Latest Highlight




မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်

(ကသာထောင်)

ကချင်ပြည်နယ် ကသာထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦး လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။

ဦးစောလှိုင်(၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အင်းတော်ကိုယ်စားလှယ်)၊ ကိုမျိုးဝင်း(ရန်ကုန်)၊ ကိုအောင်နိုင်ဦး(ပဲခူး)၊ ကိုမြင့်အောင်(ကေအန်ယူ) နဲ့ စောဘဘိုး(တောင်ငူ) တို့ဖြစ်ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်

(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပဏ္ဍိတ်ထွန်း လွှတ်မယ့်စာရင်းမှာ မပါဘူးလို့ ထောင်အာဏာပိုင်တွေက တဆင့်ကြားတယ်လို့ သူ့အဖေက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မလားဆိုတာလည်း မသိရသေးဘူးလို့ သူ့ညီ ကိုအောင်ထွန်းက ပြောပါတယ်။

(ပေါင်းတည်ထောင်)

ထောင်ဒဏ် ၁၀၆ ချမှတ်ခံရပြီး စစ်တွေထောင်မှာ အကျဉ်းကျနေသူ ရှမ်းခေါင်း ဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေးထင် ဒီမနက် ပြန်လည်လွတ်မြောက်တယ်လို့ လားရှိုးမြို့ နေ မြေးဖြစ်သူက ပြောပါတယ်။ပဲခူးတိုင်း ပေါင်းတည်ထောင်က ကိုကျော်ကျော်လင်း (အဖွဲ့ချုပ်လူငယ်) ကတော့ လွတ်ဖို့ အတွက် ညကတည်းက လက်မှတ်ထိုးပြီးပြီဖြစ်ပြီး ဒီနေ့လွတ်မြောက်မယ်လို့ သိရပါတယ်။ ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သူတယောက်တည်းရှိပါတယ်၊ စစ်ထောက်လှမ်းရေးဟောင်း ၇ ဦးလည်း ပေါင်းတည်ထောင်ကနေ ဒီနေ့လွတ်မယ်လို့ သတင်းရရှိပါတယ်။
မွန်းတည့် ၁၂ နာရီ ၂၇ မိနစ်

(ဟင်္သာတထောင်)

ဧရာဝတီတိုင်း ဟင်္သတထောင်ကနေ အကျဉ်းသား ၂၆ ဦး လွတ်မြောက်တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အဖွဲ့ချုပ်ဝင် ကိုသန့်ဇော်နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင် မအေးသီတာတို့ လွတ်မြောက်လာပါတယ်။

မအေးသီတာဟာ ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ်မှတ်ခံရပြီး ၄ နှစ်ပြည့်ချိန်မှာ ပြန်လွတ်လာတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် ဝမ်းသာကြောင်း မအေးသီတာက ဒီဗွီဘီကို ပြောပါတယ်။

(ဗူးသီးထောင်ထောင်)
ရခိုင်ပြည်နယ် ဗူးသီးတောင်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃ ဦးဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း)၊ ကိုသန်းထွန်းဇေ၊ ဦးအောင်စိုးတို့ လွတ်မြောက်လာပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ဒီထောင်ကနေ လွတ်လာမယ်လို့ မိသားစုက ယုံကြည်နေပေမယ့် ဒီနေ့လွတ်လာတဲ့အထဲ ကိုဌေးကြွယ်မပါဘူးလို့ ထောင်အာဏာပိုင်က ကိုဌေးကြွယ်ရဲ့နှမ မမီမီကြွယ်ကို ပြောပါတယ်။

(တောင်ငူထောင်)
ပဲခူးတိုင်း တောင်ငူထောင်က အကျဉ်းသား စုစုပေါင်း ၉၁ ဦး လွတ်မြောက်ပြီး ထောင် အခေါ်အဝေါ်အရ သာမန်သီးသန့်နဲ့ သီးသန့်အကျဉ်းသား ၃၂ ဦးလွတ်မြောက်သလို စစ်ထောက်လှမ်းရေးနဲ့ ဆက်စပ်သူ ၁၃ ဦး လွတ်မြောက်တယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်က ပြောပါတယ်။
တောင်ငူထောင်က လွတ်မြောက်သူတွေထဲမှာ ၁၉၈၉ ခုနှစ် သန်လျင်ရေနံချက် စက်ရုံဝင်း ဗုံးဖောက်ခွဲမှု သံသယနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံထားရတဲ့ ကိုညီညီဦးလည်း ပါဝင်ပါတယ်။ သူဟာ အဖွဲ့ချုပ် လူငယ်တဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ဗုံးဖောက်ခွဲမှုနဲ့ ဖမ်းဆီးထောင်ချခံရသူဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က သန်လျင်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ ဖြစ်ကြတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်နဲ့ ကိုမိုးကျော်သူတို့ကို ဗုံးဖောက်ခွဲမှု တရားခံတွေအဖြစ် ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒီဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူက) ဗိုလ်မှူးကိုကိုနိုင်က သန်လျင်ရေနံချက် စက်ရုံနဲ့ မြို့တော်ခန်းမ တို့ကို သူကိုယ်တိုင် ဖောက်ခွဲခဲ့တာပါလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦးကတော့ အခုမှ လွတ်မြောက်လာရတာပါ။

တောင်ငူထောင်မှာ ပုဒ်မ ၅ ည နဲ့ ၁၉၉၉ ခုနှစ်မှာ နှစ်ရှည်ထောင်ဒဏ်တွေ စတင်ကျခံရတဲ့ စောမြင့်နိုင်(ထောင်ဒဏ် ၂၄ နှစ်)၊ ဦးအေးရွှေ(ပဲခူး) (ထောင်ဒဏ် ၂၄ နှစ်) ကိုဇော်ရဲဝင်း (ထောင်ဒဏ် ၁၇ နှစ်) တို့လည်း ပြန်လွတ်လာပါတယ်။

အလားတူ ကိုအောင်အောင်(အောင်သန့်ဇင်ဦး) နဲ့ အောင်ဇေဖြိုး(ဇော်ကြီး) တို့လည်း တောင်ငူ ထောင်ကနေ ပြန်လွတ်လာတယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်က ပြောပါတယ်။

မွန်းတည့် ၁၂ နာရီ ၇ မိနစ်
(ကလေးမြိဲု့)

စစ်ကိုင်းတိုင်း ကလေးမြို့က အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေက အကျဉ်းသား ၅၀၀ နီးပါး လွတ်မြောက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်တယ်လို့ ကလေးမြို့ နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။

ကလေးမြို့ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ရှိတဲ့အနက် ဦးအေးချို၊ ဦးသိန်းလွင်ဦး၊ ကိုလှိုင်မျိုး၊ ကိုမြင့်နိုင်၊ ကိုအောင်အောင်တို့ လွတ်မြောက်လာတယ်လို့ ပြောပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံ ဃာတော် အရှင်ဂမ္ဘီရကတော့ လွတ်မြောက်မလာသေးဘူးလို့ ထောင်ရှေ့မှာ စောင့်နေသူတွေက ပြောပါတယ်။

မနက် ၁၁ နာရီ ၃၅ မိနစ် ၂၀ စက္ကန့်
(သံတွဲထောင်)

ရခိုင်ပြည်နယ် သံတွဲထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ရှိတဲ့အနက် တဦးမှ လွတ်မလာသေးဘူးလို့ ဒီမနက် ၉ နာရီမှာ သံတွဲက နိုင်ငံရေးအသိုင်း အဝိုင်းက ပြောပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးကဖယ်ရှား အရေးယူခံရပြီးနောက် ထောင်ကျ ခဲ့ကြတဲ့ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးတဦးနဲ့ ဗိုလ်ကြီး ၂ ဦးလည်း သံတွဲထောင်မှာ အကျဉ်းကျနေတယ်လို့ သိရပါတယ်။

နေဘုန်းလတ် (ဘလော့ဂါ)
ကရင်ပြည်နယ် ဘားအံထောင်က အကျဉ်းသားတွေထဲက ၃၈ ဦး လွတ်မြောက်ဖို့ရှိ တယ်လို့ ဘားအံထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီထဲမှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဘလော့ဂါနေဘုန်းလတ် ပါဝင်မှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဘားအံထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ညီဖြစ်သူ ကိုဘိုသူက ပြောပါတယ်။

မနက် ၁၁ နာရီ : ၁၇ မိနစ် : ၃၀ စက္ကန့်

ဦးသန်းလွင် (အန်အယ်လ်ဒီ)
ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မတ္တရာ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသန်းလွင်ရဲ့ အခြေအနေကို မိသားစုက ထောင်ကို မေးမြန်းရာ မှာ ၁၀ နာရီကျမှ ပြန်လည်မေးမြန်းဖို့ တုံ့ပြန်ဖြေကြားတယ်လို့ မိသားစုက ပြောပါတယ်။ လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄ ဦး အကျဉ်းကျနေတယ်လို့ သိရပါတယ်။

ဒေါ်ဝင်းမြမြ (အန်အယ်လ်ဒီ)
ကချင်ပြည်နယ် ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်ဝင်းမြမြရဲ့ နေအိမ်ကို မနက် ၉ နာရီက မေးမြန်းရာမှာ သက်ဆိုင်ရာက ဘာမှ အကြောင်းမကြားပါဘူးလို့ ဒေါ်ဝင်းမြမြရဲ့အစ်ကို ဦးဘစိုးက ဖြေပါတယ်။

ပူတာအိုထောင် မှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အကျဉ်းကျနေပါတယ်။ စစ်ကိုင်တိုင်းဒေသကြီး မုံရွာထောင်က နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ပြန်လွတ်ဖို့ရှိ တယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုညွန့်အောင် (မုံရွာအန်အယ်လ်ဒီ) မုံရွာအန်အယ်လ်ဒီက လူငယ်တာဝန်ခံ ကိုညွန့်အောင်ဟာ ပူတာအိုထောင်မှာ အကျဉ်းကျနေရာက ပြန်လွတ်လာမယ်လို့ မိသားစွုနဲ့ အဖွဲ့ချုပ်ဝင်တွေက မျှော်လင့်နေကြပါတယ်။

တောင်ငူထောင်
တောင်ငူထောင်ကနေ အကျဉ်းသား ၉၁ လွတ်မြောက်ဖို့ရှိပြီး နိုင်ငံရေးအကျဉ်းသား ၃၂ ဦး ပါဝင်မယ်လို့ တောင်ငူထောင်အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီထဲမှာ သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ မှားယွင်းဖမ်းဆီးထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ ကျူးလွန်သူအမှန် ပေါ်ပေါက်သွားပေမယ့် မလွတ်မြောက်သေးတဲ့ ကိုညီညီဦး အပါအဝင် ဦးအေးဆွေ၊ စောမြင့်နိုင်၊ ဂျိမ်း (ခေါ်) အောင်အောင်၊ အောင်ဇေဖြိုးတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ရှိတယ်လို့လည်း တောင်ငူထောင် အသိုင်းအဝိုင်းက ပြောပါတယ်။

ကိုလှမျိုးနောင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ဒီမနက် ၈ နာရီလောက်မှာ အကျဉ်းသား တချို့ကို မှန်လုံကားတစီးနဲ့ စတင်လွှတ်ပေးလိုက်ပြီး ဒီအကျဉ်းသားတွေထဲမှာ ရှမ်း၊ တရုတ် စတဲ့အကျဉ်းသားတွေသာ ပါဝင်ပြီး ရှမ်းပြည်နယ်ဘက်ကို ပြန်ပို့တာလို့ အိုးဘိုထောင်ရှေ့က မျက်မြင်သက်သေတွေက ပြောပါတယ်။

အိုးဘိုထောင်ကနေ လွတ်လာမယ့် နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုလှမျိုးနောင် ပါဝင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လူရွှင်တော် ဇာဂနာ
မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ (ကိုသူရ) ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သူတွေထဲ ပါဝင်ကြောင်း မြစ်ကြီးနားထောင် အာဏာပိုင်တွေဆီက သိရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။
ဒီမနက် ၁၀ နာရီ မိနစ် ၃၀ မြန်မာ့လေကြောင်းလေယာဉ်နဲ့ တင်ပေးလိုက် မှာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။

၂ဝဝဂ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေ ဆောင်ရွက်နေခဲ့တဲ့ ကိုဇာဂနာကို အာဏာပိုင်တွေက အဲဒီနှစ်ဇွန်လမှာ ဖမ်းဆီးခဲ့ပါ တယ်။

အဲဒီနောက် သူ့ကို အီလက်ထရောနစ် အက်ဥပဒေ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနဲ့ ဗွီဒီယိုအက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ထောင်ဒဏ် ၁၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပါတယ်။
အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ထားရာက ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ တမှုကို၈ နှစ်စီ စုစုပေါင်း ၂၄ နှစ် လျှော့ချပေး လိုက်လို့ ထောင်ဒဏ် ၃၅ နှစ် ကျန်ရှိတာဖြစ်ပါတယ်။

ကိုဇာဂနာ အကျဉ်းကျခံနေတုန်းမှာ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးဟာ ၂၀၀၉ ခု မတ်လ ၂၀ ရက်မှာ ကွယ်လွန်ခဲ့သလို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေဟာလည်း ၂၀၁၀ ခု ဇူလိုင် ၁၄ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဇာဂနာနဲ့အတူ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ကိုမျိုးအောင်သန်းနဲ့ ကိုဇင်မင်းထွန်းတို့လည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။

ဦးကျော်ခင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ရှမ်းပြည်နယ် တောင်ကြီးထောင်က လွတ်မြောက်မယ့် အကျဉ်းသား ၂၀၀ စာရင်း မှာ ၁၉၉၀ ရွေးကောက်ပွဲဝင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ပါဝင်တယ်လို့ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါ တယ်။ လားရှိုးထောင်ကလည်း အကျဉ်းသား ၉၂ ဦး လွှတ်မှာဖြစ်ပြီး အဲဒီထဲက နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ဦးရှိန်နိတ္တ၊ ကိုအောင်ဇော်ဦး(တောင်ကြီး)၊ မတင်တင်ချို (မရမ်း ကုန်း အန်အယ်လ်ဒီ)၊ ဦးအုန်းကျော် (ဒေါပုံ အန်အယ်လ်ဒီအဖွဲ့ဝင်) တို့ ၄ ဦး ပြန်လွတ်လာ တယ်လို့လည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

ကျိုင်းတုံထောင်မှာ အကျဉ်းသာ ၁၄၄ ဦး လွတ်တယ်လို့ ကြားသိရပေမယ့် နိုင်ငံရေးအကျဉ်းသား ပါမပါ မသိရသေးပါဘူး။
မနက် ၁၀ နာရီ : ၄၀ မိနစ် : ၄၀ စက္ကန့်
ဗိုလ်ချုပ်ဆေထင်ကို ရခိုင်ပြည်နယ် စစ်တွေကနေ ရန်ကုန်ကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ဆေထင်ဟာ မျက်စိတိမ်စွဲနေပြီး နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ ခံစားနေရပါတယ်။

ဗိုလ်ချုပ်ဆေထင်ဟာ ‘နအဖ’ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အထူးဒေသ (၃) ဥက္ကဋ္ဌဖြစ်သလို ရှမ်းပြည်နယ်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

သူနဲ့အတူ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် စတဲ့ ရှမ်းခေါင်းဆောင် ၈ ဦးကို “ရှမ်းပြည်ပညာရှင်များကောင်စီ ဖွဲ့စည်းဖို့ လှုပ်ရှားကြတယ်”ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆေထင်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး မြန်မာနိုင်ငံ တရားစီရင်မှုသမိုင်းမှာ မကြုံစဖူး ထောင်ဒဏ် (၁၀၆) နှစ် စီရင်ခံရသူဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့သတင်းအရ ဗိုလ်ချုပ်ဆေထင်ကို ရန်ကုန်ကို ဒီနေ့ပို့ဆောင်မှာဖြစ်ပြီး မနက်ဖြန်မှာ ရှမ်းပြည်နယ် လားရှိုးမြို့ကို ဆက်လက်ပို့ဆောင်မှာဖြစ်လို့ မိသားစုအနေနဲ့ လားရှိုးလေဆိပ်ကနေ စောင့်ကြိုဖို့ ဒီမနက် ၉ နာရီခွဲမှာ ဗိုလ်ချုပ်ဆေထင်ကိုယ်တိုင် ဖုန်းဆက်တယ်လို့ သူ့သမီး နန်းခမ်းဖောင်းက ဒီဗွီဘီကို ပြောပါတယ်။

မနက် ၉ နာရီ : ၄၅ မိနစ် : ၀၅ စက္ကန့်

မန္တလေး အိုးဘိုထောင်က လွတ်မယ့် နိုင်ငံရေးအကျဉ်းသား တွေကိုလည်း နိုင်ငံရေးအသိုက်အဝန်းက သွားကြိုဖို့ ပြင်ဆင်နေကြပါတယ်။ ပဲခူးမှာတော့ အခြေအနေ ထူးခြားမှု မရှိသေးဘဲ ပဲခူး အဖွဲ့ချုပ်ဥက္ကဌ ဦးမြတ်လှကတော့ အားလုံးလွတ်မယ်လို့ သိပ်မမျှော်လင့်ဘူးလို့ ပြောပါတယ်။ အသက်ကြီးတဲ့လူတွေလောက်လွှတ်မယ်လို့ ထင်ပြီး လူငယ်တွေ အထူးသဖြင့် ၈၈ မျိုးဆက်တွေကို လွှတ်ပါ့မလားလို့ စိုးရိမ်တယ်လို့ လည်း ပြောပါတယ်။

မနှင်းပွင့်ဝေ (ဗကသ)
မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ မနှင်းပွင့်ဝေ (နာဂစ်အလောင်းတွေ သင်္ဂြီုဟ်တဲ့ ဗကသ အဖွဲ့ဝင်) လည်း လွတ်မယ့်စာရင်းမှာပါတယ်။ ဒီမနက် ၁၀ နာရီမှာ အခမ်းအနားနဲ့လွတ်မယ်လို့ သိရပြီး သူ့ဖခင် ဒေါက်တာနေဝင်းနဲ့ မိခင်တို့က ရန်ကုန်ကနေ မော်လမြိုင်ထောင်ရှေ့ကို သွားရောက်စောင့်ဆိုင်းနေကြပါတယ်။

မနက် ၈ နာရီ : ၄၀ မိနစ် : ၀၆ စက္ကန့်
နိုင်ငံကျော်လူရွှင်တော် ဇာဂနာ (ကိုသူရ) အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ဦး မြစ်ကြီး နားထောင်ကနေ လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကချင်ပြည်နယ်အတွင်းရေးမှူး ဦးနေဝင်းက မြစ်ကြီးနားထောင်ကို သွားမေးရာမှာ အဲဒီလို သိလာရတာလို့ ပြောပါတယ်။ လွတ်မယ့်လူစာရင်းမှာ ကိုဇာဂနာပါတယ်လို့ သူ့ခယ်မ မငြိမ်းကလည်း ပြောပါတယ်။

ပဲခူးတိုင်း သာယာဝတီထောင်က ပြန်လွှတ်မယ့် အကျဉ်းသားစာရင်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အတော်အတန်ပါတယ်လို့ ထောင်အာဏာပိုင်တွေက ပြောတဲ့အကြောင်း ထောင်ကို မနေ့ကသွားပြီး ပါဆယ်ပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။ သာယာဝတီထောင်ကို မနေ့မွန်းလွဲပိုင်းက နိုင်ငံရးအကျဉ်းသား ၃၃ ဦးအ တွက် ပါဆယ်သွားပို့ရာမှာ ၁၂ ရက်နေ့မှာ လွှတ်ပေးတဲ့အခါ စာရင်းသွင်းထားရင် ပြန်ထုတ် ရခက်မှာစိုးလို့ မနက်ဖန် ပြန်လွတ်တော့မှပေးဖို့ ထောင်ဝန်ထမ်းက ပြောတယ်လို့ ဆိုပါတယ်။ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၈၀ ကနေ ၂၀၀ အကြားရှိတယ်လို့ လည်း သိရပါတယ်။

ဒီနေ့မနက် ၇ နာရီလောက်မှာ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကို အကျဉ်သား တွေ ပြန်လွတ်မယ်လို့ မျှော်လင့်ပြီး သွားရောက်ကြည့်ရှုမေးမြန်းရာမှာ မနက် ၈ နာရီမှ လွှတ်မယ့်အကြောင်း ထောင်တာဝန်ရှိသူက ဖြေကြားတယ်လို့ မန္တလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးက ပြောပြပါတယ်။ အိုးဘိုထောင်ရှေ့မှာ အကျဉ်းသားမိသားစုဝင် ၅၀ လောက် ရောက်ရှိစောင့်ဆိုင်းနေကြပြီလို့လည်း ပြောပါတယ်။

မန္တလေးတိုင်း ရွှေဘိုထောင်ကနေ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ဆယ်ဦး ပြန်လည်လွတ်မြောက်လာမယ်လို့ ထောင်တွင်းက ထွက်ပေါ်လာတဲ့သတင်းကို ကိုးကားပြီး အကျဉ်း သားတွေအကျိုး လိုက်ပါဆောင်ရွက်နေသူတွေ၊ ကြိုဆိုနေသူတွေက ပြောပါတယ်၊ ကျိန်း သေလွတ်ပြီလို့ မဆိုနိုင်သေးပေမယ့် သူတို့ရရှိတဲ့စာရင်းမှာ ပါဝင်သူတွေကတော့ …

၁။ မလေးလေးမွန်
၂။ ကိုကျော်မင်းသန်း
၃။ ကိုကြည်သာထွန်း
၎။ ကိုစိုးဝင်းအောင်
၅။ ဦးကျော်လှိုင်
၆။ ဦးသုစိတ္တ
၇။ ဦးသုဇန
၈။ ဦးခေမိန္ဒ
၉။ မရင်ရင်ဝိုင်း

min kyaw khine(facebook)
 9:00 AM
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။
9:36 AM
ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။

9:40 AM
အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုးသမီး (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်း သိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။

9:55 AM
တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။

10:00 AM
ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။

10:08 AM
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

10:17 AM
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။

10:22 AM
၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။

10:23 AM
ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

10:24 AM
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ ကိုမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသူဖြစ်ပါသည်။ မည်သည့်နေ့ရက်တွင် ကိုမင်းကိုနိုင် ပြန်လည်လွတ်မြော က်မည်ကို မသိရှိရသေးကြောင်းလည်း ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။

သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

10:42 AM
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။
10:50 AM
ဂါရဝပြုအခမ်းအနားသို့ ဦးဝင်းတင် ၁၀း၅၀ မိနစ်တွင် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မိနစ်ပိုင်းအတွင်း ရောက်ရှိမည်။

11:00 AM
အင်းစိန်အကျဉ်းထောင်ရှေ့ လမ်းမပေါ်တွင် လွတ်မြောက်လာသူများကို လာရောက်စောင့်ဆိုင်းသူများ အယောက် ၁၀၀၀ ကျော် ရှိနေကြောင်းနှင့် အဆိုပါလမ်းကို ယာယီပိတ်ထားကြောင်းသိရသည်။ NDF ပါတီဝင်အချို့က လွတ်မြောက်လာသူများအား ၀မ်းမြောက်စွာကြိုဆိုကြောင်း စာတန်းကို ကိုင်ဆောင် ကြိုဆိုနေကြောင်း သိရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို အစားအသောက်များကျွေးမွေးခြင်း၊ လိုအပ်သော ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်းကိုလည်း လာရောက်စောင့်စားကြည့်ရှုနေသည့် လူအများက ကူညီပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။

( Eleven Media Group )
ဆောင်းပါးရှင်။ အောင်လင်းထွဋ်

၁၉၉၁ ခုနှစ် မေ လ ၂၁ ရက် နေ့ Tamil Nadu State တွင် အိန္ဒိယ ၀န်ကြီးချုပ် Rajiv Gandhi လုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတို့၏ ဒီမိုကရေစီရေးလှုပ်ရှားမှု များအပေါ် အိန္ဒိယနိုင်ငံ ခေါင်းဆောင်အဆက်ဆက်သည် ယနေ့ထိတိုင် လစ်လျူရှုခဲ့ကြပါသည်။ ကမ္ဘာ့ လူအင်အားအများဆုံး ဒီမိုကရေစီနိုင်ငံတော် ဟုကြွေးကြော်နေသော အိန္ဒိယနိုင်ငံ သည် မြန်မာ့ဒီိမိုကရေစီအရေးကို မျက်ကွယ်ပြု ၍ တရုတ်အရေး နှင့် စီးပွါးရေးကို ရှေ့တန်းတင်ပြီး ၁၉၉၂ ခုနှစ် မှစကာ မြန်မာစစ်အာဏာရှင်အစိုးရကို ဆက်သွယ်မှုများပြုလုပ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် အရေးအခင်းပြီးကာစ တွင် တရုတ် နှင့် အမေရိကန် သည် မြန်မာနိုင်ငံ၏ ရန်သူဖြစ်လာ ဖွယ်နိုင်ငံ (Potential Enemy Country) ဟု သတ်မှတ်ခဲ့ပြီး တရုတ်နယ်စပ် နှင့် ထိုင်းနယ်စပ် တို့အား မြန်မာ စစ်အာဏာရှင်တို့အနေဖြင့် ကာကွယ်ရေးစစ်ရေးစီမံချက်များရေးဆွဲ ပြင်ဆင်မှုများရှိခဲ့ပါသည်။ သို့သော် ၁၉၈၉-၁၉၉၀ ခုနှစ် တရုတ်နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ငြိမ်းချမ်းရေးရရှိသွားခြင်း ထိုင်းတပ်မတော်ဦးစီးချုပ်General Chavalit Yongchaiyudh ပထမဦးဆုံး နိုင်ငံခြားဧည့်သည်အဖြစ် ရောက်ရှိလာပြီးနောက်ထိုင်း-မြန်မာ ဆက်ဆံရေးကောင်း လာခြင်း တို့ကြောင့် ထိုစဉ်အချိန်အခါက တရုတ် နှင့် အမေရိကန် သည် ရန်သူဖြစ်မလာနိုင် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ကို ပြင်းပြင်းထန်ထန် အားပေးနေသော အိန္ဒိယနိုင်ငံ သည်သာ ရန်သူဖြစ်လာနိုင်ဖွယ်ရှိသည်ဟုသုံးသပ်ကာ ရန်သူဖြစ်လာ ဖွယ်နိုင်ငံ (Potential Enemy Country) ဟုပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၉၉၂ ခုနှစ် ဧပြီ လ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရယူခဲ့ပြီးနောက် ရန်ကုန် ရှိ အိန္ဒိယနိုင်ငံ သံအမတ်ကြီး နှင့် သံရုံးရှိ အိန္ဒိယထောက်လှမ်းရေးအရာရှိ တို့မှ မြန်မာစစ်ထောက်လှမ်းရေးကိုဆက် သွယ်လာခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မျော်ပေါ်လစီ (Look East Policy) ကိုရှင်းပြ၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်လိုကြောင်းစတင်ကမ်းလှမ်းမှုများ အိန္ဒိယနိုင်ငံ ဘက်မှစခဲ့ ပါသည်။၁၉၉၂ ခုနှစ် သြဂုတ် လတွင် စစ်ထောက်လှမ်းရေးမှ ဒုတိယဗိုလ်မှူးကြီးကျော်သိန်း (ဗိုလ်မှူးချုပ်ကျော်သိန်း) ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေး (အငြိမ်းစား ကနေဒါ နှင့် သြစတြေးလျ နိုင်ငံ သံအမတ်ကြီး) တို့ ၂ ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အိန္ဒိယနိုင်ငံ သို့စေလွှတ်ခဲ့ပါ သည်။ ၎င်းတို့ ၂ ဦးသည် အိန္ဒိယနိုင်ငံ အစိုးရ ၊ တပ်မတော်နှင့်ထောက်လှမ်းရေး ဆိုင်ရာအဆင့်မြင့် တာဝန်ရှိသူများမှအထူးကိုယ်စားလှယ်အနေဖြင့် လက်ခံ တွေ့ ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံ ဘက်မှ စစ်ရေးပူးပေါင်းဆောင်ရွက်မှု နှင့်ပတ်သက်၍ နယ်စပ်ဒေသ နာဂ နှင့် ကသည်း လူမျိုးစုသူပုန်များပူး ပေါင်းနှိမ်နင်းရေး စစ်ဘက်ဆိုင်ရာပစ္စည်းများထောက်ပံ့ရေး စစ်ဘက်အရာရှိများ အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ခွင့်အရေး ထောက်လှမ်းရေးသတင်းများ အပြန်အလှန်ဖလှယ်ရေး စီးပွါးရေးအတွက် အိန္ဒိယနိုင်ငံ နယ်စပ် မိုးရေးမြို့ မှ တမူး ၊ ကလေး ကားလမ်းပြုပြင်ရေး အစရှိသည်တို့ကို အိန္ဒိယနိုင်ငံ ဘက်မှကမ်းလှမ်းလာခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံပြန်ရောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုသတင်းပို့သည့်အခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏မှတ်ချက်က` ဒီ ကုလားတွေစိတ်ချရတာမဟုတ်ဘူး မင်းတို့ သတိထားပြီး ဆက်ဆံကြ´ ဟု ပြောခဲ့ပါသည်။ အဲဒီနောက်ပိုင်း မြန်မာစစ်တပ်ဘက်က စစ်ရေးအရလိုက်လျောသည့် အနေဖြင့် အိန္ဒိယ ၏ ရန်သူ နာဂ သူပုန်တို့ ဘင်္ဂလားဒေ့နိုင်ငံ စစ်တကောင်းတောင်တန်း တွင်စစ်သင်တန်းတက်ရောက်ပြီးအပြန် အင်အား ၁၀၀ ကျော် မြန်မာနိုင်ငံနယ်နမိတ် အတွင်း က ဖြတ်မည်ဟူသောသတင်းကို အိန္ဒိယထောက်လှမ်းရေး က ပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုတင် ပြခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ကွပ်ကဲမှုဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင် ခြေမြန် တပ်ရင်းများစေလွှတ်ကာ တိုက်ခိုက်ခဲ့သဖြင့်နာဂသူပုန်၇၅ ယောက်ကျော်သေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိစေခဲ့ပါသည်။မြန်မာစစ်တပ်ဘက်မှ အနည်းငယ်သာထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ထိုစဉ်က လက်ရှိ နိုင်ငံတော်သမ္မတကြီး ဗိုလ်ချုပ်ကြီးသိန်းစိန် မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ၏ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel General Staff ) ဖြစ်ပါသည်။ အလားတူ နာဂ၊ ကသည်း သူပုန် တို့၏သတင်းများကို ယခင် မကြာခဏ မြန်မာစစ်ထောက်လှမ်းဌာန ကရရှိ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) သို့ တင်ပြခဲ့သော်လဲ ယခုလိုတစ်ကြိမ်တစ်ခါမျှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် ခွင့်မပြုခဲ့ပါ။ 

၁၉၉၃ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံ ကာကွယ်ရေးတက္ကသိုလ် ၌ ဗိုလ်မှူးမိုးဟိန်း ( ဗိုလ်ချုပ် မိုးဟိန်း၊အငြိမ်းစား နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ) ၊ ဗိုလ်မှူးဉာဏ်ဝင်း (ဗိုလ်ချုပ် ဉာဏ်ဝင်း၊နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်) တို့အပါဝင် မြန်မာတပ်မတော်အရာရှိများ နှစ်စဉ်သင်တန်းတက်ရောက်ခဲ့ကြပါသည်။
နာဂသူပုန်များကိုနှိမ်နင်းပေးခြင်း ကိုအကြောင်းပြု၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေးကောင်းတော့မည် ဟုထင်ခဲ့ကြသော်လဲ ၁၉၉၃ ခုနှစ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် အား အိန္ဒိယအစိုးရ မှ ၁၉၉၂ ခုနှစ်အတွက် Jawaharlal Nehru Award ကိုပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြီးအကျယ်ဒေါသထွက်ခဲ့ပါသည်။ `ဒီကုလားတွေ ကုလားမူလာမူတိုင်း မင်းတို့မယုံကြနဲ့ ၊ နောင်ဒီ ကောင်တွေတောင်းတိုင်းမပေးနဲ့တော့´ ဟုပြောခဲ့သည်ကိုသိရှိခဲ့ရပါသည်။အဲဒီနောက်ပိုင်းမြန်မာ-အိန္ဒိယဆက်ဆံရေးမှာ မြန်မာဘက်ကခပ်ခွာခွာနေခဲ့ပြီး နိုင်ငံတကာအရေးတွေ မှာ လိုအပ်သည့် ထောက်ခံမှုတွေရဖို့ကိစ္စတွေ ကြမှသာ တရုတ်နှင့်ဆက်ဆံရေး ၊ သဘာဝဓါတ်ငွေ့အရေး တွေကို အကြောင်းပြ ဆက်ဆံခဲ့ကြပါသည်။ နိုင်ငံတကာနိုင်ငံရေးပထ၀ီမဟာဗျူဟာ အရ အိန္ဒိယ ကို တရုတ် နှင့် ထိန်းညှိ (Balance) လုပ်ထားခြင်းသာဖြစ်ပါသည်။ အိန္ဒိယ သည် မြန်မာစစ်တပ်မှ သတင်းလွှင့်ထားသော မြန်မာပိုင်ကိုးကိုးကျွန်းရေဒါစခန်း ၌ တရုတ်များက အိန္ဒိယကို ထောက်လှမ်းမှုများ ပြုလုပ်နေသည်ဆိုသော သတင်းကိုယခုအထိ ယုံနေကြဆဲဟုယူဆပါသည်။နာဂ၊ကသည်း သူပုန်များနှိမ်နင်းရေး အတွက် အိန္ဒိယဘက်မှ သတင်းထပ်မံပေးခဲ့သော်လဲ ယခုအချိန်ထိအရေးယူဆောင်ရွက်ခြင်း ပြုလုပ်ရန် ခွင့်မပြုတော့ပါ။ ၁၉၉၃ ခုနှစ် နှောင်းပိုင်းလောက်ကစပြီး မြန်မာနယ်နမိတ်တွင်ရှိသော အိန္ဒိယ သူပုန်များကို အားလဲမပေး နှောက်လဲမနှောက်ယှက်သော မူကိုယခုအထိ ကျင့်သုံးနေဆဲဖြစ်ပါသည်။ ရန်ဖန်ရန်ခါ အိန္ဒိယ သူပုန်များ မြန်မာနယ်မြေမှဖြတ်၍ လက်နက်ဝယ်ယူမှုကိစ္စများ ရှိခဲ့သော်လဲ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမိန့်ဖြင့် မသိချင်ယောင်ဆောင်ခိုင်းခဲ့သည်များရှိခဲ့ပါသည်။ ၁၉၉၄ ခုနှစ်လောက်ကစပြီး ပါကစ္စတန် ထောက်လှမ်းရေး မှ လည်း မြန်မာအစိုးရအားချဉ်းကပ်ပြီး ပါကစ္စတန်တွင် မြန်မာတပ်မတော်အရာရှိများနှင့် ထောက်လှမ်းရေးများ အားသင်တန်းပေးရေး အဆင့်မြင့်အရာရှိများလည်ပတ်ရေး အိန္ဒိယနယ်စပ် အဆင့်မြင့် ဆက်သွယ်ရေးကရိယာများတပ်ဆင်ပေးရေး တို့ကိုကမ်းလှမ်းလာခဲ့မှုများရှိခဲ့ပါသည်။

၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် အေးတိအေးဆက်ဖြစ်နေသော ဆက်ဆံရေး ကို ပြန်လည်အသက်သွင်းသည့် အနေဖြင့် အိန္ဒိယ စစ်ထောက်လှမ်းရေး မှ မြန်မာနိုင်ငံဖွား ဒုဗိုလ်မှူးကြီးအဆင့်ရှိ ဂရိတ်ဝေါ မြန်မာအမည် မျိုးမြင့် ကိုစေလွှတ်၍ မြန်မာအစိုးရကိုဆန့်ကျင်သော ကရင် နှင့် ရခိုင် သူပုန်များကို အိန္ဒိယစစ်တပ်အနေဖြင့် နှိမ်နင်းပေးမည်ဟုကမ်းလှမ်းလာခဲ့ပါသည်။ အလားတူ ထိုစဉ်က မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး (ယခုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်)အနေဖြင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်ရေး အထူးကြိုးစား ခဲ့ပါသည်။ အိန္ဒိယ စစ်ထောက်လှမ်းရေး ဂရိတ်ဝေါ (ခေါ်) မျိုးမြင့် သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အိန္ဒိယ စစ်ထောက်လှမ်းရေးသတင်းပေးများအကူအညီဖြင့် ကရင် ရခိုင် သူပုန်များ နှင့် အဆက်အသွယ်ရယူခဲ့ပြီး ဘင်္ဂလားဒေ့နိုင်ငံစစ်တကောင်းတောင်တန်းတွင် သင်တန်းတက်နေသော နာဂ ၊ ကသည်း သူပုန်များအတွက် လက်နက်မှောင်ခိုဝယ်ယူရေး အသွင်ယူတွေ့ဆုံမှုများလုပ်ခဲ့သလို ကရင် ရခိုင် သူပုန်များကိုလည်း ယင်းအနေဖြင့်လှည့်ဖြားကာ နိုင်ငံရေးအရအကူအညီပေးမရောင်ရောင် စည်းရုံးသိမ်းသွင်းခဲ့ပါသည်။ မျိုးမြင့် အနေဖြင့် ယင်း၏လှုပ်ရှားမှုအသေးစိပ်ကို နှစ်နှင့်ချီ၍ မြန်မာအစိုးရ ကိုသတင်းပို့ကာ ယုံကြည်မှုတည်ဆောက်ခဲ့ ပါသည်။

၁၉၉၈ ခုနှစ်ဖေဖေါ်ဝါရီလ တွင် သက်သေပြသည့်အနေဖြင့် မြန်မာအစိုးရကိုဆန့်ကျင်သော ကရင် နှင့် ရခိုင် သူပုန်များကို အိန္ဒိယ မှ နှိမ်နင်းပေးသည်ဟု သဘောသက်ဝင်အောင် သတ်သူကိုသတ်ပြီး ဖမ်းသူကို ဖမ်းကာ မြန်မာအစိုးရ ကို ပြသခဲ့ပါသည်။ ထို့ပြင် မျိုးမြင့်၏သတင်းပေးချက်အရ မြန်မာရေပြင်နယ်နမိတ် ခရစ်စတီးကျွန်း တွင်လက်နက်များရှိသည်ဟု သတင်းများပေးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမိန့်ဖြင့် ၁၉၉၈ခုနှစ် ဧပြီလ တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ်ကြည်မင်း (ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း၊ယခုထားဝယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်မှူးချုပ်မြင့်ဆွေ (ကာကွယ်ရေးဦးစီးချုပ် (လေ) ဟောင်း ၊ဦးနေ၀င်း ၏ မြေးများကိစ္စဖြင့်အဖြုတ်ခံရသူ)၊ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ချုပ် တပ်မမှူး ဗိုလ်မှူးချုပ်မြင့်အောင် (စစ်ရေးချုပ်ဟောင်း၊ ကာကွယ်ရေးဝန်ကြီးမလုပ်လို၍အဖြုတ်ခံရသူ) တို့ဦးစီးသည့်ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး ကိုပြုလုပ်ခဲ့ပါ သည်။ ထိုစစ်ဆင်ရေးတွင် ခရစ်စတီးကျွန်း ပေါ် သစ်ခုတ် ၀ါးခုတ် ငါးဖမ်း လုပ်ကိုင်စားသောက်နေသော ခလေးငယ်များ၊ အမျိုးသမီးများ အပါဝင် သာမန်အရပ်သူအရပ်သား ၈၁ ဦးကိုဖမ်းဆီးမိခဲ့ပါသည်။ 
၁၉၉၈ ခုနှစ် မေလတွင် အဆိုပါသာမန်အရပ်သူအရပ်သား (၈၁) ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် ပူးပေါင်းစစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့ မှ ကော့သောင်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (လက်ရှိ အမှတ်(၁)လျှပ်စစ်ဝန်ကြီး နှင့် ယခင် တွဲဘက် အထွေထွေအတွင်းရေးမှူး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း) ကို အားလုံးသတ်ပစ်ရန် ဆက်လက်အမိန်းပေးခဲ့ပါသည်။ တာဝန်ယူပစ်သတ်ခဲ့သည့် တပ်ရင်းမှူး (၂) ဦးမှာ ဒုဗိုလ်မှူးကြီးစိုးတင် (အမှတ် ၂၆၂ ခြေလျင်တပ်ရင်း၊) ၊ ဒုဗိုလ်မှူးကြီးဝင်းဆွေ (အမှတ် ၄၀၃ ခြေလျင်တပ်ရင်း၊) တို့ဖြစ်ပါသည်။ထိုအချိန်က ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ၏ စစ်ဦးစီး ဗိုလ်မှူးချုပ် မှာ ဗိုလ်မှူးချုပ်မြင့်ဆွေ (ဒုဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ရန်ကုန်တိုင်ဒေသကြီးဝန်ကြီးချုပ်) ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်များပြီးနောက် အိန္ဒိယ ရေနံကုမ္မဏီများကို ရခိုင်ကမ်းလွန်ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ် ကိုင်ခွင့်များတွင် ပါဝင်ခွင့်များချပေးခဲ့ပါသည်။ တစ်ကယ် သဘာဝဓါတ်ငွေ့ များထွက်လာသည့်အခါ အိန္ဒိယ နိုင်ငံ အားဦးစားပေး၍ ရောင်းချပေးမရောင်မက်လုံများ ပေးခဲ့ပါသည်။ နယ်စပ်သူပုန်များ အရေးနှင့်ပတ်သက်၍ ကိုယ်တိုင်ဝင်ရောက် မတိုက်ပေးသောလည်း သူပုန်များကို အတိုင်တာတစ်ခုထိ အားပေးအားမြှောက် မပြုလုပ်တော့ပါ။ ဒီလိုနှင့် အိန္ဒိယအစိုးရ ကို စစ်ခေါင်းဆောင်ကြီးအနေဖြင့် မလျော့မတင်းပေါ်လစီကိုကျင့်သုံးပြီး နိုင်ငံဆကာဆက်ဆံရေးအတွက် ထောက်ခံမဲတစ်မဲ အိတ်ကပ်ထဲသို့ထည့်ထားနိုင်ခဲ့ပါသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ဗိုလ်ချုပ်ကြီးခင်ညွန့် နှင့် စစ်ထောက်လှမ်းရေးအဖွဲ့ ကိုဖမ်းဆီးပြီး ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် အိန္ဒိယနိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ အဆိုပါခရီးစဉ် တွင် မြန်မာအစိုးရ နှင့် အိန္ဒိယအစိုးရ အကြား သမရိုးကျမဟုတ်သောလုံခြုံရေးကိစ္စများပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၊ ထမံသီရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း သဘောတူညီချက် ၊၂၀၀၄-၂၀၀၆ အတွက်ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်သဘောတူညီချက်၊စုစုပေါင်း သဘောတူညီချက် (၃)ခု လက်မှတ်ရေး ထိုး ခဲ့ကြပါသည်။အဆိုပါ သဘောတူညီချက် (၃)ခု အနက် အိန္ဒိယဘက်မှနယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်စေချင်သလို၊ မြန်မာဘက်မှလည်း ထမံသီရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကိုအမြန် အကောင်ထည်ဖေါ်စေချင်ပါသည်။
၂၀၀၆ ခုနှစ် မတ်လ တွင် အိန္ဒိယသမ္မတ Dr APJ Abdul Kalam နှင့်အဖွဲ့ မြန်မာနိုင်ငံ သို့လာရောက်စဉ်အချိန်တွင်လည်း အိန္ဒိယအစိုးရ မှ နယ်စပ် နာဂ ၊ ကသည်း သူပုန်များထံ လက်နက်ခဲယမ်းများ ရောက်ရှိနေမှု တပ်မတော်ချင်းပူးပေါင်း၍ သူပုန်များအားနှိမ်နင်းလိုကြောင်း ကုလားတန်မြစ် ဘက်စုံစီမံကိန်း နှင့် စစ်တွေမြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း အမြန်အကောင် ထည်ဖေါ်လိုကြောင်း မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယ မြန်မာ ထိုင်း လမ်းမကြီးကိုအမြန် အကောင် ထည်ဖေါ်လိုကြောင်း ကွန်ပြူတာနည်းပညာများအကူအညီပေးသွားမည်ဖြစ် ကြောင်းမြန်မာနိုင်ငံရှိ သိပ္ပံဓါတ်ခွဲခန်းများအဆင့်မြင့်စေရေးအကူညီပေးသွားမည်ဖြစ်ကြောင်း e-government စီမံကိန်းများအတွက် မြန်မာအရာရှိများအား သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်း ၊ မကြာမှီကာလတွင် မြန်မာနိုင်ငံ ၌ Entrepreneurship Development Center တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း လုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံ အမြဲတန်းအဖွဲ့ဝင်အဖြစ်ဝင်ခွင့်ရရှိရန်အဆိုပြုထားချက်အပေါ် မြန်မာနိုင်ငံ မှ ထောက်ခံမှုပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း အိန္ဒိယနိုင်ငံ အနေဖြင့်လဲ မြန်မာနိုင်ငံ ကို ကုလသမဂ္ဂ ညီလာခံအစည်းအဝေးများ ILO အစည်းအဝေးများ Human Right Council အစည်းအဝေးများတွင် ထောက်ခံမှုပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟုသိရှိခဲ့ရပါသည်။မြန်မာအစိုးရ မှ ပြန်လည် ဆွေးနွေးရာ တွင် နယ်စပ်ရှိ နာဂ ၊ကသည်း သူပုန်များထံရောက်ရှိနေသော လက်နက်ခဲယမ်းများသည် ထိုင်း နှင့် ကမ္ဘောဒီးယား နိုင်ငံများ မှ လာရောက်ခြင်းသာဖြစ်ကြောင်း ရန်သူသတင်းများ ကို အသိပေးသွား မည်ဖြစ်ကြောင်း အိန္ဒိယ မြန်မာ ထိုင်း လမ်းမကြီးအတွက် မြန်မာနိုင်ငံအတွင်းတံတားကြီး ၅ စင်းတည်ဆောက် ရန် အိန္ဒိယအစိုးရ မှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ချေးငွေထုတ်ပေးစေလိုကြောင်း ကွန်ပြူတာနည်းပညာများ အကူအညီပေးရေးနှင့်ပတ်သက်၍ မန္တလေးတွင် ICT Park တည်ဆောက်ရန် အိန္ဒိယအစိုးရ မှ ငွေကြေး နှင့် နည်းပညာ အကူညီတောင်းလိုကြောင်း သံ ၊ ကြေးနီ ၊ နီကယ် သတ္တုရိုင်းများ တန်ချိန်သန်းပေါင်းများစွာ မြန်မာ နိုင်ငံအထက်ပိုင်းတွင် ထုတ်လုပ်ရန် လျှပ်စစ်ဓါတ်အားလိုပါကြောင်း ထို့ကြောင့် ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယနိုင်ငံ သို့လည်ပတ်စဉ် သဘောတူလက်မှတ်ရေးထိုးခဲ့သော ထမံသီစီမံကိန်းကို အမြန်အကောင်ထည်ဖေါ်လိုကြောင်း မြန်မာအစိုးရ၏ လမ်းပြမြေပုံကိုရှင်းပြပြီး အိန္ဒိယနိုင်ငံ အနေဖြင့် အနောက် နိုင်ငံများကိုအနှောက်အယှက်မပေးရေး တိုက်တွန်းပြောကြားပေးစေလိုကြောင်း နိုင်ငံတကာတွင် မြန်မာအစိုးရ ဘက်မှထောက်ခံ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း တို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။
၂၀၁၀ ခုနှစ် ဇူလိုင်လ ဒုတိယအကြိမ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ အိန္ဒိယနိုင်ငံ သို့လည်ပတ်သည့်ခရီးစဉ်တွင် ၂၀၁၀ ရွေးကောက်ပွဲ နှင့် အစိုးရသစ်ကို အိန္ဒိယနိုင်ငံ မှ ထောက်ခံပေးရေး၊ နိုင်ငံတကာ၏အသိအမှတ်ပြုမှုခံရ ရေးတို့ကို ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းနှင့် ယခင်အတိုင်း နောင်အစိုးရလက်ထက်တွင်လည်း ချစ်ကြည်ရေး ကို ထိန်းသိမ်းသွားရန် တို့ဖြစ်ပြီး အဓိက ခရီးစဉ်၏ရည်ရွယ်ချက်မှာ မိသားစု ဘုရားဖူး လည်ပတ်ခြင်းသာဖြစ်ပါသည်။

နှစ်ပေါင်း (၂၀) နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေး ကို လေ့လာကြည့်မည်ဆိုလျှင် အပေါ်ယံအဆင်ပြေသရောင် ထင်ရသောလည်း အမှန်တစ်ကယ်တော့ နောက်ကွယ်တွင် မရိုးသားမှုအများပြားရှိနေသည် ကို တွေ့ရမှာ ဖြစ်ပါသည်။ မြန်မာ-အိန္ဒိယ ခေါင်းဆောင်ချင်း သဘောတူညီချက်များစွာ လက်မှတ်ထိုးခဲ့ကြသော်လဲ ယနေ့အချိန်ထိ ပီပီပြင်ပြင် အကောင်အထည်ပေါ်လာသော စီမံကိန်းများမတွေ့ရသေးပါ။ အဆင်ပြေလိုက် မပြေလိုက် နှင့် ဆွေးနွေးနေသည့်အဆင့်သာရှိနေပါသည်။ အိန္ဒိယ ကလဲ ကုလားမူကုလားချွဲ လုပ်နေသလို မြန်မာစစ်အာဏာရှင် တို့ကလဲ လိမ်လိုက်ညာလိုက်လှည့်ဖျားနေ သည်ကိုတွေ့ရမှာဖြစ်ပါသည်။နှစ်ပေါင်း (၂၀) နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေး မှာတော့ မြန်မာစစ်အာဏာရှင်တို့ မရှုံးဟုယူဆပါသည် ၊ ကမ္ဘာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံ ကို အာဏာရှင်စနစ်ကျင့်သုံးသည့်စစ်တပ်အစိုးရက အရင်းအနှီးသိပ် မစိုက်ရဘဲ လက်မှက် (Ticket) တစ်စောင်ကို အိတ်ကပ်အတွင်းထည့်ထားပြီး အနောက်နိုင်ငံများနှင့်နိုင်ငံတကာ ညီလာခံများကို နိုင်ငံရေးကစားခွင့်ရခဲ့ပါသည်။ မြန်မာစစ်အာဏာရှင်တို့အနေဖြင့် တရုတ်နိုင်ငံ ၏ ထောက်ခံမှု လက်မှတ်ရရှိရန်အတွက်မူစီးပွါးရေး ၊ နိုင်ငံရေး ၊ လူမှုရေး အရင်းအနှီးများစွာပေးပြီးမှ ရသည်ကိုတွေ့ရမည်ဖြစ်ပါ သည်။မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် အိန္ဒိယ ကို အဆိပ်မရှိသော ရေမြွေ လိုသဘောထားပြီး တရုတ် ကို တော့ အဆိပ်ပြင်းသော မြွေပွေး လိုသဘောထားပြီး ဆက်ဆံကြပါသည်။
မြန်မာ-အိန္ဒိယ သည် အင်္ဂလိပ် ၏ကိုလိုနီကျွန်အဖြစ်နှစ်ပေါင်းရာချီ၍နေခဲ့ကြရပြီး လွတ်လပ်ရေး တိုက်ပွဲဝင်စဉ် အချိန်ကာလ တွင်လည်း အိန္ဒိယ ခေါင်းဆောင်ကြီးများဖြစ်သည့် မဟတ္တမ ဂန္ဒီ ၊ ဂျဝါလာနေရူး တို့သည် မြန်မာ ခေါင်းဆောင်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးနု တို့နှင့် လုပ်ဖေါ်ကိုင်ဘက်များ ဖြစ်ခဲ့ကြသည့်အပြင် ပုဂ္ဂိလ်ရေး အားဖြင့်လည်း ရင်းနှီးခဲ့ကြသူများဖြစ်ပါသည်။လွတ်လပ်ရေး ၊ ဒီမိုကရေစီအရေး တို့အတွက် အသက် ပေး၍တိုက်ပွဲ ၀င်ခဲ့ကြသူ များလဲဖြစ်ကြပါသည်။ ထို့ကြောင့် သမိုင်းကြောင်းအရ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သော မြန်မာ-အိန္ဒိယ ဆက်ဆံရေးကိုထောက်ရှုပြီး ၎င်း အိန္ဒိယ အပေါ် စိတ်ရင်းစေတနာ မမှန် လိမ်လည် လှည့်ဖျားနေ သော စစ်အာဏာရှင်တို့၏လုပ်ရပ် ကို ထောက်ရှု၍ ၎င်း ဒီမိုကရေစီစနစ် ကိုကျင့်သုံးနေသည့် ကမ္ဘာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယ အစိုးရ အနေဖြင့် မြန်မာစစ်အာဏာရှင်အစိုးရအား ထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားသုံးသပ်သင့်ပါသည်။
မြန်မာပြည်သူလူထု စစ်ကျွန်ဘ၀မှလွတ်မြောက်ရေး အိန္ဒိယ အနေဖြင့် အမေရိကန် ၊ ဥရောပ နိုင်ငံများနှင့်အတူ ၀ိုင်းဝန်း အကူညီပေးပရန် မေတ္တာရပ်ခံအပ်ပါသည်။

၂၀၁၁ ခုနှစ် ဇွန် လ (ရ) ရက်
ဝါရှင်တန်မြို့
By အောင်လင်းထွဋ်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြီးအားသမ္မတဦးသိန်းစိန်မှဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်စဲရေး လှုပ်ရှားမှုကြီးသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ် မြင့်မားစွာ နိုးကြွမှုဖြစ်ခဲ့သကဲ့သို့ အစိုးရအနေဖြင့်လည်း ပထမဦးဆုံး ပြည်သူ၏ဆန္ဒကို လိုက်လျောခဲ့ရခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်သားတပိုင်းအစိုးရအနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုသည့် သဘောထားမှ ပြည်သူ၏သဘောထားကို လက်ခံလာသည်ဟု ပြောရပါမည်။ ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် သဘောတူ လက်မှတ်ရေးထိုးခဲ့သော စာချုပ်ဖြစ်သည်။ အဆိုပါစာချုပ်ကို ဆိုင်းငံ့ပစ်ခဲ့သော သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို လေးစားပါသည်။

ယနေ့ဖြစ်ပေါ်နေသော အခြေအနေမှ ဒီမိုကရေစီခရီး ဆက်လက်လျှောက်လှမ်းရေးနှင့် ပတ်သက်၍ ယခင် စစ်တပ်၏ သဘောသဘာဝ၊ အခြေခံ ခံယူထားသည့်စိတ်ဓာတ်တို့ကို ဆွေးနွေးတင်ပြလိုပါသည်။ ယနေ့ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည်ပင်လျှင် ၁၉၇၄ ခုနှစ်မှစ၍ စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၁၉) ကို တက်ရောက်ပြီး တပ်မတော်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ စာရေးသူတို့၏ အသက်အရွယ်တန်းများ ဖြစ်ကြပါသည်။

ကျနော်တို့နှင့်ခေတ်ပြိုင် အရာရှိများသည် တော်လှန်ရေးကောင်စီခေတ်မှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ပြောင်းကာစတွင် တပ်မတော်၌ ဝင်ရောက်အမှုထမ်းခဲ့ကြသည်။ ဆိုရှယ်လစ်စနစ်၏ ဝါဒမှိုင်းအတိုက်ခံထားရသော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဘဝတို့ဖြင့် ကြီးပြင်းလာခဲ့ရပြီးမှ စစ်တပ်အတွင်း ရောက်ခဲ့ကြသူများဖြစ်သည်။ တံခါးပိတ်ဝါဒ ကျင့်သုံးစဉ် ကြီးပြင်းလာခဲ့သူများဖြစ်၍ ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့၊ ခိုင်းတာလုပ် ဆိုသည့် ဆောင်ပုဒ်ဖြင့် ခေါက်ရိုးကျိုးနေပြီး စစ်အာဏာရှင်ကြီးများ ခိုင်းတာမှန်သမျှကို တပ်မတော်သစ္စာ (၄) ချက်တွင် တချက်ဖြစ်သည့် အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်ဝတ္တရားများကို နာခံရမည် ဆိုသည်ကို လွဲမှားစွာ မှတ်ယူလိုက်နာခဲ့ကြရသူများ ဖြစ်သည်။

နိုင်ငံတကာအတွေ့အကြုံရှိသူနှင့် လေ့လာသူ စစ်အရာရှိတချို့မှလွဲ၍ အများစုသည် စစ်အာဏာရှင်ကြီးများပြောသမျှ ဝါဒမှိုင်းတိုက်မှု (Brain Wash) ကိုသာ ကြားနေရပြီး သူတို့ပြောသမျှကိုသာ အမှန်ထင်ခဲ့ကြပါသည်။ အစိုးရ၏လမ်းစဉ် မှားမှန်းသိနေသူ အရာရှိများအနေဖြင့်လည်း စိတ်ထားတူသူ အချင်းချင်းတွေ့သောအခါမှ ရှေ့နောက်ကြည့်ပြီး ပုန်းလျှိုးကွယ်လျှိုး ပြောဆိုဝံ့ကြသည်။

စစ်ထောက်လှမ်းရေးက စစ်ဘက်နယ်ဘက် အရာရှိကြီးများအပြင် စစ်ထောက်လှမ်းရေး အဖွဲ့အတွင်းမှာပင် ဖုန်းကြားဖြတ်နားထောင်ခြင်း၊ သူလျှိုများထားခြင်းဖြင့် အစိုးရပေါ်လစီအပေါ် ဝေဖန်သူများကို ထောက်လှမ်းလေ့ရှိသည်။ အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း အထူးကြားဖြတ် ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး တပ်မတော်အရာရှိကြီးများနှင့် နယ်ဘက်ဝန်ကြီးများ၊ စစ်ထောက်လှမ်းရေးများ၏ လှုပ်ရှားမှုကို တပ်မတော်ဆက်သွယ်ရေးတပ်အား တာဝန်ပေး ထောက်လှမ်းစေခဲ့သည်။ အပြန်အလှန် ထောက်လှမ်းမှုများ ရှိခဲ့ကြ၍ အစိုးရကို နည်းနည်းဝေဖန်မိသည်နှင့် ဒုက္ခရောက်သွားကြရသည်။

ယနေ့အခြေအနေကို လေ့လာသုံးသပ်မည်ဆိုလျှင် အတိတ်ကာလနှင့် မတူတော့သည်ကို တွေ့မြင်ရသည်။ တချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှန်သမျှကို နာခံခဲ့သော သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်တို့နှင့် အပေးအယူလုပ်၊ လက်ဖြင့်ချုပ်ဆိုခဲ့သော မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူတို့၏ဆန္ဒအရ ရဲရဲဝံ့ဝံ့ ခြေဖြင့်ဖျက်လိုက်ပါသည်။ အဆိုပါ အလုပ်မျိုးကို ဦးနေဝင်း ပြုတ်ပြီးနောက် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွန့်တို့ မလုပ်ရဲခဲ့ကြပါ။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဖြင့် တချိန်က မော့်၍မကြည့်ဝံ့သူ၊ မအေနှမနှင့် အဆဲသန်သူ၊ တပ်မတော်တွင် မိုက်ရိုင်းသူဟူ၍ နာမည်ကြီးသော ဗိုလ်ချုပ်ကြီးဟောင်း ရှစ်လုံး ခေါ် ယခု ဒု သမ္မတ ဦးတင်အောင်မြင်ဦးအား ယခုအခါ ပြန်ပြောဝံ့သည်ဟု သိရပါသည်။

အစိုးရဝန်ကြီး အဖွဲ့အတွင်းမှာလည်း မှားသည် မှန်သည်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်ကို မြင်တွေ့နေရပါသည်။ လက်ရှိ အစိုးရအဖွဲ့အတွင်းနှင့် တပ်မတော်အတွင်း အရာရှိ ကြီးငယ်များသည်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် များစွာခေတ်နောက်ကျနေရသည်ကို ဝန်ခံရဲသည့်သတ္တိ၊ ဝေဖန်ရဲသည့်သတ္တိများ ရှိလာကြသည်ကို တွေ့မြင်ရပါသည်။

တပ်မတော်သည် ၁၉၆၂ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၅၀ နီးပါး စစ်အာဏာရှင်ကြီးများ၏ ကျွန်ပြုခံထားရသော စစ်ကျွန်များသဖွယ် ဖြစ်ခဲ့ကြပါသည်။ ယနေ့အချိန်တွင် တပ်မတော်နှင့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များကပါ နိုင်ငံရေး အပြောင်းအလဲ လိုလားနေသည်ကို တွေ့မြင်ရပါသည်။ မပြောင်းလဲလိုသူ၊ သဘောထားတင်းမာသူများ လက်ရှိ တပ်မတော်နှင့် အစိုးရအဖွဲ့အတွင်း ရှိနေသေးသည်ကိုလည်း သတိထားရမည်ဖြစ်သည်။

မကြာသောနှစ်ကာလများအတွင်း နအဖအဖွဲ့တွင် သဘောထားပျော့ပြောင်းသူဟု နိုင်ငံတကာက အထင်ခံခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် သဘောထားတင်းမာသူများ၏ ဖိအားပေးမှုကြောင့် လက်ရှိ အခြေအနေသို့ ဆိုက်သွားရပါသည်။ ထို့ကြောင့် ထိုအဖြစ်မျိုး သမ္မတကြီး ဦးသိန်းစိန် ရောက်ခဲ့မည်ဆိုပါက မြန်မာ့နိုင်ငံရေးသည် ပိုနေမြဲ ကျားနေမြဲဘဝမျိုး ပြန်ရောက်ပြီး အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်သွားရနိုင်ပါသည်။

နွားကွဲလျှင် ကျားကိုက်မည်ဆိုသည့် မြန်မာစကားပုံကို မမေ့သင့်ပါ။ နိုင်ငံတချို့သည် မြန်မာနိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုကို မျက်စေ့ကျလျက် ရှိပါသည်။ အိမ်နီးနားချင်း တရုတ်၊ အိန္ဒိယတို့သည် စီးပွားရေးအင်အားကြီးလာသည့် နိုင်ငံများဖြစ်လာကြပြီး ပြိုင်ဘက်ရန်ဘက်များလည်း ဖြစ်ကြသည်။ စွမ်းအင်ရရှိရေးအတွက် မြန်မာနိုင်ငံကို အာရုံကျလျက်ရှိသည်။

တရုတ်နိုင်ငံဆိုလျှင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် မကျေမနပ်ဖြစ်ကာ ဗိုလ်သန်းရွှေ ကာလတလျှောက်လုံး ဘာဖြစ်ဖြစ်ထောက်ခံခဲ့ရာမှ ယနေ့ အပြစ်တင်ပြောဆိုလာသည်ကို မြင်တွေ့နေရသည်။ အိန္ဒိယအနေဖြင့်လည်း မြန်မာနိုင်ငံ၏စွမ်းအင်ကို ဈေးပေါပေါဖြင့်ရရန် စောင့်နေသည်ကို သတိချပ်စေလိုပါသည်။

စာရေးသူ ယခင်က တင်ပြခဲ့ဖူးပါသည်။ ၁၉၈၈ ခုနှစ် အရေးခင်းကာလ အမေရိကန်လေယာဉ်တင်သင်္ဘော မြန်မာရေပိုင်နက် ရောက်ရှိလာချိန်တွင် တရုတ်တို့သည် “ဝ” ကိုးကန့် နယ်မြေသို့ တရုပ်တပ်မများစေလွှတ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းအထိသိမ်းပိုက်ရေး မဟာဗျူဟာများ ချမှတ်ခဲ့ဖူးပါသည်။

အိန္ဒိယအနေဖြင့်လည်း ခြိမ်းခြောက်လာနိုင်သည့်အတွက် စစ်ရေးအရ မြန်မာနိုင်ငံ၏ ဦးတည်ရန်သူ (Potential Enemy) ဖြစ်သည်ဟု သတ်မှတ်ပြီး စစ်နည်းဗျူဟာများကို လေ့ကျင့်ခဲ့ကြရသည်။ စစ်အာဏာရှင်ကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံကြီးများ၏ လျစ်လျူရှုခြင်းခံရပြီး အိမ်နီးချင်း ၂ နိုင်ငံစလုံးကို မယုံရသော်လည်း မျက်နှာချိုသွေးနေရပါသည်။

ယနေ့ ဗီယက်နမ် ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း စသည့် အာဆီယံနိုင်ငံများပင်လျှင် တရုတ်တို့၏ရန်ကို ခုခံနိုင်ရန် အမေရိကန်၏ အကူအညီကို လိုနေကြသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့နှင့် ပြဿနာဖြစ်နေသော တောင်တရုတ်ပင်လယ်ပြင်အတွင်း Spratly ကျွန်းစုအရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအား တရုတ်နိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးရန် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးလျက်ရှိကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိဘဲ အာဆီယံနိုင်ငံများနှင့်သာ လက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုတ်ခေါင်းဆောင်များ မကျေမနပ်ဖြစ်နေကြသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသော နိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုတ်တို့ကို ရင်ဆိုင်ရန် အမေရိကန်ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။

သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုတ်အစိုးရကို အလွန်အမင်း မဆန့်ကျင်ရဲသကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရကိုလည်း ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေသည့် အခြေအနေမျိုး ဖြစ်နေသည်ဟု သုံးသပ်မိသည်။ ထို့ကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ရောက်ရှိလာပြီး သမ္မတအိမ်တော်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ နောက်ကြောင်းပြန်လှည့်မည့် အပြောင်းအလဲများ မဟုတ်ပါကြောင်း အာမခံချက်များပေးပြီး အမေရိကန်၏ အကာကွယ်ကို တောင်းဆိုနေရပြီဖြစ်သည်။

စစ်ဆိုသည်မှာ မည်သည့်အခါမှ မကောင်းပါ။ ပြည်ပစစ်ဖြစ်စေ၊ ပြည်တွင်းစစ်ဖြစ်စေ၊ ပြည်သူပြည်သားအားလုံး ဒုက္ခရောက်ကြရပါသည်။ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှုအားလုံး၊ ငြိမ်းချမ်းမှုအားလုံး ဆုံးရှုံးသွားပါသည်။ ယနေ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ကြုံတွေ့နေရသည့် ပြည်သူများ၏ဒုက္ခကို မျှဝေခံစားကြည့်လျှင် စစ်၏အနိဋ္ဌာရုံကို သိရှိနိုင်သည်။ ပြည်တွင်းစစ်ပွဲများ ရပ်စဲရေးနှင့် ပြည်ပစစ်ပွဲများ မဖြစ်ရေး လက်ရှိအစိုးရနှင့် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။

ပထမဦးစွာ အစိုးရအနေဖြင့် ကိုယ့်တိုင်းရင်းသားချင်းများအား ရိုးသားမှု၊ သဘောထားကြီးမှုကိုပြပြီး ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းကြောင်း ကြေညာသင့်သည်၊ ဆွေးနွေးပွဲများ ခေါ်သင့်သည်။ အဆိုပါ ဆွေးနွေးပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမာသမတ်ရှိသော၊ လူအများ လေးစားယုံကြည်မှုရှိသော တိုင်းရင်းသားများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စစ်ဘက်၊ နယ်ဘက် အငြိမ်းစားအရာရှိကြီးများ၊ အစိုးရတာဝန်ရှိသူများနှင့် အဖွဲ့ဖွဲ့ပြီး တာဝန်ပေးသင့်သည်။ ပြည့်အားသည် ပြည်တွင်းမှာသာရှိသည်အဆိုအရ မိမိတို့အချင်းချင်း ညီညွတ်မှုကို ပထမဦးစွာ တည်ဆောက်ဖို့လိုပါမည်။

ပြည်ပရန်များကို ကျော်လွှားနိုင်ရန် ပြည်တွင်းအင်အားသည် အဓိကလိုအပ်ပါသည်။ အနောက်နိုင်ငံကြီးများ လိုလားသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို အလုပ်ဖြင့် သက်သေပြရပါလိမ့်မည်။ အဆိုပါကိစ္စများကို အကောင်အထည်ဖော်ရန် ပြည်သူများဘက်မှလည်း သမ္မတဦးသိန်းစိန်အား နားလည်မှုတစုံတရာပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူကာ ဝန်းရံပေးဖို့ လိုအပ်သည်။ အရေးကြီးသည်မှာ သမ္မတ ဦးသိန်းစိန်အား အစိုးရအဖွဲ့အတွင်းမှ သဘောထားတင်းမာသည့်အုပ်စုက အနိုင်မရရှိသွားရေးဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဖြစ်လိုသည်များကို ဆန္ဒစောပြီး နေ့ချင်းညချင်းဖြစ်ရမည်ဟု သဘောမထားဘဲ အစိုးရ၏ ခြေလှမ်းများကို တဆင့်ချင်း စောင့်ကြည့် ထောက်ပြဝေဖန်၍ သမ္မတ ဦးသိန်းစိန်အစိုးရကို အပြုသဘောဖြင့် တွန်းအားပေး၊ တောင်းဆိုသင့်ကြောင်း တင်ပြအပ်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
ဗိုဟိန်(မြစ်မခ)
အောက်တိုဘာ ၁၁၊ ရန်ကုန်မြို့။
မိမိအကျိုး၊ ဒေသအကျိုးနိုင်ငံအကျိုးတွက် အများပြည်သူ့နဲ့အတူ တာဝန်ထမ်းဆောင်သွားနိုင်စေရန်အတွက် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြသည့် အမည်စာရင်းပါအကျဉ်းသား ၆၃၅၉ ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအပေါ် ၂၀၁၁ခုနှစ် အောက်တိုဘာလ -၁၂ ရက်မှစ၍ ကျခံနေရသောပြစ်ဒဏ်အသီးသီးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွတ်ငြိမ်ချမ်းသာခွင့်ပြုလိုက်ကြောင်း ၁၁-၁၀-၂၀၁၁ရက်နေ့နေ့လည်(၁း၀၀)အချိန်တွင် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတမှထုတ်ပြန်ပေးခဲ့သည့်အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီမှတာဝန်ရှိသူများ၊ လူမှုရေးစိတ်ပါဝင်စားသူများနှင့် စာနယ်ဇင်းအသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်များကို တွေ့ဆုံမေးမြန်းဖြစ်သည်များအား ဖော်ပြအပ်ပါသည်။

ဦးခင်မောင်ဆွေ (နိုင်ငံရေးဦးဆောင်သူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

အကျဉ်းသားလွတ်တာကိုတော့ NDFပါတီအနေနဲ့ ကြိုဆိုတာပေါ့ဗျာ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ရော၊လွတ်ငြိမ်းချမ်းသာခွင့်ကိုရော တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းသားအားလုံးကိုပေးဖို့အတွက် ပထမ အကြိမ်လွတ်တော်မှာတင်ထားတယ်၊ ၊ဒုတိယအကြိမ်လွတ်တော်မှာတော့ဦးသိန်းညွန့်တင်တာ ကိုထပ်ပြီး ဆက် ပြီးတော့ထောက်ခံပေးလိုက်တော့လွတ်ငြိမ်းချမ်းသာခွင့်အခြေခံအခြေအနေကနေပေါ်လာတယ်လို့ယူဆတယ်။

အကျဉ်းသားအားလုံးလွတ်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံးပါဝင်ရေး၊ အဲဒါကိုလိုချင်ပါတယ်။ အဲလိုဖြစ်မယ် ဆိုရင်တော့ ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတာပေါ့။ အဲလိုမဟုတ်ပဲ အကန့်အသတ်နဲ့ လွှတ်တယ် ဆိုရင်တော့ တော်တော်ကြီးစဉ်းစားရမယ့်အပိုင်းဖြစ်သွားပြီ။ အကန့်အသတ်နဲ့ လွှတ်တာကို ကျွန်တော်တို့ မကြိုက်ပါဘူး။ အကုန်လုံးလွတ်စေချင်ပါတယ်။ ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဟာ စီးပွားရေးပိတ်ဆို့တာနဲ့လဲတိုက်ရိုက်အချိုးကျနေတယ်လေ။ အမျိုးသားလူအခွင့်အရေးကောင်စီကတောင်မှ အကျဉ်းသားတွေလွှတ်ပေးဖို့ သမ္မတဆီကို စာတင်တယ်ဆိုတာ မီဒီယာတွေမှာပါနေပြီပဲ။ အကျဉ်းသား လွတ်မြောက်ရေးဆိုတာ ဒီနိုင်ငံရဲ့ လူသားအရင်းအမြစ်ပြန်လည် တိုင်းပြည်တည်ဆောက်တဲ့အခါ အသုံးချ နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ထောင်ကျနေတဲ့အကျဉ်းသား တွေရှိနေတော့ ဒါတွေအားလုံးလွတ်လိုက်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိုပါ သွားပြီးတော့ အထောက် အကူ ဖြစ်စေတာပေါ့။ စီးပွားရေးအခြေခံတွေမြှင့်တင်ရာမှာလည်း အလားအလာတွေက ပိုပြီးတော့ ဒီမိုကရေစီ အစိုးရဖြစ်တယ်ဆိုတာ ပိုမိုယုံကြည်စိတ်ချပြီးတော့ နိုင်ငံတကာဆက်သွယ်မှု၊ ကူ့ညီမှုတွေရှိလာစရာ အကြောင်းရှိတော့ နိုင်ငံရေးအကျဉ်းသား အားလုံးက လွှတ်ကိုလွှတ်မှ ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။ မလွှတ်ဘူးဆိုရင်တော့ သိပ်ပြီးတော့ အားရကျေနပ်စရာအကြောင်းမရှိဘူး။ ကြိုဆိုအောင်လည်း သတိကြီးကြီးနဲ့ ကြိုဆို့ရမယ်လို့ပြောချင်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေအားလုံးလွှတ်လိုက်မယ်ဆိုရင်တော့ ကုလသမဂ္ဂအပါအ၀င် အရင်တုန်းကလည်း ပြောဖူးပါတယ်။ အခုလည်း ပြောပါတယ်။ All Inclusive လွှတ်မြောက်ရေးဖြစ်ရမယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကလည်း အကျဉ်းသားတွေဖြစ်တယ်။ သူတို့မှာ ရပိုင်ခွင့်အားလုံးကို နိုင်ငံရေးအဆင်မပြေလို့သာ ဖြစ်နေကြရတာကိုး။ နိုင်ငံရေးအဆင်ပြေတဲ့ အနေအထားကိုရောက်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေ ( ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ) က ထောင်ထဲမှာ မရှိသင့်တော့ဘူးဆိုတာ အားလုံးလက်ခံထား တဲ့အချက်ကြီးပါပဲ။ အားလုံးလွှတ်လိုက်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားပြီးအရှိန်အဟုန်နဲ့ ဆောင်ကျဉ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မကျန်လွှတ်ပါလို့ ဒီနေရာကနေပြောချင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားလွှတ်ပြီဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်စကားနဲ့ပြောရရင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးရေစီးထဲမှာ အပြည့်အ၀ပါဝင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နောက်ပြီး လူ့အခွင့်အရေးအခြေအနေကောင်းမွန်ရေးဆိုတဲ့ အချက်(၄)ချက်ရှိတော့ နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မယ်၊ ဒေါ်စုကလည်း အခုနိုင်ငံရေးရေစီးထဲမှာပါလာပြီတော့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုက လျော့ပါးသွားပြီပေါ့ဗျာ။ ပိုမိုအရေးပါတဲ့ နိုင်ငံတကာ မိသားစုထဲကို ရာနှုန်း ၅၀ ထဲထဲဝင်ဝင် ပြန်ရောက် သွားနိုင်တဲ့ အခွင့်အလမ်းကို ရသွားလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

ဦးစိုင်းအိုက်ပေါင်း(ဥက္ကဋ္ဌ-ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)

အကျဉ်းသားလွတ်တာ ၀မ်းသာစရာပဲ၊ ကြိုဆိုရမှာပါ၊ နိုင်ငံရေးအကျဉ်းသား ဘယ်ရွေ့ဘယ်မျှ လွတ်တယ်ဆိုတာတော့ သေချာမသိသေးဘူး၊ များများလွတ်လာတယ်ဆိုရင်တော့ နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ရရှိလာနိုင်ဖို့အတွက်တော့ မျှော်လင့်တယ်၊



ဦးဟန်ရွှေ (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် -တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

နဂို့တည်းက ပါတီအနေနဲ့တော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ပုဂ္ဂိုလ်တွေဆိုတာကိုတော့ မူအားဖြင့်တော့ ဆန့်ကျင်ပါတယ်၊ တစ်ယောက်ချင်းဆိုတော့ အကျဉ်းကျပ်ဖြစ်စေတယ်၊ ဘာသာရေး ပွဲတော်ရက်လည်းဖြစ်နေတော့ ထောင်ကလွှတ်ပေးတာကောင်းပါတယ်၊ ၀မ်းလည်း သာပါတယ်၊

လက်ရှိအနေအထားမှာ အများစုက အပြောင်းအလဲဖြစ်နေတာတွေရှိတော့ သူတို့တစ်တွေ အရေးယူခံရစဉ်ကာလက အခြေအနေမျိုးတော့ မဟုတ်တော့ဘူး၊ အခုနှစ်နှစ်ဆန်းပိုင်းကနေစပြီး ဒီမိုကရေစီ Institutionတွေ ပေါ်လာပြီ၊ လုပ်နေကြပြီ၊ အပြောင်းအလဲကလည်း ထင်သာမြင်သာ ရှိလာပြီဆိုတော့ သူတို့တစ်တွေအနေနဲ့ ဒီမိုကရေစီစနစ်ကိုယုံကြည်တယ်ဆိုရင် ကိုယ်စွမ်းရှိ သမျှဝိုင်းဝန်း ကူညီမယ်လို့ မျှော်လင့်တယ်၊ မီဒီယာကဏ္ဍမှာလည်း ထိုက်သင့်သလောက် တိုးတတ် လာတော့ အရင်ကအခြေအနေနဲ့အခုလက်ရှိအခြေအနေက Spaceက ကွာသွားပြီ၊ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနိုင်ငံသစ်ကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊

အော်ပီကျယ် (ကာတွန်းပညာရှင်)

ဝမ်းသာတယ်။ ဘယ်သူတွေ လွတ်မှန်းတော့သေသေချာချာ မသိသေးဘူး၊ ရိုးရိုးအရပ်သားများပြီး တကယ်လွှတ်သင့်တဲ့လူတွေ ကျန်ခဲ့မှာ စိုးတယ်။ နိုင်ငံအတွက် အဓိက အလုပ် လုပ်ပေးနိုင်မယ့်သူ တွေပိုများလာမယ်ဆိုရင်ကြိုဆိုရမှာပါ၊ မြန်မာ့နိုင်ငံရေးကတော့ အားလုံးဝိုင်းလုပ်ရမှာပဲ၊ နိုင်ငံအတွက် စေတနာနဲ့တကယ်လုပ်တဲ့သူတွေ အနစ်နာခံလုပ်တတ်တဲ့သူတွေ လောကမှာ အများကြီးရှိနေဖို့ လိုတယ်လေ။

ကြည်မင်း (စာရေးဆရာ)

အကျဉ်းသားလွတ်ပေးပြီဆိုတော့ကောင်းတာပေါ့၊ ၀မ်းသာစရာကိစ္စပဲ၊ ခွေးလေးတွေတောင်မှ ကြိုးချည်ထားတာမကောင်းသလို၊ လူတွေကို တိုက်ပိတ်ထားတာလဲမကောင်းသလို့ နှစ်ပြည့်ဖဖ်း ထားတာ မကောင်းပါဘူး၊ အချုပ်နှောင်ခံထား၇တဲ့သူတွေ ပြန်လွတ်လာတယ်ဆိုတာ မင်္ဂလာပါ၊။မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြည့်အ၀ခံစားခွင့်ရှိမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ နိုင်ငံရေးအကျဉ်း သားတွေအနေနဲ့ လွတ်တော့လွတ်တယ် လွတ်လပ်စွာပြောဆိုလုပ်ကိုင် နေထိုင်နိုင်ခွင့်ရမယ် ဆိုရင် တော့ ပိုကောင်းမယ်၊ ခံဝန်သဘောမျိုးနဲ့ လွတ်လာတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့။

မဖြူဖြူသင်း (PLHIVဝေဒနာရှင်များအား ကူညီစောင့်ရှောက်မှုပေးနေသူ)

ဒါကောင်းတဲ့ကိစ္စပဲလေ၊ ကြိုဆိုပါတယ်။ ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့သူတွေထဲမှာလည်း တိုင်းပြည်အပေါ် အကျိုးပြုနိုင်မယ့်သူတွေ ပါနေတော့ တိုင်းပြည်အတွက် အကျိုးရှိတဲ့သူတွေကို လွှတ်လိုက်ရင် အကျိုးများ လာဖို့ပဲရှိပါတယ်၊ တိုင်းပြည်အကျိုးရှိတဲ့လူတွေ လွတ်ရင် တိုင်းပြည်တွက် အများကြီး အကျိုးရှိ တာပေါ့။ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့သူတွေ ပိုလွတ်လာရင်တော့ တိုင်းပြည်အတွက် ပိုပြီးတော့ အကျိုး ပြုနိုင်မှာပါ။

Credit :Myit Makha Mediagroup

Image shows the announcement that 6359 prisoners will walk free being read out on state-run MRTV


ရန်ကုန် အောက်တိုဘာ ၁၁


အရပ်သား အစိုးသစ် လက်ထက်တွင် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန် ကြေညာချက်ကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် MRTV 4 ရုပ်သံလိုင်း သတင်းအစီအစဉ်မှ တဆင့် ထုတ်ပြန် ကြေညာသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်သော ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် ထိုက်သင့်သော ပြစ်ဒဏ်ကျခံခဲ့ရပြီး စည်းကမ်းနှင့် အညီနေထိုင်ခဲ့သော အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) မှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။



Burmese state media announced today that 6,359 prisoners will be released tomorrow, although the number of those deemed to be ‘political’ prisoners that are included remains unclear.

A statement read out on MRTV 4 said that those released will be “of old age, suffering poor health and disability, whose moral behaviour has improved after serving an appropriate amount of time”.

It follows weeks of speculation about an impending amnesty, and a statement today from the government-backed National Human Rights Commission calling for “prisoners of conscience” to be freed.

A government source reportedly told AP that “some political detainees” would be included. Burma holds nearly 2,000 MPs, activists, journalists, monks and more behind bars, often in appalling conditions.
Souce : MRTV
လွန်ခဲ့သော လပိုင်းများအတွင်း မြန်မာ သန်းစိန်အစိုးရ ပါလီမန်ထဲတွင် ရိုဟင်ဂျာတို့၏ အခွင့်အရေးများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်မှုများရှိခဲ့ရာ ၀န်ကြီး ခင်ရီ အပါအ၀င် အခြားဝန်ကြီး အချို့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံကို ဆန့်ကျင်ပြီး အောက်တန်းကျကျ၊ လူမျိုးဘာသာ အစွန်း ရောက်သူများပီပီ ဖြေဆိုခဲ့သည်ကို တစ်ကမ္ဘာလုံး အထူးအံ့သြခဲ့လေသည်။ ယင်းကဲ့သို့ ပြောဆိုမှုကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ရောက်နေကြောင်း ပြောဆိုချက်များကို နဂိုက သံသယရှိ နေသောသူများအဖို့ သန်းစိန်အစိုးရ အနေဖြင့် ကမ္ဘာကို လိမ်ညာနေကြောင်း ထောက်ပြသက်သေထူနိုင်ရန် လုံလောက် ခိုင်လုံသော သာဓကတစ်ရပ်ဖြစ်လာရပါသည်။

ဤသည်ကိုပင်နားမလည်သော အစွန်းရောက် ရခိုင်အမျိုးသား နိုင်ငံရေးသမားဆိုသူများနှင့် RNF ရခိုင် အမျိုးသားတပ်ဦး ခေါင်းဆောင်များသည် ထိုလွှတ်တော်မှ ပြောဆိုရှင်းလင်းခဲ့သည့် အချိန်အခါကို အခွင့် ကောင်းယူ၍ ရန်ကုန်မြို့၌ အခမ်းအနားတစ်ရပ်ကျင်းပကာ Arakan ဟူသော အသုံးအနှုန်းသည် ရခိုင်အမျိုး သား ဗုဒ္ဓဘာသာဝင်များနှင့်သာ သက်ဆိုင်ကြောင်း အရှက်အကြောင်းကင်းကင်း ထုတ်ဖော်ပြောဆိုပြီး၊ ထိုအသုံးအနှုန်းကို အလွှဲသုံးစားမလုပ်ရန် တောင်းဆိုလာလေသည်။ ထိုတောင်းဆိုမှုနှင့်ကိုက်ညီသည့် ထောက်ခံပြောဆိုမှုများကို ပြည်ပရောက် ရခိုင်အစွန်းရောက်ဝါဒီများကလည်း အမျိုးမျိုးပြုလုပ်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပေသည်။ ယင်းတို့သည် ထို Arakan ဟုခေါ်သော အသုံးအနှုန်းသည် ယင်းတို့နှင့်မသက် ဆိုင်ကြောင်း ပြောဆိုပြီး၊ ၁၉ရ၄-ခုနှစ်တွင် ”ရခိုင်” ဟူသောအခေါ်အဝေါ်ကို အစားထိုးကာ ”ရခိုင်ပြည်နယ်” ဟူ၍ ခေါ်ထွင်ခဲ့သည်ကိုပင် သတိမေ့ဟန်တူလေသည်။ မည်သို့ပင်ဆိုစေ ထိုတောင်းဆိုမှုကို မှန်ကန်သော လုပ်ရပ်အဖြစ်ထောက်ခံရာတွင် သမိုင်းပညာရှင်ဆိုသူ ဒေါက်တာ အေးချမ်းက သမိုင်းဆိုင်ရာ အချက်အ လက်အချို့ကို အောက်ပါအတိုင်း လိမ်လည်ဖော်ပြလာသည်ကို လေ့လာတွေ့ရှိရပါသည်။

မိမိလိုရာကို လုပ်ကြံဖန်တီး သရုပ်ဖော်နိုင်ရန် သမိုင်းပညာရှင်ဟူသော အခွင့်အရေးကို အသုံးချပြီး မိမိအား ယုံကြည်ထောက်ခံသူများအား လှည့်စားသည့် အရေးအသားများကို သုံးသပ်တင်ပြရမည်ဆိုပါက၊ အောက် ပါ ဒေါက်တာအေးချမ်း၏ အရေးအသားကို လေ့လာကြည့်စေလိုပါသည်။

It was I, who gave a talk about the term Arakan. I clearly pointed out how this term derived from Rakhine in the Portuguese Rakan or "Arakan or Aracao giving reference to original references in Portuguese. A historian is always loyal to the truth.” (Aye Chan)

ရေးသားထားသည့် အနေအထားမှာ အလွန်သြဇာရှိပြီး၊ တာဝန်ခံမှု အပိုင်းတွင်လည်း အထက်ဖော်ပြချက် သည် ယုံမှားသံသယ လုံးဝ မရှိစေရန် အပိုင်ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဤဖော်ပြချက်မျိုးကို သမိုင်းဟု ထင်မိရန်မှအပ မရှိတော့ပါ။

အမှန်မှာ ဤဖော်ပြချက်သည် သမိုင်းပညာရှင် တစ်ဦးမှ ရေးသားသည်မှန်သော်လည်း သမိုင်းကို မုဒိမ်းကျင့် ရေးသားခြင်းသာလျှင် ဖြစ်ပေသည်။ တနည်းပြောရမည်ဆိုလျှင် ဒေါက်တာအေးချမ်းကို သမိုင်းပါမောက္ခဟု ယုံကြည်ကိုးစား နေသူများအားလည်း စော်ကားခြင်းတစ်မျိုး ဖြစ်ပါသည်။

ယခုကဲ့သို့ ဖော်ပြခြင်းကို လေးလေးနက်နက် ဆင်ခြင်မိပါက သမိုင်းမှန်ကို ထိန်းချန်လိုခြင်းတစ်ရပ်ဖြစ် ကြောင်း ရှင်းလင်းတင်ပြလိုပါသည်။

အထက်ပါ ဒေါက်တာအေးချမ်း၏ ဂုဏ်ယူဝင့်ကြွားစွာ ရေးသားသည့် အချက်ကိုထောက်ပါက မေးခွန်းထုတ်လိုသည့် အချက်တစ်ချက်မှာ- ရခိုင်ကို “Rakan သို့ Arakan သို့ Aracao ဟု ပေါ်တူဂီများက စတင်အမည်ထွင်ပေးဒါ လား၊ သို့၊ ပေါ်တူဂီများ ထိုဒေသကို မရောက်မီကတည်းကပင် ထိုဒေသကို Arakan ဟု လူသိခဲ့တာလား-ဟူသည့် အချက်ဖြစ်ပါသည်။

ဒေါက်တာအေးချမ်း၏ အလိုအရ ထို (Rakan, Arakan နှင့် Aracao) ဆိုသည့် စကားလုံးများသည် ပေါ်တူ ဂီစကားလုံး ဖြစ်သည်ဟု အဓိပ္ပါယ်ရောက်နေပါသည်။ ထိုအတိုင်းမှန်ပါက ပေါ်တူဂီများသည် ထိုဒေသသို့ မည်သည့်အချိန်ကစ၍ စတင်ရောက်ရှိခဲ့သနည်း။ လေ့လာစူးစမ်းမှုများအရ ပေါ်တူဂီများ ရောက်ရှိနေသည့် ကာလသည်၊ ၁၄၉၈-ခု ပေါ်တူဂီနိုင်ငံသား ဗက်စကိုး ဒဂါးမား အိန္ဒိယကို ရေကြောင်းအရ ရှာဖွေတွေ့ရှိခဲ့ သည့် နောက်ပိုင်းတွင် ဖြစ်ပါသည်။

ထိုမတိုင်ခင် ရခိုင်တွင် ဝေသာလီခေတ်၊ ဓည၀တီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် အစရှိသည့် အုပ် ချုပ်မှုများ မြောက်များစွာ ရှိနေခဲ့သည်။ ထိုသို့လွတ်လပ်စွာ အုပ်ချုပ်ခဲ့သည့် ဘုရင်နိုင်ငံတစ်ခုသည် အမည်မဲ့ တိုင်းပြည်တစ်ခု ဟုတ်နိုင်ပါ့မည်လားဟု စောဒက တက်ရန်လိုသည်။ ထိုကဲ့သို့ စောဒကတက်သည်နှင့်အတူ ရခိုင်ဟူသော အခေါ်အဝေါ်သည် အေးချမ်းတင်ပြသကဲ့သို့ ပေါ်တူဂီစကားလုံးမူရင်း မဟုတ်သည်ကိုလည်း ရှင်းပြရန်မလိုပေ။

အမှန်မှာ ပေါ်တူဂီများမရောက်မှီ နှစ်ပေါင်းမြောက်များစွာကတည်းက ထိုဒေသသို့ အာရဗ်ကုန်သည်များ လှည့်လှယ်ရောက်ရှိနေသော ဒေသဖြစ်ပါသည်။ အာရပ်တို့သည် အေဒီ-ဂ ရာစုမှစ၍ ရောက်ရှိနေပြီဖြစ် ကြောင်း ဒေါက်တာအေးချမ်းကိုယ်တိုင် သူ့စာအုပ်များတွင် ရေးသားဖော်ပြထားသည်။ အာရဗ်ကုန်သည်များ ၏ ခရီးသွားမှတ်တမ်းများအရ ထိုဒေသကို ယင်းတို့က Ar-Rukun ဟု ခေါ်သည်ကို တွေ့ရှိရပါသည်။ ပေါ်တူ ဂီများသည် ထိုအခေါ်အဝေါ်ကို အစွဲပြု၍ Rakan သို့ Arakan သို့ Arcao ဟု ခေါ်ထွင်ခဲ့ခြင်းဖြစ်သည်ဟု ရိုး ရိုးရှင်းရှင်း မရေးတော့ဘဲ၊ ထိုအခေါ်အဝေါ် အာရဗ်တို့မှ ဆင်းသက်သည်ဟူသော အဆိုကို ရှောင်ရှားလို သောကြောင့် ယခုကဲ့သို့ လိုရာဆွဲ ဖော်ပြခြင်းဖြစ်ပါသည်။

သမိုင်းပညာရှင်များသည် အမှန်တရားကို မြတ်နိုးသည်-ဟူ၍ ဟုတ်တိပတ်တိ ရေးသားပြီး သမိုင်းပညာရှင် တစ်ဦးအဖြစ် သူ့ကို လေးစားသူများအား လှည့်စားလိုက်ခြင်းဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

လေးစားစွာဖြင့်..

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
၁၀/၁၀/၂၀၁၁
---------------------------------------------------------------------------------
Author is co-founder of Free Rohingya Campaign (FRC)

Burma military regime shed its army uniform and came out as a civilian government has been watched by its people and the world with skepticism. The new, so called, civilian government led by former general U Thein Sein made two unexpected moves that thrilled the nation with joy and hope. One was meeting between U Thein Sein and the opposition democracy icon Aung San Suu Kyi and the other was to halt the controversial Myitsone Dam project during his five years term. Those two moves alone cannot sway away the suspicious mind towards the regime. There is no doubt that U Thein Sein government gives a new hope to the Burmese people who are waiting for real change but their hope will be evaporated if the government does not released political prisoners at the end of this year.

Previous successive military regimes used political prisoners as hostages as well as their bargaining chips. They used UN special envoy Razali Ismail by releasing ten to twenty political prisoners every time before he visited Burma as a positive move for change but the regime never released prominent and well known politicians and activist leaders finally led Razali Ismail failure on his mission for dialogue between the regime and the democratic opposition. The international governments, Burmese political parties and the United Nations have been demanding the release of political prisoners since day one when Thein Sein took the position as the President because releasing political prisoners is the main issue in proving for the genuine change. But the regime did not release them yet.

The Pyithu Hluttaw made a motion to release political prisoners and was endorsed by majority of the elected MPs and the army’s representatives, which make everyone caught by surprise. The Chair of the A Myo Thar Hluttaw (lower house), U Shwe Mahn told the visiting Norwegian Deputy Foreign Minister recently that the political prisoners will be released within days. If U Shwe Mahn really meant what he said, it would be the greatest positive news that the world yearned to hear but if he made a joke about it, the credibility of the new administration would lost again and Burma would go back to a square one.

Under General Ne Win rule, Burmese army transformed from the peoples’ army to a “Military is for the Military(Generals)” motto. The new breed of Burmese generals only knows how to use their power to gain wealth and higher promotion, not for the people at all. This kind of new trend led Burma into a slave nation under military boots. The pride and dignity of the Burmese army has been degraded for many years now, which is such a shame to our generation. Generals used to lie to its people and to the world, honor, pride and sacrifices are not in their sense of the military generals.

Shwe Mahn is from the new breed but if he tells the truth about releasing political prisoners within days, Burmese will see the genuine change soon. If nothing happens within a week, we must realize that the new regime is using the same old tricks, as ever, buying time and torturing the political prisoners mentally, breaking their spirits and hope into pieces. Without releasing all political prisoners there will be no genuine change. Burmese democratic forces need to set a bench mark for finding out whether it is a real change or not by setting up maximum waiting period to the end of the year 2011. After that, if there is no indication of releasing our comrades from various prisons, we all need to decide which path we have to choose. Even though if Daw Aung San Suu Kyi does not support the mass uprising because of her delicate situation she has been facing nowadays. Why not take our own path like in 1988? It is our duty to stand up for similar nationwide movement, that can shake the world again.

Htun Aung Gyaw

October 10, 2011
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) 

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအပေါ် ဝေဖန်နေသူများနှင့်ကြီးမားလာသည့် အရှေ့ဘက်မှ ပြည်ပအန္တရာယ် (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)အခုတလော ဒေါ်အောင်ဆန်းစုကြည် ကို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေက ဘက်ပေါင်းစုံ စွပ်စွဲမှု ပုံစံအမျိုးမျိုးနဲ့ ထိုးနှက်လာကြပါတယ်။ ဒီလိုထိုးနှက်တာကတော့ သေသေချာချာ ပြန်ဆန်းစစ်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်လုပ်လို့ မအောင်မြင်တာဖြစ်ရင် ၀ိုင်းထိုးနှက်ကြတာ မဟုတ်ဘဲ အပေါင်းလက္ခဏာ ပြလာတာမြင်ရရင် မဲမဲမြင်တာနဲ့ ကျီးကန်းအော်သလို ၀ိုင်းအော်နေတာ သိသာ ထင်ရှားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံ နေရရင် ငြိမ်နေကြပြီး လွတ်လာတာနဲ့ အာဃာတကြီးကြီးနဲ့ ငါ့စကားနွားရ ပြောဆိုစွပ်ဆွဲ နေကြတာ ထူးဆန်းနေပါတယ်။

တခါအဲဒီလိုအော်နေတာ အများစုက မိန်းမလို မိန်းမရ နံမည်တောင် မထုတ်ဖေါ်ရဲကြသူတွေက ခပ်များများပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နာမည်နဲ့ တစ်တစ်ခွခွ ဟုတ်တာရော မဟုတ်တာရောစွပ်စွဲပြီး ကိုယ်တိုင်ကတော့ ခေါင်းမှီးခြုံ အော်တော်တော်သတ္တိရှိတဲ့ လူတွေပါလား။ မိန်းမသား တစ်ယောက်ကိုတောင် သတ္တိရှိရှိ ရင်မဆိုင်ရဲကြဘူး။ ဒီပဲယင်းမှာ မှောင်ရိပ်ခို မိန်းမတွေကိုမှ သတ်ရဲတဲ့ သန်းရွှေ အဖွဲ့တွေရဲ့ လက်ထောက်တွေလို့ ပြောလို့ရနေတယ်။ မဟုတ်ဘူးဆိုရင်တောင် ဒီပဲယင်း မှောင်ရိပ်ခို မိန်းမယာဉ်တန်းကို သတ်တဲ့ စိတ်ဓါတ်နဲ့ တထေရာတည်းပါဘဲ။ ဒီလိုအောက်တန်းကျတဲ့ သူတွေဟာ လုပ်ပိုင်ခွင့်ရှိရင် အင်တာနက်ပေါ်က အော်နေတာ အားမရဘဲ လုပ်ကြံကြမယ့် လူတွေ ဆိုတာ ၀န်ခံနေတာဘဲ ။ 

အောင်ဆန်းစုကြည်ကိုမဝေဖန်ရဘူး မဟုတ်ပါဘူး။ လူဘဲ အမှားမရှိသူမှ မဟုတ်တာ။ အမှားမလုပ်ဘူး ဆိုတောင် လုပ်ရပ်တိုင်း အပေါင်းလက္ခဏာ အိုကေတွေ အမှန်တွေချည်းဘယ် ရနိုင်ပါ့မလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူပါဘဲ မှားနိုင်တယ် အရှုံးတွေရှိနိုင်တယ်။ ရှိခဲ့ပါတယ်။ ဒါအပြစ်မဟုတ်ပါဘူး။ လူတစ်ယောက်ကို product (ရလာဒ်) ကိုဘဲကြည့်တာထက် process volition@motive (စေတနာ/ရည်ရွယ်ချက်)ကို အခြေခံ သုံးသပ်ရပါမယ်။ ဒါကအခု အနောက်နိုင်ငံက ကျောင်းတွေက ကလေးတစ်ယောက်ရဲ့ မှတ်တမ်းတွေမှာ ကလေးအပေါ် သုံးသပ်ချက်ရေးရာမှာ ပြောင်းလျဲင့်သုံးလာတဲ့ သုံးသပ်နည်းဖြစ်ပါတယ်။ ရလဒ်ကိုသာ သုံးသပ်သူဟာ ပစ္စည်းတစ်ခုရဲ့ ဈေးနုန်း (price) ကိုသာ သိပြီး အဲဒီပစ္စည်းရဲ့ တန်ဖိုး (အရည်အသွေးတန်ဖိုး -value)ကို နားမလည်တဲ့သူဘဲ။ ( know the price but not the value) တနည်းပန်းချီကား တစ်ချပ်ကို ဘယ်လောက်တန်သလဲ သာကြည့်တဲ့ ပန်းချီကားကို ငွေ အကျိုးအမြတ်အတွက် ၀ယ်ယူတဲ့ အနုပညာဝယ်/ ရောင်းပွဲစား စိတ်ဓါတ်နဲ့ အနုပညာရှင်လက်ရာကို မြတ်နိုးလို့ ပန်းချီရဲ့ အနှစ်သာရကို ခံစားချက်နဲ့ တန်ဖိုးဖြတ်သူရဲ့ ဝယ်ယူမှုဟာ မနိုင်းယှဉ်ကောင်းတဲ့  ကိစ္စနှစ်ခုလိုပါဘဲ အင်မတန်ကွာခြားပါတယ်။

ၚေ

တနည်းထပ်ဥပမာပေးရရင် တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားနဲ့ သူတော်လှန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အဆင့်အတန်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေက အများကြီး ရာထူးကြီး စည်းစိမ်ကြွယ်ဝကြပြီး ဒီချေဂွေဗားရားနင့် တိုက်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေဘယ်သူတွေဆိုတာ ကနေ့ခေတ်လူတွေ သိသူခပ်ရှားရှား ချေဂွေဗားရားကတော့ ကျနော်တို့ နှလုံးသားထဲမပြောပါနဲ့ ကျေးလက်က လယ်သမားတွေတောင် ပုံလေးပြလိုက်တာနဲ့ ဒါစံပြသူရဲကောင်း။ 

ကနေ့ ဗိုလ်ချုပ်အောင်ဆန်းပုံ မြန်မာနိုင်ငံသားတွေကို အသာထားပါဦး နိုင်ငံခြားတိုင်းပြည်တွေမှာ လူအတော်များများက သိကြပါတယ်။ သန်းရွှေပုံကိုလဲ သိကြပါတယ် သိကြတာချင်းကတော့ မတူဘူးပေါ့။ သန်းရွှေလက်ထောက် ဗိုလ်ချုပ်ကြီးတွေပါဘဲ။ သူတို့ပုံတွေပြလို့က ဒီအကောင်က ဘာကောင်လဲ အမေးခံရပါမယ်။ တန်ဖိုး(value) ဆိုတာ ဒါပါဘဲ။ ရာထူးဆိုတာက price ပါ။ အဲဒီလိုကွာခြားပါတယ်။ အခု ဝေဖန်နေသူတွေဟာ productကို အချောင်ခို လိုက်လိုကြတဲ့သူတွေ ဖြစ်နေပါတယ်။ နာမည် မထုတ်ဖေါ်ရဲတာကလဲ တရက် ဒေါ်စု လုပ်ရပ်တွေ အောင်မြင်ရပ်တည်လာရင် ပြေးဖါးဖို့ စိတ်နဲ့ နာမည် မထုတ်ဖေါ်ဘဲ အချောင်နှိုက်ဖို့ စောင့်နေတဲ့ စိတ်ဓါတ်တွေပါ။ 

အောင်ဆန်းစုကြည်ကို ကျနော်က ဇွတ်မှိတ် ထောက်ခံနေတာတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့က ၈၈၈၈- လုံးစစဖြစ်ပြီး သြဂုတ်လ-၁၄ / ၁၅- ရက်နေ့မှာ ကျနော်သူ့ဆီ စတင်ဝင်ရောက် ဆက်သွယ်ပါတယ်။ စတင် ဆက်သွယ်စကထဲက ကျနော်ကလဲ ဝေဖန်စရာရှိရင် နည်းနည်း တဲ့ဒိုးဘဲ ပြောတတ်သူ အရေးအခင်းကာလ ကတော့ တကယ့်ကို တဲ့ဒိုး ပြောဖြစ်နေတဲ့ ကာလဆိုတော့ ကျနော်အမြင်မတွေ့တာ ပြောထဲ့တာပေါ့။ လူကနဂိုလ်ကတည်းက သံတမန်ရေး diplomacyကို သိရင်တောင် အဲဒီလို လှလှပပလေးတွေ ပြောရတာကို မလုပ်ချင်တဲ့သူဆိုတော့ ပြောပြီဆိုရင် တဲ့ဒိုးဘဲ။ ပထမဆုံးတည်ရတာက ဦးတင်မြ၊ ရုပ်ရှင်မင်းသားကြီးထွန်းဝေနဲ့ သူတို့နဲ့ပါလာတဲ့ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း တို့ကိုစတင် ကန့်ကွက်တော့တာပါဘဲ။ သူတို့ကလည်း ကျနော်ကို ပြန်ညစ်ပတ်ပေါ့။

ၚေ

က်ဒုတိယ ကန့်ကွက်ရတာက ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာ ရွေးတဲ့ကိစ္စ။ သူတို့က သိမ်ဖြူကွင်းရွေးတယ်။ ကျနော်က ရွှေတိဂုံအနောက်မုခ်။ ကျနော်က တစ်ယောက်ထဲ။ စကားများကြရတာပေါ့။ နောက် တစ်ခုကတော့ ဒေါက်တာမောင်မောင်က ကျောင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကိစ္စနဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ဆွေးနွေးဖို့ တိုက်တွန်းတော့ နှစ်ဖက် အမြင်ကွဲလွဲတော့ စကားပြော အဆင်မပြေခဲ့ပါဘူး။ 

နာ

တကယ်တော့ ဦးထွန်းဝေ ပြောဘူးထားတာ ရှိတယ်။ မြန်မာပြည် အမြန်ဆုံး တိုးတက်ချင်ရင် တရုတ် အမျိုးသားတွေကိုသာ စီးပွားရေး ဖွင့်ပေးလိုက်ပါ။ ဆယ်နှစ်အတွင်း ထိုင်းကို ကျော်သွားစေရမယ် ဆိုတာ ကြားဖူးထားတော့ ဒီလူတွေဟာ ဘယ်လိုလူတွေလဲဆိုတာသာ စဉ်းစားကြည့်ကြပါတော့။ သူ့အိမ်က ဘောက်ထောက် ပြည်သာယာဘက်မှာပါ... သွားကြည့်ကြပါ။ တရုတ်ရုပ်ရှင်ကားထဲကလို အိမ်အတွင်းမှာ တစ်ခန်းနဲ့ တစ်ခန်းကူးတဲ့နေရာဟာ တံခါးမဟုတ်ဘဲ အ၀ိုင်းကြီးတွေပါ။ နောက်သူ့အိမ်ကို တရုတ်တွေချည်း ဆုံမိကြရင် ဗမာစကားမပြောကြေး လုပ်တတ်တယ်ကြားဖူးတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ ပီကင်းရေဒီယိုကနေ နေ၀င်း-စန်းယု စစ်အစိုးရ အော်နေတာက သူ့ညီမလို့ပြောကြတယ်။ တရုတ်က ၁၉၉၀ ရွေးကောက်ပွဲမှာမှ မဟုတ်ပါဘူး။ ရှစ်လေးလုံးကတည်းက ဗိုလ်တင်မြ(သခင်တင်မြ)တို့ ဦးထွန်းဝေတို့နဲ့ ကြံစည်ခဲ့တာပါ။ 

နာက်ပါတီထောင်ပြီးတော့လဲ ဧပြီလ မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့တဲ့ကိစ္စတစ်ခုနဲ့ အဲ့ဒီအချိန်က လူအဝင်၊ အထွက်များတော့ အဖွဲ့ချုပ်ရုံးမှာ ဆေးလိပ်တို၊ ကွမ်းတံတွေးတွေ ဗလပွ ညစ်ပတ်နေတဲ့ကိစ္စ ကအစ ညီဖြစ်သူကနေ တဆင့် သူ့လက်ထဲကို ဝေဖန်တဲ့ စာထည့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တခါထဲဖတ်ပြီး သူလည်း မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့တဲ့စကားတခုကို သူလည်း စကားပြော လောသွားပါတယ်နဲ့ ရုံးမှာ ဆေးလိပ်၊ ကွမ်းယာကိစ္စ ပြုပြင်ပါမယ်လို့ ပြောပါတယ်။ သူက ၀န်ခံစရာရှိရင် ချက်ချင်းဝန်ခံပါတယ်။ အဲဒါကတော့ ချီးမွမ်းရပါတယ်။ ငါက လူထုတရပ်လုံး ထောက်ခံထားသူဆိုပြီး မာန မထားပါဘူး။

ဒီပဲယင်းခရီးစဉ် မထွက်ခင် ကလည်း သူနဲ့တွေ့ဆုံခွင့် တောင်းပါသေးတယ်။ တခြားလူတစိမ်း လေးဦးနဲ့ တစ်ပြိုင်တည်း တွေ့ခွင့်ပေးမယ်ဆိုလို့ မတွေ့ခဲ့ပါဘူး။ အခုလဲ သူသွားနေတဲ့ တွေ့ ဆုံဆွေးနွေးရေး ဆိုတာကို ကျွန်နော်မကန့်ကွက်ပါဘူး။ လက်ခံပါတယ်။ ဒါပေမယ့် သူလိုတော့ အချိန်ဘောင်မပါဘဲ ရိုက်ဖို့ ဒုတ်ထုတ်မပြဘဲ ပါးစပ်လေးနဲ့ တောင်းဆိုနေတာကိုတော့ လုံးဝသဘောမတူပါဘူး။ ကျနော်က ၀န်ထမ်းလစာ စစ်သည်တော်လစာ၊ နေ့စားအလုပ်သမား၊ လစာတိုးရေး လိုင်းတင်မယ်သာ အသံထုတ်လိုက်ပါ တွေ့ဆုံဆွေးနွေးရေးမှ အပလီအပလာ မပါတဲ့ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အစစ်အမှန်ရစေရမယ် တင်ပြနေသူပါ။ အမေရိကန်သမ္မတကြီး ရော်နယ်ရီဂင် စကားကိုကိုးကားပြီး TO HAVE A NICE TALK , MOVE THE WHOLE COUNTRY စကားဝိုင်း ကောင်းကောင်းဖြစ်လာဖို့ တတိုင်းတပြည်လုံးကို လှုပ်နှိုးလိုက်ပါ တင်ပြနေသူပါ။

ဆိုလိုတာကတော့ ကျနော်အမြင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အမြင်၊ ဒေါ်အောင်ဆန်းစုကြည် အလုပ်တွေ ကွဲလွဲတာတွေတော့ ရှိပါတယ်။ ခံယူချက် ကွဲလွဲမှုလည်း ရှိပါတယ်။ ဒါဒီမိုကရေစီဘဲ။ နောက်သူက တာဝန်ခံရတာက လူထုတစ်ရပ်လုံး။ အကြီးဆုံးပါတီ။ ကျနော်က တာဝန်ခံရတာ မရှိဘူး။ ရှိတာကလဲ အဖွဲ့သေးသေးလေး။ ထစ်ဆို ချထဲ့လိုက်ပြီးသား အဖွဲ့။ သေးပေမယ့်လည်း ဦးသိန်းစိန်ကို ခေါင်းခဲစေတဲ့အဖွဲ့။ ဒီလိုပြောတော့ ကြွားတယ်ပြောကြမယ်။ နေပြည်တော် အတွင်းစည်းဝန်းထဲ ၀င်ဆန့်ရင် စုံစမ်းကြည့်ပါ။ သန်းရွှေလက်ထက်က အလွန်အရေးပါတဲ့ လ/၀ကို စီမံကွပ်ကဲရသူ ဗိုလ်ချုပ်တစ်ယောက် အပါအ၀င် ဗိုလ်မှုးကြီးတွေ၊ ဗိုလ်မှုး၊ ဗိုလ်ကြီးတွေ ကျနော့်အဖွဲ့နဲ့ ဆက်နွယ်ပြီး ဖမ်းထားတာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကပါ။ လူနှစ်ဆယ်ကျော်ပါတယ်။ နာမည်တွေတော့ မထုတ်ပြန်ချင်ပါဘူး။ သူတို့အမှုကို အခုလောလောဆယ် ဒု-သမ္မတ ကိုင်တွယ်နေပါတယ်။ အထဲထဲအထိ ၀င်ဆန့်သူဆိုရင် သိကြပါတယ်။ 

အခုဝေဖန်သူတွေထဲမှာ နာမည်ဝှက်နဲ့ လူကဆိုရင် ဒီနှစ်အစပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်လို့ တစ်တစ်ခွခွ သုံးစားမရအောင် ဝေဖန်တယ်။ တနည်း ရွေးကောက်ပွဲမ၀င်ခင် ၂၀၀၈-နာဂစ်ဥပဒေကြီးကို ဒူးထောက်ခိုင်းပြီး ကာကွယ်ပါ့မယ်။ ကျိန်ဆိုခိုင်းတာကြီးကို မလုပ်ရကောင်းလား ဝေဖန်တယ်။ အဲဒီလို ပါတီမှတ်ပုံမတင်လို့ အခုဘေးရောက်နေပြီ ဘာညာ အော်တယ်။ ပြည်သူတစ်ရပ်လုံး အားထားရတဲ့ပါတီဟာဒေါ်အောင်ဆန်းစုကြည်ကြောင့် မြောင်းထဲရောက်ရပါပြီ တတွင်တွင်အော်တယ်။ သွားပြီ၊ ဘာညာပေါ့... သူ့စေတနာကို ဖေါ်ပြလိုက်ရတာ အမောသား။

အခုဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးတယ်။ အခုဆွေးနွေးရတာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်လျှောက်လုံး တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်။ ပြီးအခုဖြစ်လာတဲ့ တွေ့ဆုံရမှုကလည်း ဘယ်ဘက်က အလျှော့ပေးရတာလဲဆိုတာ ရှစ်တန်း ကျောင်းသားတွေကတောင် သိပါတယ်။ ဒီလိုတွေ့ဆုံတာဟာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို တသက်လုံး ငြင်းပယ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဘက်က ဒါပထမဆုံး လိုက်လျောလာခဲ့တာ။ ဒါဟာ ကျနော်တို့အတွက် အောင်ပွဲ။ ပြည်သူအများစုကလဲ ဆန့်ကျင်ဘက် နှစ်ဖွဲ့ပြေပြေလည်လည် ဖြစ်တာကိုဘဲ လိုချင်ကြတာပါ။ ချကြကွာ သတ်ကြကွာ ဘယ်မြင်ချင်ကြပါ့မလဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ အခုအော်နေသူတွေ ဘယ်နေရာက ပါခဲ့ဖူးလို့လဲ။ သူများကိုတော့ သတ်ကွင်းထဲ ပို့နေတယ်။ အခုဒေါ်စုကို ထိပ်တိုက်သွားရေး အော်နေတဲ့သူတွေ ၂၀၀၇-ရွှေဝါရောင် တော်လှန်ရေးမှာ ပါခဲ့ကြသလား။ ပါမပါတော့မသိဘူး သံဃာတော်တွေ အဖမ်းခံရတော့ ဆွမ်းကပ်မဲ့သူတောင် မရှိလို့ ဒေါ်ရှုဆိုတာ ပေါ်လာရတာက သက်သေခံနေပါပြီ။

အာင်ဆန်းစုကြည်ကို အဲဒီလူကဘဲ ဒီလိုတွေ့ဆုံတာဟာ လူထုကို သစ္စာဖေါက်တာပါဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို တစ်လျှောက်လုံး အသေကိုင်လာတာ။ အဲဒီတုန်းကတော့တမျိုး၊ အခုတစ်မျိုး ထပ်ရေးလာတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေး တစ်လျှောက်လုံး တောင်းလာတာ မှားပါတယ်တော့ မပြောဘူး။ အရင်ကမပြောခဲ့ဘူး။ သူ့စကားက ခုတစ်မျိုး တော်ကြာတစ်မျိုး။ ခုစာကလေးကျော် ခုဆီထမင်း။ ဒီလိုဘဲ တစ်ခြားသူအချို့လဲ ပူညံပူညံ။ တွေ့ဆုံရေးကနေ ဘာမှဖြစ်မလာနိုင်ဘူး မြင်တာ မြင်ကြပါ။ အမြင်ဆိုတာ တူရမယ် မဆိုလိုပါဘူး။ ဒေါ်စုလုပ်တာ လက်ခံရမယ် မှန်ပါတယ် လက်မခံခိုင်းပါဘူး။ တွေ့ဆုံဆွေးနွေးတာဟာ ဒါဟာ ဒေါ်စုက သစ္စာဖေါက်သွားတယ် ဆိုတာကတော့ ယောက်ျားတန်မဲ့ သစ္စာမဲ့တဲ့စကားပါ။ ဒေါ်စုက သစ္စာမဲ့တာ မဟုတ်ဘူး ဝေဖန်သူရဲ့ စကားကသစ္စာမဲ့တာ။ ဒေါ်စုက သူ တချိန်လုံး ရပ်တည်လာတာကို အခုတွေ့ဆုံခွင့် ရတော့တွေ့တယ်။ ရှင်းရှင်းလေး။ 

ၚေ

ကျနော်ဆီကို ကြပ်ပြေးကနေ အရာရှိကြီးတွေ (ဒီပဲယင်းမှာပါခဲ့တဲ့) အရာရှိကြီးတွေ ပို့ထားတဲ့မေးလ်တွေမှာ တွေ့ဆုံရေးက ဟန်ပြလုပ်နေတာ အချိန်တန်ရင် အပြတ်ကိုင်မယ်လို့တောင် ဆိုထားပါတယ်။ ပြီးကြားကနေ မနာလိုတဲ့ တစ်ဖွဲ့က ကိုင်ထဲ့တာဆိုပြီး လုပ်မယ်လို့ ဆိုထားတော့ အခုလို မနာလိုပြနေသူတွေနဲ့ ဆက်နွယ်နေမလား စဉ်းစားလာရပါပြီ။ အဲဒီလိုလုပ်ဖို့ ဂျိုသွေးပြနေကြတာလား။ အဲဒီအတွက် အဲဒီမေးလ်ကို တစ်ရက် အဲဒီအရာရှိတွေ လုံခြုံရေးကို စိတ်ချရတဲ့ တစ်နေ့ ထုတ်ပြန်ပေးပါမယ်။ သိမ်းထားပါတယ်။ အဲဒီအရာရှိကို အခုမေးလ်နဲ့ ဆက်နွယ်တဲ့ နာမည်နဲ့မေးကြည့်ပါတယ်။ အချိန်တန်ရင် ဘာဆိုတာပြောပြပါမယ်တဲ့။ မေးတာမဖြေဘူး။ ပတ်သက်နေတယ် ဆိုတာတော့ မှန်းလို့ရတယ်။

အတိုက်အခံထဲက လူတချို့ ဘယ်သူက ဘာဆိုတာ နည်းနည်းပါးပါး ပြောထားတာ ရှိပါတယ်။ သိမ်းထားပါတယ်။ အဲဒီအရာရှိကို အခုဒေါ်စုကိုဝေဖန်နေသူ ဘယ်သူဆိုတာသိချင်လို့ မေးကြည့်ပါတယ်။ အချိန်တန်ရင် ဘယ်သူဆိုတာ ပြောပြပါမယ်တဲ့.... မေးတာမဖြေဘူး။ ပတ်သက်နေတယ်ဆိုတာတော့ မှန်းလို့ရတယ်။ အတိုက်အခံထဲက လူတချို့ ဘယ်သူက ဘာဆိုတာ နည်းနည်းပါးပါးတော့ ပြောပြထားတာရှိပါတယ်။ မဲဆောက်ကဘယ်သူကို သတိထား သြစတေးလျကဘယ်သူကို မယုံနဲ့ အမေရိကားက ဘယ်ဆရာဝန် (ကျနော်မကြားဖူးသူ)က တကယ်လုပ်နေသူ စသည်တချို့ကိုတော့ ပြောပြထားပါတယ်။

ကျနော်က တွေ့ဆုံတာကို သိပ်မယုံစားဘူး။ ကျနော်နဲ့သိကျွမ်းတဲ့ လူတစ်ချို့ကိုတောင် ဒီကောင်တွေတစ်ရက် ဒေါ်အောင်ဆန်းစုကြည် ကိုအသေကိုင်မယ်လို့ သတင်းရထားတယ်ဆိုတာတွေ ပြောပြထားပါတယ်။ အခုဆိုတွေ့ဆုံရေးနဲ့ ဆက်နွယ်ပြီး သမ္မတကြီးဟာ လူထုဆန္ဒကိုမထင်မှတ်ဘဲ ဗွီတိုဆန်ဆန် သုံးပြပြီး မြစ်ဆုံရေကာတာကြီးကို တစ်ချက်လွှတ်အမိန့်နဲ့ တရုတ်တွေကိုတောင် ဆက်သွယ် တိုင်ပင်မနေတော့ သံတော်ဦး တင်မနေတော့ဘဲ ပြည်သူတွေအလိုကျ လုပ်ပေးလာတာ အင်မတန်ကို မင်္ဂလာရှိသော ခြေလှမ်းပါ။ ပြည်သူတစ်ရပ်လုံး ၀မ်းသာနေကြရတဲ့ အရေးကိစ္စပါ။ ဒါကို ဒီလူတွေက ဒေါ်အောင်ဆန်းစုကြည် မုန်းတီးရေး လုပ်လာကြတာကတော့ အထက်ကလို အသေကိုင်ဖို့ ပြင်ဆင်နေတဲ့ ခြေလှမ်းတွေဆိုတာ နဲနဲလေး စကုတ်ချဲ့ ကြည့်ဖို့ လိုလာပါပြီ။

ဒါဟာ တဖက်ကကြည့်ပြန်တော့ သန်းရွှေလုပ်ခဲ့တာဟာ သူတို့မိသားစု ကော်မရှင်ရရှိရေးက ပထမ တိုင်းပြည်ပျက်တာ ငါတို့ကိုထိတာ မဟုတ်ဆိုတဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ဟာ အမှားတွေလို့ သမ္မတကြီးက အလုပ်နဲ့ ပြလိုက်တာပါဘဲ။ မေးစရာရှိပါတယ်.. ဟာဒါဆိုရင် သမ္မတကြီးက အချိန်တန်ရင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမယ်ပေါ့...။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း အကြမ်းဖက် လုပ်ကြံတာမှာ သမ္မတကြီး မပါခဲ့ပါဘူး။ အခုလဲ အကောက်ကြံနေတဲ့ အထဲမှာ သမ္မတကြီး မသိနိုင်ပါဘူး။ ဒါက (လ/၀) ကိုကိုင်နေတဲ့ ဒု-သမ္မတကြီးနဲ့ ဗိုလ်ချုပ်သန်းဟန်၊ ဗိုလ်ချုပ်စိုးရှိန်(ယခု-ထောက်လှမ်း)တို့အဖွဲ့ တွေရဲ့ လက်ထောက်ဆီက ရလာတဲ့သတင်းပါ။

တစ်ခါ လွတ်လပ်ရေးရခါစ ကာလတွေကို ပြန်ကြည့်ရင် ဗိုလ်ချုပ်တို့ အသက်ပေးပြီး ရလာတဲ့ လွတ်လပ်ရေးကို ကွန်မြူနစ်တွေက အယုံအကြည်မရှိ ဒါသူတောင်းစား လွတ်လပ်ရေးအော်ပြီး အာဏာရရှိရေး အတွက် ဦးတည်လှုပ်ရှားလာပြီး ဆန့်ကျင်ရေးတွေလုပ်ခဲ့တာနဲ့ ခပ်ဆင်ဆင် အခင်းအကျင်း ဖြစ်နေပါတယ်။ ကွန်မြူနစ်တွေက သူတို့အာဏာရရှိရေး အဓိကထားပြီး စွပ်စွဲမှုတွေထုတ် ပြည်တွင်းစစ် ခင်းခဲ့ပါတယ်။ ၁၉၇၀-နောက်ပိုင်း တရုတ်တပ်တွေ တပ်မကြီးတွေလိုက် မြန်မာပြည်ထဲဝင်ပြီး မြန်မာ့တပ်မတော်ကို အကြီးအကျယ် တိုက်ခိုက်တော့တာပါဘဲ။ တရုတ်လက်တံတွေ ဆိုတာ သမိုင်းက ပြခဲ့ပါပြီ။ 

အခုလဲ ဆရာကြီးများက စစ်တပ်က အာဏာဖြေလျှော့လာရင် သမ္မတကြီးတွေ ၀န်ကြီးချုပ်တွေ မျှော်မှန်း ထားလေသလားတော့မသိ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချနိုင်မှ သူတို့နေရာရနိုင်မှာဆိုတော့ ဆရာတော်ဦးဇောတိက စာအုပ်ထဲကလို ကိုယ်တက်လမ်းက သူများပုခုံးပေါ် တက်နင်းရမှ ရမဲ့ဘ၀ဆိုတာ ဘာပြနေသလဲဆိုတော့ သူများဂုဏ်ကို ဖျက်နိုင်မှ ဂုဏ်က သူ့ကိုယှဉ်လို့ရမှာဆိုတာ သက်သေပြနေပြီတဲ့။ ကိုယ်ဘယ်လောက် နှိမ်တယ်ဆိုတာ ကိုယ်ဟာကို သိနေကြတာပါ။

က်တစ်ချို့ကလဲ ရှိသေးတယ် ငါက ဒေါ်အောင်ဆန်းစုကြည်တောင် အမြင်မတော်ရင် ဝေဖန်တာ ဘာညာပေါ့။ အာဂသူရဲကောင်းကြီး ပုံဖေါ်ချင်ကြတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်တန်းတစ်စားထဲ ဖြစ်အောင် ကိုယ့်ဟာကို ထွင်နေကြတာသူလဲ ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဘဲ သူ့စကားကို လန့်နေရသလိုလို သူ့ကို သိပ်အလေးထား နေရသူအဖြစ် ပုံဖေါ်သူချင်ကလဲ မရှားပါ။ တစ်ခါတစ်ခါ ဒေါ်အောင်ဆန်းစုကြည် နေရာမှာ နေကြည့်တယ်။ တိုင်းပြည်အတွက်သူ့ရဲ့ ပေးဆပ်မှုတွေဟာ လူအများ ထင်သာ၊ မြင်သာတာတွေထက် တစ်ခြား အများကြီး ရှိနေပါသေးတယ်။ ထပ်ပြောပါမယ်။ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည် ချီးမွှမ်းခန်းကိုလည်း တစ်ခါမှ မရေးဘူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ဝေဖန်တာတွေ အင်တာနက်တွေပေါ် မတင်ပေမဲ့ တခါတလေ အားမလို အားမရဖြစ်ရတာတွေကို မိတ်ဆွေတွေနဲ့ ဝေဖန်ပါတယ်။ ကိုဒီမိုဆီကိုတောင် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဒါ ဒါ လုပ်နေတာ မကြိုက်ဘူး၊ အားမရဘူး ဝေဖန်ပါတယ်။ နောက် ၀က်ဆိုဒ်တွေ ဘလောက်တွေကို ဖွင့်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည် ပုံဗန်းပြ (လိုသည်ထက် ပိုတယ်ထင်ရင်) အဲဒီဝက်ဆိုဒ် ဆိုမဖွင့်တော့ဘူး။ ၀က်ဆိုဒ်ဝင်တာ သတင်းအမှန် အဖြစ်အပျက်အမှန်တွေ သိချင်လို့ဝင်တာ။

နာ

ဒီလိုပြောလို့ ကျနော်ဟာ ကိုယ်ကိုကို အထင်ကြီးမှု လွန်နေတယ် မထင်ပါနဲ့။ ဒီလိုဒေါ်အောင်ဆန်းစုကြည် ပုံတင်နေသူတွေဟာ ကိုယ်တိုင် စစ်ဗိုလ်ချုပ်တွေကို ဘယ်လိုတိုက်ရမယ် ကိုယ်တိုင် မကြံဆကြတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆီက ဘာညွန်ကြားမလဲဘဲ မျှော်နေတတ်ကြတယ်။ ဘောင်ထဲက ထိုင်စောင့်နေတဲ့လူတွေ ဖြစ်နေတော့တယ်။ ဒေါ်စုက ဒါဆိုရင်လဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အသေလိုက် လုပ်ချင်ကြတယ်။ ဒီလိုလူတွေဟာ နောက်လူတစ်ဦးရဲ့ နိုင်ငံရေးကိုလဲ ဒေါ်စုနဲ့ အမြင်တူသလားဆိုတာနဲ့ တိုင်းဆလာချင်ကြတယ်။ ဒေါ်စု နောက်ဘယ်လောက် လိုက်မလဲဆိုတာနဲ့ တိုင်းဆချင်ကြတယ်။ နောက်ဆုံး ဒေါ်စုနဲ့ ဘယ်အတိုင်းအတာာအထိ ခင်မင်မှုရှိသလဲက နိုင်ငံရေး ပေတံလေးလိုလုပ် တိုင်းတာချင်တာလေး လုပ်လာချင်ကြတယ် ။

ဒါဘာဖြစ်သလဲဆိုတော့ ရန်သူက ဒေါ်အောင်ဆန်းစုကြည်ကို မဆော်ဆော်အောင် ရေလာမြောင်းပေး လုပ်နေကြမိမှန်းမသိ လုပ်မိလျှက်သား ဖြစ်နေကြတာတော့ မစဉ်းစားကြမိကြဘူး။ ကျနော်တို့ကဘာမှ မကြံဆတတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် က ဒိလိုလုပ်ဆိုမှ လုပ်တတ်တာ လုပ်ပြနေတော့ စစ်ဗိုလ်တွေကို မျက်စပစ်ပြလိုက်တာဘဲ။ ကျနော်တို့ လှုပ်ရှားမှုကို ငြိမ်အောင်တားချင်ရင် ဒေါ်စုကိုသာ ထိန်းထားလိုက် ခါးကျိုးနေတဲ့မြွှေလို၊ လေဖြတ်နေတဲ့လူလို ဖြစ်ပြီလို့ ပြနေတာဘဲ။ တကယ်က အဖွဲ့ချုပ်ဝင်တိုင်းရော အဖွဲ့ချုပ်မဟုတ်သူ နိုင်ငံရေးလှုပ်ရှားသူ အားလုံး နီးနီးဟာ ကိုယ်ပိုင် ခြေသွေးခြေစရှိနေရပါမယ်။ ဘောလုံးအသင်း တစ်သင်းဟာ အားကစားသမား ၁၁-ယောက်တင် မကဘူး ကျန် အရံလူတွေပါ ခြေစခြေန ထက်နေမှ အဲဒီဘောလုံးအသင်းဟာ ဖလားဆုကို လှမ်းနိုင်ပါမယ်။ ပီလီ တစ်ယောက်ထဲ မက်ဆီ တစ်ယောက်ထဲကိုသာ အားထားနေရင် မက်ဆီ ကိုအသေ၀ိုင်းဆော်အောင် လုပ်ပေးသလိုဖြစ်နေမှာပေါ့။ ၁၉၆၆- ကမ္ဘာ့ဖလားပွဲ (အင်္ဂလန်မှာ) အင်္ဂလန်အသင်းက နောက်ခံလူက ကမ္ဘာကျော် ဘောလုံးသမားကြီးပီလီရဲ့ ဒူးဂေါင်းကို အသားလွတ် ကန်ထဲ့လိုက်တယ်။ ထွက်သွားရရှာတယ်။ ဘရာဇီးအသင်း တစ်ပြေးနေပေမဲ့ ကွာတားဖိုင်နယ်ကနေ ထွက်သွားရပါတယ်။ ဘောလုံးသမားတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ ထက်နေရင် မက်ဆီကိုချည်း ၀ိုင်းကပ်ထားလို့ မရတော့ဘူး။ မက်ဆီကို ပိုလှုပ်ရှားနိုင်အောင် ဘောလုံးသမားတိုင်း အရည်အသွေးရှိနေဖို့ လိုပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးရုံ တင်မကတော့ဘူး သမ္မတကြီးဦးသိန်းစိန်ကိုပါ ၀န်းရံပေးဖို့လိုလာပါပြီ။ သမ္မတကြီးဟာ စစ်ဗိုလ်ချုပ်ဟောင်းဆိုတာကို ခေတ္တဖျောက်ထားပြီး အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေကို တလေးတစား အရေးတယူလုပ်တာကို လက်ငင်း လုပ်ရပ်ကို အခြေခံသုံးသပ်ရပါမယ်။ သူဟာ မြစ်ဆုံရေကာတာကြီးကို သန်းရွှေလက်အောက်မှာတုံးကတော့ ထုံးစံအတိုင်း ဘယ်တုပ်တုပ် လှုပ်ရဲပါ့မလဲ။ လှုပ်မယ်တောင် မကြံရဲပါဘူး။ အခုတရုတ်ကို သောက်ရေးတောင် မလုပ်တော့ဘဲ တစ်ဖက်သတ် ရပ်ပစ်လိုက်ပါတယ် (စကားရိုင်းတာ ခွင့်လွှတ်ပါ။ ဒီအကောင်တွေကို စကားယဉ်ယဉ်ပြောလို့ မရလို့ပါ)။ ဒါကျနော်တို့ ပြည်သူတွေအတွက် ဧရာမအောင်ပွဲကြီးပါ။ တရုတ်ဘက်ပါ သဘောတူလို့ လုပ်ပေးရတာထက် တရုတ်ကို သောက်ရေးကိုမလုပ်ဘဲ တဖက်သတ် ဆော်ထဲ့လိုက်တယ်။ သိပ်ကြိုက်သွားတယ်။ ဒီ တစ်ဘို့ထဲ ကြည့်တတ်တဲ့ အကောင်တွေကို မတိုင်ပင်တာကိုက သိပ်အရသာရှိလှတဲ့ အောင်ပွဲဘဲ။ ဘာမှစားရတာ မဟုတ်ဘဲ တစိမ်စိမ့် အရသာရှိလှတဲ့ အောင်ပွဲ။

ာ်ဖို့ပြောလာရင် လျော်လိုက်။ ကျုပ်တို့လဲ နိုင်သလောက် ထဲ့ဝင်မယ်။ တစ်ပြားတချပ် မဟုတ်ပါဘူး။ တခုဘဲရှိတယ်။ လျှော်ကြေး စကားပြောလာရင် နောင်တရုတ်နဲ့ ရွှေမဟုတ်ဘူး စိန်ထွက်မယ်ဆိုရင်တောင် ဘာလုပ်ငန်းမှ အသစ် မလုပ်ဘူးသာ အစိုးရက ကတိပြုပါ။ ကတိပေးပါ။ သမ္မတကြီး ဒီငါးနှစ်သက်တမ်းပြီးတောင် နောက်ထပ်ငါးနှစ် ထပ်လုပ်ဖို့ ထောက်ခံမဲထဲ့ပါဦးမယ်။ ကျုပ်က တရုတ် မုန်းတီးရေးသမားတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတ္တသိပ်လွန်ကဲရင် ဘယ်လူမျိုးမဆို မုန်းတယ်။ လူမျိုးနဲ့မဆိုင်ဘူး။ သူတို့ လျော်ကြေး စကားပြောလာရင် ကျုပ်တို့ကလည်း ပါးရိုက်ရင် နားကိုက်ပြပါမယ် နားအုံကြီးပါ ပြုတ်ကျလာအောင် ကိုက်ပြရပါမယ်။

လျာ်


အခုတရုတ်က သန်းရွှေလို ပြည်သူ မထောက်ခံတဲ့ အာဏာရှင်ကို တစ်ချိန်လုံး ကျောထောက်နောက်ခံတွေ လုပ်ပေးပြီး မြန်မာအစိုးရကို သူတို့ တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ် အကျိုးစီးပွားကို အာမခံရမယ်လို့ လူပါးဝတဲ့အထိ လုပ်ထားပါတယ်။ ဒါဟာ သန်းရွှေဟာ သူ့နောက်မှာ ပြည်သူရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေရသူမဟုတ်တော့ သူကိုကျောထောက် နောက်ခံပြုပေးတဲ့ တရုတ်အစိုးရကို ကျေးဇူးဆပ်မှုအနေနဲ့ ဗမာပြည်သူတွေနဲ့ နောက်ပိုင်းဝင်လာတဲ့ မြန်မာစကားမတတ်တဲ့ တရုတ်လူမျိုးတွေ အထိကရုဏ်းဖြစ်ရင် မြန်မာပြည်သူတွေကို ထိထိရောက်ရောက် သတ်ပေးပါမယ် ကတိပြု ပေးလိုက်ရတာပါ။ 

်သူလူထုနဲ့ ရန်သူဖြစ်နေရမှုရဲ့ အကျိုးဆက်အဖြစ် တရုတ်ကို ဒူးထောက်ထား ခဲ့ရတာတွေပါ။ တရုတ်ကို ဒူးထောက်ပေးပြီး တိုင်းပြည်ရဲ့ လည်မြိုကို တရုတ်က ကြိုးကွင်းစွပ်တာကို လက်ခံခဲ့တာပါ။ တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားခဲ့တာထက် ဆိုးသွားပြီ။ သမ္မတကြီး လက်ထက်မှာ အဲဒီလို တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ် အကျိုးစီးပွားကို အာမခံရမယ် ဆက်တောင်းဆိုနေရင် ဒါဟာ ဒီသဘောတူညီချက်ကို အကြောင်းပြုပြီး တရုတ်က ကျနော်တို့နိုင်ငံကို ကျူးကျော်လို့ ရအောင် ဒီယုံမြင်လို့ ထက် ဒီိယုံကိုမရ ရအောင်ဖမ်းဖို့ ခြုံထွင်တာလို့ဘဲ မြင်ပါတယ်။ အဲဒီ့ သဘောတူညီချက်တွေကို ပြန်ဖျက်သိမ်း ပေးရပါမယ်။

ည်

ထပ်ပြောပါမယ်။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဖျက်သိမ်းပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးတိုင်းပြည်နဲ့ လူမျိုးကို လည်ပင်းကို ကြိုးကွင်းအစွပ် ခံထားရတာဖြစ်တဲ့ တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ်နဲ့ အကျိုးစီးပွားကို အာမခံ ပေးပါမယ်ဆိုတဲ့ သန်းရွှေတရုတ်ကို ဒူးထောက်ခဲ့တဲ့ သဘောတူညီချက် ကတိကို သမ္မတကြီး လက်ထက်မှာတင် ပြန်လည် ရုတ်သိမ်း ပေးစေချင်ပါတယ်။ ဖျက်သိမ်းပေးရေးမှာ အလွန်မှ အရေးကြီးသော အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။ ဒီအတွက် တကယ်အမျိုးသားရေး အန္တာရယ်အဖြစ် ကြိုတင်မြင်တဲ့သူတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို ၀န်းရံပေးကြရပါမယ်။

ြေ
ပရပါဦးမယ်။ ကျနော်တို့ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း(က) - (၁၉၇၄-နှစ်ခန့်က) တုန်းက (မတ္တရာနယ်ကလို့ ထင်တယ်) လူတစ်ဦး။ သူကလက်နှစ်ဖက် ပြတ်နေတယ်။ လူကလူမိုက်ဆိုတော့ ဓါးခုတ်ခံထားရလို့ လက်ပြတ်နေတာ။ တစ်ရက် တခြားသူတဦးက သူ့ကိုဓါးနဲ့ ၀င်ထိုးတယ်။ သူက ရှိတဲ့ လက်တိုတိုနဲ့ အဲ့လူကိုဝင်လုံးပြီး နားအုံကို ခဲထားတာ ဟိုလူကကြောက်ပါပြီ အော်နေတာကို လွှတ်မပေးဘူး။ နောက်ရဲတွေက ဖမ်းပြီး ရိုက်နှက် လွှတ်ခိုင်းတယ်။ ရဲတွေရိုက်လေ သူကပိုခဲလေဆိုတော့ ဟိုလူက သူ့ကိုမလုပ်ကြပါနဲ့ အော်ပြီးတောင်းပန်ယူရတယ်။ မန္တလေးဆေးရုံကို ယူလာတယ်။ သူကဆေးရုံထဲအထိ မလွှတ်သေးဘူး။ တနေ့ကုန်ခဲထားတာ။ ဆေးရုံကြမှ ဆရာဝန်တွေက မေ့ဆေးထိုး ပြီးဖြေယူရတယ်။

ပြာ

ရုံကျတော့ အချုပ်ခန်းထဲ အတူတူထားတာကို ဟိုဓါးနဲ့ထိုးတဲ့လူက စိမ့်ကြောက်နေတော့တာ။ ဟိုလက်တိုကလည်း နဲနဲရှိ ထပ်ချပြမယ် ကြိမ်းနေတာ။ အဲဒီလိုမိုက်ကြစမ်းပါ။ အခုကျနော်တို့ဟာ တကယ်လွှတ်လပ်မှုကို အစစ်အမှန် လိုချင်သူတွေ မိမိကရော ဘာလုပ်နိုင်သလဲ။ ဘယ်လို စီမံချက်ရှိသလဲ။ ပြည်သူကိုချပြလေ။ ဒေါ်စု လုပ်နေတာထက် ပိုကောင်းတာ ဘာရှိလဲ ချပြလေ။ ဒေါ်စုချက်တဲ့ ထမင်းဟင်းက လွှဲချော်နေတယ်ထင်ရင် ကိုယ်ကဘယ်လို (ဟင်း ဘယ်လိုအစပ်) စီစဉ်ထားတယ် ချပြလေ။ ဒေါ်စုချက်တာ မဟုတ်ဘူး လွှဲတယ် မှားတယ် သက်သက် အော်နေတာကတော့ ဒါအရူးတွေပြောနေကြ လုပ်လေ့လုပ်ထအလုပ်ပါ။ အတ္တလွန်ကဲပြီး အရူးကြီးအဆင့်အထိ မရောက်ဘဲ အခဲမကြေ တတ်သူတွေ စိတ်ဓါတ်တွေ ဆိုတာလောက်တော့ သတိလေးကပ်ကြပါဦး။ ခင်ဗျားတို့ မြင်ထားတား ကြံစည်ထားတာကမှ ပိုကောင်းတယ်ထင်ရင် ပြည်သူကိုချပြပါ။ ပြည်သူတွေကလည်း လွတ်လပ်မှုကို အမြန်လိုချင်နေတာမှ နောက်တစ်နေ့ကိုတောင် မကူးချင်ကြတော့ဘူး။ ငတ်ပြတ် ကြပ်တည်းခဲ့ရတာ တနှစ်မဟုတ်ဘူး။

ဆး

ကျနော်လဲ နိုင်ငံရေးလုပ်သူပါ။ ကိုယ်လုပ်တာမှ ဟုတ်တယ်လို့ အထင်မထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာတွေကိုလဲ အားမရတာတွေလည်း ရှိတာပေါ့။ အမြဲတွေ့ဆုံဆွေးနွေးရေးဘဲ လုပ်နေတာ တချို့ဟာတွေ ကျနော်လဲ အားမရတာတွေရှိပါတယ်။ တွေ့ဆုံရေးကို တောင်းနေတာကို မကျေနပ်ဘူး။ တောင်းဆိုနေရုံမဟုတ်ဘဲ တွေ့ဆုံရေး ပေါ်လာအောင် ဖန်တီးယူရမယ်လို့ မြင်တဲ့သူ။ အခု ၂၀၁၀ လွှတ်လာပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းသောနည်းနဲ့ မရရင် အကြမ်းနည်းလမ်းကို ပယ်မထားဘူး။ လိုအပ်ရင် ထိပ်တိုက်နည်း သွားသင့်ရင် သွားရမယ် ပြောလာတာကိုက တွေ့ဆုံရေးကို ဖြစ်ပေါ်လာစေတာလို့ဘဲ မြင်ပါတယ်။ အစောကြီးကထဲကိုက အဲဒီလို ကြိမ်းဝါးစေချင်နေတာပါ။ အခုကြိမ်းဝါးတာမှ အသာလေး။ ဘယ်လောက်အထိ တာသွားသလဲ။ အခုဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတာ သွားနေတာ ကျနော် အလိုချင်ဆုံး နည်းလမ်းပါ။ တကယ်တမ်း ချကြတော့ ၈၈၈၈- လုံးမှာ ကျနော်ထိပ်က ပါခဲ့တာပါ။ ရွှေဝါရောင်တော်လှန်ရေးမှာ အခုအော်နေသူတွေ ဘယ်နေရာက ပါခဲ့ဖူးလို့လဲ။ သူများကိုတော့ သတ်ကွင်းထဲ ပို့နေတယ်။ အခုဒေါ်စုကို ထိပ်တိုက်သွားရေး အော်နေတဲ့သူတွေ ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးမှာ ပါခဲ့ကြသလား။ အခု ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးကို ဗွီဒီယိုပေါ်က ကြည့်ရတော့ ကျနော်တော်တော်လေး သွေးပျက်တယ်။ ပါးစပ်က သူများကိုတော့ ချချ အသုံးပြုချင်တယ်။ နောက်ဆုံး သံဃာတော်တွေ အဖမ်းခံရတော့ ဆွမ်းကပ်မဲ့သူတောင် မရှိလို့ ဒေါ်ရှုဆိုတာ ပေါ်လာရတာက သက်သေပါ။

လမ်းမှာ တခြားသူတစ်ဦးနဲ့ ကိုယ်နဲ့ ပြဿနာတက်တယ် ဆိုပါတော့။ သူ့လက်ထဲမှာ ဓါးနဲ့။ ကိုယ်က လက်ဗလာ။ ကိုယ်ခံပညာကလည်း မတတ်။ ရန်ဖြစ်ကြကြေးဆိုရင် ကိုယ်က ခံရမဲ့ဘက်က များနေတယ်။ ဒီတော့ အေးအေးဆေးဆေး ဖြေရှင်းတာကို ရွေးမလား ချကြကြေလုပ်မလား။ ရှင်းရှင်းဘဲ.. တကယ်လဲ ဆေးကျောင်းသား ဘ၀က ဓါးသုံးလက် လူလေးယောက် ကျနော်ကို ၀ိုင်းချမယ် လုပ်တယ်။ လိမ္မာပြရတာပေါ့။ အဟီးအဟဲ လုပ်ခဲ့ရတာပေါ့။ မဟုတ် အခုဆို အရိုးတောင် ဆွေးနေလောက်ပြီ။ နောက်နေ့မှ ကိုယ်ကလည်း ကိုယ့်လူမိုက်နဲ့ သွားဖြေရှင်းရတာပေါ့။ မနိုင်ရင် လိမ္မာပြရမှာဘဲ။ မန္တလေးက လူထုဦးလှရဲ့တူ ဒေါက်တာ(ဦး)ဇော်ဝင်းတို့ ကျနော်ဘက်က ပါပေးတယ်။ ကိုဇော်ဝင်းက ကျနော် လူမိုက်လုပ် လမ်းသရဲတွေနဲ့ ရန်ဖြစ်လာရင် ပြေလည်အောင် ရှင်းပေးရတာနှစ်ခါ။ သူ့ကျေးဇူးကျနော့်မှာ အများကြီး။

နောက် အခုဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးတဲ့လူက ဆိုထားသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးတာ ထုတ်ပြန်ပေးရမယ်လေး ဘာလေးနဲ့။ နှစ်ဘက် သဘောတူညီချက်ဆိုတာ ရှိထားရင် ဒါမလုပ်ရဘူးလေ။ သူကိုယ်တိုင်ကတော့ နာမည်တောင် ကျနော်တို့လို ဗြောင်မထုတ်ဖေါ်ရဲဘူး။ ကိုယ်တိုင်ကတော့ ခေါင်းမြှီးခြုံထားပြီး အားမနာ၊ ပါးမနာ သဘောတူထားတာတွေ ထုတ်ဖေါ်ရမယ်တောင်းဆိုရဲတာ အံ့ပါရဲ့။ ရှက်တတ်ရင်ပေါ့။ အဲဒါပါဘဲ။ ဒီလူတွေဟာ ကျွန်တော်ကို ကြပ်ပြေးက အရာရှိကြီး သတင်းပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းလင်းရေးအတွက် ဆိုင်းတီး နေကြသူတွေလား။ ကျနော်အတိအကျ မပြောတတ်။ မရိုးသားတာကတော့ သေချာတယ်။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် စန်းကို မနာလို နေကြသူတွေလား.. ၊ စစ်တပ်က မွေးထားသူလား တွေးစရာတွေအများကြီး။ သူတကယ်တောင်းဆိုရမှာက သန်းရွှေနဲ့ ဆွေးမျိုးပေါက်ဖေါ် တရုတ်ကြီးတွေ ချုပ်ဆိုထားတာတွေကို ထုတ်ပြန်ဖို့ တောင်းဆိုရမယ်ဆိုတာ မစဉ်းစားမိလို့လား။ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဆွေးနွေးထားချက်ကို သိချင်တာပေါ့။ အဲဒီဆွေးနွေးထားချက်ထဲက သန်းရွှေနဲ့ တရုတ်ကြီး ချုပ်ဆိုထားတာ နှစ်ခုထဲက တစ်ခုဘဲပြမယ်ဆိုရင် ကျနော်ကတော့ တရုတ်နဲ့ ချုပ်ဆိုထားတာတွေက သေရေး၊ ရှင်ရေးတမျှ ခေါင်းစားနေရတဲ့ကိစ္စ။ အဲဒါတွေကိုပဲ ပိုသိချင်တယ်။ ရှင်းရှင်းပဲ။ တွေဝေတောင် မနေနိုင်ဘူး။

အဲဒါပါပဲ။ အခုရေးနေတဲ့ လူတွေဟာ ကြပ်ပြေးကအရာရှိကြီး သတင်းပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းလင်းရေးအတွက် ဆိုင်းတီးနေကြသူတွေလား ဆိုတာ ကိုယ်တိုင်သာ တွေးဆကြည့်ကြပါတော့။ ကျနော်အတိအကျ မပြောတတ်ပါ။ မရိုးသားတာကတော့ သေချာတယ်။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စန်းကို မနာလိုနေကြသူတွေလား။ စစ်တပ်က (ခေါင်းမာသူအုပ်စုက) မွေးထားသူလား။ မသိဘူး။ တရုတ်အစိုးရက ကျနော်တို့ ဒီမိုကရေစီရသွားမှာ အထူး ပူပန်နေတာကတော့ တနေ့ကပအိုဝ့် အမျိုးသားခေါင်းဆောင် ဦးခွန်ဥက္ကာကို တရုတ်က ပြောလိုက်တာလေး ပြန်ဖတ်ကြည့်ရင် တရုတ်က ဒီမိုကရေစီ ဖေါ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့တွေကို ဘယ်လောက်ကြိတ် ဒေါသထွက်နေတာ မြင်ယောင် ကြည့်တတ်ရင်ပေါ့။ တရုတ်က ကချင်ခေါင်းဆောင်တွေ ကုလသမဂ္ဂကို အကူအညီတောင်းတာကို မကျေနပ်နေတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်.... တွေးသာကြည့်ပါတော့။

းစရာတွေအများကြီး။ စစ်တပ်ကိုလဲ သမ္မတကြီးက အပြည့်အ၀ တာဝန်ယူနိုင်တာ မဟုတ်ဘူး။ သူခမျာ သူဟာသူတောင် မီးစင်ကြည့် ကနေရရှာတာ။ အာဏာက အားလုံး ကြားနေကြတဲ့ အတိုင်း သဘောထား ပျော့ပြောင်းသူ တစ်အုပ်စုနဲ့ သဘောထား တင်းမာသူ တစ်အုပ်စု။ ပြီးနိုင်ငံဥသျှောင် ဆိုတာက ရှိသေး။

တွး

ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတကြီးကိုပါ ၀န်းရံကြပေးကြရပါမယ်။ သမ္မတကြီးခမျာ လုပ်ပိုင်ခွင့်က သိပ်ရှိရှာတာမဟုတ်ဘူး။ အခုစစ်တပ်ထဲမှာကို ဗိုလ်ချုပ်တွေ စစ်သည်တော်တွေ မိသားစု ပြဿနာ တင်ပြတာလေးနဲ့တင် အကုန်ဖြုတ် ဖမ်းလုပ်နေတာ။ အာဏာက သန်းရွှေလက်ထဲမှာ ရှိနေတုန်း။ အခုတရုတ်က ဒီထက်ပို မာပြလာရင် ကျနော်တို့ ကလည်း အစွယ်ထုတ် ပြကြရပါမယ်။ အခုလိုဝိုင်းဝန်းကြရမယ့် အချိန်မှာ ဘာမဟုတ်တာကို ဆွဖွနေသူဟာ ရန်သူဘဲ။ ဒေါ်စုရန်သူမို့ ကျနော်ကရန်သူလို့ ပြောတမဟုတ်ဘူး။ ဒီလိုအရေးကြီးချိန်မှာ သွေးခွဲစကားပြောနေတာ ရန်သူမှ ရန်သူအစစ်။


၁၉၄၉- ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်း တောက်လောင်နေချိန်မှာ အဖွဲ့အမျိုးမျိုးကွဲနေတဲ့ လက်နက်ကိုင် အင်အားစုတွေ အားလုံးဟာ မိမိအချင်းချင်း တိုက်ခိုက်နေတာတွေ ဘေးချိတ်ပြီး နယ်ချဲ့ အလိုတော်ရိ အဖွဲ့တစ်ခုကို ဘုံရန်သူအဖြစ် ၀ိုင်းတိုက်ခဲ့သလို အခုကျနော်တို့ အပေါ်ကောင်းပြလာတဲ့ သမ္မတကြီးအစိုးရကို မာပြလာတဲ့ ကျနော်မြန်မာတိုင်း သမိုင်းတစ်လျှောက် စစ်ပွဲကြီးတွေ အကြိမ်ကြိမ်နွှဲခဲ့ရတဲ့ တရုတ်ကို ဘုံရန်သူအဖြစ် မမြင်နိုင်သူဟာ တရုတ်ဒလန် ဖြစ်ဖို့များနေပါပြီ။ ဒီလိုသမိုင်းတစ်လျှောက် ရန်သူကြီးနဲ့ ရင်ဆိုင်လာရချိန်မှာ သွေးခွဲမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်နေသူဟာ သူ့ဟာသူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အစာမကြေတာလေးကို ရှိနေရင်တောင် ခေတ္တခဏ မအောင့်ထားတာဟာ တရုတ်ရဲ့ သူလျှိုဒလန်လို့သာ အပြတ်ကို သတ်မှတ်ရပါမယ်။ တကယ့်အရေးကြီးချိန် သွေးနီးကြရမဲ့အချိန်မှာ တစ်လျှောက်လုံး အကောက်ကြံ သတ်ဖြတ်လာခဲ့တဲ့ စစ်အစိုးရကတောင် လက်တွဲလာချိန်မှာမှ တမင်တကာ ဖွနေတာဟာ သွေးရိုးသားရိုး မဟုတ်လောက်ဘူးဆိုတာ တွေးဆရပါတော့မယ်။ 

သန်းရွှေရဲ့ဘော်ဘော် ဆွေမျိုးပေါက်ဖေါ်ကြီးက မြစ်ဆုံရေကာတာကိစ္စ တရားရုံးကနေ လျှော်ကြေးအများကြီး တောင်းဖို့ကြံလာရင် အစိုးရအနေနဲ့ အပြတ်သာ ရင်ဆိုင်စေချင်ပါတယ်။ လျော်စရာရှိတာ လျော်မယ်။ ပြီးရင် အပြတ်ပဲ ပြည်တွင်းက စီမံကိန်းမှန်သမျှကို ဘယ်တရုတ်ကိုမှ လုပ်ငန်းလုပ်ကိုင်ခွင့် မပေးဖို့ကို သမ္မတကြီးနဲ့ အစိုးရကို တောင်းဆိုတာ လုပ်ကြရပါမယ်။ အထူးသဖြင့် ငွေမည်းတွေ၊ မူးယစ်ဆေးတွေဟာ တရုတ်တွေ ထုတ်လုပ် တရုတ်တွေလက်ကနေ လာနေတာဖြစ်ပြီး အခု မြန်မာငွေဈေး ကမောက်ကမ ဖြစ်ရတာဟာ ဒီငွေမည်းတွေကလဲ အတော်လေး သက်ရောကစေခဲ့တာပါ။

တစ်ခါ မြန်မာပြည်ဘွား ဋ္ဌာနေ တရုတ်အချင်းချင်းတောင် ကြည့်မရတဲ့ နောက်ပိုင်းရောက်လာတဲ့ မြန်မာစကားတောင် မတတ်တဲ့ တရုတ်တွေဟာ ငွေမည်းတွေကို ငွေဖြူပြဖို့ လုပ်ငန်းကို ဟန်ပြသဘောလဲလုပ် တစ်ချက်ခုတ် နှစ်ချက်ပြတ် မြန်မာတွေလုပ်သမျှ လုပ်ငန်းအားလုံးကို သိမ်းကျုံး ၀င်ရောက် ယှဉ်ပြိုင်ကြလေတော့ ရိုးရိုးသားသား လုပ်ကိုင်သူတွေဟာ မယှဉ်ပြိုင်နိုင်ကြတော့ပဲ လုပ်ငန်းတွေ ရပ်ဆိုင်းကြရပြီး အခုဆို လုပ်ငန်းမှန်သမျှ နောက်ပိုင်း ဝင်လာတဲ့ တရုတ်နဲ့ လူမျိုးခြားတွေလက်ထဲမှာ ဘဲရှိနေပါတော့တယ်။ ဒီကိစ္စကို အမျိုးသားရေး အော်နေတဲ့ အစိုးရကို တင်ပြကြရပါမယ်။ လုပ်ငန်းတစ်ချို့ကို တိုင်းရင်းသား စစ်စစ်တွေ အတွက် ကန့်သတ်တာ လုပ်ထားဖို့ လိုနေပါပြီ။ အခုဆိုရင် မြန်မာပြည်ရဲ့ စီးပွား၇၅-%ဟာ ရန်သူလက်ထဲ ရောက်နေပါပြီ။ အင်မတန် စီးပွားတောင့်တင်းတဲ့ ခိုင်မာပါတယ်ဆိုတဲ့ သြစတြေးလျမှာတောင် စီးပွားရေးတွေကို အော်ဇီကို ရောက်နေတဲ့ တရုတ်တွေက နံမည်ခံ ၀ယ်ယူမှုတွေ ရှိလာတာကို အခုဖေါ်ထုတ်နေပါပြီ။ ဒါသူတို့က ရေမြေအဝေးကြီး ကနေ ကြိုတင် ကာကွယ်နေကြပြီ။ 



ကျနော်တို့က နယ်နိမိတ်ချင်း ထိစပ်နေပြီး သန်းရွှေက သူအာဏာတည်မြဲရေးအတွက် ၁၉၀၀-နှစ်များဆီက တရုတ် စစ်ဗိုလ်ချုပ်ကြီး ယွမ်ချီကိုင်ဟာ ဒေါက်တာဆွမ်ယက်ဆင်ကို တန်ပြန်နိုင်ဖို့ ကျူးကျော်သူ ဂျပန်အစိုးရကို လျှို့ဝှက်ပြီး ဒူးထောက်တဲ့ စာချုပ်ချုပ်ဆိုထားတာနဲ့ တစ်ပုံစံထဲဖြစ်နေပါတယ်။ တရုတ်တစ်နိုင်ငံလုံး တစ်မျိုးသားလုံး ပထမကမ္ဘာစစ်ကြီးဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို တရုတ်အစိုးရက ပါဝင်လက်မှတ်ထိုးဖို့က ဂျပန်ရဲ့ သဘောတူညီချက်နဲ့  ဆန့်ကျင်မှု ဖြစ်နေတော့ ခက်နေပါတယ်။ နောက်ဆုံး ၁၉၁၈- မေလ ၁၀-ရက်နေ့မှာ တရုတ်ကိုယ်စားလှယ်က ဂျပန်နဲ့ ချုပ်ဆိုထားမှုကို ဖွင့်ဟ၀န်ခံလိုက်ရပါတယ်။ မေ-၁၁-ရက်နေ့မှာ တရုတ်သတင်းစာတွေမှာ ပါလာပြီး မေ-၁၂-ရက်နေ့မှာ တရုတ်တစ်မျိုးသားလုံး တိုင်းပြည်တစ်ခုလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီလိုလျှို့ဝှက်စာချုပ်မျိုးကို သူတို့က တစ်ခါကျနော်တို့ အပေါ်လုပ်လာတာ အင်မတန် ကိုယ်ချင်းစာတရား မရှိတာပြတာပါဘဲ။ ဒီမှာလဲ ရှမ်းတရုတ်ဆိုပြီး မလှိမ့်တပတ်တွေကို ပြတ်ပြတ် ခွဲခြားဖို့လိုလာပါပြီ။ တရုတ်ဆိုလဲ တရုတ်ပေါ့။ ရှမ်းဆိုလဲ ရှမ်းပေါ့။ လိမ်ဖို့တော့မကြံနဲ့။ ဒီခေတ်က DNA စစ်လို့ရတယ်။ ဒီလိုမလှိမ့်တစ်ပတ်လုပ်လာခဲ့တာ အမျိုးသားရေး ဦးနေ၀င်းလက်ထက် ကထည်းကပါ။ ခင်ညွှန့်လက်ထက်မှာ အများကြီး ခိုးဝင်လာကြပါတယ်။ ဖေါ်ထုတ်ဖို့ မခက်လှပါဘူး။ ဆန္ဒနဲ့ ဒါကို အမျိုးသားရေး တာဝန်လိုမြင်ဖို့ကသာ အဓိကပါ။ ဋ္ဌာနေမြန်မာ လူမျိုးတွေနဲ့ တသားတည်းကျနေတဲ့ ဆိုးတူကောင်းဖက် တရုတ် လူမျိုးတွေကို မဆိုလိုပါဘူး။ 

အချုပ်အနေနဲ့ အခုလိုထမိီခြုံ အော်ဟစ်နေသူဟာ ဘယ်သူဆိုတာ အားလုံး အထူးသတိထားဖို့ လိုလာပါပြီ။ ဒါဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို တိုက်နေတာ မဟုတ်တော့ပဲ နွားကွဲပြီး ကျားဆွဲအောင် သွေးထိုးနေသူလို့ မြင်တတ်ဖို့ လိုနေပြီဖြစ်ကြောင်းနဲ့ တရုတ်အစိုးရဟာ ဒီမိုကရေစီကို အသေမုန်းသူတာရယ် နိုဘယ်လ်ဆုရှင်ဆိုရင် အသေမုန်းသူ ဆိုတာလောက်တော့ နိုင်ငံရေး စကားပြောနေသူတိုင်း မသိပါဘူးဆိုတာ ငြင်းမရတဲ့အချက်ဆိုတာ တင်ပြရင်း....

အားလုံးကိုလေးစားလျှက်

Credit :  ဒေါက်တာလှိုင်မြင့်

China, Myanmar agree to cooperate on suspended joint hydropower project


သတင်းဘာသာပြန်

BEIJING, Oct. 10 (Xinhua) -- China and Myanmar on Monday agreed to properly settle matters related a suspended joint hydropower project in Myanmar, and both sides pledged to increase cooperation and work toward bringing mutual benefits to the two nations.

တရုတ်ပြည်သူသမ္မတနိုင်ငံ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတို့ တို့မှ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်သောကိစ္စရပ်များကို ပြေလည်စွာ ဖြေရှင်းရန်အတွက် တနင်္လာနေ့တွင် သဘောတူညီခဲ့ကြပါသည်။ နှစ်ဖက် ကိုယ်စားလှယ်များမှ ရှေ့ဆက်၍ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရန်နှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းနိုင်မှုကို ရှေ့ရှု၍ လုပ်ကိုင်ရန် ကတိပေးပြောကြားကြပါသည်။

The agreement was reached in Beijing during talks held between Chinese Foreign Minister Yang Jiechi and his Myanmar counterpart U Wunna Maung Lwin, who is visiting China as a special envoy of Myanmar President U Thein Sein.

ထိုသဘောတူညီချက်မှာ တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယန်ဂျေချိ နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှ အထူးစေလွှတ်သော မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ပီကင်းမြို့တွင်း တွေ့ဆုံဆွေးနွေးရာမှာ ရရှိစေခဲ့ခြင်းဖြစ်ပါသည်။

According to a press release issued by the Chinese Foreign Ministry after the talks, the two sides have conducted a thorough consultation over the Myitsone hydropower plant project, which was ordered to be suspended by Myanmar's president.

တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှာ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် နှစ်ဖက်နိုင်ငံများမှ မြစ်ဆုံ ရေးအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ သေချာစွာ စီစစ်မှုများဖြင့် စတင်ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှာ ထိုစီမံကိန်းကို ဆိုင်းငံ့ခဲ့ပါသည်။


The two foreign ministers also exchanged views on bilateral relations and other issues of common concern, with both voicing commitments to push forward the bilateral comprehensive and strategic partnership in a bid to achieve joint development, said the press release.

နှစ်ဖက် နိုင်ငံခြားရေးရာ ဝန်ကြီးများမှ နှစ်နိုင်ငံခြား ဆက်ဆံရေးနှင့် ပတ်သက်သော အမြင်များကို ဖလှယ်ဆွေးနွေး၍ ရှေ့တွင် ပူးပေါင်းပါဝင်ကာ လုပ်ကိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များအတွက် ကတိကဝတ်များ အမြင်များ ရှေ့လုပ်ငန်းစဉ် များကို ချမှတ် နားလည်ခဲ့ပါသည်။

=========================

မြစ်ဆုံ ကို ဆက်လက် လုပ်ကိုင်မယ်လို့တော့ မပါပါဘူး။ ဒါပေမဲ့လည်း သံတမန် ဆက်ဆံရေးအရ ထုတ်ပြန်တာ ဖြစ်ပြီး ဒီပြသာနာအတွက် တဖက် နဲ့ တဖက် ဘာတွေ တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးရသလဲဆိုတာကိုတော့ ရှင်းလင်းစွာ မပြောထားတာ ဖြစ်ပါတယ် ခင်ဗျာ။ ပုံမှန်အားဖြင့်တော့ အခုလို ဆိုင်းငန့်ခြင်းက တစ်ခေါက်တည်းနဲ့ တော့ အဆင်မပြေတတ်ပါဘူး ဆက်လက်ပြီးတော့ စကားပြောရအုန်းမှာပါ။


ဘာသာပြန်သူ.. မောင်ခြိမ့်(MMCP)
Credit : Dawnmanhon
A top US official on Monday said there are 'dramatic developments under way' in Myanmar, where the military-backed government has shown increasing signs of political reform. 

Kurt Campbell, US Assistant Secretary of State for East Asian and Pacific Affairs, said there had been 'very consequential dialogue' between democracy icon Aung San Suu Kyi and the leadership. 

He told a Bangkok lecture that while concerns remain, "it is also undeniably the case that there are dramatic developments under way". 

President Barack Obama's administration, which has pursued both diplomatic engagement toward and continued sanctions against Myanmar, has welcomed signs of political change in the Southeast Asian nation. 

But it has stopped short of changing its stance on the country amid continuing concern over the country's 2,000-odd political prisoners and over human rights abuses in conflicts with armed ethnic minority rebels. 

''We have made clear our desire to see continued progress on issues such as prisoner releases," said Campbell. 'We will match their steps with comparable steps.' 

Campbell made his remarks as Myanmar government officials said that a prisoner amnesty which would include political detainees was imminent. Rights groups have long said is that the release of political prisoners is essential. 

In a recent surprise move last month, Myanmar President Thein Sein ordered work on a controversial $3.6 billion mega dam to stop after rare public opposition to the Chinese-backed hydropower project. 

Resistance to the Myitsone Dam on the Irrawaddy River has been building as pro-democracy and environmental activists test the limits of their freedom under the new nominally civilian regime. 

The decision to halt the project was the latest in a series of actions apparently aimed at reaching out to critics of the government, which came into power in March after the first election in two decades, held in November. 

Thein Sein, a former general who shed his uniform for the election, has also held talks with opposition figurehead Suu Kyi and has surprised many by promising a range of political and economic reforms, although sceptics argue nothing has yet been done that could not be easily reversed. 

Suu Kyi for her part has said she believes Thein Sein genuinely wants to push through reforms, but cautioned it was too soon to say whether he would succeed. 

The United States has in particular welcomed the leadership's dialogue with the Nobel peace laureate. It praised the dam decision, saying it showed the military-backed leadership was listening to its people. 

Campbell was one of several top US State Department officials to hold rare talks with Myanmar's Foreign Minister Wunna Maung Lwin in Washington recently. 
Credit : AFP

မြင်ကွင်းထဲမှာ ဝေဝါးနေသေးသော အရာများကို ကြည်လင်ပြတ်သားလာစေရန် မှန်ပြောင်းငယ်ကို တဖြည်းဖြည်းချင်း လှည့်ကာ ချိန်ယူလိုက်မိသည်။ လိုအပ်သော ကြည်လင်ပြတ်သားမှုကို ရသွားသောအချိန်မှာ ခလုပ်ကို နှိပ်ချလိုက်သည်။ စူးရှသော မီးပွင့်တချက်လင်းလက်သွားပြီး ပုံရိပ်တခုကို အမိအရ ဖမ်းဆုပ်လိုက်နိုင်သည့်အတွက် ကျေနပ်သွားသော အပြုံးကို ပြုံးလိုက်သည်။ 
အကုန်ရောင်းတဲ့ မူဝါဒ

Sold Out English Web Version



ဆရာဒေါက်တာဦးသိန်းလွင်နှင့် ဆရာဦးသိန်းနိုင်တို့ကို RFA မှ ဆရာဦးသစ်ဆင်းက တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေး မေးမြန်းထားချက်ဖြစ်ပါတယ်။
အပြောင်းအလဲတွေ တွေ့လာနေရတယ် လို့ ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေမှာတော့ ပြောသံဆိုသံ သိပ်မကြားရသေးဘဲ ရှိနေပါတယ်။ မြန်မာပြည် ပြောင်းလဲချင်တယ်ဆိုရင် ပညာရေး ပြောင်းလဲမှုကို လည်း ဦးစားပေးအဆင့်မှာ ထားရှိသင့်တဲ့အကြောင်း အခုတပတ် တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဦးသစ်ဆင်းက စီစဉ်ဆွေးနွေး တင်ပြထားပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးပါရဂူ ဒေါက်တာသိန်းလွင်၊ ထိုင်း-မြန်မာနယ်စပ်မှာ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆရာဦးသိန်းနိုင် တို့ ဖြစ်ပါတယ်။
}}} အသံဖိုင်ယူရန်။

Credit :RFA အင်တာဗျူး

 Written by လူထုစိန်ဝင်း>>
 
'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမယ့် 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့်ရေးထိုက်တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်းသမားဆိုတာ ရှိနေရတာ မဟုတ်လား။

ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိပ်ချိန်မှာတောင် တိုင်းရေးပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြအိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စမှန်သမျှ ကိုယ်တိုင်ဆုံးဖြတ်ရတာဖြစ်လေတော့ တာဝန်သိပ်ကြီးပြီး စိုးရိမ်ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲမှာထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်းထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်း စာတွေကို အားကိုးအားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။

ထမင်းစားရေသောက်သလို
သတင်းစာဆိုတာက လူ့လောကအတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ်မျှသမျှ ရေးသားဖော်ပြကြတာဖြစ်လေတော့ သာမန်အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိသွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေးပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ်ထမင်းစားရေသောက်တဲ့ အလုပ်တွေလုပ်သလို တာဝန်တစ်ရပ်အဖြစ် သဘောထားပြီး မဖြစ်မနေဖတ်ဖို့ လိုအပ်တယ်။ သတင်းစာမဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ခေါင်းဆောင် ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။

ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသဖို့အတွက် ခေါင်းဆောင်တွေအပါအ၀င် တိုင်းသူပြည်သားအားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ်ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်း အရာအလိုက် ဆစ်ပိုင်းပြီး ခွဲခြမ်းစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာဖတ်သူတိုင်းဟာ အားလပ်နေကြသူတွေ မဟုတ်ကြဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာပြတဲ့အတွက် အချိန်ကုန်သက်သာပြီး အများကြီး အထောက်အကူဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာသမားတိုင်း ဒီကိစ္စကို အထူးအလေးထား လုပ်ဆောင်ကြရတယ်။

ကျန်နေတဲ့ အားအင်ကလေးနဲ့
အသက်ခုနစ်ဆယ်ကျော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ သက်တမ်းအရပြောရရင် နောက်ဆုံးဆယ်စုနှစ်ထဲ ရောက်နေပြီလို့ပြောရမှာပါ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြုတ်ခနဲ ကြွေကျသွားနိုင်တယ်။ ဒီအချိန်မှာ ပိုက် ဆံရဖို့တို့၊ နာမည်ကြီးဖို့တို့ မလိုတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ အားအင်ကလေးနဲ့ တိုင်းကျိုးပြည်ကျိုး အများအကျိုးကို သယ်ပိုးထမ်းရွက်လိုတဲ့စိတ်ပဲ ရှိပါတော့တယ်။ ဒီစိတ်ကလေးနဲ့ပဲ ရေးသင့်တယ်ထင်တာလေးတွေ ရေးနေပါတယ်။ အခု ရေး မယ့်ကိစ္စကလည်း ဘယ်သူ့အပေါ်မှာမှ အမြင်မကြည်လင်လို့ မဟုတ်ပါဘူး။'ပညာရှိသတိဖြစ်ခဲ' မဖြစ်စေချင်လို့ပါ။

တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်းစာတွေကို အားကိုးအားထား ပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ် .. .


အာဏာရှင်စော်နံ
သတင်းမီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ်လုပ်တဲ့အခါတိုင်း သမ္မတကြီးဦးသိန်းစိန်အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့စကားသံတွေလည်း ကြားကြားနေရတဲ့ အတွက် ရေးဖြစ်တာပါ။ အဲဒီစကားသံတွေကတော့
''သမ္မတကြီးညွှန်ကြားတဲ့အတိုင်း''
''သမ္မတကြီးပြောကြားတဲ့အတိုင်း''
''သမ္မတကြီးဆုံးဖြတ်တဲ့အတိုင်း'' ဆိုတဲ့ အသံတွေဖြစ်တယ်။ ဒီစကားတွေက အရာရာကို သမ္မတကြီးတစ်ယောက်တည်းရဲ့သဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုကရေစီလမ်း ကြောင်းလိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ အာဏာရှင်စနစ်အောက်မှာဆိုရင်တော့ နားလည်နိုင်တယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။

အမြော်အမြင်ရှိသူ

သမ္မတကြီးဦးသိန်းစိန်ဟာ အမြော်အမြင်ရှိပြီး စိတ်နေသဘောထား ပြည့်ဝသူဖြစ်တယ်လို့ သိရှိထားပါတယ်။ ဒီမိုကရေစီစနစ်ကို လိုလားသူလို့လည်း ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုဆန်လွန်းပြီး အာဏာရှင်အနံ့အသက်မကင်းတဲ့ ဒီလိုချီး ပင့်မြှောက်စားပြောစကားမျိုးကို နှစ်သက်လိမ့်မယ်လို့ မထင်ဘူး။အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တို့၊ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ ကျင့်သားရအောင် သုံးသင့်တယ်။

အပ်ကြောင်းထပ်အောင်သုံး

အစိုးရဘက်ကတင် ဒီစကားမျိုး သုံးနေတာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေဘက်ကလည်း ဒီစကားမျိုးကို အပ်ကြောင်းထပ်အောင် သုံးနေကြတယ်။ ဆေးခန်းဖွင့်ပွဲလုပ်တာလည်း ''အန်တီစုညွှန်ကြားချက် အရ'' ၊ ပရဟိတကျောင်းဖွင့် စာသင်တာလည်း ''အမေစု တာဝန်ပေးချက်အရ''၊ စာကြည့်တိုက်ဖွင့်တာလည်း ''အန်တီစု လမ်းညွှန်ချက်အရ'' ဆိုတာမျိုးချည်း ကြားနေရတယ်။ ဒီစကားတွေကြားရတော့ တစ်ခေတ်တစ်ခါက ဘောလုံးပွဲနိုင်တာလည်း ''ဥက္ကဋ္ဌ မော်ခေါင်းဆောင်မှုကြောင့်''၊ ရေနံ တွင်းတွေ့တာလည်း '' ဥက္ကဋ္ဌမော်ကြောင့်''၊ မီးရထားလမ်းဖောက်နိုင်တာလည်း ''ဥက္ကဋ္ဌမော်ကြောင့်'' ဆိုတဲ့ အသံတွေညံနေအောင် ကြားခဲ့ရတာကို ပြန်အမှတ်ရမိတယ်။

အရိယာမဟုတ်

ဒေါ်အောင်ဆန်းစုကြည်လည်း ဥာဏ်ပညာကြီးသူ၊ စိတ်နှလုံးဖြူစင် သန့်ရှင်းသူ၊ တရားရှိသူဖြစ်တယ်ဆိုတာ နည်းနည်းလေးမှ ယုံမှား သံသယမရှိပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့နေရာမှာလည်း အံ့မခန်းလောက်အောင်ကို ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုတာ အရိယာတွေမဟုတ်ကြဘူး။ ပုထုဇဉ်တွေသာ ဖြစ်ကြတယ်။ ပုထုဇဉ် လူသားမှန်သမျှ ချီးပင့်မြှောက်စားမှုမှာ သာယာတတ်တယ်။ ကောင်းတဲ့စကားကို ကြားလိုတယ်။ ဂုဏ်ပြုခံရရင် ၀မ်းသာပီတိဖြစ်တတ်တယ်။ ဒါသဘာဝဖြစ်တယ်။

ငါမှငါ

ချီးပင့်မြှောက်စားမှုကတစ်ဆင့်တက်ရင် ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှု လွန်ကဲလွန်းရင်၊ ကိုးကွယ်ခံရသူမှာ ငါမှ ငါဆိုတဲ့ အတ္တစိတ် ကြီးထွားလာလေ့ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှောင်ရှားနိုင်အောင် အထူးသတိထားကြဖို့ လိုအပ်ကြောင်း သတိပေး ရေးသားလိုက်ပါတယ်။
 
Credit :Eleven Media
Rohingya Exodus