ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ(ရုပ်/သံ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေးသည့် ပြဿနာကို ချောမွေ့စွာ ကျော်လွှားနိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် သူမ၏ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောဆိုလိုက်သည်။
“လွှတ်တော် အခုလက်ရှိဖြစ်နေတဲ့ လွှတ်တော်မတက်တဲ့ ပြဿနာကို မကြာမီအချိန်အတွင်းမှာ အခက်အခဲကြီးကြီးမားမားမရှိပဲ ချောချောမွေ့မွေ့နဲ့ ကျော်လွန်သွားမှာပါ။ တိုင်းပြည်အတွက် လုပ်ဆောင်ရာမှာ ကျမတို့ဟာ အရင် နှစ် ၂၀ ကျော်ကာလက လုပ်ဆောင်ခဲ့သလို လွှတ်တော်ပြင်ပကနေ လုပ်ဆောင်မှာမဟုတ်ပါဘူး”ဟုလည်း ၎င်းကပြောသည်။
Source :YPI

