Latest Highlight

ရိုဟင်ဂျာလူမျိုးနွယ်စုသည် နိုင်ငံသား၊တိုင်းရင်းသားနှင့်မြန်မာမျိုးနွယ်စုဟုတ်မဟုတ် ဓါတ်ခွဲစမ်းသပ်ခြင်း။

ကျွန်တော်ရဲ့  လေ့လာတွေ့ရှိချက်တွေကို ချမရေးခင် ဦးစွာပထမ စာဖတ်သူတွေသိအောင် ကျွန်တော်အနေနဲ့ ပြောစရားလေးအနည်းငယ်ရှိနေလို့ ပြောခွင့်ပြုပါလို့ ခွင့်ပန်ပါရစေ။

ကျွန်တော်ဟာ ရိုဟင်ဂျာလူမျိုးစုတွေကို ထောက်ခံနေသူလုံးဝမဟုတ်ပါဘူး၊ ကန့်ကွက် ဆန့်ကျင်နေသူ တစ်ဦးလည်းမဟုတ်ကြောင်းဆိုတာ စာဖတ်သူများအနေနဲ့ သိစေချင်ပါတယ်။ အမှန်တရားကို မြတ်နိုးသူ ပီပီ ရှာတွေ့ သမျှကို အမှန်အတိုင်း ဖေါက်သည် ချပေးခြင်းသာဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါတယ်။

ရိုဟင်ဂျာလူမျိုးအကြောင်း၊၎င်းတို့၏ သမိုင်းဆိုင်ရာအကြောင်းအရာများနှင့် ယင်းလူမျိုးတို့၏ ဇစ်မြစ်ကို မလေ့လာဘဲ မနေနိုင်လောက်အောင် တွန်းအားပေးနိုင်ခဲ့တဲ့ အဓိကအချက်ကတော့ အင်တာနက် စာမျက်နှာကို ဖွင့်ကြည့်တိုင်း ဖွင့်ကြည့်တိုင်း ရိုဟင်ဂျာတွေကို ဆန့်ကျင်နေသူ လူတစ်စုနဲ့တခြားတဖက်မှာ ရိုဟင်ဂျာတွေကို ထောက်ခံနေသူလူတစ်စု ယင်းလူနှစ်စုတို့၏ အငြင်းအခုံကြောင်း ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ တကယ်ရှိနေသလား ရှိခဲ့ဖူးသလား ဆိုတာကို လေ့လာဖြစ်သွားအောင် တွန်းအားပေးခဲ့သောကြောင့် (လ)ပေါင်း များစွာ အချိန်ပေးကာ ရိုဟင်ဂျာလူမျိုးနဲ့ဆက်နွယ်ပက်သက်နေသမျှစာအုပ်စာပေ တိုင်းကို အလွတ်မပေးဘဲ လေ့လာ မှတ်သားခဲ့မိပါတယ်။

ထို့သို့ရှာဖွေလေ့လာရာတွင် ရိုဟင်ဂျာဆန့်ကျင်သူတွေက ထုတ်ဝေထားသောစာအုပ် စာပေတိုင်းကို ဖတ်ခဲ့ရပြီ၊ တဖန် ရိုဟင်ဂျာထောက်ခံသူတွေက ထုတ်ဝေသော စာအုပ် စာပေတွေကိုလည် ဖတ်ကာလေ့လာ မှတ်သားမိပါတယ်။ ပြီတော့ ရိုဟင်ဂျာဆန့်ကျင်သူ နှင့် ထောက်ခံသူ နှစ်ဖက်စလုံးနဲ့ မသက်ဆိုင်သော ကြားလူ ၊ကြားအဖွဲ့အစည်း ၊ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများ၊လွတ်လပ်ရေးမတိုင်မီ နှင့် လွတ်လပ်ရေးနောက်ပိုင်း တက်လာတဲ့ အစိုးရအဖွဲ့အစည်းတို့မှ ရေးသားထုတ်ဝေခဲ့သော စာအုပ်စာပေ စသည့် စသည့် စာအုပ်ပေါင်းများစွာကို ကြိုးစား ရှာဖွေပြီးမှ ရရှိခဲ့သော ရိုဟင်ဂျာလူမျိုးတို့၏ မှတ်တမ်း မှတ်ရာများကို စာဖတ်သူများသိရှိရန် ရေးသားချပြခြင်းဖြစ်ပါတယ်။

လူတတ်ကြီးလုပ်ကာ ရေးခြင်းမဟုတ်ဘဲ ကျွန်တော့်ရဲ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့သော ရလဒ်အချို့ကို အမှန်အတိုင်းရေးသားခြင်းသာဖြစ်ပါတယ်။ အမှန်တရားဘက်ကရပ်တည် ပေးဖို့လူတိုင်းမှာ တာဝန်ရှိ လှတယ်မဟုတ်ပါလား။ ရိုဟင်ဂျာလူမျိုးနဲ့ပက်သက်ပြီ ငြင်းနေခုန်နေကြရတဲ့ အဓိကကျသော အချက်တွေကို အောက်ပါအတိုင်း ကျွန်တော့်ရဲ့  ရှာဖွေတွေ့ရှိချက်တွေဖြင့်နှိုင်းယှဉ်ရေးသားထားတာတွေကို တွေ့ရမှာပါ။ အဲဒါတွေကို ဖတ်ပြီးသွားရင်စာဖတ်သူတို့ရဲ့  လေ့လာတွေ့ရှိချက်တွေကို ရဲဝံ့စွာ ရေးသားပေးကြပါ။

(၁) ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ ရိုဟင်ဂျာဆန့်ကျင်းရေး လှုပ်ရှားသူတွေက စွပ်စွဲထားသည်။ (ကျွန်တော့်၏လေ့လာတွေ့ရှိချက်) ၁၉၅၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ည၈နာရီးမြန်မာနိုင်ငံ အသံလွှင့်ဦးစီးဌာနမှ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုရဲ့  မိန့်ခွန်းပြောရာတွင် ရခိုင်ပြည်နယ်တွင် နေထိုင်နေသော ရိုဟင်ဂျာလူမျိုးများသည် အခြားဒေသများတွင်နေထိုင်နေတဲ့မြန်မာ့တိုင်းရင်းသားများကဲ့သို့ တိုင်းရင်းသားမျိုးနွယ်တစ်စု ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ခြင်းကို ကြည့်ခြင်းဖြင့် ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာ့တိုင်းရင်းသား စစ်စစ်ဖြစ်ကြောင်း အတိအကျပြောလိုနိုင်တယ်။

(၂) ရိုဟင်ဂျာလူမျိုးများသည် အင်္ဂလိပ်ကိုလိုနီခေတ်တွင် ဘင်္ဂလာဒေ့ရှ်မှ မြန်မာနိုင်ငံသို့ခိုးဝင် အခြေချနေထိုင် လာကြောင်း ရိုဟင်ဂျာဆန့်ကျင်သူတွေက စွပ်စွဲထားသည်။ ( ကျွန်တော့်ရဲ့  လေ့လာတွေ့ရှိချက် ) ရိုဟင်ဂျာလူမျိုးများသည် အင်္ဂလိပ်ကိုလိုနီခေတ် မတိုင်ခင် ရှေးရခိုင်ဘုရင်များ ရှိစဉ်ကတည်းက ရခိုင်အမျိုးသားများနှင့် ရိုဟင်ဂျာတို့သည် ရာထူးအမျိုးမျိုးဖြင့်ရခိုင်ဘုရင်များထံတွင် အမှူးထမ်းများ လုပ်လာခဲ့ကြောင်း သမိုင်းအထောက်ထားများအရတွေ့ရလေ၏။ ရခိုင်တိုင်းပြည်သည် ဗမာအမျိုးသားတို့၏ လက်အောက်ခံ ကိုလိုနီမရောက်ခင်ကတည်းကရိုဟင်ဂျာလူမျိုးဆိုတာ ရခိုင်ပြည်နယ်မှာ ရှိခဲ့ကြောင်းတွေ့ရ၏။

 တဖန်အင်္ဂလိပ်ကိုလိုနီခေတ်ကရိုဟင်ဂျာတို့ကအင်္ဂလိပ်တပ်ကိုထောက်ခံ၊ရခိုင်အမျိုးသားတို့က ဂျပန်ကို ထောက်ခံခဲ့ မှုကြောင့် ၁၉၄၂ ခုနှစ်မှာ အင်္ဂလိပ်နှင့်ဂျပန်တို့၏ ပယောဂကြောင့် ရခိုင်အမျိုးသားများနှင့် ရိုဟင်ဂျာအမျိုးသားများကြားလူမျိုးရေးအဓိကရုဏ်းကြီးဖြစ်ကာ အပြန်အလှန် သတ်ဖြတ်မှုကြီးဖြစ်ပွားခဲ့သည်။ ယင်းအချက်အလက်တွေကို ကြည့်ခြင်းဖြင့် ရိုဟင်ဂျာလူမျိုးတွေဟာ ၎င်းတို့ကို ဆန့်ကျင်နေသော လူတစ်စုကပြောနေသကဲ့သို့ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ဝင်လာတယ်ဆိုတာလုံးဝ မဖြစ်နိုင်ပါ။ ယုတ္တိ မရှိတဲ့ ပြောဆိုမှုသာဖြစ်သည်။

( ၃ ) ဘူးသီးတောင်နှင့်မောင်းတောမြို့ များတွင် ရိုဟင်ဂျာလူမျိုး အဆမတန်တိုးပွား လာခြင်းသည် ဘင်္ဂလာဒေ့ရှ်ဖက်မှ ခိုးဝင်လာခြင်းကြောင်းဟု ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားသူတွေက စွပ်စွဲထားသည်။ (ကျွန်တော့်ရဲ့ လေ့လာတွေ့ရှိချက် ) ဘူးသီးတောင်၊မောင်းတောဒေသများတွင် ရိုဟင်ဂျာလူမျိုးများ များလာရခြင်းက အချက် ၂ ချက်ကြောင့်ဖြစ်တယ်။ နံပါတ်(၁) ၁၉၄၂ ခုနှစ် ရခိုင် ရိုဟင်ဂျာ လူမျိုးရေး အဓိကရုဏ်း ဖြစ်တုန်းက ကျောက်တော၊မြေပုံ၊ရမ်းဗြဲး၊ ရသေ့တောင် စသည့် ရခိုင်ပြည်နယ်၏ အခြားအခြားသော မြို့များတွင်နေထိုင်နေတဲ့ လူနည်းစု ရိုဟင်ဂျာအိမ်ထောင်စုတွေဟာ ရခိုင်တို့၏ သတ်ဖြတ်ခြင်းကို မခံရလေအောင် ရခိုင်ပြည်နယ် အနှံ့အပြားမှ ရိုဟင်ဂျာလူနည်းစုတို့သည် ထွက်ပြေးကာ ဘူးသီးတောင်နှင့် မောင်းတောမြို့များတွင်နေထိုင်နေသော ၎င်းတို့၏လူမျိုးစုရိုဟင်ဂျာများနှင့်ပေါင်းစည်းကာ ရခိုင်အမျိုးသားတို့၏ ရန်ကို ပူးပေါင်းကာကွယ်ခဲ့ကြသည်။ သတ်ဖြတ်မှုတွေ အဆုံးသတ်သွားသော်လည်း ၎င်းတို့စွန့်ခွါခဲ့သောမြို့များသို့ မပြန်ရဲတော့သဖြင့် သူတို့ရောင်းရင်းများဖြစ်သော ဘူးသီးတောင်၊ မောင်းတောက ရိုဟင်ဂျာအမျိုးသားများနဲ့အတူ ထို့ဒေသ များတွင်အခြေချနေထိုင်လာခဲ့သောကြောင့် ရခိုင်ပြည်နယ်၏ နယ်စပ်ဒေသ တစ်လျှောက် လူဦးရေးများသည်ဟုထင်နေခြင်းဖြစ်သည်။ ၁၉၄၂ ခုနှစ်တုန်းက ကျောက်တောမြို့မှ ထွက်ပြေးလွှတ်မြောက်လာသူ အဘိုးအို တစ်ဦး၏ ပြန်ပြောင်ပြောပြချက်ကိုကိုးကားပြီး ဘူးသီးတောင်မြို NGO တစ်ခုတွင် အလုပ်ဝင် လုပ်နေသော ကျွန်တော်၏ ငယ်သူငယ်ချင်းဖြစ်သူ တစ်ဦးထံမှသိရှိခဲ့ရပါသည်။

နံပါတ် (၂) ၁၉၇၈ ခုနှစ် နဂါးမင်းစီစစ်ရေး အတွင်း ရခိုင်ပြည်နယ် အရပ်ရပ်မှဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးတိန်ရှောင်သူရိုဟင်ဂျာတွေကို မြန်မာအစိုးရကပြန်လည်ခေါ်ယူကာဘူးသီးတောင်နှင့် မောင်တောမြို့ များတွင် နေရာချထားပေးခဲ့သဖြင့် နောက်ထက် များပြားလာခြင်းဖြစ်တယ်။ ၁၉၇၈ ခုနှစ်တုန်းက ဒုက္ခသည်အဖြစ် ဘင်္ဂလာသို့ ထွက်ပြေးတိန်းရှောင်နေသူအချို့ ဟာ ၎င်းတို့၏ ဇာတိမြေ ရခိုင်ပြည်နယ်ကို အခုချိန်ထိ မပြန်သေးဘဲ နယ်စပ်ဒုက္ခသည် စခန်းများတွင်နေထိုင်နေတဲ့ အကြောင်းဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံအစိုးရ၏ ပြန်လည်ခေါ်ယူခြင်းကို ခံရသူတချို့၏ပြောပြခြင်းဖြင့် ကျွန်တော်သူငယ်ချင်းက သိရှိခဲ့ရတယ်ဆိုတဲ့ အကြောင်း ကျွန်တော်ကိုပြန်ပြောပြခဲ့တယ်။

နံပါတ် (၃) ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကြီး ပေါ်ပေါက်လာပြီးနောက်ပိုင်း ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင်းကပြည်သူတွေဟာစားဝတ်နေရေးအကြပ်အတည်းကြောင့်ရခိုင်ပြည်နယ်ထဲကလူတွေအပါ အ ဝင် တစ်နိုင်ငံလုံးက ပြည်သူတွေ နိုင်ငံရပ်ခြားသွားပြီရရာ အလုပ်ကိုလုပ်ကာဝမ်းရေးအတွက် ဖြေးရှင်းနေရတဲ့ ကာလတွေမှာတောင် ဘင်္ဂလာဒေ့ရှ်က လူတွေခိုးဝင် နေထိုင်နေတယ်ဆိုတာ ဖြစ်နိုင်ပါမလား ဒါဟာလုံးဝကို မှာယွင်းတဲ့ စွပ်စွဲချက်လို့ကျွန်တော်မြင်တယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းကတည်းက မြန်မာနိုင်ငံရဲ့  လူဦးရေးစစ်တမ်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ ဝှက်ထားခဲ့တယ်။ ကျွန်တော်အဖေက အဘိုးကို မေးခဲ့တယ် မြန်မာနိုင်ငံမှာလူဦးရေး ဘယ်လောက်ရှိသလဲတဲ့။ အဘိုးကပြန်ဖြေခဲ့တယ်(သန်း ၆၀ ) တဲ့။လွန်ခဲ့တဲ့ တပတ်လောက်က အဖေကို ဒီမေးခွန်းဘဲကျွန်တော်ပြန်မေးခဲ့တယ် မြန်မာနိုင်ငံမှာလူဦးရေး ဘယ်လောက်ရှိသလဲ အဖေပြန်ဖြေးခဲ့တာလဲ (သန်း၆၀)ပါပဲ။ နောက်လာမည် နှစ်ပေါင်းမြောက်များစွာထိ မြန်မာနိုင်ငံရဲ့  လူဦးရေးဟာ သန်း၆၀မှာဘဲ ရှိနေအုံးမှာပါ။ သိပ်မကြာတော့တဲ့ ကာလ တစ်ခုမှာကျွန်တော်တို့ရဲ့  သားသမီးတွေကလည်း မြန်မာနိုင်ငံ လူဦးရေ အကြောင်း မေးလာရင်သန်း၆၀လိုဘဲ ပြန်ဖြေမိကြမှာပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နှစ်စဉ် လူဦးရေးတိုးပွားနေတာကို အစိုးရနှင့်ပြည်သူက သိကြပေမဲ့ ကျွန်ုပ်တို့ နိုင်ငံမှာတော့ဖြင့် သန်း၆၀ကနေ မတိုးနိုင်တော့ဘူး။ လူဦးရေးပြဿနာ ဆိုတာ အစိုးရ လ ဝ က ဌာနနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့အတွက် ယင်းအဖွဲ့အစည်းကို ဦးဆောင်သူတွေမှာ လူဦးရေးစာရင်းမှန်ပြုစုကာ ပြည်သူကိုချပြသင့်တယ် ထို့သို့မပြုလုပ်ဘဲလွှတ်တော် အခန်းဝမှနေ၍ထိုဒေသမှာလူဦးရေးများနေတယ် ဘာဖြစ်နေတယ် ညာဖြစ်နေတယ်လို့ ပြောချင်တိုင်းပြောကာ အဆုံးသတ်လိုက်ခြင်းကို ကြည့်ခြင်းဖြင့် လူဦးရေးကိစ္စဆိုတာ တမင်အကြောင်းပြချက်သာ ဖြစ်နေကြောင်းကျွန်တော်သုံးသပ်မိတယ်။

နံပါတ် ( ၄ )ဦးနုအစိုးရက ရိုဟင်ဂျာတွေရဲ့  ထောက်ခံမှုကိုရရန် ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့ကြောင်းဟု ရိုဟင်ဂျာ ဆန့်ကျင်းရေးလှုပ်ရှားသူလူတစ်စုက စွပ်စွဲထားသည်။( ကျွန်တော့်ရဲ့  လေ့လာတွေ့ရှိချက် ) မြန်မာနိုင်ငံသည် အနှောင်းအဖွဲကင်း၍ သီးခြားလွတ်လပ်ပြီးနောက်ပိုင်း ပြည်သူလူထုရဲ့  သဘောဆန္ဒအတိုင်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ်ကရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံတွင်းက အခြားတိုင်းရင်းသားလူမျိုးများကဲ့သို့လူနည်းစုတိုင်းရင်းသားတစ်စုဖြစ်ကြောင်းတိုင်းသိ ပြည်သိ ရေဒီယိုမှ မိန့်ကြားခြင်းဖြင့်လည်းကောင်း ၊ရိုဟင်ဂျာ လူမျိုးနွယ်စုတို့၏ ဓလေ့ ရိုးရာ၊ယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားများနှင့်တန်းတူ ရေဒီယိုမှ တရားဝင်ထုတ်လွှင့်ခွင့်ပေးခြင်းဖြင့်သော်လည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေသော အထက်တန်း ကျောင်းသုံး ပထဝီစာအုပ် စာမျက်နှာ (၈၆)တွင်ဖေါ်ပြထားသော တိုင်းရင်းသား လူမျိုးများ ပြန့်နှံ့နေထိုင်မြေပုံတွင် ရိုဟင်ဂျာလူမျိုးနွယ်စုတို့၏ နေထိုင်ရာ ဒေသများကို ရခိုင်ပြည်နယ်ရှိမြို့ အမည် များဖြင့်တကွ ယှဉ်တွဲဖေါ်ပြပေးခြင်းတို့ကို ကြည့်ခြင်းဖြင့် ရိုဟင်ဂျာလူမျိုးနွယ်စုတွေဟာ မြန်မာနွယ်ဖွား တိုင်းရင်းသား စစ်စစ်ဖြစ်နေတာကိုတွေ့နေရသည်။ ဝန်ကြီးချုပ်ဦးနုက ရိုဟင်ဟင်ဂျာတွေရဲ့  ထောက်ခံမှုရရန် တိုင်းရင်းသား အဖြစ်သက်မှတ်သည်ဟု ယူဆရရင် ဦးနု ဝန်ကြီးချုပ်ဖြစ်လာပြီး တိုင်းရင်းသားအဖြစ် သက်မှတ် ပေးတာကိုခံရတာ ရိုဟင်ဂျာလူမျိုးတစ်စုတည်း မဟုတ်ပါဘူး အခြားလူနည်းစုတွေ အများကြီးရှိပါသေးတယ်။

ယင်းလူမျိုးစုတွေကိုကျတော့ တိုင်းရင်းသားမဟုတ်ဟု ငြင်းဆို ကန့်ကွက်ပေး နေသူတွေ မရှိကြတာကို တွေ့နေရတယ်။ ရိုဟင်ဂျာလူမျိုးတွေဟာ အီစ္စလန်ဘာသာကို ကိုးကွယ် ယုံကြည်ခြင်းက သူတို့ရဲ့ မဟာ အမှားကြီးဖြစ်နေတယ်ဟုမြန်မာအစိုးရနှင့်ရိုဟင်ဂျာ ဆန့်ကျင်သူတွေက ထင်မြင်ယူဆနေကြတယ်လို့ကျွန်တော် မြင်မိတယ်။

ရခိုင်ပြည်နယ်မှာ အခြား တိုင်းရင်းသား လူနည်းစု တစ်စုအဖြစ် ရှိနေတဲ့ လူမျိုးတစ်စုရှိသေးတယ် ၎င်းလူမျိုးအမည်မှာ ( မာရမာကြီး)ဟုခေါ်သည်၊ ထိုလူမျိုးသည်လည်း ရိုဟင်ဂျာများပြောဆိုသော ဘာသာစကားနှင့် တထက်တည်းပြောပြီး ဟိန္ဒူဘာသာကို ကိုးကွယ်ယုံကြည့်ကြတယ်။

မရမာကြီးလူမျိုးတို့၏ ရုပ်အသွင်သဏ္ဏာသည်လည်း ရိုဟင်ဂျာလူမျိုးများကဲ့သို့တူညီပြီး မရမာကြီးလား ရိုဟင်ဂျာလားဆိုတာခွဲခြားဖို့ အလွန်ခတ်ခဲလှပါတယ်။ စစ်အစိုးရက သူတို့တွေကိုကျတော့ တိုင်းရင်းသား ဟုသတ်မှတ်ကာ တူညီတဲ့ လူမျိုး၂ စုကို ကိုယ်ကွယ်သည့်ဘာသာပေါ်အခြေခံပြီး တိုင်းရင်းသားနဲ့ နိုင်ငံခြားသားဟုခေါ်နေခြင်းဟာ၊ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေက လူမျိုးစု တစ်စုကို သမိုင်း အခြေခံလျော့နည်းမှုကြောင့် တိုက်ခိုက်နေတာ မဟုတ်ဘဲ ကိုးကွယ်သည့် ဘာသာကိုသာ အခြေခံပြီးတိုက်ခိုက် နေခြင်းဆိုတာလူတိုင်းတွေ့ မြင်ရမှာပါ။

ကျွန်တော်အနေနဲ့ မြန်မာအစိုးရကို ပြောချင်းနေတဲ့ စကားခွန်းပါးလိုက်ပါစေ အစိုးရရဲ့ လုပ်ရပ်တွေဟာ ကိုယ့်ပြည်သူတွေပေါ်အစွန်းရောက်လွန်နေပါတယ်။ ဦးနုအစိုးရက ရိုဟင်ဂျာတွေရဲ့  ထောက်ခံမှုကို ရရန် တိုင်းရင်းသားဟု သက်မှတ်ခဲ့တယ်ဆိုရင် စစ်အစိုးရက ရခိုင်အမျိုးသားတွေရဲ့ ထောက်ခံမှုကိုရရန် ရိုဟင်ဂျာကို နိုင်ငံခြားသားစွပ်စွဲ နေတာမဖြစ်နိုင်ဘူးလို့ မည်သူက အားမခံပြောနိုင်သလဲ။

မရမာကြီးလူမျိုးအကြောင်းပြောလို မရမာကြီးလူမျိုးများအနေနဲ့ စိတ်မရှိကြပါနှင့်လို့ ပြောပါရစေ။ အကြောင်း ကိစ္စချင်း တိုက်ဆိုင်သွားလို့သာ နှုင်းယှဉ်ပြောပြခြင်းသာဖြစ်ကြောင်းနာလည်ပေးကြပါ။

ရန်ကုန်မှာနေတဲ့ မရမာကြီးလူမျိုးတွေ ဆံပင်ညှပ်ဆိုင်လုပ်ငန်းကို လုပ်ကိုင်နေသူ အများအပြား ကျွန်တော်နဲ့ ရင်းနှီးကြပါတယ်။

 အထက်က ဖေါ်ပြလာခဲ့တဲ့ အကြောင်းအရာတိုင်းကို စေ့စပ်နှိုင်းယှဉ်ကြည့်ပါက ရိုဟင်ဂျာ လူမျိုးစုဟာ မြန်မာနိုင်ငံသား၊မြန်မာတိုင်းရင်းသား၊မြန်မာလူမျိုးဆိုတာကို ယုံမှားသံသယ မရှိနိုင်ပါ။ ကျွန်ုပ်တို့ နိုင်ငံ လွတ်လပ်ရေးမရခင်ကလည်း သူများကျွန်ပြုတာကိုခံခဲ့ပြီပြီး လွတ်လပ်ရေးရပြန်တော့လည် အေးချမ်းစွာ အတူတကွ နေထိုင်နိုင်အောင် မကြိုးစားကြဘဲ တစ်စုနဲ့တစ်စု အပြန်အလှန် ကိုယ့်အချင်းချင်း သတ်ဖြတ်နေကြတယ်။ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြားနိုင်ငံများနဲ့အတူ အေးချမ်းစွာနေထိုင်နိုင်တဲ့ ဘဝကို လိုချင်ရင် သူတို့လို စိတ်ထားမွေးရမည်။ လူသားအချင်းချင်းနစ်နာနိုင်စေတဲ့ လုပ်ရပ် လူမျိုးရေး မုန်းတီးခြင်းတွေကို စွန့်လွှတ်မှသာလျှင် စစ်မှန်တဲ့ အေးချမ်းမှုကိုရကြမှာပါ။

(ကိုယ်ပြုသည့် ကံ ပဲ့တင်းသံ ကိုယ့်စီပြန်လာမည်တဲ့ ) လူတိုင်းလူတိုင်းဟာ ကိုယ်ပြုလိုက်တဲ့ အကျိုးဆက်ကိုဘဲ ကိုယ်ပြန်ခံစားခွင့်ရကြမှာပါ။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အမှန်တရားကို မြတ်နိုးကာအမှန်တရားအပေါ်အခြေခံတဲ့ စိတ်နှလုံးတွေ ပိုင်ဆိုင်ကြပါစေ။


ကိုမင်းထွန်း ရန်ကုန်။

  1. ဒီဆောင်းပါးရေးသူကိုကျေးဇူးအများကြီးတင်ရှိပါသည်။ အားပေးပါတယ် ဆက်ရေးပါအုံး

  2. သိပ်ကောင်းပြီး ရသကောင်းများနဲ့ ပြည်စုံနေတဲ့ စာတစ်ဖတ်လိုက်ရတော့ ရိုဟင်ဂျာကတိုင်းရင်းသားဆိုတာ လေပြင်မှာ ဆင်ကြီးတစ်ကောင် သွားသလို့ အထင်အရှား တွေ့ရလိုက်ရတဲ့ အတွက် ဒီစာမူကိုရေးသူ ကိုမင်းထွန်းကို အရမ်းကျေးဇူးတင်ပါတယ်။

    ရိုဟင်ဂျာတွေကို ပုဒ်မအမျိုးမျိုးတတ်ကာ စွပ်စွဲချက်တွေဟာ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်ဆိုတာ သမိုင်းအထောက်ထားနှင့်အတူ ဖေါ်ပြပေးခြင်းထက် တိကျသေချာမှုဆိုတာ မရှိနိုင်တော့ဘာဘူး။

    ရိုဟင်ဂျာကို စွပ်စွဲနေသူ လူတစ်က ကိုမင်းထွန်းပြောလို သမိုင်းအခြေခံကြောင်း မဟုတ်ပဲ ကိုးကွယ်သည့် ဘာသာကြောင်းဆိုတာ အားလုံးသိကြပါတယ်။

    တရားဝင်အစိုးရက ထုတ်ပြန့်ခဲ့သော ဘာမဆို တရားဝင် ဖြစ်တယ်။ အခုမှ ပြည်သူအာဏာကို လုယူထားတဲ့ စစ်အစိုးရကျောထောက် နောက်ခံပြုထားတဲ့ ကြံ့ ဖွံ့ အစိုးရက ယခင်တရားဝင်အစိုးရရဲ့  ထုတ်ပြန်ချက်တွေကို မလိုက်နာပဲ စစ်အစိုးရတို့၏ လုပ်လေ့လုပ်ထရှိတဲ့ ရက်စက်ခြင်းကို ပြနေကြတာ။

    ဒါကိုအခွင့်ကောင်းယူကာ ချော်လှဲရောထိုင် ပွဲလန့်တုန်း ဖျာဝင်ခင်းချင်းနေတဲ့ ရိုဟင်ဂျာဆန့်ကျင်းရေး သမားတွေရဲ့  အရေးအသား အပြောအဆိုတိုင်းက အစ္စလာမ်းဘာသာကို တိုက်ခိုက်နေခြင်းသာဖြစ်တယ်။

  3. ခေါင်းစဉ်က ကြီးကြီးကျယ်ကျယ်နဲ့ ရေးထားတာက ဘာမှလဲ မဟုတ်ဖူး...

  4. A wonderful article.This article a very good lesson for racist moghs(Rakhine),especially for fake historians Aye Chan and Aye Kyaw.

  5. Very Good Analysis.I fully support you.In my analysis, Narinjara News Agency is encouraging anti-Rohingya writers and promoting hatred between Rakhines and Rohingyas which will endanger the Rakhine (Arakan) State in the transition period of the Republic of the Union of Myanmar.Regarding recent crisis in Rathedaung Township,Narinjara allows usages of "Kalas" and "Khway Kalas" to refer Rohingyas.In this connection, I wrote following comments to the Narinjara.

    "Narinjara News Agency should not allow wild and insulting words such as "Kalas" , " Khwe Kalas" in its news page and Comments section. Do you think it is democracy. Democracy is not only for Rakhines but for all human beings. Because of narrow idea and hatred to Muslims, The Arakan Kingdom was lost and bacame slaves of Maha Bamar Nation. Do something good for the Development of Arakan which you seriously love. Burma is one of the least developed nations in the world. Arakan is again one of the least developed state in Burma. Do you think you are loving Arakan. No you are destroying Arakan. My last comment is you can hate people, kill people but can not change political geography of Arakan. You are between Nation of Bengali and Nation of Mahar Bamar. You Rakhine wants to shift thesoil of Arakan to a different continent or world. Your politics is wrong. Correct your politics. Time is running out. If you love Arakan and If you want to see Peace in Arakan, you need to change your mentality and political platform. Because of extremism, racisim and chauvinism, you lost the Kingdom of Arakan. If continue this way, you will loose Rakhine State. Be Careful and Wake-Up.

    God Bless Arakan
    God Bless Rakhine State
    God Bless Rakhines
    God Bless Rohingyas

    Nyeinchan Arakan
    Political Analyst "

  6.ွှThank you for the analysis. I also found similar article in the book "THE POLITICS OF ISLAMIC IDENTITY IN SOUTH EAST ASIA" in chapter (6)with a name of 'The Rohingyas in Myanmar' by Prof: Syed ,McGiil, University, Canada,who is a big master in History
    May be you can use for another intel' proof brother. In Yangon, the book is available in American Center (Baldwin Library), book no is 959Isl. Thank again for the post. Actually it help me a lot.

Write A Comment

Rohingya Exodus