Latest Highlight

ဒေါ်စုနဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထိပ်တိုက်တွေ့ပြီ

အခြေခံဥပဒေမှာ စစ်တပ် ၂၅%ပါနေတာ ပြင်သင့်တယ်လို့ ဒေါ်စုကခံယူတယ်

ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောတယ်



ဖွဲ့စည်းပုံအခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဥာဉ်ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် .. ပြည်သူတွေကို ပြည်သူကတင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခြေခံဥပဒေမှာ စစ်တပ် ၂၅%ပါရေးဟာ ၆၇ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တခု ဖြစ်တယ်

ပီးခဲ့တဲ့ (သူတို့အခေါ်) တပ်မတော်နေ့မှာ ကာချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဒီလိုပြောတယ်




ဒို့တပ်မတော် သားတွေက xxxxx နိုင်ငံတော်ရဲ့ အသက် သဖွယ်ဖြစ်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံသား အားလုံးနဲ့ အတူ ဒို့တပ်မတော်က လေးစား လိုက်နာ ရမှာဖြစ်သလို ကာကွယ် စောင့်ရှောက် သွားရမှာလည်း ဖြစ်တယ်။

နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ) မှာ "တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။" လို့ အတိအကျ ဖော်ပြ တာဝန် ပေးအပ်ထားပြီး ဖြစ်တယ်။

ဒါကြောင့် ဒို့ တပ်မတော် အနေနဲ့ ခေတ်မီ ဖွံ့ဖြိုး တက်သော ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက တာဝန်တစ်ရပ် အနေနဲ့ ကာကွယ် စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။
-နိုင်ငံတော်၏ အမျိုးသားရေး နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး။

-ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာတွင် တပ်မတော်၏ အဓိက တာဝန် ဖြစ်သော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။ ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အညီ တာဝန် ထမ်းရွက် သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

Credit Here :

  1. ဗိုလ်မင်းအောင်လှိုင်လဲ တကယ်နိုင်တော်အတွက်လိုလိုလားလားရှိသလားဆိုတာ သိကြရမှာပေါ့လေ
    အကောင်းမှန်း နားလည်၇င်ပြင်ကြရမှာ ထိန်းချုတ်ထား လက်ဝယ်ရှိသူများတာဝန်ပေါ့..........
    အာဏာဟာ ပြည်သူနဲ့စစ် တပြေညီရှိနေတာ ပြည်သူအများလက်ထဲမှာရှိနေတာဟာဒီမိုကရေစီ ဆိုပေမယ့် ချက်ချင်းကြီးပြည်သူလက်ကို လွှဲအပ်လိုက်မယ်ဆိုရင် အခက်အခဲတွေရှိနိုင်တယ်ဆိုပဲ....လေ သမတကြီးလား ပြောထားတာ ဖတ်ရတယ်..........နောင်လွဲအပ်မယ်ဆိုတဲ့သဘောပေါ့။ ဒါကိုပဲ ကောင်းသထက်ကောင်းအောင် အမြဲပြင်ဆင်နေရမယ် အခြေခံဥပဒေကို ဘာလို့ထိန်းသိမ်းမယ်ပြောရသလဲ ဒါဟာ တို့နိုင်ငံရဲ့ မပြည့်ဝမှုထဲက ပြယုတ်တစ်ခု လိုပဲထင်မိတယ်...........

  2.ွှMin Aung Hlaing only know his master Than Shwe desire and order.He is being brain washed.Only Daw Suu can get rid of him.

Write A Comment

Rohingya Exodus