July 30, 2025

Latest Highlight

News @ RB

Rohingya News @ Int'l Media

Myanmar News

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

လူအသေအပျောက်များသည့် ရန်ကုန်မြို့ပေါက်ကွဲမှု - ကြားဖြတ်သတင်း (Breaking News)(ရုပ်/သံ-ဓာတ်ပုံ)




လူအသေအပျောက်များသည့် ရန်ကုန်မြို့ပေါက်ကွဲမှု - ကြားဖြတ်သတင်း (Breaking News)ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် စက်ဆန်းရှိ ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ စိန်မေတ္တာမွန် ဆားဂိုဒေါင်အတွင်း ပြင်းထန်စွာ ပေါက်ကွဲမှု တစ်ခု ယနေ့ နံနက် ၂ နာရီ ၅ မိနစ် အချိန်က ဖြစ်ပွါးခဲ့သည်။




watch video


ယခု သတင်းရေးသားနေချိန်အထိ မီးလောင်နေဆဲ ဖြစ်ပြီး သေဆုံးသည့် အလောင်းများကို ကောက်ယူ၍ မပြီးသေးသဖြင့် သေဆုံးသူ အရေအတွက် တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း Mutdfan.com မှ သတင်းသွားရောက်ယူခဲ့စဉ် အချိန်အထိ အလောင်း ဆယ်လောင်းခန့် သယ်ထုတ်ခဲ့၇ပြီး ဖြစ်သည်။ အခင်းဖြစ်ပွါးရာနှင့် ကိုက် ၅၀၀ ခန့် ဝေးသော စက်ဆန်းလမ်းမကြီးပေါ်ရှိ ရွက်နုဝေ ကျောက်စရစ်ရောင်းဝယ်ရေးဆိုင် ရှေ့လမ်းဘေးတွင် ဦးခါင်းမရှိတော့သော အမျိုးသမီးငယ် နှစ်ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ရသည်။ ကူးတို့ဆိပ်ရပ်ကွက် အတွင်းရှိ ပေါက်ကွဲမှု ဖြစ်ရာ နှင့် ကိုက်တစ်ရာအနီးရှိ နေအိမ်များ ပြိုကျကုန်ကြောင်းလည်း သိရသည်။



ပေါက်ကွဲမှုအရှိန်မှာ အလွန်ပြင်းထန်လွန်းပြီး ၈ မိုင်ခန့် ဝေးသော ဗဟန်းမြို့နယ်အတွင်းရှိ အိမ်များပါ တုန်ခါသွားခဲ့သည်။ ပေါက်ကွဲသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးသော်လည်း ဗုံးပေါက်ကွဲမှုသာ ဖြစ်နိုင်သည်ဟု ရပ်ကွက်နေ လူအများကသုံးသပ်သည်။

ကျွန်တော်နေတဲ့ ယုဇနပါလာဇာ နားက အိမ်ရဲ့ မှန်ပြတင်းတွေ အကုန်ကွဲကုန်ပါတယ် ဟု အခင်းဖြစ်ရပ်နှင့် လေးမိုင်ခန့် အကွာမှ လူငယ်တစ်ဦးက ပြောသလို အခင်းဖြစ်ပွါးရာ စက်ဆန်း လမ်းမကြီးတစ်လျောက်တွင်လည်း ပလူပျံနေသည့် ကျောက်စရစ်ခဲများကို မြင်တွေ့ခဲ့ရသည်။







မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ

အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )

ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု

''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။ ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင် နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလော စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး)ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ သိရှိရသည်။

(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
















ဒီဇင်ဘာ ၂၉ ရက်။

9:00 AM (Update)

နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။


9:15 AM (Update)

မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။

ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။

More Picture here

credit :VOA , BurmaVJ, weekly media








Write A Comment

Pages 22123456 »
Rohingya Exodus