Latest Highlight

အစွန်းရောက်ဝါဒီများသို.(၂)

အဆိုးမြင်ဝါဒီ၊ အစွန်းရောက်ဝါဒီ ရခိုင်တွေရဲ့ စာတွေကို ဖတ်ရပါတယ်။ယုတ်ညံ့တဲ့ လူတွေဟာ အဆိုးမြင်ဝါဒီ အစွန်းရောက်ဝါဒီ အဖြစ်နဲ့အသက်ရှင်ရပ်တည်ကြပါတယ်။ သူတို့လို အစွန်းရောက်တွေကြောင့် ဆူပူမှုတွေအကြမ်းဖက်မှုတွေ..စတဲ့အနိဌာရုံတွေ ဖြစ်ပေါ်နေဒါပါ။ မြင့်မြတ်တဲ့သူတွေက လူသားတွေကို အကျိုးပြုရင်း အသက်ရှင် ရပ် တည် တတ်ကြ ပါတယ်။ 

အခု ရေပန်းစား နေတဲ့ ရိုဟင်ဂျာ အရေးမှာလဲ လူမျိုရေး မုန်တီးသူတွေ အစွန်းရောက် မျက်ကန်း မျိုးချစ်တွေက အမျိုးမျိုးထင် ကြေးပေးပြီး ရိုဟင်ဂျာတွေကို စော်ကား နေ ကြပါတယ်။ 

လူတိုင်း လူတိုင်းဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုများ ကို ဖေါ်ထုတ်ပိုင်ခွင့် ကိုယ်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် မိမိလူမျိုးစု အမည်ကို မိမိတို့ လူမျိုးတို့ ကိုယ်တိုင် ကြိုက်နှစ်သက်ရာ ရွေးချယ်ခွင့် ရှိတယ်လို့ ကမ္ဘာ့လူ့.အခွင့် အရေးကျေညာစာတမ်းမှာ အတိအလင်း ဖေါ်ပြထားပါတယ်။ မြန်မာ့သမိုင်းမှာ အထင်အရှား သာဓကအဖြစ် ဖေါ်ပြရယင် တလိုင်းမှမွန်၊ တောင်သူမှပအိုစ့်၊ ကရင်နီမှကယား၊ ရှမ်းတရုပ်မှ ကိုးကန့်၊ မောဂ်မှရက္ခသျှ ၊ ရက္ခသျှမှရက္ခိုင်၊ ရက္ခိုင်မှရခိုင် ဆိုပြီးပြောင်း လဲခေါ်ဝေါ်ခဲ့ကြပါတယ်။ 

ကျွန်မတို့ ရိုဟင်ဂျာတွေမှာလဲ လူသားအဖြစ် ရပ်တည်ခွင့်ရှိပါတယ်။လူသားတို့ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရအောင် ယူဖို့ ကျွန်မတို့တာဝန်ပါ။ ဘယ်သူမှတားဆီး ပိတ်ပင်လိုမရပါ။ ရခိုင်တွေက ရိုဟင်ဂျာ ဆိုဒါမကြားဘူးလို့ပြောရင် မောဂ်မှရက္ခသျှ ၊ ရက္ခသျှမှရက္ခိုင်၊ မကြားဘူးလို့ပြော ရင်ကော ဘာဖြစ်မလဲ။ စဉ်းစားကြည့်နိုင်ပါတယ်။ 

ယခု ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ လေကြောင်းခရီးနဲ့ ဖြစ်ဖြစ် ၊ရေကြောင်းခရီးနဲ့ဖြစ်ဖြစ်၊ ပြည်မကို ခရီးသွား လာခွင့် မရှိ။ ကုန်းလမ်း ခရီးနဲလဲ သွားလာခွင့်မရှိပါ၊ ဘင်္ဂလားဒေရှ့်ကိုလဲအလွယ်တကူသွားလာခွင့်မရှိပါ။ 

ရခိုင်ပြည်အတွင်းမှာပင် တစ်နေရာမှ တစ်နေရာသို့ လွတ်လပ်စွာသွား လာခွင့်မရှိပါ။ အရွယ်ရောက် သူများ အိမ်ထောင်ပြုခွင့်မရှိ။ ပညာသင် ကြားခွင့်မရှိ။ ဆေးကု သ ခွင့် မရှိ။….စတဲ့အခွင့်အရေးများ ဆုံးရှုံးနေ သည်ကို ပြန်လည် ရရှိအောင် ကြိုးစားဖို့ကျွန်မတို့ရိုဟင် ဂျာတွေရဲ့တာဝန်ဖြစ်ပါတယ်။ 

ကျွန်မတို့ရိုဟင်ဂျာတွေဟာ ရှေးခေတ်အဆက်ဆက်ကတည်းက ရခိုင်လူမျိုးများနဲ့ အတူအေးအတူပူအမျှနေခဲ့ကြဒါ သမိုင်းအမှန်က သက်သေရှိပါတယ်။ 

အခုမှ ဘဂါင်္လီဆိုပြီး မောင်းထုတ်လို့ မရဘူးဆိုတာ နားလည် စေချင်ပါတယ်။ ကမ္ဘာစစ်ကြီးရဲ့ အကျိုးဆက်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့အဓိကရုဏ်းကို မေ့မရ နိုင်ဘဲ လူမျိုးရေး မုန်တီးစိတ်ကို ပြန်လည်နိုးဆွ ပေးနေသော သက်ကြီးသမိုင်းပညာရှင်များကို အစွန်းရောက် ပညာရှင်များဟု သတ်မှတ်ရပါမယ်။ ရိုဟင်ဂျာတွေကိုမျိုးတုံး အောင် လုပ်မယ်လို့ ခြိမ်းခြောက်နေတဲ့ နာဇီခင်မောင်စောရဲ့ အကြမ်းဖက်ချင်သော ဆန္ဒကို ရပ်တန့်ကရပ်ပါဟု သတိပေးလိုက်ပါတယ်။ ဘယ်သူတွေဘာဘဲပြောပြောကျွန်မရိုဟင် ဂျာတွေရဲ့ အခွင့်အရေးကို ရအောင် ယူရမှာပါ။ ကျွန်မတို့လို ချင်ဒါ လူမျိုးရေး မုန်တီး မှုမဟုတ်ပါ။ 

ရိုဟင်ဂျာတွေကို ဘင်္ဂါလီအဖြစ် ပြောင်းလဲ ခေါ်ဆိုဒါကိုလုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုဒါ အတိအလင်း ပြောကြားလိုပါတယ်။ ရခိုင်တွေက မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ ကြားမှာခွပြိး တိုင်းရင်းသား အဖြစ်အခွင့် အရေးအားလုံး ရယူကြပြီး အလွယ်တကူသွားလာ ခွင့်ရရှိထားပါတယ်။ 

ရိုဟင်ဂျာတွေကို ကျတော့ ဘောင်ခတ်ထားပြီး တိရိစ္ဆာန်လောက်တောင် တန်ဖိုးမထားဘဲ အကြောင်းအမျိုးမျိုး ဖန်တီးပြီး နှိပ်စက် နေကြပါတယ်။ ထိုကဲ့သို့လူလူချင်း နှိပ်စက်မှုတွေကို လဲရပ်တန့်ကရပ်တန့် ပေးကြပါရန်နှင့် လူလူချင်း တန်ဖိုးထား ဆက်ဆံပြောဆိုကြပါရန် တိုက်တွန်း လိုက်ပါတယ်။ လူ့အခွင့်အရေးကို လေးစားကြပါရန်နှင်.ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည် နေနိုင်သော လူမျိုးအဖြစ် ကြိုးစားကြပါစို့။ 

ဒေါ်ခင်လှ

(Author) Daw Khin Hla is Retired Senior High School Teacher in Rangoon , Burma.

  1. တိကျမှန်ကန်တဲ့ သမိုင်းအဖြစ်ပျက် စာတကြာင်းနှင့် အခြေအမြစ်မရှိသော နှုတ်စကား တစ်သိန်းတို့ ထိတ်တိုက်ရင်ဆိုင် ဖြေးရှင်းရပြီဆိုရင် တိကျမှန်ကန်သော သမိုင်းစာတစ်ကြောင်းကသာ အနိုင်ရမည်ဆိုတာ အကြမ်းဖက်ဝါဒကိုဆုပ်ကိုင်ထားတဲ့ မျိုးချစ်မျိုးကန်းတွေက သိနေလို့ နှစ်ဖက်ပညာရှင်များ တွေ့ဆုံးအဖြေးရှာခြင်းကို တဖက်လှည့်နဲ့ ပြေးရှောင်နေကြတာပါ။ ရခိုင်တွေထဲမှာ ရိုဟင်ဂျာနှင့်သင်မြတ်စွာနေချင် နေသူတွေလည်းအမြောက်အများရှိပါတယ်။ အဲဒီလူတွေဟာ ဘိုး၊ဘေ၊ဘင် အဆက်ဆက်က ရိုဟင်ဂျာနှင့်ရခိုင်၊ရခိုင်နှင့်ရိုဟင်ဂျာ အတူတကွနေထိုင်လာခဲ့ကြတာပါ။ အခုတလော ရိုဟင်ဂျာ ဘာဖြစ်တယ်၊ရိုဟင်ဂျာညာဖြစ်တယ် ပြောပြောနေတဲ့ လူတွေဟာ တကယ်တန် စိစစ်ကြည့်တဲ့အခါ အဲဒီရိုဟင်ဂျာတွေကို မုန်းနေသူတွေဟာ ဘင်္ဂလာဒေရှ် နယ်စပ်က ရခိုင်မျိုးနွယ် ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေပါ၊ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေနဲ့ ဘာသာစကား တူနေတော့ လွတ်လပ်ရေးနောက်ပိုင်ကာလက အစုလိုက် အစုလိုက် ရခိုင်ပြည်နယ်ထဲ တဖက်နိုင်ငံမှ ဝင်ရောက်အခြေချနေထိုင်ခဲ့သူတွေပါ။ အဲဒီလူတွေက တဖက်နိုင်ငံမှာနေတုန်းက ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ဘင်္ဂလီတွေနဲ့ မကြာခဏ ခိုက်ရန်ဖြစ်ပွားကာ လူမျိုးတစ်စုနှင့်တစ်စု အပြန်အလှန် မုန်းတီးနေသူတွေပါ။ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်အခြေချနေထိုင်နေတဲ့ တဖက်နိုင်ငံက ရခိုင်မျိုးနွယ်တွေအမြောက်အများရှိနေပါတယ်။ ဒါတွေကိုမြန်မာအစိုးက အစတုန်းက မသိခဲ့ပေမဲ့ နောက်ပိုင်မှာ အလေထားလာခဲ့ပါတယ်။ ယခင်တုန်းကဆိုရင် လ ဝ က လူကြီးတွေက ရခိုင်လူမျိုးတွေဆိုတော့သူတို့အကြိုက် တဖက်နိုင်ငံက ရခိုင်မျိုးနွယ်တွေကို ရခိုင်ပြည်နယ်ထဲ့ခေါ်ကာ မြန်မာစာရွက်စာတမ်းတွေကို နေ့ချင်းပြီးလုပ်ပေးကာ ရခိုင်လူမျိုးအဖြစ် သတ်မှတ်ပေးတတ်ကြပါတယ်။ လွန်ခဲ့သော ၁ နှစ်လောက်ကထင်တယ် ရခိုင်ပြည်နယ်နေ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ရခိုင်မျိုးနွယ် ၄ယောက် ၅ ယောက်လောက် ရန်ကုန်အတက်မှာ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရကြောင်း သတင်းတစ်ခုမှာ ဖတ်ခဲဖူးပါတယ်။ ရခိုင်ပြည်နယ်ထဲ့ ဝင်ရောက်အခြေနေတဲ့ ဘင်္ဂလာဒေရှ့် ရခိုင်မျိုးနွယ်တွေကသာ ရိုဟင်ဂျာကို ကြည့်မရအောင်မုန်းနေကြတာပါ။ ရခိုင်ပြည်နယ်ထဲက ဒေသခံအချင်းချင်းမှာ ဘာပြဿနာမှ မရှိပါဘူး။

Write A Comment

Rohingya Exodus