Latest Highlight

မြန်မာရိုဟင်ဂျာအသင်း(ဂျပန်) မှသမ္မတကြီးဦးသိန်းစိန်ထံသို့ အသနားခံစာ


သို့

သမ္မတကြီးဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ - ၉-၇-၂၀၁၂

အကြောင်းအရာ။ ။ရခိုင်ပြည်နည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားရိုဟင်ဂျာများအား အစွန်းရောက်ရခိုင်များ၏ အကြမ်းဖက်သတ်ဖြတ်မှုများမှ အပြည့်အ၀ကာကွယ် စောင့်ရှောက်ပေးပါရန် အသနားခံတင်ပြခြင်း။

ရိုသေစွာဖြင့်…

ကျွန်ုပ်တို့ ဂျပန်နိုင်ငံကိုရောက်ရှိနေသော မြန်မာနိုင်ငံသား ရိုဟင်ဂျာများက သမ္မတကြီးဦးသိန်းစိန်အား ယခုဖြစ်ပျက်နေသည့် ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်းရှင်းလင်းတင်ပြပြီး လိုအပ် သည့် အကာအကွယ်အားလုံးကို ထိထိရောက်ရောက် ပေးနိုင်ရန် အသနားခံတင်ပြအပ်ပါသည်။

ကျွန်ုပ်တို့ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်ဇွန်လဆန်းမှစ၍ ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွင် လူသားအသက် ပေါင်းထောင်နှင့်ချီပြီး ဆုံးရှုံးခဲ့ရသကဲ့သို့ ဥစ္စာပစ္စည်း၊ အိုးအိမ်များ လည်း တန်ဖိုးသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်းအပေါ် အလွန်အမင်း ၀မ်းနည်း ကြေကွဲမိပါသည်။ ထို ကြေကွဲဝမ်းနည်းဖွဲကောင်းသော အဖြစ်အပျက်မျိုး ယနေ့ယဉ်ကျေးသောကမ္ဘာတွင် မဖြစ်သင့်၊ မဖြစ် ထိုက်သော အရာဟုယူဆမိပါသည်။

သို့သော် ဤအရေးအခင်းသည် လူအများထင်မြင်ယူဆသည့်အတိုင်း ရုတ်တရက်ဖြစ်ပေါ်လာသည့် အဖြစ်မျိုးမဟုတ်ဘဲ အကြမ်းဖက် သမားလူအုပ်စုတစ်စု၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ရသည်ဟု အဖြစ်အပျက် စတင်သည့်နေ့မှစ၍ ယနေ့ထိ အခြေအနေအရပ်ရပ်ကို လေ့လာခြင်းဖြင့် သုံးသပ်မိ ပါသည်။

၁။ သမိုင်းမှတ်တမ်းများအရ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တွင် မျိုးဆက်ပေါင်းများစွာကတည်းက အခြေချနေထိုင်လာခဲ့ကြသည်မှာ ထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ရှမ်းလူမျိုးတစ်ဦး ဖြစ်သူ စပ်ရွှေသိုက်က “ရိုဟင်ဂျာ မူဆလင်များသည် မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားများဖြစ် ကြ သည်မှာ သေချာသည်။ အကယ်၍ သူတို့ကိုသာ ဌာနေတိုင်းရင်းသားထဲသို့မထည့်ပါက မိမိတို့ကိုယ် တိုင် လည်း ဌာနေတိုင်းရင်းသားအဖြစ်မခံယူသင့်ဟု ပြောဆိုခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ်ဦးနုကလည်း မြန်မာအသံမှ မြွက်ကြားသည့်နိုင်ငံတော်မိန့်ခွန်းတွင် ရိုဟင်ဂျာတိုင်းရင်းသား ဟုသုံးနှုံးခေါ်ဝေါ်ခဲ့ပြီး ရိုဟင်ဂျာဘာသာဖြင့် အသံလွှင့်ရန် မြန်မာအသံကို ပင် အသုံးပြုခွင့်ပေးခဲ့ပါ သည်။ ရိုဟင်ဂျားအမျိုးသားများ လွတ်လပ်ရေးမတိုင်ခင်ကတည်းက ယနေ့ထိ ပြည်ထောင်စုမြန်မာ နိုင်ငံတော် လွှတ်တော်အဆက်ဆက်တွင် လွှတ်တော်အမတ်အဖြစ် ပြည်သူများ၏ ရွေးချယ်ခြင်းခံခဲ့ ရပြီး နိုင်ငံတာဝန်များကို ထမ်းရွက်ခဲ့ဖူးပါသည်။ ယနေ့သမ္မတကြီး၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကို ကိုယ်စားပြုပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် အမတ်များသည်လည်း သမ္မတကြီးနှင့်အတူ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါသည်။

အာဏာရှင်ဦးနေ၀င်း အာဏာသိမ်းယူပြီး နောက်ပိုင်း သူ၏ လူမျိုးရေးအစွဲ၊ မူဆလင် ဆန့်ကျင့် ရေးစိတ်ဓါတ်၊ ခွဲခြားအုပ်ချုပ်မှုစနစ်များကြောင့် ယ နေ့ရိုဟင်ဂျာများသည် မိမိတို့၏ မွေးရပ်မြေ တွင် နိုင်ငံမဲ့ဘ၀ရောက်နေပါသည်။ ၁၉၆၂-ခုနှစ်မှစ၍ ရို ဟင်ဂျာလူမျိုးများအပေါ် အစိုးရအဆက်ဆက်၏ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်အုပ် ချုပ်မှုဒဏ်ကြောင့် လူဦး ရေ၏ထက်ဝက်နီးပါးသော မြန်မာရိုဟင်ဂျာများ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေ ရပါသည်။ လူ့အခွင့် အရေးအကြီး အကျယ် ချိုးဖောက်ခြင်းခံနေရပြီး လူတောမတိုးနိုင်အောင် ဆင်း ရဲနွမ်းပါး နေပါသည်။ ၁၉၈၂-ခုနှစ်က ဦးနေ၀င်၏ မဆလအစိုးရက ရေးဆွဲပြဌာန်းခဲ့သည့် မြန်မာနိုင်ငံသားဥပဒေက တမင်ရိုဟင်ဂျာ များအားရွေးချယ်ပြီး နိုင်ငံမဲ့ဘ၀ရောက်အောင် တွန်းပို့ ခဲ့သည်။

ထို့နောက်ပိုင်း ရိုဟင်ဂျာများလက်ဝယ်ရှိခဲ့သည့် အထောက်အထားစာရွက်စာတမ်းများအားလုံးကို အာဏာပိုင်များက သိမ်းယူ သွားပြီး ယနေ့ထိ အထောက်အထားမဲ့ဖြစ်နေရပါသည်။ ပညာရေး၊ စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများတွင် အခွင့်အရေး အလုံး အစုံက လက်လွတ်ဆုံး ရှုံးခဲ့ရ ပါသည်။ ထိုကဲ့သို့ အဘက်ဘက်မှ ဆင်းရဲဒုက္ခရောက်နေသည့် ရိုဟင်ဂျာတိုင်းရင်းသားများအား တမြေတည်း နေ၊ တရေတည်းသောက် နောင်တော်အစွန်းရောက်ရခိုင်အမျိုးသားရေးဝါဒီတချို့က သုတ်သင် ရှင်းလင်းပြီး ရခိုင်တပြည် လုံးကို မောင်ပိုင်စီးကာ ဗုဒ္ဓဘာသာဝင် ရခိုင်စစ်စစ်ဖြင့် ရခိုင်နိုင်ငံတော် သစ် တည်ထောင်ရန် ရည်ရွယ်ချက်ရှိရှိ စီမံကိန်းရေးဆွဲကာ ကြိုးပမ်းနေ သည်မှာ နှစ်ကာလ အတော်ကြာ ခဲ့ပြီဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင်တမျိုး၊ လက်နက်ကိုင်တော်လှန်ပုန်ကန်၍တဖုံ၊ သမိုင်းပညာရှင်ဘွဲ့ခဲ့၍ တနှယ်၊ နယ်ပယ်ပေါင်းစုံမှ ၀ိုင်းဝန်းကြိုးပမ်းနေပါသည်။

၂။ ထိုကြားထဲတွင် ၂၀၁၁-ခုနှစ် အကုန်လောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ရိုဟင်ဂျာလွှတ်တော်အမတ်မင်းများက လွှတ်တော် မေးမြန်းခန်းတွင်း မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာ၌ လ၀က၀န်ကြီးဦးခင်ရီက ရိုဟင်ဂျာများကို နာမည်သစ်တခု ဖြင့် ဘင်္ဂါလီဟု ထွင်ပေးခြင်း က အစွန်းရောက်ရခိုင်အမျိုးသားရေးဝါဒီများအား အားပေးထောက်ခံသကဲ့သို့ ဖြစ်သွားခဲ့ရပါသည်။

၃။ တဖန်နိုင်ငံတော်၏ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်အသစ်ကို အခွင့်ကောင်းယူပြီး မကြား သေး မီက အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သော(ALP) ပါတီဝင်များက ရခိုင်ပြည်တွင်း ခြေကုပ် ယူ၍ ရိုဟင်ဂျာဆန့်ကျင်ရေး၊ တိုက်ထုတ်ချေမှုန်းရေး ကြွေးကြော်သံ များ ဟစ်ကြွေးကာ ဆူပူသောင်း ကျန်းမှုကို စတင်ပါတော့သည်။

၎။ အစွန်းရောက်ရခိုင်အမျိုးသားရေးဝါဒီ ဒေါက်တာအေးမောင်ဦးစီးပြီး ရခိုင်းတိုင်းရင်းသားများတိုး တက်ရေးပါတီကိုဖွဲ့စည်းကာ ဒီမို ကရေစီနှင့်လူ့အခွင့်အရေးအသံဟစ်ပြီး နိုင်ငံတော်၏ နိုင်ငံရေး ပါတီများဆိုင်ရာဥပဒေကို အကာအကွယ်ယူ၍ လူမျိုးသုတ်သင်ရေး လမ်းစဉ်ကို ချမှတ်ကာ ရခိုင်ပြည် သူများအား လူမျိုးခွဲခြားရေးမှိုင်းတိုက်နေသည့်ဖြစ်ရပ်သည် (၂၆-၆-၂၀၁၂) ခုနေ့ထုတ် ၎င်းပါတီ၏ ကြေငြာချက်က သက်သေထူနေပါသည်။ ၎င်းပါတီ၏ ရိုဟင်ဂျာဆန့်ကျင်ရေး၊ တိုက်ထုတ်ရေး၊ လူမျိုးသုတ်သင်ရေးဝါဒကို ရခိုင်ပြည်သူ များအတွင်းသို့ နည်းမျိုးစုံဖြင့် သွတ်သွင်းနေသည့်အပြင် အခြားတိုင်းရင်းသားလူနည်းစုများကိုပါ သမိုင်းလိမ်ကို ဖန်တီးပြီး ရိုက်သွင်းနေ သည်မှာ အလွန် ကြောက်စရာကောင်းသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်စီးစေသော လုပ်ရပ်အဖြစ် မှတ်ယူသင့်ပေသည်။

သမ္မတကြီးခင်ဗျား…

အထက်ဖော်ပြပါအချက်များသည် ယခုရခိုင်အရေးအခင်း၏ မူလရင်းမြစ်ဖြစ်သည်။ ကျောက်နီမော် မုဒိန်းကျင့်၊လူသတ်မှုကို အကြောင်း ရှာပြီး တောင်ကုတ်တွင် အပြစ်မဲ့အစ္စလာမ်ဘာသာဝင် (၁၀)ဦးအား အကြမ်းဖက်သမား အယောက်(၃၀၀)နီးပါးက ၀ိုင်းရိုက်သတ်နိုင် သည့် အဖြစ်အပျက် သည် သမ္မတကြီး၏ အုပ်ချုပ်မှုအာဏာစက်ကို စိန်ခေါ်သလိုဖြစ်နေပါသည်။ ထိုအဖြစ်အပျက်ကို ရခိုင်ပြည်တွင် အုပ် ချုပ် နေသောအာဏာပိုင်ရခိုင်အမျိုးသားများက တာဝန်သိသိကိုင် တွယ်ဖြေ ရှင်းနိုင်ပါလျှက်နှင့် အကြမ်းဖက်သမား ရခိုင်အမျိုးသားများ အား ရိုဟင်ဂျာသတ်ဖြတ်ရေးအတွက် အားပေးအားမြောက်ပြုစေခဲ့သောကြောင့် အခြားမြို့နယ်များသို့ပါ ကူးစက်သွားခဲ့ပါသည်။ အခြေ အနေကို အချိန်မီထိန်းသိမ်းနိုင်ရန် သမ္မတကြီးက ပညာအမြှော်အမြင်ကြီးစွာ ပုဒ်မ-၁၄၄-ထုတ်ပြန်ပြီး ညမထွက်ရအမိန့်ကို ကြေငြာခဲ့ သော်လည်း လက်တွေ့တွင် သတ်ဖြတ်မှု၊ မီးရှို့မှု၊ မုဒိန်းမှုများကို မတားဆီးနိုင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအရေးပေါ်အခြေအနေ သည် ရိုဟင်ဂျားများပေါ်တွင်သာ သက်ရောက်မှုရှိပြီး အစွန်းရောက်ရခိုင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ရခိုင်အမျိုးသားများက အရေး ပေါ် အခြေအနေကို အကာအကွယ်ယူပြီး ရိုဟင်ဂျာသတ်ဖြတ်မှုကို လက်ရဲဇက်ရဲ လုပ်လာခဲ့ပါသည်။

ယနေ့တိုင်သတ်နေ၊ဖြတ်နေ၊ မုဒိန်း ကျင့်နေ၊ဥစ္စာပစ္စည်းများ လုယက်နေဆဲဖြစ်ပါသည်။ အခြေအနေ ငြိမ်သက်သွားပြီဆိုသော်လည်း ရိုဟင်ဂျာများအပေါ် ပုံစံအသစ်တစ်မျိုး ဖြင့် အကြမ်းဖက်မှုများ ဆ ထက်ထမ်းပိုးဖြစ်ပေါ်နေပါသည်။ ရိုဟင်ဂျာရွာများကို အစိုးရလက်နက်ကိုင်ရဲတပ်ဖွဲ့၊ နစက၊ စရဖများနှင့် ပူးပေါင်းပြီး ဒုတ်၊ဓါးများကိုင်ဆောင်ထားသော (ALP)တပ်ဖွဲ့ဝင်များက ၀ိုင်းရံကာ ရွာရှိအသက်(၁၀)နှစ် အထက်ရှိကြသော ယောက်ျား လေးများကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်နေပြီး အမျိုးသမီးများအား မုဒိန်းကျင့်ကာ ဥစ္စာပစ္စည်းများကို လုယက်ယူဆောင်သွားနေခြင်းသည် တရွာပြီးတရွာဖြစ်နေပါသည်။ ဖမ်းဆီးခေါ်ဆောင်သွားနေသူအများ အပြားကိုလည်း သတ်ဖြတ်ပြီးချောင်းထဲ၊ မြစ်ထဲပစ်ချနေခြင်း ကြောင့် နတ်မြစ်တ၀ိုက်ရေထဲမျောနေသော ရိုဟင်ဂျာအလောင်း မရေမတွက်နိုင်လောက်အောင် ဖြစ်နေပါသည်။ အရေးအခင်းကြောင့် နေစရာ၊ စားစရာ၊ ဆေးဝါးမရှိသော ရိုဟင်ဂျာအများအပြားကို ယနေ့ထိ နိုင်ငံတော်အစိုးရမှ အကူအညီပေးတာမျိုးမရှိပါ။ သမ္မတကြီးက ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့သော်လည်း ထိုကယ်ဆယ်ရေးအဖွဲ့အစည်းများကိုယ်နှိုက်တွင် ရခိုင်းအမျိုးသားများက ဦးစီး စီမံနေသောကြောင့် ရိုဟင်ဂျာများဆီကို လုံးလုံးမရောက်လာခဲ့ပါ။ အစာရေစာပြတ်လတ်ပြီး အသက်ဆုံးရှုံးသွားသော ရိုဟင်ဂျာ လူမမယ်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မီးလောင်ဒဏ်ရာ၊ သေနတ်ဒဏ်ရာ၊ ဓါးတုတ် ဒဏ်ရာများရရှိပြီး ဆေးကုသမှုမရဘဲ အသက်ဆုံးရှုံးသွားသော ရိုဟင်ဂျာများ မရေမတွက်နိုင် လောက်အောင်ရှိနေပါသည်။

တချိန်တည်းမှာ ပြည်တွင်းပြည်ပ မီဒီယားများကလည်း တဘက်စောင်းနင်းပြီး ရိုဟင်ဂျာများကို အ ကြမ်းဖက်သမားများ၊ နယ်ချဲ့ ကျူးကျော်သူများ၊ အစ္စလာမ်ဝါဒီများ၊ လက်နက်ကိုင်သောင်းကျန်း သူ များ စသည်ဖြင့် အမျိုးမျိုး မဟုတ်မမှန် စွပ်စွဲရေးသားထုတ်လွှင့် နေပါသည်။ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သတင်းအမှန်ကို အမှောင်ချပြီး ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ၏ သတင်းပေးပို့ချက်များကိုသာ ထပ်ဆင့်အတည်ပြုပေးနေပါသည်။

သမ္မတကြီးခင်ဗျား…

အထက်တွင် ဖော်ပြထားသော ရခိုင်အရေးအခင်းနှင့်ပတ်သက်သည့် အချက်အလက်များကို သမ္မတကြီးကိုယ်တိုင် မှန်မှန်ကန်ကန် လေ့လာသုံးသပ်မိပါက လူသားချင်းကိုယ်ချင်း စာနာ နိုင် လိမ့်မည်ဟု တထစ်ချယုံကြည့်ပါသည်။ သမ္မတကြီး၏ ခေါင်းဆောင်ကောင်း ပီသမှုကို အပြည့် အ၀ယုံကြည်ပြီး မျှော်လင့်အားထားနေသော အပြစ်မဲ့ရိုဟင်ဂျာများအတွက် ထိထိရောက် ရောက် အပြည့်အ၀အကာ အကွယ်ပေးနိုင်ဖို့ လေးနက်တည်ကြည်စွာ အနားခံတင်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတကြီးအား ဂျပန်ရောက်မြန်မာနိုင်ငံသားရိုဟင်ဂျာများက အောက်ပါအချက်များကို အမြန်ဆုံးအကောင်အထည်ဖော် ပေးပါရန် လေးနက်စွာ အသနားခံတင်ပြအပ်ပါသည်။

၁။ လက်နက်မဲ့၊ အပြစ်မဲ့ ရိုဟင်ဂျာလူထုကြီးအား လက်နက်ကိုင်အကြမ်းဖက်မှုများမှ အပြည့်အ၀အ
    ကာအကွယ်ပေးရန်။

၂။ ရိုဟင်ဂျာပြည်တွင်းဒုက္ခသည်များအား နိုင်ငံတော်မှထောက်ပံ့ရေးပစ္စည်းများကို ကိုယ်ထိလက်
ရောက်တိုက်ရိုက်ပေးရန်။

၃။ အရေးအခင်းအတွင်း ဒဏ်ရာအမျိုးမျိုးရရှိထားသူများအား ဆေးဝါးကုသမှုပေးရန်။

၎။ ရိုဟင်ဂျာများအုပ်စုလိုက်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်နေမှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် ဖမ်းဆီး
    ထားသူများအား အမြန်ဆုံးလွှတ် ပေးရန်။

၅။ မီးရှို့ဖျက်ဆီးပစ်ခဲ့သော ရိုဟင်ဂျာအိုးအိမ်များ၊ ရိုဟင်ဂျာ မူလနေထိုင်ရာရွာများကို အစိုးရမှ ပြန် လည်တည်ထောင်ပေးရန်နှင့် လု ယက်ယူဆောင်သွားသော ရွှေ၊ငွေ ပစ္စည်းဥစ္စာများကို ပြန်လည် ပေးဆောင်စေရန်။

၆။ ရိုဟင်ဂျာလူထုအား ယခင်ဒီမိုကရေစီအစိုးရနည်းတူ မြန်မာတိုင်းရင်းသားအဖြစ်အသိအမှတ်ပြု ပြန်တမ်းကိုထုတ်ပြန်ပေးပြီး နိုင်ငံ သားအခွင့်အရေးအပြည့်အ၀ပေးရန်။

၇။ မတရားသည့် ၁၉၈၂-နိုင်ငံသားဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးပြီး နိုင်ငံသားဥပဒေအသစ် တ ရပ်ကို နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ရေးဆွဲပြဌာန်းပေးရန်။

၈။ ဥပဒေပြင်ပမှ လက်နက်ကိုင်သောင်းကျန်းနေသည့် (ALP) တပ်ဖွဲ့ဝင်များအား အမြန်ဆုံးဖမ်းဆီးအ
ရေးယူပေးရန်။

၉။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ်ဖျက်သိမ်းပြီး အရေး
အခင်းလှုံ့ဆော်မှုနဲ့ အရေးယူပေးရန်။

၁၀။ နိုင်ငံတကာစစ်ဆေးရေးမှူးများကို ဖိတ်ခေါ်ပြီး မြန်မာအစိုးရနှင့်အတူ အရေးအခင်းကို မျှမျှတတ
စုံးစမ်းစစ်ဆေးပေးရန်။

၁၁။ နိုင်ငံတကာကူညီထောက်ပံ့ရေးအေဂျင်စီများ၊ NGO များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအား လွတ် လွတ်လပ်လပ် ကူညီထောက်ပံ့ ခွင့်ပေးရန်။

၁၂။ လွတ်လပ်သည့်နိုင်ငံတကာသတင်း မီဒီယာများအား ၀င်ရောက်သတင်းမှန်ယူခွင့်ပေးရန်။

၁၃။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံသည့်စနစ်ဆိုးကြီးကို အမြန်ဆုံးရပ်တန့်ပစ်ရန်။

လေးစားစွာဖြင့်
ဇော်မင်းထွဠ် 
ဥက္ကဌ
မြန်မာနိုင်ငံသားရိုဟင်ဂျာများအသင်း(ဂျပန်)



DOWNLOAD HERE




  1. ကြိုစိုတယ်

  2. ၀ါး..ဟားဟား ၊ ၀ါးဟား ...ဟား ရီရလွန်းလို့ ဗိုက်တောင်နာတယ်။ ရေးလဲရေးတတ်၊ တောင်းလဲတောင်းတတ်ကြပါပေတယ်။ သူတောင်းစားမျိုးပီသပါပေတယ်။

  3. Do your Rakhine people think your Rakhine people are very smart, in this century Rakhine people are animal tic people in this World. See what you will face later, in this civilized world we never seen like Rakhine people this modern century.

Write A Comment

Rohingya Exodus