Latest Highlight

IAEA စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံနျူးကလီးယားစီမံကိန်း


မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလုပ်ငန်းများ ဆောင်ရွက်နေခြင်းရှိ မရှိစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ( IAEA ) စုံစမ်းစစ်ဆေးရေးအဖွဲ့အား မြန်မာနိုင်ငံသို့ဝင်ခွင့်ပြုရေးမှာ လွှတ်တော်သို့တင်ပြပြီးမှသာ ဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ၀ါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ပထမအဆင့်အနေနဲ့ ကျွှန်တော်တို့ IAEA ရဲ့ Additional Protocol ကိုလက်မှတ်ရေးထိုးဖို့ဆောင်ရွက်နေပါတယ်။ IAEA စုံစမ်းစစ်ဆေးရေး အဖွဲ့ကို မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ပြုရေးဆိုတာ ကျွှန်တော်တို့ လွှတ်တော်တို့ ဘာတို့ကို တင်ရမယ်။ လွှတ်တော်ကို တင်ပြီးတော့ IAEA ရဲ့ Additionall Protocol ကို လက်မှတ်ရေးထိုးပြီးမှသာလျှင် ရှေ့ဆက်ပြီးဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ် ။ အဲဒီ Protocol ကို ကျွှန်တော်တို့ လက်မှတ်ရေးထိုးတဲ့ အဆင့်ကို မရောက်သေးပါဘူး” ဟု နိုင်ငံတော်သမ္မတကပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်သံတမန်ဆက်ဆံရေးသာရှိကြောင်း၊ သာမန်သံတမန်ဆက်ဆံရေးမှအပ၊အခြားနျူးကလီးယားကိစ္စများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများလုပ်ဆောင်နေခြင်းမရှိကြောင်း၊ ထိုသို့ လုပ်ဆောင်နေသည်ဟု ဖော်ပြခြင်းသည် စွပ်စွဲချက်များ သာ ဖြစ်ကြောင်း မြန်မာနိုင်ငံအနေဖြင့်အပြည်ပြည်ဆိုင်ရာနယ်ပယ်တွင် နျူးကလီးယားလက်နက်မပြန့်ပွားရေးနှင့် ပတ်သက်ပြီး အမြဲတမ်းရပ်တည်ဆောင်ရွက်နေသည့် နိုင်ငံတနိုင်ငံဖြစ်ကြောင်း၊ကုလသမဂ္ဂမှ ချမှတ်ထားသည့် Resolution နှင့်ပတ်သက်ပြီး တိကျစွာ လိုက်နာဆောင်ရွက်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နျူးကလီးယားကိစ္စ၊ လက်နက်ခဲယမ်းကိစ္စများနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်သည့် အခြေအနေတွင် မရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း နျူးကလီးယားစီမံကိန်းတစ်ခု မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးသာရှိကြောင်း၊ သာမန်သံတမန်ဆက်ဆံရေးမှအပ၊ အခြားနျူးကလီးယား ကိစ္စများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ လုပ်ဆောင်နေခြင်းမရှိကြောင်း၊ ထိုသို့ လုပ်ဆောင်နေသည် ဟု ဖော်ပြခြင်းသည် စွပ်စွဲချက်များသာ ဖြစ်ကြောင်း မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာနယ်ပယ်တွင် နျူးကလီးယားလက်နက်မပြန့်ပွားရေးနှင့် ပတ်သက်ပြီး အမြဲတမ်းရပ်တည်ဆောင်ရွက်နေသည့် နိုင်ငံတနိုင်ငံဖြစ်ကြောင်း၊ ကုလသမဂ္ဂမှ ချမှတ်ထားသည့် Resolution နှင့်ပတ်သက်ပြီး တိကျစွာ လိုက်နာဆောင်ရွက်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နျူးကလီးယားကိစ္စ၊ လက်နက်ခဲယမ်းကိစ္စများနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်သည့် အခြေအနေတွင် မရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း နျူးကလီးယားစီမံကိန်းတစ်ခု နိုင်ငံတော် သမ္မတအနေဖြင့် ၀ါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီဦးကျော်ဆန်းနှင့်အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့လည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

ခိုင်လင်းကျော် ( Ref; Washington Post.) နိုင်ငံပိုင်သတင်းစာများ

Source : vThe Myanmar post news journal

Write A Comment

Rohingya Exodus