ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ( ၃၀၀ )ကျော် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရှိ UNHCR ရုံးရှေ့ တွင် ဆန္ဒပြနေ
မြန်မာအစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုအမျိုးမျိုးတို့ရခိုင်ပြည်နယ် အရပ်ရပ်ကနေ ထွက်ခွါလာ
ခဲ့ရတဲ့ ရခိုင်ပြည်နယ် ဒေသခံ ရိုဟင်ဂျာ (၃၀၀ )ကျော်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရှိ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးရှေ့ တွင် ဒုက္ခသည်များ ဆိုင်ရာ အခွင့်အရေးများရရှိရန် ဆန္ဒပြတောင်းဆိုနေ ကြတာ တပတ်လောက်ရှိနေကြောင်း သိရသည်။
မြန်မာအစိုးရ၏ အမျိုးမျိုးသော တားဆီး ပိတ်ပင်မှုများနှင့် ကန့်ကွက်ချုပ်ချယ်မှုတို့ကြောင်း အကျယ်ချုပ်
ကျနေသည့် ကျွန်ုပ်တို့ ရိုဟင်ဂျာလူမျိုးတွေမှာ ပြည်ပကို ထွက်ပြေးလာရုံကအပ အခြားရွေးချယ်စရာမရှိ
ပါဘူးဟု ဆန္ဒပြသူ ရိုဟင်ဂျာတစ်ဦးမှ ပြောသည်။
ကျွန်တော်တို့ရဲ့  စားဝတ်နေရေး ၊ပညာရေးနှင့် အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်အကိုင်လဲ မယ်မယ်
ရရ မရှိ အလုပ်မရှိတော့ စားရေး သောက်ရေးနှင့် အိမ်လခများပေးဆောင်ရန်အတွက်လည်း အခတ်ခဲများ
စွာရှိနေပါတယ် ဒါ့ကြောင်း အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်များအဖြစ်နေထိုင်နေကြတဲ့ အခြားမြန်မာနိုင်ငံသား
များလိုဘဲ ကျွန်ုပ်တို့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်များကိုလည်း UNHCR မှ ကူညီထောက်ပံ့ ပေး ရေးအတွက်အခုလိုလာရောက်ဆန္ဒပြနေရခြင်းဖြစ်ကြောင်း သူကဆက်ပြောပါသည်။

ယခုလက်ရှိကျွန်တော်တို့ကြုံတွေ့ နေရတဲ့ စားဝတ်နေရေး အတွက် လိုအပ်တဲ့ အကူအညီတွေကို UNHCR ရုံးကနေ အမြန်းဆုံးရမှသာလျှင်ကျွန်တော်တို့ ရှေ့ ဆက်ရပ်တည်နိုင်မှာဖြစ်ပြီး UNHCR ရဲ့ အကူညီကို အမြန်းဆုံးမရရှိပါက လမ်းဘေးစား လမ်းဘေးအိပ်နေရတဲ့ အခြေအနေကနေ ဒီထက်မက ဆိုးသွားနိုင်တယ်ဟု လာရောက် ဆန္ဒပြသူအခြား ရိုဟင်ဂျာတစ်ဦးမှဆက်ပြောသည်။
Source :BBC Burmese

