Latest Highlight

မင်းပြားနှင့်ပေါက်တောတွင်သံဃာတုများလှုပ်ရှားလျက်ရှိ

မင်းပြားမြို့နယ်တွင်ရခိုင်အမျိုးသားရေးဝါဒီများနှင့်သံဃာအတုများပူးပေါင်း၍ ဒေသခံရိုဟင်ဂျာမွတ်စ လင်များ ကို  စားနပ်ရိက္ခာဝယ် ယူခွင့်ပိတ်ဆို့ထား သောကြောင့် အငတ်ဘေးနှင့်ရင်ဆိုင်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ရိုဟင်ဂျာမွတ်စလင်များ၏မိတ်ဆွေအပေါင်းအသင်းရခိုင်အမျိုးသားများမှဆန်ကိုခိုးရောင်းသည်ကိုတွေ့သွားသောကြောင့် ထိုရခိုင်အမျိုးသားများကိုရန်ရှာသည့်အပြင် ၎င်းတို့၏နေအိမ်များကိုပါ မီးရှို့ဖျက်ဆီး ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်းသိရ သည်။

ပေါက်တောမြို့တွင်ရိုဟင်ဂျာရွာ (၃) ရွာရှိပြီး ရခိုင်ရွာ (၂၃) ရွာမှပတ်ပတ်လည်ဝိုင်းရံလျက်ရှိသည်။ ထိုရိုဟင်ဂျာ ရွာများ မှာ ဒုံရွာ၊ ငှက်ချောင်းရွာနှင့် ရှစ်ရွာ (ကြက်ကြီးပါရာ) တို့ဖြစ်သည်။ ဒုံရွာတွင် ၂၈၀၄ ဦး၊ ငှက်ချောင်းရွာတွင် ၂၁၅၀ ဦးနှင့် ရှစ်ရွာတွင် ၁၉၃၄ ဦးရှိကြောင်းသိရသည်။ ဒုံရွာမှကလေးငယ် (၃) ဦးအစာရေစာငတ်ပြတ်မှု၊ အာဟာရမလုံလောက်မှုတို့ ကြောင့်သေဆုံးခဲ့ပြီး၊ ထိုရွာ (၃) ရွာမှ လူကြီး ၄၀၀ ကျော်ခန့်အာဟာရချို့တဲ့သည့်ရောဂါခံစားနေရပြီး၊ ဆေးဝါးပစ္စည်းလုံးဝ မရရှိကြောင်း၊ ဆေးဝါးဝယ်ယူရန် ရွာမှထွက်၍မရကြောင်း၊ အကယ်၍၀ယ်ရန်ထွက်ပါက အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရ ကြောင်းသတင်း ရရှိပါသည်။

အဆိုပါမြို့နယ်များတွင်အဓိကလှုပ်ရှားနေသောသူများမှာ ရခိုင်ဝံသာနုရက္ခိတအသင်း၊ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီနှင့် သံဃာအတုများဖြစ်ကြောင်းသတင်းရရှိသည်။


RB News Desk

  1. ရခိုင်ပြဿနာဖြေရှင်းရေး

    ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရကိုယ်တိုင်က ၀င်ရောက် ကျူးလွန်မှုကို နိုင်ငံတကာက ရက်စွဲအတိအကျဖြင့် ထောက်ပြလာခဲ့ပြီ ဖြစ်သည်။

    ဤဖြစ်စဉ်ကြီး တစုံလုံးကို အစမှ အဆုံး သေချာစွာ ဖေါ်ထုတ်ပြီး နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်နေသူများ အပါအ၀င် ဦးဆောင် ကျူးလွန်ကြသည့် တရားခံအားလုံးကို လူမျိုး ဘာသာ၊ အသားအရောင် မရွေးဘဲ ဥပဒေစိုးမိုးရေး အခြေခံဖြင့် ထိရောက်စွာ ဖေါ်ထုတ် အရေးယူနိုင်မှသာ နောင်သည်လို အဖြစ်ဆိုးမျိုး မဖြစ်အောင် ကာကွယ် တားဆီးနိုင်ပါမည်။

    ရွာတရွာတွင် သူကြီးကိုယ်တိုင်က ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသော အမှု၌ သူကြီးသားကို စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ထားပြီး အမှု ဖေါ်ထုတ်ခိုင်း၍ မရပါ။

    မြန်မာနိုင်ငံ၌ တရားစီရင်ရေး ယန္တရား တခုလုံးမှာ လွတ်လပ်မှု လုံးဝ မရှိဘဲ စစ်ခေါင်းဆောင်များအား ဆန့်ကျင် ရပ်တည်ရဲသည့် အနေအထား မရှိပါ။

    လူ့ အခွင့်အရေးကော်မီတီ ဆိုသည် မှာလည်း သမ္မတရုံးအဖွဲ့၏ အစိတ်အပိုင်း တခုကဲ့သို့ ဖြစ်နေပြီး သူကြီးတူ အဆင့်လောက်သာ ရှိပါသည်။

    ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြီး၌ ဦးသိန်းစိန်ကိုယ်တိုင်က မိမိတို့ အစိုးရ နှင့် စစ်တပ်၏ လက်ချက် မည်သို့ မျှ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း သက်သေပြရဲသည် ဆိုလျှင် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ် စေလွှတ်ပေး ရေး အတွက် ကုလသမဂ္ဂသို့ အမြန်ဆုံး ပန်ကြားရန် တောင်းဆိုသည်။

    နောင် သည်လို အဖြစ်ဆိုးမျိုး ကို မုချ ရှောင်လွှဲနိုင်ရန်မှာမူ စစ်အာဏာရှင်စနစ်ကို အမြစ်မှနေ၍ ချေမှုန်းဘို့ လိုပါသည်။

    တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး လက်တွဲကြဘို့ အချိန်ရောက်ပါပြီ။ သို့မှသာ အုပ်ချုပ်ရေးယန္တရား တစုံလုံးကို ပြင်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုကြီး ပေါ်လာနိုင်ပါမည်။

Write A Comment

Rohingya Exodus