဆေးမှု မျိုးသာဖြစ်ရမည်ဖြစ်ပြီး၊ သေဒဏ်ချမှတ်ခြင်းမပြုလုပ်ရန်နှင့် အကယ်၍ဖမ်းဆီး ခံရသူကို အပြစ်မရှိလျှင် အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုသည်။ 

ရိုဟင်ဂျာမွတ်စလင်များနှင့်ရခိုင်မွတ်စလင်များ၏ပြောကြားချက်များအရ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်း၊ ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်း၊ တရားဥပဒေမဲ့စွာများ စွာသတ်ဖြတ်ခံရခြင်း များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရခိုင်-ဗုဒ္ဓဘာသာဝင်များက ၎င်းတို့ အပေါ်ကျူး လွန်ကြကြောင်း၊ မြန်မာအစိုးရ အနေဖြင့်ယခုကဲ့သို့ လုပ်ရပ်များကို ရပ်တန့်ရန်တား ဆီးရမည်ဖြစ်ကြောင်း၊ နောက်နောင်ဤကဲ့သို့ နှိပ်စက်ညှင်းပန်းခြင်းများ မဖြစ်ပွားရန် ကာကွယ်ပေး ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ၏အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဇူလိုင်လ (၁၁) ရက်နေ့တွင်ပြောကြားရာတွင် လူ ၇၈ ဦးသေဆုံးပြီး၊ အစိုးရနှင့်ကုလသမဂ္ဂ အဖွဲ့အစည်းများမှခန့်မှန်းရာတွင်လူဦးရေ ၅၀၀၀၀ မှ ၉၀၀၀၀ ခန့်ထိအိုးမဲ့အိမ်မဲ့ဖြစ်သည်။ လွတ်လပ်သောစောင့်ကြည့်ရေးသမားများနှင့် လူမှု အထောက်အကူပြု အလုပ်သမားများကိုဝင်ရောက်ခွင့်ကန့်သတ်ထားသောကြောင့်ယခုထိပိုမိုထိကျသောသတင်းများရရန်လွယ်ကူမှုမရှိဖြစ်နေသည်။ 

လူ့အခွင့်အရေး၊ လူမှုရေးအထောက်အကူများ၊ လွတ်လပ်သောစောင့်ကြည့်ရေးသမားများ၊ လူသားချင်းစာနာထောက်ပံ့ရေးဝန်ထမ်းများကို အကြမ်းဖက်မှုမှာ ဒုက္ခရောက်သူများအတွက် အမှန်တကယ်လိုအပ်နေတယ်။ မြန်မာအစိုးရ ထိုဒုက္ခသည်များ အပေါ်ပိုမို၍ အမှားများကျူးလွန် နေတယ် - ဟု Mr. Zawacki ကပြောကြားပါသည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ရိုဟင်ဂျာများကိုနိုင်ငံမဲ့ဘ၀သို့ရောက်စေသည့် ၁၉၈၂ ခုနှစ်နိုင်ငံသားအက်ဥပဒေကိုပြန်လည်ပြင်ဆင် ရန် (သို့မဟုတ်) ဖျက်သိမ်းရန်တောင်းဆိုပါသည်။ 

ရိုဟင်ဂျာများကိုနှစ်ပေါင်းများစွာလူ့အခွင့်အရေးချိုးဖောက်ပြီး၊ နိုင်ငံသားအဖြစ်မှငြင်းပယ်ထားသည့်အပြင် အမျိုးမျိုးသောခွဲခြားဆက်ဆံမှုတွေ လုပ်နေတာကြာပြီ - ဟု Mr. Zawacki မှပြောကြား၍နိဂုံးချုပ်ခဲ့သည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်မှ (ရိုဟင်ဂျာများကိုနှိပ်စက်ညှင်းပန်းခြင်းကြောင့် မြန်မာနိုင်ငံလတ်တလောအခြေအနေတိုက်စားသွား) ၁၉.၇.၂၀၁၂ ထုတ်ပြန်သောသတင်းကိုကိုးကား ၍ရေးသား တင်ပြ ပါသည်။ 

RB News Desk


  1. မင်းက သေချင်းဆိုး ဗုဒ္ဒကုလား .. မင်းတို့က ဖင်ကုန်းကုလား .. မင်းတို့ ငါတို့ကို ကုလားကုလားပြော ကုလားဆိုတာ ဘု၇ား ကွ .. လာ ... ငါ အေ၇ှ့ မှာ ကုန်း .. ပီ၇င် ရှုရှု ပီသွား ... မကျေနပ် ပြန်လာရှု ... အာ .. ဇိမ် ပဲကွာ .. .. ပုံ/ဂေါတမ ကုလား .. .. :P

Write A Comment

Rohingya Exodus