Latest Highlight

ရခိုင်လူမျိုးရဲအုပ်သန်းတင်မှမောင်းတောမြို့မှစီးပွားရေးသမားများအားဒုက္ခပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ နယ်မြေခံရဲတပ်ဖွဲ့မှ ရဲအုပ်သန်းတင် သည်မောင်းတောမြို့တွင် အဓိ ကရုဏ်းဖြစ်ပွားစဉ် ကာလတွင်ရိုဟင်ဂျာများ၏ အဆောက်အဦများ၊ နေအိမ်များနှင့်ဆိုင်များ ကိုနယ်မြေခံ ရခိုင် အစွန်းရောက်များနှင့်ပူးပေါင်း၍ လုယက် ခဲ့ကြောင်း မောင်းတောမြို့မှရိုဟင်ဂျာများမှ တဆင့် သတင်း ရရှိပါသည်။ 

ယခုအခါနိုင်ငံတော်အစိုးရမှမောင်းတောမြို့ရှိစီးပွားရေးလုပ်ငန်းများကိုပြန်လည်လည်ပတ်ရန်အကြောင်းကြားသောကြောင့် ဒေသခံရိုဟင်ဂျာမွတ်စလင်များမှမိမိတို့၏ဆိုင်များ၊ လုပ်ငန်းများပြန် လည်ဖွင့်လှစ် ရန်ကြိုးစားနေသော် လည်း၊ ရဲအုပ်သန်းတင်၏အတင်းအဓမ္မမတရားငွေညှစ်နေမှုကြောင့် ဆိုင်ပိုင်ရှင်များ၊ လုပ်ငန်း ရှင်များအလွန်တရာစိတ်ပျက်၍ ဒုက္ခရောက်နေကြောင်းသိရသည်။ ရဲအုပ် သန်း တင်တောင်းသောငွေကြေး မှာ ရိုဟင်ဂျာဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များ မတတ်နိုင်သော ပမာ ဏဖြ စ် သည်။ 

မောင်းတောမြို့၏အခြေအနေကိုတည်ငြိမ်အောင်ကြိုးစားနေသော်လည်း အကယ်၍ ရဲအုပ် သန်းတင်ကိုမောင်းတောမြို့မှ အခြားမြို့သို့မပြောင်းရွှေ့ပါ မောင်းတောမြို့တွင် အမြဲတစေပြဿ နာဖြစ်နေမည် ဟုဒေသခံ များကပြောဆိုသည်။ 

RB News Desk

Write A Comment

Rohingya Exodus