July 30, 2025

News @ RB

Rohingya News @ Int'l Media

Myanmar News

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

NLD ပါတီအား အမြစ်ပြတ် ခြေမှုန်းပစ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့




စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရ NLD ပါတီဝင်များကို အပြစ်ရှာ နှိမ်နင်းခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတပ်ဖွဲ့တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို မကြာသေးမီက ပြောလိုက်သည်။

၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။

၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။

ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။

“စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။

သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။

“ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။

“တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။

ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။

ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် သံတမန်တစ်ဦးအဖြစ် ဦးအောင်လင်းထွဋ် တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးအရာရှိများကို မြန်မာပြည်တွင် ဖမ်းဆီးအကျဉ်းချသည့် ၂၀၀၅ ခုနှစ်တွင် ဦးအောင်လင်းထွဋ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။

ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

Source : မိုးမခ

  1. ဘားမှမဟုတ်ဘူး...သူရာထူးမရတာနဲ့ ကျန်တာတွေမကောင်းဘူးပြောနေတာ.. တော်တ်ေအောက်တန်းကျ ပါတယ်ဗျာ.. ခင်များလိုလူတပ်ထဲမှာ မရှိတာကောင်းပါတယ်.. တပ်မတော်ကိုပြည်သူတွေအထင်လွဲအောင်နဲ့ သူအနေချောင်အောင်ပြောနေတာပါ.. တကယ်တော့တပ်မတော်ဆိုတာ ပြည်သူတွေကြားထဲမှာ အမုန်းခံပြီး နိုင်ငံအတွက်ပေးဆပ်နေတဲ့ ပေးဆပ်သူတို့ နှလုံးသားလို့ပြောလို့ရသလို နှလုံးလှလူမိုက်လို့လဲပြောလို့ရပါတယ်...

  2. မြန်မာပြည်မှာ တပ်မတော်ကို စိတ်မနာတာ အပေါ်ကနင်းပြားခံလိုလူမျိုးပဲရှိပါတယ်ဗျာ
    ဒီလောက်မတရားလုပ်နေတာကို မြင်တွေ့ကြုံနေတာတောင် ဖွံ့ထွက်လို့တောင်ပို့မှန်းမသိ
    တတိုင်းပြည်လုံး တကဘာလုံးအော့နှလုံးနာနေတာတောင် စစ်မျိုးချစ်က ရှိသေးတယ်ထွီအော့...

  3. Public are understood this message.thanks,

  4. နှလုံးလှလူမိုက် ........... ha ha ha ..................ထွီအော့...

Write A Comment

Rohingya Exodus