Latest Highlight

ယာယီနိုင်ငံကူးလက်မှတ်ရုံး ရှစ် ရုံးအထိ ထိုင်း၌ တိုးချဲ့ ဖွင့်မည်




သမ္မတဦးသိန်းစိန် ခရီးတစ်ထောက် နားစဉ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန်မစ္စတာချာလာပွန်မှ လာရောက်တွေ့ ဆုံစဉ် (photo -popular)

 ထိုင်းရောက် မြန်မာလုပ်သားများအားယာယီ နိုင်ငံကူးလတ်မှတ်ထုတ်ပေးရေးရုံးများကို ရှစ်ရုံုးအထိတိုးချဲ့  ဖွင့်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန်မစ္စတာ ချာလာပွန်က ပြောသည်။

၎င်းက ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ် နားနေဆောင်တွင် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ ဆုံဆွေးနွေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာ ချာလာပွန်က ယခုလ ၂၀ ရက်မှစ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတရားမ၀င်လုပ်သားများအတွက်ယာယီ နိုင်ငံကူးလတ်မှတ်များကို စိစစ်ဆောင်ရွက် ပေးနေကြောင်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မဲခေါင်-ဂျပန်နှင့် မြန်မာ-ဂျပန်ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ယခုလ ၁၉ ရက်နေ့ ညနေက ထွက်ခွာလာရာတွင် ဘန်ကောက်ရှိ လေဆိပ်၌ ၂ နာရီခန့် ခရီးတစ်ထောက် နားစဉ် မစ္စတာချာလာပွန်မှ လာရောက်တွေ့ ဆုံ ဂါရ၀ပြု နုတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းရောက် မြန်မာတို့ကို ယာယီ နိုင်ငံကူးလတ်မှတ်ထုတ်ပေးနိုင်ရေးအတွက် တာချီလိတ်၊ ကော့သောင်း၊ ရနောင်း၊ ဘန်ကောက်၊မဲဆောက်၊ ချင်းမိုင် စသည့် တို့ တွင် ရုံး ခြောက် ရုံးဖွင့်လှစ်ခဲ့သည်။

Source :  Popular News Journal


Write A Comment

Rohingya Exodus