Latest Highlight

မြန်မာအစိုးရတပ်က ကချင်တပ်အား ဓါတုလက်နက်ဖြင့် စ တိုက် - Burma uses Chemical Weapons against Kachin rebel

According to the Kachin News Group, the Burma Army has been firing chemical weapon mortars against Kachin soldiers for the last week. This is a war crime and it is absolutely unacceptable. This is the real face of the military regime, not the sweet talk coming out of Naypyidaw and which some people are only too happy to hear.

Read the Report here 









30oct-myen

ဝိုင်းမော်မြို့နယ် KIA နှင့် မြန်မာအစိုးရစစ်တပ်တို့တိုက်ပွဲဖြစ်ရာ မြစ်ကြီးနား-ဗန်းမော်ပေါ်မှ ရွှေညောင်ပင်၊ ဂါးရာယန်ဒေသမှ ဆုတောင်းတောင်(Akyu Hpyi Bum)နှင့် လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲ များတွင် မြန်မာအစိုးရတပ်က ဓါတုအဆိပ်ငွေ့ အသုံးပြုနေသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက် စနေနေ့ ဆုတောင်းတောင်တိုက်ပွဲတွင် မြန်မာအစိုးရတပ်က ဓါတုလက်နက်ပါ အမြောက်ကျည် ၂ ခု ပစ်ခတ်လာသည်ဟု ၎င်းတိုက်ပွဲမှ KIA ပြည်သူ့စစ်သားများပြောသည်။

KIA ပြည်သူ့စစ်သား လာဂွမ်းက “ဘယ်လိုဖြစ်တာလဲလို့ သွားစစ်ကြည့်တော့။ မီးခိုးအနက်ရောင်တွေပျံ့ လာတယ်။ မီးခိုးတွေတအားများတယ်။ များတထက်များလာတာနဲ့ ခေါင်းမူးလာတယ်။အာခေါင်ခြောက်လာ တယ်။ ရေ တအား ဆာလာတယ်။ အန်ချင်လာတယ်။ အန်တော့ မအန်နိုင်ဘဲ ပျို့တက်လာပြီးတော့ ရင်ကြပ်လာပြီး စပ်ဖျင်းဖျင်း နာလာတယ်။ မျက်နှာထူလာတယ် အချိန်တို အတွင်းပဲ။” ဟု ပြောသည်။

ထိုနေ့တွင်ပင် လိုင်ဇာအနီး အင်တပ်ဘွမ်(Ntap Bum) ဒေသတွင်လည်း မြန်မာအစိုးရတပ်၏ အမြောက် ကျည်ကြောင့် KIA စစ်သားများ အချိန်အတော်ကြာ မူးဝေ အော့အန်ကြသည်ဟုဆိုသည်။

အလားတူလက်နက်မျိုး တစ်ပတ်ကျော်ကြာ လုံဇက်ပ်ကောင် (Lung Zep Kawng) တိုက်ပွဲတွင်လည်း မြန်မာအစိုးရတပ်ဘက်မှ အသုံးပြုသည်ကို တွေ့ရသည်ဟု ဆက်ပြောသည်။

ဂျနီဗာသဘောတူညီချက်အရ ပြည်တွင်း ပြည်ပစစ်ပွဲများတွင် ဓါတုနှင့် ဇီဝ လက်နက်များ အသုံးပြုရန် ပိတ်ပင်ထားသည်။

Write A Comment

Rohingya Exodus