Latest Highlight

ဆိုင်းတောင်ကျေးရွာနှင့် ကံမမြို့ဖြစ်ရပ်များကို မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းတော်များ အဖွဲ့ချုပ်မှ ကန့်ကွက်

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ နှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ် စည်းစိမ် များဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ် ကန့် ကွက်ကြောင်း ကြေငြာ ချက်ထုတ်ပြန်လိုက် သည်။

 မြန်မာနိုင် ငံလုံးဆိုင် ရာ ရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဌ ဆရာတော် အရှင် ပဏ္ဍ၀ံသ မှ လက်မှတ်ရေးထိုး ထုတ်ပြန် မိန့်ကြားတော်မူလိုက် သော ယင်းကြေငြာ ချက် တွင် ဆိုင်းတောင် ကျေးရွာနှင့် ကံမြို့များ၏ ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်သီတင်းသုံး နေထိုင်တော်မူသော ဆရာတော်များ၊ သံဃာတော် များ၊ သောတုဇနများ၏ ပယောဂသဘောထားများ လုံးဝ ပါဝင်ပတ်သက် မှုမရှိပါကြောင်း၊ ငြိမ်းချမ်းမှုမဟုတ် ၊ ဆူပူမှုအုံကြွမှုသာဖြစ်ကြောင်း ၊ ကျွန်ုပ်တို့ ရဟန်းတော် သံဃာတော်များက မနှစ်သက် လက်ခံနိုင်ခြင်းမရှိကြောင်း ၊ဥပဒေ ချိုးဖောက် ဖြစ်ခြင်းကြောင့် သဘောမတူ ကန့် ကွက်ကြောင်း ပရိသတ်လေး မျိုးတို့အား အသိပေးကြေငြာချက်ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။




Source :မွတ်စလင် သတင်းစဉ်



  1. the monk declaration is good declaration and buddist raligeoin also peace one never courage religeous quarrel monk are all pious .so this is good

Write A Comment

Rohingya Exodus