Latest Highlight

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ



နေပြည်တော်လေဆိပ်ပို့ဆောင်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက် ရှိလေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည်ပြည်တွင်းလေယာဉ်များနှင့်မြန်မာနိုင်ငံလေကြောင်း ပိုင်နက်အတွင်းဖြတ်ကျော်ပျံ သန်းလျက်ရှိသောလေယာဉ်များ၏ဘေး ကင်းလုံခြုံစွာပျံသန်းဆင်းသက်နိုင်ရေး အတွက်လိုအပ်သောဆက်သွယ်ရေးစက်များ၊လေကြောင်းလမ်းညွှန်စက်များနှင့်လေကြောင်းသုံးရေဒါများ အားအစဉ်ကောင်းမွန်မှုရှိနေစေရေးတာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။
ယခုအခါ၎င်းဌာနခွဲ၏စက်ပစ္စည်းများပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအားပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONALကုမ္ပဏီ၏ လက်ခွဲတစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်းသိမ်းစရိတ် အမေရိကန်ဒေါ်လာ (၁.၅)သန်းဖြင့် ရယူလုပ်ဆောင်လျက် ရှိနေပါသည်။

သို့ရာတွင်အမှန်တကယ်တာဝန်ယူဆောင်နေရသောလေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲရှိ ဝန်ထမ်းအများစုမှာမည်သည့်အကျိုးကျေးဇူးမှမခံစားရဘဲလုပ်ပိုင်ခွင့်ရကုမ္ပဏီ နှင့်အစိုးရဌာနမှလူကြီးများသာ အကျိုးကျေးဇူးရရှိစံစားနေကြပါသည်။

၎င်းတို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိခဲ့သည့်၂၀၁၁ခုနှစ်နိုဝင်ဘာလမှစတင်ပြီးယနေ့အချိန်အထိ(၆)လခန့်ကာလ အတွင်း၎င်းကုမ္ပဏီမှသုံးစွဲခဲ့သောခန့်မှန်းငွေပမာဏမှာအမေရိကန်ဒေါ်လာ(၃၀၀၀၀(သုံးသောင်း)ခန့်သာ သုံးစွဲထားကြောင်းတွေ့ရှိရပါသည်။

၎င်းခန့်မှန်းကုန်ကျငွေမှာနယ်လေဆိပ်(၆)ခုခန့်ရှိလေကြောင်းဆက်သွယ်ရေးစက်များခိျု့ယွင်းပျက်စီးမှုဖြစ်ပေါ် ပါကဌာနမှဝန်ထမ်းတစ်ဦးသို့မဟုတ်နှစ်ဦးမှသွားရောက်ပြုပြင်ရာတွင်တစ်ဦးလျှင်အမေရိကန်ဒေါ်လာ(၄၀၀)ရ ရှိသည့်အတွက်ကုန်ကျစရိတ်ဖြစ်ပါသည်။

သို့သော်လည်း၎င်းဝန်ထမ်းမှာလည်းဝန်ထမ်းအများစုထဲမှအနည်းစုသာလျှင်ဖြစ်ပြီးနယ်လေဆိပ်သို့စက်ပြင် သွားမှသာရရှိခြင်းဖြစ်ပါသည်။၎င်းကုမ္ပဏီအနေဖြင့်တစ်နှစ်လျှင်အနည်းဆုံးဒေါ်လာ(၁.၃)သန်းခန့်အမြတ်ရ ရှိပါသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့်ဌာနဆိုင်ရာလူကြီးများနှင့်ပူးပေါင်းဂွင်ရိုက်ပြီးလုပ်ပိုင်ခွင့်သက်သက်သာရယူ သွားခြင်းဖြစ်ပါသည်။အမှန်တကယ်စက်များပြုပြင်ရသည်မှာအစိုးရဌာနမှ ဝန်ထမ်းများသာဖြစ်ပါသည်။




Myanmar News Now

Write A Comment

Rohingya Exodus