July 28, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Oskar Butcher RB Article October 6, 2018 Every night in an unassuming shop space located in Mandalay’s 39thStreet, Lu Maw and Lu Zaw – the remaining members of the Burma’s most famous comedy trio, the Moustache Brothers – present their show: a curious combination of comedy, political sa...

Article @ Int'l Media

A demonstration over identity cards at a Rohingya refugee camp in Bangladesh in April, 2018. Image: NurPhoto/SIPA USA/PA Images. By Natalie Brinham | Published by Open Democracy on October 21, 2018 Wary of the past, Rohingya have frustrated the UN’s attempts to provide them with documenta...

Analysis @ RB

By M.S. Anwar | Opinion & Analysis The Burmese (Myanmar) quasi-civilian government unleashed a large-scale violence against the minority Rohingya in the western Myanmar state of Arakan in 2012. The violence, which some wrongly frame as ‘Communal’, was carried out by the Burmese armed forces...

Analysis @ Int'l Media

By Maung Zarni, Natalie Brinham | Published by Middle East Institute on November 20, 2018 “It is an ongoing genocide (in Myanmar),” said Mr. Marzuki Darusman, the head of the UN Human Rights Council-mandated Independent International Fact-Finding Mission at the official briefing at ...

Opinion @ RB

Rohingya refugees who fled from Myanmar wait to be let through by Bangladeshi border guards after crossing the border in Palang Khali, Bangladesh October 9, 2017. REUTERS/Damir Sagolj MS Anwar RB Opinion November 12, 2018 Some may differ. But I believe the government of Bangladesh is ...

Opinion @ Int'l Media

By Maung Zarni | Published by Anadolu Agency on December 15, 2018 US will not intercede, and Myanmar's neighbors see it through economic lens, so international coalition for Rohingya needed LONDON -- The U.S. House of Representatives Thursday overwhelmingly passed a resolution ca...

History @ RB

Aman Ullah  RB History August 25, 2016 The ethnic Rohingya is one of the many nationalities of the union of Burma. And they are one of the two major communities of Arakan; the other is Rakhine and Buddhist. The Muslims (Rohingyas) and Buddhists (Rakhines) peacefully co-existed in the A...

Rohingya History by Scholars

Dr. Maung Zarni's Remark: The best research on Rohingya history: British Orientalism which created the pseudo-scientific biological notion of "Taiyinthar" or "real natives" of #Myanmar caused that country's post-colonial cancer of official & popular genocidal Racism.  This co...

Report @ RB

(Photo: Soe Zeya Tun, Reuters) RB News  October 5, 2013  Thandwe, Arakan – Rakhinese mob in Thandwe started attacking Kaman Muslims on September 28, 2013. As a result, 5 Kaman Muslims were mercilessly killed and 1 was died in heart attack while escaping the attack. 781 Kaman Mus...

Report by Media/Org

Rohingya families arrive at a UNHCR transit centre near the village of Anjuman Para, Cox’s Bazar, south-east Bangladesh after spending four days stranded at the Myanmar border with some 6,800 refugees. (Photo: UNHCR/Roger Arnold) By UN News May 11, 2018 Late last year, as violent repressi...

Press Release

(Photo: Reuters) Joint Statement: Rohingya Groups Call on U.S. Government to Ensure International Accountability for Myanmar Military-Planned Genocide December 17, 2018  We, the undersigned Rohingya organizations worldwide, call for accountability for genocide and crimes against...

Rohingya Orgs Activities

RB News December 6, 2017 Tokyo, Japan -- Legislators from all parties, along with Human Rights Now, Human Rights Watch, and Save the Children, came together to host the emergency parliament in-house event “The Rohingya Human Rights Crisis and Japanese Diplomacy” on December 4th. The eve...

Petition

By Wyston Lawrence RB Petition October 15, 2017 There is one petition has been going on Change.org to remove Ven. Wira Thu from Facebook. He has been known as Buddhist Bin Laden. Time magazine published his image on their cover with the title of The Face of Buddhist Terror. The petitio...

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

နောက်ဆုံးရ (မောင်းတော/ဘူသီးတောင်)သတင်းအမှန်





______________________________________________________________
အပိုင်း (၉) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော အချိန် နံနက် ၀၆း ၃၀ မိနစ် ၊ ၀၉ ၊ ၀၆ ၊ ၂၀၁၂ စနေနေ့

မောင်းတောမြို့ ပေါ်က အကြမ်းဖက် သတ်ဖြတ်မှုများ အေးအေးချမ်းချမ်း ဖြစ်သွားပြီးဟုသိရသည်
သို့သော် ရိုဟင်ဂျာမူစလင်များနေထိုင်ရာ ရွာများအားလုံးနီးပါးတွင် စစ်တပ်က နေရာယူထားသည်ဟု
ဆိုသည် အချို့ မီးသတ်ကားဟုယူဆရသော ကားများဖြင့် လမ်းပေါ်တွင် စွန်းထင်နေသော သွေးကွက်များ
ကို လိုက်လံ ရေပတ် ဆေးကြောနေနေတာတွေ အထင်သားတွေ့နေရကြောင်း ဒေသခံများကဆိုကြသည်။

မောင်းတောမြို့ အနှံ့မီးရှို့ ခံခဲ့ရသော အိမ်များသည် လူချမ်းသာ ရိုဟင်ဂျာ မူစလင်အိမ်များ အများအပြား
ဖြစ်ပြီး အနည်းငယ်မှာ၎င်းတို့၏ ဘေးပတ်လည် အနီးတဝိုက်က အိမ်များဖြစ်ကြောင်း သိရသည်။ အခုထိ အချို့ အိမ်များသည်မီးဆက်လက် လောင်ကျွမ်းနေတာကို အဝေးမှ အထင်သာ တွေ့မြင်နေရကြောင်း
မြို့ ခံ ရိုဟင်ဂျာများက ဆိုကြသည်။

ရိုဟင်ဂျာလူထုများကို စွဲချက်အမျိုးမျိုးဖြင့် စစ်တပ်မှ လာရောက်ဖမ်းဆီးနေသည်ဟု သတင်းများ
မြို့ အနှံ့ ပြန့်နေပြီး မဆီးမဆိုင်း စွပ်စွဲ ဖမ်းဆီး၍ နှိပ်စက်ခံရမှာကို မြို့ ခံ ရိုဟင်ဂျာလူထုများကြား အရမ်းစိုးရိမ်း မကင်း ဖြစ်နေရသည်ဟုဆိုကြသည်။ အချို့ ကလေးငယ်များ ဆာလောင်မူကြောင့် အော်ဟစ်ငိုကြွေနေကြသည်ဟုလည်း သိရသည်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ သေသေချာချာ မသိသေးပင်မဲ့အခုတွေ့မြင်နေရတဲ့ မောင်းတောမြို့ မြင်ကွင်းကတော့ စစ်ဖြစ်နေတဲ့ ဒေသတစ်ခုလို ဖြစ်နေပြီး မြို့ အနှံ့နေရာတိုင်းတွင် စစ်သား ရဲ န.စ.က
နှင့် လုံထိန်းများဖြင့် ပြည့်နပ်နေကြောင်း အခုချိန်ထိ ပုန်းနေရာမှ အပြင်ကိုမထွက်ရဲသေးကြောင်း မြို့ ခံ ရိုဟင်ဂျာလူထုများက ဆိုကြသည်။

_________________________________________________________________
အပိုင်း (၈) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် ဖုန်းလိုင်းပေါ်က

မောင်းတော အချိန် နံနက် ၀၃း ၁၅

မောင်းတောမြို့ ပေါ်က အကြမ်းဖက် သတ်ဖြတ်မှု ဆဲသွားပြီးဟုသိရသည် သေနတ်သံများကို ကွက်ကျား
ကွက်ကျားကြားနေရဆဲဖြစ်သည်။ သို့သော် လုံးဝ တည်ငြိမ်းသွားပြီးဟူ၍ မယူဆနိုင်သးကြောင်း မြို့ ခံများကပြောနေကြသည်။ မောင်းတောမြို့  တဝိုက်တွင် မီးလောင်နေသော အိမ်များနှင့် မီးလျှံ မီးခို့များသည် မောင်းတောမြို့ တွင်း မြို့ ပြင် အတော့များများ၌ တွေ့နေရပြီး အချို့ အိမ်များတွင် ငိုသံသဲသဲကြားနေရပြီးရိုဟင်ဂျာမူစလင်များသည် ရုတ်တရပ် တိုက်ခိုက် သတ်ဖြတ်ခံနေရ၍ ဘယ်ကိုထွက်ပြေးရမှန် မသိအိမ်တွင်းမှာဘဲ ဆက်လက်ပြီး နေရမလား အပြင်တနေရာရာကိုဘဲ ထွက်ပြေးရမလား ဝေခွဲမရဖြစ်နေကြဟုရိုဟင်ဂျာလူထုများကြား ပြောဆိုသံများ ဆူညံနေကြောင်း
သိရသည်။ အခြေအနေက ဘယ်လို ဖြစ်လာမယ်ဆိုတာ မသိသေး၍ လုံးဝစိတ်မချသေးကြောင်း သေဆုံးသူအရေးအတွက် (၂၀၀) ကျော်နိုင်သည်ဟု မြို့ ခံရိုဟင်ဂျာများက ခန့်မှန်ပြောဆိုနေကြသည်ဟုသိရသည်။ သေဆုံးသူ အလောင်များကိုလည်း စစ်ကားတွင် ပစ်ထဲ၍
သယ်ဆောင်ယူငင်သွားနေသည်များလည်းအများအပြား တွေ့ခဲ့ရကြောင်း ပတ်ဝန်ကျင်မှ ကြားသိရ
ကြောင်းသိရသည်။

အခုတင်းပေးခဲ့သော သတင်းအားလုံးကို မောင်းတောမြို့ မှ တိုက်ရိုက် တယ်လီဖုန်းဖြင့် တောက်လျှောက်
ရယူခဲ့ခြင်းဖြစ်သည်။ကျွန်တော်တို့ အခုသတင်းယူရာတွင် မောင်းတောမြို့ တွင်နေ ဒေသခံ ရိုဟင်ဂျာ မူစလင် ၅ ဦးထံ တချိန်တည် ဖုန်း ၅ လုံးဖြင့် ခေါ်ဆို၍ ထိုဒေသခံ ရိုဟင်ဂျာတို့၏ အနီးအနား ပတ်ဝန်ကျင် တဝိုက်က သတင်းများကို ကျွန်တော်တို့ထံတောက်လျှောက်ပေးပို့လာခြင်းကြောင်း သတင်းများကို တပြေညီ တင်ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ပြည်တွင်းမှသတင်းပေးပို့သူများကိုလည်းအထူးကျေဇူးတင်
ပါသည်။

အခြေအနေ ထူးပါက ဆက်လက် တင်ပေးပါမည်။

_________________________________________________________________
အပိုင်း (၇) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော အချိန် ည .. ၀၂း ၅၀ မိနစ်

မောင်းတောမြို့ မှ ဘူးသီးတောင်ဘက် အတက်လမ်းမကြီး ၃ မိုင် ၄ မိုင်များတွင် တည်ရှိသော ရိုဟင်ဂျာ
မူစလင်ရွာများရှိအိမ် အားလုံးကို ရခိုင် စစ်သွေးကြွ အကြမ်းဖက် အုပ်စုတို့၏ မီးတိုက်ရှို့မှုကြောင့် အိမ်အားလုံး
နီးပါးပြာကျသွားပြီး ၎င်းရွာများတွင် နေထိုင်သည့် ရိုဟင်ဂျာ မူစလင်များသည် အများအပြား သတ်ဖြတ်ခံ
ရပြီး ကျန်ရှိရွာသား ရိုဟင်ဂျာမူစလင်များသည် လွတ်ရာ ကျွတ်ရာကို ကိုယ်လွတ်ထွက်ပြေးသွားပြီး အချို့ များ
သည် နီးစပ်ရာ အခြားရွာများရှိ ဆွေမျိုးများထံထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။

မောင်းတော အကျဉ်းထောင်အနီးတဝိုက်က ရိုဟင်ဂျာရွာများနှင့် ဆိုင်ခန်းအများအပြား လုယက်ဖြတ်ဆီး
မီးရှို့ခြင်းခံရသည်ဟု ဒေသခံ ရိုဟင်ဂျာတို့၏ ပြောပြချက်အရသိရသည်။
အခုလက်ရှိ အခြေအနေမှာ သေနတ်သံများငြိမ်းသက်သွားသော်လည်း ဒေသခံ ရိုဟင်ဂျာလူထုများ
မအိပ်ဘဲ မိမိတို့၏ အိမ်အတွင်း၌ အခြေအနေကို စောင့်ကြည့်နေကြကြောင်းသိရသည်။

အခြေအနေ ငြိမ်းသက်သွားသော်လည်း သားကောင်း ဖြစ်နေသော ရိုဟင်ဂျာလူထုများကို ထောင်ချောက်ဆင်
ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှာကို ရိုဟင်ဂျာများ အထူးစိုးရိမ်းနေကြကြောင်း မောင်းတောမြို့ ခံ ရိုဟင်ဂျာ လူထုများအကြား တီးတိုးပြောနေကြကြောင်းသိရသည်။

ဒီအကြမ်းဖက်မှုကို အစိုးရမှ လုံးဝ တာဝန်ယူပြီး အကြမ်းဖက်မှုတွင် ပါဝင်သော စစ်သွေးကြွများကို
ဖေါ်ထုတ်ပြီး ဥပဒေအရ လိုအပ်သလို အမြန်းဆုံး အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုက်ပါသည်။
___________________________________________________________________
အပိုင်း (၆) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်
တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော ည ၀၂း ၂၀ မိနစ်

အခုလက်ရှိ မောင်းတောမြို့ ပေါ်က အကြမ်းဖက် သတ်ဖြတ်မှုများကို ပြည်ပ သတင်း မီဒီယားများ၌ သတင်းပို့
နေသူများသည် ပြည်တွင်းက အစွန်းေ၇ာက်ရခိုင် စစ်သွေးကြွများဖြစ်သည်။ မောင်းတောမြို့ က ထို့လက်ရှိ သတ်ဖြတ်မှုကြီးကိုရိုဟင်ဂျာတွေကဘဲ လုပ်နေသလိုလို ဘင်္ဂါလီတွေကဘဲ ဝင်ရောက်လုပ်နေသလိုလို online မီဒီယာများကိုအသုံးချ၍ အဖြစ်အဖျက်အမှန်များကို ပြောင်းပြန် ဝါဒဖြန့်နေပြီး တဘက်ကလည်း ရိုဟင်ဂျာ လူထုများကိုကျူးပင်ခုတ် ကျူးငုတ်မကျန် အားလုံးကို တပြိုင်နက်တည်း အကြမ်းဖက် သတ်ဖြတ်ရန် ကြိုတင် အကွက်ချစီစဉ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်း ဘာသာဝင် ယောင်္ကျားသားများ အားလုံး ဝတ်ပြုဆုတောင်းတတ်သော သောကြာနေ့ကို ရွေးချယ်ခဲ့သည်။ ထိုနေ့ ထိုအချိန်တွင် ယောင်္ကျားသားအားလုံး ဝတ်ပြုရန်လက်ဗလာဖြင့် ဗလီကျောင်းသို့ လာမည်ကို သိထားသော စစ်သွေးကြွ အကြမ်းဖက်သမား ရခိုင်တို့သည်မူစလင် ရိုဟင်ဂျာများကို ထိုအချိန် ထိုအခါ စတင်တိုက်ခိုက်ရန် ကြိုတင် အကွက်ချ စီစဉ်းမှုဖြစ်သည်ဟုဒေသခံ ရိုဟင်ဂျာမူစလင်များက ဆိုကြသည်။ ဝတ်ပြုအပြီး ဗလီကျောင်းက အထွက်မှာ ရခိုင်စစ်သွေးကြွတို့၏ ဓါးဖြင့် တိုက်ခိုက်ခြင်းကို စတင်ခံခဲ့ရပြီး ထိုနေရာတွင်ပင် ရိုဟင်ဂျာ မူစလင် (၉)ဦး နီးပါး သေဆုံးသွားကြောင်း မောင်းတောဒေသခံ ရိုဟင်ဂျာ မူစလင်များက ဆိုကြသည်။အခုအချိန်ထိ အိမ်များကို ရခိုင် လုံထိန်းတပ်ဖွဲ့နှင့် န.စ.ကတို့က ဓါတ်ဆီ ပုလင်းပစ်ပေါက်၍ မီးရှို့ နေကြောင်းဒေသခံများက ပြောနေကြသည် မောင်းတောမြို့ ပေါ် အခြား ရပ်ကွက်များက ရိုဟင်ဂျာများသည်လည်းအရမ်းတုံ့လှုပ် ခြောက်ခြားနေကြကြောင်း ငိုသူကငို ပြေးသူကပြေး ကစဉ်းကလျား ထွက်ပြေးရှောင်တိမ်းနေနေရကြောင်း အိမ်အတွင်း ပုန်းနေသူများသည်လည်း အိမ်မီးရှို့ခံရမှာကို ထိပ်လန့် ကြောက်လန့်နေကြောင်း
ဘယ်အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို တွေးပြီး မောင်းတောမြို့ က ရိုဟင်ဂျာလူထုများ အရမ်းစိုရိမ်းနေကြကြောင်းသိရသည်။

နိုင်ငံတော် စစ်တပ် ရဲတပ်ဖွဲ့၊ န.စ.က နှင့် လုံထိန်းများသည်လည်း ဤသတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်
၍ အပြစ်မဲ့ အရပ်သား ရိုဟင်ဂျာ မူစလင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရာတွင် အားဖြည့်
နေရာယူခဲ့သည်။ ဤသတ်ဖြတ်မှုကြီးကို နောက်ကွယ်က နိုင်ငံတော် အကြီးအကဲများ ကိုယ်တိုင်း
ပါဝင်နိုင်သည်ဟု ဒေသခံ ရိုဟင်များက ငိုယိုပြီးကျွန်တော်ကို ပြောပြကြသည်။
ကလေးငိုသံများကြောင်း ဖုန်းနားထောင်ရတာ အခတ်ရှိနေသော်လည်း သတင်းမှန်ကို လူထုကြား
ရောက်ရှိရန် ကြိုးစားတင်ပေးသွားပါမည်။
ဆက်လက်ပြီး တင်ပြပေးသွားပါမည်။
_______________________________________________________________
အပိုင်း (၅) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်
တိုက်ရိုက် ဖုန်းလိုင်းပေါ်က
မောင်းတော..းး ည ၀၁း ၁၀ မိနစ်

အခုသတ်ဖြတ်ခံနေရသော ရိုဟင်ဂျာမူစလင်များသည် မိမိတို့၏ အိမ်တွင်း၌ အချို့ က အိမ်စက်နေစဉ်
အချို့ က ထိုင်နေစဉ်၊ အိမ် မီးရှို့ ခံရပြီး အိမ်ပြင်ထွက်လာရာမှ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
အခြားမြို့ ပြင်က ရိုဟင်ဂျာ မူစလင်များသည် မိမိတို့၏ လုံခြုံရေးအတွက် လူများစု မူစလင်များရှိရာ
မောင်တောမြို့ သို့ ဝင်လာစဉ် ရခိုင်အကြမ်းဖက် လုံထိန်းတပ်က စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် အများအပြား သေဆုံးကာ အချို့ မှာ မြို့ ပြင်သို့ ထွက်ပြေးသွားကြောင်းသိရသည်။ အခု လက်နတ်ကိုင်
အကြမ်းဖက်သတ်ဖြတ်သူများ အချို့ သည် ရခိုင်လက်နတ်ကိုင် တပ်ဖွဲ့ဝင်များလည်းပူးတွဲပါဝင်နေကြောင်း
မောင်းတောမြို့ ခံ ရိုဟင်ဂျာများကဆိုကြသည်။
ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်အားလုံးကို ဘုန်းကြီးကျောင်းများ၌ အစေားအသောက်များဖြင့် ဧည့်ခံထားကာ
ကုလားအားလုံးကိုသတ် ကုလားအားလုံးသတ်ဟူ၍ ကြွေးကြော်အော်ဟစ်နေကြောင်းသိရသည်။
အခု စီမံချက်ဟာ ရိုဟင်လူမျိုးတစ်ယောက်မကျန်း အကြမ်းဖက် သတ်ဖြတ်ရေးအတွက် လအနည်းငယ် ကတည်းက ကြိုတင် စီစဉ်းထားခဲ့ကြောင်း အခုပစ်ခတ်ရာတွင် အသုံးပြုနေသော လက်နတ်များသည်
ဘုန်းကြီးကျောင်းအသီးသီး၌ လျှို့ ဝှက်သိမ်းဆယ်ထားသော လက်နတ်များဖြစ်နိုင်ကြောင်း မြို့ များကပြောနေ
ကြသည်။ သတ်ဖြတ်မှု မခံရအောင် ထွက်ပြေးလွှတ်မြောက်သွားသူတို့၏ အိမ်များကို ဓါတ်ဆီပုလင်းများဖြင့်
ပစ်ပေါက် မီးရှို့နေကြောင်းသိရသည်။

မီဒီယာနှင့် လူမှုကွန်ယက်ဝက်ဆိုဒ်များတွင်းမူ ရိုဟင်ဂျာကုလားတွေက ရခိုင်အိမ်များကိုမီးရှို့နေကြောင်း
သတင်းလွှင့်ထားပြီး ပြည်တွင်းထဲမှာ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုများ သတ်ဖြတ်မှုများနှင့် အိမ်မီးရှို့
မှုများကို အကြီးအကျယ်လုပ်နေသူတွေဟာ ရခိုင်အရပ်သား လက်နပ်ကိုင် အချို့ နှင့် န.စ.က၊ရဲ ၊လုံထိန်းနှင့်
စစ်သားတို့ကသာ ရိုဟင်ဂျာမူစလင်များကို ၎င်းတို့နေထိုင်ရာ အိမ်တိုင်ရာအရောက် လိုက်လံသတ်ဖြတ်
နေခြင်းဖြစ်ကြောင်းမောင်းတောမြို့ ခံမူစလင်များက ပြောနေကြသည်။

ဆက်လက်တင်ပေးပါမယ်

__________________________________________________________________

အပိုင်း (၄) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်

တိုက်ရိုက် တယ်လီဖုန်းပေါ်က
မောင်းတော အချိန် ည ၁၂း၄၅

အရပ်သားဟန်ဆောင်ထားတဲ့ စစ်သား ရဲနှင့် လုံထိန်းများက ရှေ့ဆုံးက အိမ်များကို မီးရှို့ အိမ်တွင်းထဲက
ထွက်လာတဲ့ ရိုဟင်ဂျာများကို ယူနီဖောင်းဝတ် န.စ.က၊ လုံထိန်းနှင့် ရဲများက စီကြိုပစ်ခတ် အကြမ်းဖက်
သတ်ဖြတ်နေကြသည်။ အမှတ်( ၅ ) ရပ်ကွက်ထဲက ရိုဟင်ဂျာ မူစလင်အိမ်များကို သီးသန့် ရှာဖွေး၍
မီးရှို့  သတ်ဖြတ်နေခြင်းဖြစ်ဟုသိရသည်။ အမှန်(၅)ရပ်ကွက်မှ အာမီဆာဖ်ရဲ့ အိမ် မီးစွဲလောင်းရာ၌ အာမီရ်ဆာဖ်ဆိုသူက အပြင်ထွက်လာရာမှ အသင့်စောင့်နေသော လုံထိန်းများက ပစ်ခတ်သဖြင့် သေဆုံးသွား
ပြီး သား(၂)ဦးဖြစ်သူ အသက် (၁၈) နှစ်နှင့် (၇) နှစ်အရွယ်တို့သည် ဖခင် အပြင်ထွက်ရာတွင် ပစ်ခတ်သေဆုံးသွားသည်ကို တွေ့ရှိသွားပြီး အပြင်မထွက်ရဲသဖြင့် အိမ်တွင်း၌ပင် မီးလောင်းသေဆုံး
သွားကြောင်းအခုလေတင်သိရသည်။ သေဆုံးသူတို့၏ အလောင်းများကို စစ်ကားပေါ်တင်၍ အလောင်း
များကို ဖျောက်ဖျက်နေကြောင်းလည်းဆိုကြသည်။ လုံထိန်း၊ရဲ၊ န.စ.ကနှင့် စစ်သားတို့၏ ပစ်ခတ်ခံရပြီး
မသေဘဲ အသက်လုပြေးလာသူများနှင့် အိမ်မီးရှို့ခံရပြီးနောက် ထွက်ပြေးလွှတ်မြောက်လာသူတို့မှ ၎င်းသတင်း
များကို စုံစမ်းသိနေရခြင်းဖြစ်သည်။ ဆက်လက်ပြီ သေဆုံး သတင်းတစ်ခုကို သယ်ဆောင်လာသူတင်္စဦးနှင့်
ကျွန်တော်စကားပြောနေပါသည်။ မိုဟာမက်စီဒီခ် အသက် ၅၅ နှစ်ခန့် ရာန်မောဂုနာ(ခ)ရေတွင်းကျွန်းမှဖြစ်
ပြီး၊ ကော်ဘိရ်အာမတ်(အဘ) ရှော်ဘိရ် အသက် (၁၈)နှစ် ရေတွင်းကျွန်းတို့သည်လည်းသေနတ် ဒဏ်ရာဖြင့် ပြေးလာကာ အခုစကားပြောနေသည့် အိမ်နဲ့ မလှမ်းမကမ်း၌ သေဆုံးသွားကြောင်းသိရသည်။
ရိုဟင်ဂျာရွာအမည်များကိုမြန်မာလို အတိအကျရေးရန်ခတ်ခဲ့သောကြောင်း အသံထွက်အတိုင်း အမီရေးရခြင်းဖြစ်သည်။ရွာအမည်များ အသံထွက်မမှန်ပါက ခွင့်လွှတ်နားလည်းပေးကြပါ။

ရိုဟင်ဂျာမူစလင် စုစုပေါင်း ၁၂၀ လောက် ယခုလက်ရှိမှာ သေဆုံးသွားကြောင်း သိရသည်။
လူမျိုးတုံး အကြမ်းဖက်သတ်မှုကြီးတရပ်ကို အစီစဉ်းတကျ စနစ်တကျ ယူနီယောင်းဝတ်များက လုပ်နေသည့် အတွက် ဒေသခံ ရိုဟင်ဂျာ မူစလင် အားလုံး ကြောက်လန့် နေကြကြောင်း ငိုယိုးပြောသူများဖြင့် ဆူညံနေသဖြင့် သတင်းကိုတောင် မနည်းနားထောင်ယူရသည်။
ဆက်လက်ပြီးတင်ပေးပါမည်။_________________________________________________________
အပိုင်း (၃) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်


အနည်းဆုံး ရိုဟင်ဂျာရွာပေါင်း (၃၀)ကျော် မီးရှို့ခံရပြီး ရိုဟင်ဂျာ ဦးရေး ခလေး လူကြီးနည်းဆုံး (၁၀၀)နီးပါး
အကြမ်းဖြတ်သတ်ဖြတ်ခံရကြောင်း ထိုသို့ သတ်ဖြတ်ရာတွင် ရခိုင်လူမျိုးအရပ်သားများက သတ်ဖြတ်ခြင်း
မဟုတ်ဘဲ စစ်သားနှင့် ရဲတပ်ဖွဲ့တို့က အရပ်သားဟန်ဆောင်၍ အကြမ်းဖက်သတ်ဖြတ်နေကြောင်းသိရသည်။
မိုးဆယ်အုပ်စုက ရိုဟင်ဂျာရွာအားလုံး၊ ၃ မိုင် ၊ ၄မိုင် ရှိရိုဟင်ဂျာရွာများနှင့် မြို့ ဦး ဒူလာဖာရာရှိ ရိုဟင်ဂျာရွာ
အားလုံးရှိ အိမ်းပေါင်း ထောင်ကျော် မီးရှို့ခံရပြီး အိမ်တွင်းနေ အိမ်သားများ အိမ်ပြင်ထွက်လာပါက
အဆင်သင့် စောင့်နေသူ စစ်သား ရဲသားများက သေနတ်ဖြင့် ပစ်ခတ်၍ အကြီးအကျယ်သတ်ဖြတ်နေကြောင်း
သိရသည်။ ရိုဟင်ဂျာကို မျိုးပြုတ်သတ်ဖြတ်နေသူများသည် ရခိုင်လူမျိုး ရဲတပ်ဇွဲ့ဝင်များ၊ န.စ.က တပ်ဖွဲ့ဝင်များ
နှင့် လုံထိန်းများနှင့် စစ်သားများသာဖြစ်ပြီး အရပ်သား ရခိုင်လူမျိုးအားလုံးကို ဘုန်းကြီးကျောင်းအသီးသီး၌
ထိန်းသိမ်းထားကြောင်းသိရသည်။

ဆက်လက်ပြီးတင်ပေးပါမယ် ကျွန်တော်စာရေးသူသည် အခုအချိန်ထိ မောင်းတောကို ဖုန်းဖြင့် စကားပြော
နေပါသည်။ ကြားသမျှသတင်းများကို အချိန်နဲ့ တပြေညီတင်ပေးပါမည်။

ရခိုင်ပြည်နယ်က မူစလင် ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်ရန် ကြိုတင်စီစဉ်းထား၍ အကြမ်းဖက်
သတ်ဖြတ်နေကြောင်းသိရသည်။ အချို့ သတင်းများမှာ ရိုဟင်ဂျာများက လုပ်နေသလိုလို သတင်းလွှင့်ကာ
တကယ်တန်း အမှန်စင်စစ် သတ်ဖြတ်ခံရသူတွေဟာ ရိုဟင်ဂျာလူထုများသာဖြစ်နေပါသည်။
ဒီသတ်ဖြတ်မှုမှာ သတင်းမှားတွေ လွှင့်နေသော သတင်းဌာနအားလုံး တာဝန်ယူ ဖြေရှင်ရပါလိမ့်မည်။

__________________________________________________________
အပိုင်း (၂) မောင်းတောမြို့ အနှံ့ ရိုဟင်ဂျာရွာများကို ရွာလုံးကျွတ် မီးရှို့၍ လူကိုအစုလိုက် အပြုံလိုက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအကြမ်းဖက်သတ်ဖြတ်မှုကြီးအကြီးအကျယ်လုပ်နေကြသည်
မောင်းတော (၅) ရပ်ကွက်၌ အိမ်ခြေအမြောက်အများကို ယခု ညအခါတွင် န.စ.က တပ်ဖွဲ့များမှ ကိုယ်တိုင်းမီးရှို့ ၍ ရိုဟင်ဂျာများက မီးရှို့ နေကြောင်း N.G.O အဖွဲ့အစည်းနှင့် U.N. လူကြီးများကို
ခေါ်ပြနေကြောင်းသိရသည်။ မောင်းတောမြို့ တစ်ခုလုံးကို စစ်တပ်မှ ထိန်းချုပ်ထားပြီး တွေ့ရာလူများကို စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်နေကြောင်း၊ရခိုင်များကို ဘုန်းကြီးကျောင်းတွင် ခေါ်ဆောင်ထား၍ အကာအကွယ်ပေးထား၍ ရိုဟင်ဂျာများကို တွေ့ရာနေရာတွင် ပစ်ခတ်သတ်ဖြတ်နေသည်ဟုသိရသည်။


ဖြစ်ပုံအစကို မေးမြန်းရာတွင် သူက အခုလိုပြောသည်..မောင်းတောမြို့  ခရမ်းဒေါင် ချိဒါဖရာ မာရ်ကာစ်
ဗလီတွင် မူစလင်များဂျူမာ ဘုရားဝတ်ပြုနေစဉ်း ရခိုင်အစွန်းရောက် အကြမ်းဖက်သမားများက တုတ်၊ဓါး
လက်နတ်အစုံဖြင့် ဗလီကိုဝိုင်းရံထားပြီး ဗလီမှ ထွက်လာသူများကို ရခိုင်အကြမ်းဖက်သမားများက စတင်
တိုက်ခိုက်ခဲ့သဖြင့်ကုရ်ဘာန်အာလီဆိုသူနှင့်၎င်း၏ အစ်ကို နှစ်ဦးလုံး အနီးကပ်ဓါးခုတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပြီး ထိုအချိန်မှ စတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ၃ မိုင်အနီး ရိုဟင်ဂျာ (၇) ဦး စစ်တပ်၏ ပစ်ခတ်မှုတွင်သေဆုံးသွားကြောင်း သူကဆက်ပြောသည်။



ဟာဘီရွာတွင်လည်း အာမီဆဖ်တစ်ယောက်ကို အခုလေတင် သတ်လိုက်ကြောင်းသတင်းရသည်။
၃ မိုင်အနီးက အေတိလာရွာ၊ ဟိုင်ဒါဖရာရွာနှင့် ဒူလာဖရာရွာများကိုလည်း ယခုသတင်းယူနေစဉ်း အတောအတွင်းမှာ န.စ.က မှ မီးတင်ရှို့နေကြောင်း အိမ်တွင်းမှ ထွက်လာသူ မူစလင် ရိုဟင်ဂျာများကိုလည်း ပစ်ခတ်သတ်ဖြတ်နေကြောင်းသူကဆက်ပြောသည်။
ပစ်ခတ်သတ်ဖြတ်မှုတွင် ရိုဟင်ဂျာအမြောက်အများနှင့် ခလေးငယ်များလည်းပါဝင်ကြောင်းသိရသည်။



အခုလောလောဆယ် သေဆုံးသူ ရိုဟင်ဂျာဦးရေမှာ အယောက်(၅၀) ရှိသွားပြီးဖြစ်ကြောင်းသိရသည်။
မင်းတို့ ကုလားတွေအားလုံးကို တစ်ယောက်မကျန် အကုန်သတ်ပစ်မည် ဟူ၍ ကြွေးကြော်ကာ ရိုဟင်ဂျာ မူစလင်အိမ်များကို မီးတင်ရှို့ နေကြောင်း သတင်းလွှင့်ရာတွင် ရိုဟင်ဂျာတွေက မီးရှို့နေကြောင်း သတင်းလွှင့်နေသည် ယခု နာရီပိုင်အတွင်းမှာတင် စစ်တပ်ပစ်ခတ်လို့ ရိုဟင်ဂျာနှစ်ဦးထက်မှန် သေဆုံးသွားကြောင်း အခုလေတင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်း၍ သိရသည်။

ရိုဟင်ဂျာလူထုများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ရန် အစိုးရမှ စနစ်တကျ စီစဉ်းနေသည်ဟု ယူဆရ
ကြောင်းမောင်းတောမြို့ ခံများက ယူဆနေကြသည်။ ဖုန်းဆက်သွယ်သတင်းပေးသူ၏ အဘိုးအိမ်လည်း
န.စ.ကများ မီးရှို့ရာတွင် မီးထဲပါသွားကြောင်း၎င်းမှဆက်ပြောသည်။

အခြား ရိုဟင်ဂျာလူငယ် အများအပြားပျောက်ဆုံးနေကြောင်း ပစ်ခတ်မှုတွင် ကျည်းသင့်၍ သေသလား ရှင်သလားဆိုတာ မသိရသေးကြောင်းမြို့ တွင်နေ ရိုဟင်များ စိုးရိမ်း ထိပ်လန့်နေကြောင်း သေဆုံးသူများသည် အမှတ်(၅) ရပ်ကွက်မှဖြစ်ကြောင်းသေဆုံးသူ ခန့်မှန်ခြေ (၂၀) မှ (၃၀) ထိရှိနိုင်ကြောင်းသိရသည်။ န.စ.ကနှင့် စစ်တပ်ပေါင်း၍ လူနေအိမ်ကို မီးရှို့ ထွက်လာတဲ့လူများကို စီပြီး သေနတ်နဲ့ပစ်သတ်နေကြောင်းတဘက်ကလည်းရိုဟင်ဂျာတွေကရခိုင်ရွာကိုမီးရှို့ကြောင်းဝါဒဖြန့်နေကြတယ်။ သေသူတွေက ရိုဟင်ဂျာတွေ အိမ်မီးရှို့ခံရသူတွေက ရိုဟင်ဂျာတွေ အကြမ်းဖက်သတ်ဖြတ်ခံနေရတာက ရိုဟင်တွေပါ ရခိုင်တွေဆိုတာ လုံးဝ လုံးဝမဟုတ်ရပါဘူး။ စစ်သား ၆၀၀၀ နှင့် ရဲ ၅၀၀၀ကျော်တို့သည်
အရပ်သားဟန်ဆောင်၍ ရိုဟင်ဂျာရွာများကို မီးတင်ရှို့နေကြောင်း အပြင်ထွက်လာသူ ရိုဟင်ဂျာများကို
သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်နေမှု အကြီးအကျယ်လုပ်နေကြောင်းသိရသည်။
ယခုလို ရိုဟင်ဂျာအိမ်များကို မီးရှို့ အကြမ်းဖက်သတ်ဖြတ်ရာတွင် ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များနှင့် န.စ.က
တပ်ဖွဲ့ဝင်များက အဓိက ဦးဆောင်သတ်ဖြတ်နေကြောင်းသတင်းရသည်။

ဆက်လက်ပြီး ရသမျှသတင်းများကို တင်ပေးပါမည်။______________________________________________________________
အပိုင်း (၁) မောင်းတောဆန္ဒပြပွဲတွင် စစ်တပ်နှင့် လုံထိန်းပေါင်းပစ်ခတ်မှုကြောင်း အသေပျောက်များပြား



၂၉.၀၅.၂၀၁၂ ရက်နေ့တွင် ရိုဟင်ဂျာအမျိုးသမီး တစ်ယောက်ကို န.စ.က တပ်ဖွဲ့ဝင်များက အုပ်စုလိုက် မဒိမ်းကျင့်ခံရပြီးနောက် မတော်မတရား သားမယားပြုကျင့်ခဲ့သူများကို တရားဥပဒေအရ အရေးယူအပြစ်
ပေခြင်းမရှိသည်အပြင် သွားရောက်တိုင်ကြားသူ မိသားစုဝင်နှင့် ရိုဟင်ဂျာ မြို့ မိ မြို့ ဖများအား လူမျိုး ဘာသာ စော်ကား၍ ဆဲဆို ကြိမ်းမောင်းကာ မောင်းထုတ်ခဲ့သဖြင့် မောင်းတောမြို့ ခံ ရိုဟင်ဂျာများသည် ၎င်းကိစ္စနဲ့ပတ်သက်၍ တရားဥပဒေအရ မျှတမှု မရရှိခြင်းနှင့် တောင်ကုတ်အကြမ်းဖက် သတ်ဖြတ်မှုတွင်လည်း မူစလင်များကို လူမြင်ကွင်းတွင် ရက်ရက်စက်စက် သတ်ဖြတ်နိုင်ရေး အာဏာပိုင်တချို့ က ကြိုတင်စီစဉ်းခဲ့ကြောင်းယင်းကိစ္စနှစ်ခုကို ပေါင်း၍ မကြေမနပ်ဖြစ်နေသော မောင်းတောမြို့ ခံ ရိုဟင်ဂျာတို့သည် တရားဥပဒေ စိုးမိုးရေးနှင့် ရိုဟင်ဂျာလူထုများ ဥပဒေအရအကာကွယ်ရရေး စသည်များတောင်းဆို၍ ငြိမ်းချမ်းစွာဆန္ဒပြရာတွင်



စစ်တပ်နှင့် လုံထိန်းပေါင်းပြီး ရက်ရက်စက်စက် ပစ်ခတ်နေသဖြင့် ယခု အချိန်အထိ ရိုဟင်ဂျာ (၁၀)ယောက်နီးပါး သေဆုံးပြီး အခြားအများအပြားဒဏ်ရာရကြောင်းသိရပါသည်။ သေဆုံးသူထဲတွင် ကုရ်ဘာန်အာလီအသက် ၂၂ ၏ရဲ့ နာမည်ကိုသာ သိကြောင်း ဆက်သွယ်မေးမြန်းသူကဆိုသည်။

မောင်းတော့မြို့ ခံ ရခိုင်အမျိုးသားများသည် ဘုန်းကြီးကျောင်းများတွင် စစ်တပ်ရဲ့  အကာအကွယ်ဖြင့်
စောင့်ရှောက်ထားပြီး ရိုဟင်ဂျာလူထုများကို တွေ့ရာနေရာတွင် စစ်တပ်နှင့် လုံထိန်းပေါင်း၍ ပစ်ခတ်
သတ်ဖြတ်နေကြောင်း သေနတ်ဒဏ်ရာဖြင့် လှဲနေသူအများအပြားကိုလည်း စစ်ကားများဖြင့်တင်၍
ခေါ်ဆောင်သွားကြောင်း ရခိုင်ပြည်နယ်မောင်းတောမြို့ တွင်း အခြေအနေများကို ဆန္ဒပြပွဲတွင် ကိုယ်တိုင်
ပါဝင်ခဲ့သူ ကျောင်းသားတစ်ဦးထံမှ ဆက်သွယ်သိရသည်။ မဆိုင်သူများကို ညဉ့်အချိန်တွင် လာရောက်
ဖမ်းဆီးမှာကို ရိုဟင်ဂျာများအထူးစိုးရိမ်းပူးပန်နေကြောင်းသိရသည်။_____________________________________________________________________
ရခိုင်ပြည်နယ် မောင်းတောမြို့ တွင် အစ္စလာမ်းဘာသာဝင် ရိုဟင်ဂျာအမျိုးသမီး တစ်ဦးအား န.စ.က တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့မှုကြောင်း ဒေသခံ ရိုဟင်ဂျာများ ဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြပွဲတရပ်ဖြစ်ပွားခဲ့သည်။

ဖြစ်ပုံမှာ ..ရသေ့တောင်မြို့ နယ် အနောက်ပြင်းကျေးရွာ တောင်းပိုင်းနေ မဟာမီဒါ အသက်(၂၆)နှစ်သည်
သူမ၏ မောင်တော်စပ်သူ တစ်ဦးနှင့် အမျိုးသမီးအဖေါ်များနဲ့အတူ ဆွေမျိုးများထံမှ အိမ်လည်အပြန် ၂၉.၀၅.၂၀၁၂ ရက်နေ့တွင် န.စ.က တပ်ဖွဲ့ဝင် ဦးနေဝင် ဆိုသူနှင့် ၎င်း၏ လုပ်ဖေါ်ကိုင်ဘက် န.စ.က တပ်ဖွဲ့ဝင် လေးဦးတို့မှ မဟာမီဒါဆိုသူကို ဝိုင်းဝန် အဓမ္မကျင့် သားမယားပြုခဲ့သည်ကို သူမ၏ အဖေဖြစ်သော ဦးအဒူဂေါ်နီနှင့် အတူဒေသခံ ရိုဟင်ဂျာလူထုများသည် သက်ဆိုင်ရာသို့ သွားရောက် တိုင်းကြား အမှုဖွင့်ခဲ့သော်လည်း ၎င်းကိစ္စကို ဥပဒေအရ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိဘဲ အော်ဟစ် ဆဲဆိုလွှတ်သဖြင့် မကျေနပ်သော ဒေသခံ ရိုဟင်ဂျာလူထုများသည် ဥပဒေစိုးရေးနှင့် တရားမျှတစွာဖြေရှင်းပေးရေး ဥပဒေအရ အကာကွယ်ပေးရေး စသည့်တို့အတွက်
ဂျူမာ ဝတ်ပြုပြီးနောက် အေးချမ်းစွာ ဆန္ဒထုတ်ဖေါ်သည်ကို လုံထိန်းရဲများ၏ သေနတ်ဖေါက် လူစုခွဲခြင်းကို ခံခဲ့ရသည်ဟုစုံစမ်းသိရှိရပါသည်။

  1. ပြောတိုင်းလည်းမယုံတက်ပါဘူး ဒါပေမယ့်တစ်ခုလောက်တော့ပြောချင်တယ် မင်းတို့ကအရင်လုပ်တာလားငါတို့ကအရင်လုပ်တာလား ဘအရင်စစ်အစိုးရစကားလာမပြောနဲ့ ရှင်းရှင်းပြောမယ် ငါလည်းသတင်းထောက်ပဲဘယ်နေရာမှာဘာဖြစ်တယ် ဆိုတာငါအကုန်လုံးမသိတာတောင်မှ
    အခိုင်အလုံသတင်းရတယ် အေးအဲ့တော့တစ်ခုပဲပြောချင်တယ်တိုင်းရင်းသားထဲမှာမင်းတို့မပါဘူးအဲ့တော့ မင်းအေးအေးဆေးဆေးနဲ့ နေတာကောင်းလိတ်မယ် မင်းတိုအမျိုးတွေကိုရောမင်းကိုရောသတိတစ်ခုတော့ပေးချင်တယ် ဘာလည်းသိလား မြန်မာတိုင်းရင်းသားထိရင် ဘယ်မြန်မာလူမျိုးကမှမခံဘူးကွ အဲ့တော့မင်းအေးအေးဆေးဆးနဲ့ ဘလီတက်နေတာပဲကောင်းပါလိတ်မယ် နောက်ဆုံးသတင်းတစ်ခုအားလုံးကိုပြောလိုက်မယ်နော် 9.6.2012 ရက်နေ့ နောက်ဆုံးရတဲ့သတင်းပါ နိုင်ငံတော်ကသမ္မတနဲ့ သက်ဆိုင်ရာလူကြီးတွေက အဲကိစ္စတွေကိုဖြေရှင်းပေးဖို့ တော့သွားနေပြီ ဒီနေ့ နေလည် ၂း၀၀ နာရီကပဲ ဘာတွေဖြစ်လာအုမ်းမလည်းတော့မသိရသေးဘူး နောက်ပြီးတော့ ဒီနေ့ မှာလည်းဘလီတွေအကုန်ပိတ်ထားတယ် ကုလားဆိုင်တွေလည်းပိတ်ထားတယ်ကြောက်လို့ ပဲလားတော့မသိဘူး

  2. မဂ်လာပါ ။
    အသိတရားကိုရင်အတွေကြုံမှလွဲ၍အခြားသောနည်းလမ်းမရှိပေ ။

Write A Comment

Rohingya Exodus