Latest Highlight

ဂျပန်နိုင်ငံရောက်ရိုဟင်ဂျာများဆန္ဒပြ ( ရုပ်/သံ )

မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်)မှဦးဆောင်၍ဆန္ဒပြပွဲတစ်ရပ်ကိုဇူလိုင်လ (၉) ရက်နေ့နေ့ လည်ပိုင်း တွင် တိုကျိုမြို့ ရှိဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့်ကုလသမဂ္ဂရုံးရှေ့တွင်ကျင်းပခဲ့သည်။ 

အဆိုပါဆန္ဒပြပွဲတွင်လူအင်အားလေးဆယ်ကျော်တက်ရောက်ခဲ့ပြီး၊ နေ့လည် ၁ နာရီခန့်မှစ၍တိုကျိုမြို့ ရှိဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင်စုဝေးဆန္ဒပြခဲ့ကြသည်။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) ဥက္ကဋ္ဌ  ဦးဇော်မင်းထွဋ်မှ မိန့်ခွန်း ပြောကြားပြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် - နိုင်ငံတော်သမ္မတဦးသိန်းစိန်သို့ပေးပို့မည့်စာကို ရိုဟင်ဂျာတစ်ဦးမှ တက်ရောက်လာ သူများအားလုံးကို ဖတ်ကြားပြသည်။ ထို့နောက်ထိုစာကိုမြန်မာသံရုံးဝန်ထမ်းထံသို့လွှဲပြောင်းပေးခဲ့သည်။ ကြွေးကြော်သံ များဖြင့်တောင်းဆို၍ နေ့လည် ၃ နာရီခန့်တွင်ကုလသမဂ္ဂရုံးရှေ့ သို့ဆက် လက်ချီ တက် ခဲ့ကြသည်။ 

ကုလသမဂ္ဂရုံးရှေ့တွင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သို့ပေးပို့မည့်စာကိုရိုဟင်ဂျာတစ်ဦးမှဖတ်ကြားပြီး၊ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက်တက်ကြွစွာအစဉ်တစိုက်လှုပ်ရှားနေသော NHK မြန်မာပိုင်းအစီအစဉ်ဌာန အငြိမ်းစားညွန်ကြားရေးမှူး Mr. Hisao Tanabe မှမိန့်ခွန်းပြောကြားခဲ့ သည်။ Mr. Tanabe မှပြောကြားရာတွင် ရိုဟင်ဂျာများ သည်မြန်မာနိုင်ငံ တွင်ရာစုနှစ်များစွာ အခြေစိုက်နေထိုင် လာခဲ့သော်လည်း လူမျိုးရေး၊ ဘာသာရေးခွဲခြား ခံနေရသည့်အပြင် နိုင်ငံသား အဖြစ်ငြင်းပယ် ခံနေရပြီး လူ့အခွင့်အရေးလည်းဆုံးရှူံးနေပါကြောင်း မိမိအနေနှင့်ဂျပန်နိုင်ငံရှိ မြန်မာလူမျိုး များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်အစဉ်တစိုက်လှုပ်ရှားနေသူဖြစ်ကြောင်း၊ ယခုအခါရိုဟင်ဂျာ အရေးကိစ္စအတွက်ပါဝင်လှုပ်ရှားခြင်းကြောင့် ဗမာနှင့်အခြားသောတိုင်းရင်းသားများမှမိမိအား ရှုတ်ချမည်ဖြစ်ကြောင်း၊ သို့သော်လည်းမိမိအနေဖြင့်ဂရုစိုက်မည်မဟုတ်ကြောင်း၊ မိမိသည်ဂျပန်နိုင် ငံ သား တစ်ဦးဖြစ် ကြောင်း၊ လူ့အခွင့်အရေးနှင့်လူမျိုး တုန်းသတ်ဖြတ် ခြင်းနှင့် ပတ်သက်၍ပြော ဆိုရ မည်ဖြစ်ကြောင်း အကျယ်တ၀င့်ပြောကြား ခဲ့သည်။ ချင်းတိုင်းရင်း သားအမျိုးသား တစ်ဦးမှလည်း မြန်မာနိုင်ငံ တွင်ရိုဟင်ဂျာနှင့်အခြားသောတိုင်းရင်းသားများလည်း ခွဲခြားဆက်ဆံခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့နောက်ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ဦးထံသို့အထွေထွေအတွင်းရေးမှူးချုပ်ထံရေးသားသည့်စာကိုလွှဲပြောင်းပေးပြီး၊ သမ္မတဦးသိန်းစိန် ထံသို့ရေးသားခဲ့သောစာကိုတဖန် ဖတ်ကြားခဲ့သည်။ ညနေ ၄ နာရီခွဲခန့် တွင်ကြွေးကြော် သံများ ဟစ်ကြွေး၍အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း RB မှ သတင်း လက်ခံ ရရှိပါ သည်။ 



RB News Desk

Write A Comment

Rohingya Exodus