Latest Highlight

“နိုင်ငံတော် ” ဆိုသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ကြိမ်ရေအများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည်ထင်သည်။ ရာစုနှစ်ဝက်ခန့်ရှိသည့်တိုင် “နိုင်ငံသားများ” အနေဖြင့် အဓိပ္ပါယ်ဗလုံး ဗထွေး ဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ကြရပြီးဖြစ်သည်။



အမှန်စင်စစ် “အစိုးရ ” နှင့် “နိုင်ငံတော် ” ကို လုံးထွေးသုံးစွဲခြင်းသာဖြစ်သည်။ နိုင်ငံတော်အကြည်ညို ပျက်အောင်လုပ်ခြင်း - ပုဒ်မ ၁၂၄(က)ကို ကျင့်သုံးနိုင်ရန်အတွက် “နိုင်ငံတော် ” ဆိုသည်မှာ “ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ ” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရအကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုတ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉာဉ်စာချုပ်ပင်ဖြစ်သည်။
ပဋိဉာဉ်စာချုပ်တစ်ခု တရားဝင်ခိုင်မာမှုရှိစေရန်မှာ ခြိမ်းခြောက်ခြင်း၊ ဖျားယောင်းသွေးဆောင်ခြင်း တစ်စုံတရာမပါဘဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာလျက်ရှိစဉ် မိမိဆန္ဒသဘောအလျောက် ချုပ်ဆိုသော စာချုပ်ဖြစ်ရန် လိုအပ်သည်။ ဤအချက်သည် စာချုပ်၏ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖော်ဆောင်ရမည့် နိုင်ငံသားများနှင့် အစိုးရအဖွဲ့အစည်း အဆင့်ဆင့်၏ ဂုဏ်သိက္ခာ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင်လျှင် “ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ” ဟူ၍ နိုင်ငံတော်အခြေခံမူများ၊ အခန်း(၁)၊ ပုဒ်မ(၄)တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် နိုင်ငံတွင်းရှိ ဥပဒေအားလုံး၏ အမြင့်ဆုံးဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံသားများထံမှ ဆင်းသက်ခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်းသည် တရားမ၀င်ကြောင်း၊ နိုင်ငံတော်ဟူ၍ သတ်မှတ်ခေါ်ဝေါ်ခြင်း မပြုနိုင်ကြောင်း ထင်ရှားပေါ်လွင်ပြီးဖြစ်သည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၂၁) နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညို ပျက်စေမှုဆိုင်ရာ ပြဋ္ဌာန်းချက်များအရလည်း “ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ ” ဟူ၍ အတိအလင်း ဖွင့်ဆိုပြဋ္ဌာန်းချက်အရ အခြားနည်းဖြင့်တည်ထောင်ဖွဲ့စည်းသော အစိုးရများကို နိုင်ငံတော်ဟူ၍ မသတ်မှတ်ကြောင်း သိသာထင်ရှားပြီးဖြစ်သည်။
နိုင်ငံရေးသိပ္ပံပညာရပ်အရ “ နိုင်ငံတော် ” ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း နိုင်ငံတော်၏ အင်္ဂါရပ်များ အဖြစ် -
၁။ ပထ၀ီနယ်နိမိတ်
၂။ နိုင်ငံသား
၃။ အစိုးရ နှင့်
၎။ အချုပ်အခြာအာဏာ ဟူ၍ ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းဖွင့်ဆိုချက်သည်ပင် နိုင်ငံရေးစနစ်အားလုံးအတွက် ခြုံငုံဖွင့်ဆိုချက်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးသည့် နိုင်ငံများအတွက်သာ သီးခြားပြဋ္ဌာန်းချက်မျိုး မဟုတ်ပေ။ ထို့ကြောင့်လည်း သက်ဦး ဆံပိုင်ဘုရင်အစိုးရ၊ လူနည်းစုမှူးမတ်များအုပ်ချုပ်သည့်အစိုးရ၊ တစ်ပါတီအာဏာရှင်၊ စစ်အာဏာရှင် အစိုးရများ သည်ပင်လျှင် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ မိမိကိုယ်မိမိ နိုင်ငံတော်ဟူ၍ မသတ်မှတ်နိုင်ပေ။ အစိုးရနှင့် နိုင်ငံတော်ကို ထပ်တူပြု၍ မရပေ။
“ နိုင်ငံတော်ဆိုတာ ငါဘဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဘဲ ” ဟူ၍ သမိုင်းတွင်ခဲ့သည့်စကားကို သုံးစွဲခဲ့သူမှာ ပြင်သစ်နိုင်ငံမှ (၁၆)ဆက်မြောက် လူဝီဘုရင် ဖြစ်သည်။ နိဂုံး မကောင်းခဲ့ပါ။ အာဏာရှင်နိုင်ငံများတွင် အစိုးရများက “နိုင်ငံတော် ” ဆိုသည့်ဝေါဟာရကို ပုဂ္ဂလိကပိုင်ပြုလုပ် သုံးစွဲခဲ့ရာမှ “ အမည်ခံနိုင်ငံတော် ” ၏ အခန်းကဏ္ဍမှာ အတိုင်းအဆမရှိ ကြီးမားနေပြီး နိုင်ငံသားများ၏ အခန်း ကဏ္ဍမှာ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။
ယနေ့ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းသည် တစ်စတစ်စ ကျယ်ပြန့် ကြီးထွားလာနေပြီဖြစ်သည်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် နိုင်ငံသားများ၏အခန်းကဏ္ဍသည် အခြေခံ မဏ္ဍိုင်ဖြစ်သည်။ နိုင်ငံသားများ၏အခန်းကဏ္ဍ ကြီးမားအရေးပါလာခြင်း၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ မြင့်မားလာခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြှင့်တင်ခြင်းပင်ဖြစ်သည်။ နိုင်ငံသားများ၏ အခန်းကဏ္ဍကို ပစ်ပယ်သည့် အစိုးရများ၊ နိုင်ငံသားအခွင့်အရေးများကို ပိတ်ပင်ညှင်းပန်းသည့် အစိုးရများကို နိုင်ငံတကာ မိသားစုများက ဝေဖန်ပြစ်တင်ခြင်း၊ အရေးယူပိတ်ဆို့ခြင်းများသည်လည်း အထင်အရှားပင်ဖြစ်သည်။
နိုင်ငံတော်၏ ပုံရိပ် ထိခိုက်နိမ့်ကျခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြင့်သာ နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပေမည်။
တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ စိုးမိုး အုပ်ချုပ်ခြင်းနှင့် လုံးဝဆန့်ကျင်ခြားနားသည်။ တရားဥပဒေစိုးမိုးသည့် အခြေအနေတွင် လူပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးသည် တရားဥပဒေရှေ့မှောက်တွင် တန်းတူသာဖြစ်သည်။ တရားဥပဒေအရ သတ်မှတ်ထားသည့် အခွင့်အရေး၊ တာဝန်၊ လုပ်ပိုင်ခွင့်များအတိုင်းသာ ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံတွင် တရားဥပဒေသည် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားအခွင့်အရေးများကို အာမခံနိုင်ရန် နိုင်ငံသားများ၏ အကျိုးကို ရှေ့ရှု ပြဋ္ဌာန်းရမည်ဖြစ်သည်။ တည်ဆဲဥပဒေများသည် နိုင်ငံသားများ ဘက်မှ ရပ်တည်သလော၊ အုပ်ချုပ်သူ များဘက်မှ ရပ်တည်သလော ပြန်လည်ဆန်းစစ် ဝေဖန်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေများကို ပြန်လှန်သုံးသပ်၍ ပြုပြင်ပယ်ဖျက်ပေးပါရန် တင်ပြတောင်းဆိုရမည့်အချိန်လည်းဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ဥပဒေအချို့ကို တင်ပြ ဆွေးနွေးသွားပါမည်။


၁။ (၁၉၀၇)ခုနှစ် ကျေးရွာနှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်း
ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဖြစ်သည်။ သက်တမ်း အားဖြင့် (၁၀၅)နှစ် ရှိခဲ့ပြီဖြစ်သည်။ (၁၈၈၅)ခုနှစ် မြန်မာဘုရင် သီပေါမင်းအစိုးရကို ဖမ်းဆီး ကျွန်ပြုပြီး နောက်ပိုင်း မြန်မာမျိုးချစ်များ၏ လက်နက်ကိုင်ပုန်ကန်မှုကို ဓါးပြမှု၊ လုယက်မှု၊ သောင်းကျန်းမှုများအဖြစ် ချိုးနှိမ် စွပ်စွဲပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သည့် ကာလလည်းဖြစ်သည်။ (၁၉၀၄)ခုနှစ်၊ ရုရှား - ဂျပန် စစ်ပွဲတွင် ဂျပန်က အနိုင်ရခဲ့ပြီး မြန်မာမျိုးချစ်များအကြား အာရှသားများ၏ အောင်ပွဲအဖြစ် အမျိုးသားရေးစိတ်ဓါတ်များ စတင် နိုးကြားလာသည့် ကာလလည်းဖြစ်သည်။ ထို့ကြောင့်လည်း အုပ်စိုးသူအစိုးရ၏ လုံခြုံရေးလိုအပ်ချက်အရ ကိုလိုနီနိုင်ငံသားများ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ရန် ဤဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ဤဥပဒေ အနှစ်တစ်ရာကျော်လာသည့်အချိန်ထိ ဆက်လက်ကျင့်သုံးနေခြင်းကို အလေးအနက် ပြန်လည်သုံးသပ်ကြရပေတော့မည်။ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာ သည့်အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်းတိုင်ကြားရခြင်းမရှိဘဲ မိမိနိုင်ငံတွင်း ခရီးသွား လည်ပတ်သည့်အခါ ဧည့်စာရင်းတိုင်ကြားရမည်ဆိုသည့် အချက်ကို နှိုင်းယှဉ်သုံးသပ်ရန်လိုအပ်ပေလိမ့်မည်။ နိုင်ငံသားအားလုံး သန်းပေါင်း(၆၀)ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (suspected) အဖြစ် သတ်မှတ်ခံရသည့်သဘော ဖြစ်သည်။ ဧည့်သည်အဖြစ် သွားရောက်လည်ပတ်သည့် တည်းခိုသည့် ဧည့်သည်များသည်လည်းကောင်း၊ လက်ခံခွင့်ပြုသည့် အိမ်ရှင်များသည်လည်းကောင်း၊ နိုင်ငံသားအားလုံးသည် ယုံကြည်စိတ်ချဖွယ်ရာမရှိသည့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်နိုင်ဖွယ်ရှိသည့်သူများအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။ ရံဖန်ရံခါဖြစ်ပေါ်တတ်သည့် ဗုံးကွဲမှုတစ်ချို့ရှိခဲ့ခြင်းအတွက် နိုင်ငံသားသန်း(၆၀)က ၀န်ထုတ်ဝန်ပိုး တစ်ခုအဖြစ် လိုက်နာနေကြရခြင်း ဖြစ်သည်။ ဧည့်စာရင်းဥပဒေကြောင့်လည်း ယင်းဖြစ်ရပ်များကို ကာကွယ် နိုင်ခြင်းမရှိပါ။ နိုင်ငံတွင်း အဂတိလိုက်စားမှု၊ ခြစားမှုများကြောင့် အမှန်တကယ် ကျူးလွန်မည့်သူများအတွက်မူ ယင်းဥပဒေကို ကျော်လွှားနိုင်သည့် အခြေအနေများ ရှိနေပြီးဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် ယင်းဥပဒေကြောင့် စာရွက်စာတမ်း၊ အချိန်၊ လုပ်အားဆုံးရှုံးမှုများသည် နိုင်ငံတော်အတွက် လေလွင့် ပြုန်းတီးမှုများပင်ဖြစ်သည်။ အဆိုးဝါးဆုံးမှာ မြန်မာနိုင်ငံသားများအနေဖြင့် ရုံးပြင်ကနားဆိုလျှင် အထိတ်ထိတ် အလန့်လန့်ဖြင့် စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုပင်ဖြစ်သည်။
မူရင်းကျေးရွာနှင့်မြို့ပြအက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ(၄)တွင် “ဤဥပဒေအာဏာသက်ရောက် ရမည့်မြို့များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်နိုင်သည် ” ဟု သီးခြားပြဋ္ဌာန်းထား သည်ကို တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ အစိုးရ၏ လုံခြုံရေးလိုအပ်ချက်ကြောင့် ထုတ်ပြန်သော အက်ဥပဒေ တွင်ပင်လျှင် တစ်နိုင်ငံလုံးအတွက်ရည်ရွယ်ခြင်းမဟုတ်ဘဲ ဤဥပဒေကျင့်သုံးရန် လိုအပ်မည့် ကာလအလျောက် လိုအပ်မည့်မြို့များကိုသာ သတ်မှတ်ကျင့်သုံးရမည်ဟု အထင်အရှား ပြဋ္ဌာန်းထားသည်ကို သတိပြုရန်လိုပေ လိမ့်မည်။ မူရင်းပြဋ္ဌာန်းကျင့်သုံးခဲ့သည့် တိုင်းတပါးအစိုးရပင်လျှင် ၄င်း၏လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြို့များမှအပ အခြားပြည်သူ ( နိုင်ငံသားများ) အားလုံးအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ဂရုတစိုက် သတ်မှတ် ပြဋ္ဌာန်းမည်ဟု ဆိုလိုသည်။ သို့သော် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ( ၆၀ ) ခန့် ကြာခဲ့သည့်အချိန်တွင် နိုင်ငံ နယ်နိမိတ်အတွင်း ကာလ၊ ဒေသ မရွေး သက်ရောက်နေသည်ကို တွေ့ရသည်။ တရားဥပဒေဆိုသည်မှာ မပြဋ္ဌာန်းမီ ဥပဒေချိုးဖောက်သူ မရှိဘဲ၊ ပြဋ္ဌာန်းလိုက်သည့်အချိန်တွင်မှ ဥပဒေချိုးဖောက်သူများအဖြစ် ရောက်ရှိသွားရခြင်းဖြစ်သည်။ ပြဋ္ဌာန်းရန်မလိုအပ်သည့် ဥပဒေများ၊ လိုက်နာရန်မလွယ်ကူသည့် ဥပဒေများကို ပြဋ္ဌာန်းလိုက်ခြင်းသည် နိုင်ငံသားများအား ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့လိုက်သည့်သဘောလည်း ဖြစ်သည်။ နိုင်ငံသားများ၏ဂုဏ်သိက္ခာကိုထိပါးစေခြင်းလည်းဖြစ်သည်။ အထက်ပါဥပဒေ၏ ကျေးရွာအက် ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲ(၂) တွင် ဧည့်စာရင်းတိုင်ထားသည့် ဧည့်သည်ပြန်သွားလျှင် အိမ်ရှင်က သတင်းပို့ တိုင်ကြားရမည်ဟု ဆက်လက်ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ သို့သော် မည်သည့်အိမ်ရှင်ကမှ ဧည့်သည် ပြန်သွားပြီဖြစ်ကြောင်း သတင်းပို့တိုင်ကြားလေ့မရှိပေ။ ဆိုလိုသည်မှာ နိုင်ငံသားအားလုံးအနေဖြင့် သိလျှက် ဖြစ်စေ၊ မသိ၍ဖြစ်စေ ယင်းဥပဒေကို ချိုးဖောက်မိလျှက်သား ဖြစ်နေပေသည်။ ထို့ကြောင့် (၁၉၀၇)ခုနှစ် ကျေးရွာ နှင့်မြို့ပြ အက်ဥပဒေပါ ဧည့်စာရင်း တိုင်ကြားရခြင်း ဥပဒေသည် နိုင်ငံသားအားလုံးအား သံသယ ဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ(suspected) အဖြစ် ဂုဏ်သိက္ခာထိပါးစေပြီး ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်။




၂။ (၁၉၅၀)ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
ဤဥပဒေကို ပြဋ္ဌာန်းသည့်ကာလသည် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးစ ရောင်စုံလက်နက်ကိုင် ပုန်ကန်မှုများကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့်ကာလ(အရေးပေါ်အခြေအနေ ဖြစ်ပေါ် နေသည့်ကာလ) ဖြစ်သည်။ အမှန်စင်စစ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ ( တရားဥပဒေ စိုးမိုးနေသည့် အခြေအနေ) တွင် ပြစ်မှုဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင် ဖြစ်သည်။ သို့သော် ယင်းကာလက တည်ဆဲအစိုးရအနေဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံးနိုင်သည့်အခြေအနေ မရှိခြင်းကြောင့်အရေးပေါ်စီမံမှုအက်ဥပဒေ ကို အရေးတကြီး ပြဋ္ဌာန်း ကျင့်သုံးရခြင်း ဖြစ်သည်။ နိုင်ငံတော်တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင်တည်ရှိနေသည်၊ ပုံမှန်အခြေအနေပျက်ပြားနေသည်ဟု ဆိုလိုသည်။
ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ် တစိုက် ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပေပြီ။ တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်(၇)နှစ် အစား (၁၉၈၈) စစ်အာဏာသိမ်းပြီးနောက် အနှစ် (၂၀)၊ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။ နိုင်ငံတကာမိသားစုအလယ်တွင် မြန်မာနိုင်ငံတော်သည် ပုံမှန်အခြေအနေ မရှိသည့်နိုင်ငံ၊ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားရသည့်နိုင်ငံအဖြစ် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အကြီး အကျယ် ထိခိုက်စေသော ဥပဒေပင်ဖြစ်သည်။


၃။ (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂)
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ အခန်းကဏ္ဍ သတ်မှတ်ချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အဆင့်အတန်း ဂုဏ်သိက္ခာကို ထင်ဟပ် ဖော်ပြခြင်းလည်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက်များတွင် အငြင်းပွားဖွယ်ရာ လက်မခံနိုင်သည်များ ပါဝင်နေခြင်း၊ ရေးဆွဲစဉ် သဘောတူညီမှုမရ၍ ချန်လှပ်ထားခဲ့ရခြင်းများ ဖြစ်ပေါ်လေ့ရှိပါသည်။ ပြောင်းလဲလာသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးလိုအပ်ချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို အခန်းတစ်ခန်း သီးသန့်ရေးဆွဲ ပြဋ္ဌာန်းရပါသည်။ နိုင်ငံတော်ကို ထိခိုက်နာကျင်မှု နည်းနိုင်သမျှ နည်းလမ်းဖြင့် ပြုပြင် ပြောင်းလဲရာတွင် အရေးကြီးလှသဖြင့် ရေနွေးငွေ့ဗွိုင်လာအိုးအတွင်း ဖိအားများလွန်းသည့်အခါ ပေါက်ကွဲမှု မဖြစ်စေရန် အသုံးပြုသည့် လုံခြုံရေးအဆို့ရှင် (safety valve) အဖြစ်လည်း တင်စားသုံးနှုန်းလေ့ရှိပါသည်။ တင်းကျပ်လွန်းလျှင် ပေါက်ကွဲထွက်နိုင်သည့် အန္တရာယ်မှာ အချိန်မရွေးဖြစ်ပေါ်လာနိုင်ပေသည်။


လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် ယခုချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခု ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ခါစ မြန်မာနိုင်ငံတော်ကို ပါတီစုံ ဒီမိုကရေစီစနစ်၊ လွှတ်တော်နှစ်ရပ်စနစ်ကို အခြေခံ၍ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြ သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း(၁၁)၊ ပုဒ်မ(၂၀၉)၊ အပိုဒ်ခွဲ(၃)တွင် လွှတ်တော် နှစ်ရပ်ရှိ အမတ်များ၏ သုံးပုံနှစ်ပုံအောက်မလျော့သော အမတ်များ (၆၇ ရာခိုင်နှုန်း) က အတည်ပြုလျှင်..ဟု ပြဋ္ဌာန်းထားခြင်းကြောင့် နိုင်ငံသားများ၏ အလိုဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် သင့်တင့်လျှောက်ပတ်သည့် အခွင့်ရေးရှိသည်ကို တွေ့ရပါသည်။ သို့သော် (၁၉၆၂) ခုနှစ်၊ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပိုက်မှုကြောင့်(၁၉၄၇) ခုနှစ် အခြေခံဥပဒေမှာ ပျက်ပြားသွားခဲ့ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုအစိုးရအဖွဲ့၊ တည်ဆဲလွှတ်တော်နှစ်ရပ်နှင့် နိုင်ငံရေးပါတီများ အသင်းဖွဲ့များအားလုံးကို ဖျက်သိမ်းပြီး တစ်ပါတီစနစ်၊ လွှတ်တော်တစ်ရပ်စနစ်ကို အခြေခံသည့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၅)၊ ပုဒ်မ(၁၉၄)တွင် အပိုဒ်ခွဲ (က)ပါ ပုဒ်မများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်း သဘောတူညီချက် ရယူပြီး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ ထက်ဝက်ကျော်ထောက်ခံမှုဖြင့် ပြင်ဆင်ရမည်ဟူ၍ ပြဋ္ဌာန်းထားပေသည်။ ၁၉၈၈ ကာလ၊ နိုင်ငံသားမျာ၏ ပြုပြင်ပြောင်းလဲလိုသောဆန္ဒအရ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ခက်ခဲတင်းကျပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းလုပ်ထုံးလုပ်နည်းများကြောင့် အုံကြွပေါက်ကွဲပြီး ၁၉၇၄ အခြေခံဥပဒေကို ဖျက်သိမ်းကာ စစ်တပ်မှ အာဏာသိမ်းယူမှုထပ်မံဖြစ်ပွားခဲ့ရပေသည်။
ပြီးခဲ့သည့် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ရပ်စလုံး၏ လွှတ်တော်များမှာ နိုင်ငံသားများမှ တိုက်ရိုက် ရွေးချယ် တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် (၁၀၀) ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် များဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရမူ နိုင်ငံသားများမှ တိုက်ရိုက်ရွေးချယ် တင်မြှောက် လိုက်သော လွှတ်တော်ကိုယ်စားလှယ် အရေအတွက်သည် လွှတ်တော်နှစ်ရပ်စလုံး၏ (၇၅) ရာခိုင်နှုန်း သာရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ (က)တွင် ပြည်ထောင်စု လွှတ်တော် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။
၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခို်င်နှုန်းကျော်ဟု ပြဋ္ဌာန်း ထားပြီး ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း (ရာနှုန်းပြည့်)က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့်မရှိဟု အဓိပ္ပါယ် သက်ရောက်ပေသည်။ နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်းစေသည့် သဘောကို ဆောင်နေပေသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်လက် အသေးစိတ်များနှင့်ပက်သက်၍ မဆွေးနွေးလိုသေးသည့်တိုင်
ခေတ်ကာလအလိုက် ပြောင်းလဲနေသော နိုင်ငံသားများ၏ လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မှေးမှိန်ထိခိုက်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၄ ပါ “ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ ထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်” ဟူသောပြဋ္ဌာန်းချက် စစ်မှန်စွာ အသက်ဝင် ခန့်ငြားလာစေရန် နိုင်ငံတကာမိသားစုအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်စေရန် နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ဂုဏ်သိက္ခာ မြင့်မားလာစေရန်မှာ တရားမျှတသောဥပဒေများ ရှင်သန်ထွန်းကား လာရန် လိုအပ်သည်။
ယခုတင်ပြဆွေးနွေးခဲ့သည်များမှာ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ် နေသည့် ဥပဒေအချို့ကို ကောက်နှုတ်ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။ တရားဥပဒေကို အုပ်ချုပ်ရေးအဖွဲ့စည်းများ စိတ်ကြိုက် လိုသလို အဓိပ္ပါယ်ဖွင့်ဆိုအသုံးချနေသည့်၊ အသုံးချနိုင်သည့် ဥပဒေများကိုလည်း ဆက်လက် ဆွေးနွေးနိုင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာအတွက် အခြေခံအုတ်မြစ် ဖြစ်သည့်အားလျှော်စွာ….
ဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်းတန်းတူဖြစ်ပါသည်။
ဥပဒေအထက်တွင် မည်သူမျှ မရှိစေရပါ။

ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားများ

source here


At least nine people were killed by ethnic Rakhine residents in western Myanmar on Sunday, an official said, in an apparent sectarian attack in a region affected by simmering religious tensions.


Fishermen standing by their boats on the island of Shweri Chai in the Bay of Bengal, off the western city of Sittwe, capital of Rakhine State, in April 2012. At least nine people were killed by ethnic Rakhine residents in western Myanmar on Sunday, an official said, in an apparent sectarian attack in a region affected by simmering religious tensions.

"We heard nine people were killed by ethnic Rakhine residents in Taunggote town this evening. We do not know the details yet," a government official told AFP, adding that some of the victims were thought to be Muslims visiting Rakhine State from central Myanmar.

Local residents, speaking to AFP by phone, said the recent rape and murder of an ethnic Rakhine girl had stirred sectarian suspicions in the area. AFP was unable to reach local police to confirm details of that case.

One man from the village where the attack took place said a mob of ethnic Rakhines -- who are mostly Buddhist -- set upon a bus that they believed was carrying those responsible for the murder-rape.

"More than a hundred people beat and killed those people. The residents even torched the bus," he said, adding that the police arrived but were unable to control the baying crowd.

"There are not many people at the scene now, only dead bodies on the road. The senior town residents are trying to comfort the people," the man added.

Another local man also told AFP that the crowd murdered the passengers in an attempt to capture the supposed killers of the girl.

Clashes between Buddhists and Muslims occur periodically in Myanmar and Rakhine state, which borders Bangladesh, is a flashpoint for tensions.

"We all have a duty to control the situation, no matter who is involved or which religion they are," said Aye Maung, an MP for the Rakhine Nationalities Development Party.

"We all are living here together. We, as well as the government, have the duty to control it," he told AFP.

Buddhists make up some 89 percent of the population of Myanmar, with Muslims officially representing four percent.

In February 2001, the then-ruling junta declared a curfew in the Rakhine State capital city Sittwe after violent riots broke out between Muslims and Buddhists.

Pockets of sectarian unrest have occasionally broken out in other parts of the country.

Buddhists in Rakhine have grown to resent Muslims that have moved into their relatively affluent state from Bangladesh, who have long crossed into Myanmar's border provinces seeking seasonal work.

source here


ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် လူ(၃၀၀) ခန့်ရှိသော တောင်ကုတ်မြို့ သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်ပါလာသော ခရီးသည်များမှ အစ္စလာမ်ဘာ သာဝင် မြန်မာမွတ်စလင်မ် (၁၀) ဦးအား ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။

သံတွဲသစ္စာ ဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ ဂျမာအသ ်(ဂျမာအသ်ဆိုတာ အစ္စလာမ် ဘာသာဝင်တွေ နေရာအချို့ကိုသွားရောက်ပြီး တရားထိုင်ကာ ဘာသာရေးတ ရားရေအေးတိုင် ပင်ဆွေးနွေးကြခြင်း) ဖြစ်ပါတယ်။
အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင် တောင်တွင်းကြီးမြို့မှ မြန်မာမွတ်စလင်မ် (၆) ဦး၊ မြောင်းမြမြို့ မှ မြန်မာမွတ်စလင်မ် ၂ ဦး၊ံသံတွဲမြို့နေ မြန်မာမွတ်စ လင်မ် (၂) ဦးဖြစ်တယ်လို့ သိရပါတယ်။ သံတွဲမြို့မှ တစ်ဦးမှာ နာမည်ကြီးရှေ့နေ ဦးကျော်ဆင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင် စုံစမ်းသိရှိရသလောက်၊

၁။ ဦးနီဖေ ၈/တတက(နိုင်) ၀၉၅၅၄၈ အသက် ၅၈ နှစ်
၂။ ဦးမောင်နီ ၈/တတက (နိုင်) ၀၉၅၅၃၀ အသက် -၆၅ နှစ်၊
၃။ ဦးအေးလွင် ၈/တတက(နိုင်) ၀၉၃၅၇၃ အသက်-၅၂ နှစ်၊
၄။ ဦးလှမောင် ၈/တတက(နိုင်) ၀၉၄၅၅၇ အသက် ၅၀ နှစ်၊
၅၊။တေဇာမြင့် ၈/တတက(နိုင်) ၁၈၉၈၁၅ အသက် ၂၈ နှစ်၊
၆။ ကိုတင်မောင်ထွေး ၈/တတက(နိုင်) ၂၃၁၀၈၄ အသက် ၂၁ နှစ်၊
၇၊ ကိုအောင်ဘိုဘိုကျော် ၁၄/မလန(နိုင်) ၂၃၁၀၈၄ အသက် ၂၆ နှစ်၊
၈။ ကိုဇော်ညီညီထွဋ် ၁၄/မလန(နိုင်) ၁၄၈၁၃၃ အသက် ၃၃ နှစ်၊ ( ထပ်မံရရှိပါက ဆက်လက်ဖြည့်ပေးပါမည်)

ရက်စက်စွာ အကြမ်းဖက် အသတ်ခံရသူများ (၁၀) ယောက်တွင် ယာဉ်နောက်လိုက် တစ်ဦးနဲ့ ကားတာဝန်ခံ တစ်ယောက်လဲ ပါဝင်ကြောင်းသိရတယ်။ကား တာဝန်ခံ ကတော့ မိန်းကလေးလို့ သိရပါတယ်။

ဖြစ်စဉ်ကို ဖုန်းဆက်ပြီး စုံစမ်းရာ

” တောင်ကုတ်မြို့ လမ်းခွ လ.ဝ.က ဂိတ်မှာ ကားကို တားတယ်။ တားပြီး ကုလားတွေပါရင် ဆင်းခဲ့ အကုန်သတ်ပစ်မယ်လို့ အော်ဟစ်ပြီး တုတ်ဓားလက်နက်တွေနဲ့ အော်ဟစ်နေပါတယ်။ ကားတာဝန်ခံမိန်းကလေးက ကားတံခါးပိတ်ထားပြီး စပယ်ယာက ကားပေါ်ကဆင်းပြီး တောင်းပန်တယ်။ ဒါကို မရတော့ဘဲ ကားပေါ် အတင်းတွန်းတက်သွားပြီး ကားပေါ်တွင် ပါလာသော မြန်မာမွတ်စလင်မ် များကို တွေ့တော့ အောက်ကို လှမ်းအော်တယ်။ “ဒီမှာ ကုလားတွေ ပါတယ်၊ ဒီမှာ ကုလားတွေဟေ့”လို့ အော်ဟစ်လိုက်တော့ နောက်ထပ်လူတွေ ပြေးတက်လာပြီး ကားပေါ်မှာတင် ရိုက်ရင်း ကားအောက်ကို ဆွဲခေါ်သွားတယ်။

တံခါးပေါက်က ဆင်းဆင်းခြင်းမှာတင် အောက်က လူအုပ်ကြီးက အသေအလဲ ဝိုင်းရိုက်ရင်း (၈)ယောက်စလုံး သေဆုံးသွားတယ်။ သူတို့ မလှုပ်ရှားတော့တဲ့အချိန်မှာ အားလုံး မှင်သက်ပြီး ကြောင်ကြည့်နေတုန်း စပယ်ယာကို ဟယောင် မင်းလဲ ကုလားပဲမဟုတ် လားလို့ မေးလိုက်တော့ နောက်က လူအုပ်ကြီးက ဝိုင်းလာပြီး ပြောဆိုချိန်မရတော့ဘဲ အကြမ်းဖက်သမား များ၏ ရက် စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

ကားတာဝန်ခံ အမျိုးသမီးကိုလဲ စပယ်ယာကို လုပ်နေတဲ့အချိန်မှာပဲ ဒီကောင်မလဲ ကုလားမပဲဟေ့လို့ဆိုပြီး မင်းတို့ ကုလားမတွေကိုလဲငါတို့ -ိုးသတ်မယ်။ ကောင်မလာခဲ့ဆိုပြီး လိုက်ဆွဲတယ်။ ကားတာဝန်ခံ အမျိုးသမီးက ကားအနောက်ပိုင်းကို ဝင်ပြေးတော့ အတင်းလိုက်ပြီး ဖမ်းတယ်။ ဆံပင်ကိုဆွဲပြီး အောက်ကို ဆွဲခေါ်သွားတယ်။ အောက်ရောက်တော့ ဟိုဆွဲဒီဆွဲဖြစ်ပြီး အင်္ကျီအဝတ်အစားတွေ မရှိတော့ဘဲ ကိုယ်လုံးတီးဖြစ်သွားပြီး တုတ်တွေနဲ့ မိန်းမတွေက ခေါင်း၊ ခြေသလုံး၊ ခါး၊ လက်တွေကို ဝိုင်းရိုက်တယ်။ ယောကျ်ားတွေက သူ့အင်္ဂါကို တုတ်တွေနဲ့ မသေမရှင်ဖြစ်နေချိန်မှာ ဆောင့်ထိုးတယ်။ ရင်သားတွေကို အပေါ်ယံရှပ်ပြီး တုတ်တွေနဲ့ ရိုက်ကြတယ်။ လည်ပင်းကို လမ်းမပေါ်မှာ ဆင်းထားပြီး လည်ချောင်းကို တုတ်နဲ့ရိုက်ရင်း သွေးသံတရဲရဲနဲ့ သေသွားတယ်။ “ လို့ မြို့ခံတစ်ဦးမှ ဖြေကြားခဲ့ပါတယ်။

ရိုးမသစ္စာကားတွေရဲ့ပိုင်ရှင်ဟာ မွတ်စလင်မ်ဖြစ်လို့ ကုလားပိုင်ကားဆိုပြီး ကားကိုလဲ ထုထောင်းထားတာ ရစရာမရှိအောင် ပျက်ဆီးကုန်ပြီး အခု အခင်းဖြစ်ပွားတဲ့မှာတင် ရပ်ထားကြောင်းသိရတယ်။

အဆိုပါကားမှာ သံတွဲမြို့မှ ညနေသုံးနာရီထွက်တဲ့ တောင်ကုတ်မှာဖြစ်တာက ၅-နာရီဝန်းကျင်ဖြစ်ကြောင်း သိရှိပါတယ်။

အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသော မြန်မာမွတ်စလင်မ်(၁၀) ဦးရဲ့ အလောင်းများကို တောင်ကုတ်မြို့ ညဈေးရှေ့တွင် စုပုံထားပြီး မိန်းမ၊ ယောကျ်ားများ အရက်သောက်ရင်း ကခုန်နေကြတယ်သိရပါတယ်။
အလောင်းတွေပေါ်မှာလဲ အရက်ပုလင်းတွေကို လှမ်းပစ်တာတွေ၊ ကျင်ငယ်နဲ့ပန်းတာတွေ၊ အန်ချတာတွေ လုပ်နေကြတယ်လို့ သိရိရပါတယ်။

Source : MMSY
People from above list are Muslims who left from Tachan Pai Mosque to Than Dwe for Chila(Jama at).On  their way back to Yangon from Than Twe Mosque on June 3, 2012  , 30 Rhakhine Buddhists killed them with knives at Taung Goute  which is situated on the way.The number of the car which carried Muslims who were killed is 7 (Ga) 7868 and it was also burnt.The other 5 muslims escaped.The list above is  only 8 from 10 victims. The corpses were buried in Than Dwe on 3rd June 2012 evening. The Rakhine killed 10 muslims.8 are about list and the other 2 victims are from Thandwe Township. The Rakhines are threatening the Muslims of the other towns of Rakhine state too.
No. Islam Name               Myanmar Name         Father's Name     Age         NRC Number                    Address
 1.Muhammed Sharief   ,U Ne Pwe                      U Ahmed Suban             58     8/Ta Ka Ta (N)095548-    Taung Dwingyi
 2.Muhammed Hanif      U Maung Ni                   U kay Pe Sufi                  65     8/Ta Ka Ta (N)095530-    Taung Dwingyi
 3.Shafield Bai                U Aye Lwin                   U A Hpoe G                    52     8/Ta ka Ta(N)093573  -    Taung Dwingyi
 4.Aslam Bai                   U Aung Myint               U Hla Maung                  50     8/Ta ka Ta (N)094557 -    Taung Dwingyi 
 5.Balai Bai                     Tayzar Myint                 U Yakub                          28     8/Ta ka Ta (N)189815 -    Taung Dwingyi
 6.Shuaib                        Tin Maung Htwe            U Tin Oo                         21     8/Ta ka Ta (N)231084-     Taung Dwingyi
 7.Salim Bai                   Aung Bo Bo Kyaw         U Tun Tun Zaw              26   14/Ma La Na (N)231084     Myaung Mya
 8.Lukman Bai              Zaw Nyi Nyi Htut            U Ibrahim                      33   14/Ma La Na (N) 148133    Myaung Mya
  
 ***************************************************************************
 ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေး ကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲ အကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိက ရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေ ခဲ့သည်။ တောင်ကုတ်မြို့ နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။မသီတာထွေးအမှုမှတရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည် ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။
Blogger

SINGAPORE, JUNE 2: Myanmar has abandoned research on a nuclear program that never progressed very far, and has stepped back from close military and political ties with North Korea, the Southeast Asian country’s defence minister said on Saturday.

News reports two years ago indicated Myanmar obtained technology for enriching uranium from North Korea along with parts for a nuclear weapons program.

The reports were based on interviews with an army major who was involved in the program and defected with files he said documented the project.

“We have already said very clearly it was not for defence, it was not for weapons, it was just research in the past,” the defence minister, Lieutenant General Hla Min, said at the Shangri-La Dialogue, an annual security forum in Singapore attended by senior regional civilian and military leaders.

Delegates said the comments were remarkably frank, and illustrated the sweeping reforms in Myanmar since it began emerging from decades of isolation and military rule last year.

The reforms have attracted the interest of foreign investors and persuaded Western governments to suspend sanctions.

Hla Min, speaking through an interpreter, said Myanmar maintained political and military ties with Pyongyang in the past but “because of our opening and our new efforts, we have stopped such relationships with North Korea.”

A UN panel of experts that monitors compliance with sanctions on North Korea is investigating reports of possible weapons-related deals between Pyongyang and Syria and Myanmar, the panel said in a confidential report seen by Reuters.

“According to our foreign policy, we have friendly relations with all countries so it is just a regular relationship,” the minister said of current dealings with North Korea.

Hla Min said Myanmar’s progress on the nuclear program had been exaggerated in the media.

“In reality we were just beginning on doing academic studies,” he said. “But in this new government we have already given up all activities on nuclear issues. And we have no further plans to extend on this.”

Hla Min said the nuclear program never got very far due to “our constraints” as a nation, adding “there were no practical ways” to advance it.

AFP report adds: The United States would be open to forging ties with Myanmar’s military if the country continues on a path of democratic reform, US Defence Secretary Leon Panetta said Saturday.

“Obviously we encourage the reforms that they are hoping to put in place,” Panetta told delegates at an Asia security summit in Singapore, the Shangri-La Dialogue.

“As you know the State Department has taken steps to relieve some of the sanctions that have been placed on Myanmar and try to encourage them again to move in the right direction,” he told representatives from 27 countries at the event, organised by the International Institute of Strategic Studies. “I think part and parcel of that, assuming that they are able to implement reforms and to continue the kind of political efforts at opening up their system, that a part and parcel of that would be discussions with regards to how we can improve our defence relationship with their country as well.” 
 
MAE LA, Thailand — Amid growing concerns here that the six-day visit of Myanmar’s opposition leader, Daw Aung San Suu Kyi, might damage relations with Myanmar’s government, Thai officials tried to rein her in on Saturday at a refugee camp on the Thai border.

Although the Thai government accepted her last-minute request to visit the camp, which has about 50,000 people living on the border between Thailand and Myanmar, formerly Burma, Thai officials declined her request for a public address system, barred her from meeting the leaders of ethnic minority groups and tried, without success, to keep the international news media away, local officials here said.

“The Foreign Ministry asked us to keep her visit low-key,” said Suriya Prasatbuntitya, the governor of Tak Province, where the camp is located. “Put simply, they didn’t want her trip to become news because they don’t want this to affect our relationship with Burma.”

Ms. Aung San Suu Kyi, recently elected to Parliament, began a new phase in her political career last week, leaving Myanmar for the first time in 24 years. She plans to travel to Britain, France, Ireland, Norway and Switzerland this month, expanding her role as a global envoy for freedom and democracy.

But her first trip abroad since becoming a public figure has been challenging. She has delighted crowds here but rankled government officials.

On Friday she attended a business conference in Bangkok and urged potential investors against “reckless optimism” about Myanmar. She recited a litany of the country’s flaws to a room full of multinational executives at a time when the Myanmar government is desperately trying to attract investment.

The Thai government’s concern, according to Mr. Suriya and the Thai news media, is that Ms. Aung San Suu Kyi’s trip could anger the Myanmar government and complicate an already very delicate situation along the border, where the new administration in Myanmar is pressing for reconciliation with ethnic groups.

“Suu Kyi stealing the spotlight,” read a headline on Friday in Thai Rath, the newspaper with the largest circulation in Thailand.

Some damage may already have been done: U Thein Sein, the president of Myanmar, postponed a trip to Thailand last week after it became public that Ms. Aung San Suu Kyi would be speaking at the same conference. On Friday he canceled the visit altogether. Mr. Thein Sein had planned to sign an agreement about a joint economic zone that the countries are developing.

Mr. Thein Sein’s change of plans was officially explained by a need to attend to urgent matters at home. But those matters were never disclosed. Two of his advisers did not respond to e-mails seeking comment.

Mr. Suriya, who was summoned to an urgent meeting on Friday when the Thai government decided to curtail Ms. Aung San Suu Kyi’s activities, said he believed that Myanmar’s president “did not want to follow in the footsteps of Suu Kyi.”

“He will probably wait for a while before visiting Thailand,” Mr. Suriya said.

In a news conference held before Ms. Aung San Suu Kyi flew back to Bangkok from the border, she said that she had not consulted with Myanmar’s government about the trip and that she did not see how it could conflict with government efforts.

“I do not see how our efforts should overlap because I was just studying conditions in the refugee camps,” she said.

She also said she would not pass on her findings to the government.

“I do not have to report back to anybody as such because these meetings that took place, took place out of my own initiative,” she said.

Ms. Aung San Suu Kyi’s powerful allure as a symbol of hope and democracy has been evident during this visit. Visiting a fishing community last week, she received a rapturous and sometimes tearful welcome from crowds of Burmese migrant workers, the underclass of Thai society.

At the Mae La camp here on Saturday, thousands of refugees, some of them victims of land mines, pressed forward to catch a glimpse of her in a chaotic scene that caused several people to faint and be carried away.

“I’ve only seen photos of her,” said Ba Aye, a 54-year-old man from the Karen ethnic group. “Today I’m going to see her in real life. I’m very happy that Suu Kyi is coming here.”

Many in the crowd shouted: “Give us a speech! Give us a speech!”

She was not allowed more than perfunctory remarks, but she told the refugees, “You are not forgotten.”

Some in the camp, which was opened in 1984, said they did not know how to interpret the visit, especially since Ms. Aung San Suu Kyi was not able to address the crowd for more than a few minutes.

“We heard that they might force us to go back to Burma, so we were very sad,” said Seng Nu Mai, a woman from the Kachin ethnic group, which has been holding peace talks with the government but has been involved in fighting in recent months.

“It’s not possible for us to go back,” she said. “This is not the time.”


Poypiti Amatatham contributed reporting.
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် TG 306 လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့်ပတ် သက်ပြီး လေဆိပ်တွင် မီဒီယာများမှမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် တစ်စုံတစ်ရာပြန် လည်ဖြေဆိုခဲ့ခြင်း မရှိ့ပေ။၎င်းသည် ဘန်ကောက် မြို့ တွင် မေ ၃၀ မှ ဇွန် ၁ ရက် နေ့ အထိ ကျင်းပခဲ့သော အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ ပြောင်း လုပ် သားများနှင့် တွေ့ ဆုံခဲ့ကာ၊ မယ်လဒုက္ခသည် စခန်း သို့ လည်းသွား   ရောက် ၍  မြန်မာဒုက္ခသည် များနှင့်တွေ့ ဆုံခဲ့သေးသည်။
By: Popular Myanmar News Journal

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်း       လဲရေး   လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့် ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့ကပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီ လာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊ဝေဖန်ဆန်းစစ်တဲ့အကောင်းမြင်မှုမျိုးနဲ့ကြည့်ဖို့လိုကြောင်း၊မြန်မာပြည် အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး နဲ့ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေကို ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင် လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောလိုက်ပါတယ်။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ IISS က စင်ကာပူမှာ စီစဉ်လုပ်တဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-la Dialogue မှာ ကာကွယ်ရေးဝန်ကြီး Panetta က ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ပင်တဂွန် (Pantegon) စစ်ဌာနချုပ်က လိုလိုလားလား ရှိတယ်လို့ မစ္စတာ Panetta ကပြောပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန်အစိုး ရက လျှော့ပေါ့ မှုတွေ လုပ်ပေးပြီး မှန်ကန်တဲ့လမ်းကို သွားဖို့ ကြိုးစားအားပေးနေတယ် ဆိုတာကိုလည်း ကာကွယ်ရေးဝန် ကြီးက ထပ်ပြီး ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ကြဖို့အတွက် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်တွေမြှင့်တင်ရေးအတွက် အကူအညီပေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀) နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင် အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး (၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။

KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝ၀) နာရီ အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ပိုမိုဖြန့်ဖြူးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး ၂၃းဝ၀ နာရီမှ နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင် ရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို ယခင်အတိုင်း ၁ရးဝ၀ မှ ၂၃းဝ၀ နာရီအတွင် ဓာတ်အား သုံးစွဲခြင်းမပြုရန်ကန့်သတ်ထားကြောင်းသိရသည်။

စောမြင့်သန်း(ပေါက်တော) -ရန်ကုန်တိုမ်း


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အသစ် ဖွဲ့စည်းပြီးနောက် ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇွန်လ ၁ ရက် နေ့တွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများ ထံမှ သိရှိရသည်။

"ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပါဝင်တဲ့ အဖွဲ့ ဒီနေ့ နေ့လယ်က ဗန်းမော်မြို့ကို ရောက်တယ်။ နောက်ပြီး ညနေပိုင်းလောက်မှာ နယ်စပ်ဘက်ကို ဆက်ထွက်သွားတယ်" ဟု ဗန်းမော်မြို့ခံများက ဆိုသည်။

အဆိုပါ ဒုတိယ အကြိမ်မြောက် အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မိုင်ဂျာယမ်တွင် ကျင်းပမည် ဖြစ်ပြီး ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်ချက် အရ သိရသည်။

မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သော ကေအိုင်အေ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ အသစ်ဖွဲ့စည်းပြီး နောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။

ကေအိုင်အေမှာ အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ ၁၇ နှစ် ကျော်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်းမှာ ၁၀ ရက်တာ ကာလအတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ရာ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်စေရေး အတွက် မျှော် လင့်ချက်ကောင်း  ဖြစ်ကြောင်း   နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

The Voice Weekly


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့ မြောက်ဘက်(၆၅) ကီလိုမီတာအကွာမှာရှိတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေရှိတဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက် ခဲ့ပြီးအပြန်မှာ မဲဆောက်လေယာဉ်ကွင်း ဧည့်ဆောင်မှာ သူ့ခရီစဉ်နဲ့ပတ်သက်လို့ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတိုင်းရင်းသားဒုက္ခသည်တွေနဲ့ပတ်သက်လို့ နှစ်နိုင် ငံစလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ကြောင်း အခုလိုပြောပါတယ်။

"ကျမတို့အနေနဲ့ကတော့ (၂)နိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံတဲ့အဆင်ပြေအောင်လို့ ဦးတည်ပြီးပြောခဲ့ ရတာတွေ ရှိပါတယ်။ ဘာပြုလို့တုန်းဆိုတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပဲဖြစ်စေ ဒုက္ခသည်တွေနဲ့ ပဲဖြစ်စေ ဒါဟာ နိုင်ငံ နှစ် နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါ အထူးသဖြင့် ကျမတို့ရဲ့ နိုင်ငံ သူနိုင်ငံသားတွေဟာ မမေ့ဖို့ကိစ္စဟာ ဒီမှာ ရောက်နေတဲ့လူတွေက ဧည့်သည်တွေပါ ဧည့်သည်ဆိုတာ ဧည့်သည်ပီပီနေတတ်ရမယ် ဧည့်သည်ရဲ့ တာဝန်ကို လည်းသိရမယ် အိမ်ရှင်တွေကလည်း တက်နိုင်သမျှ ကျမတို့ရဲ့ နိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာကူညီစေချင်အောင်လို့လည်း ကျမတို့ကနေ ပြီးတော့ ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့် လည်း တချိန်ထဲမှာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေအနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားပြီးတော့ လုပ်ကိုင်ရမယ်လို့ ကျမမြင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မနက် (၇)နာရီလောက်ကတည်းကမယ်တော်ဆေးခန်းနဲ့မဲဆောက်လေယာဉ်ကွင်းရှေ့လမ်းတလျောက်မှာ ထောင်နဲ့ချီ တဲ့ မြန်မာပြည်သားတွေကအဖွဲ့ချုပ်တံဆိပ်ပါအလံတွေ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ချင်တယ် ဒေါ်အောင် ဆန်းစုကြည်ကိုကြိုဆိုတယ်စတဲ့လက်ကိုင်ပိုစတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီးကြိုဆိုခဲ့ကြပါတယ်။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကို ရောက်ရှိလာတဲ့ ခရီးစဉ်မတိုင်ခင် ကတည်းက ထွက်ပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးမှာ မယ်လဒုက္ခသည်စခန်းကို သွားရောက်တဲ့အပြင်မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် တွေ့ဆုံဖို့ရှိ သလိုထိုင်း-မြန်မာနယ်စပ် အခြေစိုက်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေ မယ့်မူလကအစီအစဉ်ပျက်သွားပါတယ်။
RFA-Burmese

ဒီမနက် ၉ နာရီခွဲလောက်က မဲဆောက်လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒီကနေ့မှာ ထိုင်း- မြန်မာနယ်စပ်က မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပါတယ်။ မယ်လ ဒုက္ခသည် စခန်းမှာ ၁၀ နာရီကျော်လောက်ရောက်ပြီး စခန်းမှာ ရှိတဲ့ ထိုင်း တာဝန်ရှိသူများနဲ့ မြန်မာဒုက္ခသည်များရဲ့ အခြေအနေကို မေးမြန်းပါတယ်။




ဒုက္ခသည် စခန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခသည်တွေနဲ့ နီးနီးကပ်ကပ် အားပေးစကား မပြောလိုက်ရပါဘူး။ ဒုက္ခသည်တွေကတော့ ပျော်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ ကို မြင်လိုက်ရလို့ ၀မ်းသာနေကြပါတယ်။


ဒုက္ခသည်စခန်းက အပြန်မှာတော့ ပထမ မှာတော့ ထိုင်းနယ်စပ်မှာ ဖွင့်လစ်ထားတဲ့ ဒေါက်တာ စင်သီယာမောင် မယ်တော် ဆေးခန်းကို လာရောက်မယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။




သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သွားရောက်မှု မရှိဘဲ လေဆိပ်သို့ တန်သွားပြီး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတကြီး မျှော်လင့်ချက်တကြီးနဲ့ စောင့်ဆိုင်းနေရတဲ့ မဲဆောက် မြန်မာများ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြန်မောင်းသွားတဲ့ ကားထဲက လက်ပြတာလေးကိုပဲ နှစ်သိမ့်ရင်း မျက်ရည်တွေနဲ့ စိတ်မကောင်းစကားဆိုသူများလည်း ရှိကြပါတယ်။

ဒီအတွက်လည်း မဲဆောက်က မြန်မာ အလုပ်သမားတွေနဲ့ မြန်မာ အသိုင်းအ၀ိုင်းက အတော်စိတ်မကောင်းဖြစ် ပြီး ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်စုကြည် ယနေ့ထိုင်းမြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ့် မြင်တွေ့ ရတဲ့ ဓာတ်ပုံများကို စုစည်းတင်ပြလိုက်ပါတယ်။





ထိုင်းမြန်မာ နယ်စပ်ကို ဒီကနေ့ ရောက်ရှိလာခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်း ဓာတ်ပုံများကိုစုစည်းတင်ပြလိုက်ပါတယ်။






မယ်လစခန်းရှိ မြန်မာများ


လြုံခုံရေးတင်းကျပ်စွာဖြင့်




ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘော်ဒီကတ် မမ





မယ်လစခန်းရှိ လူမျိုးပေါင်းစုံ ကြိုဆိုမှု


သံစူးကြိုး ကြားမှ ကလေးငယ်


ဒုက္ခသည်စခန်းရှိ နေအိမ်များ






၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ တခုဖြစ်တဲ့ ဇိုမီးပါတီရဲ့ ပါတီ ပြန်လည် ထူထောင်ခွင့်လျှောက်ထား တာကို ပယ်ချထားတဲ့ ဆုံးဖြတ်ချက် ကို ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် က ပြန်လည် ပြင်ဆင် လိုက်ပါတယ်။

ဇိုမီးဆိုတဲ့ တိုင်းရင်းသားဆိုတာ မရှိတာကြောင့် ဇိုမီးအမျိုးသား ကွန်ဂရက် ပါတီ (Zomi National Congress Party) ပြန်လည် မှတ်ပုံတင် ဖို့ လျှောက်ထား တာကို ပယ်ချထားရာကနေ ကော်မရှင် က ပြန်လည်ြ ပင်ဆင်လိုက်တာပါ။

ဒါပေမယ့် ၁၉၉၀ တုန်းက အနိုင်ရခဲ့တဲ့ နဂိုနာမည်ဖြစ်တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) အစား ဇိုမီး နာမည်ပါတဲ့ တခြား နာမည်တခုယူပြီး ၁ ပတ် အတွင်း ပြန်လျှောက်ဖို့ အကြောင်းကြားလာတယ် လို့ ပါတီခေါင်းဆောင်ဖြစ်တဲ့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

“ဇိုမီးကို မရှိဘူး၊ ဇိုမီးဆိုတဲ့ လူမျိုး မရှိဘူးဆိုတာ. ကျနော်တို့ အကိုးအကားတွေနဲ့ ပြတော့ ဒီလိုဆိုလို့ရှိရင် ကျနော်တို့ လျှောက်ပြီးသားကို ဟိုတုန်းက အဟောင်းကို လက်မခံတဲ့ သဘောပေါ့ဗျာ။ ဒါပေမယ့် ဇိုမီးပါတဲ့ ပါတီတခုခု ၇ ရက်အတွင်းမှာ ပြန်တင်ဖို့ ဇိုမီးနေရှင်နယ်ကွန်ဂရက်ဆိုတာ ကြီးကျယ်လွန်းလို့လား မသိဘူးလေ။ မနေ့က. နောက်ဆုံးရက် သူတို့ပေးထားတာ ၃၁ ရက် မေလ ဆိုတော့ အဲဒီမှာ ၁၂ နာရီကျော် ၁ နာရီ ၁၅ မိနစ်မှာ သူတို့ဖုန်းနဲ့ ဦးတင်အေး ကော်မရှင်ဥက္ကဋ္ဌ သူကိုယ်တိုင်အပါအဝင် အားလုံး စုံစုံလင်လင် ဆွေးနွေးပြီးတော့မှ အဲဒီလိုလုပ်တဲ့အခါမှာ ခင်ဗျားတို့ပြောတာ ခင်ဗျားတို့ တင်ပြတာတွေ လက်ခံသွားတယ်။ ချင်းဆိုတာ ဇိုမီး၊ ဇိုးမီးဆိုတာ ချင်း ဆိုတော့ ခင်ဗျားတို့ စကားမို့လို့ အဲဒါနဲ့ အပါအဝင် တခုခု ထပ်တင်ပါ ဆိုတာပါပဲ။ ကျနော်တို့လည်း အများနဲ့ဆိုင်တဲ့ဟာတွေတော့ လုပ်မှာပါ။”

ပါတီအနေနဲ့ အစည်းအဝေးလုပ်ပြီးရင် အများသဘောတူတဲ့ အမည်နဲ့ မှတ်ပုံတင်ဖို့ လုပ်မယ်လို့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) ဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တခြား တိုင်းရင်းသားပါတီတွေလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ ဖျက်သိမ်းခံထားရာ ကနေ အခုတော့ တရားဝင် ပါတီအဖြစ် ရပ်တည်ဖို့ ပြန်လည် ကြိုးပမ်းလာတဲ့ နောက်ဆုံး ပါတီဖြစ်ပါ တယ်။
DVB
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအခု ဇွန်လ ကုန်  ကစပြီး ပြည်တွင်းထုတ် မဂ္ဂဇင်းနဲ့ ဂျာနယ်တွေကို စောင့်ကြည့်တာတွေ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ၊ ဆင်ဆာ ဖြတ်တောက်တာတွေလည်း ရှိတော့မှာ မဟုတ်ကြောင်း ဦးတင့်ဆွေက ရန်ကုန်မြို့နေအိမ်မှာ လာရောက်တွေ့ဆုံတဲ့ အေအက်ဖ်ပီ သတင်းထောက်ကို ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ အစိုးရနဲ့  လွှတ်တော်တို့က ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ချမှတ်နေတဲ့အချိန်မှာ စာပေစိစစ်ရေးလို အဖွဲ့မျိုးရဲ့ အလုပ်ဟာ မရှိသင့်တော့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေ က ပြောကြားသွားပါတယ်။

RFA-Burmese





(ဓာတ်ပုံ- eleven media)

Popular New Journal, 1June 2012 — “မြန်မာပြည်သည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံနှင့် သဟဇာတဖြစ်သည့် နိုင်ငံသာ ဖြစ်သင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား”

ဆယ်စုနှစ် နှစ်ခုကျော်နေအိမ်တွင် အကျယ်ချုပ်ခံရပြီးနောက်
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲများကို
ဝေဖန်ပြောကြားလိုက်သည်။


တရုတ်နှင့် အမေရိကန် တို့သည် မြန်မာပြည်ကို
စစ်တလင်းအနေနှင့် သဘောထားပြီး မဟာဗျူဟာ အပြိုင်အဆိုင် သြဇာလွှမ်းမိုးရန်
ကြိုးစားနေကြပုံကို လည်းသူကသတိပေးခဲ့သည်။ တက်ရောက်လာသော
ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏
ပိုမိုကောင်းမွန်သောအနေအထားအတွက် လေးလေးနက်နက် စဉ်းစားပေးကြရန်အတွက်လည်း
တိုက်တွန်းလိုက်သည်။

အာဏာရှင် အုပ်ချုပ်ရေးနှစ်(၅၀)အဆုံးတွင်
နိုင်ငံ၏အနာဂတ်ကို သတိထားသင့်ကြောင်းလည်း သူကပြောကြားခဲ့သည်။
နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုအချို့ ပြေလျော့သွားပြီးနောက်
နိုင်ငံခြားကုမ္ပဏီများသည် သဘာဝ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအား
အလွန်အမင်း အာရုံစိုက်နေကြသည်။ သို့သော်
ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှပ်နှံမှု မြောက်များစွာ ရောက်လာခြင်းကို
သူစိုးရိမ်ကြောင်း မြန်မာနိုင်ငံတွင် ခြေကုပ်ရရန် နိုင်ငံတကာ
ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာပြီး နိုင်ငံ၏ လူ့မလိုင်တစ်စု
ကောင်းကျိုးအတွက်သာ ဖြစ်သွားနိုင်ကြောင်းပြောကြားခဲ့သည်။
“ရင်းနှီးမြှပ်နှံမှုတွေကြောင့် အဂတိလိုက်စားမှုတွေ ပိုဖြစ်လာတာကို
ကျွန်မတို့ မလိုချင်ဘူး။ ရင်းနှီးမြှပ်နှံမှုကြောင့် လူတန်းစား
မညီမျှမှုကို ပိုမဖြစ်လာစေချင်ဘူး။ ရင်းနှီးမြှပ်နှံမှုတွေကြောင့်
အခွင့်ထူးခံလူတန်းစားတွေပိုများလာတာမလိုချင်ဘူး” ဟုသူကပြောကြားခဲ့သည်။
သဘာဝသယံဇာတ ကြွယ်ဝသော်လည်း ဆင်းရဲသည့် မြန်မာနိုင်ငံသည် သမိုင်းစဉ်အရ
တရုတ်အစိုးရနှင့် ရင်းနှီးခဲ့သည်။ သို့သော် အမေရိကန်အစိုးရက စီးပွားရေး
ပိတ်ဆို့မှုများကို လျှော့ချကာ မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးအောင်
ပေါင်းသင်းလာသည်။

“ကျွန်မအနေနှင့် မြန်မာနိုင်ငံကို အမေရိကန်နှင့် တရုတ်ရဲ့
စစ်မြေပြင်အနေနှင့် မမြင်ရဖို့ အမြဲသတိထားနေမိတယ်။”
ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို သူကပြောကြားခဲ့သည်။

“ဒီလိုမဖြစ်သင့်ဘူး။ ဒီနိုင်ငံကြီး ၂ နိုင်ငံနှင့် သဟဇာတ ဖြစ်တဲ့
နိုင်ငံပဲ ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့သည်။
“လျှပ်စစ်ပြတ်တောက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်ကနေ မကြာခင်က ကျွန်မ
ထွက်ခွာလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဘန်ကောက်မှာ
မြင်ရတဲ့မြင်ကွင်းမျိုး ရန်ကုန်မှာ အခု မြင်ရတာနဲ့ မခြားပါဘူး”

စနေနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းသို့သွား၍
မြန်မာစစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံကာ တနင်္ဂနွေနေ့တွင်
မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။ ထို့နောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့တွင်
နိုင်ငံတကာ အလုပ်သမား သမဂ္ဂ ညီလာခံတွင်မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေးနိုင်ငံ အော်စလို
မြို့တွင် မိန့်ခွန်းပြောကြားခြင်းများပြုလုပ်၍ နိုဗယ်ဆုကို လက်ခံရယူမည်
ဖြစ်သည်။ ထို့နောက် ဗြိတိန်သို့ သွား၍ မိသားစုနှင့် တွေ့ဆုံပြီး
လန်ဒန်ပါလီမန်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

Ref : AFP



Photo - AFP
" စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား၊ တိုင်းပြည်တွင်း တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်း"

မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရား ဥပဒေစိုးမိုးခိုင်မာမှု အတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင် သွားရန် လိုအပ်ကြောင်း ဇွန်လ ၁ ရက်က ဘန်ကောက်မြို့တွင်ပြုလုပ်သည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှု အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် လုံခြုံစိတ်ချ ရသောအာမခံချက် လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။“ မြန်မာနိုင်ငံမှာ  ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ” မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေး ရန် တောင်း ဆိုခဲ့သည်။   မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း ၄င်းကဆိုသည်။ “ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ အဆိုပါ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည် များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အရှေ့ အာရှစီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
By: Popular Myanmar News Journal


Forced labour continues to be widely and systematically practiced in northern Arakan State in Burma and little has changed for the Rohingya population, said a report by the Arakan Project titled “Forced Labour Still Prevails: Overview of forced labour practices in North Arakan” released on Friday.

MizzimaDespite the democratic reform agenda pursued by the central government and a Memorandum of Understanding with the International Labour Organization signed in March calling for the elimination of forced labour by 2015, there has been little progress in northern Rakhine State, the report said.

A decrease in forced labour has been observed in certain areas where Garrison Engineers took control of some infrastructure projects and employs paid labour, but villagers in other areas continue to receive regular orders to work on road construction by the NaSaKa (border security forces). The work also involves serving as sentries and porters without remuneration and with penalties if they do not comply, the report said.

“We have never received any wages, not even a cup of tea, from the Army or the NaSaKa for all the work we do for them year after year. Instead, we are insulted and harassed if we do not work properly,” said a 21-year-old Rohingya farm labourer from Buthidaung Township.

In Mid-May 2012, the NaSaKa requisitioned up to 250 villagers from four village tracts in South Maungdaw on a daily basis to excavate a diversion canal on the Myin Hlut River, said the report.

It said the presence of children among forced labourers, some as young as 9 or 10, is pervasive. Children are sometimes beaten on a worksite if they do not perform their work satisfactorily. The Arakan Project interviewed a 10-year old boy who was struck with a stick by a NaSaKa man who had caught him playing in the camp.

The report said the district administration has instructed village authorities not to supply forced labour to the Army, the NaSaKa or the police. But these directives have been ignored by the security agencies and the civilian administration is not in a position to challenge them, it said.

While an ILO Governing Body evaluation mission in early May reported that “there had been a substantial reduction in, or in some cases a cessation of forced labour, particularly in the last few months,” the Arakan Project’s investigations have shown a very different reality in that state.

“In Northern Rakhine State at least, Myanmar has yet to take concrete steps to effectively implement two key recommendations of the 1998 ILO Commission of Inquiry – eradicate the practice and prosecute perpetrators – and to translate formal commitments into action on the ground in all regions of the country. It would therefore be premature for the ILO to lift the measures adopted in 2000,” said Chris Lewa, director of The Arakan Project.

Source : Mizzima

The Arakan Project report can be accessed at: here
DOWNLOAD here






Aung San Suu Kyi urged Burma's government to carry out urgent judicial reform to cement recent political progress and foster clean investment in the country
Myanmar's pro-democracy leader Aung San Suu Kyi smiles during the World Economic Forum on East Asia in Bangkok
Myanmar's pro-democracy leader Aung San Suu Kyi smiles during the World Economic Forum on East Asia in Bangkok Photo: REUTERS/Chaiwat Subprasom
 
Addressing world business leaders in Bangkok in her first international engagement after more than two decades of isolation, Suu Kyi said Burma needed the "rule of law" more than legal safeguards for foreign investors.
"Investors in Burma, please be warned – even the best investment law would be of no use whatsoever if there is no court clean enough and independent enough to be able to administer these laws justly," she said.
"Good laws already exist in Burma but we do not have a clean and independent judicial system. Unless we have such a system it is no use having the best laws in the world."
Companies are hungrily eyeing resource-rich Burma since political reforms prompted some international sanctions to be eased.
But in her 15 minute address to the World Economic Forum on East Asia, Suu Kyi seized the chance to call for an ethical approach from the assembled foreign business chiefs and Asian political leaders.
Calling for a "healthy scepticism" towards Burma's creeping reform under the quasi-civilian government, she decried a lack of change to the country's broken legal system and asked delegates to think "deeply" about what is good for Burma.
"For a moment please don't think too much of the benefit investment will bring to investors.
"We don't want investment to mean further corruption. and greater inequality."
Instead she said it was integral to empower civic society and create jobs to defuse a "time bomb" of high youth unemployment.
Suu Kyi has stolen the show at the Bangkok forum, drawing crowds of well-wishers and photographers, during her first trip abroad in 24 years.
Having spent 15 of the past 22 years under house arrest, she has taken an increasingly global role as Burma sheds its pariah status, meeting top world dignitaries in Rangoon and encouraging easing of Western economic sanctions.
Analysts say that foreign travel will give Suu Kyi greater access to a global community eager to see her in person and allow her to meet ordinary people as well as world leaders.
Reflecting on her trip after decades inside Burma, the pro-democracy leader said as she flew into Bangkok she was struck by the city's illuminated nightscape.
"I had just left a Burma that was suffering electricity cuts ... I thought thirty years ago the scene that met my eyes landing in Bangkok, would not have been very different from landing in Rangoon."
After Friday's speech she will attend a forum session on Asian women.
Since arriving in neighbouring Thailand on Tuesday, the pro-democracy icon has followed a hectic schedule, shuttling between forum meetings and trips to visit Burma migrants.
Europe is next on the horizon, where Suu Kyi will address an International Labour Organisation conference in Geneva and give a speech in Oslo to finally accept the Nobel Prize she was awarded in 1991.
She also intends to travel to Britain, where she lived for years with her family, and will address parliament in London.

Sources:
 

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ မှာ ဒေါ်အောင်ဆန်း စုကြည် ဟာ တယောက်ချင်းမေးမြန်းချက် ကို ဖြေ ကြားတဲ့ အစီအစဉ်နဲ့ အာရှအမျိုးသမီးတွေရဲ့ အနာ ဂတ်ဆွေးနွေး ၀ိုင်း အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မြန်မာ့ အရေး ကမ္ဘာ့အရေး ဆိုင်ရာ သတင်းစာ ရှင်းလင်း ပွဲတွေကို ကျင်းပခဲ့ပါတယ်။ အဲဒီ့ ဖိုရမ်မှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ဇွန်လ (၁) ရက်နေ့ ကချင်ပြည်နယ် လွယ်ဂျယ်ဒေသမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။


KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံစဉ်။
အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေ သဘောတူညီချက် ရဖို့အတွက် ဒီတွေ့ဆုံပွဲမှာ ကြိုတင် ညှိနှိုင်း ဆွေးနွေးကြမှာ ဖြစ်တယ်လို့ KIO အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၁) ရက်နေ့ကလည်း KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။
RFA
ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၃၁ ရက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong တို့ ထိုင်းအစိုးရ အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။
အဲဒီလို တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင် စာရွက်စာတမ်း ရှိမယ်ဆိုရင် ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ တနေ့ကို ဘတ်ငွေ ၃၀၀ ရရှိမှာ ဖြစ်ပြီး ထိုင်းအလုပ်သမားတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ ဘတ် ၃၀ ကျန်းမာရေး အစီအစဉ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောရာမှာ-ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို နေရပ် အတင်းအကြပ် ပြန်ပို့တဲ့ မူဝါဒ မရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း အန္တရာယ် မရှိတော့ဘူးဆိုရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံက တည်ခင်းမယ့် ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် နဲ့ တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာ ထိုင်း-မြန်မာ နယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းကလည်း မြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာ အလုပ်သမား ၂၀၀၀ ကျော်ကို စကားပြောဆိုခဲ့ပါသေးတယ်။

ဒီအကြောင်းသတင်းသွားယူတဲ့ RFA သတင်းထောက် ကိုအောင်မြတ်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။



ကျောင်းသား သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို ရန်ကုန်မြို့ လှိုင်နယ်မြေရှိ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ဒီကနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ကျင်းပဖွဲ့စည်းခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မဆုစန္ဒီဦးမှ ဆောင်ရွက်ပြီး ကျောင်းပြန်လည် တက်ရောက်ခွင့် ရရှိသည့် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦးတို့ အပါအဝင် ကျောင်းသား ၁၅ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။









ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂



သို့ 

အယ်ဒီတာ၊

နိရဉ္စရာ သတင်းဌာန



နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉ ရက်နေ့  ထုတ်ပြန်သည့်
ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကိုညတွင်းချင်း ဖမ်းမိ

ခေါင်းစဉ်ပါ သတင်း နှစ်ပုဒ်သည် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ သည့်အတွက် Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ဖြစ်၍ မိမိတို့  အထူးကန့် ကွက်သည်။

ရာဇ၀တ်မှုသတင်းအား လူမျိုးရေးဘာသာရေးကိစ္စအသွင်ဖြင့် ရေးသားဖော်ပြထားသည့်အတွက် မီဒီယာကျင့်ဝတ် ချိုးဖောက်ခြင်းဖြစ်သည်။

ရာဇ၀တ်မှုကျူးလွန်သူများသည် လူမျိုးတိုင်းဘာသာတိုင်းတွင်ရှိသည်။ နစ်နာသူများသည်လည်း လူမျိုးတိုင်း ဘာသာတိုင်းတွင်ရှိသည်။ လူမျိုးဘာ သာခြားကို ကျူးလွန်သကဲ့သို့  လူမျိုးတူဘာသာတူချင်း ကျူးလွန်ခြင်းလည်းရှိသည်။

ဗမာစစ်တပ်က တိုင်းရင်းသား အမျိုးသမီးများအား မတရားပြုကျင့်သောအခါ ဗမာဗုဒ္ဓဘာသာက ကျူးလွန်သည်ဟု ဘယ်တုန်းကမှ မသုံးနှုန်းခဲ့ကြပါ။ ထိုနည်းတူ ၂၀၁၀ ဇန်န၀ါရီလတွင် မုဒိန်းပြုကျင့်ခံရသည့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးအမှုကို သတင်းပို့ ရာတွင် ကျူးလွန်သူ၏ လူမျိုးနှင့် ဘာသာကို မဖော်ပြခဲ့ဘဲ နစက ၀န်ထမ်းဟုသာ ဖော်ပြကြသည်။

ရာဇ၀တ်မှုသည် ကျူးလွန်သူများနှင့်သာဆိုင်ပြီး ရာဇ၀တ်ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူရမည် ဖြစ်သည်။ သို့ ရှိရာ လူမျိုး၊ ဘာသာနှင့် ပူးတွဲဖော်ပြခြင်းသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူမျိုးရေး ဘာသာရေးဆိုင်ရာ မလိုလားအပ်သော ပြသနာများပေါ်ပေါက်စေရန် တွန်းအားပေးရာရောက်သည်။

ရာဇ၀တ်မှုသတင်းအား လူမျိုးရေး ဘာသာရေး သတင်း အသွင်ရောက်စေသည့် အထက်ပါ သတင်းနှစ် ပုဒ်အား ပြန်လည်ပြင်ဆင်ပေးပါရန်နှင့်၊ နောက် နောင်တွင်လည်း ရာဇ၀တ်မှု ကျူးလွန်သူများအား လူမျိုးရေး၊ ဘာသာရေးတို့ ဖြင့် ယှဉ်တွဲခြင်းမပြုရန် လေးစားစွာ တိုက်တွန်းအကြောင်း ကြားအပ်သည်။



MMSY Media (news.mmsy.info)

မြန်မာမွတ်စလင်မ်သတင်း (myanmarmuslim.net)

ဆက်သွယ်ရန် - news@mmsy.org



မိတ္တူ




အယ်ဒီတာနှင့် တာဝန်ရှိသူများ

- ဘီဘီစီ (မြန်မာပိုင်း) - မဇ္ဈိမ

- ဘီအိုအေ (မြန်မာပိုင်း) - မြန်မာတိုင်မ်း

- အာအက်အေ (မြန်မာပိုင်း) - Eleven Media

- ဒီဗွီဘီ - The Voice

- ဧရာဝတီ – 7 Days News

Source here


မြတ်ဦး



အမျိုးသမီးများကိုစော်ကားမှုအား လူမျိုးဘာသာအခြေခံဖြင့်လုံ့ ဆော်တင်ပြခြင်းသည် တရားဥပဒေစိုးမိုးရေးလား၊ စနစ်ဆိုးသက်ဆိုးရှည်ရေးလား။

မြန်မာအစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း ဘာသာရေး ပြသနာများဖန်တီးကာ နိုင်ငံရေး အာရုဏ်လွဲပေးလျက်ရှိ သည်။ ပြည်သူများက အစိုးရကို ဆန့် ကျင်လာပြီဆိုလျှင် မငြိမ်မသက်ဖြစ်လာပြီဆိုလျှင် ဘာသာရေးပြသနာ မီးထွန်းရှာကာ အာရုဏ်လွဲပေးလျက်ရှိ ရာ ယခုအချိန်တွင် မြန်မာအစိုးရသည် ပြည်သူများ လျှပ်စစ်မီးရရှိရေးဆန္̕ဓပြမှုများ အပြင် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နေမှုများအပေါ် အခဲ မကျေမှုများနှင့် ပတ်သက်ပြီး အကျပ်တွေ့ နေဟန်ရှိသည်။ သို့ ရှိရာ လူမျိုးရေး ဘာသာရေး ပြသနာများ အစပေးလာမည်ကို အထူးသတိထားရန်လို သည်။

အစိုးရ လုပ်ထုံးလုပ်နည်းတခုမှာ မြန်မာအမျိုးသမီးများအား ကုလားများ စော်ကားသွားသည်ဆိုသည့် သတင်းဖြန့် ကာ အစပျိုးပေးတတ်သဖြင့် ယခု သမယတွင် ဤကဲ့သို့  အဖြစ်များကို အထူးဂရုပြုရမည်။ ဂရုပြုရမည့် နည်းလမ်းတွင် ရာဇ၀တ်မှုပေါ်လာပါက ရာဇ၀တ်မှုကို ရာဇ၀တ်မှုကဲ့သို့ သာ သတင်း များတွင်ဖော်ပြဆွေးနွေးရမည်။ လူမျိုးရေး ဘာသာရေးများ ဆွဲချိတ်၍ ပြည်သူများအား လှုံ့ဆော်၍ လူမျိုးရေး ဘာသာရေး ပြသနာဖြစ်လာပါက အစိုးရ ထောင်ချောင်မိသည့်အပြင် တိုင်းပြည်ငြိမ်းချမ်းရေးလမ်းကြောင်းမှ ဆွဲချသူများလည်းဖြစ်ပေမည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မိမိ၏ ၂၀၀၇ ခုနှစ် ဆောင်းပါးဖြင့် ပြန်လည် ဆွေးနွေးတင်ပြလိုသည်။


Photo: thejuriexpert.com

အမျိုးသမီးများအား မတရားပြုကျင့်မှုသည် လူမျိုးတူ ဘာသာတူများအချင်းချင်းအတွင်း၌ဖြစ်တတ်သကဲ့သို့ လူမျိုးမတူ၊ ဘာသာမတူသူများမှပြုကျင့် သည်လည်းဖြစ်တတ်သည်။ ဘာသာလူမျိုးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အမျိုးသမီးတဦးဦး သို့ မဟုတ် တစ်စုကိုမတရားပြုကျင့်သည်ဆိုလျှင် ထိုပြု ကျင့်မှုမှာ ရာဇဝတ်မှုဖြစ်၍ ရာဇဝတ်ဥပဒေများအရ အရေးယူရမည်။ ထိုပြစ်မှုများကို ကိုယ်ကျင့်တရား အလွန်ယုတ်ညံ့သူများကသာ ကျူးလွန်တတ်ကြ သည်။

ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်။ အစိုးရက အရေးမယူဘဲ လျစ်လျူရှုနေလျှင် အစိုးရအားတိုက်တွန်းနိုးဆော်ရပေ မည်။ သို့ ရာတွင် မြန်မာသတင်းများတွင် ရာဇ၀တ်မှုများကို ဘာသာလူမျိုးများဖြင့် ဖော်ပြလေ့ရှိသည်ကို သတိပြုမိသည်။

ဒီလူမျိုး ဒီဘာသာဝင်တွေက ဒီလိုမတရားပြုကျင့်နေပါသည်လို့  ဖော်ပြခြင်းသည် လျော်ကန်မှုမရှိပေ။ တလွှဲဆံပင်ကောင်းရာကျသည်။ အမျိုးသမီးများ အား မတရားပြုကျင့်ခြင်းသည် ကျူးလွန်သူလူတစ်ဦးတစ်ယောက်နှင့်သာဆိုင်သည့် ကိစ္စဖြစ်သည်။ လူတစ်မျိုးလုံးနှင့်မဆိုင်၊ သူကိုးကွယ်သည့်ဘာသာ နှင့်လည်း မသက်ဆိုင်ပေ။ သူ့ ပြစ်မှုကြောင့် လူမျိုးရေး ဘာသာရေး ပြသနာများလည်း မဖြစ်သင့်ပါ။ ကျူးလွန်သူကိုသာ တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူရမည်။

မြန်မာနိုင်ငံအတွင်းတွင် ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူလေ့ရှိသည်မှာငြင်းကွယ်၍မရပါ။ မြန်မာပြည်တွင် ဗမာလူမျိုးသည် လူများစုဖြစ်သည်။ အ စိုးရဝန်ထမ်းများမှာလည်း ဗမာအများစုဖြစ်သည်။ သို့သော် အမျိုးသမီးများကို မတော်မတရားကျူးလွန်သူသည် ဗမာဖြစ်နေပါက ဗမာလူမျိုးဖြစ်သည်ဆို ကာ လူမျိုးပေါ်အခြေခံ၍ အရေးမယူပါ။ လူမျိုးအခြေခံရအလည်း လျစ်လျူမရှုပါ။ ထို့ကြောင့် လူမျိုးအမည် ဘာသာအမည်ကိုင်ပြောခြင်းသည် ရာဇဝတ်မှု အား လူမျိုးရေး ဘာသာရေး ပဋိပက္ခဆီသို့ ဦး တည့်ပေးရာရောက်ပါသည်။ တကမ္ဘာလုံးက ဝိုင်းတိုက်နေသည့် Racism ကျူးလွန်ခြင်းဖြစ်သည်။

Racism သည် မြန်မာတစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဖွံ့ ဖြိုးတိုးတက်ရေးနှင့် တရားမျှတ ရေးတို့ကို အဟန့်အတားဖြစ်စေသည်။ Anthropology (မနုသဗေဒ) (သို့ ) Political Psychology (နိုင်ငံရေး စိတ်ပညာ) ရှုထောင့်မှကြည့်လျှင် လူမျိုးတစ်မျိုး (သို့မဟုတ်) ဘာသာတစ်ခု အား မုန်းတီးသည့်စိတ်ဖန်တီးခြင်းသည် ထိုလူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းကိုသာ မုန်းတီးစေသည်သာမက၊ အခြားလူမျိုးများနှင့် ဘာသာများအ ကြားတွင်ပါ မုန်းတီးစိတ်ကိုဖန်တီးတတ် သည့်သဘာဝရှိသည်။ အဘယ်အကြောင့်ဆိုသော် ဖန်တီးပေးလိုက်သောစိတ်သည် “လူမျိုးမုန်းတီးစိတ်” ဖြစ် သည့်အတွက် မည်သည့်လူမျိုးအပေါ်တွင်မဆို ထိုစိတ်ကျရောက် တတ်သည်။ ထိုစိတ်သည် မိမိနှင့် မတူသည့်အုပ်စုတိုင်း (differences) အား စိမ်းကားသည့်စိတ်၊ မရင်းနှီးသည့်စိတ်၊ ရွံမုန်းသည့်စိတ်၊ မယုံကြည် ချင်သည့်စိတ်၊ မုန်းတီးစိတ် ၊ နှင့် မပူးပေါင်းဖယ် ခွာလိုသည့်စိတ် များကိုဖန်တီးပေး သည်။


Photo: Glocal Prov

လူ့အဖွဲ့အစည်းထဲတွင် ထိုမုန်းတီးစိတ်များ ကိန်းအောင်းလာသည့်အခါ တိုင်းရင်းသားများ၊ ပြည်သူများကြားတွင် ညီညွတ်မှု နှင့် ရင်းနှီးနားလည်မှု၊ သည်းခံတတ်မှုတို့ ကို ဖျက်ဆီးစေတတ်ပါသည်။

ဘာသာရေးမုန်းတီးမှုကိုဖန်တီးခြင်းသည် ဖိနှိပ်သူများအာဏာတည်မြဲရေး အတွက် အရေးပါသည့်  မဟာဗျူဟာအား အထောက် အကူပြုရာရောက်စေ သည်။ မြန်မာစစ်အစိုးရ ဆက်ဆက်တွင် ဘာသာရေးမုန်းတီးမှုဖန်တီး၍ အမြင်ကျဉ်း အစွန်းရောက်သူများ၏စိတ်တွင်း၌ မွတ်စလင်၊ ခရစ်ယာန်နှင့် တရုတ်မုန်းတီးရေးစိတ်ကို Reserve အဖြစ် သိုမှီးထားသည်။ နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း (သို့မဟုတ်) အစိုးရ၏ အာဏာကို ထိပါး မည့် နိုင်ငံရေးမငြိမ်သက်မှုပေါ်လာတိုင်း ထိုသိုမှီးထားပေးသော ဘာသာရေးမုန်းတီး စိတ်ကိုထုတ်သုံးကာ ပြည်သူများ၏ နိုင်ငံရေးအာရုံကို ဘာသာရေး ပဋိပက္ခဖက်သို့ အာရုံလွဲပြောင်းပေးလိုက်ခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှု အားကျဆင်း သွားစေခဲ့သည်။ ဥပမာများ အမြောက်အများ ရှိပြီးဖြစ် သည်။ ၁၉၈ရ ငွေသိမ်းနောက်ပိုင်း ကုလား-ဗမာ အဓိကရုဏ်းများ၊ ဒီပဲယင်းအပြီး ဘာသာရေးအဓိကရုန်း ဖန်တီးပေးခဲ့ခြင်းများမှာ သာဓကများဖြစ်သည်။ ယခုအခါ လျှပ်စစ်မီးဆန္ခပြနေမှုများနှင့် ပတ်သက်၍ အစိုးရအကျပ်ရိုက်နေပုံထောက်၍ သတိထားသင့်သည်။

နိဂုံးချုပ်ရလျှင် မိမိတို့၏တိုက်တွန်းနိုးဆော်ချက်၊ အသိပေးကြေညာချက်များသည် တိုင်းပြည် ငြိမ်းချမ်းတော့မည့်ဆဲဆဲတွင် လှည့်ဖျားခံလိုက်ရပြီး အစိုးရအလိုကျ နိုင်ငံရေးအာရုံလွဲပေးသည့်အဖြစ်မှ အထူးသတိပြု ရှောင်ရှားရမည်။ ရာဇ၀တ်မှုများ ကြုံလာပါက ရာဇ၀တ်မှုမဖြစ်သာ တင်ပြပြောဆိုပြီး လူမျိုးဘာသာများချိတ်ဆွဲတင်ပြပြောဆိုခြင်းဖြင့် လူမျိုးဘာသာပြသနာမသွင်သို့ မရောက်စေရန် အထူးဂရုပြုရမည်။

မှတ်ချက်။ ဤဆောင်းပါးပါအချက်နှင့် အမြင်များသည် စာရေးသူ၏ အမြင်များသာဖြစ်သည်။

credit: MMSY

Rohingya Exodus