Latest Highlight

ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ဒေါ်အောင်ဆန်းစုကြည် နှင့် အီတလီနိုင်ငံခြားရေးဝန်းကြီး တွေ့ဆုံ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပျော့ပြောင်းပေမယ့် ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ၂၆ ရက်နေ့က ပြောဆို လိုက်ပါတယ်။ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ အီတလီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျူလီယို တာဇီ ဒီ ဆန် အဂါဒါMr. Giuliomaria TERZI DI SANT’ AGATA နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သူက အခုလို ပြောဆို လိုက်တာပါ။ ဒါ့အပြင် NLDလွှတ်တော် တက်ရေး မတက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေး ကိစ္စအနေနဲ့မချဲ့ကားစေချင်ကြောင်းသူ့အနေနဲ့သမ္မတဦးသိန်းစိန်ကိုယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည် ကဆိုပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာအီတလီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျူလီယို တာဇီကလည်း မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရပ်တန့် မသွားစေလိုကြောင်း ပြောဆို သွားခဲ့ပါတယ်။

Write A Comment

Rohingya Exodus