Latest Highlight

မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် အမေရိကန် လုပ်ငန်းရှင်အချို့ အသင့်ပြင်

အမေရိကန် မေရီလင်း ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာမာတင် အိုမော်လေ(ဒုတိယမြောက်-ဝဲ)နှင့် Silver Wave Energy ဥက္ကဋ္ဌ ဦးမင်းမင်းအောင်(တတိယမြောက်-ဝဲ)။ Photo: Popular News 

Popular News — ၉ နှစ်ကြာ စီးပွားရေး ပိတ်ဆို့ထားမှု မကြာမီ ရုပ်သိမ်းဖွယ်ရှိသည် ဟူသော မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အမေရိကန် လုပ်ငန်းရှင်များ အသင့်ပြင် ဆင်နေ ကြပြီ ဖြစ်ကြောင်း ရေနံရှာဖွေရေး ကုမ္ပဏီတစ်ခု ဖြစ်သည့ှ်Silver Wave Energy ဥက္ကဋ္ဌဦးမင်းမင်းအောင်က ဇန်နဝါရီ ၂ ရက်တွင် ပြောသည်။

”သူတို့ အနေနဲ့ Positive ဖြစ်လို့၊ ဒီအပြောင်းအလဲတွေကို ယုံကြည် ရလောက်တဲ့ အခြေအနေရှိ လို့ ရင်းနှီးမြှုပ်နှံ ဖို့အတွက် ပြင်ဆင်နေတာပါ။ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်း လိုက်ချိန်မှာ နောက်မကျအောင် ခြေလှမ်းစတဲ့ သဘောပါ ပဲ” ဟု ၄င်းကဆိုသည်။

၎င်းအနေဖြင့် ဒီဇင်ဘာ ၁ ရက် တွင် အိန္ဒိယ နိုင်ငံ၌ ပြုလုပ်ခဲ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုသို့ တက်ရောက်စဉ် ဖိတ်ကြားခံရသူ အဖြစ် လာ ရောက်ခဲ့သည့် အမေရိကန် မေရီလင်း ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ မာတင် အိုမော်လေနှင့် သီးခြားတွေ့ ဆုံခဲ့မှု အရ ယင်းကဲ့သို့ ပြောခြင်း ဖြစ်သည်။

အဆိုပါ ပြည်နယ် အုပ်ချုပ်ရေးမှူးက မေရီလင်း ပြည်နယ် အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၌ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေရေး၊ ဟို တယ်နှင့် ခရီးသွား လုပ်ငန်းနှင့် အိုင်တီ နည်းပညာ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ လိုကြပြီး ပညာရေးကဏ္ဍ နှင့် စက်ရုံအလုပ်ရုံ များတွင် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင် မှုနှင့် စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများ အတွက်ပါ ဝင်ရောက် လုပ်ကိုင် လိုကြကြောင်း ဆွေးနွေးခဲ့သည်ဟု ဦးမင်းမင်းအောင်က ပြောသည်။

”ကျွန်တော့် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ကို သူတို့ တော်တော် စိတ်ထက်သန် နေကြတယ်။ အမေရိကန်လို နိုင်ငံနဲ့ ပူးပေါင်း လုပ်ဖို့က ကျွန်တော်တို့ အတွက် အခွင့်အရေး ကောင်းပါပဲ။ ဒါပေမဲ့ မြန်မာနဲ့ ပတ်သက်ပြီး သတင်း အချက်အလက်ကို သူတို့ သိပ်မသိကြသေးဘူး။ အဲဒီ့အတွက် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ကိုယ်စားလှယ် အဖွဲ့က မကြာခင် ဒီကို လာလေ့လာဖို့ ရှိပါတယ်” ဟု ၄င်း က ဆိုသည်။
အမေရိကန် ပြည်ထောင်စု အနေဖြင့် ၂ဝဝ၃ ခုနှစ်မှစကာ မြန်မာနိုင်ငံအား စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ပိတ်ဆို့မှု ထပ်မံ တိုးမြှင့် ခဲ့သည်။ သို့ရာတွင် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၃ဝ တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် သမိုင်းဝင် ခ ရီးကြောင့် ၄င်းတို့ အနေဖြင့် စီးပွားရေးအရ အပြောင်းအလဲ ဖြစ်လာတော့မည်ဟု ယုံကြည်နေ ကြကြောင်းလည်း သိရသည်။

Silver Wave Energy ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ကမ်းလွန် ရေနံရှာဖွေရေး လုပ်ကွက်များ ရရှိထားသည် သာမက တောင်အာဖရိကနှင့် သြစတြေးလျ နိုင်ငံများ တွင် ပါ ကမ်းလွန် ရေနံလုပ်ကွက်များ ရရှိ လုပ်ကိုင်နေသော မြန်မာ တိုင်းရင်းသားပိုင် ကုမ္ပဏီ တစ်ခုဖြစ်သည်။

လက်ရှိတွင် မြန်မာ့ကမ်းလွန် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေရေး ကဏ္ဍ၌ တရုတ်၊ အိန္ဒိယ၊ ကိုရီး ယား၊ ထိုင်း၊ မလေးရှား စသည့်အာရှ နိုင်ငံများမှ အများဆုံး လုပ်ကိုင်ခွင့် ရရှိနေပြီး ဥရောပ နိုင်ငံများထဲမှ ပြင်သစ် တိုတယ်လ် ကုမ္ပဏီတစ်ခုသာ ဝင်ရောက် လုပ်ကိုင်နေကြောင်း ရင်းနှီးမြှုပ်နှံမှု အချက်အလက် များအရ သိရ သည်။

အောင်ခွန်းဆက်

Popular News Journal

Write A Comment

Rohingya Exodus