မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။
ဒါပေမဲ့ ဗြိတိသျှတို့ အုပ်ချုပ်တဲ့ကာလအတွင်း ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံကို ဆယ်နှစ်တစ်ကြိမ်သန်းခေါင်စာရင်းပုံမှန် ကောက်ယူခဲ့ပါတယ်။ဗြိတိသျှတို့ကတော့ ခေတ်သစ်နိုင်ငံအုပ်ချုပ်ရေးမှာ အဓိကအရေးကြီဆုံးအလုပ်က သန်းခေါင်စာရင်း ကောက်ယူရေးဆိုတာကို ကောင်းကောင်း သဘောပေါက်သူတွေ ဖြစ်ပါတယ်။
သူတို့ကောက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံး လူဦးရေက ၁၈၉၁ ခုနှစ်မှာ ၇.၇၇၂ သန်း၊ ၁၉၀၁ ခုနှစ်မှာ ၁၀.၅ သန်း၊ ၁၉၁၁ ခုနှစ်မှာ ၁၂.၁၁ သန်း၊ ၁၉၂၁ ခုနှစ်မှာ ၁၃.၂၁ သန်း ရှိပါတယ်။
နောက် အင်္ဂလိပ်က ကြေးတိုင်နဲ့ မြေစာရင်း ဌာနတည်ပြီး မြန်မာနိုင်ငံမြေပုံကို အတိအကျ အချိန်ယူရေးဆွဲတယ်။ အောက်မြန်မာပြည်မှာ စိုက်ပျိုးမြေဧကတွေ ဖော်တယ်။ သူတို့ လိုချင်တဲ့ ထုတ်ကုန်အတွက် ဗမာ့လူဦးရေနဲ့ မလုံလောက်တော့ ချစ်တီးကုလားတွေ အိန္ဒိယက မချလာတယ်။ နောက် ဆန်စက်တွေ တည်ပြီး ကမ္ဘာ့ဆန်စပါး အထွက်ဆုံးနိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။ ပြောချင်တာက ကိုလိုနီအစိုးရဖြစ်ဖြစ် ကိုယ်ပိုင်အစိုးရဖြစ်ဖြစ် တိုင်းပြည်အတွက် စီးပွားရေး လူမှုရေး မူဝါဒတွေ ချမှတ်လုပ်ဆောင်ရတဲ့အခါ လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုက အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်တယ် ဆိုတာကိုပါ။
လွတ်လပ်ရေး ရပြီးချိန်ကစပြီး အခု ၂၀၁၂ ခုနှစ်အထိ မြန်မာအစိုးရအဆက်ဆက် လက်ထက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း နှစ်ကြီမ်ပဲ ကောက်ယူခဲ့ပါတယ်။ မဆလခေတ် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တို့ကပါ။
ဒီအရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံ့ဘဏ္ဍာငွေ အတော်များများ ရှိပေမဲ့၊ ပြည်တွင်းစစ်ကြောင့် မကောက်ယူနိုင်ခဲ့ပါဘူး။ တိုင်းပြည် အတော်တန် တည်ငြိမ်လာပြန်တော့လည်း ၀န်ကြီးချုပ်ဦးနုက ဆဋ္ဌသင်္ဂါယနာတင်ဖို့နဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရေးလောက်သာ အာရုံကျနေတော့က၊ ဒီအလုပ်ကို ခေါင်းထဲ ထည့်ပုံမရဘူး။ ဒီဘက် န၀တ နအဖ ခေတ်ကျတော့လည်း လူဦးရေစာရင်းကိစ္စကို လှေလှော်သဘင်နဲ့ သစ်သီးဝလံပြပွဲလောက် အရေးပါတယ်လို့ကို ထင်ပုံမရဘူး။
၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးစာရင်းကောက်ယူမှုအရ တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ရှိတယ်လို့ တရားဝင် ဖော်ပြပါတယ်။ အဲဒီနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူတာ မရှိတော့တဲ့အတွက် ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်း ၅၀ လည်းဖြစ်နိုင်သလို၊ သန်း ၆၀၊ ၇၀၊ ၈၀ လည်း ဖြစ်နိုင်ပါတယ်။ ခန့်မှန်းပြီး ကြုံသလို ပြောနေကြရတာပါပဲ။
နောက် လူဝင်မှုကြီးကြပ်ရေးဌာနစာရင်းမှာ မ၀င်ဘဲ မွေးလာကြ သေသွားကြသူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် တောင်တန်းဒေသ၊ လူမျိုးစုဒေသတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သေသာသွားရော နိုင်ငံသားမဖြစ်လိုက်ရသူတွေ အများကြီးပါပဲ။ တိုင်းပြည်အတွက် အဖက်ဖက်က ဆုံးရှုံးမှုကြီးပါပဲ။

လူအရေအတွက်သက်သက် မဟုတ်
Census ဆိုတဲ့ စကားကို သန်းခေါင်းစာရင်းလို့ မြန်မာမှု ဘယ်သူ စခဲ့လဲတော့မသိပါ။ လူဦးရေစာရင်း ကောက်ယူရတဲ့အခါ ညသန်းခေါင် လူခြေတိတ် အားလုံးအိပ်မောကျချိန်မှာ အလစ်အငိုက် စာရင်းဝင်ကောက်ရတာကြောင့် ဒီစကား ဖြစ်လာပုံရပါတယ်။ အရင်က ဧည့်စာရင်းစစ်သလိုမျိုး လုပ်ခဲ့တာဖြစ်ပါမယ်။ အဲဒီလုပ်ရပ်ကို သာလွန်မင်း ထွင်ခဲ့သလား၊ အင်္ဂလိပ်တွေပဲ လုပ်ခဲ့သလား မဆိုတတ်ဘူး။
ဒါပေမဲ့ ဒီကနေ့ခေတ် Census ကောက်ယူတဲ့အခါ လူဦးရေစာရင်းတင် မကတော့ဘဲ၊ နိုင်ငံ့နယ်နမိတ်အတွင်းရှိ ဒေသအသီးသီးက လူမျိုးပေါင်းစုံရဲ့ demography ကိုပါ စာရင်းယူရတာ ဖြစ်တော့ ညသန်းခေါင်မှာတင် လုပ်လို့ရတာမျိုး မဟုတ်တော့ဘူး။
demography ဆိုရာမှာ ဒေသအသီးသီးက လူမျိုးတွေရဲ့ အသက်အရွယ်၊ ပျမ်းမျှသက်တမ်း၊ နှစ်စဉ်မွေးဖွားမှုနှုန်း၊ အရွယ်မတိုင်မီ သေဆုံးမှုနှုန်း (infant mortality rates) သေဆုံးမှုနှုန်း (death rates)၊ လူဦးရေ အတက်အကျ၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို ဦးရေ၊ မှီခိုသူဦးရေ၊ မသန်စွမ်းသူဦးရေ၊ စာတတ်မြောက်သူဦးရေ၊ ဘွဲ့ရဦးရေ၊ အလုပ်လက်မဲ့၊ လက်လုပ်လက်စား၊ လယ်ယာလုပ်ကိုင်သူ၊ လယ်ပိုင်သူ၊ အိမ်ပိုင်ခြံပိုင်ရှိသူ၊ တစ်ဦးချင်းဝင်ငွေ၊ ၀င်ငွေအချိုးအစား ကွာဟမှု၊ ဒေသအလိုက် နေထိုင်သူဦးရေ အချိုးအစား၊ လူမျိုးစုများ၊ အလုပ်အကိုင်အမျိုးအစား၊ လယ်ယာစွန့်ခွာပြီး မြို့ပြရွှေ့ပြောင်းသူ ဦးရေ၊ နိုင်ငံရပ်ခြားထွက်ခွာသူဦးရေ စတဲ့ အချက်အလက်တွေ ပါဝင်အောင် ကောက်ယူရတာ ဖြစ်ပါတယ်။
အဲဒီ လူဦးရေနဲ့ demography စာရင်းတွေပေါ် အခြေခံပြီးမှ မူဝါဒရေးဆွဲသူတွေက ကိုယ့်တိုင်းပြည်ဒေသ၊ လူမျိုးအခြေအနေတွေနဲ့ ကိုက်မယ့် ဖြစ်နိုင်ခြေရှိမယ့် စီမံကိန်းတွေ ချမှတ်ရပါတယ်။ census မှာ ဖော်ပြတဲ့ အချက်အလက်တွေကို အမြဲကိုင် စဉ်းစားပြီးမှ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဈေးကွက်၊ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် စာတာတွေကို အသေးစိတ် သူ့နေရာနဲ့သူ ရွေးချယ်ပြီး မူဝါဒတွေချမှတ် ဆောင်ရွက်ရပါတယ်။
အဲဒီကမှ တိုင်းပြည်အမျိုးသားဝင်ငွေ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တို့ဆိုတဲ့ အမျိုးသားကြီးပွားမှု ပုံမှန်ဖြစ်နေအောင် တာဝန်ယူသူတွေက စီမံရပါတယ်။ နောက် census ကပေးတဲ့ အချက်လက်ဒေတာတွေပေါ်ကနေမှ စီးပွားရေး၊ ပညာရေး စီမံကိန်းတွေ၊ ကျန်းမားရေးစတဲ့ social welfare လုပ်ငန်းတွေနဲ့ လူထု လုံခြံမှုရှိရေးအတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။
ဥပမာ၊ အင်္ဂလန်ဆိုရင် ၁၈၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သန်းခေါင်စာရင်းကို ဆယ်နှစ်တစ်ကြိမ် ပုံမှန်ကောက်လာခဲ့တယ်။ ဒါကြောင့် အင်္ဂလန်ဟာ သူတို့ရဲ့ နှစ်စဉ် မွေးနှုန်း သေနှုန်း၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို၊ အခွန်ဆောင်သူဦးရေ၊ ကုမ္ပဏီတွေရဲ့ ငွေကြေး စတာကနေ၊ နိုင်ငံမှာနေ့စဉ်ထွက်တဲ့ မော်တော်ကား၊ လေယာဉ်၊ လက်နက်၊ ဇွန်ခရင်း၊ ဆပ်ပြာ၊ အပ်ချောင်း အထိ တစ်ခုချင်းစီကို အတိအကျ စာရင်းတင်နိုင်တယ်။ အဲဒီကမှ ဘတ်ဂျက်ခွဲဝေမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို စဉ်းစားနိုင်ကြတယ်။
ပြောရရင် မြန်မာအစိုးရအဆက်ဆက် လုပ်ခဲ့သမျှ စီမံကိန်းတွေ မအောင်မြင်ခဲ့တာက လူထုနဲ့ပတ်သက်တဲ့ အခြေခံစာရင်းအင်းတွေကို ကောက်ယူမှုမရှိတာ၊ မကောက်ယူဘဲ လုပ်ခဲ့တာတွေကြောင့်ပါပဲ။ ဆည်တွေဆောက်တာ ဒေသခံလူထု တကယ်လိုအပ်နေတာလား၊ ကန်ထရိုက်တာ လိုအပ်တာလား ဆာဗေးမရှိဘူး။ ဦးတည်ရာမဲ့ စီမံကိန်းတွေကိုဆိုတာ ပြောလို့မကုန်နိုင်ဘူး။ စာရင်းအင်းဒေတာမရှိ၊ ဆာဗေးမရှိလေတော့ မျောက်လက်ထဲ ဥယာဉ်ခြံရောက်သလိုပဲ၊ စီမံကိန်းလုပ်ဟန်ဆောင်သူနဲ့ လုပ်စားသူတွေကြားမှာ၊ တိုင်းပြည် အခြေအနေ ဆိုးခဲ့ရပြီး၊ လူထုက ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ပြဿနာကိုယ်ရှင်းပါပဲ။
တရုတ်နဲ့ အိန္ဒိယ သန်းခေါင်စာရင်း
ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး တရုတ်နဲ့ အိန္ဒိယမှာ သန်းခေါင်စာရင်း ကောက်ခဲ့တယ်။ သူတို့ စာရင်းကောက်တဲ့ လုပ်ပုံကိုင်ပုံတွေက စိတ်ဝင်စားစရာဖို့ကောင်းပါတယ်။
တရုတ်မှာ မိသားစု အိမ်ခြေပေါင်း သန်း ၄၀၀ ရှိပါတယ်။ စာရင်းလိုက်ကောက်တဲ့ လူကချည်း ၆ သန်း ရှိပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ယူကြတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးမှာ ၆ ကြိမ်မြောက် လူဦးရေစာရင်းကောက်တာဖြစ်ပါတယ်။ ဘယ်သူ့ အကူအညီမှ မယူဘဲ အစိုးရ ဘတ်ဂျက် ဒေါ်လာ ၁၀၄ သန်း အကုန်ခံ လုပ်ခဲ့တယ်။ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းထုတ်ပြန်မှုအရ တရုတ်မှာ လူဦးရေ ၁.၃၄ ဘီလီယံ (သန်း တစ်ထောင့်သုံးရာကျော်) ရှိပါတယ်။
တရုတ် ဒုသမ္မတ ရှီကျင်ပင်း က “လူဦးရေစာရင်းကောက်ခံမှုဟာ တရုတ်ပြည် စီးပွားရေးနဲ့ လူမှုရေးအတွက် သိပ်အရေးကြီးတယ်။ လူဦးရေ demography ရဲ့ ရှင်းလင်းတဲ့ ရုပ်ပုံကားချပ်ရမှ စီမံကိန်းကောင်းတွေ ဆက်ရေးဆွဲနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာ၊ ပင်စင် စတဲ့ ပြည်သူ့လုပ်ငန်းတွေ ဒီထက် အသက်ဝင်လာအောင် ဆောင်ရွက်ပေးနိုင်မယ်” လို့ စီအင်အင် သတင်းဌာနကို ပြောခဲ့ပါတယ်။
လူဦးရေစာရင်းသစ်ကနေ တရုတ်အစိုးရအတွက် စဉ်းစားစရာတွေ အများကြီးရှိလာတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ က တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ချမှတ်ခဲ့တာကြောင့် ၂၀၅၀ ခုနှစ်ကျရင် သက်ကြီးရွယ်အိုတွေ ပိုများနေမယ်။ နှစ်စဉ် လူ ၁၀ သန်းကျော်က ကျေးလက်တွေကို စွန့်ခွာပြီး မြို့ပြတွေကို ပြောင်းရွှေ့နေတယ်။ တိုင်းပြည်ချမ်းသာလာပေမဲ့ ဆင်းရဲ ချမ်းသာ၊ မြို့ပြနဲ့ ကျေးလက်၊ ကမ်းရိုးတမ်းနဲ့ အတွင်းပိုင်း ကွာဟမှုတွေ ရှိနေတယ်။ နောက်သန်းခေါင်စာရင်းကောက်တာကို အခွန်ကောက်ဖို့လို့ ယူဆပြီး ထွက်ပြေးရှောင်နေကြတဲ့ အခက်အခဲတွေလည်း ကြုံရတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် စာရင်းအရ အိန္ဒိယလူဦးရေကလည်း ၁.၂၁ ဘီလီယံ (သန်း တစ်ထောင့်နှစ်ရာကျော်) ရှိနေတယ်။ အိန္ဒိယက လူဦးရေ ထိန်းချုပ်မှုမရှိတဲ့အတွက် ၂၀၃၀ ခုနှစ်မှာ တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမယ်။ သန်းခေါင်စာရင်းကောက်သူ ၂.၇ သန်းက အိန္ဒိယ မြို့ပေါင်း ၇ ထောင်နဲ့ ကျေးရွာ ၆ သိန်းကျော်ကို ကွင်းဆင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ပြဿနာကတော့ ယောက်ျားလေးဦးရေက မိန်းကလေးထက် များတာ (မိန်းကလေးမွေးရင် သတ်ပစ်တာ)၊ စာမတတ်သူ အရေအတွက် များနေသေးတာ၊ အိမ်ခြေမဲ့တွေ များပြားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်နိုင်ငံရဲ့ သန်းခေါင်စာရင်းအသစ်တွေက စီးပွားရေးမှစပြီး လူမျိုးရေး၊ ဘာသာစကားတွေအထိ ရှေ့အနာဂတ် စီမံကိန်းသစ်အတွက် အထောက်အကူ အများကြီးရမှာ သေချာတယ်။
ဝေဖန်သူတွေလည်း စာရင်းအင်းလို
အခု မြန်မာနိုင်ငံမှာ ၂၀၁၄ ဧပြီလမှာ စပြီး ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ စံချိန်စံနှုန်းမှီ သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC) တို့က အကူအညီပေးတာ ဖြစ်ပါတယ်။
အဲဒီ သန်းခေါင်စာရင်းသစ်က မြန်မာနိုင်ငံသားအားလုံးအတွက် အရေးကြီးသလို၊ နောက်နောင် အစိုးရတွေရဲ့ စီမံကိန်းများအတွက် အရေးပါနေလိမ့်မယ်။ အတိုက်အခံ နိုင်ငံရေးပါတီများအဖို့လည်း census က ဖော်ပြတဲ့ စာရင်းအင်း အချက်အလက်သစ်တွေကနေ အစိုးရ စီမံကိန်းတွေရဲ့ အားသာချက် အားနည်းညံ့ဖျင်းချက်တွေကို ပိုပြီးစနစ်တကျ ဝေဖန်ထောက်ပြလာနိုင်မှာ ဖြစ်ပါတယ်။
ဝင့်ထန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer ကို မေလ ၆ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-Eleven Media Group)
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့၏ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Melanne Verveer က သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ကြည့်ရှုသွားမည်ဟု ပြောကြားခဲ့သည်။
၎င်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
''ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးတစ်ယောက်အနေနဲ့ ကျွန်မဒီမှာ ရက်အနည်းငယ်ဆက်နေပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေကို ကြည့်ရှုသွားပါမယ်။ လူမှုအဖွဲ့အစည်းတွေမှာ ရှိသမျှ လူတွေအားလုံးမှာ ပါဝင်စရာ အခန်းကဏ္ဍ ရှိရပါမယ်''ဟု ၄င်းက ပြောကြားသွားခဲ့သည်။
Melanne Verveer သည် အဆိုပါအဖွဲ့အစည်း၏ အမေရိကန်နိုင်ငံဆိုင်ရာ သံတမန်တစ်ဦးဖြစ်ပြီး မေလ ၆ ရက်မှ ၁၁ ရက်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့သို့ လာရောက်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏အခြေအနေများအ ကြောင်း ဆွေးနွေးမည်ဖြစ်သည်။၎င်းသည် မြန်မာနိုင်ငံသို့ ရောက် ရှိနေစဉ်ကာလအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများမှအမျိုးသမီး ခေါင်းဆောင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။
''အမေရိကန် အစိုးရမှာ National Action Plan on Women Peace and Security ဆိုတဲ့ အစီအစဉ်တစ်ရပ် ရှိပါတယ်။ အဲဒီအစီအစဉ်အရ ပဋိပက္ခဒေသတွေက လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အလုပ်လုပ်သွားဖို့ ရှိပါတယ်။ နောက်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ အပ်နှင်းတဲ့ကိစ္စတွေမှာ အမျိုးသမီးတွေ အပြည့်အ၀ ပူးပေါင်းပါဝင်ခွင့်ရှိစေဖို့ကျွန်မတို့အစိုးရကလုပ်ဆောင်သွားမှာပါ''ဟု၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။
၎င်းသည် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံပြီး အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းများနှင့် အခြားအမျိုးသမီးအခွင့်အရေး ကိစ္စရပ်များအပါအ၀င် အမျိုးသမီးများ၏ဘ၀ မြင့်မားရေးနှင့် ပတ်သတ်၍ ဆွေးနွေးမည် ဖြစ်သည်။
Large for Global Women's Issue (ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့)သည် တကမ္ဘာလုံးရှိ အမျိုးသမီးများကို နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးလုပ်ငန်းများတွင်စွမ်းရည်မြှင့်တင်ပေးခြင်းဖြင့် အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးသော အဖွဲ့အစည်း ဖြစ်ကြောင်း
Eleven Media Group အင်တာနက်စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
SINGAPORE, May 6 (Bernama) -- Several Rohingya organisations have made a call for the 2014 census in Myanmar to be universal and inclusive of the Rohingya people.
The call was made by the Arakan Rohingya National Organisation (ARNO), Burmese Rohingya Organisation UK (BROUK), Burmese Rohingya Association Japan (BRAJ), Burmese Rohingya Community in Australia (BRCA), Burmese Rohingya Community in Norway (BRCN), Burmese Rohingya Association in Thailand (BRAT) and Burmese Rohingya for Democracy in Burma (RLDB) in a joint statement, here, Sunday.
They said recently the United Nations Population Fund (UNFPA) agreed to support Myanmar's proposed 2014 population and housing census.
"But Rights groups worry that if not conducted properly, the census could marginalise minorities such as the Rohingyas or those living in one of Myanmar's many conflict areas.
"No true census has ever taken place in Myanmar, and great injustice has been done to the ethnic Rohingyas.
-- BERNAMA

The Lady ဇာတ်ကား ဇာတ်ဝင်ခန်းထဲက ဂေါက်ရိုက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
နေပြည်တော် ဂေါက်ကွင်းမှာဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေတယောက် နေ့စဉ်နီးပါး ဂေါက်ရိုက်နေတယ်လို့ သိရပါတယ်။ ကျန်းမာရေးမကောင်းဘူး၊ ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလ သတင်းတွေက ဦးသန်းရွှေအတွက်တော့ ယတြာချေပေးလိုက်သလိုပါပဲ။
မြင်တွေ့နေရသူ တချို့အပြောအရ အဖိုးကြီး (ဦးသန်းရွှေ) ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါပဲ၊ ဦးအေး (ဒု ဗိုလ်ချုပ်ကြီး [ဟောင်း] မောင်အေး) နဲ့ နေ့တိုင်း ဂေါက်ရိုက်နေတာပဲလို့ ပြောကြတယ်။

ဒါပေမယ့် လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တယောက်ကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ အခု မေလ ၃ ရက်နေ့က ရာထူးကနေ နှုတ်ထွက်ခွင့် တောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စင်ကာပူမှာ သွားရောက်ဆေးစစ်ကြည့်တော့ ကင်ဆာရောဂါခံစားနေရပြီး မျက်စိလည်းမကောင်းဘူးလို့ ဆိုတယ်။
ဦးတင်အောင်မြင့်ဦး ခေါင်းဆောင်တဲ့ ခေါင်းမာဂိုဏ်းသားတွေကို အစိုးရအဖွဲ့အတွင်းက ထုတ်ပယ်ပစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ တိုက်ဆိုင်စွာပဲ အခုလို နုတ်ထွက်တဲ့သတင်း ပေါ်လာတာပါ။
အာဏာရ ကြံဖွံပါတီထဲမှာလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ပိုးစိုးပက်စက် အရေးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး တဦးနဲ့တဦး အပြစ်ဖို့တဲ့ စကားတွေ ကျယ်လောင်လာနေပြီး မကြာမီကာလမှာ ထိပ်ပိုင်း အပြောင်းအလဲလုပ်တော့မယ်လည်း ဆိုနေကြတယ်။
ဒီလိုအပြောင်းအလဲ လုပ်မယ်ဆိုရင်တော့ ခေါင်းဆောင်ပိုင်းအကြား မညီညွတ်မှုတွေ ပေါ်လာမှာမလွဲပါဘူး။ ဒီလို အဖြစ်အပျက်တွေ ဖြစ်လာခဲ့ရင် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ တယောက် ကြားကနေ ဒိုင်လူကြီး လုပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ရန်ပိုင်

၂၀၁၂ခုနှစ် ဧပြီလ ၂၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကောင်မရှင်မှ `ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေချိုးဖောက်ရာရောက်သော ရေးသားမှုများမပြုရေး သတိပေးညွန်ကြားခြင်း´ ဟု ခေါင်းစဉ်တပ်၍ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ( PDP) သို့ ရှေ့ဆင့်နောက်ဆင့် ပေးပို့ ညွန်ကြား လာကြောင်း သိရသည်။အဆိုပါအကြောင်းကြားချက်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ၉.၉.၂၀၁၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဆရာတော် ဦးဥတ္တမနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်နှင့် တိုးတက်ရေးသတင်းလွှာ အတွဲ(၂) ၊အမှတ်(၄) သတင်းလွှာ နှစ်ခုမှာ ပြန်ကြား ရေးဝန်ကြီးဌာနက ထုတ်ဝေထားသည့် ညွှန်ကြားချက် (၄၂) ပါစည်းကမ်းချက်များနှင့် ငြိစွန်းသဖြင့် တာဝန်ရှိသူများကို ညွှန်ကြားချက် (၄၂)နှင့်အညီ လိုက်နာဆောင်ရွက်ရေး ၀န်ခံကတိလက်မှတ် ရေးထိုးခဲ့ရကြောင်း၊ အလားတူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ၃၀.၆.၂၀၁၁ ရက်နေ့တွင် ထုတ်ဝေသော `ဇေကမ္ဘာနှင့်ရွှေနံ့သာလယ်သမားများ ပြဿနာ´နှင့် ၂၇.၃.၂၀၁၂ ထုတ် `ထားဝယ်ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံ´ စာစောင်များအတွက် ပါတီတစ်ခုခုသည် တည်ဆဲဥပဒေပါ ပြဌာန်းချက်တစ်ရပ် ရပ်ကို လိုက်နာရမည်ဖြစ်ပြီး၊ နည်းဥပဒေ ၁၅(ဂ)အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိလျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်နိုင်ကြောင်း ပြဌာန်းထားသည်ဖြစ် ၍ နောင်အလားတူ ဥပဒေချိုးဖောက်မှုမျိုး မဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မက်ဆောင်ရွက်ကြရန် သတိပေး ညွှန်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်၍ RNDP မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်မှ မှ ` နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ပါတီမူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုတာတွေက ရွေးကောက်ပွဲကာလ စည်းရုံးရေး ကာလမျိုးတွေလောက်ပဲ သင့်တော်တယ်။ အဲဒီအတိုင်းဆိုရင်တော့ မူဘောင်အရမ်းကျဉ်းလွန်းတယ်။ အဲဒီအတွက် ဦးနေမျိုးဝေတို့ ကလည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီး ဖိတ်ထားတယ်။ သွားတက်မှာပါ´ လို့ပြောပါတယ်။ PDP ပါတီက တော့ `ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျွန်တော်ပါတီမူဝါဒတွေ တင်ပြစဉ်ကတည်းက အရှည်သဖြင့် ကျွန်တော်တို့ လုပ်ဆောင်ကြမည်မှာ ကျွန်ုပ်တို့၏ ပါတီဝင်များသည် တရားဝင်ရွေးကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်ကြစေကာမူ ပြည်သူတို့၏ အခက်အခဲအခြေအနေများကို ရှာဖွေခြင်း၊ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်းနှင့် မိမိတို့စုဆောင်းရရှိသော အချက်အလက်များကို လက်ရှိမူဝါဒရေးဆွဲသူများ၊ အကောင်အထည်ဖော်သည့် ယန္တရား အဖွဲ့အစည်းများသို့ ပေးပို့ကူညီခြင်း လုပ်ငန်းသည် အဓိကလုပ်ဆောင်မည့် အရှည်သဖြင့် လုပ်ငန်းစဉ်ကြီး ဖြစ်ပေသည်။´ ဆိုပြီး တင်ပြထားတာပါ။ စာကိုသေသေချာချာမဖတ်ကြဘူး။ ကျွန်တော်ကလည်း ညွှန်ကြားချက် (၄၂)ကို မဖတ်ပါဘူး။ ကျွန်တော် ပါတီမူဝါဒအတိုင်း သူတို့လက်ခံထားတဲ့အတိုင်း လုပ်ဆောင်နေတာပါ။ ဒါပေမယ့် မှားတယ် မှန်တယ်ဆိုတဲ့အပေါ်မှာ အများဆုံးဖြတ် ချက်ကို ရယူမှာပါ။ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက် ပေးနိုင်ကြဖို့ ပါတီအားလုံးကို စာပို့ထားပါ တယ်။ ၁၇.၅.၂၀၁၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီသဘောထားမှတ်ချက်တွေကို ရယူပါမယ်။ RNDP ကိုလည်း ဖိတ်ကြားထားပါတယ်။´လို့ပြောပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ဝေထားသော ညွှန်ကြားချက် (၄၂) သည် ပုံနှိပ်သူများအားလုံး၊ ထုတ်ဝေသူအားလုံး၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းအားလုံး အတွက် ထုတ်ဝေထားခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့် ပါတီ၏မူဝါဒ၊ သဘောထားရပ်တည် ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအချက်အလက်များကိုသာ ထုတ်ဝေရမည်ဖြစ်ပြီး အခြားသော နိုင်ငံရေးပါတီစာစောင်အချို့လည်း ၀န်ခံကတိလက်မှတ် ရေးထိုးထားရကြောင်း သိရသည်။

Photo from AP
The plan of Myanmar President Thein Sein to continue his political carrier after the end of his term is not yet definite. The general election will be held by 2015. His top political adviser Ko Ko Hlaing said that he may be successful in this present governance but he will give the opportunity for other excellent leaders to lead the country.
This soon to be election will be a deciding factor for the group of military generals who had been ruling the country for almost 5o years if they are willing to give up their power with dignity, principle and honour, Bloomberg news reported.
Shwe Mann who now holds the lower house parliament speakership is most likely the chosen qualified candidate among all the military members of the junta to replace President Thein Sein in the 2015 election, that’s according to Hans Vriens, managing partner of Vriens & Partners, a Singapore-based firm.
The President is not seeking for another period in the political arena for he is also concerned about his deteriorating health. But things are still possible for him to reconsider this coming election in due time. As a man, he was described as a very private person spending and enjoying his leisure time by reading. He is a man of principle and dedicated to achieve his vision of implementing reforms to make Myanmar a better place to live in, the report said.
Suu Kyi’s father is known as the Father of Independence. She is very hopeful and confident that President Thein Sein is true to his words in the next phase of democratizing for the country. As many were caught by surprise with the reforms on the run, David Steinberg, a well renowned professor of Asian Studies at Georgetown University in Washington D.C. said that no one ever expected that the reforms initiated by the president would drastically change the image of Burma positively.
In being a member of the parliament, democratic icon Suu Kyi and President Thein Sein can now have better chances of dealing freely and legally important matters regarding the country and expressing their points of view for the betterment of the nation. What is highly regarded now will be the real essence of democracy which is governed by the statement “the government of the people, by the people and for the people”, Ko Ko Hlaing said.
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီပာု Reuters သတင်းဌာန၏ သတင်းအရ သိရှိရသည်။
စင်္ကာပူ နိုင်ငံမှ ဆေးကုသခံယူပြီးအပြန် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူလို ကြောင်း မေလ ( ၃ ) ရက်နေ့ကထဲက..သက်ဆိုင်ရာသို့တင်ထားကြောင်းလည်း သိရပါသည်။
Myanmar's Vice President Tin Aung Myint Oo sprinkles fragrant water at a plaque during the opening ceremony of a children's hospital in Yangon March 13, 2011.
Credit: Reuters/Soe Zeya Tun
YANGON (Reuters) - A former top general close to Myanmar's retired dictator Than Shwe has resigned as vice-president, Burmese media reported, ending the hardliner's role in the reformist government.
Tin Aung Myint Oo, 61, submitted his resignation on May 3 for health reasons after returning from Singapore for medical treatment, the Myanmar language service of Voice of America reported on Sunday.
The report could not be immediately confirmed.
Tin Aung Myint Oo, a former four-star general, was one of two vice-presidents and considered a leader among hardliners in the year-old military-backed government that replaced the often-brutal junta who ruled for half a century.
Tin Aung Myint Oo graduated from the Defense Services Academy in 1970, becoming northeastern military commander near the Chinese border late 1990s.
He was promoted to Secretary-1 of the former junta in 1997, a year when the army rounded up hundreds of pro-democracy activists in Aung San Suu Kyi's National League for Democracy to prevent them from attending a party congress.
Suu Kyi and 42 other members of her party took their seats in parliament last week following a historic by-election in a year of dramatic reforms in the former British colony also known as Burma.
In 2009, Tin Aung Myint Oo was appointed military advisor to then-Senior General Than Shwe. He was elected to the lower house a year later as a candidate for the army-backed Union Solidarity and Development Party, and was quickly nominated as vice president by military delegates.
(Reporting by Aung Hla Tun; Writing by Jason Szep; Editing by Jeremy Laurence)

Dhaka, May 5 (bdnews24.com) – US secretary of state Hillary Clinton has urged all political actors to settle difference through dialogue.
"I am really urging all political parties, not just the government, to do everything necessary to support democracy and find a plan to have free and fair election," she said at a joint press briefing at the Prime Minister's Office on Saturday.
Clinton arrived in Dhaka in the afternoon and had formal talks with foreign minister Dipu Moni at the PMO before the press conference.
"We discussed the recent killing of Aminul Islam (RMG activist) ... we discussed Ali (Illias Ali) and asked for proper investigations," she said.
Criticising general strikes, she said it sent a wrong signal to the international community on the climate for investment in the country.
"Five lives were lost (during the strikes) and it affects the poorer section of the people," she added.
She, however, said the US would continue to support democracy in Bangladesh and the freedom that every Bangladeshi was entitled to.
Security partnership
Dhaka and Washington would continue their cooperation against extremism to ensure that they cannot use 'Bangladesh as transit or use it as a training ground.'
Hillary commended zero-tolerance stance of Bangladesh on terrorism and said Bangladesh and the US had very fruitful talks in the security dialogue held in April.
Maritime boundary
The secretary of state said there was a scope for cooperation in protecting investments in the Bay of Bengal.
Bangladesh and Myanmar resolved their maritime boundary dispute at the ITLOS and got verdict in March this year.
Bangladesh now has clear demarcation and it can now explore the area.
US company ConocoPhilips is now exploring gas and oil in blocks 10 and 11 at the Bay and has sought another six blocks for exploration.
Grameen Bank
Clinton suggested appointing a respected managing director at the Grameen Bank in a transparent manner.
The bank had unleashed the opportunity for millions of women and "I want it to continue its good work also in future," she said.
Land bridge
"Bangladesh can connect dynamic Asia Pacific region with potential South Asia due to its geographical location," Clinton said.
"It is considered to be a potential transit country as Bangladesh has borders with both Myanmar and India."
Rohingya problem
The secretary of state said perhaps it was time to find a solution to Rohingya problem, as Myanmar had undertaken reforms programmes.
"The reform programmes will help not only Myanmar but also the people of Bangladesh," she said.
Thousands of Rohingyas have taken refuge in Bangladesh on being pushed by their own country.
Cooperation
Washington wants to further widen ties with Bangladesh and cooperate in a number of areas.
Food security, anti-terrorism, cooperation between militaries and climate change are some of the major where the two countries have cooperation, according to Clinton.
She announced that USAID would provide $30 million for the Bangladesh Climate Change Resilience Fund over the next four years.
Democratic Bangladesh
Washington wants to see Bangladesh as a prosperous and democratic country.
There must be a consensus among the political actors in order to achieve the level of development the people of Bangladesh deserved, Clinton said.
"We do not seek anything other than that."
Clinton said the US continued to urge taking hard decision necessary to establish rule of law and transparency.
She, however, said that though it was not easy, Bangladesh never gave up its efforts to achieve it.
About the relationship with New Delhi, she said Bangladesh and India were two important countries from the US.
"We see that two are the leaders regionally and globally."
Convergence and dissonance
Foreign Minister Dipu Moni in her speech said Bangladesh and the US partnership had space for both dissonance and mutual respect.
Moni said Bangladesh had demanded duty-free and quota-free market and extending of Generalised System of Preference (GSP) facilities.
"In addition, we raised the issue of Bangladesh's enrolment in the Millennium Challenge Account and repatriation of one of the self-confessed convicted killers of Father of the Nation Bangabandhu Sheikh Mujibur Rahman, currently residing in the US," she said.
2014 Census in Burma must be universal and inclusive of Rohingya
Recently the United Nations Population Fund UNFPA) has agreed to support Burma’s proposed 2014 population and housing census. But ‘Rights groups worry that if not conducted properly, the census could marginalize minorities such as the Rohingya or those living in one of Burma's many conflict areas.’
No true census has ever been taken in Burma, and great injustice has been done to the ethnic Rohingyas. The government of U Thein Sein is beyond exception. His current wind of change has not touched the Rohingyas yet. Rather racist and xenophobic plans have been patronized and projected against them.
In an effort to deny Rohingya’s existence in Burma, (i) Immigration Ministers U Khin Yi accused the Rohingyas of being illegal Bangladeshi immigrants; (ii) Chief Political Advisor to the President U Ko Ko Hlaing confirmed that the restriction on their (Rohingyas’) freedom of movement is necessary from so-called national security perspective; and (iii) the Director General of Burma’s Department of Population Myint Kyaing lied in a proud manner, “we have no stateless people in Myanmar and there is no Rohingya in Myanmar as well, because no Bengali people are residing in Myanmar."
Whereas Burma is surrounded by other populous neighbours such as, India, China and Thailand, why U Myint Kyaing proclaimed Burma is facing population pressures only from Bangladesh. On the contrary, due to persecution, an estimated 1.5 million Rohingyas are taking refuge in Bangladesh and other countries. Obviously these self-contradictory and politically motivated statements are nothing but preoccupation of Muslim-phobia and policies of exclusion and persecution against the Rohingyas. Under the circumstance, a credible census is very unlikely and Rohingya are likely to be excluded.
Meanwhile, to ensure the census is universal and “inclusive of all national races”, the oppressive 1982 citizenship law should be amended in conformity with international conventions, international custom and principle generally recognized with regard to nationality. In addition, it should be brought in line with the principles embodied in the Convention on the Reduction of Statelessness of 30 August 1961. Suitable arrangements should also be made for the inclusion of all Rohingya and other Burmese diasporas.
We, therefore, urge upon the UN, OIC, UK, USA, EU, ASEAN and Burma’s neighbours to put pressure on Burmese government to genuinely include Rohingya as a ‘national race’ in the Burma’s proposed census.
Signatories to this joint statement:
Arakan Rohingya National organisation (ARNO),
Burmese Rohingya Organisation UK (BROUK),
Burmese Rohingya Association Japan (BRAJ)
Burmese Rohingya Community in Australia (BRCA)
Burmese Rohingya Community in Norway (BRCN)
Burmese Rohingya Association in Thailand (BRAT)
Burmese Rohingya for Democracy in Burma (RLDB)
For more information, please contact:
Aman Ullah +880-15584 86910
Tun Khin + 44- 788 871 4866
ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။

Photo courtesy of ILO
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။
ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုတွေ လုံးဝ ပပျောက်အောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ILO ကြားမှာ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် အဲဒီသဘောတူညီချက်အတိုင်း အပြည့်အဝ ဖြစ်မလာဘဲ ၂၀၁၅ အလွန်မှာ အဓမ္မခိုင်းစေမှုတွေ ဆက်လက်ရှိနေမယ်ဆိုရင် ILO အနေနဲ့ ဘယ်လိုဆောင်ရွက်မလဲလို့ ဦးသက်ဝေက မေးတဲ့အခါ ILO ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေဘောင်အတိုင်း အရေးယူမယ်လို့ ပြန်လည်ပြောဆိုကြောင်း ဦးသက်ဝေက ပြောပါတယ်။
အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးကတော့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ သီးခြားတွေ့ဆုံမှာဖြစ်ပြီး အဲဒီလိုတွေ့ဆုံတဲ့အခါ အဓမ္မခိုင်းစေမှုတွေ ပပျောက်ရေးအတွက် ပညာပေးအစီအစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ အမြဲထုတ်လွှင့်ပေးအောင် ILO က မြန်မာအစိုးရကို တိုက်တွန်းဖို့ တင်ပြမယ်လို့ Mr. Vines နဲ့ မတွေ့ခင် မိနစ်ပိုင်းမှာ RFA ကို ပြောပါတယ်။
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်မြို့ ထရိတ်ဒါးဟော်တယ်မှာ တွေ့ဆုံခဲ့ပါတယ်။
RFA-Burmese

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်သွားရင်ဘာတွေအပြောင်းအလဲဖြစ်လာနိုင်မလဲ။ ငြိမ်းချမ်းရေး လုပ်ငန်းတွေဘယ် လောက်အကောင်အထည်ဖော်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည် ရွေးကောက်ပွဲကာလတွေမှာဦးတည်ပြီးပြောသွားတဲ့အချက်(၃)ချက်ကိုပဲ ပြန်ကောက်ပြီးထောက်ြ ပရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ရဲ့ ရွေးကောက်ပွဲကာလရဲ့ ကတိက၀တ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒဖြစ်သလို ပြည်သူတွေရဲ့ဆန္ဒလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲရောက်သွားရင်တော့ ဆန္ဒရယ်၊ လုပ်နိုင်စွမ်းတို့အပြင် လုပ်နိုင်တဲ့အခွင့်အလမ်း ဘယ်လောက် ရှိသလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်စုနဲ့ NLD က ဒါတွေကို ဦးတည်ပြီး လုပ်ကိုင်ဆောင်ရွက်သွားလိမ့်မယ်ဆိုတာကို ယုံကြည်ပါတယ်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဆန္ဒနဲ့ လုပ်နိုင်စွမ်းတွေကို လုံးဝယုံကြည်တာက တစ်ပိုင်း သံသယဖြစ်တာတစ်ခုက လွှတ်တော်ထဲမှာ လုပ်နိုင်တဲ့အခွင့်အလမ်း ဘယ်လောက်ရှိမလဲ ဆိုတာပါဘဲ။ ဆန္ဒနဲ့ လုပ်နိုင်စွမ်းရှိပေမဲ့ လုပ်ဆောင်ခွင့်ရမယ့်အခင်းအကျင်း အခွင့်အလမ်း မရှိဘူးဆိုရင် အခက်အခဲရှိပါလိမ့်မယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်လို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ယောက်အနေနဲ့ ပါဝင်လုပ်ဆောင် မယ်ဆိုရင် နိုင်ငံတကာကလည်း ယုံကြည်လက်ခံကြမယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအင်အားစုတွေအပါအ၀င် ဒီမိုကရေစီရေးအင်အားစုတွေ ကလည်း အများကြီးပွင့်ပွင့်လင်း ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးနိုင်ပါလိမ့်မယ်။ လက်နက်ကိုင်ထားသည်ဖြစ်စေ မကိုင်ထားတဲ့ အင်အားစုတွေ ဖြစ်စေပေါ့။
သက်ဆိုင်တဲ့ အင်အားစုအားလုံးပါဝင်နိုင်ပြီး တစုံတရာ အဖြေရရှိနိုင်တဲ့ လွတ်လပ်ပွင့်လင်းတဲ့ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှု အခင်းအကျင်းမျိုးတွေ ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒေါ်စုက ဘယ်လောက်ပါဝင်ဆောင်ရွက်ခွင့်ရ မလဲဆိုတာ လက်ရှိအာဏာရအစိုးရအပေါ်မှာပဲ တည်နေပါတယ်။ ဒါက လုပ်ဆောင်ခွင့်ရ မရ ဆိုတဲ့ အပိုင်းပေါ့။
ကြားဖြတ်ရွေးကောက်ပွဲကိစ္စ ပြန်ပြောရရင် လက်ရှိအစိုးရက ဒေါ်အောင်စုကြည်ဦးဆောင်တဲ့ NLD ကို အနိုင်ရပြီး လွတ်တော်တွင်း ရောက်လာစေချင်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် လွှတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအသွင်ကို ပြုလုပ်ထားပါသေးတယ်။ ဒါဟာ ဘာကြောင့်လဲဆို စစ်အုပ်စုရဲ့ (road map) နိုင်ငံရေးလမ်းပြမြေပုံအရ ပေါ်ထွက်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုပြီး အသက်ဝင်လာအောင် တရားဝင်မှုပိုပြီးရှိလာအောင် ဒေါ်စုနဲ့ NLD က ဒီလမ်းကြောင်းအောက်ကနေ ပါဝင်ဆောင်ရွက်လာ စေချင်နေတာပါ။ဘာမဆို၂၀၀၈ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေအောက်ကနေပဲ ဖြစ်နေအောင်ပါ။ အဲဒီလိုဖော်ဆောင်ဖို့ဆိုတာ ဒေါ်စုနဲ့ NLD ပါမှ ပြည့်စုံနိုင်မှာ ဖြစ်နေတာကြောင့်ပါဘဲ။
ဒီတော့ လွတ်တော်မှာ ဒေါ်စုက ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးနိုင်ရင်တောင် ကန့်ကွက်မဲတွေနဲ့ ပယ်ချလိုက်မဲ့ အခြေအနေတစ်ရပ်ကို အခိုင်အမာစိုက်ထူထားတာ တွေ့ရပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံကို အခိုင်အမာကာကွယ်နိုင်အောင် စစ်တပ်နေရာ ၂၅ ရာခိုင်နှုန်းရယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများစုနေရာယူထားတာရယ်ကြောင့် အခုလိုပြောရတာပါ။
ဒါပေမဲ့ တစ်ကယ်ဘဲ အပြောင်းအလဲကို လုပ်ချင်တဲ့ဆန္ဒရှိတဲ့ အစိုးရ၊ လူထုရဲ့အကျိုးကို ကြည့်တဲ့အစိုးရဆိုရင်တော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အဆိုပြုမှုတွေကို အသေအချာစဉ်းစားပြီး လူထုဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့သဘောထားတွေဖြစ်လာမယ်။ ဒါဆိုရင် ဒီမိုကရေစီလမ်းကြောင်းကို တည့်တည့်လျှောက်လှမ်းနေတယ်လို့ ယုံကြည်လက်ခံနိုင်ပြီပေါ့။
ဒီလိုဆို တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်ခြေရှိတဲ့ ၂၁ ရာစုပင်လုံညီလာခံမျိုးလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ဆန္ဒ၊ လူထုရဲ့ဆန္ဒတွေ တဖြည်းဖြည်း အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ခြေရှိ တဲ့ အခင်းအကျင်း အခွင့်အလမ်း ဖြစ်လာနိုင်တယ်လို့ဘဲမြင်ပါတယ်။
ချုပ်ပြီးပြောရရင် ယနေ့ကာလ တိုင်းပြည်ရဲ့ပြဿနာဟာ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဒီမိုကရေစီရေး ဆိတ်သုဉ်းနေတဲ့ပြဿနာပါ။ ဒါတွေကို ဖော်ဆောင်နိုင်ဖို့က အဓိကသွေးကြောဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာမခံ ပေးထားမှ ရမယ်။ ယုံကြည်နိုင်တဲ့အခင်းအကျင်းပြင်ဆင်မှုတွေရှိနေရမယ်။ အားလုံးပါဝင်နိုင်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဆန္ဒ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒ ပြည်သူလူထုရဲ့ဆန္ဒနဲ့စစ်တပ်ရဲ့အမှန်တစ်ကယ်စေတနာဆိုတာတွေကို မြင်နိုင်မှာဖြစ်လို ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ်ကို တဖြည်းဖြည်းဖော်ဆောင်သွားနိုင်တဲ့ တည်ငြိမ်ပြီး သာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမှာ ဧကန်မလွဲပါဘဲ။
While the West lauds Myanmar for its steps towards democracy and starts to roll back sanctions, hundreds of political prisoners languishing in prison are still waiting to hear their fate.
Thaung Sein (R), seen here holding a picture of his son Aye Aung, a political prisoner detained at Kalay prison in northwest Sagaing Division, at their family home in Yangon, on May 4 While the West lauds Myanmar for its steps towards democracy and starts to roll back sanctions, hundreds of political prisoners languishing in prison are still waiting to hear their fate.
Their families hope they will not become the forgotten victims of decades of authoritarian rule in the rush to reward the new quasi-civilian government for its sweeping political reforms.
Freedom has not yet come for Aye Aung, who was arrested in 1998 and sentenced to 59 years in jail on charges including violating the emergency act as well as illegally printing and distributing leaflets.
His sentence has since been reduced to 29 years, but he was not among those to walk free in a major prisoner amnesty in January, to the dismay of his elderly parents.
"We truly expected his release," his father Thaung Sein told AFP at his Rangoon home, where a photo of a laughing Aye Aung playing a guitar hangs alongside another of him receiving an essay prize from opposition leader Aung San Suu Kyi.
"It was really painful. His mother almost collapsed when she heard, and she wept. As you know, so many people were released in the January amnesty. They didn't give any reason for not including him. My son also said he had no idea why he was not released yet, the 60-year-old said.
"I felt so sad," added his mother San Myint, her eyes filling with tears.
Amnesty International considers Aye Aung, now 36, to be a "prisoner of conscience" who was detained because of peaceful activities such as distributing leaflets and organising student demonstrations.
His parents last visited him in March at Kalay prison in northwest Sagaing Division.
"He has hemorrhoids and a gastric problem. We had to buy medicines for him. Because it is a malaria area, he sometimes feels sick," his father said.
According to Burma Campaign UK, after his arrest Aye Aung was detained for more than four months for interrogation during which he was "tortured brutally".
Myanmar said it freed more than 300 political prisoners in an amnesty in January, a move which prompted the United States to pledge it would restore full diplomatic ties.
About 200 others were let out in October 2011, and estimates of the number still behind bars vary.
The Thailand-based Assistance Association for Political Prisoners says that more than 900 political prisoners remain locked up in Myanmar, while Suu Kyi's National League for Democracy party estimates their number at about 330.
The 88 Generation Students Group, a pro-democracy movement whose key members were at the forefront of a 1988 uprising, believes there are still more than 600 political detainees, said one of their leaders.
"We have asked the home affairs ministry to release the remaining political prisoners," Thet Zaw, who was released from prison in January, told AFP.
He said even those who were accused of contact with armed rebel groups or linked to bombings should be freed because their acts were politically related.
"So we will also ask for their release as soon as possible for national reconciliation," Thet Zaw added.
Myanmar, which languished for decades under a repressive junta, has announced a series of reforms since a controversial 2010 election brought a civilian government to power -- albeit one with close links to the military.
The regime has welcomed Suu Kyi's NLD party to return to mainstream politics, leading to her election to parliament for the first time in April 1 by-elections.
The European Union has responded to what it said were "historic changes" by suspending for one year a wide range of sanctions, although it left intact an arms embargo.
At the same time the West continues to press for the release of remaining political prisoners.
The European Union's top diplomat Catherine Ashton, who visited Myanmar this week, said she had discussed the issue with President Thein Sein.
"When I asked him about political prisoners, he said they will continue to look further at who should be released and how quickly," Ashton said in a statement.
Aye Aung's parents are hopeful that the changes under way in Myanmar will lead to their son's freedom in the near future.
"The government said it is walking a path to democracy. My son also struggled for democracy. So they now have the same stance. And if they are really implementing democracy, they must release him," said his mother.
Did you know?

“၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အခါ မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ သမ္မတရာထူးကို မယူတော့ပဲ ဘေးထွက်နေနိုင်ကြောင်း“ သမ္မတ အကြံပေးတဦးဖြစ်သူ ဦးကိုကိုလှိုင်က ဘလွန်းဘတ်သတင်း ကို မေ၂ရက်နေ့တွင် ပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့တွင်ဘလွန်းဘတ်သတင်းထောက်ကို ပြောကြားရာမှာ ဦးကိုကိုလှိုင်က “သမ္မတဟာ အခု နိုင်ငံရေး ပြောင်းလဲမှုများကို အုတ်မြစ်ချခဲ့ပြီး အခု ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အခု ပြောင်းလဲမှုတွေ ပြီးသွားတဲ့အခါတကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင်သူဟာသူ့ဆောင်ရွက်ခဲ့မှုတွေနဲ့အတူ နေထိုင်နေတော့မှာပါ။ ဒီမိုကရေစီကို တက်လှမ်းမယ့် နောက်အဆင့်ကတော့ နောက်ခေါင်းဆောင်တွေရဲ့လက်ထဲကို လွှဲသွားမှာပါ“ လို့ ပြောဆိုခဲ့ပါတယ်။လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ မြန်ဆန်ပြီး တိုးတက်မှုများစွာ ရှိနေတယ်ဆိုသော်လည်း တကယ်တမ်း ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်လာဖို့အတွက်ကတော့ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါ့ကြောင့်မို့ ဦးသိန်းစိန် ရာထူးက ထွက်ခဲ့ရင် သူ့နေရာကို ဘယ်သူ ဆက်ခံမလဲဆိုတာ စဉ်းစားစရာ ပါ။ အခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းဟာ စစ်ဗိုလ်ချုပ်ဟောင်းထဲက ဖြစ်နိုင်ခြေရှိတဲ့ သမ္မတလို့ ပြောနိုင်သော်လည်း စစ်တပ်ဘက်က သဘောထား တင်းမာနေသူများလို့ အပြောခံရတဲ့ သီဟသူရ တင်အောင်မြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးဇော်မင်း၊ ဦးအောင်သောင်း၊ ဦးမြင့်လှိုင်လို ပုဂ္ဂိုလ်များကို ကိုင်တွယ် ထိန်းကျောင်းနိုင်မယ့် စနစ်တခု၊ အခြေအနေတခုကတော့လိုနေသေးတာအမှန်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူများအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်သမ္မတအဖြစ် မြင်တွေ့လိုကြသော်လည်း စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးဋ္ဌေးဦး၊ ဦးအောင်သောင်းနဲ့ ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တွေက ဒီကိစ္စကို လက်သင့်ခံချင်မှ လက်သင့်ခံပါလိမ့်မယ်။ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမှာက မြန်မာစစ်တပ်ရဲ့ သဘောထားအမြင်ပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ လက်ရှိတပ်ခေါင်းဆောင်များဟာ အရပ်ဘက်ကို ပြောင်းသွားပြီး လက်ရှိ အစိုးရနဲ့ ကြံ့ဖွတ်ပါတီထဲမှာ ရာထူး ရယူထားကြတဲ့ စစ်ခေါင်းဆောင်များထက် ရာထူးနိမ့်ခဲ့သော်လည်း စစ်တပ်ရဲ့ အရာရောက်မှု အခြေအနေ မြင့်တက်လာတဲ့အခါ (ဒါမှမဟုတ်) လက်ရှိ ကြံ့ဖွတ်ခေါင်းဆောင်များက လက်ထောက်ချလိုက်တဲ့အခါ တိုင်းပြည်အာဏာကို သိမ်း မသိမ်းဆိုတာ မပြောနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုတော့ ၂၀၀၈ အခြေခံဥပဒေထဲမှာ စစ်တပ်ကို အာဏာသိမ်းခွင့်ပေးထားလို့ ဖြစ်ပါတယ်။တိုင်းပြည်အုပ်ချုပ်ရေး ယန္တယားမှာ တာဝန်ယူတဲ့ လူပုဂ္ဂိုလ် တဦးတယောက်စီရဲ့ တိုင်းသူပြည်သားများအတွက် အလုပ်လုပ်ကိုင်မှုများဟာ တိုင်းပြည် တိုးတက်ရေး၊ တိုင်းသူပြည်သားများ ဘ၀လုံခြုံရေးအတွက် အရေးကြီးပါတယ်။ ဒီတော့ စစ်တပ်ခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်ဆိုတာထက် အမှန်တကယ် တိုင်းပြည်ပြည်သားအကျိုးအတွက် ဦးဆောင်ဦးရွက်ပြုမယ့်ခေါင်းဆောင်ကသာ တိုင်းပြည်ကို ဦးဆောင်သင့်ပါတယ်။ နောက်ပြီး ထို ဦးဆောင်မှုနဲ့ လိုက်လျောညီထွေရှိတဲ့ စနစ်၊ယန္တယားရှိမှလည်း တိုင်းပြည် တိုးတက်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဘယ်လို ပြောင်းလဲမှုတွေပဲ လုပ်လုပ်၊ ဘယ်သူပဲ တိုင်းပြည်အတွက် လုပ်လုပ်၊ တိုးတက်လာနိုင်မယ့် လမ်းစကို မြင်နိုင်မှာ မဟုတ်ပါဘူး။

တရုတ်နိုင်ငံကို သွားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမြေပုံ (Map - Shwe Gas Movement)
"...သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေတွေအပေါ်မှာ နောက်တချိန်မှာ သူတို့အနေနဲ့ သာမန် အလုပ်သမားအနေနဲ့ လာလုပ်ရမယ့်အနေအထားတခုကို ရောက်နေတယ်။ နောက်တခုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုဆိုရင်လည်း ရခိုင်ကနေ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်ကိုဖြတ်ပြီး တောက်လျှောက်ကြီး တောတောင်တွေကို ဖြတ်ပြီးတော့ သူတို့အနေနဲ့ ခုတ်ချင်တာခုတ်..."
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံရဲ့ အနောက်ဖက်ခြမ်း ရွှေသဘာဝဓါတ်ငွေ့တွင်းက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ ရောင်းချရငွေတွေကို ပြည်နယ်နဲ့ဒေသ ဖွံ့ဖြိုးမှုအတွက် အဓိကအသုံးပြုဖို့ဆိုတဲ့ စီမံကိန်းတွေကို လုပ်ဆောင်ထားတာကို မတွေ့ရှိရသေးကြောင်း။ ဒီလို စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် ပိုပြီးပွင့်လင်းမြင်သာတဲ့ တင်ပြမှုတွေ တိုင်ပင်နှီးနှောမှုတွေ လုပ်သင့်ကြောင်း နိုင်ငံတကာငွေကြေးအဖွဲ့အစည်းကြီးတွေဆီကို တင်ပြပြောဆိုခဲ့တယ်လို့ Shwe Gas Movement - ရွှေသဘာဝဓါတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်သူ ဦးဝင်းအောင်ကို ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြပါတယ်။
ဦးသန်လွင်ထွန်း ။ ။ ဦးဝင်းအောင်အနေနဲ့ အခု ထိုင်းနိုင်ငံ ချင်းမိုင်မှာအခြေစိုက်နေပြီး အခု လောလောဆယ် ဝါရှင်တန်မြို့ တော်ကို ရောက်နေတဲ့အကြောင်းလေးကို တချက်လောက် ရှင်းပြပါလား။
ဦးဝင်းအောင် ။ ။ အခု ကျနော် ဝါရှင်တန်ဒီစီကို လာရတဲ့အကြောင်းရင်းကတော့ ဒီမှာလုပ်တဲ့ အစည်းအဝေးတွေတချို့ မှာ အထူးသဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင် ကမ္ဘာ့ဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူုတို့အနေနဲ့ လှုပ်ရှားမှုတွေနဲ့ ရှေ့ ဆက်ပြီး လုပ်ဆောင်မယ့်ဟာတွေကို သူတို့ပြောတာဆိုတာရှိတယ်။ အဲဒီအပေါ်မှာ ရှောင်ရမယ့်ဟာတွေနဲ့ လောလောဆယ်ဖြစ်နေတဲ့ဟာတွေကို ကျနော်တို့ လာရောက်တင်ပြတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီမိုကရေစီရေး ရှေ့ ရှုတဲ့လုပ်ငန်းစဉ်တွေအပေါ် မူတည်ပြီးတော့ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ်။ ထောက်ပံ့မှုတွေလုပ်လာမယ့် အနေအထားတွေရှိတယ်။ အဲဒီတော့ ဦးဝင်းအောင် တို့အဖွဲ့တွေကလည်း ဒီကိစ္စအပေါ်မှာ - ဗမာပြည်မှာ အလုပ်တွေလုပ်လာပြီဆိုရင် ဘာတွေဆောင်ရမယ်၊ ရှောင်ရမယ်ဆိုတာတွေကို လာပြီးအကြံပြုတယ်ဆိုတဲ့ သဘောပေါ့။
ဦးဝင်းအောင် ။ ။ ဟုတ်ကဲ့ပါ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဓိကအားဖြင့်တော့ ဦးဝင်းအောင်တို့အဖွဲ့က Shwe Gas Movement လို့ခေါ်တဲ့ ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်း၊ ရခိုင်ပြည်နယ်ဖက်မှာ အခြေစိုက်တဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကြားမှာ လှုပ်ရှားမှုလေးတွေကို အသိပညာပေးဆောင်ရွက်နေတဲ့အဖွဲ့ဆိုတော့။ အဲဒီ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ရွှေသဘာဝဓါတ်ငွေ့ ပြည်တွင်းမှာလုပ်နေတဲ့ လုပ်ငန်းအခြေအနေတွေ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို နည်းနည်းရှင်းပြပေးပါ။
ဦးဝင်းအောင် ။ ။ ကျနော်တို့ နိုင်ငံမှာ အကုန်လုံးသိတဲ့အတိုင်း တိုင်းပြည်ရဲ့ သံယံဇာတအများက အိမ်နီးချင်းနိုင်ငံတွေအပါအဝင် တော်တော်များများ တင်ပို့ရောင်းချနေတာကို တွေ့ရတယ်။
ရွှေသဘာဝဓါတ်ငွေ့ဆိုရင်လည်း ၂၀၀၀ ဝန်းကျင်ကတည်းက တောင်ကိုရီးယားကုမ္မဏီ နဲ့ အိန္ဒိယကုမ္မဏီတို့ စတင်ပြီးလုပ်လာခဲ့တာဖြစ်တယ်။
အတိုင်းအတာတခုအဖြစ် သူတို့တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ထုတ်လုပ်တင်ပို့ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာကို ကျနော်တို့တွေ့တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့။
လာမယ့်နှစ် ၂၀၁၃ ဆိုရင် သူတို့အနေနဲ့ အဲဒီဟာတွေကို တင်သွင်းရောင်းချမယ်ဆိုတာကို ကျနော်တို့သိရတယ်။
အဲဒီ စီမံကိန်းတွေကို အကောင်အထည်ဖော်ကတည်းက ဒေသခံတွေအတွက် အင်မတန် စိုးရိမ်စရာတွေကို တွေ့ရတယ်။ အထူးသဖြင့်တော့ ဒေသခံတွေနဲ့ တိုင်ပင်တာမျိုးတွေမရှိသလို ဒေသခံတွေရဲ့ လယ်ယာမြေသိမ်းပိုက်မှုတွေကတော့ သူတို့ရဲ့ သက်မွေးဝမ်းကြောင်းတွေပါ ရေရှည်အတွက် ဆုံးသွားတဲ့အနေအထားကို အများကြီးတွေ့ရတယ်။
နောက်တခုက ဒီ စီမံကိန်းက အရှေ့ တောင်အာရှမှာ အကြီးမားဆုံး စီမံကိန်းတခုဖြစ်တယ်။ ကျနော်တို့နိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ~ မရှိခဲ့တဲ့အနေအထားတခုမှာတော့ ဒီလိုမျိုး ကိုယ့်တိုင်းပြည်ကထွက်တဲ့ သံယံဇာတပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းစားတဲ့အနေအထားကို အင်မတန်ကို စိုးရိမ်တယ်။ နောက်တခုက ဒီလိုမျိုး ဒီမိုကရေစီကို ကျင့်သုံးနေတဲ့အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်သူတွေရဲ့ အဓိကအလေးထားရတဲ့ ကိုယ့်တိုင်းပြည်မှာ လိုအပ်တဲ့စွမ်းအင်တွေကို ဦးစားပေးသုံးပြီးမှ ကျန်တဲ့ဟာတွေကို တင်ပို့ရောင်းချတာမျိုးကို ဖြစ်သင့်တယ်လို့ ထင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် နားလည်းလိုက်တဲ့အချက်က ဘာလဲဆိုတော့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ သဘာဝဓါတ်ငွေ့သိုက်ဆိုတာက ကမ္ဘာပေါ်မှာ ဆဌမမြောက် အကြီးဆုံးသဘာဝဓါတ်ငွေ့သိုက်လို့ ပြောကြပါတယ်။ ဒီလို သဘာဝဓါတ်သိုက်ကနေ သဘာဝဓါတ်ငွေ့တွေ ထုတ်ဖော်ပြီး နိုင်ငံရပ်ခြားကိုရောင်းဖို့။ နိုင်ငံရပ်ခြားကို ရောင်းဖို့ဆိုတဲ့နေရာမှာ ဒါက တိုင်းပြည်ရဲ့ ဝင်ငွေတွေဖြစ်မလာနိုင်ဘူးလား။ တိုင်းပြည်ရဲ့ ဝင်ငွေဖြစ်လာမယ်ဆိုရင် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အလားအလာကောင်း မဟုတ်ဘူးလား။
ဦးဝင်းအောင် ။ ။ ဥပမာပြောရရင် ရတနာ ရဲတခွန်မှာထွက်တဲ့ သဘာဝဓါတ်ငွေ့၊ ထိုင်းနိုင်ငံကို ရောင်းလာခဲ့တာ သက်တမ်းတခုမှာ ၁၉၉၇-၉၈ ကတည်းက ပြီးခဲ့တဲ့နှစ်အထိ အမေရိကန်ဒေါ်လာပေါင်း သန်းထောင်ပေါင်းတစ်ဆယ်ကျော်လောက် အနည်းဆုံးလည်ပတ်ခဲ့တာကို တွေ့ရတယ်။ အဲဒီဟာရဲ့ တဝိုက်ကျော်ကလည်း ပြီးခဲ့တဲ့ နအဖစစ်အုပ်စုရဲ့ အိတ်ထဲကို တိုက်ရိုက်ရောက်တယ်လို့ ပြောလို့ရတယ်။ ဆိုတော့ အဲဒီကရတဲ့ အကျိုးအမြတ်တွေကို ကြည့်ရင် အကုန်လုံးသိတဲ့အတိုင်းပဲ အဲဒီဟာတွေဟာ တကယ့်တကယ် တိုင်းပြည်အတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ တခြား ဖွံ့ဖြိုးရေးလုပ်ငန်းပိုင်းတွေမှာ လုံးလုံးလျားလျားကြီးသုံးတာမျိုးတွေ မတွေ့ရသေးဘူး။ အဓိက ပြဿနာကတော့ ကျနော်တို့နိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ ငွေကြေးစနစ်တွေ မရှိတာတွေ။ နောက်တခုက ဒေသခံတွေ နဲ့ သဘာဝပတ်ဝန်းကျင်တွေကို အကာအကွယ်ပေးနိုင်တဲ့ အဲဒီလိုမျိုး ယန္တရားတွေ မရှိသေးတဲ့အနေအထားတခုက အင်မတန်ကို ပြီးခဲ့တဲ့ဟာတွေကလည်း ဆုံးရှုံးခဲ့တာမျိုးတွေရှိတယ်။ အခုအနေအထားမှာလည်း စံချိန်စံနှုန်းမရှိသေးတာကတော့ လောလောဆယ်လုပ်နေတဲ့ စီမံကိန်းတွေကတော့ ဒေသခံတွေအတွက် ထိထိရောက်ရောက် အာမခံချက်ပေးနိုင်တဲ့ အကျိုးအမြတ်တွေကို မသိရသေးဘူး။
ဦးသန်းလွင်ထွန်း ။ ။ ရဲတခွန် စီမံကိန်းဆိုတာက တနင်္သာရီတိုင်းမှာရှိတဲ့ စီမံကိန်း ဒီ စီမံကိန်းမှာ လက်တွေ့အားဖြင့် ဝင်ငွေတွေရနေပြီ။ ထိုင်းနိုင်ငံကို ရောင်းစားလို့ရနေပြီဆိုပေမယ့် ဒေသတွင်းမှာ တိုးတက်မှုတစုံတရာ မတွေ့ခဲ့ရဘူးဆိုတဲ့ ဒီအချက်ကိုထောက်ပြပြီးတော့ ဦးဝင်းအောင်တို့က ရခိုင်ပြည်မှာ ရွှေသဘာဝဓါတ်ငွေ့တွေ ထွက်လာပြီဆိုရင်တောင်မှပဲ ရခိုင်ပြည်ထဲက ပြည်သူတွေအတွက် အကျိုးမရှိဘူးဆိုတဲ့သဘောပေါ့။ ဒါပေမဲ့လည်း အခြေအနေက နည်းနည်းပြောင်းလာပြီ မဟုတ်ဘူးလား။ အထူးသဖြင့် အခု မြန်မာနိုင်ငံရေးအခြေအနေအရ ပါလီမန်လွှတ်တော် အဖွဲ့အစည်းတွေ ရှိနေပြီ။ ရှိနေတဲ့အခါကြတော့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည် လွှတ်တော်အဖွဲ့အစည်းတွေ ရှိနေပြီ။ ဒီအဖွဲ့အစည်းတွေက ဒေသတွင်း တိုးတက်မှုတွေအတွက် တစုံတရာ ထိထိရောက်ရောက် တိုက်တွန်းလာနိုင်တာတွေ၊ လုပ်လာနိုင်တာတွေ မရှိနိုင်ဘူးလား။
ဦးဝင်းအောင် ။ ။ ကျနော်တို့အနေနဲ့ အခုလိုမျိုး ပါလီမန်ဒီမိုကရေစီအစိုးရကို ကြိုဆိုပါတယ်။ နောက်တခုက ရခိုင်ဆိုရင်လည်း ရခိုင်တိုင်းရင်းသားပါတီတွေအနေနဲ့ တချို့ ဟာမျိုးတွေကြတော့ ဝေဖန်တာမျိုးတွေရှိတယ်။ ထောက်ပြတာတွေရှိတယ်။ ဒါပေမဲ့ အဲဒီဟာတွေက ပိုပြီးတော့ လက်တွေ့ကျတဲ့ အာမခံချက်တွေကို တောင်းဆိုတဲ့အနေအထားမှာတော့ အင်မတန် အလှမ်းဝေးနေသေးတယ်လို့ ကျနော်မြင်တယ်။ နောက်တခုက အခုလက်ရှိ အခြေခံဥပေဒအရလည်း article (၃၇) မှာ တိုင်းပြည်ကထွက်ရှိတဲ့ သံယံဇာတ မြေပေါ်ရေအောက် အကုန်လုံးကို ဗဟိုအစိုးရပဲ ချုပ်ကိုင်ထားတယ် ဆိုတော့ အဲဒီဟာတွေက အင်မတန်ကို အလှမ်းဝေးနေသေးတယ်လို့ ပြောရလိမ့်မယ်။ ရခိုင်ပြည်ကထွက်တဲ့ သံယံဇာတ၊ အထူးသဖြင့် သဘာဝဓါတ်ငွေ့တွေဆိုရင် အင်မတန်ကို တန်းဖိုးလည်းကြီးတယ်။ ငွေရေးကြေးရေးအရ။ ဒေသတွင်းမှာသုံးမယ်ဆိုရင်လည်း နှစ်ပေါင်းရာနဲ့ချီ သုံးလို့ရတယ်။ ရခိုင်ပြည်လူထုဟာဆိုရင်လည်း မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံး လျှပ်စစ်စွမ်းအားမရှိဘဲ နေလာခဲ့တဲ့လူတွေထဲမှာပါတယ်။ အဲဒီ လူမျိုးတွေအနေနဲ့ ကိုယ်တို့ဆီကထွက်တဲ့ သံယံဇာတတွေကို ကိုယ်တို့တိုင်းပြည်၊ ပြည်နယ်မှာ သုံးခွင့်မရတာက အင်မတန် စော်ကားခံရတဲ့အနေအထားတခုလို့ ပြောပြချင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောက ပြည်ထောင်စုလွှတ်တော်မှာ တက်နေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ တက်နေတဲ့ ရခိုင်ကိုယ်စားလှယ်တွေကို တိုက်တွန်းပေးလို့ရမယ်ဆိုလို့ရှိရင် တိတိကျကျ ဘာတွေတိုက်တွန်းပေးစေချင်လဲ။ အထူးသဖြင့် ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်လို့။
ဦးဝင်းအောင် ။ ။ အထူးသဖြင့်တော့ ရခိုင်တိုးတက်ရေးပါတီအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနဲ့ ဒီ စီမံကိန်းအခြေအနေအကုန်လုံးကို အောက်ခြေကနေအဆုံးအထိ အတိုင်းအတာတခု အသိပေးသင့်တယ်လို့ ကျနော်မြင်တယ်။ ဥပမာအားဖြင့် ဒီ စီမံကိန်းကြီးက ဘယ်ဟာတွေပါမယ်။ ဘယ်လို စီမံကိန်းနဲ့ ပတ်သက်ပြီး အဆောက်အဦးတွေပါမယ်။ နောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ၊ လူနေမှု့ဆိုင်ရာ ထိခိုက်မှုတွေ ဘာတွေရှိလာမယ်။ ဒေသခံတွေရဲ့ ဓလေ့ထုံစံ အပါအဝင် ကျနော်တို့ရဲ့ အလေ့အထတွေကို သူတို့အနေနဲ့ အာမခံချက်တွေ ပေးနိုင်မယ်။ အဲဒီဟာတွေကအစ အကုန်လုံး သိသင့်တယ်လို့ မြင်တယ်။ နောက်တခု အရေးကြီးတာက ဒီ စီမံကိန်းရဲ့ အကုန်လုံးစပြီး လုပ်ကတည်းက contract လုပ်တဲ့အခါမှာ စာချုပ်ချုပ်တဲ့အခါမှာ တန်းဖိုး၊ ဒီ စီမံကိန်းက နှစ်စဉ်ရလာမယ့် ဝင်ငွေတွေကအစ အကုန်လုံး သိသင့်တယ်လို့ မြင်တယ်။ အဲဒီ စီမံကိန်းတခုလုံးရဲ့ အခြေအနေတွေကို မသိသေးသ၍တော့ ဟိုတစဒီတစ ကျနော်တို့အနေနဲ့ ထောက်ပြနေသ၍တော့ ကျနော်တို့ လိုအပ်တဲ့ လိုလားတဲ့ အတိုင်းအတာတခု ရမယ်လို့ မထင်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်ဆိုလို့ရှိရင်လည်း သဘာဝဓါတ်ငွေ့တွေက လာမယ့်နှစ်အတွင်းမှာ ထွက်လာမယ့် အနေအထားမျိုးတွေ ရှိနေပြီ။ ရှိနေပြီဆိုတော့ စီမံကိန်းကလည်း အတော်ခရီးရောက်နေပြီ။ ခရီးရောက်နေသမျှ စီမံကိန်း လက်ရှိအခြေအနေအထိ ဒေသအတွင်းမှာ ဘာတွေများ ပျက်စီးမှုတွေ မြင်ခဲ့ရသလဲ။ ဘာတွေများ ထိခိုက်မှုတွေ မြင်ခဲ့ရသလဲ။
ဦးဝင်းအောင် ။ ။ ဒီ စီမံကိန်းက ဘယ်လိုဆိုမလဲ။ ကျနော်တို့ အများဆုံးဖြစ်တာကတော့ လယ်ယာမြေ သိမ်းပိုက်ခံရမှု။ လူတွေက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားခဲ့တယ်။
သူတို့အနေနဲ့ သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေတွေအပေါ်မှာ နောက်တချိန်မှာ သူတို့အနေနဲ့ သာမန် အလုပ်သမားအနေနဲ့ လာလုပ်ရမယ့်အနေအထားတခုကို ရောက်နေတယ်။
နောက်တခုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုဆိုရင်လည်း ရခိုင်ကနေ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်ကိုဖြတ်ပြီး တောက်လျှောက်ကြီး တောတောင်တွေကို ဖြတ်ပြီးတော့ သူတို့အနေနဲ့ ခုတ်ချင်တာခုတ်၊ ဖြတ်ချင်တာကိုဖြတ် သဘာဝပိုက်လိုင်း တရုတ်ပြည်ကိုသွားမယ့် ပိုက်လိုင်တလျှောက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေက မရှိတဲ့အနေအထားမှာ အဲဒီဟာတွေက ကျနော်တို့အနေနဲ့ ဘာမှသိရတာလည်း မရှိဘူး။
နောက်တခုက ပြီးခဲ့တဲ့ နှစ်ကတည်းက လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတယ်ဟာတွေဆိုရင်လည်း အစိုးရရဲ့ စီမံကိန်းက တရုတ်အစိုးရ၊ မြန်မာအစိုးရအနေနဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ အင်မတန် မဟာဗျူဟာမြောက်တဲ့ စီးပွားရေးတခုလို့ ပြောလို့ရတယ်။
အစိုးရအနေနဲ့ ဒီလို စီမံကိန်းတွေကို သူတို့အနေနဲ့ အကာအကွယ်လုပ်ဖို့အတွက် ပြီးခဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရှမ်းပြည်နယ်မှာဖြစ်ဖြစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကချင်လက်နက်ကိုင်တွေနဲ့ ဖြစ်တာက သိသာထင်ရှားတယ်။ ဒီလိုမျိုး အရင်းအမြစ်တွေကို ရောင်းချပြီးတော့ သူတို့အနေနဲ့ အကာအကွယ်ယူတဲ့ အနေအထားမှာ ဒေသခံတွေနဲ့ အစိုးရတပ်တွေ ဖြစ်တယ့်ဟာတွေက သိသာထင်ရှားတယ်လို့ ပြောလို့ရတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ စီမံကိန်းကနေ နောက်ပိုင်းမှာရလာနိုင်တဲ့ နှစ်စဉ်ဝင်ငွေ ဘယ်လောက်အထိ ခန့်မှန်းထားသလဲ။ အဲဒီတော့ ဒီလို နှစ်စဉ်ဝင်ငွေအပြင် အထူးသဖြင့် ရခိုင်ပြည်နယ်အနေနဲ့ ဘယ်လောက်အထိ အချိုးအစား ခံစားပိုင်ခွင့်ရှိတယ်လို့ ယူဆသလဲ။
ဦးဝင်းအောင် ။ ။ လောလောဆယ် စီမံကိန်းရဲ့ တန်းဖိုးကတော့ လောလောဆယ် တရုတ်နဲ့ချုပ်ထားတဲ့ စာချုပ်အရဆိုရင် နှစ်ပေါင်း (၂၅) နှစ်ကနေ နှစ်ပေါင်း (၃၀) အတွင်း၊ လောလောဆယ် အစိုးရအနေနဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၉ သန်း ရရှိမှာဖြစ်တယ်။ အဲဒီဟာတွေက ထဲထဲဝင်ဝင်ကြီးကို ဒေသခံပြည်သူတွေအတွက်ဖြစ်ဖြစ်၊ ရခိုင်ပြည်သူတွေအတွက်ဖြစ်ဖြစ် ခွဲတမ်းချပေးတာ လုံးဝမတွေ့ရသေးဘူး။ အဲဒီ ဝင်ငွေတွေအပါအဝင် နောက်တခုက ကိုယ်တို့ဆီက ထွက်တဲ့ သဘာဝဓါတ်ငွေ့ ခံစားပိုင်ခွင့်ဆိုရင်လည်း ဘာမှ အာမခံချက်မျိုးတွေ ပေးထားတာမျိုးတွေ ကျနော်တို့ မသိရသေးဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဥပမာအားဖြင့် ဓါတ်ငွေ့တွေ ထွက်လာပြီဆိုလို့ရှိရင် တဖက်ကလည်း ပိုက်သွယ်တန်းပြီးတော့ တရုတ်ပြည်ဖက်ကို ရောင်းတာတမျိုး။ ဒေသအတွင်းမှာ လျှပ်စစ်စွမ်းအားတို့ ဘာတို့အတွက် သုံးတာမျိုး စီမံကိန်းမျိုး မကြားမိဘူးလား၊ မရှိဘူးလား။
ဦးဝင်းအောင် ။ ။ အခုလောလောဆယ်တော့ စီမံကိန်းတွေ အကောင်အထည်ဖော်လာတာ နှစ်ပေါင်း တဆယ် နီးပါးလောက် ရှိလာပြီလို့ ပြောလို့ရတယ်။ ကျော်လည်း ကျော်လာပြီ။ ဒေသဖွံ့ဖြိုးရေးအတွက် ကိုင်ပြီးတော့ မျှမျှတတကြီး ပြလို့ရအောင်ဆိုတဲ့ဟာမျိုးက လောလောဆယ်တော့ မတွေ့ရသေးဘူး။ ရေရှည်မှာဆိုရင် ဒီထက်ပိုပြီး အခြေအနေဆိုးမယ်။ အခြေအနေဆိုးမယ်ဆိုတာက လောလောဆယ် သူတို့လုပ်နေတဲ့ အနေအထားမှာ မတွေ့ရသေးဘူးဆိုရင် ဒီထက် အကျိုးမြတ်ရတဲ့ အနေအထားမှာ ကျနော်တို့အတွက် ပိုပြီး အလှမ်းဝေးနေမယ်လို့ ကျနော်အနေနဲ့ ထင်မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဦးဝင်းအောင် တို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုရဲ့ ရလဒ်အနေနဲ့။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ အနောက်နိုင်ငံတို့၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲ။
ဦးဝင်းအောင် ။ ။ သူတို့အနေနဲ့တော့ ဒီအခြေအနေ၊ အနေအထားတခုမှာ သူတို့ရဲ့ အကောင်းဆုံး စံချိန်စံနှုန်းတွေနဲ့ လိုက်ပြီးတော့ လုပ်လာနိုင်တဲ့အနေအထားတခုကို ကျနော်တို့အနေနဲ့ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဒီထက် ပိုပြီးထဲထဲဝင်ဝင် လေ့လာဆန်းစစ်ပြီးတော့ ဒေသခံတွေအပါအဝင် တိုင်ပင်ဆွေးနွေးမှုတွေကို အလေးပေး လုပ်သင့်တယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်။ လုပ်တဲ့နေရာတွေမှာလည်း သာမန်သူတို့နဲ့ လုပ်ကိုင်နေတဲ့ စစ်တပ်ကျောထောက်နောက်ခံ လူတစုနဲ့ ဆိုတာထက် ဒီ စီမံကိန်းမှာပါဝင်နိုင်တဲ့ တခြား ဒေသခံ ပြည်သူလူထုတွေ အကုန်လုံးနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လေ့လာစမ်းစစ်တာတွေ။ ပိုပြီးထိရောက်တဲ့ ဆွေးနွေးမှုတွေနဲ့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ စံချိန်စံနှုန်းတွေကို ထားပြီးတော့ လုပ်တဲ့အနေအထားတခုကို ကျနော်တို့အနေနဲ့ လိုချင်တာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ Shwe Gas Movement လို့ခေါ်တဲ့ ရွှေသဘာဝဓါတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်သူ ဦးဝင်းအောင် ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ညွှန်း - ဗွီအိုအေ အသံလွှင့်ဌာန (မြန်မာပိုင်း) here

လာမည့် ၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် အနားယူဖွယ်ရှိကြောင်း ပြည်ပသတင်းများက ရေးသားဖော်ပြနေချိန် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးလည်း ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားသည်ဆိုသော ကောလာဟလ သတင်းများ ရန်ကုန်မြို့ရှိ ပြည်သူများကြားနှင့် လူမှုကွန်ရက် facebook တွင် ပျံ့နှံ့ နေသည်။

၂၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP/straitstimes.com)
သမ္မတ၏ နိုင်ငံရေးရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အမေရိကန်အခြေစိုက် စီးပွားရေး သတင်းစာ Bloomberg အား ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် နိုင်ငံရေးမှ အနားယူဖွယ်ရှိကြောင်း ပြောဆိုသည့် တချိန်တည်းမှာပင် ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သည်လည်း ရာထူးမှ နုတ်ထွက်သွားကြောင်း ကောလာဟလ သတင်းများ ရန်ကုန်တွင်
ပျံ့နှံ့လျက် ရှိသည်။
ဧရာဝတီမှ စုံစမ်းကြည့်ရာတွင် ဦးတင်အောင်မြင့်ဦး နုတ်ထွက်သည့် သတင်းအပေါ် အစိုးရနှင့် နီးစပ်သည့် သတင်း ရပ်ကွက်များက အတည်ပြုခြင်း မရှိပေ။ သိုသော် ဦးတင်အောင်မြင့်ဦးမှာ မကြာသေးမီက စင်ကာပူတွင် ဆေးကုသမှုခံယူပြီး ယခုအခါ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုမူ နီးစပ်သူများက ပြောဆိုလိုခြင်းမရှိပေ။
အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး သည် ဦးသိန်းစိန် အပါအ၀င် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း အမြင်တူညီခြင်းမရှိကြောင်း အစိုးရနှင့် နီးစပ်သူများက ဆို သည်။
ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အစိုးရသစ်လက်ထက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ဒု သမ္မတဖြစ်လာသူတဦးဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်တို့နှင့် ရင်းနှီးသူ တဦးလည်း ဖြစ်သည်။
ဦးတင်အောင်မြင့်ဦးနှင့်ဇနီး သင်္ကြန် ရေကစားနေသည့် ဓာတ်ပုံများ ဧပြီလ ၁၇ ရက်ထုတ် အစိုးရသတင်းစာများတွင် နောက်ဆုံး ဖော်ပြ ခဲ့သည်။
မကြာသေးခင်းကလည်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတားဖြစ်နေသော အစိုးရအဖွဲ့ဝင်များကို ဖယ်ရှားပြီး အစိုးရ အဖွဲ့သစ် ပြောင်းလဲဖွဲ့စည်းတော့မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
အစိုးရအဖွဲ့သစ်ပြောင်းလဲရာတွင် ထုတ်ပယ်ခံရမည်ဟု လူအများ ထင်ကြေးပေးပြောဆိုနေသူများ စာရင်းတွင် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် (၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်းတို့ပါဝင်သည်။
ယမန်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)ကိုမှ ကြီးမှုကျင်းပသည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပုံမှန်တက်ရောက်နေကြ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မလာရောက်ခဲ့သဖြင့် လေ့လာစောင့်ကြည့် သူများက ဦးကျော်ဆန်း၏ အနေအထားကိုလည်း မေးခွန်းထုတ်နေကြသည်။

Source : Irrawaddy
မေလ ၄ ရက်၊ ၂၀၁၂ခုနှစ်-ကျော်စိုးလင်း (YPI)
မီဒီယာအသီးသီးရှိ သတင်းဖေါ်ပြချက်များတွင် လူ့အခွင့်အရေး အမှန်တကယ် ချိုးဖောက်ခံရကြောင်း ခိုင်လုံစွာ ဖေါ်ပြထားပါက ယင်းသတင်းပါကိစ္စများနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်၏ အတွင်းရေးမှူး ဦးစစ်မြိုင်ကပြောသည်။
၎င်းက ကော်မရှင်၏ သဘောထားကို ဥပမာပေး ရှင်းပြရာတွင် “ စ သုံးလုံးတိုက်ပေါ်က ပြုတ်ကျတဲ့အမှုဆိုပါတော့။ ပြုတ်ကျတာက စိတ်ဝင်စားဖို့ကောင်းတယ်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာမျိုး အန်ကယ်တို့ဆီကို တိုင်စာလည်းရောက်မလာဘူး။ သတင်းလည်း ရောက်မလာဘူး။ ကာယကံရှင်လည်း လာမတိုင်ဘူး။ တကယ်လို့ သတင်းမှာကိုက အကြမ်းဖက်လိုက်လို့၊ ဘာလို့ဆိုရင်တော့ အန်ကယ်တို့ဝင်မှာပေါ့။ မီဒီယာတွေမှာ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ခိုင်လုံတဲ့သတင်းပါရင် လုပ်လို့ရတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်
ဆက်လက်ပြီး အတွင်းရေးမှူးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားလိုပါက ကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးတို့ထံသို့ လိပ်မူပြီး အဖြစ်အပျက်မှန်၊ အထောက်အထားအမှန်၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် စာတိုက်မှ မှတ်ပုံတင်စာဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ လာရောက်တိုင်ကြားနိုင်ကြောင်း၊ ကာယကံရှင် ကိုယ်တိုင်မဟုတ်သော်လည်း ကာယကံရှင်မှ လွှဲအပ်ထားသူတစ်ဦးဦးမှလည်း လာရောက်တိုင်ကြားနိုင်ကြောင်း YPI သို့ပြောသည်။
သို့သော် ထိုသို့တိုင်ကြားသည့် ကိစ္စရပ်များအနက် တရားရုံးတွင် စစ်ဆေးလျက်ရှိသော ကိစ္စရပ်များကို ကော်မရှင်မှ ၀င်ရောက်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမောင်မောင်လေးက “ တကယ်တော့ တိုင်ကြားထားတဲ့ကိစ္စ၊ စစ်ဆေးနေတဲ့ကိစ္စကို အရေးမယူဘူးဆိုတာ လူ့အခွင့်အရေး ကြေငြာစာတမ်းက အပိုဒ် ၇ ပိုဒ်လောက်ကို ဖယ်လိုက်သလိုပဲ။ လူတိုင်းက ဥပဒေရဲ့အဆုံးအဖြတ်ကို ညီတူညီမျှ ခံယူခွင့်ရှိရမယ်။ မဟုတ်ရင် အမှန်တရားက ပျောက်ကွယ်သွားနိုင်တယ်” ဟုပြောသည်။
၎ ရက်ကြာ စစ်ဆေးခံရသည့်နောက် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်း၊ ယင်းသို့ စစ်ဆေးခံရမှုသည် လူ့အခွင့်အရေး ချိုးဖေါက်မှု တရပ်အဖြစ် အချို့ကရှုမြင်လျှက်ရှိကြသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်စက်တင်ဘာလတွင် သမ္မတအမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းချိန်မှ ယခုအထိ တိုင်ကြားစာပေါင်း ၂၀၉၄ မှုလက်ခံရရှိကာ ၁၃၂၂ မှုကို စိစစ်ပြီးဖြစ်သည်ဟု ကော်မရှင်၏ ပြောဆိုချက်အရ သိရှိရသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်ပတ်သက်၍ အစိုးရနှင့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းမဟုတ် ဆိုသည့် ဝေဖန်ချက်များ ရှိနေသည့်တိုင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ပေါ်ထွက်လာသည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် တရပ်ဖြစ်သည်။ ။
Source :Yangon Press International
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကူညီတဲ့အနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ ဒီမိုကရက် လွှတ်တော်အမတ် Mr. Jim Webb နဲ့ ရီပါပလီကင် လွှတ်တော်အမတ် Mr. James Inhofe တို့က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို သောကြာနေ့က စာရေးသား တောင်းဆိုခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်က ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင် မစ္စတာဂျင်မ်ဝက်ဘ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ပိတ်ဆို့မှုတွေကို ကဏ္ဍအလိုက် တစ်ခုချင်းစီ ရုပ်သိမ်းတဲ့နည်းဟာ ရေနံလို လုပ်ငန်းမျိုးအပေါ် ဆက်လက် ကန့်သတ်ထားရာ ရောက်တဲ့အတွက် အိုဘားမားအစိုးရအဖို့ လုပ်ရပ်အမှားတစ်ခု ဖြစ်ပါလိမ့်မယ်လို့ ပြောဆိုပါတယ်။
မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲအပြီး အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးနဲ့ တချို့အကူအညီတွေကိုတော့ ဆက်လက်ပိတ်ဆို့ထားပါတယ်။ ဥရောပသမဂ္ဂ အီးယူကတော့ လက်နက် အရောင်းအ၀ယ်ကလွဲပြီး ကျန်တဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ယာယီဆိုင်းငံ့ပေးခဲ့ပါတယ်။
သမ္မတ အိုဘားမားအနေနဲ့ လွှတ်တော်က သဘောတူစရာမလိုဘဲ အဓိကကျတဲ့ ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းနိုင်တဲ့ စီရင်ဆုံးဖြတ်ခွင့် အာဏာရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်တာဟာ အကောင်းဆုံး လုပ်ရပ်ဖြစ်ပါတယ်။ သမ္မတအနေနဲ့ ပြန်ရုပ်ဖို့ အချိန်တန်ပါပြီလို့ Mr. Jim Webb က ပြောဆိုပါတယ်။
ဒါပေမဲ့ အရင် မြန်မာစစ်အစိုးရလက်ထက်က နာမည်ပျက်ရှိသူတွေကိုတော့ ပိတ်ဆို့တဲ့ စာရင်းထဲ ဆက်လက် ထားရှိနိုင်ကြောင်းလည်း ပြောပါတယ်။ အမေရိကန် ကုန်သည်ကြီးများ အသင်းကလည်း အလားတူ အဆိုမျိုး တင်ပြထားတာပါ။ အမေရိကန်လုပ်ငန်းတွေဟာ ပွင့်လင်းလာတဲ့ မြန်မာပြည်မှာ အာရှနဲ့ ဥရောပကို မယှဉ်နိုင်ဘဲ နောက်ကျကျန်ခဲ့မှာကို စိုးရိမ်နေပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကတော့ လက်ရှိ အပြောင်းအလဲတွေဟာ အောက်ခြေ ပြည်သူ အများစုကြီးဆီကို မရောက်သလောက်ဖြစ်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း စစ်တပ်နဲ့ အပေါင်းပါတွေ အတွက်ပဲ အကျိုးအမြတ်ရှိမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ စစ်တမ်း ကောက်ချက်များ အရ ဝယ်ယူမှု အင်အား အများဆုံးဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံ တစ်ခု အဖြစ် Oxfam Aid Agency မှ ထုတ်ပြန်သည့် 'The Devil is in the Detail' အစီခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။ အလားတူ လက်နက် ရောင်းဝယ် တင်သွင်း မှုကို ပိတ်ပင် တားမြစ် ထားသည့် နိုင်ငံများမှ တရားမဝင် လက်နက် ဝယ်ယူမှု ပမာဏသည် အမေရိကန်ဒေါ်လာ 2.2 ဘီလျံရှိကြောင်း ယမန်နေ့က Oxfam အဖွဲ့မှ ထုတ်ပြန်သည့် အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။
“သစ်သီး ဝလံဖြစ်တဲ့ ငှက်ပျောသီး ရောင်းဝယ် ဖောက်ကားမှုဟာ လက်နက် ရောင်းဝယ် ဖောက်ကား မှုထက်ကို တင်းကျပ် နေတာ တွေ့နေရတယ်၊ ဒါဟာ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပါ။ ရှိပြီးသား စစ်လက်နက်ပစ္စည်း တင်ပို့မှု ပိတ်ပင် ထားတဲ့ သဘောတူ စာချုပ်ကို ချိုးဖောက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေကနေ စစ်လက်နက် ပစ္စည်းတွေကို ကြိုက်သလို ရွေးချယ် ဝယ်ယူ နေကြတာကို တွေ့ရတယ်၊ ဒါကလည်း နိုင်ငံတကာရဲ့ လေ့လာ စောင့်ကြည့်မှုနဲ့ အရေးယူမှုတွေ လျော့ရဲ နေတဲ့အပေါ်ကို အခွင့်ကောင်း ယူပြီး လုပ်ဆောင် နေခြင်းလဲ ဖြစ်ပါတယ်၊” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက် ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြား သွားပါသည်။
မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စစ်တမ်းများအရ အမေရိကန်ဒေါ်လာ ၆၀၀ မီလျံရှိပြီး ကမ္ဘာ့နိုင်ငံများမှ လက်နက်ဝယ်ယူမှု ပမာဏ၏ ထိပ်တန်းစာရင်းဝင် ဖြစ်ပါသည်။ ဒုတိယ အဖြစ် အီရန်မှ ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၅၇၄ မီလျံ ကို ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး တတိယ အနေဖြင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂၄ မီလျံကို ၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။
ဓါတ်ပုံအညွှန်း - မြန်မာ့တပ်မတော်မှ အမြောက်ကြီးများအား သယ်ယူပို့ဆောင်ရာတွင်
အသုံးပြုသော တရုပ်နိုင်ငံထုတ် Shaanqi SX2190 ယာဉ်ကြီးများပုံ (ဓါတ်ပုံ - http://mmmilitary.blogspot.com)
ကုလသမဂ္ဂမှ စစ်လက်နက် ပစ္စည်း ကုန်သွယ်မှု သဘောတူ စာချုပ်သစ် ပြန်လည် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင်လအတွင်း ပြုလုပ်ဖွယ်ရှိ၍ စာချုပ်သပ် ထပ်မံချုပ်ဆိုရန်ရှိကြောင်း သိရှိရပါသည်။
“အဓိက စိန်ခေါ်မှုတွေကတော့ စစ်လက်နက်ပစ္စည်း ကုန်သွယ်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေက လက်နက် ဝယ်ယူ စုဆောင်းမှုနဲ့ ပတ်သက်လို့ လက်မှတ် ရေးထိုးမယ့် စာချုပ်အသစ်မှာပါ သဘောတူညီချက်တွေအတိုင်း တိတိကျကျ လိုက်နာအောင် လုပ်ဆောင်ဖို့ လိုပါတယ်၊ စစ်လက်နက်ပစ္စည်း တင်ပို့ ရောင်းဝယ်မှုကို ကမ္ဘာ့ လောင်စာဆီ ပြသနာ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ နိုင်ငံတွေ အပေါ် တင်ပို့နေမှုတွေကို ပြတ်ပြတ်သားသား အရေးယူရပါမယ်” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက်ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြားသွားပါတယ်။

ဓါတ်ပုံအညွှန်း - မြန်မာ့ရေတပ်ရှိ ဒုံးတပ်ဖရီးဂိတ် "အောင်ဇေယျ" ခေတ်မှီ
စစ်ရေယာဉ်ပုံ (ဓါတ်ပုံ - http://mmmilitary.blogspot.com)
“လက်နက် ဝယ်ယူဖို့ ပိတ်ပင် ထားပေမယ့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေရဲ့ လက်နက် ဝယ်ယူမှု ပမာဏဟာ ကြောက်ခမန်း လိလိကို တိုးတက် လာနေတာကို ကျွန်တော်တို့ တွေ့နေရတယ်” ဟု လူသားချင်း အကူအညီ ပေးရေး အဖွဲ့များမှ ပြောကြား လိုက်ပါသည်။
လူသားချင်း အကူအညီပေးရေး အဖွဲ့အစည်းများမှ အသစ်ထပ်မံ ချုပ်ဆိုမည့် စစ်လက်နက် ပစ္စည်း တင်ပို့မှု ကန့်သတ်ရေး သဘောတူ စာချုပ်တွင် ပိတ်ပင်နိုင်ငံများသို့ စစ်လက်နက်ပစ္စည်း တင်ပို့မှုကို တိတိကျကျ ပိတ်ပင်တားမြစ်ရန် အဆိုပြု ထားပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ သုံးသပ်ချက်များအရ အဆိုပါ နိုင်ငံများသည့် ကမ္ဘာ့ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံများလည်း ဖြစ်ကြောင်းလည်း သုံးသပ် ဖော်ပြထားပါသည်။
မြန်မာပြည် လက်ရှိအပြောင်းအလဲနဲ့ ပတ်သက်ပြီး အတော်များများက လောလောဆယ်မှာ စိတ်လှုပ်ရှားစရာ ဖြစ်နေကြ ပေမယ့် တကယ်တမ်းပြောရရင် အခြေအနေက စိတ်ပျက်စရာ အခြေအနေတခုပါပဲ။အခုဆိုရင်တစုံလုံးအနေအထားကိုသာမကပဲအသေးစိတ်ကိုပါ လေ့လာရေးသားတင်ပြဖို့ ပိုလို့တောင် အရေးကြီးပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံနေသော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဓာတ်ပုံ - Getty Images)
“အရင်းရှင်စနစ်ရဲ့ ကိုယ်စားလှယ်တွေ” လို့ ကျမ ခေါ်လိုတဲ့ ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုးရေးအကူအညီဆိုင်ရာ ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ အေဂျင်စီတွေက ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီနဲ့ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီအပြောင်းအလဲဆိုတဲ့ မုသားတွေအောက်မှာ မြန်မာပြည်နဲ့ ပြည်သူတွေဟာ ဓားပြတိုက် ရောင်းစားခံနေကြရပါတယ်။
အခုဆိုရင် မြန်မာပြည် “အရပ်သား” အစိုးရဟာ နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုတွေအပေါ်မှာသာ အမြတ်ထုတ်ဖို့ စိတ်ဝင် စားနေသူ အတော်များများရဲ့ ထောက်ခံမှုကို ရနေပါတယ်။ ဥပမာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် (David Cameron) ဆိုရင် မြန်မာပြည် အလည်အပတ်ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက် ခေါ်သွားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာပြည်အပေါ် စီးပွားရေးအရ တချို့ဒဏ်ခတ်အရေးယူမှုတွေ ဆက်လုပ်ထားဆဲဖြစ်တာမို့ အဲ့ဒီစီးပွားရေးသမားတွေကို သူက ခရီးသွားဧည့်သည်လို ခေါ်သွားပါတယ်။
မြန်မာနိုင်ငံလို သိပ်ဆင်းရဲတဲ့ နိုင်ငံတခုဟာ ဖွံ့ဖြိုးရေးအကူအညီတွေ ပိုရလာရင် ကမ္ဘောဒီးယားနိုင်ငံလိုမျိုး အကျိုးရှိနိုင် တယ်လို့ အခိုင်အမာပြောဆိုနေတာတွေလည်း ရှိပါတယ်။ ပြောရရင် ကမ္ဘောဒီးယားနိုင်ငံမှာ ပထမအကြိမ် အထွေထွေရွေး ကောက်ပွဲကျင်းပတဲ့ ၁၉၉၃ ခုနှစ်ကစလို့ အဲ့ဒီနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ သန်း ၆ ထောင်ကျော်ကို တရားဝင် အကူအညီပေးသူတွေနဲ့ လူမူအခြေပြုလူ့အဖွဲ့အစည်း ရာပေါင်းများစွာဆီ ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လိုအပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကတော့ ဒီအကူအညီတွေကို အဓိက လက်ခံရရှိသူတွေ မဟုတ်ကြသေးပါဘူး။ အစိုးရ အရာရှိတွေ၊ နိုင်ငံတကာက ကျွမ်းကျင်သူတွေ နဲ့ အကြံပေးတွေပဲ တဖြည်းဖြည်း ကြွယ်ဝချမ်းသာလာကြတာပါ။ကမ္ဘောဒီးယားနိုင်ငံမှာဖွံ့ဖြိုးရေးလုပ်သူတွေက မြေသိမ်းတာတွေ စက်ဆုပ်ဖွယ်ကောင်းလောက်အောင်ကိုဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာလိုပဲ ပြည်သူတွေ သူတို့ မြေပေါ်ကနေ ရွှေ့ပြောင်းခံရပြီး အဲ့ဒီအတွက် တရား မျှတမှုဖြစ်စေဖို့လည်း ဘာအကူအညီမှ မရပါဘူး။ ကမ္ဘောဒီးယားနိုင်ငံဟာ အခုအချိန်မှာ ဒီမိုကရေစီနိုင်ငံတခုလို့ ထင်ရပေမယ့် ၁၉၈၅ ခုနှစ်ကတည်းက အာဏာရလာတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ကပဲ ဆက်လက်အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံခြား အကူအညီက နိုင်ငံတခုအတွက် အဖြေမဟုတ်ပါဘူး။ လိုအပ်တာက နိုင်ငံတည်ဆောက်ရာမှာ လူအနည်းကပဲ ဆောင်ရွက်တာမျိုး မဟုတ်တဲ့ နိုင်ငံသားတွေရဲ့ စစ်မှန်တဲ့ပါဝင်ဆောင်ရွက်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ ဒီအခွင့်အလမ်း မရှိသေးပါဘူး။
၁၇ ရာစုနဲ့ ၁၈ ရာစုမှာ အရင်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ ကုန်သွယ်ရေးကုမ္ပဏီကြီးတွေက ဗြိတိသျှကိုလိုနီနယ်ချဲ့ တွေ ဝင်ရောက်အုပ်ချုပ်နိုင်ဖို့ ကမ္ဘာကြီးကို လမ်းဖွင့်ပေးခဲ့ပါတယ်။ Hudson Bay ကုမ္ပဏီဟာ ကနေဒါ ဒိုမီနီယံနိုင်ငံ (Dominion of Canada) မဖြစ်ခင် ကနေဒါနိုင်ငံရဲ့ အစိတ်အပိုင်းအများစုကို အုပ်စိုးသူဖြစ်လာခဲ့တယ်။ ရုဒ်ဒီရှား (Rhodesia) ဆိုတဲ့ နိုင်ငံငယ်လေးဖြစ်လာဖို့အတွက် အင်္ဂလန်ဖွား တောင်အာဖရိက စီးပွားရေးသမား စီစယ် ရုဒ် (Cecil Rhodes) ကို ဗြိတိသျှ တောင်အာဖရိက ကုမ္ပဏီ (British South Africa Company) က အာဏာပေးခဲ့တယ် (ရုဒ် ပညာသင်ဆုတွေ ပေးနေဆဲဖြစ်တယ်)။ ပြီးတော့ အရှေ့အိန္ဒိယ ကုမ္ပဏီ (East India Company) က ဗြိတိသျှအစိုးရ အတွက် အိန္ဒိယ နဲ့ မြန်မာနိုင်ငံတွေကို လမ်းဖွင့်ပေးခဲ့ပါတယ်။ မြန်မာဘုရင်က အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ တောင်းဆို ချက်တွေကို လိုက်လျောဖို့ ငြင်းဆန်တဲ့အခါမှာ ကုမ္ပဏီက ဗြိတိသျှအစိုးရဆီကနေ အကူအညီတောင်းခံခဲ့ပါတယ်။ နောက်ဆုံးမှာ ဗြိတိန်က မြန်မာနိုင်ငံကို စစ်ကြေငြာခဲ့ပါတယ်။
အနောက်နိုင်ငံတွေဟာ အခုဆိုရင် သူတို့ ကော်ပိုရေးရှင်းတွေအတွက် ဈေးကွက်အသစ်တွေပွင့်လာအောင် တွန်းအား ပေးနေကြပါတယ်။ သူတို့က ဈေးကွက်နဲ့ အကြွေးလို စီးပွားရေးကိစ္စတွေပဲ ပြောဆိုကြပြီး ကျန်းမာရေး၊ ပညာရေး၊ ဂေဟဗေဒ ဒါမှမဟုတ် လူ့အဖွဲ့အစည်းအတွက် အကျိုးရှိစေမယ့်ကိစ္စတွေကိုတော့ မပြောဆိုကြပါဘူး။
မြန်မာ “အရပ်သားအစိုးရ” ရဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုတွေကို ဆုချီးမြင့်တဲ့အနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရတွေ၊ နော်ဝေး၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျအစိုးရတွေက မြန်မာနိုင်ငံအပေါ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု အများစုကို ဆိုင်းငံ့ထားလိုက်ပါတယ်။ သြစတြေးလျအစိုးရကတော့ မြန်မာပြည်မှာ သူ့နိုင်ငံက ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အပေါ် ဘယ်တုန်းကမှ ပိတ်ဆို့မှုမလုပ်ခဲ့ပါဘူး။
သြစတြေးလျ၊ ပြင်သစ်၊ အမေရိကန်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ရုရှနဲ့ မလေးရှားနိုင်ငံတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိလုပ်ငန်းလည်ပတ်နေဆဲ ဖြစ်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေဟာ မြန်မာခေါင်းဆောင်တွေရဲ့ အကြီးမားဆုံးဝင်ငွေရရာ ရင်းမြစ်တွေပါ။ အဲ့ဒီတင်ပို့မှုတွေကနေ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်မှာ ဒေါ်လာ သန်း ၃ ထောင်နီးပါး ဝင်ငွေရခဲ့ပါတယ်။ နိုင်ငံက ဒီလို သဘာဝသယံဇာတတွေနဲ့ ကြွယ်ဝနေပေ မယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ အခွန်ဘဏ္ဍာတွေဟာ ချစားနေတဲ့ ဗိုလ်ချုပ်ကြီး တချို့ရဲ့ အိပ်ကပ်ထဲကိုပဲ ရောက်သွားခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်ကိုအပြေးအလွှားသွားမယ့်အနောက်နိုင်ငံတွေရဲ့လုပ်ရပ်တွေက မြန်မာနိုင်ငံထဲမှာလက် ရှိဖြစ်နေတဲ့ တင်းမာမှုတွေ၊ လူမှုဆက်ဆံရေး တွေနဲ့ ပြည်သူတွေရဲ့ဘဝကို ဘယ်လိုထိခိုက်စေမလဲဆိုတဲ့ အမှန်တရားကို ကျမတို့ လေ့လာဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
(လန်ဒန်ထုတ် The Independent သတင်းစာရဲ့ အွန်လိုင်းဘလော့ဂ်တွင် Nancy Hunson-Rodd ရေးသားထားသော What is Really Happening in Burma Today ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါ တယ်။ ဒေါက်တာ နန်စီဟာ သြစတြေးလျနိုင်ငံအနောက်ပိုင်း Edith Cowan တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် အထက်တန်း သုတေသီအဖြစ် ဆောင်ရွက်နေပါတယ်။)Sources:

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးဖို့အတွက် ဂျပန်နိုင်ငံကို ဒီနှစ်ထဲမှာ သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Takashi Saito နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က… မိမိအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး မြန်မာ့နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပ ခရီးစဉ်တွေ စတင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားကြောင်း မြန်မာအစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
လောလောဆယ် အထိတော့ နိုင်ငံကူးလက်မှတ် ထုတ်မပေးရသေးဘူးလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာကလည်း
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်ခရီးစဉ်ကို သမ္မတဦးသိန်းစိန်က ခွင့်ပြုမယ်လို့ ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်တဝိုက်က ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့သမိုင်းဆိုင်ရာ သုတေသန ဆည်းပူးတုန်းက နေထိုင်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ အတွင်းမှာလည်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို သွားမယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
RFA - Burmese
(ဒီနှစ်ဆန်းပိုင်းကဂျပန်နိုင်ငံအိုဆာကာအခြေစိုက်ကင်းထောက်လူငယ်များအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ပုံပါ။ wagggsworld website က ဖြစ်ပါတယ်။)

အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျမီဒီယာများ နည်းတူသတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ ရပိုင်ခွင့်များခံစားနိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးစိုးဝင်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
၂၀၁၃ တွင် အတည်ပြုရန်ရှိသည့် ပုံနှိပ်မီဒီယာဥပဒေတွင် သတင်းအေဂျင်စီများထူထောင်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဝေလိုပါက စနစ်တကျ မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့်ရရှိစေရန်လည်း စဉ်းစားထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
ယခုလောလောဆယ်တွင် ပြည်တွင်းအွန်လိုင်း မီဒီယာများ အနေဖြင့် စာပေစိစစ်ရေး သို့ တင်ပြစရာ မလိုပဲ ဖေါ်ပြလျှက်ရှိရာ မကြာမီလွှတ်တော်တွင် တင်ရန်ရှိသည့်မီဒီယာဥပဒေ အတည်ပြု ပြဋ္ဌာန်း ပြီးနောက် မှတ်ပုံတင်ခွင့်ပြုရန် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
ပြည်တွင်း အခြေစိုက်သည့် အွန်လိုင်း မီဒီယာအနေဖြင့် ယခုလောလောဆယ် မြစ်မခမီဒီယာနှင့် Yangon Press International တို့ရှိပြီး ကျန်မြန်မာ အွန်လိုင်း မီဒီယာများမှာ ပြည်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာများဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် အွန်လိုင်းမီဒီယာများသည် ဆက်သွယ်ရေး ဥပဒေဖြင့် ဆက်စပ်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်ရမည် ဟူသည့်သဘော ပြောဆိုခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် အွန်လိုင်းမီဒီယာများကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်တွင် တပေါင်းတစည်းထည်း ထားမည်ဟု ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာ နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် ဥပဒေအရ ဆိုပါက ယင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
နောင်နှစ် ဆန်းပိုင်း အတည်ပြုရန်ရှိသည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ပြည်တွင်း အွန်လိုင်း မီဒီယာ တခုဖြစ်သည့် မြစ်မခမီဒီယာ ထူထောင်သူ ဒေါ်မေသင်္ကြန်ဟိန်က “ကျွန်မအနေနဲ့ကတော့ မူကြမ်းထွက်လာတဲ့အခါမှ ကြည့်ပြီးပြောနိုင်ပါမယ်။ ခုနေမှာတော့ ခန့်မှန်းကြည့်ဖို့ဆိုတာ မသေချာဘူးလေ။ ထွက်လာတဲ့ ဥပဒေပေါ်မှာပဲ ကြည့်ပြီး ပြောရမှာပါ ”ဟု ၀ိုင်ပီအိုင်သို့ပြောသည်။
ဒုတိယ၀န်ကြီး ဦးစိုးဝင်းက အွန်လိုင်သတင်းသများအား ကျန်စာနယ်ဇင်းသမားများအပေါ် တန်းတူရပိုင်ခွင့်များ၊ အကာအကွယ်များ ကျင့်ဝတ်များရရှိကျင့်သုံးစေနိုင်ရန် ထွက်ရှိလာမည့် မီဒီယာလောတွင် စဉ်းစားဆောင်ရွက်ထားကြောင်းပြောကြားသည်။
ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်လည်း သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှအစ ပုံနှိပ်ဖြန်ချီသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ကြောင်း ထွက်ရှိလာမည့်မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ဖေါ်ပြရေးသား ထားသည်။
အွန်လိုင်းသတင်းသမားရပိုင်ခွင့်နှင့် ပါတ်သက်၍ မမေသင်္ကြန်ဟိန်းက “ရပိုင်ခွင့်လို့ ဆိုရာမှာလည်း အစိုးရဆီကမှ မဟုတ်ဘူး၊ ကိုယ့်မီဒီယာကိုယ့်သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ဘယ်သူ့ ဆီကပဲ ဖြစ်ဖြစ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်က သိရမယ်၊ မသိရင် သိအောင်လုပ်ရမယ်၊ မရရင် ရအောင် လုပ်ကြရမှာပါ”ဟု သုံးသပ်ပြောဆိုသည်။ ။
ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတခု
Yangon Press International
It has become a pattern. Whenever the ethnic Muslim Rohingya boat people from Myanmar reach Thai shores, the authorities arrest them as a matter of course, then provide them with water and food before pushing them out to sea again so they can go to their intended destination.
Immigration and security authorities defend such a practice as humane and insist it helps safeguard against future social problems from illegal immigrants.
Rights activists see it differently. Such a practice, they charge, makes the authorities accomplices in human trafficking and opens the door to corruption.
The Rohingya are a Muslim minority in Myanmar's northern Rakhine state and across the border in Bangladesh. Systematic persecution and denial of Myanmar citizenship have forced Rohingya men to flee and seek employment in other lands.
Malaysia is their preferred destination due to its similar faith and better pay. Some of the Rohingya boat people are from Bangladesh, who like their peers in Rakhine state, must pay trafficking gangs to smuggle them into Thailand and Malaysia.
Tens of thousands of Rohingya are living and working illegally in Thailand. Some have been here for more than 30 years. Most work as streetside roti sellers. Fear of deportation has subjected them to all forms of extortion and exploitation. With families here, they want their children's statelessness to be addressed so they can live here legally and as equal human beings.
State authorities believe they will only face more of these demands for rights if they allow the Rohingya boat people to stay in the country.
And since there are not enough prisons to take in the Rohingya boat refugees, helping them to go their way is still the best policy, they argue.
This is simply an excuse to turn a blind eye or even to benefit from human trafficking. The fact is, the current policy has actually increased the number of Rohingya refugees heading to Thai shores, not the other way around.
The proof is in the numbers. Thai security forces faced an international outcry when they were caught on video towing a batch of Rohingya boat people out to sea in 2009.
In the aftermath of that incident, the government cracked down on Rohingya and detained a subsequent batch of 91 on arrival. When news of their detention reached their villages, the number of Rohingya refugees dropped from more than 1,000 a year to less than 100.
When the authorities recently took a more lenient stance, the human trafficking rackets sprang back to life. Last year, the number of Rohingya boat people arriving here rose to more than 2,500, and they now include many young girls.
It is an open secret that the boats will head for the islands nearby, with the racketeers ready to pick them up and bring them back again to Thai shores.
If they can pay for the next leg of the journey, they will be transported to Malaysia. If not, some will be sold to work as slaves on trawlers. Others are sent to work in plantations in southern Thailand.
The government should treat separately those Rohingya who have been here for years, and new arrivals trying to start a new life. The legal status of those who have families here needs to be addressed. For the new batch, the government needs to crack down on the traffickers and punish corrupt officials.
If the government does not get tough on corruption, it will be difficult to prevent Thailand from being seen as a partner in this modern slave trade.
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ အခြေခံယန္တရား အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် လိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ အစိုးရက နိုင်ငံတကာကို မေတ္တာရပ်ခံနေချိန်မှာပဲ ဖိလစ်ပိုင် အခြေစိုက် ADB လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် အဆင်သင့် ရှိပေမယ့်လို့ ဆပ်စရာ ရှိတဲ့ ကြွေးမြီ ဒေါ်လာသန်း ၄၉၀ ကို အရင်ပြန်ဆပ်မှ နောက်ထပ် ငွေချေးနိုင်မယ်လို့ ADB ဥက္ကဋ္ဌက မနေ့ကပဲ ပြောလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ရိုက်တာစ်သတင်းရဲ့ ဖော်ပြချက်ကို အခြေခံပြီး ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို ADB ခေါ် အာရှ ဖွံ့ဖြိုးရေးဘဏ်က ငွေကြေး အထောက်အကူမပေးခဲ့တာ ၂၄ နှစ်ရှိသွားခဲ့ သလို နောက်ထပ်ပေးဖို့လည်း အခုအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ADB ကို ပေးဆပ်စရာ ရှိတဲ့ ကြွေးမြီကို ပြန်ဆပ်နိုင်မှ နောက်ထပ်ချေးငွေအသစ်ကို ထုတ်ပေးနိုင်မှာဖြစ်တယ်လို့ Haruhiko Kuroda က အခုလို ပြောခဲ့ပါတယ်။
"မြန်မာနိုင်ငံအနေနဲ့ ကြွေးမြီတွေ အတော်လေး တင်နေတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံဘက်က ပေးဆပ် စရာကြွေးတွေကို ပထမဆုံး အရင်မရှင်းနိုင်မချင်းတော့ ADB ဘဏ်အနေနဲ့ ငွေရေးကြေးရေး အထောက် အကူတွေကို ပေးလို့ မရနိုင်ပါဘူး။"
အာရှဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်ရေးမှူးတွေရဲ့ဘုတ်အဖွဲ့ ၄၅ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံမှာ ADB ဥက္ကဋ္ဌက မနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီလေးရက်ကြာ ညီလာခံအတွင်းမှာ အဖွဲ့ဝင် ၆၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့အပြင် ပေါ်လစီရေး ချမှတ်သူပေါင်း လေးထောင်ကျော်လည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ADB ကို ပေးဆပ်စရာအကြွေးပေါင်း ဒေါ်လာသန်း ၄၉၀ ပေးစရာရှိတာဖြစ်ပါတယ်။ ADB ဥက္ကဋ္ဌ မစ္စတာ Kuroda က အာရှဖွံ့ဖြိုးရေးဘဏ်ကြီး အနေ နဲ့ နိုင်ငံပေါင်းစုံကို ငွေထုတ်ချေးနေတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့ ကြွေးမြီကို လျှော်ပစ်လို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။
အဖွဲ့ဝင် ၆၇ နိုင်ငံပါတဲ့ ADB ဘဏ်မှာ အာရှဒေသတွင်းက ၄၈ နိုင်ငံနဲ့ ကျန်ကမ္ဘာက ၁၉ နိုင်ငံတို့ ပါဝင်ကြပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အာရှ-ပစိဖိတ်ဒေသမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် ပေါ်လစီရေးချမှတ်ရာမှာ၊ ရင်းနှီးမြှုပ်နှံရာမှာနဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အကူတွေကို ဘဏ်ကြီးက ထုတ်ပေးတာ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်က အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ADB က ၁၉၈၆ နဲ့ ၈၇ ခုကတည်းက နောက်ဆုံးထားပြီး နည်းပညာနဲ့ ငွေကြေးအထောက်အကူတွေကို ပေးခဲ့ တာဖြစ်ပါတယ်။
အခုလို ဖွံ့ဖြိုးမှု စီမံကိန်းတွေအတွက် မြန်မာနိုင်ငံအပေါ် ငွေထပ်မချေးနိုင်ပေမယ့်လို့လည်း ပေါ်လစီပိုင်း ဆိုင်ရာ ဆွေးနွေးမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူတွေ ပေးဖို့အတွက် မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တယ်လို့ ADB ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
"တဘက်မှာတော့ နည်းပညာအထောက်အကူ အပြင် ပေါ်လစီပိုင်းဆိုင်ရာ အကြံပေးမှု၊ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံ အဆောက်အအုံတည်ဆောက်မှုမှာ အထောက်အကူ ပေးနိုင်ပါတယ်။ ဒါပေမယ့် ပထမဆုံးကတော့ ADB ဘဏ်အနေနဲ့ မြန်မာနိုင်ငံနဲ့ အထူးသဖြင့် ပေါ်လစီပိုင်းမှာ အခြေအတင် ဆွေးနွေး သွားရမှာ ဖြစ်ပါတယ်။"မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကနဲ့ ဥရောပ အပါ အဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးခဲ့ပြီးဂျပန်ကလည်း မြန်မာနိုင်ငံက ပေး ဆပ်စရာရှိတဲ့ ကြွေးမြီ ဒေါ်လာ ၃.၇ ဘီလီယံကို ဧပြီလက လျှော်ပစ်ပေးခဲ့ချိန်မှာ အခုလို ADB ရဲ့ ကောက်ချက်ချ ပြောကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာဘဏ်ကြီးဖြစ်တဲ့ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံမှာ ဇွန်လကျရင် ရုံးခန်းခွဲဖွင့်ပြီး မြန်မာနိုင်ငံသားတွေ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် စီးပွားရေး စာရင်းဇယားတွေ ကောက်ခံဖို့နဲ့ မြန်မာနိုင်ငံ က ပေးဆပ်စရာရှိတဲ့ နိုင်ငံတကာကြွေးမြီတွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ အဓိကအကူအညီပေးဖို့ ဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

VOA

"ကျွန်မရဲ့ ဖြစ်စေချင်တဲ့ကိစ္စက အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ ကိစ္စကို လုပ်ဖို့က အဓိကပါ။ ပြည်သူတွေ အကျိုးအတွက် ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀% အောင်မြင်အောင်တော့ ကြိုးပန်းရမှာပါဘဲ။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော် လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးကမေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး တို့ ဟာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်လွှတ်တော် အစည်းအဝေးတွေကိုဒီကနေ့ တက်ရောက်ပြီး ကျမ်းကျိန်သစ္စာ ပြုခဲ့ကြပါတယ်။
လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတွေက လုပ်ဆောင်ချက်တွေကိုပြန်လည်သုံးသပ်ပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
လွှတ်တော်စည်းဝေးပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က စည်ပင်ဧည့်ရိပ်သာဝန်းတွင်းက ယူနီစန် စားသောက်ဆိုင်မှာ NLD ကို လွှတ်တော် တက်ရောက်ဖို့ မေတ္တာရပ်ခံ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေ့လည်စာ စားသုံးခဲ့ကြောင်း သိရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ဒီနေ့ စည်းဝေးပွဲအပြီးမှာ ရပ်နားထားလိုက်ပြီး လာမဲ့ ဇူလိုင်လမှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်။
RFA - Burmese
-
ကျမ မှာ ရိုဟင်ဂျာ အသိ တယောက်မှ မရှိပါဘူး။ ရိုဟင်ဂျာ တွေ နေ တဲ့ ဒေသ လည်း တခါ မှ မရောက်ဖူးပါဘူး။ အဲဒါကြောင့်..ရိုဟင်ဂျာ တွေ အကြောင်း လည်း ကော...
-
Cox's Bazar: A 19-member delegation comprised of diplomats from western countries has recently visited the Burmese Muslim refugee camps...
-
High quality global journalism requires investment. Please share this article with others using the link below, do not cut & paste the a...
-
By Mahmut Aytekin Daily Sabah July 21, 2014 Wirathu, a 45-year-old extremist Buddhist monk who labels himself as the ...
-
RB News October 14, 2013 Buthidaung, Arakan – Township Administrator of Buthidaung Township in Arakan State warned Rohingya Muslims...
-
Nyo Tun RB Article August 14, 2013 Identity and Violence was one of many books of Amartya Sen, a professor at Harvard University a...
-
This pictures are Rohingya Refugees fleed from Kyauk Phyu Township to Sittwe (Akyab) escaped from genocide plan by Rakhine Terrorists an...
-
သို့/- ဒေါ်အောင်ဆန်းစုကြည် အထွေထွေ အတွင်းရေးမှူးချုပ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရန်ကုန်မြို့။ ...
-
Richard Potter RB Opinion October 13, 2013 All people actively participating in their governments, however they disagree with...
-
Bangkok Post March 6, 2013 Thein Sein, on the first-ever visit to Brussels by a Myanmar president, received on Tuesday new pledges...