Latest Highlight

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၀ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့အဝေးပြေးကားပေါ်မှာ လိုက်ပါလာသူ အစ္စလာမ် ဘာသာဝင်တွေကို တနင်္ဂနွေနေ့ ညနေပိုင်းက တောင်ကုတ်မြို့ခံတွေက သံတွဲ၊တောင်ကုတ် ကားလမ်း ဆုံမှာ တားဆီးသတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားပုံကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။

“ညနေ လေးနာရီခွဲလောက်က သံတွဲကရောက်တဲ့ကား၊ ရိုးမသစ္စာကားပေါ်မှာ မွတ်စလင် ဗလီဆရာ ၇ ယောက်ပါလာတယ်။ အဲဒါ သူတို့ကို တောင်ကုတ်ကအဖွဲ့တွေ ကားထဲမှာပဲ သတ်မယ်၊ ဖြတ်မယ်ဆိုလို့ ကားဂိတ်ကအတင်း ကားကို ထွက်ခိုင်းတာနဲ့ ကားကထွက်သွားတယ်၊ ထွက်သွားလို့ လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်သွားကြပြီးတော့ သံတွဲလမ်းဆုံမှာ ကားကို ရပ်ခိုင်းပြီး ဗလီဆရာတွေကို ဝိုင်းပြီး ရိုက်သတ်ပစ်လိုက်ကြ တယ်။ ဗလီဆရာတွေက ၇ ယောက်၊ ကားမောင်းတဲ့ ဒရိုင်ဗာနဲ့စပယ်ယာ ၂ ယောက်ပေါ့နော်။ ”

နောက်ဆုံးရတဲ့ သတင်းအရဆိုသတ်ခံရသူစုစုပေါင်း ၁၀ ယောက်ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ယောက်အပါအ၀င် တောင်တွင်းကြီးမြို့က ၆ ယောက်၊ မြောင်းမြမြို့ က ၂ ယောက်တို့ ဖြစ်တယ်လို့ တခြားဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ ရမ်းမြဲမြို့နယ် ကျောက်နီမော်ရွာက မသီတာထွေးခေါ် ရခိုင်အမျိုးသမီးတယောက် ကို မေလ ၂၈ ရက်နေ့က အစ္စလာမ်ဘာသာဝင် လူငယ် ၃ ယောက်က အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မသီတာထွေး သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်မှာ ကျောက်နီမော်ရွာ၊ ရမ်းဗြဲမြို့နဲ့ ကျောက်ဖြူမြို့က လူထုက ကန့်ကွက်ဆန္ဒပြတာတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။

တောင်ကုတ်မြို့မှာ သတ်ဖြတ်မှုမဖြစ်ပွားခင် မနက်ခင်းကလည်း လူမျိုးရေးအရ လှုံ့ဆော်တာတွေ ဖြစ်ပွားခဲ့ တယ်လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။

“မိုးလင်းကာစကနေပြီးတော့ တောင်ကုတ်မြို့ရဲ့ဈေးပတ်ဝန်းကျင်မှာ စာတွေဖြန့်ကြတယ်၊ လှုံ့ဆော်ကြ တယ်။ ကုလားတွေ မြို့ဝင်တာ၊ ထွက်တာတွေကို လက်မခံဖို့၊ တွေ့ရင်သတ်ကြဖို့ အဲဒါတွေကို လှုံ့ဆော်တဲ့ စာတွေ - အဲဒီ ကျောက်နီမော်မှာဖြစ်တဲ့ ကလေးမလေးရဲ့ဓာတ်ပုံတွေနဲ့ပူးပြီးတော့ လှုံ့ဆော်ထားတာတွေ ရှိတယ်။”

ဒီတိုက်ခိုက်မှုမှာ လူ ၂၀၀ လောက်ပါဝင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ အခုချိန်ထိတော့ တစုံ တရာ ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့ သံတွဲမြို့မှာ သင်္ဂြိုဟ်တယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့၊ အစ္စလာမ်ဘာသာဝင်တွေသတ်ဖြတ်ခံရတာဟာ တရားဥပဒေစိုးမိုးမှုရဲ့ အားနည်း တာကြောင့်ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးခင်လှ က ပြောပါတယ်။

“ကျနော့အနေနဲ့ပြောရမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်တာလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အချိန်က စောစောကြီးပဲ၊ လေးနာရီခွဲ လောက်ပဲ ရှိတယ်။ ဖြစ်တဲ့ကိစ္စမှာလည်း တချက်တည်း ခုတ်၊ ထိုး၊ သတ်ပြီးတော့ လူတယောက်ကို ထွက်ပြေးသွားတာမျိုးမဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားဖို့ ဥပဒေစိုးမိုးဖို့ ကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။”

ဦးခင်လှက ဒီမိုကရေစီနိုင်ငံထူထောင်နေချိန်မှာတော့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ၊ အာဃတတွေနဲ့လုပ်ဆောင်လို့ မရနိုင်ကြောင်းလည်း ထောက်ပြပါတယ်။ ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အခုလို သုံးသပ်ပါတယ်။

“တောင်ကုတ်မှာ ဖြစ်သွားတဲ့ကိစ္စကလည်းပဲ ဒါ လူအုပ်စုနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီးကာမှ၊ တရားဥပဒေ စိုးမိုးမှု၊ ဆင်ခြင်စွာထိန်းသိမ်းနိုင်မှု အင်္ဂါရပ်တွေမှာ တစုံတခု အတိုင်းအတာအထိ ယိုယွင်းသွားတယ်လို့ သုံးသပ်ပါတယ်။ နောင် ဒါမျိုး ဖြစ်စဉ်တွေ မဖြစ်ပေါ်နိုင်အောင် ဘာသာအသီးသီးက ပုဂ္ဂိုလ်ကြီးတွေနဲ့ လူထုကို ချပြ၊ ဘာသာရပ်ဆိုင်ရာအရ ဆွေးနွေး၊ ညှိညှိနှိုင်းနှိုင်းနဲ့ ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။”

မနေ့ညပိုင်းကလည်း စစ်တွေမြို့မှာ နာဇီဈေး ဈေးကောက်နှုန်းမြင့်တက်လာတာကို ဦးဆောင်ဆန္ဒပြခဲ့ သူ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြရာက လူထုနဲ့ ရဲတပ်ဖွဲ့အကြားမှာ အခင်းဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြလူထုက ရဲစခန်းကို ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း မိုးပေါ်ကို သေနတ်ပစ်ဖောက်သတိပေးပြီး နောက်ပိုင်းမှာ လူအုပ်အကြား ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ရှိပြီး ဒဏ်ရာကြီးမားတာမရှိကြောင်း ပြောပါတယ်။

ဒီနေ့မှာတော့ တောင်ကုတ်ရော စစ်တွေမြို့မှာပါ ပုံမှန်အခြေအနေတိုင်းငြိမ်သက်နေခဲ့တယ် လို့ ဒေသခံတွေ က ပြောပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အစိုးရက တရားဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမယ့် အပြုအမှုတွေကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင် ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
VOA


တောင်ကုတ်မှာ အသတ်ခံရသူများကို သံတွဲ သင်္ချိုင်းမှာ သင်္ဂြိုလ်နေစဉ်
ဇွန် ၄ ရက်၊ ၂၀၁၂ခုနှစ်၊ YPI

ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာ သာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှု လျှက် ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထား ခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။

ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။

ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။
Yangon Press International

****************************************************************
During their way back to Yangon from Than Twe Mosque by bus-"Roma Thitthar" on 3 June 2012,  a group of 30 Rhakhine Buddhist people killed them with knives at Tongoup (Taungup) which is situated on the way.

undefined
According to the list escalated when they left from Tachan Pai Mosque to Than Dwe for Chila(Jama at), the eight Muslim victims were from central Burma and are identified as;
1) Muhammed Sharief @ U Ne Pwe s/o U Ahmed Suban, 58 8/Ta Ka Ta (N)095548, from Taung Twin Gyi
2) Muhammed Hanif @ U Maung Ni s/o U kay Pe Sufi, 65  8/Ta Ka Ta (N)095530, from Taung Twin Gyi
3) Shafield Bai @ U Aye Lwin s/o U A Hpoe Gyi,  52 8/Ta ka Ta (N)093573, from Taung Twin Gyi
4) Aslam Bai @ U Aung Myint s/o U Hla Maung,  508/Ta ka Ta (N)094557, from Taung Twin Gyi
5) Balai Bai @ Tayzar Myint s/o U Yakub,  288/Ta ka Ta (N)189815, from Taung Twin Gyi
6) Shuaib @ Tin Maung Htwe s/o U Tin Oo,  218/Ta ka Ta (N)231084, from Taung Twin Gyi
7) Salim Bai @ Aung Bo Bo Kyaw s/o U Tun Tun Zaw,  2614/Ma La Na (N)231084, from Myaung Mya
8) Lukman Bai @ Zaw Nyi Nyi Htut s/o U Ibrahim,  3314/Ma La Na (N)148133, from Myaung Mya, and
the two other victims were husband and wife from Tandwe township and related to driving.

undefined

The car with plate number- "7 (Ga) 7868", was also burnt down.
The other 5 Muslims were able to escape from brutally killing. The corpses were buried in Than Dwe on 3rd June 2012 evening. It's clearly indicate that the Rakhines people are threatening even Muslims from outside Arakan state.

undefined

Tongoup (Taungup) is one of four townships defined as Muslim-free Zones by government decree in 1983. Since then several hundreds of Arakanese Rohingyans who were captured in these regions were killed directly by Rakhines involving government authorities.
Yangon Press International



၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် (ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)
စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့ အစည်း လည်း  ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားက မှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေး အနက် မေတ္တာရပ်ခံအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း၊ ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ နေထိုင် ဆောင်ရွက်ကြပါရန် မေတ0x081တာ ရပ်ခံအပ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြန်ကြားရေးဝန်ကြီးဌာန





တောင်ကုတ်မြို့ မှာအသတ်ခံရသူများ
ပြန်ကြားရေးဝန်ကြီးဌာနက အထူးသတင်းထုတ်ပြန်ချက် တစ်ခုကို ၄င်းအင်တာနက်စာမျက်နှာwww.ministryofinformation.gov.mm မှာ တင်ပြထား

ရခိုင်ပြည်နယ် သံတွဲမြို့ကနေ ရန်ကုန်မြို့ကို မနေ့ ညနေ (၅) နာရီလောက်က ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ကို တောင်ကုတ်-သံတွဲလမ်း ဆုံမှာ ဒေသခံရခိုင်လူမျိုးတွေက တား ဆီးပြီး ကားပေါ်မှာ ပါလာတဲ့ အစ္စလာမ်ဘာ သာဝင် (၁၀) ဦးနဲ့ ကြားဝင်ဖြန်ဖြေတဲ့ ဗုဒ္ဓဘာသာဝင် (၁) ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။

အသတ်ခံရသူတွေထဲမှာ ခရီးသည်တင် ကားပိုင်ရှင်လည်းဖြစ် သံတွဲမြို့မဈေး အနီး ဝေလွင် လွင် စတိုး ဆိုင်ပိုင်ရှင် အမျိုးသမီးလည်း ပါဝင်တယ်လို့ သံတွဲမြို့ခံ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ဒေသခံစစ်တပ်နဲ့ အာဏာပိုင်တွေက အခြေအနေတွေကို ထိန်းချုပ်ထားပြီး လူသေအလောင်းတွေအားလုံးကို သက်ဆိုင်ရာက သံတွဲမြို့ကို ပြန်သယ်ဆောင်လာခဲ့ကြတယ်လို့ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။


အခုလို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တာဟာ မေလ (၂၈) ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာက မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင်တွေက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန်ကြတာလို့ တောင်ကုတ် ဒေသခံအချို့ကလည်း ပြောပါတယ်။


အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက တနင်္ဂနွေနေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန်ထံ အဓိကလိပ်မူ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
အဲဒီကိစ္စကနေ လူမျိုးရေး အဓိကရုဏ်းမျိုး ဖြစ်လာနိုင်တာမို့ ဒီလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့အတွင်းရေးမှူး မစောမီမီသင်းက ပြောပါတယ်။
ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ မုဒိန်းမှုနဲ့ လူသတ်မှုကျူးလွန်သူ ၃ ဦးဟာ မွတ်ဆလင် ဘာသာဝင်များဖြစ်တယ်လို့ ဖော်ပြထားပေမယ့် RFA က နောက်ထပ်ရရှိတဲ့သတင်းများနဲ့ လူမှုအင်တာနက်စာမျက်နှာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ သတင်းများအရ တရားခံ ၃ ယောက်ထဲက ၂ ယောက်ဟာ မူစလင်ဘာသာဝင်ဖြစ်ပြီး တယောက်ကတော့ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် တဦး ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံးနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။

RFA

မနေ့ညပိုင်း ၁၀ နာရီလောက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရဲစခန်းရှေ့မှာ လူစုလူဝေးနဲ့ ဆူပူခဲ့ရာကနေ ပစ်ခတ်တဲ့အဆင့်အထိ ရောက်သွားခဲ့ရပြီး လူ တချို့ ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ လွန်ခဲ့တဲ့တလက ဈေးကောက်နှုန်းကြီးမားမှုကို ဦးဆောင်ပြီး ဆန္ဒပြခဲ့သူတဦးကို ဆန့်ကျင်ဘက်အုပ်စုက ဝိုင်းရိုက်လို့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ရာကနေ ဆူပူမှု ဖြစ်လာခဲ့ရတာပါ။ အခုလို ဖြစ်ပျက်ရတဲ့ အခြေအနေကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“၁၀ နာရီကျော်ကျော်လောက်မှာ လူထုက ခဲနဲ့ ပေါက်တော့တာပါပဲ။ တအုပ်စုကို ၁၀၀ လောက်တော့ ရှိမယ်ဗျ။ ဟိုဘက် ၅၀၊ ဒီဘက် ၅၀ လောက်။ ရဲစခန်းကို ခဲနဲ့ ပေါက်ကြတာပေါ့။ ခဲနဲ့ပေါက်တော့ နာရီဝက်လောက် အထိကတော့ ဘာမှမလုပ်ပါဘူး။ ရဲက ဒီအတိုင်းကြည့်နေပါတယ်။ အဲဒါနဲ့တင် နောက် နာရီဝက်ကျော်ကျော်လောက် ကြာတော့ ရဲက သေနတ်နဲ့ မိုးပေါ်ထောင်ပစ်ပါတယ်။ ၁၁ နာရီခွဲလောက်မှာတော့ လူတွေကို တည့်တည့်ပစ်တော့တာပဲ။ အဲဒီမှာ လူ သုံးယောက် ကျနော့်ရှေ့တင်ပဲ ဒဏ်ရာ ရပြီးတော့ ဆိုင်ကယ်တွေနဲ့ တင်ပြီးတော့ ဆေးရုံကို အရေးပေါ်ပြေးသွားကြတယ်ခင်ဗျ။ ဒါပေမဲ့ လူအုပ်စုက ကွဲမသွားဘူး။ နောက်ထပ် ခဲနဲ့ ထပ်ပစ်နေကြတယ်။”

ဈေးကောက်ကိစ္စ ဖြစ်ပွားခဲ့တာက အရင်အခေါ် နာဇီကျေးရွာ၊ စက်ရုံစုကျေးရွာ ဈေးမှာ ဈေးကောက် အဆမတန် မြှင့်ကောက်ခဲ့လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးအောင်သန်းဝေ ဦးဆောင်တဲ့ ဈေးသည်တစုက ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြပြီး ဈေးကောက်နှုန်းတွေ လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီတောင်းဆိုမှုကြောင့် ရခိုင်ပြည်ထောင်စု ဝန်ကြီးချုပ်က ချက်ချင်းပဲ ဈေးကောက် အပြောင်းအလဲတွေ လုပ်ပေးခဲ့ပါတယ်။

ရဲစခန်းရှေ့ကို ရောက်လာသူတွေက အရိုက်ခံရသူ ဦးအောင်သန်းဝေ သေဆုံးသွားတယ်၊ အလောင်းကို ကားပေါ်တင်သွားတယ်ဆိုတဲ့ သတင်းတွေကြောင့် ရဲစခန်းရှေ့မှာသွားပြီး အလောင်းရှာပေးဖို့၊ တရားခံတွေကို ဖမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒါကြောင့် ကာယကံရှင် ဦးအောင်သန်းဝေ ကိုယ်တိုင်က သူ ဘာမှ မဖြစ်တဲ့အကြောင်း ရဲစခန်းရှေ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းပုံနဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“လူထုက ကျနော့်ကို မတွေ့ရရင် မကျေနပ်တဲ့ သဘောမျိုး ဖြစ်နေတာ။ အဲဒါ လူထုကိုတော့ ကျနော် အကျိုးအကြောင်း ပြောပြလိုက်တာပေါ့။ သူတို့ ဦးအောင်သန်းဝေ အစစ် ဟုတ်မဟုတ်ဆိုတာ သူတို့လည်း သေချာ မသိကြဘူးလေ။ ကျနော့် မှတ်ပုံတင်ကဒ်ပြားတို့၊ ပါတီဝင်ကဒ်ပြားတို့ အကုန်ထုတ်ပြပါတယ်။ တချို့ကတော့ နားလည်ပြီး ပြန်သွားတယ်။ တချို့ကတော့ အဲဒီမှာ အစ်မရယ် မူးယစ်သောက်စားထားတဲ့သူတွေ ပါတာပေါ့။ အဲဒီလူတွေကတော့ ခပ်ရိုင်း ရိုင်းပေါ့။ အကြမ်းဖက်ချင်တဲ့ ဆန္ဒသဘောထားတွေ တွေ့ရတယ်ခင်ဗျ။ ကျနော်တောင်မှ မနေ့က ဟိုကောင်တွေ သတ်လို့မသေဘဲ ဒီက ကျနော့်တို့လူပါဆိုပြီးမှ ပါလာတဲ့ မသမာတဲ့သူတွေရဲ့ လက်ချက်ကြောင် မသေတာ ကံကောင်းပဲဗျ။ အုပ်ခဲတွေရော ဘာတွေရော ပျံနေတပဲ။ ဒီက ရဲစခန်းမှာ။”

ဦးအောင်သန်းဝေကတော့ ရဲစခန်းအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်နဲ့အတူ ရှိနေတာပါ။ အခုလို ပစ်ခတ်မှုတွေ စတင်ပုံနဲ့ ပတ်သက်လို့ ရဲစခန်းထဲမှာ ရောက်နေတဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီဘက်က ရဲစခန်းဝင်းထဲကို တံခါးဖွင့်ဖို့ လုပ်ကြတာ ရှိတာပေါ့နော်။ အဲဒီမှာ ရဲတွေနဲ့ တော်တော်များများ ပစ်ကြခတ်လိုက်ကြတာတော့ ကျနော်တို့ ကြားပါတယ်။ ကျနော်တို့ကတော့ လုံခြုံတဲ့နေရာမှာ ရှိတာပေါ့နော်။ အဲဒီ အကြာကြီးပေါ့နော်။ ခဲတွေနဲ့ ပစ်၊ ပုလင်းတွေနဲ့ ပစ်တဲ့အသံတွေ ကြားလိုက်ရပါတယ်။ အဲဒီနောက်မှာ အချက်ပေါင်း တော်တော်များများဟာ မိုးကို ထောင်ပစ်တဲ့သဘော ကြားပါတယ်။ အဲဒီနောက်မှာ တံခါးတခု ပွင့်သွားတယ်ဆိုတဲ့ အသံလည်း ကြားပါတယ်။ တံခါးရဲ့ လူဝင်ပေါက်လေး ပွင့်သွားတယ် ဆိုတဲ့အခါမှာ ဒီဘက်ကို ကျော်ဝင်လာမှာစိုးလို့ ထောင်ပစ်တဲ့သဘောလို့လည်း ကျနော်တို့ ကြားတာပေါ့ဗျာ။”

စစ်တွေမြို့နယ်၊ အမှတ် (၁) ရဲစခန်းထဲမှာ ရှိနေတဲ့ ဒေါက်တာအေးမောင်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာပါ။ ကျမတို့ ဆက်သွယ် မေးမြန်းချိန်ဟာ ည သန်းကောင်ကျော်အချိန် ဖြစ်နေပြီး အဲဒီအချိန်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကိုလည်း ဒေါက်တာအေးမောင်က အခုလို ပြောပြပါတယ်။

“အခု ကြားနေရတဲ့အသံက ရှေ့ကို မတက်လာဖို့ပေါ့ဗျာ။ နောက် လူတွေ ကွယ်နေပါ ဆိုတာကို ရခိုင်လို ပြောနေကြတာပါ။ ရဲဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ထင်ပါတယ်။”

ညပိုင်း ၁၁ နာရီလောက်မှာ လူ သုံးယောက် ဒဏ်ရာရတယ်လို့ သိထားရပေမဲ့ အခု တနင်္လာနေ့ မနက်ဘက် ၁ နာရီဝန်းကျင်မှာတော့ စစ်တွေမြို့ထဲ နောက်ထပ် ပစ်ခတ်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဖြစ်တာက ပထမက ၉ နာရီ ၀န်းကျင်လောက်ကနေ မိုးပေါ်ကို ထောင်ပစ်သံတွေ ကြားတာပေါ့။ အခုကျတော့ ည ၁ နာရီ ၀န်းကျင်လောက်မှာ လူအုပ်ကို လှမ်းပစ်တဲ့အသံတွေ ကြားလာတယ်။ နောက် ပြီးတော့ လမ်းကြားတွေထဲအထိ လိုက်ပစ်တယ်၊ နေရာအနှံ့ အပြားကနေ သေနတ် သံတွေ ထွက်တာပေါ့နော်။ စောစောပိုင်းကတော့ ကျနော်တို့ ရဲစခန်းဘက်ကို ခဲနဲ့ ထုတယ် ဆိုတဲ့ အသံတွေ ကြားရတယ်ပေါ့လေ။ အဲဒီနောက်ပိုင်း ရဲစခန်းကနေ မိုးပေါ်ထောင်ပစ်တယ်။ နောက်ပြီးတဲ့အခါကျတော့ အခု နေရာအနှံ့အပြားကနေ လူအုပ်တွေထဲအထိ လိုက်ပစ်တာပေါ့။ ရဲကားတွေကလည်း လမ်းကြားတွေထဲအထိ ရောက်လာတယ်။ အခု ၇ ယောက်လောက် ဆေးရုံတင်ထားရတယ် ဆိုတဲ့ သတင်းတွေတော့ ကြားနေရတယ်။ ကျနော်တို့ သိထားသလောက်ပေါ့။ ကိုယ်တိုင်တော့ မမြင်ရသေး ဘူးပေါ့နော်။ ၁ နာရီ ၀န်းကျင်လောက်မှာ ပစ်တဲ့အခါကျတော့ အဆောက်အဦးတွေပါ မှန်တယ်။ ကျနော်တို့ အိမ် အပေါ်ထပ်တွေဘာတွေ မှန်တယ်။ သေနတ်မှန်တယ်။”

လူစုခွဲရာမှာ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတယ်လို့ ဒေသ ခံ နောက်တဦးက ပြောပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က သီးခြားအ တည်ပြုချက်ရ ဖို့ အခင်းဖြစ်ပွားရာ အမှတ်(၁) ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိ အနေအထားမှာတော့ ရဲတပ်ရင်း တပ်ဖွဲ့တွေက စစ်တွေမြို့ရဲ့ လမ်းတွေပေါ်မှာ လုံခြုံရေး ကင်းလှည့်နေကြောင်းကိုလည်း သိရပါတယ်။
VOA
People from above list are Muslims who left from Tachan Pai Mosque to Than Dwe for Chila(Jama at).On  their way back to Yangon from Than Twe Mosque on June 3, 2012  , 30 Rhakhine Buddhists killed them with knives at Taung Goute  which is situated on the way.The number of the car which carried Muslims who were killed is 7 (Ga) 7868 and it was also burnt.The other 5 muslims escaped.The list above is  only 8 from 10 victims. The corpses were buried in Than Dwe on 3rd June 2012 evening. The Rakhine killed 10 muslims.8 are about list and the other 2 victims are from Thandwe Township. The Rakhines are threatening the Muslims of the other towns of Rakhine state too.
No. Islam Name               Myanmar Name         Father's Name     Age         NRC Number                    Address
 1.Muhammed Sharief   ,U Ne Pwe                      U Ahmed Suban             58     8/Ta Ka Ta (N)095548-    Taung Dwingyi
 2.Muhammed Hanif      U Maung Ni                   U kay Pe Sufi                  65     8/Ta Ka Ta (N)095530-    Taung Dwingyi
 3.Shafield Bai                U Aye Lwin                   U A Hpoe G                    52     8/Ta ka Ta(N)093573  -    Taung Dwingyi
 4.Aslam Bai                   U Aung Myint               U Hla Maung                  50     8/Ta ka Ta (N)094557 -    Taung Dwingyi 
 5.Balai Bai                     Tayzar Myint                 U Yakub                          28     8/Ta ka Ta (N)189815 -    Taung Dwingyi
 6.Shuaib                        Tin Maung Htwe            U Tin Oo                         21     8/Ta ka Ta (N)231084-     Taung Dwingyi
 7.Salim Bai                   Aung Bo Bo Kyaw         U Tun Tun Zaw              26   14/Ma La Na (N)231084     Myaung Mya
 8.Lukman Bai              Zaw Nyi Nyi Htut            U Ibrahim                      33   14/Ma La Na (N) 148133    Myaung Mya
  
 ***************************************************************************
 ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေး ကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲ အကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိက ရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေ ခဲ့သည်။ တောင်ကုတ်မြို့ နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။မသီတာထွေးအမှုမှတရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည် ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။
Blogger

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် TG 306 လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့်ပတ် သက်ပြီး လေဆိပ်တွင် မီဒီယာများမှမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် တစ်စုံတစ်ရာပြန် လည်ဖြေဆိုခဲ့ခြင်း မရှိ့ပေ။၎င်းသည် ဘန်ကောက် မြို့ တွင် မေ ၃၀ မှ ဇွန် ၁ ရက် နေ့ အထိ ကျင်းပခဲ့သော အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ ပြောင်း လုပ် သားများနှင့် တွေ့ ဆုံခဲ့ကာ၊ မယ်လဒုက္ခသည် စခန်း သို့ လည်းသွား   ရောက် ၍  မြန်မာဒုက္ခသည် များနှင့်တွေ့ ဆုံခဲ့သေးသည်။
By: Popular Myanmar News Journal

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်း       လဲရေး   လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့် ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့ကပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီ လာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊ဝေဖန်ဆန်းစစ်တဲ့အကောင်းမြင်မှုမျိုးနဲ့ကြည့်ဖို့လိုကြောင်း၊မြန်မာပြည် အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး နဲ့ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေကို ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင် လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောလိုက်ပါတယ်။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ IISS က စင်ကာပူမှာ စီစဉ်လုပ်တဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-la Dialogue မှာ ကာကွယ်ရေးဝန်ကြီး Panetta က ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ပင်တဂွန် (Pantegon) စစ်ဌာနချုပ်က လိုလိုလားလား ရှိတယ်လို့ မစ္စတာ Panetta ကပြောပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန်အစိုး ရက လျှော့ပေါ့ မှုတွေ လုပ်ပေးပြီး မှန်ကန်တဲ့လမ်းကို သွားဖို့ ကြိုးစားအားပေးနေတယ် ဆိုတာကိုလည်း ကာကွယ်ရေးဝန် ကြီးက ထပ်ပြီး ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ကြဖို့အတွက် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်တွေမြှင့်တင်ရေးအတွက် အကူအညီပေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀) နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင် အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး (၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။

KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝ၀) နာရီ အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ပိုမိုဖြန့်ဖြူးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး ၂၃းဝ၀ နာရီမှ နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင် ရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို ယခင်အတိုင်း ၁ရးဝ၀ မှ ၂၃းဝ၀ နာရီအတွင် ဓာတ်အား သုံးစွဲခြင်းမပြုရန်ကန့်သတ်ထားကြောင်းသိရသည်။

စောမြင့်သန်း(ပေါက်တော) -ရန်ကုန်တိုမ်း


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အသစ် ဖွဲ့စည်းပြီးနောက် ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇွန်လ ၁ ရက် နေ့တွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများ ထံမှ သိရှိရသည်။

"ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပါဝင်တဲ့ အဖွဲ့ ဒီနေ့ နေ့လယ်က ဗန်းမော်မြို့ကို ရောက်တယ်။ နောက်ပြီး ညနေပိုင်းလောက်မှာ နယ်စပ်ဘက်ကို ဆက်ထွက်သွားတယ်" ဟု ဗန်းမော်မြို့ခံများက ဆိုသည်။

အဆိုပါ ဒုတိယ အကြိမ်မြောက် အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မိုင်ဂျာယမ်တွင် ကျင်းပမည် ဖြစ်ပြီး ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်ချက် အရ သိရသည်။

မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သော ကေအိုင်အေ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ အသစ်ဖွဲ့စည်းပြီး နောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။

ကေအိုင်အေမှာ အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ ၁၇ နှစ် ကျော်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်းမှာ ၁၀ ရက်တာ ကာလအတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ရာ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်စေရေး အတွက် မျှော် လင့်ချက်ကောင်း  ဖြစ်ကြောင်း   နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

The Voice Weekly


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့ မြောက်ဘက်(၆၅) ကီလိုမီတာအကွာမှာရှိတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေရှိတဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက် ခဲ့ပြီးအပြန်မှာ မဲဆောက်လေယာဉ်ကွင်း ဧည့်ဆောင်မှာ သူ့ခရီစဉ်နဲ့ပတ်သက်လို့ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတိုင်းရင်းသားဒုက္ခသည်တွေနဲ့ပတ်သက်လို့ နှစ်နိုင် ငံစလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ကြောင်း အခုလိုပြောပါတယ်။

"ကျမတို့အနေနဲ့ကတော့ (၂)နိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံတဲ့အဆင်ပြေအောင်လို့ ဦးတည်ပြီးပြောခဲ့ ရတာတွေ ရှိပါတယ်။ ဘာပြုလို့တုန်းဆိုတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပဲဖြစ်စေ ဒုက္ခသည်တွေနဲ့ ပဲဖြစ်စေ ဒါဟာ နိုင်ငံ နှစ် နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါ အထူးသဖြင့် ကျမတို့ရဲ့ နိုင်ငံ သူနိုင်ငံသားတွေဟာ မမေ့ဖို့ကိစ္စဟာ ဒီမှာ ရောက်နေတဲ့လူတွေက ဧည့်သည်တွေပါ ဧည့်သည်ဆိုတာ ဧည့်သည်ပီပီနေတတ်ရမယ် ဧည့်သည်ရဲ့ တာဝန်ကို လည်းသိရမယ် အိမ်ရှင်တွေကလည်း တက်နိုင်သမျှ ကျမတို့ရဲ့ နိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာကူညီစေချင်အောင်လို့လည်း ကျမတို့ကနေ ပြီးတော့ ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့် လည်း တချိန်ထဲမှာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေအနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားပြီးတော့ လုပ်ကိုင်ရမယ်လို့ ကျမမြင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မနက် (၇)နာရီလောက်ကတည်းကမယ်တော်ဆေးခန်းနဲ့မဲဆောက်လေယာဉ်ကွင်းရှေ့လမ်းတလျောက်မှာ ထောင်နဲ့ချီ တဲ့ မြန်မာပြည်သားတွေကအဖွဲ့ချုပ်တံဆိပ်ပါအလံတွေ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ချင်တယ် ဒေါ်အောင် ဆန်းစုကြည်ကိုကြိုဆိုတယ်စတဲ့လက်ကိုင်ပိုစတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီးကြိုဆိုခဲ့ကြပါတယ်။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကို ရောက်ရှိလာတဲ့ ခရီးစဉ်မတိုင်ခင် ကတည်းက ထွက်ပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးမှာ မယ်လဒုက္ခသည်စခန်းကို သွားရောက်တဲ့အပြင်မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် တွေ့ဆုံဖို့ရှိ သလိုထိုင်း-မြန်မာနယ်စပ် အခြေစိုက်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေ မယ့်မူလကအစီအစဉ်ပျက်သွားပါတယ်။
RFA-Burmese

ဒီမနက် ၉ နာရီခွဲလောက်က မဲဆောက်လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒီကနေ့မှာ ထိုင်း- မြန်မာနယ်စပ်က မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပါတယ်။ မယ်လ ဒုက္ခသည် စခန်းမှာ ၁၀ နာရီကျော်လောက်ရောက်ပြီး စခန်းမှာ ရှိတဲ့ ထိုင်း တာဝန်ရှိသူများနဲ့ မြန်မာဒုက္ခသည်များရဲ့ အခြေအနေကို မေးမြန်းပါတယ်။




ဒုက္ခသည် စခန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခသည်တွေနဲ့ နီးနီးကပ်ကပ် အားပေးစကား မပြောလိုက်ရပါဘူး။ ဒုက္ခသည်တွေကတော့ ပျော်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ ကို မြင်လိုက်ရလို့ ၀မ်းသာနေကြပါတယ်။


ဒုက္ခသည်စခန်းက အပြန်မှာတော့ ပထမ မှာတော့ ထိုင်းနယ်စပ်မှာ ဖွင့်လစ်ထားတဲ့ ဒေါက်တာ စင်သီယာမောင် မယ်တော် ဆေးခန်းကို လာရောက်မယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။




သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သွားရောက်မှု မရှိဘဲ လေဆိပ်သို့ တန်သွားပြီး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတကြီး မျှော်လင့်ချက်တကြီးနဲ့ စောင့်ဆိုင်းနေရတဲ့ မဲဆောက် မြန်မာများ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြန်မောင်းသွားတဲ့ ကားထဲက လက်ပြတာလေးကိုပဲ နှစ်သိမ့်ရင်း မျက်ရည်တွေနဲ့ စိတ်မကောင်းစကားဆိုသူများလည်း ရှိကြပါတယ်။

ဒီအတွက်လည်း မဲဆောက်က မြန်မာ အလုပ်သမားတွေနဲ့ မြန်မာ အသိုင်းအ၀ိုင်းက အတော်စိတ်မကောင်းဖြစ် ပြီး ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်စုကြည် ယနေ့ထိုင်းမြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ့် မြင်တွေ့ ရတဲ့ ဓာတ်ပုံများကို စုစည်းတင်ပြလိုက်ပါတယ်။





ထိုင်းမြန်မာ နယ်စပ်ကို ဒီကနေ့ ရောက်ရှိလာခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်း ဓာတ်ပုံများကိုစုစည်းတင်ပြလိုက်ပါတယ်။






မယ်လစခန်းရှိ မြန်မာများ


လြုံခုံရေးတင်းကျပ်စွာဖြင့်




ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘော်ဒီကတ် မမ





မယ်လစခန်းရှိ လူမျိုးပေါင်းစုံ ကြိုဆိုမှု


သံစူးကြိုး ကြားမှ ကလေးငယ်


ဒုက္ခသည်စခန်းရှိ နေအိမ်များ






၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ တခုဖြစ်တဲ့ ဇိုမီးပါတီရဲ့ ပါတီ ပြန်လည် ထူထောင်ခွင့်လျှောက်ထား တာကို ပယ်ချထားတဲ့ ဆုံးဖြတ်ချက် ကို ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် က ပြန်လည် ပြင်ဆင် လိုက်ပါတယ်။

ဇိုမီးဆိုတဲ့ တိုင်းရင်းသားဆိုတာ မရှိတာကြောင့် ဇိုမီးအမျိုးသား ကွန်ဂရက် ပါတီ (Zomi National Congress Party) ပြန်လည် မှတ်ပုံတင် ဖို့ လျှောက်ထား တာကို ပယ်ချထားရာကနေ ကော်မရှင် က ပြန်လည်ြ ပင်ဆင်လိုက်တာပါ။

ဒါပေမယ့် ၁၉၉၀ တုန်းက အနိုင်ရခဲ့တဲ့ နဂိုနာမည်ဖြစ်တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) အစား ဇိုမီး နာမည်ပါတဲ့ တခြား နာမည်တခုယူပြီး ၁ ပတ် အတွင်း ပြန်လျှောက်ဖို့ အကြောင်းကြားလာတယ် လို့ ပါတီခေါင်းဆောင်ဖြစ်တဲ့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

“ဇိုမီးကို မရှိဘူး၊ ဇိုမီးဆိုတဲ့ လူမျိုး မရှိဘူးဆိုတာ. ကျနော်တို့ အကိုးအကားတွေနဲ့ ပြတော့ ဒီလိုဆိုလို့ရှိရင် ကျနော်တို့ လျှောက်ပြီးသားကို ဟိုတုန်းက အဟောင်းကို လက်မခံတဲ့ သဘောပေါ့ဗျာ။ ဒါပေမယ့် ဇိုမီးပါတဲ့ ပါတီတခုခု ၇ ရက်အတွင်းမှာ ပြန်တင်ဖို့ ဇိုမီးနေရှင်နယ်ကွန်ဂရက်ဆိုတာ ကြီးကျယ်လွန်းလို့လား မသိဘူးလေ။ မနေ့က. နောက်ဆုံးရက် သူတို့ပေးထားတာ ၃၁ ရက် မေလ ဆိုတော့ အဲဒီမှာ ၁၂ နာရီကျော် ၁ နာရီ ၁၅ မိနစ်မှာ သူတို့ဖုန်းနဲ့ ဦးတင်အေး ကော်မရှင်ဥက္ကဋ္ဌ သူကိုယ်တိုင်အပါအဝင် အားလုံး စုံစုံလင်လင် ဆွေးနွေးပြီးတော့မှ အဲဒီလိုလုပ်တဲ့အခါမှာ ခင်ဗျားတို့ပြောတာ ခင်ဗျားတို့ တင်ပြတာတွေ လက်ခံသွားတယ်။ ချင်းဆိုတာ ဇိုမီး၊ ဇိုးမီးဆိုတာ ချင်း ဆိုတော့ ခင်ဗျားတို့ စကားမို့လို့ အဲဒါနဲ့ အပါအဝင် တခုခု ထပ်တင်ပါ ဆိုတာပါပဲ။ ကျနော်တို့လည်း အများနဲ့ဆိုင်တဲ့ဟာတွေတော့ လုပ်မှာပါ။”

ပါတီအနေနဲ့ အစည်းအဝေးလုပ်ပြီးရင် အများသဘောတူတဲ့ အမည်နဲ့ မှတ်ပုံတင်ဖို့ လုပ်မယ်လို့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) ဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တခြား တိုင်းရင်းသားပါတီတွေလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ ဖျက်သိမ်းခံထားရာ ကနေ အခုတော့ တရားဝင် ပါတီအဖြစ် ရပ်တည်ဖို့ ပြန်လည် ကြိုးပမ်းလာတဲ့ နောက်ဆုံး ပါတီဖြစ်ပါ တယ်။
DVB
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအခု ဇွန်လ ကုန်  ကစပြီး ပြည်တွင်းထုတ် မဂ္ဂဇင်းနဲ့ ဂျာနယ်တွေကို စောင့်ကြည့်တာတွေ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ၊ ဆင်ဆာ ဖြတ်တောက်တာတွေလည်း ရှိတော့မှာ မဟုတ်ကြောင်း ဦးတင့်ဆွေက ရန်ကုန်မြို့နေအိမ်မှာ လာရောက်တွေ့ဆုံတဲ့ အေအက်ဖ်ပီ သတင်းထောက်ကို ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ အစိုးရနဲ့  လွှတ်တော်တို့က ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ချမှတ်နေတဲ့အချိန်မှာ စာပေစိစစ်ရေးလို အဖွဲ့မျိုးရဲ့ အလုပ်ဟာ မရှိသင့်တော့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေ က ပြောကြားသွားပါတယ်။

RFA-Burmese





(ဓာတ်ပုံ- eleven media)

Popular New Journal, 1June 2012 — “မြန်မာပြည်သည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံနှင့် သဟဇာတဖြစ်သည့် နိုင်ငံသာ ဖြစ်သင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား”

ဆယ်စုနှစ် နှစ်ခုကျော်နေအိမ်တွင် အကျယ်ချုပ်ခံရပြီးနောက်
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲများကို
ဝေဖန်ပြောကြားလိုက်သည်။


တရုတ်နှင့် အမေရိကန် တို့သည် မြန်မာပြည်ကို
စစ်တလင်းအနေနှင့် သဘောထားပြီး မဟာဗျူဟာ အပြိုင်အဆိုင် သြဇာလွှမ်းမိုးရန်
ကြိုးစားနေကြပုံကို လည်းသူကသတိပေးခဲ့သည်။ တက်ရောက်လာသော
ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏
ပိုမိုကောင်းမွန်သောအနေအထားအတွက် လေးလေးနက်နက် စဉ်းစားပေးကြရန်အတွက်လည်း
တိုက်တွန်းလိုက်သည်။

အာဏာရှင် အုပ်ချုပ်ရေးနှစ်(၅၀)အဆုံးတွင်
နိုင်ငံ၏အနာဂတ်ကို သတိထားသင့်ကြောင်းလည်း သူကပြောကြားခဲ့သည်။
နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုအချို့ ပြေလျော့သွားပြီးနောက်
နိုင်ငံခြားကုမ္ပဏီများသည် သဘာဝ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအား
အလွန်အမင်း အာရုံစိုက်နေကြသည်။ သို့သော်
ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှပ်နှံမှု မြောက်များစွာ ရောက်လာခြင်းကို
သူစိုးရိမ်ကြောင်း မြန်မာနိုင်ငံတွင် ခြေကုပ်ရရန် နိုင်ငံတကာ
ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာပြီး နိုင်ငံ၏ လူ့မလိုင်တစ်စု
ကောင်းကျိုးအတွက်သာ ဖြစ်သွားနိုင်ကြောင်းပြောကြားခဲ့သည်။
“ရင်းနှီးမြှပ်နှံမှုတွေကြောင့် အဂတိလိုက်စားမှုတွေ ပိုဖြစ်လာတာကို
ကျွန်မတို့ မလိုချင်ဘူး။ ရင်းနှီးမြှပ်နှံမှုကြောင့် လူတန်းစား
မညီမျှမှုကို ပိုမဖြစ်လာစေချင်ဘူး။ ရင်းနှီးမြှပ်နှံမှုတွေကြောင့်
အခွင့်ထူးခံလူတန်းစားတွေပိုများလာတာမလိုချင်ဘူး” ဟုသူကပြောကြားခဲ့သည်။
သဘာဝသယံဇာတ ကြွယ်ဝသော်လည်း ဆင်းရဲသည့် မြန်မာနိုင်ငံသည် သမိုင်းစဉ်အရ
တရုတ်အစိုးရနှင့် ရင်းနှီးခဲ့သည်။ သို့သော် အမေရိကန်အစိုးရက စီးပွားရေး
ပိတ်ဆို့မှုများကို လျှော့ချကာ မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးအောင်
ပေါင်းသင်းလာသည်။

“ကျွန်မအနေနှင့် မြန်မာနိုင်ငံကို အမေရိကန်နှင့် တရုတ်ရဲ့
စစ်မြေပြင်အနေနှင့် မမြင်ရဖို့ အမြဲသတိထားနေမိတယ်။”
ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို သူကပြောကြားခဲ့သည်။

“ဒီလိုမဖြစ်သင့်ဘူး။ ဒီနိုင်ငံကြီး ၂ နိုင်ငံနှင့် သဟဇာတ ဖြစ်တဲ့
နိုင်ငံပဲ ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့သည်။
“လျှပ်စစ်ပြတ်တောက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်ကနေ မကြာခင်က ကျွန်မ
ထွက်ခွာလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဘန်ကောက်မှာ
မြင်ရတဲ့မြင်ကွင်းမျိုး ရန်ကုန်မှာ အခု မြင်ရတာနဲ့ မခြားပါဘူး”

စနေနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းသို့သွား၍
မြန်မာစစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံကာ တနင်္ဂနွေနေ့တွင်
မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။ ထို့နောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့တွင်
နိုင်ငံတကာ အလုပ်သမား သမဂ္ဂ ညီလာခံတွင်မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေးနိုင်ငံ အော်စလို
မြို့တွင် မိန့်ခွန်းပြောကြားခြင်းများပြုလုပ်၍ နိုဗယ်ဆုကို လက်ခံရယူမည်
ဖြစ်သည်။ ထို့နောက် ဗြိတိန်သို့ သွား၍ မိသားစုနှင့် တွေ့ဆုံပြီး
လန်ဒန်ပါလီမန်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

Ref : AFP



Photo - AFP
" စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား၊ တိုင်းပြည်တွင်း တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်း"

မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရား ဥပဒေစိုးမိုးခိုင်မာမှု အတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင် သွားရန် လိုအပ်ကြောင်း ဇွန်လ ၁ ရက်က ဘန်ကောက်မြို့တွင်ပြုလုပ်သည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှု အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် လုံခြုံစိတ်ချ ရသောအာမခံချက် လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။“ မြန်မာနိုင်ငံမှာ  ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ” မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေး ရန် တောင်း ဆိုခဲ့သည်။   မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း ၄င်းကဆိုသည်။ “ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ အဆိုပါ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည် များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အရှေ့ အာရှစီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
By: Popular Myanmar News Journal
အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ဇွန်လ (၁) ရက်နေ့ ကချင်ပြည်နယ် လွယ်ဂျယ်ဒေသမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။


KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံစဉ်။
အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေ သဘောတူညီချက် ရဖို့အတွက် ဒီတွေ့ဆုံပွဲမှာ ကြိုတင် ညှိနှိုင်း ဆွေးနွေးကြမှာ ဖြစ်တယ်လို့ KIO အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၁) ရက်နေ့ကလည်း KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။
RFA
Rohingya Exodus