Latest Highlight

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဆုံးဖြတ်ရန် ရက်ထပ်မံ ရွှေ့ ဆိုင်း


ရန်ကုန်၊ ဧပြီ ၁၉

ဧပြီ ၂၃ ရက်နေ့ တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်း အဝေး များသို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် မည်၊ မတက် ရောက်မည်ကို ဧပြီလ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်မည် ဟု သတင်း ထုတ်ပြန် ထားပြီး ဖြစ်သော်လည်း ထပ်မံ ရွှေ့ ဆိုင်းလိုက်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရမည့် စာပုဒ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် NLD က သမ္မတရုံးသို့ အကြံပြုလွှာ ပေးပို့ထားပြီး NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းသည် ယင်းကိစ္စ ဆောင်ရွက်ရန် နေပြည်တော်သို့ သွားရောက်နေကြောင်း၊ ဦးဥာဏ်ဝင်း ပြန်လာ ပြီးမှသာ ယင်းကိစ္စကို ဆုံးဖြတ်နိုင်တော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။

Source :The Voice Weekly

Write A Comment

Rohingya Exodus