Latest Highlight

ရိုဟင်ဂျာဆန့်ကျင်ရေးဝါဒဖြန့်ချီမှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများ (အပိုင်း -၁ )

မကြာသေးခင်လပိုင်းများအတွင်းက ရိုဟင်ဂျာဆန့် ကျင်ရေးလှုပ်ရှား မှုများပြည်တွင်းပြည်ပ ဆိုသလိုတသီ တသန်းကြီးပေါ်ထွက်လာခဲ့သည်။ အချို့website များနှင့် blog များတွင်ငြိမ်းချမ်းမှုကို လိုလားသော ရိုဟင်ဂျာ များကိုစူးစူး ရှရှနက်နက်ရှိုင်းရှိုင်း လူမျိုးရေးမုန်းတီးမှုဖြစ်ပေါ်စေသော အရေးအသား များ ကို တင်လာသောကြောင့် လူအများအံ့ အားသင့် ခဲ့ကြ သည်။ 

၎င်းရိုဟင်ဂျာဆန့်ကျင်ရေးဝါဒဖြန့်ချီခြင်းများကိုစစ်အာဏာရှင်အစိုးရနှင့်အစွန်းရောက်ရခိုင်ပညာရှင်များ၊ နိုင် ငံရေး သမားအချို့ပူးပေါင်းပြီးကြံ စည်လုပ်လာခဲ့ခြင်းဖြစ်ပါသည်။ ဤကိစ္စ သည်ပြည်သူ့ အစိုးရဟု အရေခြုံ စစ်အစိုးရ၏အမြင့်ဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့်နေပြည်တော် ပါလီမန်လွှတ်တော်တွင် ပင်ရောက်ရှိနြေ ပီဖြစ်သည်။ စစ်အစိုးရနှင့်လူမျိုးရေးမုန်းတီးစိတ်ရှိသောလူအချို့ကရိုဟင်ဂျာတိုင်းရင်းသားလူနည်းစု အဖြစ်တည်ရှိမှုကိုငြင်းခဲ့ကြသည့်အပြင်တရားမ၀င်ရခိုင်ပြည်ထဲသို့ခိုးဝင်နေထိုင်ကြသည့်ဘင်္ဂလီများဟုမဟုတ်မမှန်စွပ်စွဲခဲ့ကြသည်။ ထိုကဲ့သို့ မဟုတ်မမှန်လုပ်ကြံ၍၀ါဒဖြန့်ချီနေခြင်းကို ကမ္ဘာတစ်ဝန်းက ရိုဟင်ဂျာ အဖွဲ့အစည်းများက၀ိုင်းဝန်းရှုတ်ချခဲ့ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်စက်တင်ဘာ (၁၅) ရက်နေ့တွင်နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင်ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ လန်ဒန်မြို့တွင်ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင်မြန်မာတိုင်းရင်းသားများနှင့်ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ အားပေးထောက်ခံသည့်ဒေသခံပြည်သူများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ၀ိုင်းဝန်း ပါဝင်ခဲ့ကြသည်။ ဤဆန္ဒပြပွဲတွင်ရိုဟင်ဂျာတို့သည်မြန်မာလူမှုအသိုင်းအ၀ိုင်း၏တစိတ်တပိုင်းဖြစ် ကြကြောင်း၎င်းတို့သည်လူ့အခွင့်အရေးအများဆုံးချိုးဖောက်ခံရသောအနှိပ်စက်ခံရဆုံးလူမျိုးဖြစ်ကြောင်းကိုအလေးအနက်ပြောကြားခဲ့သည်။ 

အဘယ်ကြောင့်ရိုဟင်ဂျာဆန့်ကျင်ရေးဝါဒဖြန့်ချီနေကြရသနည်း 

ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်ချီနေခြင်းမှာ ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်သော လုပ်ရပ်တစ်ခုဖြစ်သည်။ ဤကဲ့သို့လုပ်နေရခြင်း၏ ရည်ရွယ်ချက် မှာ ရိုဟင်ဂျာတို့ကို ၎င်းတို့၏ အခွင့်အရေး၊ လွတ်လပ်မှုစသော တိုင်းရင်းသားဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း အခွင့်အရေးတို့ကို မပေးချင်သောကြောင့်ဖြစ်သည်။ထို့အပြင်ဤလှုပ်ရှားမှုတွင်စစ်အစိုးရ၏ရည်ရွယ်ချက်ကိုပြောရသော်
(၁)လက်ရှိကချင်ပြည်နယ်တွင်ကြုံတွေ့နေရသောနိုင်ငံရေးပြဿနာနှင့်ကချင်ပြည်တွင်းစစ်တွင်အပြစ်မဲ့ကချင်လူထုအပေါ်ဓာတုလက်နက်သုံးစွဲမှုကြောင့်လူအများသေကြေဒုက္ခသည်များဖြစ်နေရခြင်းစသောလူမှုပြဿနာအကျပ်အတည်းများမှမြန်မာပြည်သူလူထုအားအာရုံလွဲချင် သောကြောင့်၊ 

(၂)ယဉ်ကျေးမှုနှင့်ဘာသာရေးကိုအသုံးချပြီးရခိုင်လူမျိုးနှင့်ရိုဟင်ဂျာလူမျိုးတို့ကိုဆက်လက်သွေးခွဲအသုံးချနိုင်အောင်လုပ်ချင်သောကြောင့်၊ တို့ကြောင့်ဖြစ်ပါသည်။ ဤတွင်ရခိုင်တို့အတွက် သူတို့၏ ထင်ပေါ်ကျော်ကြား လှသော “အာရ်ကာန်သည်ရခိုင်လူမျိုးတို့ အတွက်ဖြစ်သည်။ ရခိုင် နှင့်ဗုဒ္ဓဘာသာတစ်ခုတည်းဖြစ်သည်” ဟူသောဆောင်ပုဒ်နှင့် အညီနိုင်ငံတော်၏ရက်စက်လှသောပေါ်လစီနှင့်ကိရိယာတန်ဆာပလာတို့ကို အသုံးချပြီးအာရ်ကာန်ကိုသူတို့ချည်းပိုင်ဆိုင်နိုင်ရန်ရိုဟင်ဂျာတို့ကိုသတ်ဖြတ်ရှင်းလင်းနိုင်မည့်အခွင့်အရေးတစ်ရပ်ဖြစ်သောကြောင့်ဖြစ်သည်။ဤကဲ့သို့လမ်းမှားသို့ရောက်ခြင်းခံရသောလူ အချို့သည်ရိုဟင်ဂျာဆန့် ကျင်ရေးကျော့ကွင်းထဲသို့ဆွဲသွင်းခြင်း ခံကြသည်ဟုထင်မိပါသည်။ 

သိန်းစိန်အစိုးရ၏ရိုဟင်ဂျာအပေါ်ထားရှိသောခါးသီးသောသဘောထားကိုသိ၍ရခိုင်များကျောထောက်နောက်ခံပြုထားသော RNDP ခေါ်ရခိုင် အမျိုးသားတိုးတက်ရေးပါတီက ရန်ကုန်မြို့၊စစ်တွေမြို့နှင့် အခြား ရခိုင်ပြည်နယ်မြို့နယ်အချို့တွင်ရိုဟင်ဂျာဆန့်ကျင်ရေးအစည်းအဝေးများ ကျင်းပပြီး လူမျိုးရေး အစွန်းရောက်ရခိုင်များကရိုဟင်ဂျာမုန်းတီးရေးတရားများကိုဟောပြောခဲ့ကြသည်။ရိုဟင်ဂျာတို့ ကို အာရ် ကာန် (သို့)  အာရ်ကာနီစ်ဆို သည့်စကားလုံးကိုသုံးစွဲခွင့်မရှိဟုကြေညာခဲ့သည်။ ၂၀၁၁ နိုဝင်ဘာလ (၁၆) ရက်နေ့တွင်  ရခိုင် (၁၆) ယောက်မှလန်ဒန်မြို့ BBC ရုံးရှေ့တွင်သွားရောက်ဆန္ဒပြ၍ BBC သတင်းထောက် Anna Jones က ၂၀၁၀ ခုနှစ်အောက်တိုဘာလတွင်ရိုဟင်ဂျာများကိုရခိုင်ပြည် နယ်၏ တိုင်းရင်းသား လူနည်းစုအဖြစ်ဖော်ပြခဲ့သည့်အတွက် BBC မှပြန်လည်တောင်းပန် ရန်တောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့ပုံနှိပ်ထုတ်ဝေပြီး တစ်နှစ်ကျော်ပြီးသော ကာလမှအဘယ့်ကြောင့် ရခိုင်တွေ ဆန္ဒပြခဲ့ကြ သနည်း။ ဤကဲ့သို့ဖြစ်ရခြင်းမှာ အစိုးရကလူအများ တုန်လှုပ်ချောက်ချား သွားအောင် လုပ်သည့်သဘောနှင့် လူမျိုးမုန်းတီးရေး စိတ်ရှိသော ရခိုင်ပညာရှင်များနှင့်ခေါင်းဆောင် များကိုလူ မျိုးရေးမုန်း တီးရေးစိတ်နှိုးဆွအောင် လှုံ့ဆော်ပေးခဲ့သောကြောင့်ဖြစ်သည်။ UN, USA, UK နှင့် EU စသောနိုင်ငံ အဖွဲ့ အစည်း များ ကရိုဟင်ဂျာဟူသောစကားလုံးကိုဆက်လက်သုံးနှုံး နေသောကြောင့်ယင်းတို့ကို ပါအလား တူဆန္ဒပြခြင်းမျိုးလုပ်ပါသလားဆိုတာကိုသိချင်မိပါသည်။ 

အစွန်းရောက်ရခိုင်အချို့ကိုဒေသတွင်းဆူပူအကြမ်းဖက်မှုဖြစ်ပွားအောင်မွတ်စလင်ရှင်းလင်းရေးတစ်ခုတည်းကိုသာဆော်သြနေကြသည်မှာ ၁၉၄၂ ခုနှစ်ကစပြီး၊ ယခုအချိန်ထိဆယ်စုနှစ် (၇) ခုတိုင်ရှိပြီဖြစ်သည်။ ရိုဟင်ဂျာလူဦးရေတစ်ဝက်ကျော်တို့သည်နိုင်ငံတွင်းမှနှင်ထုတ်ခံရခြင်း သို့မဟုတ် ဘ၀ရပ်တည်ရေးအတွက် ထွက်သွားရသည်များကြောင့်လူဦးရေတစ်ဝက်လျော့နည်းသွားခဲ့ပြီဖြစ်သည်။ သမိုင်းခေတ်အဆက်ဆက် အသက်အိုးအိမ်စည်းစိမ်၊ ယဉ်ကျေးမှုအမွေ အနှစ်များကြီးကြီး မားမားဆုံးရှုံးခြင်းခံခဲ့ရသော်လည်း ရိုဟင်ဂျာလူမျိုးများယခုအချိန်ထိရခိုင်လူမျိုး တွေနှင့်အတူနေထိုင်လျက်ရှိပါသည်။ 

ရိုဟင်ဂျာဆန့်ကျင်ရေးဝါဒဖြန့်ချီခြင်းများသည်ကိုယ့်ရှူးကိုယ်ပတ်ခြင်းသာဖြစ်ရိုဟင်ဂျာနှင့်ပတ်သက်၍အစိုးရမှမမှန်မကန်သတင်းပေးမှုနှင့်လုပ်ရပ်တို့သည်အကယ်စင်စစ်ယခုအချိန်အထိသိပ်ပြောင်းလဲမှုမလုပ်ခဲ့သော် လည်းနိုင်ငံရေးပြောင်းလဲမှုနှင့်ဒီမိုကရေစီဆီသို့ဦးတည်နေသည်ဟုပြောဆိုကြေညာနေမှုများသည်သူတို့ကိုယ်သူတို့ပြန်ကန်သလိုဖြစ်နေသည်။ ထို့ကြောင့်နိုင်ငံတကာလူမှုအဖွဲ့အစည်းများသည်စစ်အစိုးရကိုလူသားမျိုးနွယ်တစ်မျိုးလုံးကိုကျူးလွန်သူရာဇ၀တ်မှုကောင်များဟုအမြဲသိနေ၊ ခေါ်နေကြမည်သာဖြစ်သည်။ အလားတူပင်ရခိုင်အစွန်းရောက် ရာဇ၀တ်မှုကျူးလွန်သူများကိုနိုင်ငံတကာရာဇ၀တ်ကောင်များဟုခေါ်ဝေါ်နေ ကြမည်သာဖြစ်သည်။ ထိုသူတို့၏ အစွန်းရောက်တယူသန်အမျိုးသားရေးဝါဒများကြောင့်နိုင်ငံအတွင်းမင်းမဲ့စရိုက်လွှမ်းမိုးမှုများ၊ အကြမ်းဖက်မှု များ၊ ဆူပူမှုများနှင့်တရားဥပဒေမဲ့မှုများတနေ့ထက်တနေ့တိုးလာနေသည်။ လက်တွေ့ ကျင့်သုံး မှုမရှိကြပဲ ဒီမိုကရေစီအကြောင်းပြောနေကြ သည်မှာလိမ်လည်လှည့်ဖြားခြင်းဖြစ်သလို၊ ရှက်စရာလည်းကောင်းလှပေသည်။ လူမျိုးခွဲခြားဆက်ဆံမှု၊ အမြတ်ထုတ်အလွှဲသုံးစားလုပ်မှု၊ လူမှုရေးအရမတရားပြုလုပ်မှုနှင့်လူမျိုးဘာသာအသားအရောင်ယဉ်ကျေးမှုနှင့်နိုင်ငံရေးအမြင်ပေါ်မူတည်သော Prime Nation နှင့် Sub-Nation ဟူသောကျက်သရေမဲ့ အယူအဆများအတွက် မည်သည့်ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းတစ်ခုတွင်မှနေရာမရှိပေ။ 

Mr. Nurul Islam (U.K.) ရေးသားသော ANTI-ROHINGYA CAMPAIGNS, VIOLATIONS OF HUMAN RIGHTS ကိုဆီလျော်အောင် ဘာသာပြန်သည်။ အဓိပ္ပာယ်လွဲမှားမှုရှိပါကဘာသာပြန် သူ၏ အားနည်း ချက်သာဖြစ်ပြီး RB နှင့်မသက်ဆိုင်ပါ။ 

နေမျိုးဝင်း


Write A Comment

Rohingya Exodus