Latest Highlight

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကိုအမြဲတစေစောင့်ကြည့်ရန်ခန့်အပ်ခြင်းခံထားရသူ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်ကွန်တားနားသည် ရခိုင်ပြည် နယ်မောင်းတောမြို့နှင့်စစ်တွေမြို့သို့ ယမန်နေ့  ဇူလိုင်လ (၃၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍သွားရောက်စုံစမ်းခြင်းပြုလုပ်ခဲ့သည်။ 

ကွန်တားနားအားစာနယ်ဇင်းသမားများမှ လေ့လာတွေ့ရှိချက်များအပေါ်မေးခွန်းများမေးခဲ့ရာ ဖြေကြားရန်ငြင်းပယ်ခဲ့သည် ဟုအေပီသတင်းဌာနကဖော်ပြထားသည်။ 

ဒေသခံများမှတဆင့်သတင်းများအရ ဇူလိုင်လ (၃၁) ရက်နေ့တွင်မောင်းတောမြို့သို့ ရဟတ်ယာဉ်ဖြင့်ရောက် ရှိလာပြီး မောင်းတောမြို့တွင်ရိုဟင်ဂျာလူမျိုး (၅) ဦးမှ မစ္စတာကွန် တား နားနှင့်တွေ့ဆုံခွင့်ရခဲ့ကြောင်းသိရှိရသည်။ မစ္စတာကွန်တားနားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ညှင်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်ခံရသူများစာရင်းအတိအကျနှင့် အဖမ်းခံရသူများနှင့် မုဒိန်းကျင့်ခံရသူများစာရင်းအတိအကျကိုမေးမြန်းသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀န်းရံ ထားသောကြောင့်  တွေ့ဆုံသူများမှာပွင့်ပွင့်လင်းလင်းပြောခွင့်မရခဲ့ပေ။ တွေ့ဆုံရန်အချိန်ကိုလည်း ဆယ်မိနစ်သာ သတ်မှတ်ခဲ့သောကြောင့် သေဆုံးသူနှင့်အဖမ်းဆီးခံရသူများစာရင်းကို အစိုးရထံမှ ရ ယူ ရန်ပြောကြားခဲ့ပြီး၊ မိမိတို့မှာစားနပ်ရိက္ခာမလုံလောက်သည့်ပြဿနာကိုပြင်းပြင်းထန် ထန်ရင် ဆိုင်နေရကြောင်းသာပြောဆိုခဲ့သည်။ 

မစ္စတာသောမတ်စ်ကွန်တားနားမောင်းတောမြို့သို့ရောက်သည့်အချိန်တွင် ရခိုင်လူမျိုး ၂၀၀ ခန့်မှဆန္ဒပြခဲ့ကြောင်း ဒီဗွီဘီ သတင်းဌာနကဖော်ပြခဲ့သည်။ 

ဇူလိုင်လ (၃၁) ရက်နေ့နေ့လည်ပိုင်းတွင် စစ်တွေမြို့တမ်ဘီကျေးရွာအုပ်စု၌ လယ်ကွင်းကိုဖြတ်၍ သွားနေသောရိုဟင်ဂျာ မိသားစုတစ်စုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှဖမ်းဆီး၍ ဖခင်ဖြစ်သူ အားသစ်ပင် တွင်ကြိုးတုတ်ထားပြီး ကျန်သည့်မိသားစုဝင် များအားမြေပေါ်တွင် လဲလျောင်းခိုင်းထားခဲ့သည်။ အဆိုပါမိသားစုအားအကြမ်းဖက်သမားများအားစွပ်စွဲပြီး ဖခင်ဖြစ်သူ၏ လက်မောင်းကိုသေ နတ်နှင့်ပစ် ခတ်ရာ၊ မိသားစုဝင်သုံးဦးမှဝင်ဆွဲရန်ကြိုးစားခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူ၏နဖူးတည့်တည့် ကိုပစ်ခတ်ခဲ့ပြီး သားအကြီးကိုပြင်းပြင်းထန်ထန်ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး ထိုနေရာတွင်ပွဲ ချင်းပြီးသေ ဆုံးခဲ့သည်။ သားအငယ် ၏၀မ်းဗိုက်ကိုပစ်ခတ်ခဲ့ပြီး၊ မိခင်ဖြစ်သူ ကိုလည်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ ကျန်သည့်သားအငယ်နှင့်မိခင်ဖြစ်သူ နှင့်ပတ်သက်၍ ဆက်လက်စုံ စမ်းလျက်ရှိပါသည်။ 

RB News Desk

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစ္စလာမ်ဘာသာဝင်ရိုဟင်ဂျာလူမျိုးများကိုဈေးဝယ်ခွင့်၊ ကျောင်းတက်ခွင့်အစစအရာရာပိတ်ပင်ထားသော်လည်းယခုအခါကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်ကွန်တားနားရောက် လာမည်ဖြစ်၍ အရာရာပြောင်းလဲနေပါသည်။ 

စစ်တွေမြို့သဲချောင်းနှင့်သက္ကေပြင်တို့တွင်ရောက်ရှိနေသော ဒုက္ခသည်များထံ ရခိုင်ဝန်ကြီးဦးလှမောင်တင်လာရောက်၍ ယခင်ကကျောင်းသား/သူများအတွက်လိုအပ်သည့်ဆရာ/ဆရာမများကိုမိမိတို့ဘက်မှမပေးနိုင်ခဲ့ကြောင်း၊ သို့သော် ယနေ့ ဇူလိုင်လ (၃၀) ရက်နေ့မှစ၍ ဆရာ/ဆရာမအချို့ရောက်ရှိလာပြီဖြစ်၍ ရိုဟင်ဂျာကျောင်းသား/သူများကို ကျောင်းသို့ပို့ရန် မိဘများအားပြောကြားခဲ့သည်။ အကယ်၍ကျောင်းသို့မပို့လျှင် ယခုလက်ရှိရနေသည့်ရိက္ခာများ မရရန်ပိတ်ပင်မည်ဖြစ် ကြောင်းခြိမ်းခြောက်ပြောဆိုသွားကြောင်းသတင်းရရှိသည်။ 

ထို့အပြင်စစ်တွေမြို့သဲချောင်းနှင့်သက္ကေပြင်တို့တွင် ပြည်နယ်အစိုးရအဖွဲ့အစည်းမှတာဝန်ရှိသူများလာရောက်၍ အသံချဲ့ စက်ဖြင့် မွတ်စလင်မ်များမြို့ပေါ်ဈေးသို့လွတ်လပ်စွာသွားရောက်ဝယ်ယူနိုင်ကြောင်း ဆော်သြလျက်ရှိသည်။ ဒုက္ခသည် စခန်းရှိမွတ်စလင်ဒုက္ခသည်များမှာ ဖြစ်ပေါ်နေသောအခြေအနေကိုအံ့အားသင့်နေသော်လည်း ကုလသမဂ္ဂကိုယ်စားလှယ် လာရောက်နေခြင်းကြောင့်ဖြစ်သည်ကိုသဘောပေါက်နေကြသည်။ 

မောင်းတောမြို့နှင့်ဘူးသီးတောင်မြို့တွင်လည်းအခြေအနေတည်ငြိမ်အေးချမ်းလျက်ရှိကြောင်းသတင်းရရှိပါသည်။ 

RB News Desk


မင်းပြားမြို့နယ်တွင်ရခိုင်အမျိုးသားရေးဝါဒီများနှင့်သံဃာအတုများပူးပေါင်း၍ ဒေသခံရိုဟင်ဂျာမွတ်စ လင်များ ကို  စားနပ်ရိက္ခာဝယ် ယူခွင့်ပိတ်ဆို့ထား သောကြောင့် အငတ်ဘေးနှင့်ရင်ဆိုင်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ရိုဟင်ဂျာမွတ်စလင်များ၏မိတ်ဆွေအပေါင်းအသင်းရခိုင်အမျိုးသားများမှဆန်ကိုခိုးရောင်းသည်ကိုတွေ့သွားသောကြောင့် ထိုရခိုင်အမျိုးသားများကိုရန်ရှာသည့်အပြင် ၎င်းတို့၏နေအိမ်များကိုပါ မီးရှို့ဖျက်ဆီး ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်းသိရ သည်။

ပေါက်တောမြို့တွင်ရိုဟင်ဂျာရွာ (၃) ရွာရှိပြီး ရခိုင်ရွာ (၂၃) ရွာမှပတ်ပတ်လည်ဝိုင်းရံလျက်ရှိသည်။ ထိုရိုဟင်ဂျာ ရွာများ မှာ ဒုံရွာ၊ ငှက်ချောင်းရွာနှင့် ရှစ်ရွာ (ကြက်ကြီးပါရာ) တို့ဖြစ်သည်။ ဒုံရွာတွင် ၂၈၀၄ ဦး၊ ငှက်ချောင်းရွာတွင် ၂၁၅၀ ဦးနှင့် ရှစ်ရွာတွင် ၁၉၃၄ ဦးရှိကြောင်းသိရသည်။ ဒုံရွာမှကလေးငယ် (၃) ဦးအစာရေစာငတ်ပြတ်မှု၊ အာဟာရမလုံလောက်မှုတို့ ကြောင့်သေဆုံးခဲ့ပြီး၊ ထိုရွာ (၃) ရွာမှ လူကြီး ၄၀၀ ကျော်ခန့်အာဟာရချို့တဲ့သည့်ရောဂါခံစားနေရပြီး၊ ဆေးဝါးပစ္စည်းလုံးဝ မရရှိကြောင်း၊ ဆေးဝါးဝယ်ယူရန် ရွာမှထွက်၍မရကြောင်း၊ အကယ်၍၀ယ်ရန်ထွက်ပါက အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရ ကြောင်းသတင်း ရရှိပါသည်။

အဆိုပါမြို့နယ်များတွင်အဓိကလှုပ်ရှားနေသောသူများမှာ ရခိုင်ဝံသာနုရက္ခိတအသင်း၊ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီနှင့် သံဃာအတုများဖြစ်ကြောင်းသတင်းရရှိသည်။


RB News Desk

ရခိုင်ပြည်နယ် မောင်းတောမြို့တွင်အဓိကရုဏ်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေသခံရိုဟင်ဂျာလူမျိုးများကိုဈေးများတွင် ဆန်မရောင်းချခြင်း၊ ပစ္စည်းများမရောင်းချခြင်းများရှိနေသည်။ သို့သော်လည်းမြန်မာနိုင်ငံသို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာသော်မတ်စ်ကွန်တာနာရောက်ရှိ
လာတော့မည်ဖြစ်သဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်းပြုပြင်မွမ်းမံမှုများပြုလုပ်လျက် ရှိကြောင်းသတင်းရရှိပါသည်။

မစ္စတာသော်မတ်စ်ကွန်တာနာသည် မောင်းတောမြို့နယ်ရှိရွာများသို့သွားရောက်၍ ရိုဟင်ဂျာလူမျိုးများအားအနီးကပ်လေ့ လာရန်စီစဉ်ထားသည်။ ထိုအစီအစဉ်များကြောင့်နယ်မြေခံနစက၊ လုံထိန်းနှင့်လုံခြုံရေးတပ်ဖွဲ့များမှပြုလုပ်လျက်ရှိသောညှင်းပန်းနှိပ်စက်မှုများကိုတခဏတာရပ်တန့်ရန်အတွက်မောင်းတောမြို့တစ်ခုလုံးစစ်တပ်များဖြန့်ကျဲ၍ချထားပါသည်။

 ဈေးအနီးအ၀ိုက်တွင်လည်းစစ်သားများထူထူထပ်ထပ်ရှိကြောင်းဒေသခံများ၏ပြောကြားချက်များကြောင့်သိရှိရသည်။ 

ယခုအခါဈေးမှဆန်နှင့်အခြားသောပစ္စည်းများကိုရိုဟင်ဂျာလူမျိုးများဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူနိုင်ပြီး၊ ဆင်းရဲနွမ်းပါးသူများဆန်အိတ်သယ်ပေးခြင်းဖြင့်စီးပွားရှာနေသူများမှာလည်းပြဿနာတစုံတရာမရှိဘဲသယ်ပေး၍ ၀င်ငွေရှာနိုင်ကြောင်းသိရသည်။ သို့သော်လည်းနယ်မြေခံရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် မောင်းတောမြို့နာရီစင်ရှေ့တွင်စောင့်ဆိုင်း၍ဈေးဝယ်လာသူများကိုမှတ်တမ်းတင်ခြင်းဆန်တစ်အိတ်လျှင်အကောက်တစ်ထောင်ကျပ်ကောက်ခံခြင်းများပြုလုပ်လျက်ရှိသည်ထို့အပြင်တခါတရံတွင်လျှပ်စစ်စက်ရှိရာနေရာသို့ခေါ်ဆောင်သွားပြီး ပါလာသမျှအကုန်သိမ်းယူကြောင်းသိရသည်။

ယခုကဲ့သို့ရိုဟင်ဂျာလူမျိုးများဈေးဝယ်ရန်သွားလာလှုပ်ရှားနိုင်ခြင်းမှာမစ္စတာကွန်တာနာ၏ခရီးစဉ်ကြောင့်သာဖြစ်ပြီး၊ မစ္စတာကွန်တာနာပြန်သွားပါက စစ်တပ်လုံခြုံရေးရုတ်သိမ်းလိုက်မည်ဖြစ်ပြီး နယ်မြေခံနစက၊ လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် နဂိုမူလအတိုင်းရိုဟင်ဂျာလူမျိုးများကိုညှင်းပန်းနှိပ်စက်နေမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးမှ သတင်းပေးပို့ပါသည်။

RB News Desk




အရှေ့တောင်အာရှနိုင်ငံများအသင်းဖြစ်သောအာဆီယံမှ မြန်မာအစိုးရအနေဖြင့်ရခိုင်ပြည်နယ်တွင်လူနည်းစုဖြစ်သောရိုဟင်ဂျာလူမျိုးကိုဦးတည်၍ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးနှင့်ပတ်သက်၍သေချာရှင်းလင်းပြောကြားရန် တောင်းဆိုလိုက်ကြောင်း ယနေ့ထုတ် Jakarta Globe သတင်းစာတွင်ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးတွင် ရိုဟင်ဂျာလူမျိုးများကိုမိမိတို့၏မြေမှမောင်းထုတ်ပြီးအခြားသောအိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးသွားရသည်အထိဖြစ်စေခဲ့သည်အရှေ့တောင်အာရှနိုင်ငံများသို့ဒုက္ခသည်အဖြစ်ခိုလှုံရန်ထွက်ပြေးခဲ့ရာတွင်အင်ဒိုနီးရှားနိုင်ငံအပါအ၀င်ဖြစ်သည်။
မြန်မာအစိုးရကရှင်းလင်းချက်အပြည့်အစုံကိုပေးရလိမ့်မယ်။ ဒီကိစ္စကအာဆီယံအသိုင်းအ၀ိုင်းထဲမှာအလွန်အရေးကြီးတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ် - ဟုအာဆီယံအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဆူရင်ပစ်စူဝန်က ယမန်နေ့ကပြော ဆိုခဲ့သည်။

အဲဒီရှင်းလင်းချက်ကိုလည်းလာမယ့်စက်တင်ဘာလမှာနယူးယောက်မြို့မှာကျင်းပမယ့်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောရမှာဖြစ်တယ် - ဟုမစ္စတာဆူရင်ကဆက်လက်ပြောကြားခဲ့သည်။

မစ္စတာဆူရင်မှမြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံ၍ပြောဆိုခဲ့သော်လည်း ထိုအကြောင်းအရာနှင့်တစုံ တရာတိတိကျကျပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းကပြောသည်။

ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောမြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များကိုနိုင်ငံသားအဖြစ်အသိအမှတ်မပြုပဲ၊ ဗြိတိသျှကိုလိုနီခေတ်အတွင်းလာရောက်အခြေချခဲ့ကြောင်းငြင်းခုံပြောဆိုနေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှလည်း မိမိတို့နှင့်မသက်ဆိုင်ကြောင်းဤပြဿနာသည်မြန်မာနိုင်ငံ၏ပြဿနာဖြစ်ကြောင်းပြောဆိုလျက်ရှိသည်။ 

မြန်မာ့အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှဗုဒ္ဓဟူးနေ့တွင်လွှတ်တော်၌ပထမဆုံးအကြိမ်အဖြစ် လူနည်းစု တိုင်းရင်းသားများကိုကာကွယ်ရေးသည့်ဥပဒေနှင့်ပတ်သက်၍၀င်ရောက်ဆွေးနွေးခဲ့သည်။

RB News Desk




ရခိုင်ပြည်နယ်၊ မောင်းတောနှင့်ဘူးသီးတောင်မြို့နယ်များမှရိုဟင်ဂျာလူငယ်များ၊ပညာတတ်များကိုအစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများမှလွန်ခဲ့သောရက်ပိုင်းများတွင် အတည်ပြုပြောကြားခဲ့သည်။

မောင်းတောနှင့်ဘူးသီးတောင်မြို့နယ်များမှရိုဟင်ဂျာအမျိုးသား ၅၀၀ ကျော်ဖမ်းဆီးပြီး ဘူးသီးတောင်မြို့အကျဉ်းထောင် တွင်ထားရှိခဲ့သည်။ ဖမ်းဆီးခံရသူများမှာအကြောင်းပြချက်တစုံတရာမရှိပဲ ဖမ်းဆီးခံရခြင်းဖြစ်သည်။ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရပြီး၊ အစာရေစာငတ်ပြတ်မှု၊ အ၀တ်အစားမလုံလောက်မှုတို့အပြင် အာဏာပိုင်များ၏ ညှင်းပန်းနှိပ်စက်ခြင်းများကိုခံနေရကြောင်းသတင်းရရှိပါသည်။ 

ထိုသို့ညှင်းပန်းနှိပ်စက်ခြင်းကြောင့်ရိုဟင်ဂျာအမျိုးသား၄၃ဦးသေဆုံးခဲ့ပြီးအလောင်းများကိုမိသားစုထံသို့ပြန်လည်အပ်နှံ ခြင်းမပြုပဲ၊ ဘူးသီးတောင်မြို့အကျဉ်းထောင်အနီးတွင်မြေကျင်းတစ်ခုတူး၍ ထိုအလောင်းများအားလုံးကို ဇူလိုင်လ (၂၃) ရက်နေ့ကတပြိုင်တည်းသဂြိုလ်ခဲ့ကြောင်း ဘူးသီးတောင်မြို့အကျဉ်းထောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှ RB သို့သတင်း ပေးပို့ပါသည်။

RB News Desk 
လွန်ခဲ့တဲ့ခြောက်ပတ်အကြာက ရခိုင်ဒေသတွင်းအရေး ပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အကြမ်းဖက်မှုများ တိုးပွားလာခြင်းများအပြင် လူ့အခွင့်အရေးအခြေ အနေတိုးတက်လာမှုများ နောက်ပြန်ဆုတ်သွားသည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာ ခွင့်ကပြောကြား လိုက်ပါသည်။ 
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှမြန်မာနိုင်ငံဆိုင်ရာသုတေသီဖြစ်သူ Benjamin Zawacki မှ - ဒေသ တွင်း အရေးပေါ်အခြေအနေ ကြေညာခြင်းကလူ့အခွင့်အရေးတွေချိုးဖောက်ဖို့လိုင်စင်မဟုတ်ဘူး - ဟုပြောကြားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ခွဲခြားဆက်ဆံခြင်းမျိုး မလုပ်ပဲလူတိုင်းရဲ့ အခွင့် အရေး အတွက်ရပ်တည်ပေးရမှာပါ။ ကိုယ်ကိုယ်တိုင်လည်းလူ့အခွင့်အရေးကိုခိုင်ခိုင်မာမာလိုက်နာရမှာပါ - ဟု ဆက် လက် ပြောကြားသည်။ 

ရခိုင်-ဗုဒ္ဓဘာသာ၊ ရခိုင်-မွတ်စလင်နှင့်ရိုဟင်ဂျာ-မွတ်စလင်များအကြားအကြမ်းဖက်မှုများစတင်ဖြစ်ပွားချိန် ဇွန်လ (၁၀) ရက်နေ့တွင် နိုင်ငံတော်မှ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်တပ်နှင့် နယ်မြေခံ နစကများမှ ဦးစီး၍ ရိုဟင်ဂျာအများစု နေထိုင် ရာဒေသများတွင် ရိုဟင်ဂျာများရှင်းလင်းပွဲသဖွယ် အကြီးအကျယ် ပြုလုပ်ခဲ့သည်။ ရာပေါင်းများစွာသော လူကြီး၊ လူငယ်များကို ဖမ်းဆီး၍ ဆက်သွယ်၍မရသော နေရာများတွင် ထားရှိပြီး၊ အချို့သောသူများကို အလွန်တရာနှိပ်စက်ညှင်းပန်းကြောင်းသိရှိ ရသည်။ ဖမ်းဆီးခြင်းများမှာလည်း မတရားသဖြင့်ခွဲခြား၍ ဖမ်းဆီးခြင်းသာဖြစ်ပြီး၊ ဘာသာရေးကို အခြေခံပြီးလွတ်လပ်ခွင့်မပေးပဲ၊ အခွင့်အရေး ချိုးဖောက်၍သာ ဖမ်းဆီးနေခြင်းဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းချ ထားတာတဲ့ အခြေအနေကို ပြောင်းပြန်လုပ်ပြီးပြီ။ တစ်နှစ်ကျော်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြားကို လွှတ်ပေးပြီးတော့မှအခု တစ်ခါနိုင်ငံရေး အကျဉ်း သားတွေပို ပြီးတိုးလာနေပြီ။ - ဟု Mr. Zawacki ကပြောသည်။ 

ဖမ်းဆီးခံထားရသူများကိုနိုင်ငံတကာမှအသိအမှတ်ပြုသည့်ပြစ်မှုမျိုးကျူးလွန်မှသာလျှင်ပြစ်ဒဏ်ချမှတ်သင့်ကြောင်း၊ ပြစ်မှုကိုစစ်ဆေးသော တရားရေးရာတွင်လည်းသင့်တင့်ပြီး လွတ်လပ်သော စစ်ဆေးမှု မျိုးသာဖြစ်ရမည်ဖြစ်ပြီး၊ သေဒဏ်ချမှတ်ခြင်းမပြုလုပ်ရန်နှင့် အကယ်၍ဖမ်းဆီး ခံရသူကို အပြစ်မရှိလျှင် အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုသည်။ 

ရိုဟင်ဂျာမွတ်စလင်များနှင့်ရခိုင်မွတ်စလင်များ၏ပြောကြားချက်များအရ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်း၊ ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်း၊ တရားဥပဒေမဲ့စွာများ စွာသတ်ဖြတ်ခံရခြင်း များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရခိုင်-ဗုဒ္ဓဘာသာဝင်များက ၎င်းတို့ အပေါ်ကျူး လွန်ကြကြောင်း၊ မြန်မာအစိုးရ အနေဖြင့်ယခုကဲ့သို့ လုပ်ရပ်များကို ရပ်တန့်ရန်တား ဆီးရမည်ဖြစ်ကြောင်း၊ နောက်နောင်ဤကဲ့သို့ နှိပ်စက်ညှင်းပန်းခြင်းများ မဖြစ်ပွားရန် ကာကွယ်ပေး ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ၏အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဇူလိုင်လ (၁၁) ရက်နေ့တွင်ပြောကြားရာတွင် လူ ၇၈ ဦးသေဆုံးပြီး၊ အစိုးရနှင့်ကုလသမဂ္ဂ အဖွဲ့အစည်းများမှခန့်မှန်းရာတွင်လူဦးရေ ၅၀၀၀၀ မှ ၉၀၀၀၀ ခန့်ထိအိုးမဲ့အိမ်မဲ့ဖြစ်သည်။ လွတ်လပ်သောစောင့်ကြည့်ရေးသမားများနှင့် လူမှု အထောက်အကူပြု အလုပ်သမားများကိုဝင်ရောက်ခွင့်ကန့်သတ်ထားသောကြောင့်ယခုထိပိုမိုထိကျသောသတင်းများရရန်လွယ်ကူမှုမရှိဖြစ်နေသည်။ 

လူ့အခွင့်အရေး၊ လူမှုရေးအထောက်အကူများ၊ လွတ်လပ်သောစောင့်ကြည့်ရေးသမားများ၊ လူသားချင်းစာနာထောက်ပံ့ရေးဝန်ထမ်းများကို အကြမ်းဖက်မှုမှာ ဒုက္ခရောက်သူများအတွက် အမှန်တကယ်လိုအပ်နေတယ်။ မြန်မာအစိုးရ ထိုဒုက္ခသည်များ အပေါ်ပိုမို၍ အမှားများကျူးလွန် နေတယ် - ဟု Mr. Zawacki ကပြောကြားပါသည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ရိုဟင်ဂျာများကိုနိုင်ငံမဲ့ဘ၀သို့ရောက်စေသည့် ၁၉၈၂ ခုနှစ်နိုင်ငံသားအက်ဥပဒေကိုပြန်လည်ပြင်ဆင် ရန် (သို့မဟုတ်) ဖျက်သိမ်းရန်တောင်းဆိုပါသည်။ 

ရိုဟင်ဂျာများကိုနှစ်ပေါင်းများစွာလူ့အခွင့်အရေးချိုးဖောက်ပြီး၊ နိုင်ငံသားအဖြစ်မှငြင်းပယ်ထားသည့်အပြင် အမျိုးမျိုးသောခွဲခြားဆက်ဆံမှုတွေ လုပ်နေတာကြာပြီ - ဟု Mr. Zawacki မှပြောကြား၍နိဂုံးချုပ်ခဲ့သည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်မှ (ရိုဟင်ဂျာများကိုနှိပ်စက်ညှင်းပန်းခြင်းကြောင့် မြန်မာနိုင်ငံလတ်တလောအခြေအနေတိုက်စားသွား) ၁၉.၇.၂၀၁၂ ထုတ်ပြန်သောသတင်းကိုကိုးကား ၍ရေးသား တင်ပြ ပါသည်။ 

RB News Desk


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်ရှိသော ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ထိရောက်စွာ ဖြေရှင်းရန် အာဆီယံနိုင်ငံများ အပါအ၀င်နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှဆွေးနွေးပွဲ တစ် ရပ်ကို လာမည့်သြဂုတ်လ (၁၄) ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါ သည်။ 

မလေးရှားအစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှဥက္ကဋ္ဌ Datuk Zahidi Zainul Abidin က ကျင်းပ မည့်နေရာကို မကြာ ခင်ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့်ဒေသ တွင်းမှအစိုးရမဟုတ်သော အဖွဲ့အစည်း များ အားလုံးတက်ရောက်လိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားလိုက်သည်။ 

ဆွေးနွေးပွဲ၏အဓိက ရည်ရွယ်ချက်မှာ ရိုဟင်ဂျာလူမျိုးများကို ထိရောက်သော လူမှုရေးအထောက် အပံ့များနှင့် နေ့စဉ်လိုအပ် ချက်များ ကိုဖြည့်ဆည်းပေး ရန်နှင့်ကြီးမားသော အုပ်စုတစ်စုဖွဲ့၍ ရိုဟင်ဂျာ လူမျိုးများ ၏ အခက် အခဲပြဿနာ များကို ကူညီပြော ကြားပေး ရန်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ 

ရိုဟင်ဂျာများ၏အကျပ်အတည်းသည်နှစ်ပေါင်းကြာရှည်နေပြီဖြစ်သော်လည်းအဖွဲ့အစည်းတစ်ခုအနေဖြင့်ရပ်တည်၍လိုအပ် သောအကူအညီများပေးနိုင် ခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် ၎င်းတို့နေထိုင်ရာဒေသ အတွင်းသို့လူမှုရေးအထောက်အပံ့များပေးနိုင်ခြင်း မရှိခဲ့ကြောင်း Mr. Zainul Abidin မှသတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။ 

RB News Desk
ဝါရှင်တန်မြို့ အလ်အစ္စလာမ်ဗလီမှ ရှေ့ဆောင် ဆရာ သည် မြန်မာနိုင်ငံတွင် အဖိနှိပ်ခံနေ ရသော ရိုဟင်ဂျာမွတ်စလင်များအတွက် ရပ်တည်၍ ပြောကြား ခဲ့သော အီရန်နိုင်ငံနှင့် တူရကီနိုင်ငံများကို ချီးမွမ်း ၍ပြောဆို လိုက်ကြောင်း သတင်းရရှိသည်။ 

အီရန်နိုင်ငံမှမြန်မာနိုင်ငံအစိုးရသို့ရိုဟင်ဂျာမွတ်စလင်လူနည်းစုများကိုအသိအမှတ်ပြုရန်နှင့်နိုင်ငံတကာမှလူနည်းစုများအပေါ်အကြမ်းဖက် ခြင်းကိုရပ်တန့်သွားရန်အတွက်ဝိုင်းဝန်းဆောင်ရွက်ကြရန်တိုက်တွန်းခဲ့သည်။ 

အီရန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ Ramin Mehmanparast မှအင်္ဂါနေ့တွင်ကျင်း ပသောအပတ်စဉ်သတင်းစာရှင်းလင်း ပွဲတွင် - မြန်မာအစိုးရအနေနဲ့ လူနည်းစုများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြုဖို့ကျွန်တော်ခိုင်ခိုင်မာမာအကြံပြုတယ်။ မွတ်စလင်အသိုင်းအ ၀ိုင်းဟာနိုင်ငံ ကနေခွဲခြားလို့ရတဲ့အသိုင်းအ၀ိုင်းမဟုတ်တဲ့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အသိအမှတ်ပြုပါ - ဟုပြောကြားခဲ့သည်။




မွတ်စလင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အစ္စလာမစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့များ အနေနဲ့အကြမ်းဖက်မှုကြီးရပ်တန့်ဖို့အတွက် လေးလေးနက်နက်စဉ်းစားဖို့လိုတယ် - ဟု၎င်းကဆက်လက် ၍ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသမ္မတသိန်းစိန်မှ ရိုဟင်ဂျာများကိုနိုင်ငံတွင်းမောင်း ထုတ်ရန်လိုကြောင်းနှင့်၎င်းတို့ ကိုကုလ သမဂ္ဂ အကူအညီနှင့် ဒုက္ခသည်စခန်းများ တွင်ထားရန်လိုကြောင်းလွန်ခဲ့သည့် ရက်သတ္တပတ်ကပြော ဆိုခဲ့သည်။ 

အစီရင်ခံစာများအရရိုဟင်ဂျာများသည်မြန်မာနိုင်ငံရှိမွတ်စလင်များသည်လွန်စွာအတိဒုက္ခရောက်လျက်ရှိပြီး၊ ဇွန်လ (၂၈) ရက်နေ့ထိအကြမ်း ဖက်မှုကြီးအတွင်းတစ်သန်းခန့်ရှိသောရိုဟင်ဂျာများမှ ၆၅၀ ဦးခန့်သေဆုံးခဲ့ပြီး ၁၂၀၀ ကျော်ပျောက်ဆုံးနေသည့်အပြင် ၈၀၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ် သွားကြောင်း သိရှိရသည်။ 

စစ်တပ်အသိုင်းအ၀ိုင်းမှအုပ်ချုပ်နေသောမြန်မာအစိုးရသည် ကုလသမဂ္ဂမှအဖိနှိပ်ခံရ ဆုံးဟုသတ်မှတ်ထား သူများအပေါ်ပိုမို၍ဖိနှိပ်ခြင်း၊ ရိုဟင်ဂျာမွတ်စလင်များ ကိုနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း များငြင်း ပယ်ခြင်း များပြုလုပ်ခဲ့သည်။ အခြေခံလူ့အခွင့်အရေးများချိုးဖောက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ပညာသင်ကြား ခွင့်ကန့်သတ်ခြင်းနှင့်မတရားနှိပ်စက်၍လုယက်ခြင်းရှိခဲ့သည်။ မြန်မာအစိုးရမှ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှမဟုတ်ကြောင်း၊ မျိုးဆက်ပေါင်းများစွာနေထိုင်လျက်ရှိသော်လည်း တရားမ၀င်ဝင်ရောက်နေထိုင်သူများဖြစ်ကြောင်းပြောဆိုခဲ့ သည်။ 

Press TV မှအမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့အလ်အစ္စလာမ်ဗလီမှရှေ့ဆောင်ဆရာ Abdul Alim Musa နှင့်ဆက်သွယ်မေးမြန်းခဲ့သည်။ 

Press TV: Mr. Musa, Press TV ကမ္ဘာ့သတင်းအစီအစဉ်မှပြောကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကမ္ဘာမှအိုးမဲ့အိမ်မဲ့နဲ့သတ်ဖြတ်ခံရ တဲ့သူတွေကိုမသိကျိုးကျွန်ပြုနေတယ်။ အဲဒီအတွက် ခင်ဗျားဘာပြော ချင်သလဲ? 

Musa: ကုလသမဂ္ဂက ဆီးရီးယားနိုင်ငံထဲရောက်နေတယ်။ ကုလသမဂ္ဂက လီဘီးယားနိုင်ငံအတွက် အရမ်းစိုးရိမ်ပူပန်ခဲ့တယ်။ ကုလသမဂ္ဂက အရမ်းစိုးရိမ်ပူပန်နေရတဲ့အထဲမှာနံပါတ် (၁) ဆော်ဒီအာရေဗျနဲ့ နံပါတ် (၂) ဆော်ဒီအာရေဗျရဲ့အရှေ့ပိုင်းဒေသ မြန်မာနိုင်ငံပြဿနာကိုပြောရမယ်ဆိုရင် ဒီလူတွေခံစားနေ ရတာကျွန်တော်သိနေခဲ့တာနှစ်ပေါင်းသုံးဆယ်လောက်ရှိပြီ၊ ဒီထက်တောင်ပိုဦးမယ်၊ ဒါပေမယ့်ဒီပြဿနာ ဟာအနောက်နိုင်ငံတွေအနောက်နိုင်ငံတွေရဲ့အဖွဲ့အစည်းတွေနဲ့မဆိုင်သလိုဖြစ်နေသလို၊ ကျန်တဲ့သူတွေနဲ့ လည်းမဆိုင်သ လိုဖြစ်နေတယ်။ လူနည်းစုလေးဖြစ်တဲ့ လူတွေအတွက် မွတ်စလင်နိုင် ငံတွေက ပါမွတ် စလင်တွေ ကိုယ်စားမပြောကြဘူး။ 

ဒါကဘာကိုပြနေသလဲဆိုရင်အနောက်နိုင်ငံတွေတန်ဖိုးထားတဲ့ရေနံဆီ၊ ရွှေနဲ့အခြား တန်ဖိုးရှိတဲ့အရင်း အမြစ်တွေ မရှိဘူးဆိုရင်၊ လူတွေရဲ့ဘ၀၊ မိသားစုတွေ၊ လူတွေရဲ့ယဉ်ကျေးမှု၊ အမွေအနှစ်တွေက လုံးဝတန်ဖိုးမရှိ ဘူးဆိုတာပြနေတယ်။ 

နောက်တစ်ခုကအလေးထားစရာက ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံမှာလူထုအခွင့်အရေး၊ လူ့အခွင့်အရေး စတာတွေကိုဖော်ဆောင်ဖို့ကြိုးစားနေတာ လွန်ခဲ့တဲ့ဆယ်စုများကတည်းက ဆူဆူညံညံဖြစ်လာတယ်။ သူမရဲ့စွမ်းဆောင်မှုတွေကိုနိုဗယ်ငြိမ်းချမ်းရေးဆုနဲ့အသိအမှတ်ပြုခဲ့ တယ်။ မကြာသေးခင်ကအဲဒီဆုကိုလက်ခံရခဲ့တယ်သူမအလေးအနက်ထားပြီးကြိုးပမ်းနေတဲ့တူညီတဲ့လူ့အခွင့်အရေးအတွက် သူမရဲ့လူထုကို မပြောဆိုနိုင်ဘူး။ သူမရဲ့အနေအထားကို ထိခိုက်မခံနိုင်တဲ့အတွက် မပြော ဘူးဖြစ်နေတယ်။ 

အဓိကကျွန်တော်တို့မွတ်စလင်တွေပြခဲ့တာကတော့ အီရန်နဲ့တူရကီနိုင်ငံတို့ရဲ့ရပ်တည်ချက်တွေအတွက်ပါပဲ။ ဂုဏ်ယူရမှာပါ။ ကျွန်တော်တို့မွတ် စလင်တွေအနေနဲ့တစ်ကမ္ဘာလုံးမှာရှိ တဲ့မွတ်စလင်တွေ အတွက်ရပ်တည်ရမှာပါ။ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ Hazards, ပါကစ္စတန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျမှာ ရှိတဲ့ရှီအာမွတ်စလင်အားလုံးအတွက်ရပ်တည်ပြီးပြောရမှာပါ။ 

Press TV: Mr. Alim Musa, ခင်ဗျားရည်ညွန်းခဲ့တဲ့ထဲမှာ အနောက်နိုင်ငံတွေက အဲဒီကိစ္စကိုမသက်ဆိုင်သလိုနေတယ်။ အဲဒီအကြောင်းကို ကျွန်တော်ဒုတိယမေးခွန်း အနေနဲ့မေးချင်တယ် တစ်သန်းခန့်ရှိတဲ့လူတွေကိုနိုင်ငံတကာသတင်းဌာနတွေသွားဖို့ပျက်ကွက်နေတယ်။ လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ အခါအနောက်နိုင်ငံကသတင်းဌာနတွေနဲ့အစိုးရတွေက မြန်မာနိုင်ငံက မွတ်စလင်တွေ ကို ဘယ်လိုခွဲခြားနေတယ်လို့မြင် သလဲ? 

Musa: ကောင်းပြီ၊ ဘာကိုခွဲခြားနေသလဲဆိုတော့လူ့အခွင့်အရေးခွဲခြားနေတာပါ။ သူတို့ရဲ့ လူတွေကိုတောင်လူ့အခွင့်အရေးမပေးသေးပါဘူး၊ ဒါပေမယ့်ဘယ်လိုခွဲခြားနေသလဲဆိုတော့ ဒီလူတွေပဲ တစ်ချိန်လုံးသူတို့လူတွေရဲ့လူ့အခွင့်အရေးအတွက်ပြောဆိုနေကြတာ။ စစ်အာဏာရှင် အစိုးရကနေအခု ပါလီမန်နေရာရနေကြပြီ၊ နိုင်ငံတကာကလည်းအသိအမှတ်ပြုနေပြီ၊ သူတို့တူညီတဲ့ အရာကို အခြားလူတွေကိုပေးဖို့ငြင်းနေ ကြတယ်။ ဘာဖြစ်လဲဆိုတော့ အဲဒီလူတွေကို တရား မ၀င်ရောက် လာတဲ့နိုင်ငံခြားသားလို့သတ်မှတ်ကြတယ်။ နယ်စပ်ဖြတ်ပြီးရောက်လာတဲ့ မက်စီကန်တွေ ကို အမေရိကန်ကနိုင်ငံသားအဖြစ်လက်မခံသလိုမျိုးပါ။ 

ဒါကြောင့်ဒီလူတွေကတန်ဖိုးမရှိသလိုဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကတန်ဖိုးမထားလို့။ ကျွန်တော်တို့ကိုယ်တိုင် ကတန်ဖိုးထားမှ အခြားသောကျန်တဲ့ကမ္ဘာက လူတွေအားလုံး ကတန်ဖိုးထားလိမ့်မယ်ကျွန်တော်တို့ကကိုယ့်လူကိုကိုယ်တန်ဖိုးထားကြမယ်ကျွန်တော်တို့မွတ်စလင်တွေကကမ္ဘာကြီးမှာရှိတဲ့လူသားတွေအားလုံးကိုတန်ဖိုးထားပြီး တရားမျှတရေး၊ လူ့အခွင့်အရေးစတာတွေအတွက် ခိုင်ခိုင်မာမာရပ်တည်ပေးရမယ်။ အထူးသဖြင့်အားနည်းတဲ့သူတွေ၊ ခံစားခွင့်ပိတ်ပင်ထားခံရတဲ့သူတွေ၊ ရွှေ့ပြောင်းနေ ထိုင်သူတွေ အတွက်ရပ် တည်ပေးရမယ်။ 

Press TV နှင့် Mr. Abdul Alim Musa တို့၏အင်တာဗျူးကိုဆီလျော်အောင်ဘာသာပြန်သည်။ အဓိပ္ပာယ် လွဲမှားမှုရှိပါက ဘာသာပြန်သူ၏အား နည်းချက်သာဖြစ်ပြီး RB နှင့်မသက်ဆိုင်ပါ။ 

မေယုနဒီ

ကမ္ဘာပေါ်တွင် ၅၇ ခုသောမွတ်စလင်နိုင်ငံများပူးပေါင်းဆောင်ရွက်သည့်အဖွဲ့ဖြစ်သည့် Organisation of Islamic Cooperation OIC မှ ရိုဟင်ဂျာမွတ်စလင်များ အပေါ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ် လျက်ရှိသော အခြေအနေများကိုအထူးစိုးရိမ်ကြောင်းထုတ်ဖော်ပြောကြား၍ ဆော်ဒီအာရေဗျားနိုင်ငံ  ဂျီဒ္ဒားမြို့ မှယနေ့ ဇူ လိုင် လ  (၁၅) ရက်နေ့ တွင် တရားဝင်စာထုတ်ပြန်လိုက်သည်။


OIC ၏အထွေထွေအတွင်းရေးမှူးချုပ် Mr. Ekmeleddin Ihsanoglu မှပြောဆိုရာတွင်ဇွန်လ အတွင်းဖြစ်ပေါ်ခဲ့သော အခြေအနေများတွင် ရိုဟင်ဂျာများ၏အိမ်များမီးရှို့ခံရခြင်း၊ ဗလီများဖျက် ဆီးခံ ရခြင်းနှင့်နေ အိမ်များမှာအတင်းအဓမ္မမောင်းထုတ်၍မိမိတို့၏မြေမှစွန့်ခွာရခြင်းတို့ အပြင်အပြစ်မဲ့သော သူများသတ်ဖြတ် ခံရခြင်းများရှိခဲ့သည်။ မြန်မာနိုင်ငံသားဖြစ်ကြသော ရိုဟင်ဂျာမွတ်စလင်များ ကိုလူ့အခွင့် အရေးချိုးဖောက် ၍ထပ်မံဖိနှိပ်ရန်ပြောဆိုခြင်းကိုလည်းအပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုကျော်မှစ၍ မြန်မာနိုင်ငံသားများဖြစ် ကြသောရိုဟင်ဂျာမွတ်စလင်များကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များမှလူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် အိုးမဲ့အိမ်မဲ့ဖြစ်အောင်အတင်းအဓမ္မမောင်းထုတ်ခြင်းများရှိခဲ့ကြောင်း Mr. Ihsanoglu မှပြောကြားသည်။ 

၎င်းကဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံတွင်ဒီမိုကရေစီစနစ်ပြန် လည်ထူထောင်လာခြင်း သည်နိုင် ငံတကာအသိုင်းအ၀ိုင်းအတွက် ရိုဟင်ဂျာလူမျိုးအပေါ်ညှင်းပန်းနှိပ် စက်ခြင်းများအဆုံးသတ်ပြီး၊ တူညီသောနိုင်ငံသားအခွင့်အရေးများရရှိခံစားရလိမ့်မည်ဟူသောမျှော်လင့်ချက် ဖြစ်ခဲ့ကြောင်း၊ သို့သော်ဇွန်လ (၃) ရက်နေ့မှစတင်ခဲ့သော အကြမ်းဖက်မှုကြီးသည် ရိုဟင်ဂျာများအရေး အတွက် မိမိတို့ အဖွဲ့မှအရေးစိုက်ရန် နှိုးဆော်ချက် တစ်ခုဖြစ်ခဲ့ကြောင်း၊ နိုင်ငံတကာအသိုင်း အ၀ိုင်းနှင့်ကုလသမဂ္ဂ တို့မှငြိမ်းချမ်းစွာဖြေရှင်းရန်ပြောဆိုနေသောအချိန်တွင် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ သိန်းစိန်မှ ရိုဟင်ဂျာမွတ်စလင်များကိုနိုင်ငံသားငြင်းပယ်ခြင်းသည်လွန်စွာစိတ်ပျက်ဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံသည် ကုလ သမဂ္ဂနှင့် အာဆီယံအ ဖွဲ့ဝင်ဖြစ်သည်နှင့်အညီ နိုင်ငံတကာလူ့အခွင့် အရေးကြေညာ စာတမ်း၊ နိုင်ငံတကာ ညီလာခံများတွင်သဘောတူညီချက် များ၊ ကြေညာချက်များနှင့်နိုင်ငံ သားများကို အပေါ် အပြု အမှု များ ကိုစောင့်ထိန်းလိုက်နာရန်လိုကြောင်းထုတ်ပြန်သည့်စာတွင်ရေးသားထားသည်။ 

အထွေထွေအတွင်းရေးမှူးချုပ်မှရည်ညွန်းပြောဆိုရာတွင် ကုလသမဂ္ဂ၏ကြေညာချက်တွင် ရိုဟင်ဂျာများ သည်လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ပြောဆို သည့်ဘာသာစကား အရမြန်မာနိုင်ငံ၏ အနောက်ပိုင်းမှ လူနည်းစုဖြစ်ကြောင်း၊ သမိုင်းကြောင်းအရရိုဟင်ဂျာများသည် ယခုလက်ရှိ မြန်မာနိုင်ငံ တွင်မြန်မာနိုင် ငံဟုမပေါ်ပေါက် သည့်အချိန်ဖြစ် သည့်ဗြိတိသျှခေတ် မတိုင်မှီရာစုနှစ်ပေါင်းများ စွာကတည်းကရှိခဲ့ကြောင်း၊ မြန်မာ အစိုးရမှ ရိုဟင်ဂျာများကိုခွဲခြား ဆက်ဆံ၍ဖိနှိပ် သည့်အပြင် နိုင်ငံတကာ စံချိန်စံညွန်းနှင့်ဆန့် ကျင်သော ၁၉၈၂ ခုနှစ်နိုင်ငံသားအက်ဥပဒေ ပြဋ္ဌာန်း၍ နိုင်ငံသား အဖြစ် မှငြင်း ပယ်ခဲ့ကြောင်း ဆက် လက်ပြော ကြားသည်။ 

Mr. Ihsanoglu အနေနှင့်မြန်မာအစိုးရမှကောင်း မွန်သောအပြုသဘောဆောင်၍နိုင် ငံတကာ အသိုင်းအ၀ိုင်း ကိုတုန့်ပြန်မည်ဟုမျှော်လင့် ကြောင်း၊ နိုင်ငံသားများဖြစ်ကြသည့် ရိုဟင်ဂျာ မွတ်စလင်များသည် လည်းလုံခြုံစွာနှင့်ဂုဏ်သိက္ခာရှိစွာမိမိတို့၏နေရပ်များတွင်ပြန်လည်နေထိုင် နိုင်မည်ဟုမျှော်လင့်ကြောင်း၊ မိမိတို့အဖွဲ့အစည်း အနေနှင့်မိမိတို့၏ အဖွဲ့ဝင်နိုင်ငံမဟုတ် သည့်နိုင်ငံများတွင်နေထိုင်သော မွတ်စလင်လူနည်းစု များ၏ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အခြေအနေများအတွက်ကာ ကွယ်ကူညီပေးရန်မိမိတို့၏ အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်တွင်ပါရှိ ကြောင်း၊ မိမိတို့အနေနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကော်မရှင်များ၊ အာဆီယံနှင့် ဥရောပသမဂ္ဂ၊ မြန်မာအစိုးရ တို့နှင့်အတူပူးပေါင်း၍ ယခုဖြစ်ပေါ်နေသောပြဿ နာကိုငြိမ်းချမ်းစွာဖြေရှင်း ရန်လိုလားကြောင်း၊ နိုင်ငံတကာအဆင့်တွင်အခါအခွင့်ကြုံ၍မဟုတ် ပဲ၊ တာဝန်သိတတ်စွာငြိမ်းချမ်း စွာရေရှည်ခံ မည့်အတိုင်း အတာနှင့်ဖြေရှင်း သွားမည်ဖြစ်ကြောင်းကြေညာ ချက်ထုတ်ပြန်ကြောင်း သတင်းရ ရှိပါ သည်။ 

RB News Desk



မြောက်အမေရိကအစ္စလာမစ်အဖွဲ့မှ မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာ မွတ်စလင် များအပေါ်လတ်တလောအကြမ်း ဖက်မှုနှင့်ပတ်သက် ၍လေးလေးနက်နက် စိုးရိမ်ပူ ပန်ကြောင်း ဇူလိုင်လ (၁၂) ရက်နေ့က၀ါရှင် တန်ဒီစီမြို့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ရိုဟင် ဂျာလူမျိုး များ အပေါ်ကန့် သတ်ထားသော လက်ထပ်ခွင့်လျှောက်ထားရခြင်း၊ ကလေး (၂) ယောက်ထက်ပို ၍မွေးဖွားခွင့်မပြုခြင်း၊ အတင်းအဓမ္မ ခိုင်းစေခြင်းတို့ကိုရုပ်သိမ်းရ မည်ဖြစ်ကြောင်း လည်းပြောကြား ခဲ့ကြောင်း သိရှိရသည်။ ရိုဟင်ဂျာများ၏မြေယာများကိုသိမ်းပိုက်ခြင်း၊ ခရီးသွားလာ ခွင့်ပိတ်ပင်ခြင်း တို့အပြင်နိုင်ငံသား အဖြစ်အသိ အမှတ်လည်းမပြုပေ။

အဆိုပါအဖွဲ့မှလက်ရှိရိုဟင်ဂျာမွတ်စလင်များအပေါ်ကျင့်သုံးသောအစိုးရ၏ဖိနှိပ်ရေးမူဝါဒများကိုလက်မခံနိုင်ကြောင်းနှင့်ထိုအတွက်အထူးဝမ်း နည်းကြောင်း၊ မိမိတို့သည်လူမျိုး၊ဘာသာ၊အခြေအနေကိုခွဲခြားခြင်းမရှိပဲ လူမျိုးရေး၊ဘာသာရေးကွဲပြားမှုကြောင့်ဖိနှိပ်ခံနေရသောလူနည်းစုများ အားလုံးအတွက်ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့်ရိုဟင်ဂျာများအရေးကိုကိုင်တွယ်နေသည့်လမ်းကြောင်းမှာလက်ခံနိုင်ဖွယ်ရာ မရှိကြောင်းရိုဟင်ဂျာလူမျိုးများသည်အခြေခံလူ့အခွင့်အရေးများအားလုံးရပိုင်ခွင့်ရှိကြောင်းကိုလည်းပြောဆိုခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစီရင်ခံစာအရ လွန်ခဲ့သောလတွင်ဖြစ်ပွား ခဲ့သောရခိုင်ဒေ သတွင်း အကြမ်းဖက်မှု၌ ရိုဟင်ဂျာများကို စစ်တပ်နှင့်အခြားသော အစိုးရဆိုင်ရာ အဖွဲ့အစည်းများ မှတစ်ဖက်သတ် လူမဆန်စွာ တုန့်ပြန်ခဲ့ကြောင်း၊ မြန်မာအစိုးရ မှအခြေအနေများမှာ တိုး တက်ကောင်း မွန်နေကြောင်းပြောကြားသော် လည်း ကမ္ဘာစား နပ်ရိက္ခာအဖွဲ့ မှအစီရင်ခံရာတွင် လူပေါင်း ကိုးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည် ကိုတွေ့ရကြောင်း၊ နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ မှအစီရင်ခံ ရာတွင်လည်း အိုးမဲ့အိမ်မဲ့ဖြစ်နေ သူများမှာသန့်ရှင်းသောရေ၊ အစား အသောက်များ မရခြင်း၊ ကောင်း မွန်သောနေရာ ထိုင်ခင်းများ မရခြင်း၊ ဆေးဝါးကုသမှု မရခြင်းနှင့်နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများကို ၀င်ရောက် အကူအညီပေးခြင်းများကန့်သတ်ထားခြင်း တို့ကြောင့်ပို၍ ဒုက္ခရောက်နေကြောင်း တို့လည်းပြောဆိုခဲ့သည်။

လွန်ခဲ့သော ၉ ရက်နေ့တွင်မြောက်အမေရိကားအစ္စလာမစ်အဖွဲ့မှနိုင်ငံ တကာလွတ်ငြိမ်းချမ်း သာခွင့် အဖွဲ့နှင့်အခြားသောအဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍ လူမှုရေးဆိုင်ရာကပ် ဆိုက်မှုကြီးကိုပိုမို၍ သိစေရန်ရည်ရွယ်၍သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့သည်။ တက်ရောက်ခဲ့သည့် အဖွဲ့အစည်း များအား လုံးမှ အမေရိကန်အစိုးရအားမြန်မာနိုင်ငံနှင့်သံတမန် ဆက်သွယ်ရေးပိုမိုခိုင်မာရန်ညှိနှိုင်းနေချိန်တွင် ရိုဟင်ဂျာများ ၏အတိ ဒုက္ခများကိုမမေ့လျော့ရန်တိုက်တွန်းခဲ့ကြသည်။ ယခုကဲ့သို့အကျပ်အတည်း ကျရောက်နေသော အချိန်တွင် အမေရိကန်အပါအ၀င်အခြားသော နိုင်ငံများအားလုံးမှရိုဟင်ဂျာ လူမျိုးများနှင့် ပတ်သက်၍ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် တည်ငြိမ်အေးချမ်း မှုရအောင် လမ်းကြောင်း သစ် များရှာဖွေသင့်ကြောင်းပြောဆိုခဲ့ကြောင်းသိရှိရသည်။

RB News Desk
လွန်ခဲ့သောနွေဦးအချိန်မြန်မာနိုင်ငံ၌ဒီမိုကရေစီပန်းပွင့်နေမှုဖြင့်ကမ္ဘာကိုဖမ်းစားခဲ့သည်။ သို့သော်ယခု သုံးလ အကြာတွင်ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော် အမတ်အဖြစ်ရွေးချယ် ခံရပြီး တစ်လ အကြာတွင်အော်စလိုမြို့သို့ ၁၉၉၁ နိုဗယ်ငြိမ်းချမ်းရေး ဆုကို အချိန်နှောင်း၍ လက်ခံရန်သွား သည့်အချိန်တွင်မြန်မာနိုင်ငံ၌ခေါင်းလောင်းသံမြည်နေပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်ဖြစ်သော ရခိုင်ပြည်နယ်၏ရွာများတွင် ဇွန်လ၌ရိုဟင်ဂျာ ဟုခေါ်သောမွတ်စလင် များကိုလူမျိုးရေးဘာသာရေး ခွဲခြားဖိနှိပ် သတ်ဖြတ်မှုများစတင်ခဲ့သည်။ ဤသည်မှာမြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှု ကာလ၏ရုပ်ဆိုးသော လက္ခဏာဖြစ်ပြီး ပန်းပွင့်မြင်နေရသော်လည်း ပန်း၏နိမိတ်မ ကောင်းခြင်းဖြစ်သည်။

ရိုဟင်ဂျာများကိုရက်စက်မှုသည်ယခုမှမဟုတ်ပေ။ ထိုသူများသည်ဗုဒ္ဓဘာ သာအများစုနေထိုင်သော နယ်မြေတွင်နှိပ်စက်ညှင်းပန်းခြင်း၊ လျစ်လျူရှုခံရခြင်း၊ ဖိနှိပ်ခံရခြင်းတို့ကို ၁၉၄၈ လွတ်လပ်ရေးသည့် အချိန်မှ စ၍ကြုံတွေ့နေရသည်။ အခြေခံဥပဒေများသည်ထိုသူများကို နိုင်ငံသားဖြစ်ရန် အခွင့်အရေးများ ကိုပိတ်ပင်ထားပြီး၊ ထိုသို့ဖြစ်ရခြင်းမှာထိုသူတို့၏ဘိုးဘွားဘီဘင်များသည် ၁၉ ရာစု၌ဗြိတိန်ကိုလိုနီလက် အောက် မှမြန်မာနိုင်ငံဟုဖြစ်လာသည့်အချိန်တွင်မနေထိုင်ခဲ့ခြင်းကြောင့်ဟုဆိုသည်။ (ရိုဟင် ဂျာပြဿ နာတွင် အချေအတင်အငြင်းခုံနေမှုတစ်ခု) ယခုအချိန်တွင်စစ်အာဏာရှင် စနစ်ကြီးပြိုကွဲရန် အစပြုနေသော် လည်း ရိုဟင်ဂျာများအတွက်ပြောင်းလဲရန်တစ်စုံတစ်ရာသင်္ကေတမမြင်ရပေ။ မြန်မာများ သည် ထိုသူများကို ဇာတ်လမ်းဆင်ရန်ကြိုးစားနေကြပါသည်။

ယခုဖြစ်ပွားသောအကြမ်းဖက်မှုကြီးကိုလိုက်ရှာလျှင်ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကိုမေလနှောင်းပိုင်းတွင်အဓမ္မကျင့်၍သတ်ဖြတ်ခြင်းကြောင့် ဖြစ်ပြီး၊ ထိုအတွက်မွတ်စလင်သုံးဦးကိုရဲများမှဖမ်း ဆီးကြောင်း အစီရင်ခံခဲ့ သည်။ ထိုကိစ္စနောက်ပိုင်းတွင် ဆူပူသောင်းကျန်းသောလူအုပ်မှ ရိုဟင်ဂျာများနှင့် အခြားသော မွတ်စလင်များကိုတိုက်ခိုက်သတ်ဖြတ်ခဲ့ရာ လူပေါင်းများစွာသေကြေခဲ့သည်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တို့မှသိရှိရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များဦးဆောင်၍ မွတ်စလင်များကိုအစုလိုက်အပြုံလိုက်ဖမ်းဆီး ခြင်း၊ ထောင်ပေါင်း များစွာသော အိမ်များ ဖျက်ဆီးခြင်း တို့ပြုလုပ်ခဲ့ပြီး၊ ရိုဟင်ဂျာများဘက်မှ အကြီးအကျယ်ပျက်ဆီးဆုံး ရှုံးခဲ့ရသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ရိုဟင်ဂျာများ မှကြိုးစား၍ နတ်မြစ်ကိုဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ် သို့ သွား ရာလမ်းတွင် လူအချို့သေဆုံးခဲ့ရသည်။ 

မြန်မာမီဒီယာများမှအဓိကရုဏ်းဖြစ်ပွားရာအစောပိုင်းတွင်ရိုဟင်ဂျာများကိုအကြမ်းဖက်သမားများ၊ သစ္စာဖောက် များ အဖြစ်ဇာတ် လမ်းဆင်၍ ကိုးကားပြခဲ့သည်။ ဇွန်လအလယ်ပိုင်းတွင် အစိုးရမှအဓိက ရုဏ်းကြီးရပ်တန့်ရန်အကြောင်းပြပြီး ဒေသတွင်းအရေးပေါ်အခြေအနေကြေညာ ခဲ့သည်။ သို့သော်ထို အခြေအနေအား နယ်စပ်လုံခြုံရေး တပ်ဖွဲ့များကိုအိမ်များမီးရှို့ရန်၊ လူများသတ်ရန်နှင့်ရိုဟင်ဂျာ များ ကိုနေအိမ် များ ဖယ်ရှား ပြီးရွာမှာနှင်ထုတ်ရန်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် သမ္မတသိန်းစိန် မှ ရိုဟင်ဂျာများကိုနိုင်ငံအတွင်းနှင်ထုတ်၍သော်လည်း ကောင်း (သို့မဟုတ်) ကုလသမ ဂ္ဂမှပြန် လည်နေ ရာချထားခြင်းဖြင့်သော် လည်းကောင်းမြန်မာနိုင်ငံတွင်ဖြစ် ပွားနေသော ကပ်ဆိုက်နေသော  ကာလကို  အဆုံးသတ်နိုင်မည်ဟု ကုလသမဂ္ဂကို အကြံပြုခဲ့သော်လည်း ကုလသမဂ္ဂမှ လျင်မြန်စွာ ပယ်ချခဲ့သည်။

ဤသည်မှာလူမျိုးရေးဂိုဏ်းဂဏခွဲ၍ဖြစ်ပွားသောအကြမ်းဖက်မှုမဟုတ်၊ နိုင်ငံတော်မှထောက်ခံအားပေး ခဲ့သော လူမျိုးတုန်းသတ်ဖြတ်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှရပ်တန့်ရန် မြန်မာခေါင်းဆောင်များ သို့ဖိအား မပေးကြပေ။ ဒေါ်အောင်ဆန်းစုကြည်မှ လည်းတစုံ တရာပြောကြားခြင်း မရှိခဲ့ပေ။

ဇွန်လအလယ်ပိုင်းတွင်ကျွန်ုပ်သည်စာနယ်ဇင်းသမားများနှင့်အတူနယ်စပ်မြို့သို့သွားရောက်၍ ဘ င်္ဂ လားဒေ့ရှ် ရှိ ရွာများ တွင်လှေစီး၍ရောက်လာ ကြသောရိုဟင်ဂျာများ ၏တုန်လှုပ်ဖွယ်ဇာတ်လမ်း များကို သိခဲ့ ရသည်။ ထိုသူတို့ပြောကြားရာတွင် ရဟတ်ယာဉ်မှပစ်ခွင်းသည်ကိုကြုံခဲ့ရပြီး လှေခြောက်စင်းမှ သုံးစင်းပျောက်ဆုံးခဲ့သည်။ ခရီးစဉ်လေးရက် အတွင်း ကလေးအချို့ရေနစ်ခဲ့ပြီး အချို့မှာ ဆာလောင် မှုကြောင့်သေဆုံးခဲ့ သည်။ ဘင်္ဂလားဒေ့ရှ်သို့ရောက် သည့်မိသား စုများမှမြန်မာနိုင်ငံ သို့ပြန် လည်၍နှင် ထုတ်ခြင်းခံရသည်ဟုပြောသည်။ မိဘများနှင့်ကွဲသွားသော ကလေးများသည်ရွာများ အတွင်းရှိအိမ်များ သို့သွားရောက်၍အကာအကွယ်ယူကြပြီး၊ အချို့ကလေးများမှာဆာလောင်မှုအပြည့်ဖြင့်တနေရာ ရာတွင် ပုန်းအောင်း နေခြင်း (သို့မဟုတ်) ဒုစရိုက်ဂိုဏ်းများ၏သားကောင်များဖြစ်သွားကြသည်။ နယ်စပ်လုံခြုံရေး များမှမွေးကင်းစကလေးကို တွေ့ရသောအခါ၊ ဆေးဝါးကုသပေးပြီးနောက်ကလေးငယ်ကို ယာယီကာ ကွယ်ပေးသည့် အနေဖြင့်နယ်မြေခံ ငါးဖမ်းသမားနှင့်ထားခဲ့သည်။

အဘယ်ကြောင့်ဤဖိနှိပ်သတ်ဖြတ်မှုသည်နိုင်ငံတကာကိုဒေါသမဖြစ်စေခဲ့သနည်း။ အမေရိ ကန်ပြည်ထောင် စု၊ ဥရောပသမဂ္ဂနှင့်ကနေဒါနိုင်ငံတို့ သည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို လက်ခံ လိုက်ပြီးနောက် မြန်မာနိုင်ငံသည်ရင်းနှီးမြှပ်နှံရန်ပန်းတိုင်တစ်ခုဖြစ်လာသည်။ ၁၉၈၈ ခုနှစ်မှ စတင်ခဲ့သော စီးပွားရေးပိတ်ဆို့မှုများကိုရုပ်သိမ်းခဲ့သည်။ (ထိုပိတ်ဆို့မှုသည် တရုတ်၊အိန္ဒိယ၊တောင် ကိုးရီယား ထိုင်း စင်္ကာပူနိုင်ငံ များနှင့်နိုင်ငံမျိုးစုံ ပါဝင်သောရေနံကုမ္ပဏီများကိုမြန်မာနိုင်ငံနှင့်စီးပွားရေးလုပ် ကိုင်ခြင်းများ ကိုမတား ဆီးနိုင်ခဲ့ပေ။) လွန်ခဲ့သောနှစ်နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မြန်မာနိုင်ငံသို့အလည်အပတ်ရောက်စဉ်တွင်ပထမအဆင့်အနေဖြင့်ဒီမိုကရေစီစနစ်ကျင့် သုံးရေး၊ နှစ်နိုင်ငံဆက်ဆံရေးခိုင်မြဲရေး အတွက်လိုအပ် မည့်အခြေအနေများ ၊ တိုင်းရင်းသားပြဿနာ များကိုအဆုံးသတ်ရန်တို့ကိုချမှတ်ခဲ့သည်။ 

ရိုဟင်ဂျာများ၏အတိဒုက္ခများသည်နိုင်ငံမဲ့ခြင်း၊ နိုင်ငံသားဖြစ်မှုငြင်းပယ်ခံရခြင်းတို့ကြောင့်ဖြစ်ပြီး ဤသည် အတွက်မြန်မာနိုင်ငံတွင်တာဝန်ရှိ သည်။ မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေး ကာလကို ထိန်းချုပ်လျက်ရှိသောစစ်အရာရှိကြီးကဲ့သို့ သြဇာအာဏာမရှိသော်ငြားလည်း၊ အနောက်နိုင်ငံများ တွင် တက်ရောက်ခဲ့သောအခမ်းအနားများ၌မေးမြန်းရာတွင်ရှောင်တိမ်းသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မရှောင်တိမ်းသင့်ပေ။ သူမအနေနှင့်သူမ၏အသံ၊ ဂုဏ်သတင်းများကို အသုံးပြု ၍နိုင်ငံ သားဖြစ် ခွင့် လူသားများ၏အခြေခံအခွင့်အရေးဖြစ်ကြောင်း ပြောဆိုသင့်သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် အစ္စလာ မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu မှသူမထံသို့ အကြမ်းဖက်မှုကြီးအဆုံးသတ်ရန်အတွက်ကူညီပေးရန်မေတ္တာရပ်ခံခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့်ပို၍လုပ်ပေးနိုင်သည်မှာသေချာသည်။ ၎င်း၏မြန်မာနိုင်ငံနှင့်မြစ်နယ်နိမိတ်သည် ကာကွယ်ထားခြင်းမရှိသော ကြောင့်ထောင်ပေါင်းများစွာသောရိုဟင်ဂျာများသည်ညအချိန်တွင်ရေကူး၍ (သို့မဟုတ်) လှေခတ်၍လာကြသည်။ ယခုတရားဝင် (သို့မဟုတ်) တရားမ၀င်နေထိုင်ကြသောဒုက္ခသည်များ သည်ယခင် ကထိုကဲ့သို့ရောက်ရှိခဲ့သော်ငြားလည်း ယခုနှစ်တွင်စုပြုံအောတိုက်ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် လက်ခံရန်တွန့်ဆုတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့တွင်လည်းထိုစိုးရိမ်မှုကြောင့် ရိုဟင်ဂျာဆန့်ကျင်ရေးများဖြစ်လာ ခဲ့သည်။ အစပိုင်းတွင်ဘင်္ဂလားဒေ့ရှ် အစိုးရမှဒုက္ခသည်များကို အကူအညီလုံးဝမပေးပဲဖိအားပေး၍နှင်ထုတ်ခဲ့သည်။ ရွာသားအချို့ကိုဒုက္ခသည် များကိုနေထိုင် ရန်ပေးခဲ့သောကြောင့်အစိုးရမှဖမ်းဆီးအရေးယူပြီးနောက်ပိုင်းတွင် ဒုက္ခသည်များကိုနှင် မထုတ်မှီလူမှုရေး အကူအညီများပေးခဲ့ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့်နိုင်ငံ တကာမှတိုက် တွန်းနေ သကဲ့သို့ဒုက္ခ သည်များ ကိုယခင်နှစ်များတွင်နေထိုင်ခွင့်ပေးသကဲ့သို့ပေးသင့် သည်။ 

မြန်မာနိုင်ငံသို့ကမ္ဘာမှမီးမောင်းထိုးပြသင့်သည်မိမိတို့၏ကိုယ်ပိုင်မြေများတွင်ရာစုနှစ်များစွာနေထိုင်ခဲ့ကြသော်လည်း ပုတ်ခတ်ဝေဖန်ခံရသည့် အပြင်မောင်းထုတ်ခြင်းခံရပြီး၊ ထောင်ပေါင်းများစွာသောနိုင်ငံမဲ့အမျိုးသား အမျိုးသမီးများသည် မြစ်ချောင်းများပေါ်တွင်မျောနေကြသည်။ အလောင်းများ ကမ်းခြေများ တွင်ရှိနေ သည်ကို မျက်ကွယ်ပြုထားသောဒီမိုကရေစီနိုင်ငံကိုစိတ်အားထက်သန်စွာမကြိုဆိုသင့်ပေ။ 

စာရေးသူ Moshahida Sultana Ritu သည် ဒါကာတက္ကသိုလ်မှ စီးပွားရေးပညာရှင်ဖြစ်သည်။ ဤဆောင်းပါး ကို ဇူလိုင်လ (၁၃) ရက် နယူးယောက်တိုင်းမ်သတင်းစာ စာမျက်နှာ အေ ၂၃ တွင်ပုံနိုပ် ထုတ်ဝေသည်။

New York Times သတင်းစာတွင် Moshahida Sutana Ritu ရေးသားသော Ethnic Cleansing in Myanmar ကိုဆီလျော်အောင် ဘာသာပြန်သည်။ အဓိပ္ပာယ်လွှဲမှားမှုရှိလျှင် ဘာသာပြန်သူ၏ အားနည်းချက်သာဖြစ်ပြီး RB နှင့်မသက်ဆိုင်ပါ။

မေယုနဒီ


ရခိုင်ပြည်နယ်တွင်အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီးနောက်အစ္စလာမ်ဘာသာဝင်များကိုမြို့အပြင်သို့အတင်းအဓမ္မနေရာချပေး ထားလျက်ရှိပါသည်။ ရခိုင်တိုင်းရင်းသားများနှင့်အစ္စလာမ်ဘာသာဝင်များဖြစ်သော ရိုဟင်ဂျာနှင့်ကမန်လူမျိုးများသည် ရှေးနှစ်ပေါင်းများစွာ ကပင်အတူတကွယှဉ် တွဲနေထိုင်လာ ခဲ့ကြသောကြောင့်မိမိတို့၏မိသားစုများပမာအတူတကွရှိသည့် မိသားစုအများအပြားရှိပါသည်။ ယခုကဲ့သို့ ဒုက္ခရောက်နေစဉ်ကာလအတွင်း မွတ်စလင်များသည်မိမိတို့နှင့်သိကျွမ်းသော မိတ်ဆွေများ မှတဆင့် အကူအညီတောင်းခံ၍ စားသောက် ရန်ရိက္ခာ များဝယ်ယူရာတွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦးအ စရှိသောမြို့များ တွင် ရခိုင် အမျိုးသား တိုးတက်ရေးပါတီမှအ လွန်တရာ လူမဆန် စွာနှောက်ယှက်ပေး လျက် ရှိပါသည်။ ရခိုင်လူမျိုး အချင်းချင်းကိုပင်နယ်မြေ ခံလုံထိန်းနှင့်ပူးပေါင်း၍ မွတ်စလင်များ ကိုအကူအညီပေးသောကြောင့် ရိုက်နှက်ခြင်းများ ရှိသည် ဟုစစ်တွေမြို့ခံ တစ်ဦး ကပြောသည်။ ထို့ကြောင့်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး အသက် အန္တရာယ်ပင်စိုးရိမ် ရသည့် အခြေအနေ တွင် ရှိကြောင်းသိရသည်။ 

ယခုလည်းမြောက်ဦးမြို့နယ်ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှ ဒုတိယဥက္ကဋ္ဌဖြစ် သူဦးအေးမောင်သန်း ဆိုသူသည် မြောက်ဦးမြို့ရှိဆန်စက်များမှမွတ်စလင်များကိုဆန်ရောင်းချနေသည်ကို မရောင်းချရန် အတင်းအဓမ္မဟန့်တားသည့်အပြင် ခြိမ်းခြောက်မှုများပြုလုပ်လာသဖြင့် ဆန်စက်ပိုင်ရှင် များမှစစ်တပ်ကို သွားရောက်တိုင်ကြားခဲ့သည်။ ထို့ကြောင့် စစ်တပ်မှ ဦးအေးမောင်သန်းအား ၎င်း၏နေအိမ် မှဖမ်း ဆီးခေါ်ဆောင်သွားပြီး မြောက်ဦးမြို့နယ်ရဲစခန်းတွင်ချုပ်နှောင်ထားသည်ဟု သတင်းရရှိပါသည်။

ဘလော်ဂါ၊
မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်တွင် အင်္ဂလိပ် ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ယနေ့ ၂၀၁၂ -ခုနှစ် တွင် နှစ်ပေါင်း (၆၄)နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်၊ တော် လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖနှင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလဆိုပြီး ခေတ် အ မျိုး မျိုးပြောင်းလဲခဲ့ပြီးဖြစ်သည်။

လွတ်လပ်ရေးတိုက်ပွဲတွင် လူမျိုးစုံ၊ ဘာသာစုံမှ ပုဂ္ဂိုလ်များ အသက်စတေးကာ လွတ်လပ်ရေးကို အရယူခဲ့ သည်။  ကမ္ဘာ့နိုင်ငံ အများစုသည် ကိုလိုနီလက်အောက်ခံဘ၀မှ လွတ်လပ်ရေးရရှိပြီးနောက် ၄င်းတို့၏ နိုင်ငံ များ  အနှေးနှင့်အမြန်ဆိုသလို တိုးတက်ပြောင်းလဲခဲ့သော်လည်ဲး နှစ်ပေါင်း(၆၄)နှစ်တိုင် ရှည်လျားသော သက် တမ်းရှိ မြန်မာနိုင် ငံသည် ခေတ်မှီ နိုင်ငံတော်ပန်းတိုင်သို့ရောက်ရှိရန် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏ နောက်ဆုံးတွင် ကပ်၍ တာထွက်လျက်ရှိနေပါသည်။

ဤကဲ့သို့ အခြေအနေမျိုးရောက်ရှိစေရန် အဓိက အခြေခံအကြောင်းတရားသည် ဗမာကြီးစိုးရေးဝါဒကို ခေတ် အ ဆက်ဆက် အာဏာရှင် ခေါင်းဆောင်များ ကိုင်စွဲထားခြင်းကြောင့် စီးပွားရေး ချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ကျေညာခြင်းကို ခံခဲ့ရပါသည်။ အကျိုးဆက် အားဖြင့် တိုင်းရင်းသားအားလုံး ဒုတိယံမိ ကိုလိုနီခေတ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ရှည်ကြာစွာ ပြည်တွင်းစစ်မီးများဖြင့် သံသရာ ၀ဲဂယက်ထဲတွင် လည်မြဲလည်နေဆဲဖြစ်သည်။

ဤကိုလိုနီခေတ်တွင် သားကောင်ဖြစ်နေရသူများ ကချင်၊က၇င်၊ချင်း၊မွန် အစရှိသော တိုင်းရင်း သားများ နည်းတူ အဆိုးရွားဆုံး ခံနေရ သူများမှာ ရိုဟင်ဂျာများဟုခေါ်သော တိုင်းရင်းသားနှင့်နိုင်ငံသား အခွင့် အရေြး ငင်းပယ်ခံနေရသော လူသားတစ်ရပ်ပင် ဖြစ်သည်။၁၈၂၄- ခုနှစ်တွင် ဗြိတိသျှနယ် ချဲ့အင်္ဂလိပ် တို့ရခိုင်ဒေသကို သိမ်းယူချိန်တွင် ရခိုင်ပြည်၏ လူဦးရေသည် ရခိုင်(၆၀၀၀၀)၊ မွတ်စလင်(၃၀၀၀၀) နှင့် အခြား(၁၀၀၀၀)ဟု ဗြိတိသျှတပ်မှူး ရောဘတ်ဆန်၏ ၁၈၂၅-ခုနှစ် ဇူလိုင်(၂၁)ရက်နေ့ ရန္တပိုစာချုပ် ချုပ်ဆိုသော အစီရင်ခံစာနောက်ပိုင်းတွင် သမိုင်းမှတ်တမ်းများအရသိရပါသည်။ သို့သော် ယနေ့အချိန်တွင် ရခိုင်ပြည်၌ ရခိုင်လူမျိုးဦးရေသည် (၃)သန်းခွဲ ၊ တစ်နိုင်ငံလုံးတွင် (၅)သန်း အထိရှိနေသော်လည်း ရိုဟင်ဂျာ မွတ်စလင်ဦးရေ တစ်သန်းမပြည့်သေးပါ ။ ကိန်းဂဏန်းအားဖြင့် ရခိုင်နှင့် မွတ်စလင် ရိုဟင်ဂျာအချိုးအ ဆ သည် (၂း ၁) ၊ တစ်နည်းအားဖြင့် ရိုဟင်ဂျာလူဦးရေ (၂)သန်းခွဲအထိရှိနိုင်သည်ဟု ဆိုသော်လည်း အခြား ရိုဟင်ဂျာလူဦးရေသည် အဘယ်သို့ ရောက်ရှိနေပါသနည်း။

ရခိုင်မင်းနိုင်ငံတော်တွင် အေဒီ-၁၄၃၀-ခုနှစ် နရမိတ်လှ(မင်းစောမွန်)ဘုရင်လက်ထက်ကတည်းက မွတ်စ လင်မ် နန်းရင်းဝန်များ မင်းမှု ထမ်းများ၊ စစ်သူကြီးဝလိဒ်ခန်း နှင့် စစ်သူကြီး ဆီဒိက်ခန်း နောက်လိုက် (၄)သောင်းကျော်သော ရဲမက်များ ရှိနေခဲ့ပါသည်။ ၁၇၈၄-ခုနှစ် အင်းဝဘုရင်ဘိုးတော်ဘုရား ရခိုင်မင်းနေပြည်တော် ကို သိမ်း ယူချိန်မှ ၁၈၂၄-ခုနှစ်အထိ နှစ်ပေါင်းလေးဆယ်အတွင်း ရခိုင်ဒေသတွင် ရခိုင်လူမျိုး နှင့် မွတ်စလင်ဦးရေ (၂)သိန်းကျော်အထိ အသတ်ခံခဲ့ရသည်။ ထက်ဝက်ကျော်သော လူဦးရေသည် စစ်တစ်ကောင်းဒေသသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။(ရခိုင်ရာဇ၀င်သစ်ကျမ်း-ဒုထိယတွဲ)

ရခိုင်သမိုင်းခေတ်အဆက်ဆက်ကို ပြန်လေ့လာလျှင် ရခိုင်ဘုရင်ထီးနန်းကို တိုင်းတစ်ပါးသား၏လက်မှ ကာကွယ်စောင့်ရှောက်ပေးခဲ့ သူမှာ မွတ်စလင်များ ယခုအခေါ် ရိုဟင်ဂျာများသာဖြစ်သည်။သို့သော်လည်း ရိုဟင်ဂျာများသည် ဘုရင်မင်းဘာကြီး လက်ထက်တွင် နှိပ်ကွပ် ခံရမှု၊ ဗမာဘုရင် ဘိုးတော် ဘုရားမောင်ဝိုင်း၏ နှိပ်စက်ညှင်းပမ်းမှု၊ ၁၉၄၂-ခုနှစ် လူမျိုးရေး အဓိကရုဏ်း၊ ဦးနေ၀င်းလက်ထက် နဂါးမင်း စစ်ဆင်ရေး၊ န၀တလက်ထက် ပြည်သာယာစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးများကြောင့် အခြားနိုင်ငံများသို့ထွက်ပြေးခိုလှုံခဲ့ရပြီး ၊ ယနေ့ အထိတိုင် ထွက်ပြေးခိုလှုံနေရဆဲဖြစ်သည်။

အထူးသဖြင့် ၁၉၆၂- ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ အခွင့်အရေးအား လုံးကို ရိုက်ချိုးလိုက်ပြီး ရခိုင်နှင့် ရိုဟင်ဂျာများကြားတွင် (Divide and Rule) ကိုလိုနီနယ်ချဲ့များ၏ဆိုးမွေ သွေးခွဲအုပ်ချုပ်မှုကို ကျင့်သုံးခဲ့သည်။ မြန်မာ့အသံမှ ထုတ်လွှင့်နေသော ရိုဟင်ဂျာများ၏ တိုင်းရင်းသား ဘာာသာစကားအစီအစဉ်များကို ရပ်တန့်စေရုံမက ရိုဟင်ဂျာသမိုင်းများကို အစအန ဖျောက်ဖျက်ခဲ့သည်။ ရိုဟင်ဂျာများကို ပထမဦးစွာ အုပ်ချုပ်ရေးယန္တ၇ားမှ ဆွဲထုတ်၍ နောက်ပိုင်းတွင် ရိုဟင်ဂျာမွတ်စလင်များအား မည်သည့် ရာထူး၊ အုပ်ချုပ်မှုအာဏာတွင်မျှ ပါဝင်ပတ်သက်ခြင်းမှ တားမြစ်ခံခဲ့ရသည်။

ဦးနေ၀င်းလက်ထက်တွင် နိုင်ငံသားအခွင့်အရေးများကို ရိုဟင်ဂျာများ အထိုက်အလျောက် ရရှိခံစား ခဲ့ရသော်လည်း ၁၉၈၂-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကြောင်းပြု၍ ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်း န၀တခေတ်မှ စတင်ကာ ရိုဟင်ဂျာမွတ်စလင်မ်များ နိုင်ငံသားဖြစ်ခြင်းမှ ဆိုင်းငံ့ ခံထားခဲ့ရပြီး ယနေ့ဒီမိုကရေစီအသွင် ကူးပြောင်းကာလအချိန်အထိ မည်သည့်ရိုဟင်ဂျာကိုမှ နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးခဲ့ခြင်း မရှိခဲ့ပါ ။ ၁၉၈၉ -ခုနှစ်တွင် စီမံချက်ဖြင့် အချို့ ထုတ်ပေးခဲ့သော်လည်း ပြန်လည်သိမ်း ယူခြင်းခံခဲ့ရပါသည်။

ဤအခြေအနေမျိုးကို ပြန်လည်သုံးသပ်ရလျှင် ခေတ်အဆက်ဆက် နိုင်ငံ့အာဏာရှင်များသည် ရိုဟင်ဂျာလူမျိုးများအား စနစ်တကျ လူမျိုးရေး သန့် စင်ခြင်းဖြစ်သည် ။သို့ဆိုလျှင် ယခုလက်ရှိ ရခိုင်ပြည်နယ် လူဦးရေထဲတွင် အနောက်ဘင်္ဂလားဖွား ရခိုင်ဗုဒ္ဒဘာသာ သိန်းနဲ့ချီပြီး ခိုးဝင်လာ ခဲ့သူများကို လ၀ကမှ မှတ်ပုံတင်ပေး စိမ့်ဝင်ပြန့်နှံ့ခွင့်ပေးခဲ့သည်များကို အဘယ်သို့ ဆောင်ရွက်မည်နည်း။ ယခုတစ်ဖန် ရိုဟင်ဂျာများအား မျိုးတုံးသန့် စင်ရေးတွင် ခေတ်နောက်ပြန်သွားချင်သူ၊ တစ်နည်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မလိုလားသော အစိုးရအဖွဲ့အတွင်း မှ သဘောထားတင်းမာသူအချို့နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတို့မှ အသစ်တစ်ဖန် ပြသာနာတစ်ရပ်ကို ဖန်တီးပေးကာ မိမိတို့ စိတ်တိုင်းကျ နှိပ်ကွပ်မှုများကို ရခိုင်ဒေသတစ်ဝန်းလုံးတွင် သတင်းအမှောင်ချကာ ပြုလုပ်လျက်ရှိသည်။ ရုပ်ပြအဖြစ် မသီတာထွေးအမှုတွင် လူငယ်သုံးဦးအား မှုဒိမ်းမှု ၊ လုယက်မှု ၊ လူသတ်မှုအဖြစ်ဖန်တီး၍ မိမိတို့၏ ရည်ရွယ်ချက်များကို အကောင်အထောင်ဖော်လျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီသည် မကြာသေးသောလများအတွင်း ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မုန်းတီးသော ဆန္ဒဖော်ထုတ်ပွဲများကို ရခိုင်ဒေသရှိ မြို့နယ်များတွင် ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့သည်။ လက်ရှိအစိုးရ အာဏာပိုင်များမှ မသီတာထွေး အမှုတွင် သေဒဏ်ချမှတ်ခြင်းခံနေရသော တရားခံနှစ်ဦးကို နှစ်ဖက်မျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်အတူ သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းပေးခြင်းဖြင့် အစိုးရ၏ တရားမျှတခြင်းကို သက်သေခံရမည်ဖြစ်သည်။ သို့သော်လည်း တရား ခံများသည် မည်သည့်ဆွေမျိုးသားချင်းတစ်ဦးနှင့်မျှ တွေ့ ဆုံခွင့်မရခြင်း ၊၄င်းတို့ဘက်မှ တစ်ဦးတစ်ယောက်မှ လိုက်ပါဆောင်ရွက်ခွင့်မရခြင်း ၊ တရားမျှတမှု ရှိသယောင် သရုပ်ပြအစိုးရရှေ့နေတစ်ဦး ထည့်သွင်းပေးခြင်းဖြင့် အမှုကို တစ်ဖက်သက် စီရင်ချက်ချမှတ်ခြင်းခံခဲ့ရပါသည် ။ အကယ်၍ မျှတသော စုံစမ်းစစ်ဆေးရေးမှ စစ်ဆေးပြီး အမှန်တစ်ကယ် ပြစ်မှုကျူးလွန်သူများအဖြစ် ထင်ရှားလျှင် သေဒဏ်ထက် ပိုမိုပြင်းထန် သော စီရင်ချက် ချသင့်ပါသည် ။

လူမျိုးတုန်းသန့်စင်ရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများသည် နောက်ဆက်တွဲအဖြစ် တောင်ကုတ်မြို့ တွင် စာရွက်များဝေငှ ၀ါဒဖြန့်ကာ လူထုအား ဒေါသတကြီးဆူပူလာစေရန် ဖန်တီးခဲ့ပြီး သံတွဲမြို့မှ ထွက်လာသော ခ၇ီးသည်တင်ဘတ်စ်ကားပေါ်မှ ခ၇ီးသည် စာရင်း အား မလျော်သြဇာသုံး ရယူခဲ့ကာ ကြိုတင်ကြံစည်ထားသူများက တောင်ကုတ်မြို့တွင် လူများစည်းရုံးကာ တောင်ကုတ်လမ်းဆုံတွင် လူ(၃၀၀) ခန့်အထိ ရောက်ရှိစောင့်ဆိုင်းနေခဲ့သည် ။ခရီးသည်တင် ဘက်စ်ကား တောင်ကုတ် သို့ရောက်လာသောအခါ အတင်းအကျပ် ရပ်တန့်စေခဲ့ပြီး ကြိုတင်သတင်းရရှိထားသော ယာဉ်ပေါ်ပါ အပြစ်မဲ့မွတ်စလင် (၁၀)ဦးအား ယာဉ်ပေါ်မှဆွဲချကာ ၀ိုင်းဝန်းအကြမ်းဖက် ဦးနှောက်ပွင့်ထွက်ကာ မျက်နှာအစိပ်အပိုင်းများ မမှတ်မိလောက်အောင် ရက်ရက်စက်စက်ခုတ်ထစ် ၊ ရိုက်နှက်ကျူးလွန်မှုဖြင့် အစွန်းရောက် ရခိုင်လူမျိုးများ၏ ယဉ် ကျေးမှုကို သရုပ်ဖော်ခဲ့သည် ။( မှတ်ချက်။ ။ ယဉ်ကျေးသိမ်မွေ့ သောရခိုင်လူမျိုးများခြွင်းချက်ဖြစ်သည် ။ ရခိုင်ဒေသတွင် ရခိုင်နှင့် ရိုဟင်ဂျာ ဒွန်တွဲ၍ ငြိမ်းချမ်းေ၇း လိုလားသော ရခိုင်လူမျိုးနှင့် ခေါင်းဆောင်များရှိပါသည်။) ဤကဲ့သို့သော အခြေအနေများတွင် မွတ်စလင် ဘာသာဝင် များသည် ရခိုင်ဒေသတစ်ဝန်းလုံးတွင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသော သာသနာ့ အာဇာနည်များအတွက် စုပေါင်း၍ ဆုတောင်းမေတ္တာပို့ ခဲ့ ပါသည် ။ ရိုဟင်ဂျာအများစုရှိသောမောင်တောမြို့ တွင်လည်း ဇွန် (၈)ရက် စုပေါင်း ဆုတောင်းပွဲတွင် ရခိုင်လူငယ်များမှ ခဲလုံးများဖြင့် ပစ်ပေါက် နှောင့်ယှက်ခြင်းမှ စတင်၍ လုံထိန်းများမှ ရိုဟင်ဂျာလူအုပ်အတွင်း သေနတ်ပစ်ဖောက်ခြင်းမှ အခြေပြုကာ ရိုဟင်ဂျာလူငယ်များမှ ဒေါသပေါက် ကွဲ ရုန်းရင်းဆန်ခတ်အသွင်ရောက်စေ၍ အာဏာပိုင်များနှင့် အလိုတူသူများ၏ ထောင်ထားသော ကျော့ကွင်းထဲသို့  ဆွဲသွင်းခံခဲ့ရသည်။

ရုန်းရင်းဆန်ခတ်မှုများကို အလျင်အမြန် ဖြိုခွင်းတတ်သော အာဏာပိုင်များသည် ယခုအချိန်တွင် ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတင်ခြင်း အားဖြင့် မိမိတို့လိုအပ်သောအချိန်အထိ ပြသနာများအား ဆွဲဆန့်ထားခဲ့ကာ အဓိကရုဏ်းအသွင်ကူးပြောင်းစေခဲ့ပြီး မီဒီယာများနှင့် နိုင်ငံတကာသို့ ဖြစ်စဉ်များအား လိမ်ညာဖွင့်ဟခဲ့သည်။

ယနေ့ ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေးယန္တရားတွင် လုပ်ကိုင်နေသော အမှုထမ်း (၉၅)ရာခိုင်နှုန်းသည် ရခိုင်လူမျိုး အမျိုးသားများ ဖြစ်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်တစ်ကွ ၀န်ကြီးနေရာ အများစုသည် ရခိုင်လူမျိုးများပင်ဖြစ်သည်။ ဗမာနှင့် ချင်းလူမျိုးအချို့သာ ရခိုင် ဒေသတွင် တာဝန်ထမ်းဆောင်နေသည်။ ယုတ်စွအဆုံး ရဲတပ်သား ၊ တပ်ရင်းစစ်သားများတွင်ပင်လျှင် ရိုဟင်ဂျာလူမျိုး တစ်ဦးတစ်ယောက်မျှ မပါဝင်နိုင်အောင် စည်းစနစ်တစ်ကျ ဦးနေ၀င်း အစိုးရ၊ န၀တ၊ နအဖခေတ်အထိ စီမံဆောင်ရွက်ခဲ့သည်။ စဉ်းစားစရာ အချက်မှာ အကယ်၍ အဓိကရုဏ်းဖြစ်နိုင်ခြေရှိခဲ့လျှင် ၁၉၈၈-ခုနှစ် အစိုးရ ယန္တရား ပြိုကွဲနေသော အချိန်တွင် ဖြစ်သင့်သည်ဟု ယူဆမိပါသည်။ “၈၈” အရေး အခင်းတွင် နိုင်ငံတစ်ဝန်းလုံး အစိုးရသြဇာအာဏာ သက်ရောက်မှု မရှိချိန်တွင် ရိုဟင်ဂျာအများစုနေထိုင်သော မောင်တောမြို့တွင် ရိုဟင်ဂျာ မော်လ၀ီနှင့် ရခိုင်ဘုန်းတော်ကြီးများသည် အတူတစ်ကွ စင်မြင့်ပေါ်တွင် တရားဟော၍ ဒေသတွင်း စည်းလုံးမှုနှင့် အေးချမ်းမှုကို အဓိက ထားကာ ဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့သော သမိုင်းအထောက်အထားများကို မည်သူတစ်ဦးတစ်ယောက်မျှပင် ငြင်းပယ်နိုင်မည် မဟုတ်ပါ ။

စစ်တွေမြို့ဖြစ်စဉ်ကိုကြည့်လျှင် ရခိုင်လူဦးရေ (၆၀)ရာခိုင်နှုန်း ရိုဟင်ဂျာ(၄၀)ရာခိုင်နှုန်းအားဖြင့်ရှိနေ၍ ရခိုင်လူဦးရေ အလေးသာ သော မြို့ တစ်မြို့ ဖြစ်သည်။ ဤကဲ့သို့ အသာစီးသော ရခိုင်လူဦးရေနှင့် အာဏာပိုင်များ အားလုံးနီးပါး ရခိုင်လူမျိုးများကြားတွင် ရိုဟင်ဂျာများ သည် အဘယ်ကဲ့သို့  လူအမြောက်အမြား သတ်ဖြတ်၊ အိမ်ခြေများကို မီးရှို့နိုင်မည်နည်း။ သတ်ဖြတ်ခံရမှုနှင့် အိမ်ခြေများ အဓိကဆုံးရှုံးခံရသူ များမှာ ရိုဟင်ဂျာများပင်ဖြစ်သည်။ စစ်တွေမြို့ ဒုက္ခသည်စခန်းလေးဆယ်ကျော်တွင် ရိုဟင်ဂျာဒုက္ခသည် (၁)သိန်းကျော်အတွက် စခန်း (၂)ခု သာ ဖွင့်လှစ်ပေးထားခဲ့သည်။ အိမ်မီးလောင်ခံရခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်လာသော ထောင်ဂဏန်းရှိ ရခိုင်လူမျိုးကယ်ဆယ်ရေး စခန်းများ တွင် အာဏာပိုင်များမှ တွေ့ဆုံအားပေးခြင်း၊ အလှူငွေပေးအပ်ခြင်း၊ အစားအသောက်ရိက္ခာပံ့ပိုးခြင်းနှင့် စေတနာအလှူရှင်များနှင့် ရခိုင်တိုင်း ရင်းသားတိုးတက်ရေးပါတီမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်နိုင်သော်လည်း ရိုဟင်ဂျာကယ်ဆယ်ရေးစခန်းတွင် မည်သူတစ်ဦး တစ်ယောက်မျှသွားရောက်နိုင်ခြင်းမရှိခြင်း ၊ မည်သည့်စာနယ်ဇင်းမီဒီယာတွင်မှ ၄င်းတို့၏ ဘ၀အဖြစ်မှန် ကိုရေးသားမခံရခြင်းဖြင့် အဘက်ဘက်မှ ခွဲခြားဆက် ဆံခံနေရပါသည်။

အပတ်စဉ်ဂျာနယ်များတွင် ရိုက်တာသတင်းနှင့် ပြည်ပမီဒီယာများမှ ဓာတ်ပုံများကို အဓိပ္ပါယ်အမျိုး မျိုးဖွင့်ဆိုကာ ရိုဟင်ဂျာများအား အပြစ်ပုံချခဲ့ပါသည်။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင် ၏ အစွန်းရောက်ပြောစကားများကို အကျယ်တစ်ဝင့် ဖော်ပြခြင်း ၊ ရိုဟင်ဂျာများ အပေါ်သို့ မြန်မာပြည်လူထုမှ အမြင်စောင်းအောင် ဘက်လိုက်ရေးသားမှုများရှိခဲ့ပြီး ၊ရှိနေဆဲဖြစ်သည်။ ဂျာနယ်များနှင့်

ရခိုင်အစွန်းရောက်များ၏အဓိက မီးမောင်းထိုး စွပ်စွဲသော အချက်များကို အနှစ်ချုပ်လျှင်…

(၁)ရိုဟင်ဂျာများသည် ဘင်္ဂလီလူမျိုးဖြစ်၍ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ဝင်ရောက်နေထိုင်သူများ၊

(၂)ရိုဟင်ဂျာများသည် အကြမ်းဖက်သမား ၊ အယ်လ်ကိုင်ဒါ နှင့် ဆက်နွယ်လှုပ်ရှားသူများ ၊

(၃) ပဋိပက္ခသည် ရိုဟင်ဂျာအများစုနေရာတွင်ဖြစ်သည်။ ရခိုင်အများစုရှိသောနေရာတွင် အဘယ့်ကြောင့် မဖြစ်သနည်း၊

(၄)ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏ ရည်ရွယ်ချက်အတိုင်း ရခိုင်ပြည်ကို အစ္စရေးလ်နိုင်ငံ လိုလုပ်ရမည်။ ခိုးဝင်လာသူများကို တတိယ နိုင်ငံသို့ ပို့ ပေးရမည်။

ထို စွပ်စွဲချက်များအား ပြန်ရှင်းရလျှင်…

(၁)အကယ်၍ ရိုဟင်ဂျာများသည် ဘင်္ဂလီလူမျိုးဖြစ်ခဲ့သော် နိုင်ငံတစ်နိုင်ငံအဖြစ် မရပ်တည်နိုင်သေးသော ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင်သုံးခရိုင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ တိုင်းရင်းသားအဖြစ် ရခိုင်လူမျိုး (၃)သန်းကျော်အနက်မှ သိန်းချီသော ရခိုင် လူမျိုးများအား အစိုးရအဆက်ဆက်လက်ထက်တွင် ရခိုင်ပြည်နယ်တွင် နည်းအမျိုးမျိုးဖြင့်ဝင်ရောက်ပြီး တိုင်းရင်းသားအဖြစ်နှင့် နေထိုင်နိုင် လျှင်အချုပ်အခြာအာဏာတည်ရှိပြီး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ် တည်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မိမိလူမျိုးဘာသာတူများကို အဘယ့် ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခွင့်မပေးသနည်။ မိမိတို့နှင့် လူမျိုးမတူ၊ ဘာသာမတူ ရခိုင်လူမျိုးများကို အဘယ့်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကာကွယ်စောင့်ရှောက်ထားပါသနည်း။ မိမိလူမျိုးများ အခြားနိုင်ငံတွင် သတ်ဖြတ်ခံနေရချိန် ၊ ညှင်းပန်းနှိပ်စက်ခံရချိန်တွင် ထွက်ပြေး တိမ်းရှောင်လာသူများအား အဘယ့်ကြောင့် ခိုလှုံခွင့်မပေးပဲ ၊ဘင်္ဂလားဒေ့ရှ်ခရိုင်သုံးခုတွင်ရှိသော ရခိုင်လူမျိုးများ၏ စေတီပုထိုး၊ ကျောင်းကန် များနှင့် အသက်စည်းစိမ်များကို လုံခြုံရေးအပြည့်အ၀ချထား၍ အဘယ့်ကြောင့် ကာကွယ်စောင့်ရှောက်နေပါသနည်း။ ဘင်္ဂလားဒေ့ရှ်အစိုးရတွင်ရခိုင်အမျိုးသမီးဝန်ကြီး တစ်ဦးအပါအ၀င် ရခိုင်ဝန်ကြီး (၃)ဦးအထိ အဘယ့်ကြောင့် ပါဝင်စေခဲ့သနည်း။ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာ တရားကိုင်းရှိုင်းမှုများဖြင့် နှစ်ပေါင်း (၅၀)ကျော် ရိုဟင်ဂျာများ၏ အသက်စည်းစိမ်ဥစ္စာများကို ဖျက်ဆီးနှိပ်ကွပ်၍ ၄င်းတို့၏ လူ့ ယဉ်ကျေးမှုကို ကမ္ဘာသို့ ဖော်ထုတ်ပြသခဲ့သကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီလူမျိုးများ သည် ရခိုင်လူမျိုးများ၏ အသက်စည်းစိမ်များကို အကာအကွယ်ပေး ၍ ၄င်းတို့ ၏ ဘာသာတရား ယဉ်ကျေးမှုကို ကမ္ဘာသို့ ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။

(၂)ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေကြသော ရိုဟင်ဂျာအဖွဲ့ အစည်းခေါင်းဆောင်များသည် အမေရိကနှင့် ဥရောပ နိုင်ငံများ တစ်လွှားတွင် အဘယ့်ကြောင့် လွတ်လွတ် လပ် လပ်လှုပ်ရှားနိုင်ကြသနည်း။ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်သော ကမ္ဘာ့အကြမ်း ဖက်သမား များကို ဦးဆောင်တိုက်ခိုက်နေသော အမေရိကန်ပြည်ထောင်စုသည် RSO-အပါအ၀င် ရိုဟင်ဂျာအဖွဲ့ အစည်းများ အား အဘယ့်ကြောင့် မနှိမ်နင်းသ နည်း။ အဘယ့်ကြောင့် အမေရိကနှင့် ဥရောပနိုင်ငံတစ်လွှားတွင် လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပြုသနည်း။

(၃)ပဋိပက္ခဖြစ်ပွားမှုသည် ရိုဟင်ဂျာအများစုရှိသောမောင်းတောမြို့ မှလွဲ၍ရခိုင်အများစုနှင့် ရိုဟင်ဂျာအနည်းဆုံးရှိသော စစ်တွေ (၄၀%) ၊ ရသေ့တောင်(၃၅%)၊ ကျောက်တော်(၁၃%)၊ ပေါက်တော(၂%မှ ၅%)၊ မင်းပြား(၅%)၊ မြောက်ဦး(၄%)၊ ရမ်းဗြဲ(၅%) (ရာခိုင်နှုန်းများမှာ ရိုဟင်ဂျာလူဦးရေကိုဆိုလိုသည်)တို့တွင်ပိုမိုဖြစ်ပွား၍လူအသေအပျောက် ပစ္စည်းဆုံးရှုံးမှု အများဆုံးရှိ သည်ကိုမီဒီယာများ အဘယ့်ကြောင့် ဝေဖန်ထောက်ပြမှု မရှိခဲ့ပါသနည်း။ မြင်သာအောင်ပြောရလျှင် အကြမ်းဖက် သူဘင်္ဂါလီနှင့် အကြမ်းဖက်ခံ ရခိုင်တိုင်းရင်းသားဆိုသည့် ပုံစံ ဖော်ဆောင် ရေးသားဝါ ဒဖြန့်ခဲ့သော အဓိက မီဒီယာကြီးနှင့် အွန်လိုင်းဝက်ဘ်ဆိုဒ် အများစုသည် ရခိုင်တိုင်းရင်း သားများအပိုင်သာဖြစ်သည်။

(၄)ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဌဒေါက်တာအေးမောင်(လက်ရှိ ဦးသိန်းစိန်အစိုးရမှ ဖွဲ့ စည်းပေးလိုက်သော အမျိုးသားလွတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဒီမိုကရေစီ လူ့အခွင့်အရေးဆိုင်ရာဥက္ကဌ)၏ စကားရပ်များသည် လူမျိုးရေး အစွန်းရောက်သော အပြော များသာဖြစ်ပြီး တိရိစ္ဆာန်ဒေါက်တာဘွဲ့ရရှိသူတစ်ဦးအနေဖြင့် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများကို အထူးလေ့လာရန်လိုအပ်ပြီး၊ မိမိခေါင်း ဆောင်သော ရခိုင်လူမျိုးတစ်ရပ်လုံး၏ အနာဂတ်ကိုသေးသိမ်မှေးမှိန်အောင် ပြုလုပ်မှုကြောင့် သမိုင်းတရားခံအဖြစ် မရောက်လေအောင် အထူး ဂရုပြုရှောင်ရှားရပါလိမ့်မည်။ အစ္စရေးလ်နိုင်ငံဆိုသည်မှာ အခြားလူမျိုးပိုင်နယ်မြေကို အင်အားကြီးနိုင်ငံအချို့အားကိုးဖြင့် သိမ်းပိုက်ရယူထား ကာ မူရင်းလူမျိုးများအား နိုင့်ထက်စီးနင်းပြုလုပ်၍ သူခိုးလူပြန်ဟစ်နေသော နိုင်ငံဖြစ်သည်ကို သမိုင်းသိသောသူများ ငြင်းမရသော အချက် ဖြစ်သည်။

ထို့ ကြောင့် ရိုဟင်ဂျာများသည် ခေတ်အဆက်ဆက် အာဏာရှင်များ၏ ညှင်းပန်းနှိပ်စက်ခံနေ၇မှုကြောင့် ကုလသမဂ္ဂမှ ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူမျိုးအဖြစ် မှတ်တမ်းတင်ထားသည်။ ရိုဟင်ဂျာလူမျိုးများသည် နှစ်ပေါင်း(၅၀)နီးပါး ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကူးသန်း သွားလာရေး အစရှိသော အရေးများတွင် ကန့်သတ်ချုပ်ချယ် နှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင်လည်း ယင်းကဲ့ သို့ ခံစားနေရပြီး ၊ ဒီမိုကရေစီရေး ၊လူ့အခွင့်အရေးအတွက် တောင်းဆိုနေသော နိုင်ငံရေးပါတီအဖွဲ့အစည်းများမှလည်း အာဏာရှင် အစွန်း ရောက်များနည်းတူ ဆက်လက် အားပေးအားမြောက် ပြုလုပ်နေလျှင် ၄င်းရိုဟင်ဂျာအနှိမ်ခံဘ၀များ၏ နောက်ဆုံးထွက်ပေါက်သည် အဘယ် အရာဖြစ်နိုင်မည်နည်း။ ရိုဟင်ဂျာများသည်လည်း ယခုကဲ့သို့  ခံနေရသော အခြေအနေမှလွတ်မြောက်ရန် ကြိုးစားအားထုတ်မှု မှန်သမျှကို လူ့  အခွင့်အရေး အရေခြုံသူများဟုပြောပြော၊ အကြမ်းဖက် သမားများဟုဆိုဆို အစွန်းရောက်သူများဟုခေါ်ခေါ် နောင်တစ်ချိန်တွင် သမိုင်းက ပေးသော အဖြေကို သက်ဆိုင်ရာ နိုင်ငံ့ သေနာပတိများ ၊ လူထုဦးသျှောင်များ ၊လူမျိုးခေါင်းဆောင်များမှ တာဝန်ခံရ မည်ဖြစ်ပါကြောင်း……။



မောင်ရွှေခိုင်
မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်)မှဦးဆောင်၍ဆန္ဒပြပွဲတစ်ရပ်ကိုဇူလိုင်လ (၉) ရက်နေ့နေ့ လည်ပိုင်း တွင် တိုကျိုမြို့ ရှိဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့်ကုလသမဂ္ဂရုံးရှေ့တွင်ကျင်းပခဲ့သည်။ 

အဆိုပါဆန္ဒပြပွဲတွင်လူအင်အားလေးဆယ်ကျော်တက်ရောက်ခဲ့ပြီး၊ နေ့လည် ၁ နာရီခန့်မှစ၍တိုကျိုမြို့ ရှိဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင်စုဝေးဆန္ဒပြခဲ့ကြသည်။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) ဥက္ကဋ္ဌ  ဦးဇော်မင်းထွဋ်မှ မိန့်ခွန်း ပြောကြားပြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် - နိုင်ငံတော်သမ္မတဦးသိန်းစိန်သို့ပေးပို့မည့်စာကို ရိုဟင်ဂျာတစ်ဦးမှ တက်ရောက်လာ သူများအားလုံးကို ဖတ်ကြားပြသည်။ ထို့နောက်ထိုစာကိုမြန်မာသံရုံးဝန်ထမ်းထံသို့လွှဲပြောင်းပေးခဲ့သည်။ ကြွေးကြော်သံ များဖြင့်တောင်းဆို၍ နေ့လည် ၃ နာရီခန့်တွင်ကုလသမဂ္ဂရုံးရှေ့ သို့ဆက် လက်ချီ တက် ခဲ့ကြသည်။ 

ကုလသမဂ္ဂရုံးရှေ့တွင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သို့ပေးပို့မည့်စာကိုရိုဟင်ဂျာတစ်ဦးမှဖတ်ကြားပြီး၊ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက်တက်ကြွစွာအစဉ်တစိုက်လှုပ်ရှားနေသော NHK မြန်မာပိုင်းအစီအစဉ်ဌာန အငြိမ်းစားညွန်ကြားရေးမှူး Mr. Hisao Tanabe မှမိန့်ခွန်းပြောကြားခဲ့ သည်။ Mr. Tanabe မှပြောကြားရာတွင် ရိုဟင်ဂျာများ သည်မြန်မာနိုင်ငံ တွင်ရာစုနှစ်များစွာ အခြေစိုက်နေထိုင် လာခဲ့သော်လည်း လူမျိုးရေး၊ ဘာသာရေးခွဲခြား ခံနေရသည့်အပြင် နိုင်ငံသား အဖြစ်ငြင်းပယ် ခံနေရပြီး လူ့အခွင့်အရေးလည်းဆုံးရှူံးနေပါကြောင်း မိမိအနေနှင့်ဂျပန်နိုင်ငံရှိ မြန်မာလူမျိုး များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်အစဉ်တစိုက်လှုပ်ရှားနေသူဖြစ်ကြောင်း၊ ယခုအခါရိုဟင်ဂျာ အရေးကိစ္စအတွက်ပါဝင်လှုပ်ရှားခြင်းကြောင့် ဗမာနှင့်အခြားသောတိုင်းရင်းသားများမှမိမိအား ရှုတ်ချမည်ဖြစ်ကြောင်း၊ သို့သော်လည်းမိမိအနေဖြင့်ဂရုစိုက်မည်မဟုတ်ကြောင်း၊ မိမိသည်ဂျပန်နိုင် ငံ သား တစ်ဦးဖြစ် ကြောင်း၊ လူ့အခွင့်အရေးနှင့်လူမျိုး တုန်းသတ်ဖြတ် ခြင်းနှင့် ပတ်သက်၍ပြော ဆိုရ မည်ဖြစ်ကြောင်း အကျယ်တ၀င့်ပြောကြား ခဲ့သည်။ ချင်းတိုင်းရင်း သားအမျိုးသား တစ်ဦးမှလည်း မြန်မာနိုင်ငံ တွင်ရိုဟင်ဂျာနှင့်အခြားသောတိုင်းရင်းသားများလည်း ခွဲခြားဆက်ဆံခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့နောက်ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ဦးထံသို့အထွေထွေအတွင်းရေးမှူးချုပ်ထံရေးသားသည့်စာကိုလွှဲပြောင်းပေးပြီး၊ သမ္မတဦးသိန်းစိန် ထံသို့ရေးသားခဲ့သောစာကိုတဖန် ဖတ်ကြားခဲ့သည်။ ညနေ ၄ နာရီခွဲခန့် တွင်ကြွေးကြော် သံများ ဟစ်ကြွေး၍အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း RB မှ သတင်း လက်ခံ ရရှိပါ သည်။ 



RB News Desk
လွန်ခဲ့သည့်လ (၃) ရက်နေ့တွင်ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာဝင် ဆယ်ဦးကို အုပ်စုဖွဲ့၍ အကြမ်း ဖက်သတ်ဖြတ်မှုကို အဖြစ်မှန်ဖော်ထုတ်ရန်အတွက် ပြည်ထောင်စု အစိုးရမှ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇောမြင့် ဥက္ကဋ္ဌအဖြစ်ဦးဆောင်သော ၁၆ ဦးပါကိုယ်စားလှယ်အဖွဲ့ကို ဇွန်လ (၃၀) ရက်နေ့နောက်ဆုံးထား၍အစီရင်ခံစာတင်သွင်းရန် ဖွဲ့စည်းပေးခဲ့သည်။ 

ဇူလိုင်လ (၂) ရက်နေ့ထုတ်နိုင် ငံပိုင်သတင်းစာ များတွင်ရေးသား ချက်များအရ လူသတ်မှုကျူး လွန်သူဟုသံသယရှိသူ ၃၀ ဦးခန့်ကိုဖမ်းဆီး ထိန်းသိမ်း ထားကြောင်းဖော်ပြ ခဲ့သည်။ ယခုအခါလူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားသော်လည်း မျက်မြင် သက်သေ လိုက်ပေးမည့် သူမရှိသောကြောင့် လူသတ်မှုဖြင့်တရားစွဲဆိုရန်အခက်အခဲရှိနေပြီး လူသေမှုဟုပြောင်းလဲ၍ အမှုဖွင့်ရမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တောင်ကုတ်မြို့နယ် တွင်ကျင်းပသောမြို့ ခံများနှင့်အစည်း အဝေးတွင်ပြောကြား ခဲ့သည်။ 

တောင်ကုတ်လူသတ်မှုမှာကြိုတင်စီစဉ်ပြီးအကွက်ချ၍ဖြစ်ပွားခဲ့သောဖြစ်စဉ်ဖြစ်ပါသည်။ ထိုနေ့မ နက်ပိုင်း တွင်တောင်ကုတ် မြို့၌ ၀ံသာနုရက္ခိတ မှစာများဖြန့်ဝေ၍ဆော်သြခဲ့ သည်ကို အစိုးရပိုင် သတင်း ဌာနများမှဖော်ပြခဲ့သည်။ ထို့အပြင် အခင်းမဖြစ် ပွားမှီ ရိုးမသစ္စာကားဂိတ် မှခရီးသည် များ၏သတင်း ကိုရယူပြီး ဆိုင်ကယ်များဖြင့်ခရီးသည်တင်ကားနောက်သို့လိုက်လာပြီး ကားကိုတားဆီး၍ လူမဆန်စွာ အကြမ်းဖက်၍သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားနေစဉ်အတွင်းအာဏာပိုင်များမှ အချိန်မှီတားဆီးမည်ဆိုပါက တားဆီးနိုင်မည့်အခြေအနေရှိခဲ့သော်လည်းတားဆီးခဲ့ခြင်းမရှိဟုသိရှိရသည်။ ထိုအကြမ်းဖက်သည့်အုပ်စုတွင် အကြမ်းဖက်သမား ၃၀၀ ကျော်ပါဝင်သည် ဟုနိုင်ငံပိုင်သတင်း ဌာနများမှာထုတ်ပြန်ခဲ့သော် ငြားလည်း ယခုဖမ်းဆီးရာ တွင်သံသယဖြစ် သူဟုဆိုကာ ၃၀ ဦးခန့်သာ ဖမ်းဆီးနိုင်ခဲ့ပြီး အမှုပေါ့လျော့စေရန် လူသေမှုပုံစံသို့ အသွင်ပြောင်း ရန်ကြိုးစားနေ သည်ဟု သတင်းရရှိပါသည်။ 

တောင်ကုတ်လူသတ်မှုဖြစ်ပွားပြီးငါးရက်အကြာတွင် မောင်းတောမြို့တွင်နေထိုင်ကြသောမွတ်စလင်များမှ တောင်ကုတ်မြို့ တွင်ရက်စက်စွာအကြမ်းဖက်သတ်ဖြတ်ခဲ့ရသော မွတ်စလင်ခရီးသွား ဆယ်ဦးအတွက်ဆုတောင်းပွဲသို့သွားရောက်ရန် လမ်းတွင် လုံထိန်းနှင့်ရခိုင် အစွန်းရောက် တချို့၏ ဘာသာရေးအားဆဲဆိုရန်စရာမှမလိုအပ်သောအဓိကရုဏ်းအသွင်သို့ ပြောင်းပြီး အပြစ် မဲ့သောပြည် သူလူထုများ အသက်ဆုံးရှုံး၊ အိုးမဲ့အိမ်မဲ့ဘ၀သို့ရောက်ခဲ့ရသည်။ 

ဖြစ်ပွားခဲ့သောဖြစ်စဉ်များအားလုံးကိုသုံးသပ်ကြည့်ပါက ဖြစ်စဉ်များအားလုံး၏နောက်ကွယ်တွင် အုပ်စုတစုမှကြိုးကိုင်၍ အပြစ်မဲ့သောပြည်သူလူထုကို နိုင်ငံရေး လှည့်ကွက် အနေဖြင့်အ သုံးချသွားသည်ဟုယူဆရသည်။ နိုင်ငံခြားသတင်းမီဒီယာ များ၊ ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် ရိုဟင်ဂျာ အရေးပြောဆိုနေသောနိုင်ငံတကာမှအစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုများတွင် လက်ရှိပြည်ထောင်မြန်မာနိုင်ငံအစိုးရလွှတ်တော်အမတ် ဒေါက်တာအေးမောင် ဦးဆောင်သောရခိုင်အမျိုးသားတိုးတက်ရေးပါတီသည်အဓိကတာဝန်ရှိသူဖြစ်ကြောင်းရေးသားနေသည်တွေ့ရှိရသည်။

RB News Desk
အဓိကရုဏ်းဖြစ်ပွားနေသောမြန်မာနိုင်ငံအနောက်ပိုင်းတွင်ကုလသမဂ္ဂနှင့်အခြားသောအစိုးရမဟုတ်သောအဖွဲ့ အစည်းများမှဝန်ထမ်းဆယ်ဦးကိုသက်ဆိုင်ရာမှစုံစမ်းမေးမြန်းရန်ဖမ်းဆီးထိန်းသိမ်းထားကြောင့် အေအက်ဖ်ပီ သတင်းတွင်ယနေ့ဖော်ပြထားသည်။ 

လူ့အခွင့်အရေးအဖွဲ့အစည်းများမှရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ်ကြေညာချက်ထုတ်ပြန်ပြီးဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ပါသည်ကုလသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းများကို မေးမြန်းရန်ဖမ်းဆီးထိန်းသိမ်းထားခြင်းကို မြန်မာနိုင်ငံအစိုးရထံစုံစမ်းမေးမြန်းခြင်းကို တစုံတရာအကြောင်းပြန်ကြားခြင်း မရှိဟုရေးသားထားသည်။ 

ရခိုင်နှင့်ရိုဟင်ဂျာတို့အကြားဖြစ်ပွားခဲ့သော ဇွန်လအတွင်းအဓိကရုဏ်း၌အသက်ပေါင်း ၈၀ ကျော်ဆုံးရှုံးခဲ့ပြီး၊ ထောင်ပေါင်း များစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုအဆိုပါအေအက်ဖ်ပီသတင်းတွင်ရေးသားထားသည်။ 

“အခုအချိန်မှာ ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများက၀န်ထမ်းဆယ်ဦးကို ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူများမှ စုံစမ်းမေးမြန်းရန်အကြောင်းပြ၍ဖမ်းဆီးထိန်းသိမ်းထားသည်” ဟုကုလသမဂ္ဂလူသားချင်းစာနာထောက်ပံ့ ရေးအေဂျင်စီတစ်ခုဖြစ်သော OCHA ၏ ထုတ်ပြန်ချက် တွင်ရေးသားကြောင်းဖော်ပြထားပါသည်။ 

ကုလသမဂ္ဂမှဖမ်းဆီးထိန်းသိမ်းခံနေရသောဝန်ထမ်းတစ်ဦးချင်းစီ၏အချက်အလက်များပေးရန်တောင်းဆိုထားကြောင်းသိရှိရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက်ခြောက်ဦးမှာ Medicines San Frontiers (Doctors without Borders) မှဖြစ်သည်ဟု MSF မှအေအက်ဖ်ပီသို့ယနေ့အတည်ပြုပြောကြားခဲ့သည်။ MSF မှဆက်လက်ပြောကြားရာတွင်မည်သည့် အကြောင်းပြချက်ဖြင့်ဖမ်းဆီးထားသည်ကိုမသိရကြောင်းနှင့် MSF ၏လုပ်ငန်းများကိုလွန်ခဲ့သည့်အဓိကရုဏ်းဖြစ်ပွားချိန် မှစ၍ရပ်ဆိုင်းခဲ့ပြီး ၀န်ထမ်းများလျှော့ချခဲ့ကြောင်းပြောကြားသည်။ 

အစိုးရလုံခြုံရေးဝန်ထမ်းများမှအဓိကရုဏ်းပိုမိုဖြစ်ပွားရန်ပံ့ပိုးပေးသောကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များမှာ အစိုးရမှဖွင့်လှစ်ထားသောစခန်းများ၌ခိုလှုံလျက်ရှိရာ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်မှ လူပေါင်းတစ်သိန်းခန့်အထိ စားနပ်ရိက္ခာလိုအပ်နေသည်ဟုသိရှိရသည်။ 

ရခိုင်အမျိုးသမီးတဦးအားမုဒိန်းကျင့်သတ်ဖြတ်ပြီးနောက် ဇွန်လ (၃) ရက်နေ့တွင် မွတ်စလင်ဆယ်ဦးအားအကြမ်းဖက် သမားများမှသတ်ဖြတ်ခဲ့သည်။ ရခိုင်နှင့်ရိုဟင်ဂျာတို့သည်ဖြစ် စဉ်များကိုအချင်းချင်းအပြစ်တင်လျက်ရှိသည်။ နိုင်ငံတော်၏ အရေးပေါ်ကြေညာချက်သည် ယခုထိ  တည်ရှိလျက်ရှိပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အစိုးရလုံခြုံရေးတပ်ဖွဲ့များမှ ရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးနေသည့်ကိစ္စနှင့်လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုယနေ့ ပြောကြားလိုက်သည်။ 

မြန်မာ့တပ်မတော်များတပ်ဖွဲ့များအများအပြားရှိနေသည့်ကြားမှ လုံခြုံရေးတပ်ဖွဲ့များမှ ရိုဟင်ဂျာလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်၍ညှင်းပန်းနှိပ်စက်မှုများကို ယခုရက်သတ္တပတ်များ အတွင်း အများအပြားပြုလုပ်နေသည် - ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ မှအေ အက်ပီသို့ပြောကြားကြောင်းသိရှိရသည်။ ခွဲခြားဆက်ဆံ၍ အစုလိုက်အပြုံလိုက် ဖမ်း ဆီြး ခင်း များ ရှိနေကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှအမှန်တကယ်ပြစ်မှုကျူးလွန်သူများကိုစုံစမ်းဖော်ထုတ်အရေး ယူဟန်မရှိဟု - ထပ်လောင်းပြောကြားသည်။ 

ရိုဟင်ဂျာများကိုခွဲခြားဆက်ဆံနေခြင်းမှာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေပြီး၊ ကုလသမဂ္ဂမှကမ္ဘာပေါ်တွင် ဒုက္ခအရောက် ဆုံးလူမျိုးဟုသတ်မှတ်ထားကြောင်းကို ယနေ့ထုတ်အေအက်ပီ သတင်းကိုး ကား၍ဖော်ပြ လိုက်ပါသည်။ 

RB News Desk


အင်္ဂလန်၊ သြစတြေးလျ၊ နော်ဝေး၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ ထိုင်းနှင့် ဆော်ဒီ အာရေဗျနိုင်ငံ အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း ကိုးခုမှပူးတွဲကြေညာချက်တရပ်ကိုဇူလိုင်လ (၂) ရက်နေ့ ကထုတ်ပြန် လိုက်သည်။

အဆိုပါကြေညာချက်တွင် ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးမှ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၏ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးရေး ခွဲခြားဆက်ဆံမှု ရှင်သန်လာေ စ ရန်ကြေညာ လာ သည် ကို ရှုံ့ချလိုက်သည်။ 

ဇွန်လ (၂၆) ရက်နေ့တွင်ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှကြေညာချက်ထုတ်ပြန်၍ ရိုဟင်ဂျာ တိုင်းရင်းသား များကို တရားမ၀င် ကျူးကျော်အခြေချသော ဘင်္ဂလီများ ဟုခေါင်းစဉ်တပ်ပြီး မြန်မာ အစိုး ရနှင့်ပြည်သူများက ရိုဟင်ဂျာလူမျိုးများ ကိုဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့်ဝေးလံသောမြို့၊ရွာများတွင်သီးခြားပြန်လည်နေရာချထားပေးရန်တောင်းဆိုသည်။ ထို့အပြင်တရားမ၀င်ကျူးကျော်အခြေချနေသောဘင်္ဂလီများကို ကုလသမဂ္ဂ၊နိုင်ငံတကာနှင့်ပူးပေါင်း၍ အချိန်တိုအတွင်း တတိယ နိုင်ငံများသို့ပို့ရန်လည်းတောင်းဆိုခဲ့သည်။ 

ဖြစ်ပွားခဲ့သောအကြမ်းဖက်မှု၌ ရခိုင်အစွန်းရောက်များသည် စစ်တပ်၊လုံထိန်း၊နစက၊ လက်နက်ကိုင်ရခိုင်စစ်သွေးကြွများနှင့် ပူးပေါင်း၍ ရာပေါင်းများစွာသောရိုဟင်ဂျာများကိုသတ်ဖြတ်ခဲ့သည်။ ရာပေါင်းများစွာပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ရိုဟင်ဂျာများ နေထိုင်သောရွာများ၊ အိမ်ခြေများ၊ ၀တ်ပြုသောဗလီများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့မျှမက ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီး၊ ကလေးများဘေးလွှတ်ရာသို့ ထွက်ပြေးရန် ကြိုးစားနေဆဲအချိန်တွင်လည်း တိုက်ခိုက် လုယက်ခြင်းများခံခဲ့ ရသည်။ နတ်မြစ်နှင့်ဘင်္ဂလားပင်လယ်အော်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခေတ္တခိုလှုံရန် ကြိုးစားသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဝင်ခွင့်မပြုသည်ကို နိုင်ငံတကာမှကန့်ကွက်သော်ငြားလည်း ၀င်ရောက်ခိုလှုံခွင့်ပိတ်ပင်ခဲ့သည်။ 

၁၉၄၂ ခုနှစ်မှစ၍ ရိုဟင်ဂျာ တသန်းခွဲခန့်သည် မိမိတို့၏ဌာနေမြန်မာနိုင်ငံမှ နိုင်ငံအသီးသီးသို့မိမိတို့၏ အသက်လုံခြုံရေး အတွက်ထွက်ပြေးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထောင်ပေါင်းများစွာသောရခိုင်လူမျိုး (သို့မဟုတ်) မောဂ်လူမျိုးများသည် ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအစီအစဉ်အရ ရခိုင်ပြည်နယ်သို့ဝင်ရောက်၍အခြေချခွင့်ရခဲ့သည်။ ထိုသို့ဝင်ရောက်လာသော ဘင်္ဂလီမောဂ်များသည် ပြည်နယ်အုပ်ချုပ်ရေး၏ ပဲ့ကိုင်များဖြစ်လာခဲ့သည်။ ဘင်္ဂလီများ တရားမ၀င် ၀င်ရောက် အခြေချခဲ့သည် ဆိုသည်မှာ စွတ်စွဲချက်သာ ဖြစ်ခဲ့ပြီး အစ္စလာမ်ဆန့်ကျင်ရေးကို နိုင်ငံရေးအရ စိတ်စွဲလမ်းမှုဖြစ်စေရန် တက်တက် ကြွကြွလှုံ့ဆော် ခဲ့သည်။ လူမျိုးရေးခွဲခြားမှု၊ သူစိမ်းများ ခြောက်လှန့် ခြင်းများကိုရှေ့တန်းတင်၍ ရိုဟင်ဂျာများကို ဒဏ်ခံစေကာ၊ ဘင်္ဂလီ မောဂ်များစိမ့်ဝင်လာမှု့ကို မသိကျိုးကျွံပြုနေခဲ့သည်။ ရခိုင်လူမျိုးများ၏ ရည်ရွယ်ချက်သည် လွတ်လပ်သောရခိုင်ပြည် ထူထောင်ရန်ဖြစ်ပြီး ရိုဟင်ဂျာများသည် ၄င်းတို့အတွက်အတားအဆီးဖြစ်နေသည်။ 

ရခိုင်အမျိုးသားတိုးတက်ရေးပါတီနှင့်ကြံရာပါများသည် ပြည်တွင်းနှင့်ပြည်ပတွင် ရိုဟင်ဂျာများအား မုန်းတီးစေရန်ဝါဒဖြန့် လှုပ်ရှားမှုများကို လုပ်ဆောင်နေရာမှ အကြမ်းဖက်မှုကြီး ရုတ်တ ရက်ပေါ်ပေါက်ခဲ့သည်။ အကြမ်းဖက်မှုကြီးကို ရခိုင်အမျိုး သား တိုးတက်ရေးပါတီမှ ကြိုး ကိုင်ဆောင်ရွက်ခဲ့သည်မှာသိသာထင်ရှားလာသော်လည်းကျဉ်းမြောင်းသောအယူဝါဒရှိသည့်ရခိုင်ပညာရှင်များနှင့် စစ်ဘက်ဆိုင်ရာ သဘောထားတင်းမာသူများမှ မသိကျိုးကျွံ မျက်နှာလွှဲနေကြသည်။ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၏ မူဝါဒဖြစ်သော ရိုဟင်ဂျာများအားအတင်းအဓမ္မနေရာပြောင်းရွှေ့ခြင်း၊ အတင်းအဓမ္မ နိုင်ငံမှနှင်ထုတ်ခြင်းတို့သည် ရခိုင်ပြည်နယ်တွင်ဗုဒ္ဓဘာသာရခိုင်များသာကြီးစိုးချယ်လှယ်ရန်ရည်ရွယ်ပြီး ထိုမူဝါဒသည် လူသားဖြစ်တည်မှုအား ဆန့်ကျင်သောပြစ်မှုကြီးဖြစ်သည့်အပြင် ရိုဟင်ဂျာများအား အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားတိုးတက် ရေးပါတီ၏ကြေညာချက်ပါ အချက်များအားလုံးသည် လူ့အခွင့်အရေးဆိုင်ရာ အချက်များနှင့် ဆန့်ကျင်နေပြီး၊ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအားလုံး၏ ပြစ်မှုကျူးလွန်သူအနေနှင့် တာဝန်ယူရမည်ဖြစ်သည်။ ယင်းတို့၏ လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကျင့်စဉ်ဖော်ဆောင်နေမှုကို ဟန့်တားရုံမက၊ လူ့အခွင့်အရေးအခန်းကဏ္ဍများဖော်ဆောင်မှုကို လည်းထိခိုက်စေမည်ဖြစ်သည်။ 

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ရိုဟင်ဂျာလူမျိုးများ ပိုင်ဆိုင်သော ဆိုင်များသိမ်းဆည်းခံခဲ့ရသည်။ ရိုဟင်ဂျာ အမျိုးသမီးများကို အတင်းအဓမ္မမုဒိန်းကျင့်ခြင်း၊ ပညာတတ် အမျိုးသားများကို ဖမ်းဆီး၍ အကျဉ်းချခြင်း၊ နိုင်ငံသားသက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများကို သိမ်းဆည်းခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ ပိုင်ဆိုင်သောပစ္စည်းများ လုယက်ခြင်း စသောထူးခြားသောဖြစ်စဉ်များ ရခိုင်ပြည်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည်။ လူသားချင်းစာနာမှုကင်းမဲ့မှုများပြားလာပြီး အစားရေစာငတ်ပြတ်ခြင်း၊ ဆေးဝါးကုသမှုမရရှိခြင်းတို့ကြောင့် ရိုဟင်ဂျာလူမျိုးများသေဆုံးမှုပိုမိုများပြားလာသည်။ 

မြန်မာနိုင်ငံအစိုးရသို့ ရိုဟင်ဂျာအဖွဲ့အစည်းများမှ ---- 

 ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို ပိတ်ပင်၍ ရခိုင်ပြည်တွင်းအကြမ်းဖက်မှု ဖြစ်ပေါ်အောင်ကြိုး ကိုင်လှုပ်ရှားခဲ့ သူများ ကို တရားဥပဒေနှင့်အညီဆုံးဖြတ်ရန်၊ 

 ရခိုင်အမျိုးသားတိုးတက်ရေး ပါတီနှင့်အခြားသောရခိုင်များ၏ အလွန်ဆိုးရွားသော လုပ်ရပ်များကို ရပ်တန့်ခိုင်းရန်၊ ရိုဟင်ဂျာများကိုပြည်တွင်း၌လုံလောက် သောကာကွယ်မှုများပေးရန်၊ 

 စစ်တပ်၊ လုံထိန်း၊ နစက၊ ရခိုင်စစ်သွေးကြွနှင့်ရဲများမှ ရိုဟင်ဂျာများအပေါ်ကျုးလွန်နေသောမုဒိန်းကျင့်ခြင်း ထင်တိုင်းကြဲဖမ်းဆီးခြင်း ခြိမ်းခြောက်၍ငွေညှစ်ခြင်း ဖမ်းဆီးထားသူများကို ငွေပေး၍ရွေးခိုင်းခြင်း ခိုးယူခြင်း တိုက်ခိုက်၍လုယက်ခြင်းတို့ကိုရပ်တန့်ခိုင်းရန်၊ 

လုပ်ဇတ်ခင်းရန်ဖမ်းဆီးထားသောရိုဟင်ဂျာများကိုချက်ချင်းလွတ်ပေးရန် 

ရိုဟင်ဂျာများမှသိမ်းယူလိုက်သောဆိုင်များ၊ ပစ္စည်းများ၊ စာရွက်စာတမ်းအထောက်အထားများကို သက်ဆိုင်သူများသို့အမြန်ဆုံးပြန်ပေးရန်၊ 

ရိုဟင်ဂျာများကို ရခိုင်များအတွက်အိမ်ဆောက်ရန်အတင်းအဓမ္မခိုင်းစေခြင်းများရပ်တန့်ရန် 

 ပြီးပြည့်စုံသောလွတ်လပ်စွာနေထိုင်ခွင့်ရရေး၊ သောကြာနေ့ စုဝေး၀တ်ပြုခြင်း များ ကိုသေချာ ပြန် လည် ရရှိစေရန် -- 

တို့ကိုတောင်းဆိုလိုက်သည်။ 

ထို့အပြင်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်းသို့တောင်းဆိုရာ၌ 

ကုလသမဂ္ဂ၊နိုင်ငံတကာအသိုင်းအ၀ိုင်း၊ အိုအိုင်စီ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ ဗြိတိန်နှင့် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းများမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ရိုဟင်ဂျာလူမျိုးများအားလူမျိုးရေး ခွဲခြားဆက်ဆံမှုမူဝါဒကိုဖယ်ရှားပေးရန် 

 လွတ်လပ်သောနိုင်ငံတကာသတင်းဌာနများကို ရခိုင်ပြည်နယ်၏ အမှန် တကယ်ဖြစ်ပေါ်ေ နသော အခြေ အနေ များကို လေ့လာစောင့်ကြည့်ခွင့်ပေးရန် 

 ရခိုင်ပြည်နယ်တွင်းအကြမ်းဖက်မှု့အား ဘက်မလိုက်သော လွတ်လပ်သော စုံစမ်းစစ်ဆေး မှုများပြု လုပ်ပေးရန် 

အိုးမဲ့အိမ်မဲ့ဖြစ်သွားသောဒုက္ခသည်များကို လူသားချင်းစာနာသောအထောက်အပံ့များပေးရန် -- တို့ပါဝင်သည်။ 

မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသောအကြမ်းဖက်မှုရန်ကိုရှောင်ရှားရန်ထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခ သည် များကို လူသား ချင်းစာနာ၍ ခေတ္တခိုလှုံခွင့်ပေးရန်နှင့် ရိုဟင်ဂျာပြဿနာအတွက် အိုအိုင်စီ၊နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့နှင့်ပူးပေါင်း၍ အကောင်းဆုံးနည်းရှာဖွေရန် -- တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ ထံတောင်း ဆိုလိုက်သည်။ 

By : RB News Desk 

Rohingya Exodus