October 07, 2025

Latest Highlight

News @ RB

Rohingya News @ Int'l Media

Myanmar News

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Rohingya families arrive at a UNHCR transit centre near the village of Anjuman Para, Cox’s Bazar, south-east Bangladesh after spending four days stranded at the Myanmar border with some 6,800 refugees. (Photo: UNHCR/Roger Arnold) By UN News May 11, 2018 Late last year, as violent repressi...

Press Release

(Photo: Reuters) Joint Statement: Rohingya Groups Call on U.S. Government to Ensure International Accountability for Myanmar Military-Planned Genocide December 17, 2018  We, the undersigned Rohingya organizations worldwide, call for accountability for genocide and crimes against...

Rohingya Orgs Activities

RB News December 6, 2017 Tokyo, Japan -- Legislators from all parties, along with Human Rights Now, Human Rights Watch, and Save the Children, came together to host the emergency parliament in-house event “The Rohingya Human Rights Crisis and Japanese Diplomacy” on December 4th. The eve...

Petition

By Wyston Lawrence RB Petition October 15, 2017 There is one petition has been going on Change.org to remove Ven. Wira Thu from Facebook. He has been known as Buddhist Bin Laden. Time magazine published his image on their cover with the title of The Face of Buddhist Terror. The petitio...

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် မေးမြန်းခြင်း



The Nation, Bangkok Post & Asian Wall Street Journal တို့၏ ပင်တိုင်ဆောင်းပါးရှင်၊ နယ်သာလန်အခြေစိုက် Prince Claus Fund ၂၀၁၀ ပြည့်နှစ်အတွက် Prince Claus Award ဆု ချီးမြှင့်ခြင်းခံထားရသူ ပြည်ပအခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ အယ်ဒီတာ ကိုအောင်ဇော်အား မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားခြင်းအပါအ၀င် လက်ရှိမြန်မာနိုင်ငံ၏ အနေအထားအပေါ် Online မှတစ်ဆင့် မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

မေး - သမ္မတကြီးရဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် သဘောထားအမြင်ကို သိလိုပါတယ်။

ဖြေ - အဲဒီနယ်က ကချင်တိုင်းရင်းသားတွေကတော့ ဒီသတင်းကို ကြိုဆိုတယ်လို့ သိရပါတယ်။ ဒါဟာ ကချင်ပြည်နယ်က ပရောဂျက်တစ်ခု ဖြစ်လို့ပါပဲ။ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပြည်တွင်းမှာရော ပြည်ပ မှာပါ ၀မ်းသာအားရ ကြိုဆိုတာတွေ့ရပါတယ်။ ဒါဟာသတင်းကောင်း တစ်ပုဒ်ပါ။ ဧရာဝတီဆိုတာ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့သူတွေရဲ့ အသက်သွေးကြောဖြစ်သလို မြန်မာပြည်သူပြည်သားတွေရဲ့ ထိန်းသိမ်းကာကွယ်ရမယ့် ယဉ်ကျေးမှု သမိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှ ဧရာဝတီရဲ့ ကျန်းမာရေးကောင်းမှာ ဖြစ်ပါတယ်။ တိုင်းပြည်ခေါင်းဆောင်တွေက ပြည်သူလူထုရဲ့အသံကို နားထောင်တယ်ဆိုတာ သတင်းကောင်းပါ။ ဧရာဝတီမြစ်ဆုံကို ယခုလက်ရှိ အစိုးရ သက်တမ်းမှာ ရပ်ဆိုင်းတယ် ဆိုပေမယ့် နောင်အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ အတိအကျပြောဖို့ခက်ပါတယ်။ ဒါပေမယ့် အရင် န၀တ၊ နအဖ လက်ထက်မှာတုန်းက လက်မှတ်ထိုးခဲ့တဲ့ ဒီလိုရေအားလျှပ်စစ်စီမံကိန်းတွေ အများကြီးကျန်ပါသေးတယ်။ အဲဒါတွေကတော့ ဆက်ပြီးဆောက်လုပ်ဆဲဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ကနေ သွယ်တန်းဖောက်လုပ်ပြီး တရုတ်ပြည်ကို ရောင်းချမယ့် ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိစ္စ၊ မီးရထားလမ်း ဖောက်လုပ်မယ့်ကိစ္စ ဒါတွေဟာ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရခိုင်ပြည်နယ်ကို သွယ်တန်း ဖောက်လုပ်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုမှာ ဘယ်လို သတင်းအင်ဖော်မေးရှင်း ဘယ်လိုသဘောထားတွေ ရှိနေသလဲ။ ဒါတွေကိုလဲ နားထောင်ဖို့ လိုပါတယ်။

မေး - မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်း ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံရဲ့ တုံ့ပြန်ချက်နဲ့ပတ်သက်တဲ့ အမြင်ကိုလည်း သိလိုပါတယ်။

ဖြေ - ဒီကိစ္စအပေါ်မှာ တရုတ်အစိုးရနဲ့ လက်ရှိမြန်မာအစိုးရ စကားပြောရမှာ ဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံကို ၁၉၈၈ နောက်ပိုင်းကစပြီး စီးပွားရေး ကုန်သွယ်ရေး အကြီးအကျယ်လုပ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာပြည်မှာ နှစ်ရှည် စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ နိုင်ငံရေးသုတေသီတွေကတော့ တရုတ်နိုင်ငံဟာ မြန်မာ နိုင်ငံရဲ့သဘာဝသံယံဇာတအရင်းအမြစ်တွေအပြင် ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာအထိ မဟာဗျူဟာအရ ထိုးဖောက်နိုင်ဖို့အတွက် စီမံကိန်း ဆွဲထားတယ်လို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရင်က အစိုးရကို နိုင်ငံရေး သံတမန်ရေး စစ်ရေးအရ အများကြီး နိုင်ငံတကာစာမျက်နှာမှာရော အများကြီး အထောက်အပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမှာလည်း အမြဲတမ်း ဖြောင့်ဖြူးနေတာမဟုတ်ဘဲ အဖုအထစ်တွေ ရှိခဲ့တာဖြစ်ပါတယ်။ တရုတ်-မြန်မာသမိုင်းကို ကြည့်မယ်ဆိုရင် တွေ့ရပါလိမ့်မယ်။ ဒါကြောင့် တရုတ်မြန်မာဆက်ဆံရေးဟာ ကျွန်တော် တို့ထင်တာထားသလို အပေါ်ယံအမြင်နဲ့ ကြည့်လို့မရဘဲ ဒီထက်ပိုပြီး complex ဖြစ်တယ်လို့ မြင်ပါတယ်။

မေး - သမ္မတကြီးရဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်း ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံ၏ သဘောထားအမြင် ပေါ်ပေါက်လာပြီးနောက် တိုင်းပြည်၏ စီးပွားရေး ပိုမိုကျပ်တည်းလာနိုင်မှု အခြေအနေမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ sanction ကိုရော ဘယ်လိုမြင်ပါသလဲ သိလိုပါတယ်။

ဖြေ - ဆင်းရဲတဲ့ မြန်မာနိုင်ငံဟာ sanction နဲ့ အမြဲတမ်းနေသွားဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမီလိုက်နိုင်ဖို့ အများကြီး လိုပါသေးတယ်။ တကယ်တော့ sanction ဆိုတာ နိုင်ငံရေးအရ Symbolic ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံပေါ်မှာ အရေးယူ ပိတ်ဆို့တယ်ဆိုတာ အဲဒီနိုင်ငံက အုပ်ချုပ်သူအာဏာပိုင်တွေ အကောင်းဘက်ကို ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် လုပ်ဖို့ဖြစ်ပါတယ်။ တချို့ကတော့ sanction ဆိုတာ moderate the regime’s behavior လို့ ပြောကြပါတယ်။ ဒါကြောင့် sanction policy ကြောင့် အောင်မြင်တာတွေရှိသလို မအောင်မြင်တာလဲရှိတာ နိုင်ငံတကာမှာ တွေ့ရပါတယ်။ မကြာသေးခင်က မြန်မာပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်အစိုးရခန့်ထားတဲ့ မြန်မာ ပြည်အထူးကိုယ်စားလှယ် Derek Mitchell က sanction နဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ဖို့၊ အတိုက်အခံ တိုင်းရင်း သားတွေနဲ့ အစိုးရကြားမှာ လေးနက်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စတဲ့အချက်တွေ ပါပါတယ်။ Sanction ကိုရုပ်ပါလို့ အတိုက်အခံတွေရော မြန်မာပြည်သူတွေကပါ ပြောလို့ရပါတယ်။ ဒါပေမယ့် သူတို့မှာ ရုပ်ပိုင်ခွင့် အာဏာမရှိပါဘူး။ ဒီဟာကို ရုပ်ပိုင်ခွင့်ရှိတာက US အပါအ၀င် အနောက်နိုင်ငံတွေကပဲ ရုပ်ပိုင်ခွင့် ရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သံယံဇာတကြွယ်ဝပြီး အရမ်းလှပတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အနောက်အပါအ၀င် နိုင်ငံ တကာက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်နေတာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဆင်းရဲမွဲတေနေတဲ့ ပြည်သူပြည်သားတွေ အကျိုးခံစားခွင့်ရှိနိုင်သလို လူသားအရင်းအမြစ်တွေကို ကျွန်တော်တို့ ပိုပြီးတည်ဆောက် တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်ခုတည်းကို အားကိုးစရာ မလိုပါဘူး။ Technology know-how တွေကို ကျွန်တော်တို့ ရနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာတော့ ကျွန်တော်တို့ဟာ ခုနကပြောခဲ့တဲ့ မိမိရဲ့သဘာဝ အရင်းအမြစ်တွေကို အတင်းရောင်းချနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည် တကယ်တံခါး ဖွင့်ခဲ့ပြီဆိုရင် sanction လည်း မရှိတော့ဘူးဆိုရင် မြန်မာပြည်ဟာလည်း တကယ်အေးချမ်းခဲ့ပြီဆိုရင် ကျွန်တော်တို့ဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့တင်မဟုတ်ဘဲ နိုင်ငံတကာ၊ အနောက်နိုင်ငံတွေနဲ့ပါ ဟိုးအရင်ကလိုမျိုး ကူးလူး ဆက်ဆံမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကို အမြန်ဆုံးရောက်ဖို့လိုပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါ့အပြင် အဲဒီအချိန်ရောက်ခါမှ တိုင်းပြည်ထဲမှာ အခွံပဲကျန်ခဲ့မယ်ဆိုရင်လည်း ဘယ်သူကမှ ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းပြည်ရဲ့ သဘာဝတောတောင်တွေအပြင် သံယံဇာတတွေကို အကျိုးရှိရှိ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ဖို့လည်း လိုပါတယ်။ ကျနော်တို့နိုင်ငံဟာ အပြောင်းအလဲတွေဖြစ်ခဲ့ပြီဆိုရင် အရှေ့တောင်အာရှမှာ the most promising country ထဲမှာ ပါပါတယ်။

မေး ပြည်တွင်း မီဒီယာများ လွတ်လပ်မှု တဖြည်းဖြည်းချင်း ရလာတဲ့ အနေအထားမှာ ပြည်တွင်းကိုပြန်လာပြီး မီဒီယာလုပ်ငန်း လုပ်ကိုင်ဖို့ အစီအစဉ် ရှိ မရှိ သိလိုပါတယ်။
ဖြေ - ပြည်ပမီဒီယာတွေက နောက်ဆုံးတော့ ပြည်တွင်းကို ပြန်ရမှာပဲ။ ပြည်ပမှာရှိနေရတယ်ဆိုတာက ပြည်တွင်းမှာ နေလို့မရလို့ ရှိနေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ပမှာမနေတော့ဘဲ ပြည်တွင်းကို ပြန်ပြီဆိုရင် မြန်မာပြည်မှာ သတင်းစာလွတ်လပ်ခွင့် အတိုင်းအတာတစ်ခုအထိ တော်တော်လေးရှိနေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာပဲနေနေ၊ ပြည်ပမှာပဲနေနေ၊ ဘယ်မှာပဲနေနေ အဓိကက အလုပ်လုပ်ဖို့၊ အလုပ်လုပ်နေတဲ့သူက အရေးကြီးတယ်လို့ ထင်တယ်။ ကျွန်တော်တို့ website တွေ အပါအ၀င် ပြည်ပက အခြား website တွေ အတော်များများကို ပိတ်ဆို့ထားတာ ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ အဲဒီသတင်းကို ကြိုဆိုပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ပြည်တွင်း မီဒီယာတွေ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့် လိုပါတယ်။ အရင်ကထက်ဆိုရင် လွတ်လွတ်လပ်လပ် ပိုရေးခွင့်ရလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် official censorship အပြင် self censorship ကလည်း အရေးကြီးတာကို တွေ့ရပါတယ်။ ပြည်သူတွေ သတင်းမှန်တွေ သိဖို့ လိုပါတယ်။ သတင်းစာတွေဆိုတာ တိုင်းပြည်ရဲ့ နား မျက်စိ ဖြစ်ပါတယ်။ တိုင်းပြည် တစ်ပြည်ကထုတ်တဲ့ နေ့စဉ်ထုတ်တဲ့ သတင်းစာကိုဖတ်ပြီး အဲဒီတိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အုပ်ချုပ်နေတဲ့ အစိုးရကို တစ်ချက်တည်း အကဲဖြတ်လို့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉ ရာစုမှာ မင်းတုန်းမင်းဟာ reform minded မင်းတစ်ပါးလို့ ပြောလို့ရပါတယ်။ သူ့ရဲ့ခေတ်မှာ အနောက်နိုင်ငံကို ပညာတော်သင်တွေ စေလွှတ်ခဲ့သလို မျက်စိပွင့် နားပွင့်ဖို့အတွက် မြန်မာပြည်ရဲ့ ပထမဆုံး indigenous သတင်းစာ ဥပဒေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ မင်းတုန်းမင်း ကိုယ်တိုင်က သတင်းစာ အခြေခံဥပဒေကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရတနာပုံနေပြည်တော် သတင်းစာကို ထူထောင်ခွင့် ပေးခဲ့သလို မြန်မာ့သမိုင်းမှာ ဂုဏ်ယူဝင့်ကြွားစွာ အခုထိ ပြောနေရတဲ့ (ငါ မကောင်းရင် ငါ့ကိုရေး၊ ငါ့ မိဖုရား မကောင်းရင် မိဖုရားကိုရေး၊ ငါ့ သားသမီးမကောင်းရင် သားသမီးကို ရေး၊ လွှတ်တရားသူကြီး မကောင်းရင် တရားသူကြီးကိုရေး၊ မြို့ဝန်မကောင်းရင် မြို့ဝန်သတင်းကိုရေး၊ မင်းတို့ သတင်းစာ၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င်စေထွက်စေ) လို့ လွတ်လပ်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၅၀-၆၀ ကာလတွေအထိ အရှေ့တောင်အာရှမှာ အဆင့်အတန်းရှိတဲ့ သတင်းစာတွေ ထုတ်ဝေခဲ့သလို အဆင့်အတန်းရှိတဲ့ စာနယ်ဇင်းသမားတွေလည်း ရှိခဲ့ပါ တယ်။ ဒီလို စာနယ်ဇင်းတွေရှိခဲ့ဖူးတဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ဖော်ဆောင် တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါကို လက်ရှိအစိုးရက အားပေးသင့်ပါတယ်။ ကျနော်တို့ဘက်ကလည်း ကူညီဖို့ အသင့်ပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို သမ္မတ ကိုယ်တိုင်က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ တွေ့ရပါတယ်။ စတုတ္ထမဏ္ဍိုင် ကျန်းမာရေးကောင်းမှ တိုင်းပြည် ကျန်းမာရေးကောင်းမှာ ဖြစ်ပါတယ်။

မီဒီယာသမားဆိုတာ အမှန်တရားကို ရှာဖွေဖော်ထုတ် ရေးသားရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ မီဒီယာကျင့်ဝတ်တွေနဲ့အညီ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် လုပ်ချင်ပါတယ် . . .

မေး ပြည်တွင်းပြန်လာပြီး မီဒီယာ လုပ်ကိုင်မည်ဟု သတင်းများ ကြားသိနေရပြီး ဘယ်လိုအခြေအနေ ဘယ်လို အနေအထားတစ်ရပ်ရောက်မှ ပြန်လာပြီး ဘယ်လိုမီဒီယာလုပ်ငန်းမျိုး လုပ်ကိုင်မယ်လို့ စိတ်ကူးထားလဲ သိလိုပါတယ်။

ဖြေ - ပြည်တွင်းမှာ လုပ်ပိုင်ခွင့် ရမယ်ဆိုရင် သတင်းစာ ဂျာနယ် ထုတ်ချင်တယ်၊ အင်္ဂလိပ်ဘာသာနဲ့ရော မြန်မာဘာသာနဲ့ရော ဖြစ်ပါတယ်။ အချိန်တန်ရင်တော့ အိမ်ပြန်ကြရမှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ရဖို့ အရေးကြီးပါတယ်။ အခုထိ standard procedure မရှိသေးပါဘူး။ ပြည်ပမှာ မြန်မာပြည် ကောင်းကျိုးအတွက် အလုပ်လုပ်နေတဲ့ လူငယ်တွေ လူလတ်ပိုင်းတွေ အများကြီးရှိပါတယ်။ အဲဒီထိပ်ပိုင်းက အလုပ်လုပ်နေသူတွေက စောင့်ကြည့်ပြီး မပြန်သေးတာ တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ society ကိုပြန်ပြီးတော့ ကူညီချင်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာအခန်းကဏ္ဍကို public servant လို့ မြင်ပါတယ်။ မီဒီယာသမားဆိုတာ အမှန်တရားကို ရှာဖွေဖော်ထုတ် ရေးသားရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့မီဒီယာ ကျင့်ဝတ်တွေနဲ့အညီ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် လုပ်ချင်ပါတယ်။ လွတ်လွတ်လပ်လပ် ဝေဖန်ပြောဆို ရေးသားနိုင်တဲ့တစ်နေ့မှာ ကျွန်တော်တို့ ပြန်လာမှာဖြစ်ပါတယ်။ လောလောဆယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သတင်းစာဆရာတွေ၊ ဓာတ်ပုံဆရာတွေ၊ သတင်းထောက်တွေ၊ ဘလော့ဂ်ဂါတွေ သူတို့တွေရဲ့ လွတ်မြောက်ရေးကလည်း အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။
မေး အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ၊ အကောင်းမြင်ပါသလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံခဲ့ပါတယ်။ ဒါတွေ အားလုံးကို ဘယ်လိုမြင်ပါသလဲ။


ဖြေ - မြန်မာပြည်ဟာ political transition ကို သွားနေပြီလို့ ထင်ပါတယ်။ အဲဒီ transition ဟာ peaceful transition ဖြစ်ဖို့ လိုပါတယ်။ ဒီဘက်ကနေ မြန်မာပြည်ကိုကြည့်ရင် ဒီမိုကရေစီရေးအပြင် ကျနော်မြင်တာကတော့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းစစ်ဟာ အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။ သူတို့တွေ transition ထဲ မပါရင် တိုင်းပြည်တည်ငြိမ်မှု အေးချမ်းမှုရမယ်လို့ ကျနော် မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ စကားပြောနေတာဟာ ကောင်းတဲ့အလားအလာ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေအတွက် အဓိပ္ပာယ်ရှိမယ့် အကျိုးရလဒ်ရှိမယ်လို့ မျှော်လင့်ပါတယ်။ အများစုက အဲလိုပဲ မျှော်လင့်တာ တွေ့ရပါတယ်။ တချို့ကတော့ ဒီအချိန်ဟာ ညီအစ်ကို မသိတသိအချိန်လို့ သုံးသပ်ကြတာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီအချိန်ကို ကျော်သွားရင်တော့ တစ်ဘက်နဲ့တစ်ဘက် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရမယ်လို့ ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေထဲက အချက်အလက်တချို့ကို ပြင်နိုင် မပြင်နိုင်၊ NLD ပါတီရဲ့တရားဝင် ရပ်တည်ရေး၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍ၊ လွှတ်တော်နဲ့အစိုးရကြား ဆက်ဆံရေး၊ ပြီးတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ဒါတွေ အားလုံးဟာ transition တခုကို ဖြတ်သန်းနေရတယ်လို့ သုံးသပ်မိပါတယ်။ အရင်က နိုင်ငံရေးဟာ idealism ဘက်ကို ပို ရောက်တယ်လို့ ထင်ပါတယ်။ ဒီနေ့မှာတော့ pragmatism ဘက်ကို ပိုရောက်လာသလားလို့ ထင်မိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို credible မဖြစ်ဘူးလို့ ဝေဖန်သံတွေ ညံခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိသမ္မတကြီး ဦးသိန်းစိန်အစိုးရက တကယ်ပြည်သူတွေရဲ့ လိုချင်နေတဲ့ reform ကို အချိန်တိုတိုနဲ့ ဖော်ဆောင်ပေးမယ်ဆိုရင် ပြည်သူတွေ အသိအမှတ်ပြုတဲ့ အစိုးရတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်မြင်တာက credible ဖြစ်တဲ့ အစိုးရ လိုသလို credible ဖြစ်တဲ့ အတိုက်အခံလည်း မြန်မာပြည်မှာ လိုပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ကံကြမ္မာကို မြန်မာပြည်သူပြည်သားတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Credit :Weekly media

Write A Comment

Pages 22123456 »
Rohingya Exodus